Obsession : Branded Collection

Obsession : Branded Collection

Share

100 % Authentic Products Guaranteed

23/08/2026

ဦးရေပြားကျန်းမာရေးက ဘာကြောင့်
ဒီလောက်အရေးကြီးတာလဲ ???

ဦးရေပြားဟာ ဆံပင်တွေအတွက်မြေဆီလွှာနဲ့
အလားတူပါတယ်။

ဦးရေပြားမှာ အဆီ၊ ချွေးနဲ့ ဆဲလ်သေတွေ
ပိတ်ဆို့နေရင် ဆံပင်မွေးညင်းပေါက်တွေ
အားနည်းသွားပြီး ဆံပင်အသစ်ထွက်နှုန်း
နှေးကွေးသွားတတ်ပါတယ်။

မွေးညင်းပေါက်တွေ ကျန်းမာနေမှသာ
ဆံပင်အရင်းက ခိုင်မာပြီး ဆံပင်ကျွတ်တာ၊
ဆံပင်ပြတ်ထွက်တာတွေကို ထိရောက်စွာ
လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

ဦးရေပြား အဆီပြန်လွန်းခြင်း သို့မဟုတ်
ခြောက်သွေ့လွန်းခြင်းက မှိုပိုးပေါက်ဖွားမှုကို
ဖြစ်စေပြီး ဗောက်ထခြင်း၊ ယားယံခြင်းနဲ့
နီမြန်းရောင်ရမ်းခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

ကျန်းမာတဲ့ ဦးရေပြားက သဘာဝအဆီ (Sebum) ကို
အချိုးကျ ထုတ်လုပ်ပေးတာကြောင့်
ဆံသားကို ခြောက်သွေ့ကြမ်းတမ်းမသွားစေဘဲ
သဘာဝအတိုင်း တောက်ပြောင်စေဖို့
ဆောင်ရွက်ပေးပါတယ်။

နေ့စဉ်နဲ့အမျှ ဦးရေပြားကို ဘယ်လိုဂရုစိုက်မလဲ ??

၁ ) မှန်ကန်သော နည်းဖြင့် ခေါင်းလျှော်ခြင်း

မိမိရဲ့ ဦးရေပြားအမျိုးအစားနဲ့ ကိုက်ညီတဲ့
ခေါင်းလျှော်ရည်ကို ရွေးချယ်ပြီး
လက်သည်းနဲ့ ကုတ်ခြစ်လျှော်တာမျိုးမဟုတ်ဘဲ
လက်ချောင်းထိပ်လေးတွေနဲ့ ညင်သာစွာဘဲ
ပွတ်တိုက်ပေးပါ။

၂ ) ဦးရေပြားနှိပ်နယ်ပေးခြင်း

ခေါင်းလျှော်ချိန် (သို့) ဆီလိမ်းချိန်မှာ
ဦးရေပြားကို စက်ဝိုင်းပုံ နှိပ်နယ်ပေးခြင်းက
သွေးလည်ပတ်မှုကောင်းစေပြီး
ဆံပင်ပေါက်နှုန်းကို မြန်ဆန်စေဖို့
အထောက်ကူပြုပေးပါတယ်။

၃ ) အပူနှင့် ဓာတုပစ္စည်းလျှော့ချအသုံးပြုပေးခြင်း

Dryer / Stylers တွေကို အပူပြင်းပြင်း သုံးခြင်း၊
ဆေးဆိုး/ကောက်/ဖြောင့် ခဏခဏလုပ်ခြင်းကို
တတ်နိုင်သမျှ လျှော့ချပါ

၄ ) ရေဓာတ်နှင့် အာဟာရပြည့်ဝအောင်နေထိုင်ခြင်း

ရေများများသောက်ပြီး ဇင့် (Zinc)၊
ဘိုင်အိုတင် (Biotin) နှင့် ပရိုတင်းဓာတ် ကြွယ်ဝသော
အစားအစာများကို မျှတစွာ စားသုံးပါ။

ဒီ Basic အချက်လေးတွေကို Consistent ဖြစ်အောင်
ဆောင်ရွက်ပေးမယ်ဆိုရင် ပုံမှန် ဦးရေပြားပြဿနာများရဲ့
80 % လောက်ကို အဆင်ပြေသွားစေမှာပါ

လှပခိုင်မာတဲ့ ဆံကေသာပိုင်ဆိုင်ဖို့အတွက်
ဒီနေ့ကဘဲစပြီး ဆံသားတမျိုးထဲကိုမဟုတ်ဘဲ
ဦးရေပြားကိုပါ သေချာဂရုစိုက်ကြပါစို့

With loads of love,
Your curly bff 🫶🏻

Photos from Obsession : Branded Collection's post 13/08/2026

Lulu မှ Lulu ဆိုသူ ချစ်သဲလေးတို့အတွက်
Lulu Yoga Claw Clip လေး Pre Order မှာလို့ရပါပြီ

Pilates / Yoga Girlies လေးတွေတင် မဟုတ်ဘဲ
Claw Clip သုံးချင်ပေမဲ့ ခေါင်းနာမှာကို မလိုလားတဲ့
အမျိုးသမီးလေးတွေ

Curly Girl တွေတွေ Half Hair Down လုပ်တဲ့ချိန်
ဆံပင်ညှိမှာ ပုံမလှစိုးရိမ်တဲ့ curly heads လေးတွေလဲ
၁ ခုလောက်တော့ ဆောင်ထားနော် 🤍

Lululemon US Official က ဝယ်ယူပေးမှာဖြစ်လို့
စိတ်ချလက်ချ မှာယူပါးပေးနိုင်ပါပြီ

Price - 188,***

🇺🇸 Imported from USA

💯 Authentic Products Guaranteed

06/08/2026

Jamaican Black Castor Oil Series ထဲက
Shea Moisture ရဲ့ Strength, Grow and
Restore Leave In Conditioner လေး 🤩

( Heat damaged hair and
Chemically processed hair တွေအတွက်
အထူးသင့်တော်သည် )

သူလေးကတော့ ဆံသားကို ပြန်လည်ပြုပြင်ပေးပြီး
ဆံသားရှင်းရလွယ်ကူအောင်၊ Frizz ဖြစ်တာတွေ
သက်သာအောင်၊ Breakage နဲ့ ရှိနေတဲ့
Split ends တွေကို သက်သာအောင်အပြင်
ထပ်မဖြစ်ဖို့အတွက် ဆံသားကို အားဖြည့်ပေးတဲ့
Leave in လေးပါ

Cream လို့သာပြောတာ စေးကပ်တာ
ချွဲတာတွေမရှိဘဲ Water base butter လို
Texture လေးကိုမှ အိအိလေးနဲ့ အနံ့လေးကလဲ
မွှေးနေရော လိမ်းလိုက်ရင် ဆံသားက
ချက်ချင်းကို Moisturized ဖြစ်သွားတဲ့
instant feeling ရစေပါတယ်

Curly အတွက် သီးသန့်မဟုတ်ဘဲ
ဘယ် ဆံသားအမျိုးစားတွက်ကိုမဆို
သုံးပေးလို့ရပြီး Shampoo , Conditioner တွေ
သုံးပြီးရေဆေးချပြီးတိုင်း ဆံသားကို
မထိခိုက်စေရအောင် Leave in conditioner လေး
တမျိုးမျိုးက သုံးကိုသုံးသင့်တာပါနော်

🏷️ Price - 98,000 Ks

Full Size - 11.5 fl Oz - 340 ml

🛍️ In Stock

🇺🇸 Imported from USA

💯 Authentic Products Guaranteed

06/08/2026

Camille Rose Honey Hydrate Leave In Conditioner

ဒီ Leave in လေးကတော့ ရေဓာတ်ခမ်းခြောက်ပြီး
မာတောင့်တောင့်ဖြစ်နေတဲ့ ကောက်သားလေးတွေကို
ရေဓာတ်ပြည့်ဝစေပြီး စိုစိုအိအိဖြစ်စေဖို့အတွက်
ရည်ရွယ်ပါတယ်

Golden Honey ကို အခြေခံထုတ်ထားပြီး
Wavy, Curly , Coily, Kinky Type of Hair တွေအကုန်
အသုံးပြုလို့ရပါတယ်

Full Size: 266 mL ( 9 Fl. Oz )

Price : 98,000

🛍️ In Stock

🇺🇸 Imported from USA

💯 Authentic Products Guaranteed

06/08/2026

Camille Rose Rosemary Oil Strengthening
Leave-In Conditioner

ဒီ Leave In လေးကတော့ Rosemary Essential Oil နဲ့
Infused လုပ်ထားပြီး ဆံသားတွေကျန်းမာပြီး
သန်စွမ်းစေဖို့ကို ရည်ရွယ်ပါတယ်

Vegan ဖြစ်ပြီး Parabens, Silicones တွေ
လုံးဝ ပါဝင်ခြင်းမရှိပါ

Full Size:8.0 Fl Oz (236 ml)

Price : 52,000
1 ဘူးထဲရှိလို့ စျေးအများကြီးလျော့ထားပါတယ်နော်

🛍️ In Stock

🇺🇸 Imported from USA

💯 Authentic Products Guaranteed

04/08/2026

နေ့စဉ်ဆံပင်တွေကျွတ်နေလို့ စိတ်ညစ်နေပြီလား ?

တကယ်တော့ ဒါဟာလူတိုင်းလိုလို
နေ့တိုင်းကြုံတွေ့ရတဲ့ သဘာဝဖြစ်စဥ်တစ်ခုပါ

ဒါပေမဲ့ ဆံပင်ကျွတ်ပြီဆိုတာနဲ့
စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်

တကယ်တော့ စိတ်ဖိစီးမှုက
ဆံပင်ကျွတ်ခြင်းကို ပိုဆိုးစေနိုင်တဲ့အတွက်
အဓိကတရားခံတွေကို အေးအေးဆေးဆေးနဲ့
နားလည်လက်ခံဖို့ လိုအပ်ပါတယ်

ဆံပင်ကျွတ်စေတဲ့ အဓိကတရားခံတွေကတော့

မျိုးရိုးဗီဇ (Genetics):

မိဘဘိုးဘွားတွေဆီကနေ မျိုးရိုးလိုက်ပြီး
ဆံပင်ပါးတာ၊ ပြောင်တာတွေ ဖြစ်တတ်ပါတယ်
ဒါဟာ ကျွန်မတို့ရဲ့ ဇီဝဖြစ်စဥ်အတိုင်း
သဘာဝအလျောက် ဖြစ်ပျက်တာဖြစ်ပါတယ်

ဟော်မုန်းပြောင်းလဲခြင်း (Hormonal Changes):

ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်၊ သို့မဟုတ်
ဟော်မုန်းမညီမျှတဲ့ အခြေအနေတွေမှာ
ဆံပင်ကျွတ်နှုန်း ပုံမှန်ထက် ပိုများလာတတ်ပါတယ်

အသက်အရွယ်ကြီးလာခြင်း (Aging):

အသက်အရွယ်ရလာတာနဲ့အမျှ ဆံမျှင်တွေရဲ့
သဘာဝ သက်တမ်းနဲ့ ကြီးထွားနှုန်းက
နှေးကွေးသွားပြီး ဆံပင်ပါးလာခြင်းကို
ဖြစ်စေပါတယ်

အာဟာရဓာတ်ချို့တဲ့ခြင်း (Nutritional Deficiencies):
Protein ၊ Iron ၊ Zinc နဲ့ Vitamins ဓာတ်တွေ
လုံလောက်စွာ မစားသုံးမိတဲ့အခါ ဆံသားတွေ
အားနည်းပြီး ကျွတ်လွယ်ပါတယ်

ဆံပင်ကျွတ်တာဟာ ရောဂါဆိုးကြီးတစ်ခုမဟုတ်ဘဲ
ခန္ဓာကိုယ်ရဲ့ သဘာဝပြောင်းလဲမှုတစ်ခုပါဘဲ

စိတ်ဖိစီးမှုကို လျှော့ချပြီး
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ
စားသုံးခြင်း၊ ဦးရေပြားကို ဂရုစိုက်ပေးခြင်းဖြင့်
ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေကို
ပြန်လည်ပိုင်ဆိုင်နိုင်ပါတယ်

( စိတ်ရှည်ဖို့နဲ့ အချိန်တခုပေးဖို့ကလဲ
အဓိကအချက်ထဲ ပါတယ်ဆိုတာလေးကို
မမေ့ပါနဲ့နော် )

With loads of love,
Your curly bff 🫶🏻

Photos from Obsession : Branded Collection's post 03/08/2026

Mielle Rosemary Mint Scalp and Hair Oil

✅ 58,000 Ks ✅

‼️ LIMITED STOCK ONLY ‼️

ဒီ Hair Oil လေးက Nutrients တွေနဲ့ ပြည့်ဝနေပြီ
ဆံသားနဲ့ ဦးရေပြားဆိုင်ရာ ပြဿတွေအတွက်
အဓိကထားပြီး သေချာလေး ထုတ်လုပ်ထားတဲ့
Oil လေးပါဘဲရှင်

💁🏻‍♀️ ဆံပင်ကောက်လိုက် ဖြောင့်လိုက် ဆေးဆိုးလိုက်နဲ့ Chemical မျိုးစုံနဲ့ မျိုးစုံသော Pollution တွေကြောင့်
ဆံသားတွေပျက်စီးနေသူတွေ

💁🏻‍♀️ အကြောင်းအမျိုးမျိုးကြောင့် ဆံသားတွေ
မသန်တော့ဘဲ ဆံပင်ကျွတ်သူတွေ

💁🏻‍♀️ ဆံသားအဆီနှစ်မရှိ ဝိတ်မရှိဘဲ ဖွာထွက်
ကြမ်းတမ်း နေသူတွေ

💁🏻‍♀️ ဦးရေပြားမှာ ယားယံစေတဲ့ White flakes တွေ
Dandruff တွေကိုသက်သာချင်သူတွေ

💁🏻‍♀️ အဖြား နှစ်ခွဖြစ်ပြီး ဆံသားကျိုးကြေနေသူတွေ
အတွက် အထိရောက်ဆုံးဖြစ်စေမဲ့ Oil လေးပါနော်

ဘာကြောင့်ကျွတ်ကျွတ် ကျွတ်သွားတဲ့
ဆံသားတွေအတွက် အသစ်ပြန်ပေါက်လာစေဖို့
လှုံ့ဆော်တဲ့နေရာမှာလား ?

ဆံသားမွှေးညှင်းတွေကို အားဖြည့်ပေးဖို့အတွက်လား ?

နှစ်ခွဖြစ်နေတဲ့ဆံသားတွေကို သက်သာစေပြီး
ချောမွတ်တောက်ပြောင်စေဖို့အတွက်လား ?

ဦးရေပြားခြောက်သွေ့ ယားယံပြီး အဖတ်လှန်တာ၊
ဗောက်ထတာတွေကို သက်သာစေဖို့လား
ဘယ်လို ဆံသားနဲ့ ဦးရေပြဿနာကိုမဆို
သူက ကူညီပေးဖို့အသင့်

World Wide မှာ နာမည်ကောင်းနဲ့
ကျော်ကြား popular ဖြစ်နေတဲ့
5 ⭐️ ရ Hair Care Product လေးပါ

Mint / Peppermint လေးတွေပါ ပါဝင်တဲ့အတွက်
ဦးရေမှာ လိမ်းထားပြီးရင် ပူရှိန်း ပူရှိန်းလေးနဲ့
ဦးရေပြား ယားယံတာကို သက်သာ အေးမြစေပြီး အတော်နေလို့ ကောင်းပါတယ်

အဓိကအားဖြင့် Rosemary, Mint နဲ့ Biotin ( Infused ) နဲ့ ဦးရေ၊ ဆံသားတွေ အတွက် Nourishment တွေပေးမဲ့သဘာဝ အဆီနှစ်တွေ 30+ Essential Oil,
Organic Ingredients တွေကိုသာ အသုံးပြုပြီး
ဆံသားနဲ့ ဦးရေပြားကျန်းမာရေးကို ကောင်းမွန်​စေပါတယ်

ခေါင်းတွေပူပြီးကိုက်နေချိန်ဆို ဒီ Oil လေး
နဲနဲထည့် ညှင်ညှင်သာသာ Massage လုပ်ပေးရင်
အချိန်တိုအတွင်း ခေါင်းကိုက်တာ သိသိသာသာ
လျှော့ကျသွားပါတယ်
( ကိုယ်တိုင်သုံးဖြစ်တာလေးပါနော် 🥰 )

ဒီ Oil လေးကို ဘယ်လို Textures ဆံသားမျိုး
အတွက်မဆို အသုံးပြုနိုင်ပြီး တကြိမ်သုံးရင်
ပမာဏ အများကြီး အသုံးပြုဖို့မလိုအပ်ပါဘူးနော်

ဒီ Oil လေးကို ရှောင်သင့်သူကတော့
ဦးရေပြာအတိုင်းထက်အလွန် မဆီပြန်တတ်သူတွေပါ

( ကိုယ့်စီဝယ်သွားတဲ့ထဲ ဦးရေပြား
အဆီပြန်တတ်သူတွေသုံးတဲ့အခါတော့
အဆင်ပြေကြပေမဲ့ Personally တော့
မညွှန်ပေးဖြစ်ပါဘူးရှင်

ဘူးတွေအများကြီး ရောင်းထားတဲ့ထဲတော့
တယောက်စီကမှ Negative review မျိုး မလာသေးပါရှင်
Google မှာလဲ ရှာကြည့်လို့ရပါတယ် )

အဆီပြန်လွန်းသူတွေအတွက်ကတော့
Light version ဆိုပြီး သီးသန့်ထွက်ပါတယ်ရှင်
သူကတော့ Sales ထဲမပါတတ်တာကြောင့်
စျေးက 70,000 ဝန်းကျင်ရှိပါတယ်ရှင်

ဒီ Oil လေးက Biotin Infused ဖြစ်တာကြောင့်
ဆံပင်ကျွတ်တာကို ကာကွယ်ပေးနိုင်သလို
ထပ်ပြီး ဆံပင်အသစ်အသစ်တွေ
ပေါက်လာဖို့အတွက်ကိုလဲ လှုံဆော်ပေးတဲ့အပြင်
ဦးရေပြားပြဿနာအပေါင်းကိုလဲ သက်သာဖို့အတွက်
ဦးတည်တာကြောင့် ဆံပင်ကျွတ်ခြင်း ဝေဒနာကို
ခံစားနေရသူတွေ၊ ဉီးရေပြားကျန်းမာမှူမရှိသူတွေ
အတွက် ဆောင်ထားသင့်ပါတယ်

Natural product ဖြစ်သည့်အတွက်
Visible result ရဖို့အတွက် Consistent ဖြစ်ဖို့တော့
လိုအပ်ပါမယ်နော်

❌ No Parabens, No Sulfates, No Paraffins,
No Mineral Oil, No DEA, No Animal Testing ❌

💁🏻‍♀️ ယောကျ်ားလေးတွေကတော့ Beard Oil
အနေနဲ့အသုံးပြုနိုင်ပြီး

💁🏻‍♀️ မျက်ခုံးမွှေးပေါက်တာ ကျဲသူတွေလဲ
ဂွမ်းတံလေးနဲ့ လိမ်းပေးလို့ရပါတယ်

🧖🏻‍♀️Wash day မှာဘဲ သုံးလဲ ရသလို
💆🏻‍♀️ Daily အနေနဲ့ သုံးမယ်ဆိုလဲ ရတဲ့ Oil လေးပါ

⚡️Colored Hair, Chemically Treated Hair တွေအတွက်လဲ စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်

⚡️Pregnancy and Nursing Safe⚡️

⚡️ Kids Friendly ⚡️
ကလေး 2 နှစ်မှစ၍ အသုံးပြုပေးနိုင်သည်

🫶🏻 အသုံးပြုပုံ 🫶🏻

👉 ခေါင်းမလျှော်ခင် နာရီဝက် (သို့)
တနာရီအလိုမှာ Dropper လေးနဲ့ တခေါင်းလုံး
ဦးရေပြားအနှံ့ထည့်ပေးပြီး 5 မိနစ်လောက်
လက်ဖြားထိပ်လေးတွေနဲ့ (သို့) Scalp Massager လေးနဲ့ အသာအယာ နှိပ်နယ်ပေးပါ

👉 ပြီးလျှင် Dropper 1 ညှစ်စာထပ်ယူပြီး
ဆံသားတပြင်လုံးနဲ့ နှစ်ခွဖြစ်နေတဲ့
ဆံပင်အဖြားတွေကိုလဲ အသာအယာလိမ်းပေးပြီး
ဆံပင်အနှံ့ပျံ့သွားအောင် ဆံသားကို မထိခိုက်စေမဲ့ ဘီးဖြင့် ဆံပင်အရင်းမှ အဖြားထိ ညှင်သာသေချာစွာ ဖီးပေးပါ

👉 Daily အနေနဲ့ သုံးမယ်ဆိုရင်တော့ 2-3 Drops လောက်ကို လက်ဖြားထိပ်မှာ ထည့်ပြီး ဦးရေပြားကို
အသာယာ နှိပ်နယ်၍လိမ်းပေးရုံပါဘဲ

👉 ကလေး၊ လူကြီး၊ လူငယ် ၊ ကျား ၊ မ မရွေး
အသုံးပြုနိုင်ပါသည်

✅ In Stock

💰 58,000 Ks ( 59 ml )

🇺🇸 Direct from USA

💯 Authentic Product Guaranteed

Photos from Obsession : Branded Collection's post 03/08/2026

The brush for wavy & curly heads
you never imagined you needed ! 😍

Bouncecurl ရဲ့Volume Edgift Brush In Stock !

Batch အသစ်ထွက်လာတိုင်း မိနစ်အနည်းငယ်အတွင်း
လုံးဝကို Sold Out ဖြစ်အောင်ထိရောင်းခဲ့ရတဲ့
Brush လေးတွေပါ

Wavy and Curly Heads တွေ Curls Styling လုပ်တဲ့နေရာ
အရမ်းကိုလွယ်ကူပြီး Wave and Curl တခုချင်းစီကို
Define ဖြစ်စေတဲ့ Brush လေးပါ 😍

ဆံပင် အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ်သုံးလို့ရတယ်နော်
အဓိက Defination and Volume ကြိုက်တဲ့
Curly Heads လေးတွေအတွက် အဆင်ပြေပါတယ်

Beginner Friendly ဖြစ်တာကြောင့်
Curly Hair Journey ကိုခုမှ စလုပ်မဲ့
Curlies လေးတွေအတွက်ကအစ
အရမ်းအဆင်ပြေပါတယ်

စျေးကွက်ထဲမှာ affordable quality တွေလဲရပေမဲ့
တကယ့် OG BounceCurl Brush လေးမှ
ရေရှည်သုံးချင်တာဆိုရင်တော့ this is the OG sis !

Price : 210,000 MMK

🛍️ Bought directly from BounceCurl Official

💯 Authentic Products Guaranteed

Sephora မှာလဲ BounceCurl Products လေးတွေ
ရနေပြီဖြစ်လို့ တခြားမှာချင်တဲ့ Items လေးတွေရှိရင်လဲ
Pre Order မှာလို့ရပါတယ်ရှင်

Photos from Obsession : Branded Collection's post 03/08/2026

2 Sets and only few of each item left

Post မတင်တာကြာသွားပေမဲ့ တင်လိုက်တာနဲ့
အားပေးကြတဲ့ Customers အယောက်တိုင်းကို
ကျေးဇူးတင်ပါတယ်ရှင် 🤍

Obsession : Branded Collection

Photos from Obsession : Branded Collection's post 03/08/2026

Baby Blue
Mint လေးဘဲ ကျန်ပါတော့တယ်ရှင် 🤍

Want your business to be the top-listed Beauty Salon in Botataung?
Click here to claim your Sponsored Listing.

Telephone

Website

Address


Kyauktada Township
Botataung