Orphan school - bago

Orphan school - bago

Share

Education school

Photos from Orphan school - bago's post 20/09/2026

📜"မေတ္တာကမ္ဘာလေး၏
နွေးထွေးကုသိုလ်တော်"

💫ကြည်နူးစရာ မိသားစုကမ္ဘာလေးမှာ
ကိုယ့်ဘဝအတွက် ကိုယ်တည်ဆောက်ရင်း
မျှဝေခြင်းနေ့ရက်တွေကိုလည်း
ဖန်တီးပုံဖော်ခြင်းတွေနဲ့အတူ..

💫ဒီနေရာ ဒီရပ်ဝန်းလေးရဲ့
ရုန်းကန်နေ့ရက်တွေ အတွက်
ငါတို့မိသားစုလေးလည်း
နိုင်သမျှ ဝင်ကူကြမယ်လို့
စာနာစိတ်အရင်းခံနဲ့...

💫သာ... #မောင်ရှိုင်းပြည့်စုံဝင်း ၂နှစ်ပြည့်မွေးနေ့
အမှတ်တရကုသိုလ်တော်မြတ်ဒါနအဖြစ်
ကျောင်းရှိသံဃာ ကလေးသူငယ်
ဝေယျာဝစ္စများအားလုံးအတွက်
အာဟာရဒါန ကုသိုလ်ပြုငွေ(၄၅ဝ,၀၀၀)ကျပ် ကို
လှူဒါန်းခဲ့ကြပါတယ်။

💫ပြရသမျှ မြတ်ဒါနတို့ကြောင့်
သားငယ်လေးရဲ့ ဘဝခရီး
အေးချမ်းခြင်း ပျော်ရွှင်ခြင်းများနဲ့
ပြည့်စုံချမ်းသာစွာ လျှောက်လှမ်းနိုင်ပါစေ။

ကုသိုလ်ရှင်မိသားစုလေးလည်း
ထာဝရ ပျော်ရွှင်အေးချမ်းကြပါစေ။
အနာရောဂါကင်းပါစေ။
စိတ်ချမ်းသာ ၍ ကိုယ်ကျန်းမာကြပါစေ။
ဆန္ဒရှိသမျှ လှူဒါန်းမျှဝေနိုင်ကြပါစေ။

သာဓု သာဓု သာဓု

19/09/2026

ကလေးတွေက ခဏခဏနေမကောင်းဖြစ်
လူကလည်းပင်ပန်း စိတ်လည်းပင်ပန်းဝူး
😥😥😥😥😥😥😥

Photos from Orphan school - bago's post 17/09/2026

📜"မေတ္တာကမ္ဘာလေး၏
နွေးထွေးကုသိုလ်တော်"

💫ကြည်နူးစရာ မိသားစုကမ္ဘာလေးမှာ
ကိုယ့်ဘဝအတွက် ကိုယ်တည်ဆောက်ရင်း
မျှဝေခြင်းနေ့ရက်တွေကိုလည်း
ဖန်တီးပုံဖော်ခြင်းတွေနဲ့အတူ..

💫ဒီနေရာ ဒီရပ်ဝန်းလေးရဲ့
ရုန်းကန်နေ့ရက်တွေ အတွက်
ငါတို့မိသားစုလေးလည်း
နိုင်သမျှ ဝင်ကူကြမယ်လို့
စာနာစိတ်အရင်းခံနဲ့...

💫
ဖေဖေဦးသန့်စင်+မေမေ ဒေါ်ယုယုနွယ်
သမီး...မနိုရာလင်း
သား...မောင်ပြေခေတ်သာ မိသားစုမှ
သားလေး၏ ၅လပြည့် မွေးနေ့အမှတ်တရ
ကုသိုလ်တော်မြတ်ဒါနအဖြစ်
ကျောင်းရှိသံဃာ ကလေးသူငယ်
ဝေယျာဝစ္စများအားလုံးအတွက်
တနေ့တာအာဟာရဒါနနှင့်
ပစ္စည်းလေးပါး ပဒေသာပင် တို့အတွက်
ကုသိုလ်ပြုငွေ(၁,၅၀၀,၀၀၀)ကျပ် ကို
လှူဒါန်းခဲ့ကြပါတယ်။

💫ပြရသမျှ မြတ်ဒါနတို့ကြောင့်
သားငယ်လေးရဲ့ ဘဝခရီး
အေးချမ်းခြင်း ပျော်ရွှင်ခြင်းများနဲ့
ပြည့်စုံချမ်းသာစွာ လျှောက်လှမ်းနိုင်ပါစေ။

ကုသိုလ်ရှင်မိသားစုလေးလည်း
ထာဝရ ပျော်ရွှင်အေးချမ်းကြပါစေ။
အနာရောဂါကင်းပါစေ။
စိတ်ချမ်းသာ ၍ ကိုယ်ကျန်းမာကြပါစေ။
ဆန္ဒရှိသမျှ လှူဒါန်းမျှဝေနိုင်ကြပါစေ။

သာဓု သာဓု သာဓု

Photos from Orphan school - bago's post 16/09/2026

"လက်တွေ့ခံစား ပီတိများ"

*ဝဲပတန်တိုက်နယ်ဆေးရုံသို့
ခွဲစိပ်ခန်းသုံး မီးနဲ့
လိုအပ်နေသည့် ကိရိယာများကို

*မိမိတို့ရဲ့ စုပေါင်းအားလေးနဲ့
ကုသိုလ်ပြုခဲ့ကြပြီး..
ယခုကဲ့သို့
လူ့အသက်ပေါင်းများစွာကို
ခွဲစိပ်ကုသနေချိန်..

*မြင်မြင်ထင်ထင်နဲ့..
လျင်မြန်စွာပြုလုပ်နိုင်ကြတဲ့
အရေးပေါ်လက်တွေ့ကုသနေမှုများကို
တွေ့မြင်ရတော့..
စိတ်နှလုံးမှာ ပီတိဖြစ်ရတယ်။

* လူမျိုးမရွေး ဘာသာမရွေး
အယုတ်အလတ်အမြတ်မရွေး
အားလုံး၏ ရောဂါဝေဒနါများ
သက်သာပျောက်ကင်းနိုင်စေရန်
ရည်သန်ခဲ့ကြသော

*ဒီကုသိုလ်လေးကို
စေတနာရှင်များနဲ့ ၇ရက်သားသမီး များ
ကြည်နူးစွာ သာဓုခေါ်ပီတိဖြစ်ကြပါစေရန်
ဖော်ပြလိုက်ရပါတယ်။

သာဓု သာဓု သာဓု

15/09/2026

"မေတ္တာရပ်ခံခြင်း"

အငယ်ဆုံးလေးက ကြပ်နေလို့
ဆေးရုံတင်ရတာနဲ့..
အကြီးလေးတွေ ဖျားနေလို့
ဆေးခန်းပြရနဲ့..
အလုပ်လည်း များ..
လူတွေလည်း နားချင်နေပြီမို့
ဒီနေ့ရဲ့ ကုသိုလ်မှတ်တမ်းများကို
မနက်ဖြန်မှ တင်ပေးပါမယ်။

ကုသိုလ်ရှင်များအားလုံးကို
မေတ္တာရပ်ခံပါတယ်။

ကျန်းမာခြင်းသုခ ပြည့်စုံကြပါစေ။

Photos from Orphan school - bago's post 14/09/2026

အနန္တဂိုဏ်းဝင် ကျေးဇူးရှင်သို့...

မျက်စိအောက်က ပျောက်သွားပေမယ့်
နှလုံးသားတွေမှာ စွဲထင်စွာ ကျန်နေတဲ့
ပုံရိပ်များနဲ့အတူ..
တမ်းတမိတဲ့အခါတိုင်း
ပေးနိုင်တဲ့အရာက ကုသိုလ်အမျှတွေပါ။

ရောက်ရာဘဝ ငြိမ်းချမ်းစေချင်ကြတဲ့
ဆန္ဒမေတ္တာ ကရုဏာများဖြင့်
လှူမျှဝေပေးရမယ့်
သားသမီးတို့ရဲ့ ကျေးဇူးတုံ့ပြန်ခြင်းများပါ။

ဘဝတပါးပြောင်းသွားကြလေပြီးသော
ဖခင်ကြီး ဦးဖေစံညွန့် အား ရည်စူး၍...

*သမီး မငုဝါမိသားစု
USAမှ
ရင်ခွင်မဲ့ကျောင်းလေးရဲ့
ဘက်စုံကဏ္ဍတွေမှာ လိုအပ်ရာ
ဖြည့်စွက်အသုံးပြုနိုင်ပါရန်
ရည်သန်လျက်
ဘက်စုံအလှူငွေ.. #၂၁သိန်းကျပ်ကို
ကုသိုလ်ပြုလှူဒါန်းခဲ့ကြပါတယ်။

ပြုသမျှ မြတ်ဒါနတို့ကို
ကွယ်လွန်သူ ဖခင်ကြီးမှ
ထပ်တူထပ်မျှ လက်ခံရရှိကြကာ...
ဝမ်းမြောက်စွာ သာဓု၃ကြိမ်
ခေါ်ဆိုနိုင်ကြပြီး
အေးချမ်းသောဘဝတစ်ခုမှာ
ရောက်ရှိစံစားနိုင်ပါစေ။

ကုသိုလ်ရှင် မိသားစုများလည်း
နှလုံးစိတ်ဝမ်းများ အေးချမ်းကြပါစေ။
ဘဝနေ့ရက်များ..
အပူသောက ကင်းဝေးကြပါစေ။
လုပ်ငန်းစီးပွားများလည်း
တိုးတက်အောင်မြင်ကြပါစေ။

ဘာသာ သာသနာအကျိုး
အများအကျိုးကို ဆန္ဒရှိသမျှ
ရွက်သယ်ပိုးနိုင်တဲ့
သူတော်ကောင်း သူမြတ်လောင်းများ
စင်စစ်မသွေ ဖြစ်နိုင်ကြပါစေ။

ကပ်ကြီး၃ပါး တို့မှ
ကျော်လွှားနိုင်ကြပါစေ။

Photos from Orphan school - bago's post 14/09/2026

"မွေးနေ့ရက်မြတ် ကြည်နူးလျက်..."

*ဆယ်စုနှစ်၃ခု ကို
ဖြတ်ကျော်လာပြီးတဲ့နောက်
မွေးနေ့ရက်မြတ်လေး
ရောက်လာပြန်ပြီပေါ့။

*ကိုယ့်ရဲ့ အမှတ်တရနေ့ရက်လေးမှာ
စိတ်ကြည်လင်စွာနဲ့ ကုသိုလ်ယူဖို့
တွေးလိုက်ပြီးတဲ့နောက်..

*မွန်မြတ်တဲ့ စိတ်ထားကလေးက
နှလုံးသားမှာ ခိုနားလာတဲ့အခါ..
ဒီလိုနေရာလေးကို ရွေးချယ်ရင်း
အလှဆုံးနေ့ရက်လေးကို
ဖန်တီးခဲ့ပါတယ်။

*မွေးနေ့ရှင် #မသွယ်သွယ်ဦး ရဲ့
မွေးနေ့အမှတ်တရ မြတ်ဒါန အဖြစ်
ကျောင်းရှိ ကလေးသူငယ်
ဝေယျာဝစ္စများအားလုံးအတွက်
ညနေစာ အာဟာရဒါန နဲ့မုန့်များ
(ကုသိုလ်ပြုငွေ ၆၀၀,၀၀၀ကျပ်)ကို
လှူဒါန်းခဲ့ပါတယ်။

*သာဓု သာဓု သာဓု ပါ
မွေးနေ့ရှင်၏ ပြုသမျှ မြတ်ဒါနတို့ကြောင့်
ဘဝတလျှောက်တွင်
ကောင်းမွန်ခြင်း သုခချမ်းသာများကို
ပိုင်ဆိုင်ရရှိနိုင်ကြပါစေ။
ဘဝအိပ်မက် ရည်ရွယ်ချက်များ
ပြည့်စုံပြီးမြောက်ပါစေ။
စိတ်လည်း ချမ်းသာ ကိုယ်လည်းကျန်းမာပြီး
ဘာသာ သာသနာအကျိုး..
ဆန္ဒရှိသမျှ သယ်ပိုးနိုင်ပါစေ။

Photos from Orphan school - bago's post 13/09/2026

"ဝိုင်းဝန်းကူကြ ပရဟိတ"

*မွေးနေ့နီးလာရင်..
ဒီနှစ်တော့ ဘယ်လိုလေး ဖြတ်သန်းရမလဲ
ဘာအမှတ်တရလေး.လုပ်ရင် ကောင်းမလဲ
ဘယ်သူတွေနဲ့ အတူရှိမလဲ တွေးရင်း
ကြိုတင်ရင်ခုန်နေရတာ။

*မွန်မြတ်တဲ့ စိတ်ထားကလေးက
နှလုံးသားမှာ ခိုနားလာတဲ့အခါ..
ဒီလိုနေရာလေးကို ရွေးချယ်ရင်း
အလှဆုံးနေ့ရက်လေးကို
ဖန်တီးခဲ့ပါတယ်။

*မွေးနေ့ရှင် #မဌေးဌေးမွန် ရဲ့
မွေးနေ့အမှတ်တရ မြတ်ဒါန အဖြစ်
ကျောင်းရှိသံဃာ ကလေးသူငယ်
ဝေယျာဝစ္စများအားလုံးအတွက်
ဘက်စုံအလှူငွေ ၊မုန့်နဲ့ ပဲနို့များ
(ကုသိုလ်ပြုငွေ ၃၁၀,၀၀၀ကျပ်)ကို
လှူဒါန်းခဲ့ပါတယ်။

*သာဓု သာဓု သာဓု ပါ
မွေးနေ့ရှင်၏ ပြုသမျှ မြတ်ဒါနတို့ကြောင့်
ဘဝတလျှောက်တွင်
ကောင်းမွန်ခြင်း သုခချမ်းသာများကို
ပိုင်ဆိုင်ရရှိနိုင်ကြပါစေ။
ဘဝအိပ်မက် ရည်ရွယ်ချက်များ
ပြည့်စုံပြီးမြောက်ပါစေ။
စိတ်လည်း ချမ်းသာ ကိုယ်လည်းကျန်းမာပြီး
ဘာသာ သာသနာအကျိုး..
ဆန္ဒရှိသမျှ သယ်ပိုးနိုင်ပါစေ။

Photos from Orphan school - bago's post 13/09/2026

"မွေးနေ့အကြောင်းပြု ကောင်းမှုတွေစုပေါင်းတဲ့နေ့"

*ချစ်လှစွာသော သမီးရတနာကလေးရဲ့
မွေးနေ့မြတ်ဒါနကို အကြောင်းပြု၍
အနာဂတ်ရင်သွေးငယ်များ
ပညာသင်ကြားခိုလှုံကြတဲ့
ဒီနေရာလေးကို ..
ကုသိုလ်စိတ်တွေနဲ့ ရောက်လာကြတဲ့
မိသားစုလေးရဲ့ စုပေါင်းကုသိုလ်တော်မှတ်တမ်း။

*သမီးလေး မသက်ထားဇော် ၏
၇ နှစ်ပြည့် မွေးနေ့ အမှတ်တရ
မြတ်ဒါနကုသိုလ်တော်အဖြစ်..
ကျောင်းရှိသံဃာ ကလေးသူငယ်
ဝေယျာဝစ္စများအားလုံးအတွက်
အရုဏ်ဆွမ်းနဲ့မနက်စာအာဟာရ
ကုသိုလ်ပြုငွေ ၄၅၀,၀၀၀ကျပ်ကို
လာရောက်လှူဒါန်းခဲ့ပါတယ်။

*ထို့ပြင်...
ဦးဝင်းမြင့်+ဒေါ်နွယ်နွယ်ခိုင် မိသားစု မှ
ဘက်စုံလိုရာသုံးအလှူငွေ (၁၀၀,၀၀၀)ကျပ်နှင့်

*ဦးခင်စိုး+ဒေါ်ဝင်း မိသားစု
ရွှေကံသာကျေးရွာမှ
တနေ့၁၀၀ အာစိဏ္ဏကံ အလှူငွေ ၅၀,၀၀၀ကျပ်။

*ကိုအေးဇော်+မမေသင်း မိသားစု
တောင်စွန်းကျေးရွာမှ
တနေ့ ၁၀၀ အာစိဏ္ဏကံ ကုသိုလ်ပြုငွေ ၅၀,၀၀၀ကျပ်။

*ဒေါ်ဥမ္မာဝင်းနဲ့ သားသမီးများ
ပဲခူးမြို့မှ
တနေ့ ၁၀၀ ကုသိုလ်ပြုငွေ ၃၆,၀၀၀ ကျပ်တို့ကို
စုပေါင်း လှူဒါန်းခဲ့ကြပါတယ်။

*ပြုကြသမျှမြတ်ဒါနတို့ကြောင့်
မွေးနေ့ရှင်သမီးလေး..
စိတ်ချမ်းသာကိုယ်ကျန်းမာ၍
ဘဝခရီးတလျှောက်
အဆင်ပြေချောမွေ့ပါစေ။
ပညာဟူသမျှသင်ယူရ လွယ်ကူပြီး
အမိအဖနဲ့ အများ၏ အားထားရာ
သမီးအလိမ္မာ ရတနာလေးဖြစ်ပါစေ။

*ကုသိုလ်ရှင်မိသားစုများအားလုံးလည်း
နှလုံးစိတ်ဝမ်းများ ငြိမ်းချမ်းကြပါစေ။
ဘဝနေ့စဥ် လုပ်ငန်းကိစ္စများ
အဆင်ပြေအောင်မြင်ကြပါစေ။

သာဓု သာဓု သာဓု

Photos from Orphan school - bago's post 12/09/2026

"စုပေါင်းဒါန ပရဟိတ"

*လူငယ်တွေရဲ့ နှလုံးသားမှာ
ပွင့်လန်းနေကြတဲ့ ပရဟိတစိတ်လေးတွေ..
လွတ်လပ်ပေါ့ပါးစွာ
နေထိုင်ကြတယ်ဆိုပေမယ့်
ဦးနှောက် နဲ့ နှလုံးသားမှာတော့
ဘဝအတွက် လေးနက်တဲ့
အတွေးကိုယ်စီနဲ့။

*ဒီနေ့လေးမှာ ရောက်ရှိလာခဲ့ကြတဲ့
မောင်တို့မယ်တို့၏..ကုသိုလ်တော်များကို
မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်။

*မွေးနေ့ရှင် မဖြိုးပြည့်ပြည့်ခင် ရဲ့
မွေးနေ့အမှတ်တရ မြတ်ဒါနအဖြစ်
ကျောင်းရှိသံဃာ ကလေးသူငယ်
ဝေယျာဝစ္စများအတွက်
အာဟာရဒါန အလှူ( ၃၅၀,၀၀၀)ကျပ် နှင့်

*စတုတ္ထနှစ် ပထဝီမေဂျာမှ
သူငယ်ချင်းများ၏ စုပေါင်းမြတ်ဒါနအဖြစ်
ဘက်စုံအလှူငွေ (၂၀၀,၀၀၀)ကျပ်တို့ကို
လာရောက်ကုသိုလ်ပြုခဲ့ကြပါတယ်။

*သာဓု သာဓု သာဓု
မွေးနေ့ရှင်နဲ့တကွ အားလုံးသော
ဆန္ဒညီတူ သူငယ်ချင်းများအားလုံး
ဘဝတလျှောက်တွင်
ကောင်းမွန်ခြင်း သုခချမ်းသာများကို
ပိုင်ဆိုင်ရရှိနိုင်ကြပါစေ။
ဘဝအိပ်မက် ရည်ရွယ်ချက်များ
ပြည့်စုံပြီးမြောက်ပါစေ။
စိတ်လည်း ချမ်းသာ ကိုယ်လည်းကျန်းမာပြီး
ဘာသာ သာသနာအကျိုး..
ဆန္ဒရှိသမျှ သယ်ပိုးနိုင်ပါစေ။

Category

Telephone

Website

Address


ပဲခူးတိုင်းဒေသကြီးဌာနဆိုင်ရာရုံးလမ်း၊ဆည်မြောင်း အုန်းတောဘက်ခြမ်း
Bago

Alerts

Be the first to know and let us send you an email when Orphan school - bago posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Bago.