RAW ALuminum
We specialize in Environmentally friendly food packaging. Our ALuminum food boxes are suitable for all types of food and cuisines.
From small to big portion dishes we can cater all types and sizes. Suitable for Frozen food and baking as well!
02/02/2021
#လက်လွတ်မခံသင့်တဲ့အခွင့်အရေး
RAWရဲ့ ချစ်ရတဲ့ကာစတမ်မာတွေအတွက် RAWရဲ့ ထုံးစံအတိုင်း ကွာလတီအကောင်းစားနဲ့ ထုတ်ထားတဲ့ Aluminum Food Boxလေးတွေကို ဒီလို ဒီလိုလေး ရောင်းပေးမှာဆိုတော့ တန်သမှ တန် တန်တောင် မြည်နေဦးမယ်နော့်
600ml ကနေ စလို့ 670ml ၊ 850ml ၊ 1100ml ၊ 1750ml ထိ အရွယ်စုံ ဆိုဒ်စုံကို ဈေးတန်တန်နဲ့ ရောင်းပေးသွားမှာပါ… အဖုံးအကာလေးနဲ့ အထာကျကျ Food boxလေးတွေနော်…
ဘယ်လိုပုံတွေလဲ… ဘယ်ဈေးလဲ…
ပုံကိုပဲ တချက်ရှိုးလိုက်ပေတော့ဗျို့…
RAWရဲ့ food boxလေးတွေမှာချင်တယ်ဆိုရင် Chat Boxကနေဖြစ်ဖြစ် ၊ ဖုန်းဆက်ပြီးဖြစ်ဖြစ် မေးမြန်းမှာယူရုံပါပဲ…
ပြီးတော့ မကြာခင်မှာ City Mart ၊ Makroအစရှိတဲ့ supermarketတွေမှာ ဝယ်လို့လည်း ရတော့မှာဆိုတော့ ပိုပြီး အဆင်ပြေပြီပေါ့…
ဲ့Productလေးတွေနဲ့packagingမှာအထာကျနေတဲ့ #နယူးချစ်တီး
အစားအစာကို မစားရသေးခင် အမြင်နဲ့တင် သွားရေကျဖူးကြသလားခင်ဗျာ။
ထည့်သိုတဲ့ခွက်ရဲ့ လုံခြုံမှု ၊ အရောင်အဆင်း ၊ ပြီးတော့ အစားအစာနဲ့ ပနံရမှုတွေ ပေါင်းစပ်လိုက်တဲ့အခါ စားသုံးသူကို စားချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်နေတော့တာပဲ…
အမွှေးအကြိုင်ခပ်ကဲကဲနဲ့ချက်ထားတဲ့ ဒံပေါက်ထမင်းရဲ့ အရသာရှိနေမှုမှာ RAWက ပါဝင်အားဖြည့်ပေးခဲ့ပါတယ်…
ဒံပေါက်ကြိုက်တတ်သူတွေ နယူးချစ်တီးကနေ အော်ဒါမှာစားမယ်ဆိုရင် ဒီလိုခေတ်မီတဲ့ ထုပ်ပိုးမှု ပုံစံအသစ်လေးနဲ့ လူကြီးမင်းတို့ဆီရောက်လာမှာပါ။
စားသုံးသူတွေရဲ့ တခဲနက်လက်ခံမှုကို ရထားတဲ့ RAW Aluminum Productတွေနဲ့ဆို လူကြီးမင်းတို့ရောင်းချတဲ့ အစားအစာရဲ့ အကောင်းစားကွာလတီကို မပြောဘဲ သိအောင် လုပ်ပေးနိုင်ပါတယ်။
#နယူးချစ်တီး #ဒံပေါက်
25/01/2021
#သူငယ်ချင်းတွေဝိုင်းဖွဲ့စားသောက်ကြတဲ့အခါ…
ပြဿနာက ဘာလဲဆိုတော့…
ဘယ်သူဝယ်ကျွေးမလဲ ဆိုတာလည်းမဟုတ်ဘူး…
ဘယ်သူက စားစရာတွေ ပြင်ပေးမလဲ ဆိုတာလည်းမဟုတ်ဘူး…
တကယ့် ရှော့အစစ်က စားပြီးသား ပန်းကန်တွေ ဘယ်သူဆေးမလဲ ဆိုတာပါပဲ…
မေးခွန်းသတ်လိုက်သလိုပါပဲ :3
ဒါပေမယ့် အဖြေရှိပါပြီ…
Raw Aluminumက food boxတွေနဲ့ဆို သူငယ်ချင်းအားလုံး အေးဆေးပါ…
Chillပြီးရင် နောက်လှည့်ကြည့်စရာ မလိုတော့ဘူးပေါ့….
Raw Aluminum productတွေအကြောင်း ပို သိလိုတယ်ဆိုရင်
Chat Box (or) ဖုန်းကနေတဆင့် မေးလို့ ရပါတယ်။
24/01/2021
#အသည်းကွဲသူများအတွက်
စားပါ… အိပ်ပါ… ထပါ… ပြန်စားပါ… အိပ်ပါ…
ပန်းကန်ဆေးရမှာ ပျင်းနေမှာကို သိပါတယ်။
Raw Aluminum food boxလေးတွေနဲ့ထည့်စားပါ…
သူနဲ့ဆို လွတ်လွတ်လပ်လပ် Feelလို့ ရပါတယ်။
23/01/2021
#ပို၍ကောင်းသောဆိုတဲ့နာမဝိသေသနကိုပြနိုင်တဲ့စကားလုံးရှိသလား…
ရှိတာပေါ့… Raw Aluminumပါ..
Raw Aluminumကနေ ပိုကောင်းတဲ့ food boxလေးတွေ ထုတ်ပါတယ်။
သိလိုတဲ့ အသေးစိတ်အတွက် Chat Box (or) ဖုန်းကနေတဆင့် မေးလို့ရပါတယ်။
22/01/2021
#သို့
ဆောင်းဝင်ပြီ
ဂရုစိုက်ပါ….
မင်းကြိုက်တဲ့ ကြေးအိုးဆီချက်ပူပူလေးကို
Aluminum food boxလေးထဲ ထည့်စားပါ….
ကိုယ့်မှာ နာမည်တပ်ပြောခွင့်မရှိ…
21/01/2021
#သင့်ခရပ်ရှ်ကိုအစားအစာနဲ့ဖြားယောင်းမယ်ဆို
Rule 1- သူမအကြိုက် ၊ မကြိုက်ကို သိရပါမယ်။
Rule 2- ဘယ်ဆိုင်မှာ ဘာတွေရလဲ ၊ ဘယ်ချိန်တွေထိ ဖွင့်လဲ သိထားရပါမယ်။
Rule 3- Food delivery appတွေကို ကျွမ်းသင့်သလို လိုအပ်လာရင် ကိုယ်တိုင် သွားပို့ရပါမယ်။
Rule 4- ကိုယ်တိုင်ချက်ပို့မယ်ဆို ပိုအမှတ်ရနိုင်ပါတယ်။
Rule 5- စေတနာတွေ အစားအစာထဲ နွေးနွေးထွေးထွေး ပါသွားသင့်ပါတယ်…
Raw Aluminumရဲ့ food boxတွေက ခရပ်ရှ်ဆီက အမှတ်တွေ အရယူပေးပါလိမ့်မယ်။
ပိုပြီး သင့်တော်တဲ့ food boxလေးတွေအကြောင်း သိချင်တယ်ဆိုရင်
Chat box(or) ဖုန်းကနေ မေးလို့ရပါတယ်။
20/01/2021
Aluminum ကို အစားအစာထည့်သိုတဲ့ အသုံးအဆောင်အနေနဲ့ ဘာလို့ ရွေးကြတာလဲ?
Aluminum ဟာ အနံ့အသက်ကင်းတာကြောင့် သူ့ထဲထည့်ထားတဲ့ အစားအစာရဲ့ အရသာ၊ အပူချိန်နဲ့ အနံ့ကို မပြောင်းအောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။
ပြီးတော့ Aluminum ဆိုတာ recycle ထပ်ခါထပ်ခါ အဆုံးမရှိ လုပ်လို့ရတဲ့ သတ္တုတစ်ခုပါ….
ခုဆိုရင် စားသောက်ဆိုင် ၊ ဟိုတယ်နဲ့ food deliveryလုပ်ငန်းတွေအတွက် Raw Aluminumရဲ့ food boxတွေ ရှိနေပါပြီ….
Raw Aluminum နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တာတွေရှိရင် Chat Box နဲ့ ဖုန်းကနေ မေးလို့ရပါတယ်ခင်ဗျာ…
19/01/2021
မေး- Raw Aluminum ရဲ့ food boxတွေက အပူကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်သလဲ…
ဖြေ- တော်တော်ကြာပါတယ်…
မေး- ဘယ်လောက်ထိ ကြာပါသလဲ…
ဖြေ- တကယ် ဖြေရမှာလား…
မေး- တကယ်
ဖြေ- သင့်ခရပ်ရှ်ရဲ့ reply လောက်ကို ကြာပါတယ် :3
18/01/2021
သင်သိပါသလား….
ဘိုးရင်း747 လေယာဉ်ဟာ Aluminum (၆၆)တန်ချိန်ကျော် လေးပါတယ်။
ဒါပေမယ့် Aluminumကို သုံးပြီး ပြုလုပ်ထားတဲ့ Raw Aluminum food boxတွေကတော့ အဆမတန် ပေါ့ပါးပါတယ်။
ဘေးကင်းမှု စိတ်ချရမှုမှာတော့ ဘိုးရင်း747ကို အမီလိုက်နိုင်ပါတယ်….
အပူဒဏ်ကို ခံနိုင်ရုံတင်မက သဘာဝပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေ ဖြစ်ပါတယ်။
ပိုပြီး ရွေးချယ်စရာများတဲ့ Raw Aluminumကို ရွေးချယ်မယ်ဆိုရင် ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် မက်ဆင်ဂျာကနေဖြစ်ဖြစ် သက်တောင့်သက်သာ စုံစမ်းနိုင်ပါတယ်။
17/01/2021
အဘိုးတို့ခေတ်
နှီးဒေါင်းလန်းကြီးမှာ စားစရာတွေကို တည်ခင်းကြတယ်။ ပျော်ပျော်ပါးပါး စုဝေးစားသောက်ကြတယ်။
အဖေတို့ခေတ်
ကြွေပန်းကန်တွေ ကြွေရည်သုတ်ပန်းကန်ပြားတွေဟာ နေ့စဥ်ထမင်းဝိုင်းတွေရဲ့ အဖော်အပေါင်းတွေပေါ့…. အလှူ ၊ မင်္ဂလာဆောင် ၊ မွေးနေ့ပွဲတွေမှာလည်း သူတို့က မပါမဖြစ်နေရာကို ရောက်နေခဲ့တယ်။
ဒီနေ့ခေတ်
စိတ်ချရတဲ့ တစ်ခါသုံးပန်းကန်ခွက်ယောက်နေရာတွေမှာ Aluminum ကနေ ဖန်တီးထားတဲ့ food containerတွေက နေရာယူလာနေပါပြီ။ သူတို့က ဘေးကင်းတယ်… မြင့်မားတဲ့ အပူချိန်ကို ခံနိုင်တယ်။ သဘာဝသယံဇာတကနေ ဖန်တီးထားတော့ ပို စိတ်ချရပါတယ်။
Raw Aluminumအကြောင်း ဒီ့ထက်ပိုပြောပြပေးနိုင်ဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်။
Messenger(or) ဖုန်းကနေ ဆက်သွယ်ပြီးမေးလို့ ရပါတယ်ခင်ဗျာ။
16/01/2021
သား - မေမေ ၊ သားမွေးနေ့မှာ အတန်းထဲက သူငယ်ချင်းတွေကို ခေါက်ဆွဲကြော် ကျွေးချင်တယ်။ မေမေ ကြော်ပေးပါလားဟင်
မေမေ - ကြော်ပေးမှာပေါ့ သားသားရယ်… မေမေကြော်ပြီး break time အမီ လာပို့ပေးမယ်နော်…
သား - မေမေလာပို့တာ ကြာမှာနဲ့ဆို ကျောင်းရောက်ရင် ခေါက်ဆွဲကြော်တွေက အေးနေတော့မှာ….. သားက အိမ်မှာ ကျွေးသလို ပူပူနွေးနွေးကျွေးချင်တာ….
မေမေ - မေမေ planထားပြီးသားပါ…. အပူကိုထိန်းပေးတဲ့ food boxလေးတွေနဲ့ ယူလာပြီး ထည့်ပေးလိုက်မှာပေါ့… အေးဆေးပါ သားရယ်….
ပိုပြီး အဆင်ပြေသင့်တော်တဲ့ Raw Aluminum food boxနဲ့ မွေးနေ့တွေကို ပိုပြီး ပျော်ရွှင်ဖွယ်ဖြစ်အောင် ဖန်တီးလို့ ရနေပါပြီ။
Raw Aluminumရဲ့ Productတွေအကြောင်း ပိုသိရဖို့ဆို messengerကဖြစ်ဖြစ် ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် သိလိုရာ မေးလို့ ရပါတယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Telephone
Website
Address
Botataung