Yoga Plus
You may learn to control your inner world through Yoga.🧘
14/05/2026
"ရုံးမှာ တစ်နေကုန်ထိုင်၊ ကွန်ပျူတာရှေ့ကမခွာရလို့ ဇက်ကြောတွေတက်၊ ခါးတွေနာပြီး တစ်ကိုယ်လုံး တောင့်တင်းနေပြီလား?
😩 လေးလံထိုင်းမှိုင်းနေတဲ့ ခန္ဓာကိုယ်ကြီးကို Refresh ပြန်လုပ်ဖို့ အချိန်တန်ပြီနော်! ✨"
ယောဂလုပ်ချင်ပေမယ့် ခန္ဓာကိုယ်မပျော့လို့ဆိုပြီး တွေးဝေမနေပါနဲ့။ Wadi Light Power Yoga School က သင့်အတွက် အသင့်ရှိနေပါတယ်။ 🧘♀️
ရိုးရိုးယောဂတွေနဲ့မတူဘဲ ခန္ဓာကိုယ်အကြောအခြင်တွေကို အထိရောက်ဆုံး ပြေလျော့စေမယ့် နည်းစနစ်တွေ၊ လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မယ့် Flow တွေနဲ့ သင်တန်းကို သေချာဖန်တီးပေးထားပါတယ်။
ခန္ဓာကိုယ် ပျော့ပျောင်းလာမယ်
ညောင်းညာကိုက်ခဲမှုတွေ ချက်ချင်းသက်သာမယ်
စိတ်ဖိစီးမှုတွေကင်းပြီး ကြည်လင်လန်းဆန်းသွားမယ်
ဒီလို အကျိုးကျေးဇူးတွေကို ကိုယ်တိုင် လက်တွေ့ခံစားဖို့ Wadi Light Power Yoga Schoolမှာ အခုပဲ စတင်လိုက်ပါ! 💫
📩 အသေးစိတ် သိရှိလိုပါက Messenger ကနေ အခုပဲ မေးမြန်းနိုင်ပါတယ်။
#အကြောဆန့်ခြင်း #ယောဂ #ကျန်းမာရေး
02/05/2026
ယောဂလေ့ကျင့်သူ တစ်ယောက်ကနေ... ယုံကြည်မှုအပြည့်ရှိတဲ့ "ယောဂဆရာ" တစ်ယောက်အဖြစ်သို့။ 🧘♂️✨
သင့်ရဲ့ ဝါသနာကို အသက်မွေးဝမ်းကျောင်းအဖြစ် ပြောင်းလဲဖို့ အချိန်တန်ပါပြီ။
နိုင်ငံတကာအသိအမှတ်ပြု RYT 200 Yoga Teacher Training သင်တန်းကို လာမယ့် ဇူလိုင်လ (၇) ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
အခြေခံ Asanas များမှစပြီး သင်ကြားပြသမှု နည်းစနစ်များအထိ စနစ်တကျ လေ့ကျင့်သင်ယူရင်း သင့်ဘဝရဲ့ အလှပဆုံး ခရီးစဉ်တစ်ခုကို ကျွန်တော်တို့နဲ့အတူ စတင်လိုက်ပါ။
Rope Yoga
17/04/2026
Finding Calm in the Thingyan Chaos! 🧘♂️✨
သကြင်္န်ရက်မှာတောင် မပျက်မကွက် လာရောက်လေ့ကျင့်ကြတဲ့ ချစ်ရတဲ့ သင်တန်းသား/သူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
✅ Body Goals ကို အရောက်လှမ်းနေသူများ
✅ Mindfulness ကို တန်ဖိုးထားသူများ
သင်တို့ရဲ့ ကြိုးစားမှုက တကယ့်ကို အမိုက်စားပါပဲ။ နှစ်သစ်မှာ ပျော်ရွှင်ရုံတင်မကဘဲ ကျန်းမာလန်းဆန်းနေပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ 🙏💦
06/04/2026
🔥 သင်္ကြန်ပိတ်ရက်ရှည်မှာ ကိုယ့်ရဲ့ Yoga Practice ကို Level-Up လုပ်ကြမယ်! 🔥
ဒီနှစ်သင်္ကြန် ပိတ်ရက်ရှည်မှာ အပြင်တွေထွက်ပြီး မပင်ပန်းချင်ဘူး၊ အေးအေးဆေးဆေး အနားယူရင်း ချွေးထွက်မှန်မှန်နဲ့ Yoga ကို အားရပါးရ လေ့ကျင့်ချင်တယ်ဆိုရင်တော့... Wadilight Power Yoga ရဲ့ အထူးသင်္ကြန် Promotion လေး ရှိတယ်နော်။ ✨
🧘 သင်တန်းအစီအစဉ် -
မနက်ပိုင်းအချိန်စာရင်း (Morning Session)
၀၇:၀၀ AM : Intermediate & Advanced သမားများအတွက် သီးသန့်
၀၈:၃၀AM : Beginner သမားများအတွက်
ညနေပိုင်းအချိန်စာရင်း (Evening Session)
၀၅:၀၀ PM : Beginner သမားများအတွက် သီးသန့်
🗓 သင်တန်းကာလ: ဧပြီလ (၁၃) ရက်မှ (၂၃) ရက်အထိ (၁၀ ရက်တိတိ)
🧘 ဘာတွေ သင်ကြားပေးမှာလဲ?
* Power Yoga 🔥
* Vinyasa Yoga 🌊
* Vinyasa Hatha Yoga 🍃
* Hatha Yoga 🧘
* Multi-Style Yoga 💫
ချွေးထွက်များများနဲ့ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားစေမယ့် ဒီအစီအစဉ်လေးက လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းသွင်းလိုက်တော့နော်! 🏃♀️🏃♂️
📞 ဖုန်း: 09 778867871 📍 တည်နေရာ: အထက်ပန်ဆိုးတန်လမ်း၊ မြန်မာဂုဏ်ရည် အိမ်ယာ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။
"ဒီသင်္ကြန်မှာ Wadilight နဲ့အတူ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို အကောင်းဆုံး မြှင့်တင်လိုက်ကြရအောင်" 🍃
03/04/2026
သတိ! လျစ်လျူမရှုသင့်တဲ့ Hamstring တင်းခြင်း ပြဿနာ
Hamstring ကြွက်သားတွေ တင်းနေတဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ? 🏃♂️🚶♀️
Hamstring ဆိုတာ ပေါင်နောက်ဘက်မှာရှိတဲ့ ကြွက်သားစုကြီးပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ ခုန်တာတွေအတွက် အဓိကအလုပ်လုပ်ပေးရတဲ့ ကြွက်သားတွေပေါ့။
အထိုင်များလို့ပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်ပြီး အကြောမလျှော့လို့ပဲဖြစ်ဖြစ် ဒီ Hamstring ကြွက်သားတွေ တင်းလာပြီ (Tight Hamstrings) ဆိုရင် ခန္ဓာကိုယ်မှာ မထင်မှတ်ထားတဲ့ ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။
အဓိက ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အသေးစိတ် ရှင်းပြပေးပါမယ်-
ခါးနာခြင်း (Lower Back Pain)💥 ဒါက အဖြစ်အများဆုံးနဲ့ လူတွေ သတိမထားမိဆုံး အချက်ပါ။ Hamstring တင်းနေတဲ့အခါ တင်ပါးဆုံရိုး (Pelvis) ကို အောက်ဘက်နဲ့ နောက်ဘက်ကို ဆွဲချလိုက်သလို ဖြစ်သွားပါတယ်။
အဲ့ဒီအခါ ခါးရိုးရဲ့ သဘာဝအကွေး (Natural Arch) ပျောက်သွားပြီး ခါးဆစ်တွေနဲ့ ခါးကြွက်သားတွေပေါ် ဖိအားပိုများလာတာကြောင့် နာတာရှည် ခါးနာတဲ့ဝေဒနာကို ခံစားရစေပါတယ်။
ကိုယ်နေဟန်ထား ပျက်ယွင်းခြင်း
Hamstring က တင်ပါးဆုံကို နောက်ဘက်ဆွဲထားတဲ့အတွက် ခါးမတ်မတ်ထိုင်ဖို့၊ မတ်မတ်ရပ်ဖို့ ခက်ခဲလာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခါးကိုင်းတာ၊ ပခုံးငိုက်တာမျိုးတွေ ဖြစ်လာပြီး Posture လုံးဝပျက်သွားတတ်ပါတယ်။
ဒူးနှင့် တင်ပါးဆုံ နာကျင်ခြင်း (Knee & Hip Pain)
🦵 ဒီကြွက်သားတွေက တင်ပါးဆုံရိုးကနေ ဒူးဆစ်အထိ ဆက်သွယ်ထားတာပါ။ ကြွက်သားတွေ တင်းမာပြီး ကျုံ့နေတဲ့အခါ ဒူးဆစ်နဲ့ တင်ပါးဆုံအဆစ်တွေရဲ့ လှုပ်ရှားမှုကိုပါ သွားပြီး ကန့်သတ်လိုက်သလို ဖြစ်စေပါတယ်။ ဒါကြောင့် လမ်းလျှောက်ရင်ပဲဖြစ်ဖြစ်၊ ကွေးဆန့်ရင်ပဲဖြစ်ဖြစ် ဒူးနာတာ၊ တင်ပါးဆုံကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။
ကြွက်သား စုတ်ပြဲဒဏ်ရာရလွယ်ခြင်း
ကြွက်သားတွေက ပုံမှန်လို ပျော့ပျောင်မှု(Flexibility) မရှိတော့ဘဲ တင်းနေတဲ့အတွက် ရုတ်တရက် ပြေးတာ၊ ခုန်တာ၊ အလေးမတာမျိုးတွေ လုပ်လိုက်တဲ့အခါ
Hamstring Strain လို့ခေါ်တဲ့ ကြွက်သားစုတ်ပြဲတာ၊ အကြောပြတ်တာမျိုးတွေ အလွယ်တကူ ဖြစ်သွားနိုင်ပါတယ်။
လှုပ်ရှားမှု ကန့်သတ်ခံရခြင်း (Limited Mobility)
🧘♀️ ကြမ်းပြင်မှာထိုင်ပြီး ခြေဖျားကို လက်နဲ့ထိဖို့ ခက်ခဲနေပြီလား? ဒါက Hamstring တင်းနေတဲ့ လက္ခဏာပါပဲ။ နေ့စဉ်ဘဝမှာ အောက်ကိုကုန်းပြီး ပစ္စည်းကောက်တာ၊ လှေကားတက်တာတွေမှာပါ အရင်လောက် ပေါ့ပေါ့ပါးပါး မရှိတော့ဘဲ လှုပ်ရှားရတာ တောင့်တောင့်ကြီး ဖြစ်နေတတ်ပါတယ်။
📚 (Reference Links) ဒီအချက်အလက်တွေကို ဆေးပညာဆိုင်ရာ ယုံကြည်စိတ်ချရတဲ့ Healthline နဲ့ Medical News Today ဝဘ်ဆိုက်တွေကနေ ကိုးကားဖော်ပြပေးထားတာ ဖြစ်ပါတယ်။
1. Healthline: Tight Hamstring: Treatment, Causes, Prevention, and More
https://www.medicalnewstoday.com/articles/tight-hamstrings-symptoms-causes-and-treatments
2. Medical News Today: Tight hamstrings: Symptoms, causes, and treatments
https://www.medicalnewstoday.com/articles/tight-hamstrings-symptoms-causes-and-treatments
16/03/2026
🧘♀️ နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကို ယောဂနဲ့ အတူတူ ဖြေဖျောက်ကြရအောင် ✨
နေ့စဉ်ဖြတ်သန်းနေရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကနေ ရုန်းထွက်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ စိတ်တည်ငြိမ်မှုကို ယောဂ (Yoga) လေ့ကျင့်ခန်းတွေကတစ်ဆင့် ပြန်လည်တည်ဆောက်လိုက်ပါ။
ကျွန်ုပ်တို့ရဲ့ ယောဂသင်တန်းမှာ အခြေခံကစပြီး စနစ်တကျ လေ့ကျင့်နိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ 🌿
⏰ သင်တန်းအချိန်စာရင်း (Class Schedule)
စိတ်အေးချမ်းသာစွာ လေ့ကျင့်နိုင်ရန် အောက်ပါအချိန်များတွင် ကြိုတင် Appointment ရယူနိုင်ပါတယ်ရှင့်။
မနက်ပိုင်း: နံနက် ၀၆:၀၀ နာရီ မှ နေ့လည် ၁၂:၀၀ နာရီထိ
နေ့လည်ပိုင်း: နေ့လည် ၀၂:၀၀ နာရီ မှ ည ၀၇:၀၀ နာရီထိ
✨ ကျွန်ုပ်တို့သင်တန်းရဲ့ ထူးခြားချက်များ
🎯 သင့်အတွက်သီးသန့် Major ရွေးချယ်ပေးခြင်း
ကျွန်ုပ်တို့ကျောင်းမှာ ယောဂကို Major အလိုက် စနစ်တကျခွဲခြားပြီး သင်ကြားပေးပါတယ်။
သင်တန်းအပ်နှံတဲ့အခါ လူကြီးမင်းနဲ့ အသင့်တော်ဆုံး၊ အလိုအပ်ဆုံးဖြစ်မယ့် အမျိုးအစားကို ကျွမ်းကျင်သူများက သေချာတိုင်ပင်ဆွေးနွေး ရွေးချယ်ပေးမှာဖြစ်လို့ ဘာမှစိတ်ပူစရာမလိုပါဘူးဗျာ။
🤝 တစ်ဦးချင်း အနီးကပ်ဂရုစိုက်မှု
သင်တန်းသားတစ်ဦးချင်းစီကို အပြည့်အဝအာရုံစိုက်နိုင်ဖို့ Private (တစ်ဦးချင်း) သင်ကြားမှုပုံစံကို အဓိကထားပါတယ်။
(သင်ကြားချိန် တိုက်ဆိုင်မှုရှိပါကလည်း တစ်ချိန်တည်းမှာ သင်တန်းသား ၃-၄ စံုသွားတာမျိုးလဲဖြစ်နိုင်ပါတယ်ဗျာ။
💡 အကြံပြုချက်
သင်တန်းသို့ မလာရောက်မီ ဖုန်းကြိုတင်ဆက်သွယ်၍ အချိန်စာရင်း (Booking) ရယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
📌 စိတ်ဖိစီးမှုကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝသစ်ကို ဒီနေ့ပဲ အတူတူ စတင်လိုက်ရအောင်။ 🙏✨
သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းရန် -
📞 [09778867871]
📍 အထက်ပန်းဆိုတန်းလမ်း မင်္ဂလာတောင်ညွှန့်မြို့နယ်ရန်ကုန်မြို့
]
Inside Flow💕
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pansodan Street Lower Block
Botataung