MKK
15/03/2022
"လူရင်းထိုးတဲ့ဓား"
ဘယ်သူ့ကိုမှ သင်စကားအကုန်မပြောလိုက်ပါနဲ့
လူရင်းထိုးတဲ့ဓားက ပိုနက်တယ်..
ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့
မင်းကတော့ ယုံကြည်လွန်းလို့
မင်းမိသာစု အကြောင်းတွေ
မင်းအလုပ်အကြောင်းတွေ
မင်းရဲ့ပြဿနာတွေ
မင်းရဲ့ထင်မြင်ယူဆချက်တွေ
ဘာရယ်မဟုတ်ဘူး
လြတ္လပြ္စာ ၊ ရင်းနှီးစွာ ၊ ပွင့်လင်းစွာနဲ့
ပြောဆိုရင်ဖွင့်လိုက်တာပဲ
ဒါပေမယ့်
သူတို့ကမင်းဆီကနေ ပွင့်လင်းမှုတွေ
ခံယူချက်တွေ အမြင်တွေကိုနားထောင်ရင်း
သူတို့စိတ်ထဲမှာမင်းကို
တဖြေးဖြေးပုံဖော်လာကြတာ
ဒါကို မင်းမသိလိုက်ဘူး
မင်းရဲ့အောက်ဖဲတွေကို
တဖြေးဖြေးရိပ်မိလာကြတာကို
မင်းမသိလိုက်ဘူး
မင်းကတော့ ပုံမှန်ပဲဆက်ပြောနေတယ်
တနေ့ပြီးတနေ့ တရက်ပြီးတရက်
တနှစ်ပြီးတနှစ်ကြာလာတဲ့အခါ
သူတို့စိတ်အမြင်မှာ
မင်းဟာ တံဆိတ္တစ္ခုကပ္ထားတဲ့
လူသားတစ်ယောက်ဖြစ်လာတယ်
အဲဒီတံဆိတ်က...
မင်းဟာ အရည်အချင်းထင်သလောက်မရှိဘူး
မင်းဟာ ငွေမက်တယ်
မင်းဟာ ထင်သလောက် စိတ်မကောင်းဘူး
မင်းဟာ စိတ်မမှန်ဘူး
မင်းဟာ ငပေါတစ်ယောက်ဖြစ်တယ်
မင်းဟာ အရူးတစ်ယောက်ဖြစ်တယ်
မင်းဟာ သိပ်အထင်ကြီးစရာမကောင်းဘူး
မင်းဟာ တရားမရွိဘူး
မင်းဟာ ပါးစပ္မလုံဘူး
စသည်စသည်ဖြင့်.....
သူတို့ထင်ရာ မြင်ရာ တွေးမိရာ
တံဆိတ္တစ္ခုကို ကပ်လိုက်ကြတယ်
နောက်ပိုင်းမှာတော့
သူတို့ကပ်ထားတဲ့ အဲ့တံဆိတ်ကိုကြည့်ပြီး
မင်းကိုသူတို့ကရာသက်ပန်အဲဒီအတိုင်း
ဆက်ဆံသွားကြတော့တယ်
မင်းကိုမြင်တာနဲ့ အဲဒီတံဆိတ္ကိုသူတို့မ်က္လုံးထဲ
တန်းမြင်ကြတော့တာပဲ..
အဲဒါဘာလဲ သိလား
စကားကိုအကုန်ပြောခဲ့လို့
ရင်တွေအကုန်ဖွင့်ခဲ့လို့
လူရင်းလုပ်ပြီး
ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး
အရာရာကိုဖွင့်ပြောခဲ့လို့
ဟုတ်ကဲ့
လက်ဆောက်လေးတစ်ခုပေးလိုက်ချင်ပါတယ်
ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့
မင်းကို ဘယ်သူကမွ ရိုက်မစစ်ပါဘူး
ဘယ်သူကမွ ကြိုးတုပ်မမေးပါဘူး
လူရင်းထိုးတဲ့ဓားက ပိုနက်တယ် သတိထားစေလိုပါတယ်။
🖋️မူရင်းရေးသားသူကိုလေးစားစွာဖြင့် 𝐂𝐫𝐞𝐝𝐢𝐭 ပေးပါသည်။🖋️
``မေတ္တာဖြင့်တဆင့်ပြန်လည်
မျှဝေပေးပါသည်"
အရမ္ခ်စ္ရသူ
25/02/2020
17/11/2019
2019/2020 ဒဂုံတက္ကသိုလ် တတိယနှစ်မြန်စာ အာစရိယပူဇော်ပွဲ
30/07/2019
ပြောင်းသုံးကြည့်မယ်
ဖုန်းထဲ Fb မျိုးစုံ Fb ရောင်စုံ version အမျိုးမျိုး
Facebook-1 .apk
https://www.mediafire.com/download/a691be94ekuje0g
Facebook 2 .apk
https://www.mediafire.com/download/c5wgp1c6rfd5csy
Facebook-3 .apk
https://www.mediafire.com/download/0iamzf0n9qoy5iz
Black 4 Facebook .apk
https://www.mediafire.com/download/comweizd13yc8oc
Facebook-com.facebook.katanb-84.0.0.20.70-33096134.apk
https://www.mediafire.com/download/vj69bubb3h1ppg4
Facebook.blackblue.facebook.144_Kosoethan.apk
https://www.mediafire.com/download/62l94dtcfl698af
facebook.blackpurple.facebook.700.apk
https://www.mediafire.com/download/bkwa1ytqj7oct86
facebook.blackred.facebook.144.apk
https://www.mediafire.com/download/jy379yf77qrraas
Facebook.109.Y.M.O.apk
https://www.mediafire.com/download/a5nmit87igb2t6f
Facebook90.0.0.20.70.apk
https://www.mediafire.com/download/tfsbhg1bed0qsjx
Facebook3.1.apk
https://www.mediafire.com/download/v7k0vd1pfd4y2kq
Facebook_BE.အပြာရောင် . Apk
https://www.mediafire.com/download/bzj9d7y6d1pfhn9
Facebook_BK.အနက်ရောင် . Apk
https://www.mediafire.com/download/baewjeqvix67ie9
Facebook_Black_v18 .Apk
https://www.mediafire.com/download/meem3xk4u62aife
Facebook_G.အစိမ်းရောင် .Apk
https://www.mediafire.com/download/76fl4d73ve3rsnj
Facebook_P ပန်းရောင် .Apk
https://www.mediafire.com/download/3a356ge8kptbuzp
Facebook_R.အနီရောင် .apk
https://www.mediafire.com/download/qf6jjld63xms810
Facebook_R.အနီရောင် 23.5. Apk
https://www.mediafire.com/download/u63fqa73dl3b384
Facebook_V-ခရမ်းရောင်.Apk
https://www.mediafire.com/download/3y4q40ebkg6dlq2
Facebook_W-အဖြူရောင်.Apk
https://www.mediafire.com/download/ewx8xd2woa2wxik
Facebook_Y-အဝါရောင်.Apk
https://www.mediafire.com/download/ejbfjj975e2vcxj
ကိုအကောက်ထဲဝင်ကြည့်တဲ့သူတေအကောက်ကြည့် .Apk
https://www.mediafire.com/download/66gqnf0hthg4rcw
Facebook Myanmar . Apk
https://www.mediafire.com/download/c351y0c69jejh1v
မြန်မာ fb link
https://drive.google.com/file/d/0BxQIDPBzCfS1VVFETVZaSjM0Smc/view?usp=sharing
fb အကြည်link
https://drive.google.com/file/d/0BxQIDPBzCfS1SmdILUt5RVN5cjQ/view?usp=sharing
man udt fb link
https://drive.google.com/file/d/0BxQIDPBzCfS1VHdtcDdMajJIUFE/view?usp=sharing
အဝါ link
https://drive.google.com/file/d/0BxQIDPBzCfS1NVAtbHF3YUdDeTg/view?usp=sharing
yellow fb link
https://drive.google.com/file/d/0BxQIDPBzCfS1X29WQ1pLQW4xbVU/view?usp=sharing
chelsea fblink
https://drive.google.com/file/d/0BxQIDPBzCfS1dnFaUm9UbXp2SXc/view?usp=sharing
liverpool fb link
https://drive.google.com/file/d/0BxQIDPBzCfS1NVJFYlJINHc0Q1E/view?usp=sharing
green fb link
https://drive.google.com/file/d/0BxQIDPBzCfS1X3U0QnVmUWlNcDQ/view?usp=sharing
gold fb link
https://drive.google.com/file/d/0BxQIDPBzCfS1RHFZM01kb2V5eW8/view?usp=sharing
black fb link
https://drive.google.com/file/d/0BxQIDPBzCfS1QXFRejZIWG5ua28/view?usp=sharing
Real Madrid fb link
https://drive.google.com/file/d/0BxQIDPBzCfS1azdOblJDMlF6NjA/view?usp=sharing
sea green fb link
https://drive.google.com/file/d/0BxQIDPBzCfS1SzBvU3dBTnJMSkk/view?usp=sharing
pink fb link
https://drive.google.com/file/d/0BxQIDPBzCfS1ZDZnV25UVDdnN1E/view?usp=sharing
Red fb link
https://drive.google.com/file/d/0BxQIDPBzCfS1OFBMbjBXVjFHclk/view?usp=sharing
Myanmar Facebook Collection link
https://drive.google.com/file/d/0BxQIDPBzCfS1TXBHTWxuTGhvNWM/view?usp=sharing
ဗိုလ်ချုပ် fb link
https://drive.google.com/file/d/0BxQIDPBzCfS1TUNpeEo1NklNYmc/view?usp=sharing
purble_fix fb link
https://drive.google.com/file/d/0BxQIDPBzCfS1Z1l6MFg5UlNzbWc/view?usp=sharing
Arsenal fb link
https://drive.google.com/file/d/0BxQIDPBzCfS1SWNQZVZ2MGNxQUk/view?usp=sharing
Fb y.m.o
https://www.mediafire.com/download/7g7h6dlhu2aeah0
Fb အနီ
https://www.mediafire.com/download/a7yjay1n4fqdt77
Fb အစိမ်း
https://www.mediafire.com/download/4c0zmmvzz48kma0
Fb အပြာရောင်
https://www.mediafire.com/download/2hrcsxplm5fu1c2
fb.110.y.m.o
https://www.mediafire.com/download/elxddpob9pcl2ik
fb.2.90.Y.M.O
https://www.mediafire.com/download/2c1scymd215k7wp
fb.35.အဝါရောင်.Y.M.O.apk
https://www.mediafire.com/download/a3si54e2i0to8wp
Fb118VS .apk
https://www.mediafire.com/download/pjiineabiz0wac8
Fb2.အစိမ်း.ပန်းရောင်
https://www.mediafire.com/download/5b9lbycznr6wv22
Fb118VS .apk
https://www.mediafire.com/download/pjiineabiz0wac8
Fbခရမ်းရောင်
https://www.mediafire.com/download/ppqqjv2atpz1l4b
Fb စိမ်းပြာ
https://www.mediafire.com/download/m0j43cj4vj82ypv
Fb ပန်းရောင်
https://www.mediafire.com/download/6kk21zje9yyykdl
Fb ရွှေရောင်
https://www.mediafire.com/download/hge9texd7n5t53m
19/06/2019
ဒေါသထွက်နေတဲ့ ဇနီးသည်ဟာ အပြင်မှာ ရောက်နေတဲ့ ခင်ပွန်းဖြစ်သူကို ဖုန်းဆက်ပြီး... "ရှင်က အခု ဘယ်နေရာမှာ သွားပြီး အလေလိုက် နေတာလဲ?"... လို့ မေးလိုက်တယ်...
ခင်ပွန်းသည်က လေသံ ခပ်အေးအေးနဲ့..."ဟေး ဟန်နီ!!! ဟိုတစ်နေ့ကလေ မင်း မြင်ပြီး သဘောကျတယ်လို့ ပြောတဲ့ စိန်လည်ဆွဲလေးလေ... အေး! အဲဒီ ရွှေဆိုင်ကို မှတ်မိသေးလား?...
ခင်ပွန်းသည် စကားကြောင့် ဒေါသအရှိန် အနည်းငယ် လျော့ကျသွားတဲ့ ဇနီးသည်က..."အင်းး! မှတ်မိတာပေါ့... ဒါလင်!!!"...
"အေးး... အဲဒီနေ့က မင်းအတွက် ၀ယ်ပေးမလို့ ကိုယ့်မှာ ပိုက်ဆံ မရှိဘူးလေ..." ခင်ပွန်းသည်က ဆက်ပြီး... "ပြီးတော့ တစ်နေ့ကျရင် ၀ယ်ပေးမယ်လို့ ကိုယ်ပြောခဲ့ တာလေ... မှတ်မိသေးတယ်... ဟုတ်"
ဒီတစ်ခါတော့ ဇနီးသည်ဟာ ဒေါသအရှိန် လုံးဝ လျော့ကျသွားတယ်... ပြီးတော့ မျက်နှာပေါ်မှာလည်း အပြုံးနဲ့ ရှက်သွေးဖြန်းနေပြီး... "အင်းးး! မှတ် မိ ပါ တယ် ဆို... ချစ်ကလည်း..."
ဒီအခါ ခင်ပွန်းဖြစ်သူက..." အေးး ဟုတ်ပီ... ကိုယ် အဲဒီဆိုင်ရဲ့ဘေးက ဘီယာဆိုင်မှာ ရှိနေတယ်...."😂😂😅😅
credit. ကွီးခွါညို Copy
( အရမ်းကောင်းလွန်းလို့ ဝေမျှပေးတာပါ
ကိစ္စတိုင်းကို နင်မှားတယ်၊
ငါမှန်တယ် လုပ်စရာမှမဟုတ်တာ။
အိမ်သူအိမ်သားနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ ၅၂၈ လျော့သွားတယ်။
ချစ်သူနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ ၁၅၀၀ လျော့သွားတယ်။
သူငယ်ချင်းနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ သူငယ်ချင်းသံယောဇဉ်
လျော့သွားတယ်။
လုတာက ခဏနေမေ့မယ့်ကိစ္စ၊
ရှုံးတာက သံယောဇဉ်၊
နာကျင်တာက မိမိကိုယ်ကို။
အဖြူက အဖြူ၊ အမည်းက အမည်းပဲ..
အချိန်က သက်သေပြသွားပါလိမ့်မယ်။
ကိုယ့်ရဲ့ တစ်ယူသန်ခေါင်းမာတတ်တဲ့
အကျင့်ကိုဖျောက်ပြီး လူလုပ်ပါ။
ကိစ္စအချို့ကို အရှုံးပေးတာ
လူ့ဘဝအနေနဲ့နိုင်ပါတယ် ။
ပြေလည်မှု တစ်ခုပေးလေ၊
နွေးထွေးမှု တစ်ခုရလေ။
အချက် (၉)ချက်စလုံးဖတ်လို့
နားလည်သွားရင် လူဖြစ်ရတာ ပျော်လာမှာပါ။
၁။ ချမ်းသာမှု - ကိုယ်ရဲ့ ရောင့်ရဲမှုနဲ့ တိုက်ရိုက်အချိုးကျတယ်။
ရောင့်ရဲတင်းတိမ်တဲ့လူအဖို့ ကြမ်းပြင်မှာ အိပ်နေရလည်း နတ်ပြည်သမျှပါပဲ။
မရောင့်ရဲတတ်တဲ့သူအတွက် နတ်ပြည်မှာလှဲနေရလည်း ငရဲသမျှပါပဲ။
လူ့စိတ်ကသာ အရေးကြီးတာပါ။
လိုချင်တပ်မက်မှုတွေအများကြီးရှိနေသရွေ့ ကိုယ့်မှာ ဘယ်လောက်ပဲ ပိုင်ဆိုင်ပိုင်ဆိုင် ဆင်းရဲနေဦးမှာပဲ။
လိုချင်လျှင် ဆင်းရဲသည်၊ မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့စကားရှိပါသည်။
၂။ တွက်ကပ်မှု - မတွက်ကပ်တဲ့သူရဲ့ နှလုံးသားက အခန်းပိုကျယ်တယ်။
လူစိတ်တွေဟာ တစ်ခုကိုတစ်ခု အမှီသဟဲပြုထားတာပါ၊
သင်သူများကို တစ်လှမ်းနောက်ဆုတ်ပေးရင် သူများက သင့်အပေါ် တစ်ပေတိုးပြီးလေးစားပါတယ်။
မှီထားတဲ့အတွက်နေရာလွတ် ဆိုတာမရှိပါဘူး။ သင်က သူ့အပေါ်တစ်လှမ်း လွန်သွားရင်တော့ သူက တစ်လှမ်းကိုယ့်ကို အထင်သေးသွားပြီ။
လူ့စိတ်ဟာ လမ်းတစ်ခုလိုပဲ၊ ကိုယ်ကပိုတွက်ကပ်လေ ကိုယ်လျှောက်မယ့်လမ်းက ကျဉ်းလေ။
လူကောင်းကို မတွက်ကပ်ပါနဲ့၊ နောက်သင့်ကိုသူမကူညီတော့မှာစိုးလို့ပါ။
လူဆိုးကို မတွက်ကပ်ပါနဲ့၊ နောက် အခွင့်ကြုံရင် သင့်ကိုသူ ခြေထိုးမှာစိုးလို့ပါ။
သူတစ်ပါးကို သဘောထားကြီးခြင်းဟာ မိမိကိုယ်ကို လမ်းဖွင့်ခြင်းပါ။
၃။ လွှတ်ချမှု - အတိတ်ကို လွှတ်ချပြီး ပေါ့ပေါ့ပါးပါးနေထိုင်ပါ
ဒီနေ့ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ မနက်ဖြန်ရောက်ရင် ကိစ္စလေးဖြစ်သွားကော။
ဒီနှစ် ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောက်နှစ်ရောက်ရင် ပုံပြင်လေးဖြစ်သွားကော။
ဒီဘဝ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောင်ဘဝရောက်ရင် ယုံတမ်းစကားဖြစ်သွားကော။
ကျွန်တော်တို့တွေက ယုံတမ်း ပုံပြင်တွေကို ဖန်တီးနေတဲ့သူတွေလေ... မေ့နေပြီလား။
ဘဝမှာ အလုပ်မှာ အဆင်မပြေမှုကြုံတိုင်း ကိုယ့်ကိုပြန်သတိပေးပါ။
ဒီနေ့က ကုန်သွားမှာ၊ မနက်ဖြန်က ရောက်လာမှာ၊ နေ့ရက်အသစ်နဲ့ ကိုယ်က ပြန်စတင်ရမှာ။
၎။ လွယ်ကူပါ - လောကကြီးကို လွယ်လွယ်လေးကြည့်ပါ၊ ပျော်ရွှင်မှုက နေရာအတိပါ။
စိတ်ကို ဖြေဖျော့ရင် လောကကြီးက ကိုယ့်အတွက်ချောင်ချိနေပြီး အသက်ရှုရတာ လွယ်ကူလို့နေတယ်။
စိတ်ကို လွတ်လပ်ထားရင် ဘဝဟာ အလိုလိုလွတ်လပ်နေပြီး ဘယ်ရောက်ရောက် ဘာလုပ်လုပ် အလိုလို ပျော်ရွှင်လို့နေတယ်။
လူ့ဘ၀မှာ အရာအချို့က လွှတ်ချတတ်ရမှာ။
လက်ထဲက သဲတစ်ဆုပ်ကို လွှတ်ချမှ အရှေ့မှာရှိတဲ့ ရွှေတစ်ဆုပ်ကို ဆုပ်ယူခွင့်ရှိမှာပေါ့။
တစ်ခါတစ်လေ စွန့်လွှတ်ခြင်းရဲ့အဆုံးဟာ ရယူခြင်းရဲ့ အစပါ။
အရာရာက ဖာသိဖာသာနဲ့ အတိတ်ဖြစ်သွားမှာ။
၅။ နှလုံးသား - နှလုံးသားတစ်ခုကို နှလုံးသားတစ်ခုနဲ့လဲမယ်။
သူများရဲ့အားနည်းချက်ကို မကဲ့ရဲ့ပါနဲ့ - ဒါက ကိုယ်ချင်းစာမှုပါ
သူများရဲ့ သဘောထားကြီးမှုကို မလှောင်ပြောင်ပါနဲ့ - ဒါက နားလည်မှုပါ။
သဘောထားကြီးတဲ့သူက လွယ်လွယ်ဒေါသမထွက်တာကိုပြောတာ၊ ဒေါသမထွက်တတ်ဘူးမပြောဘူး။
သည်းခံတာ အလို့မဟုတ်ဘူး။ သူ့သည်းခံနိုင်စွမ်းဆိုတာသူရှိတယ်။
အချစ်ကို အတင်းမလုပ်ယူရဘူး၊ နှလုံးသားက ကစားစရာအရုပ်တစ်ခုမဟုတ်
ရေစက်က မကုန်ချင်လို့မရဘူး၊
နှလုံးသားတစ်ခုကို နှလုံးသားတစ်ခုနဲ့လဲရတယ်၊ ဒါမှအချစ်စစ်ကိုရတာ။
စိတ်တစ်ခုကို စိတ်တစ်ခုနဲ့လဲရတယ်၊ ဒါမှ သူ့ဆီက စိတ်အစစ်ကိုရမှာ။
၆။ ကုသိုလ်၊ အကုသိုလ် - ကုသိုလ်အများကြီးရှိတဲ့လူကို အကုသိုလ်က ကြောက်နေရော။
ကိုယ့်စိတ်ကို သူများကိုဖုံးလို့ရပေမယ့် ကိုယ်မှာ ကုသိုလ်များလား အကုသိုလ်များလား ဘုရားသိပါတယ်။
လူက ကောင်းမှုပြုရင် အကုသိုလ်က ကြောက်လန့်နေပြီး ဝေးဝေးကိုပြေးပါတယ်။
လူက မကောင်းမှုပြုရင် ကုသိုလ်က ကြောက်လန့်နေပြီး ဝေးဝေးပြေးပါတယ်။
ကောင်းမှုပြုတဲ့သူဟာ ပန်းခြံထဲ မြက်ပင်လေးတွေလိုပဲ၊ တစ်နေ့တစ်ခြား တိုးတက်တာမမြင်ပေမယ့် နေ့စဉ်နဲ့အမျှ ရှင်သန်ကြီးထွားလာတယ်။
မကောင်းမှုပြုတဲ့သူဟာ ဓားသွေးကျောက်ထက်က ဓားလိုပဲ၊ ဆုတ်ယုတ်သွားတာမမြင်သာပေမယ့် တစ်နေ့ကျရင် ထက်ပိုင်ကျိုးမှာ။
ကုသိုလ်၊ အကုသိုလ်က တံခါးမရှိ ဓားမရှိ မိမိစိတ်ကို ဝင်ထွက်သွားလာနိုင်တယ်။
အကုသိုလ်ရဲ့အမှောင်က သူတစ်ပါးမသိသော်လည်း မိမိစိတ်ကို မှောင်ရိပ်ကျပြီး ကြီးစိုးတတ်တယ်။
ကုသိုလ်ရဲ့ အလင်းက သူတစ်ပါးမချီးမွမ်းလည်း မိမိစိတ်မှာ ထွန်းလင်းလို့နေတယ်။
၇။ နေရာလွတ် - နေရာလွတ်တစ်ခုထားပြီး ထည့်ချင်တဲ့အရာထည့်သွင်းပါ။
မိမိကိုယ်ကို နေရာလွတ်ပေးပါ၊ ဒါမှ စိတ်ပြတင်းပေါက်လည်းပွင့်ပြီး အသက်ဝဝရှုနိုင်မှာ။
မိမိ အရမ်းပျော်နေတဲ့အခါ
ကိုယ့်ကိုယ်ကို စဉ်းစားချိန်ပေးပါ၊ ဒါမှ ပျော်ရွှင်မှုက နှလုံးသားထဲထိစီဆင်းသွားမှာ။
မိမိ နာကျင်တဲ့အခါ
ကိုယ့်ကိုယ်ကို နှစ်သိမ့်ချိန်ပေးပါ၊ ဒါမှ နာကျင်တဲ့မီးကို ငြိမ်းသတ်ချိန်ရှိမှာ။
မိမိ ခေါင်းရှုပ်နေတဲ့အခါ
ကိုယ့်ကိုယ်ကို ပျော်ရွှင်ဖို့အချိန်ပေးပါ၊ ဒါမှ ခေါင်းရှုပ်စေတဲ့ကိစ္စက ပျောက်သွားမှာ။
မိမိအထီးကျန်ဆန်ခံနေရတဲ့အခါ
ကိုယ့်ရဲ့ အချစ်ဆုံးသူကို အချိန်ပေးပါ၊ ဒုတိယ အချစ်ဆုံးသူက မိမိကိုယ်တိုင်ပဲဆိုတာ မမေ့ပါနဲ့။
နေရာလွတ် တစ်ခုထားခြင်းဟာ လူ့ဘဝရဲ့ လိုအပ်မှုတစ်ခု။
မိမိကိုယ်ကိုယ် အချိန်ပေးခြင်းဟာ တန်ဖိုးရှိပေမယ့် လူတိုင်းမေ့လျော့နေတတ်တဲ့အရာတစ်ခု။
၈ - ကျေးဇူးတင်ပါ - လူ့ဘဝက အရောင်အသွေးပိုစုံလင်သွားမှာ။
သင့်ကို နာကျင်အောင်လုပ်တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင့်စိတ် လေ့ကျင့်ပြီးသားဖြစ်သွားတာမဟုတ်လား။
သင့်ကို လိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင် ဗဟုသုတအသစ် ရသွားတာမဟုတ်လား။
သင့်ကို စွန့်လွှတ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင် ကိုယ့်ခြေထောက်ပေါ်ရပ်နိုင်ခဲ့တာမဟုတ်လား။
သင့်ကို ခြေထိုးတဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင့်လဲကျတိုင်း ပြန်ထတတ်သွားတာမဟုတ်လား။
သင့်ကို ဝေဖန်တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင့်အားနည်းချက်ကိုပြင်ဖို့ သိသွားတာမဟုတ်လား။
သင့်ကို ရင့်ကျက်လာအောင် သွန်သင်ပေးခဲ့တဲ့လူတွေအားလုံးကို ကျေးဇူးတင်ပါ။
ဒါမှ လူ့ဘဝက အရောင်အသွေးပိုစုံလင်သွားမှာ။
၉။ ကံစီမံရာကို လျှောက်လမ်းတတ်ပါ၊ ချမ်းသာသုခက ကိုယ်နဲ့မကွာ ကပ်လိုက်လာမှာ။
လူ့ဘဝက ကော်ဖီတစ်ခွက်လိုပဲ၊
များလည်းကောင်းတယ်၊ နည်းလည်းကောင်းတယ်၊ ဘာကိုလုမှာလဲ။
ပျစ်လဲကောင်းတယ်၊ ကျဲလည်းကောင်းတယ်၊ သူ့အရသာနဲ့သူပဲ။
လောပြီးသောက်လည်းကောင်းတယ်၊ နှပ်ပြီး အေးဆေးသောက်လည်းကောင်းတယ်၊ အဲတော့ဘာဖြစ်လဲ။
ပူလည်းကောင်းတယ်၊ အေးလည်းကောင်းတယ်၊ ပြုံးပြီးသောက်ရင်ပိုတောင်ကောင်းသေးတယ်။
ချိုလည်းကောင်းတယ်၊ ခါးလည်းကောင်းတယ်၊ ကိုယ်ဘယ်လို လက်ခံမလဲပဲမူတည်တယ်။
လူ့ဘဝကို သင်ကသွား ဂရုစိုက်နေလို့သာ ခါးတာပါ။
သံသယထားလို့သာ နာကျင်တာပါ။
ပေါ့ပေါ့လေး ကြည့်ရင် ပျော်ဖို့ကောင်းနေမှာ။
ပျော်ရွှင်မှု အမြင်နဲ့ကြည့်ရင် ချမ်းသာသုခကကိုယ်နဲ့မကွာ ကပ်လိုက်နေမှာ။
ကျွန်တော်တို့အားလုံးက ခေတ်ကာလတစ်ခုရဲ့ ဧည့်သည်အချို့ပါ။
ရေတစ်ခွက်ထဲ ဆားတစ်ဆုပ်ထည့်သောက်ရင် ငန်မယ်၊ ဒါပေမယ့် တိုင်ကီထဲထည့်သောက်ရင် မငန်တော့ဘူး။
လောကဓံက ဆားတစ်ဆုပ်ဆိုပါစို့ ၊ အဓိက,က မိမိဘာခွက်နဲ့ခံပြီးသောက်မလဲပေါ်ပဲမူတည်ပါတယ်။
တစ်ခါတစ်လေကျနော်တို့ ရွေးချယ်ခွင့်မရှိတော့ရင် ကံစီမံရာအတိုင်းပေါ့။
သင့်ရဲ့စိတ်ကို အရှုပ်ထုပ်တွေနဲ့ မချည်နှောင်ထားပါနဲ့၊
အသက်တစ်ချက် ပြင်းပြင်းရှုကြည့်ပါ။
တစ်ချို့ မမြင်ရတဲ့အရာတွေကို နှလုံးသားနဲ့ နားလည်ကြည့်ပါ
15/04/2019
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ နှစ်စဉ်အကောင်းဆုံးပြောင်းဖူးဆုကို အကြိမ်ကြိမ် ရရှိတဲ့ စိုက်ပျိုးသူတစ်ယောက်ရှိတယ်။
တစ်နေ့မှာတော့ ဘုရင်ကြီးက တိုင်းပြည်ရဲ့ အကောင်းဆုံး စိုက်ပျိုးသူဆီကနေ ပြောင်းဖူးစိုက်ပျိုးနည်းကို လေ့လာသင်ယူဖို့ သူ့ရဲ့ လူယုံအမတ်တစ်ချို့ကို စေလွှတ်လိုက်ပါတယ်။
ဘုရင်ရဲ့ လူယုံ အမတ်တွေဟာ ပြောင်းဖူးစိုက်ပျိုးနည်းကို စိတ်ဝင်တစား လေ့လာကြပါတယ်။ ဒီလို လေ့လာရင်းနဲ့ ဆုရတဲ့ စိုက်ပျိုးသူဟာ သူရဲ့အကောင်းဆုံး ပြောင်းဖူးမျိုးတွေကို အနီးအနားက တခြားသော ခြံတွေဆီ လိုလိုလားလားနဲ့ အမြဲ မျှဝေပေးတတ်တယ် ဆိုတာ သူတို့တွေ ထူးဆန်းစွာ သိရှိလိုက်ရတယ်။
"ခင်ဗျား တော်တော် "အ"တဲ့ လူ ပဲ။ ဘာလို့ ကိုယ်ရဲ့အကောင်းဆုံးမျိုးစေ့တွေကို ဒီလို ပေါပေါပဲပဲ လိုက်ဝေနေရတာလဲ"
" ခင်ဗျားရဲ့ အကောင်းဆုံး မျိုးစေ့ကိုသာ သူတို့တွေ ရသွားရင် နောက်နှစ်မှာ ခင်ဗျားကို ကျော်တက်သွားမှာပေါ့" လို့ ဘုရင့် အမတ်တွေထဲက ခေါင်းဆောင်ဖြစ်သူက ပြောလိုက်တယ်။
" ဝတ်မှုန်ကူးခြင်းရဲ့ တန်ဖိုးကို တကယ်ပဲမသိလို့ မေးတာများလား ဝန်မင်းကြီး"
" ဒီပြောင်းဖူးပင်တွေ ရင့်မှည့်လာကြတဲ့အခါ လေအဝှေ့တစ်ချက်မှာပဲ ဒီအနီးအနား ဝန်းကျင်မှာ ရှိတဲ့ ခြံတွေထဲက ပြောင်းဖူးပင်တွေဟာ တစ်ပင်နဲ့ တစ်ပင် ဝတ်မှုံကူးကြပါတယ်"
"တကယ်လို့ ကျွန်တော့်ခြံ အနီးအနား ခြံတွေဆီက အရည်အသွေးညံ့တဲ့ ပြောင်းဖူးတွေ ဖူးလာခဲ့မယ် ဆိုရင် ကျွန်တော့်ခြံက ပြောင်းဖူးတွေလဲ အောင်မြင်ဖြစ်ထွန်းလာစရာ အကြောင်းမရှိပါဘူး"
"ကိုယ့်ခြံထဲက ပြောင်းဖူးတွေကို အောင်မြင်ဖြစ်ထွန်းစေချင်တယ်ဆိုရင် ကိုယ့်ခြံ အနီးအနားက ပြောင်းဖူးပင်တွေကိုပါ မြှင့်တင်ပျိုးထောင်မှ ရပါလိမ့်မယ်"လို့ ရိုးရှင်းစွာ အဖြေပေးလိုက်တော့ အမတ်တွေဟာ သူတို့ရဲ့ သေးသိမ်တဲ့ စိတ်တွေကို ပြန်မြင်မိပြီး တော်တော်လေး အရှက်ရသွားကြသတဲ့။
"ကျွန်တော်တို့ လူ့ဘဝမှာလဲ ဒီလိုပဲ မဟုတ်လား"
"ကျွန်တော်တို့ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ချင်တယ်ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်ကိုလဲ ငြိမ်းချမ်း ပျော်ရွှင်ခွင့် ရရှိဖို့ ဖန်တီးပေးတတ်ရမှ ရပါမယ်"
"ကိုယ်က အဆင့်မြင့်မြင့် တန်ဖိုးရှိရှိ ရှင်သန်နေထိုင်ချင်တယ်ဆိုရင် ကိုယ့် လူမှုပတ်ဝန်းကျင်က လူတွေကိုလဲ တန်ဖိုးထားပြီး လက်တွဲခေါ် ကူညီ မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်"
" တကယ်တော့ ဘဝရဲ့တန်ဖိုး၊ ကိုယ့်ရဲ့ တကယ့် တန်ဖိုး ဆိုတာ ကိုယ့်အတ္တတစ်ခုတည်း အရင်းတည်ပြီး ကိုယ့်အကျိုး၊ကိုယ့်စီးပွား၊ ကိုယ့်ပညာကိုပဲ ဆင့်ကာ ဆင့်ကာ တည်ဆောက်ရုံနဲ့ မရနိုင်ပါဘူး။
ဒီလို အတွေးအမြင်နဲ့ ကိုယ့်အတွက် ကိုယ်သာ လုပ်ပြီး ပေးဆပ်မျှဝေမှု မရှိတဲ့ လူကို ဘယ်သူကမှ လေးစားအားကျ တန်ဖိုးထားလာမှာ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်ကို လှပအောင် တန်ဖိုးရှိအောင် ခြယ်သခြင်းက ကိုယ်ရဲ့ အရည်အသွေးကို ပိုမိုတောက်ပြောင်စေတယ်။ ဒါကပဲကိုယ့်ရဲ့ တန်ဖိုး တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။
" သင့်အနေနဲ့ အကောင်းဆုံးပြောင်းဖူးကို လိုချင်ပါသလား"
"အကောင်းဆုံး ပြောင်းဖူးအတွက်ဆို အကောင်းဆုံး ပတ်ဝန်းကျင်ကိုပါ ဖန်တီးမှပဲ ရပါလိမ့်မယ်"
Via : Nay Myo Aung
Click here to claim your Sponsored Listing.
Category
Contact the place of worship
Telephone
Website
Address
Bogale
မင်္ဂလာပါ