Hitadara Channel

Hitadara Channel

Share

ဟိတဓရဆရာတော်ဘဒ္ဒန္တဝိမလာဘိဝံသ ၏ သာသနာပြုမှတ်တမ်းများ

03/10/2026

မိမိကိုယ်ကို
မေတ္တာပို့ပေးရတယ်
ဘာလို့လဲ ဆိုတော့
ဒုက္ခ ပေးမှာ က
မိမိ ကိုယ်တိုင် ဖြစ်နေတာမို့

ရန်သူ ဟာ
မိမိ ကိုယ်တိုင် ဖြစ်နေလို့ပဲ။

အပြင်မှာ တစ်ခါနိုင်တိုင်း
သံသရာ တစ်ခါ ရှုံးရလိမ့်ဦးမယ် ၊
ပစ္စုပ္ပန်မှာလည်း ကိုယ်မုန်းတဲ့လူတစ်ယောက်ကို
သတ်လိုက်ရလို့ ၊ရိုက်လိုက်ရလို့ ၊
ကိုယ်ကနိုင်တယ် မထင်ပါနဲ့ ။
ဒေါသက နိုင်သွားတာပါ ။
ခိုင်းသလို လုပ်လေ
ဒေါသက ရောင့်တက်လေ ၊
အပြင်မှာ တစ်ခါနိုင်
အတွင်းတစ်ခါရှုံး၊
ဒီနှုန်းနဲ့ သံသရာခရီးသွားခဲ့ကြလို့
အောက်ရပ် အပါယ်ဘုံတွေမှာ
ရေစုန်မျောနေတာ ၊

မကြိုက်စိတ် ဒေါသ ဖြစ်ပေါ်လာချိန်
သတိနဲ့သာစောင့်ပြီး အနိုင်သတ်နိုင်ရင်
အတွင်းရန် ဒေါသကိုလည်း
အောင်ပြီးသား ၊ အပြင်ရန်ကိုလည်း
အမုန်းပွားစရာ မလိုတော့လို့ အောင်ပြီးသား၊

အတွင်းအောင် အပြင်အောင်မှ
တကယ့် အောင်နိုင်သူ ။

မဟာဗောဓိမြိုင်ဆရာတော်ကြီး/

🙏🙏🙏🙏🙏

03/10/2026

နှလုံးသွင်းမှန်ကြပါစေ...
စေတနာဆိုးနှင့်ရင်ဆိုင်တိုးသော်လည်း
မိမိဘက်ကနှလုံးသွင်းကောင်းလျှင်
ကုသိုလ်စိတ် ဖြစ်၏ ။
စေတနာကောင်းနှင့်အကြောင်းဆုံသည့်တိုင်
မိမိဘက်ကနှလုံးသွင်းညံ့လျှင်အကုသိုလ်စိတ် ဖြစ်၏ ။
ကုသိုလ်-အကုသိုလ် ဟူသည်
သူတစ်ပါး ပေးသည်မဟုတ် ။
မိမိကသာ ယူသူဖြစ်၏ ။

02/10/2026

လူတိုင်းလူတိုင်း အရွယ်သုံးပါးလုံး ပြည့်စုံအောင် နေနိုင်တာ မဟုတ်ဘူး။ ပထမအရွယ်မှာ သေချင်လည်း သေမယ်။ ဒုတိယအရွယ် သေချင်လည်း သေမယ်။ တတိယအရွယ် သေချင်လည်း သေမယ်။

အဲဒီတော့ အရေးကြီးဆုံးက လူ့ဘဝရောက်လာလို့ အသိဉာဏ်ရှိလာပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့အကျင့်စရိုက်တွေကို ကိုယ့်ဘာသာကိုယ် သိအောင်ကြိုးစားရမယ်။

ဘာကို ပြင်မှာလဲ? ကိုယ့်မှာ ဘယ်လိုအကျင့်စရိုက်တွေ ရှိသလဲ… ရာဂစရိုက် ရှိသလား? ဒေါသစရိုက် ရှိသလား? မောဟစရိုက် ရှိသလား? ဆိုတာတွေကို သိအောင်ကြိုးစားရမယ်။

ရာဂစရိုက် ဆိုသည်မှာ အကောင်းကြိုက်တာကို ဆိုလိုတာ။ လူတိုင်းလူတိုင်း ကောင်းတာကြိုက်ပေမယ့်လို့ "သူများထက် လွန်လွန်ကဲကဲကြီး လောဘကြီးသလား, အရာရာမှာ တွယ်တာမှုတွေ များနေသလားဆိုတာ စဉ်းစားပြီး ရာဂစရိုက်တွေကို လျှော့ချပေးဖို့ လိုအပ်တယ်ပေါ့။ အဲဒီလို လျှော့ချပေးတာသည် ပြုပြင်ခြင်း တစ်မျိုးပဲ။

ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ်က ထစ်ခနဲဆို စိတ်တိုတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒီစိတ်တိုမှုဆိုတဲ့ ဒေါသတွေ မိမိသန္တာန်မှာ ရှိသလား, ကြီးထွားနေသလားဆိုတာ ကိုယ့်ကိုကိုယ် ဆန်းစစ်ရမယ်။

ဆန်းစစ်လို့ ရှိနေတယ်ဆိုရင်လည်းပဲ ခုဘဝမှာ ပြင်ရမယ်တဲ့။ မပြင်ဘူးဆိုရင် ဘယ်ဘဝရောက်ရောက် ဒေါသစရိုက်ကြီးက မပျောက်ဘဲ ဖြစ်တတ်တယ်တဲ့။

နောက်တစ်ခါ မောဟစရိုက်ဆိုတာ ဘယ်လိုဖြစ်တာတုန်းဆိုရင် အရာရာမှာ စဉ်းစားဆင်ခြင်မှုတွေ အားနည်းတယ်။ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို မသိဘူး။ မသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်တယ်, လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်တယ်။ မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်မှာ ပြောလိုက်ရင်လည်း အမှား, ကြံတွေးလိုက်ရင်လည်း အမှား, လုပ်လိုက်ရင်လည်း အမှားပဲ ဖြစ်တယ်တဲ့။

အဲဒီလို မှားမှားယွင်းယွင်းတွေ လုပ်မိပြီး မောဟတရားရဲ့ လွှမ်းမိုးမှုခံရပြီဆိုရင် အရာရာမှာ သိမြင်နိုင်စွမ်းမရှိဘဲ အမှန်တရားဘက် မရောက်ဘဲ မှားယွင်းတဲ့ လုပ်ရပ်တွေ လုပ်ရင်းလုပ်ရင်းနဲ့ ဘဝမှာ နစ်မွန်းသွားနိုင်တယ်။

ဒါကြောင့်မို့ ဒီ မကောင်းတဲ့စရိုက်တွေကို ရှောင်ပြီး ကောင်းတဲ့စရိုက်တွေ ဆောင်ခြင်းဖြင့် ကိုယ့်ကိုကိုယ် ပြုပြင်ရမယ်။

ဒီကနေ့ခေတ်မှာ မြန်မာလူမျိုးတွေ ဗုဒ္ဓဘာသာဝင်မိသားစုမှာ လူလာဖြစ်ကြတယ်။ အဲဒီလို လူလာဖြစ်တဲ့အခါ မိမိတို့ရဲ့ အကျင့်စရိုက်တွေကို မိမိတို့ကိုယ်တိုင် သိအောင် ကြိုးစားဖို့ လိုအပ်တယ်။

အခုလို တရားပွဲတွေ ကျင်းပပြီး တရားနာရတယ်။ တရားနာရင် အသိဉာဏ်တွေရတယ်။ အသိဉာဏ်ရတဲ့အခါ ကိုယ့်ရဲ့စရိုက်တွေကို ကိုယ့်ဘာသာကိုယ် အကဲခတ်နိုင်တယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒီစရိုက်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ဘာသာကိုယ် သိရှိနားလည်ပြီဆိုရင် ထိုစရိုက်ကို ပျောက်ငြိမ်းစေတတ်တဲ့ ကမ္မဌာန်းတွေလည်းပဲ အသီးသီး ပေးထားတာတွေ ရှိတယ်ပေါ့။

"ရောဂါနဲ့ဆေး တည့်အောင်ပေး ရောဂါရှိရင် ဆေးရှိတယ်" ဆိုတာလို စရိုက်ဆိုးတွေရှိရင် စရိုက်ဆိုးတွေကို ပျောက်ကင်းစေနိုင်တဲ့ ကျင့်စဉ်တွေ ရှိနေတာပဲပေါ့။

အဲဒီ ကျင့်စဉ်တွေကို နားလည်အောင်လုပ်ပြီး မိမိသန္တာန်မှာဖြစ်တဲ့့ စရိုက်ဆိုးတွေကို လျှော့ချပေးနိုင်ရမယ်။ အဲဒီလို မလျှော့ချနိုင်ဘူးဆိုရင် သံသရာလည်ရတဲ့ ပုဂ္ဂိုလ်တွေသည် ဘဝမှာ အရုပ်ဆိုး အကျည်းတန် ဖြစ်သွားတတ်တယ်။

ဒါ့ကြောင့် ကိုယ့်ဘဝကိုယ် ပြင်ရမယ်။ သူများက ပြင်တယ်ဆိုတာ အကြံပေးရုံလောက်ပဲ ဆုံးမသြဝါဒ ပေးရုံလောက်ပဲ ဖြစ်တယ်။

အကြံပေးပေမယ့် မိမိကိုယ်တိုင်က မပြင်သေးသမျှ အကောင်း ဘယ်တော့မှမဖြစ်ဘူး။ မိမိကိုယ်တိုင်ပြင်မှ အကောင်းဖြစ်တယ်တဲ့။

ဘာနဲ့ ပြင်မှာလဲ? ဒါကြောင့် မြတ်စွာဘုရားက ကိုယ့်ကိုကိုယ် အချစ်ဆုံးလို့ အသိအမှတ်ပြုတယ်ဆိုရင် ကိုယ့်ကိုကိုယ် ထိန်းသိမ်းစောင့်ရှောက်ပါတဲ့။

ထိန်းသိမ်း စောင့်ရှောက်ပါဆိုလို့ လောကလူတွေ စောင့်ရှောက်တဲ့နည်းကတော့ အေးတဲ့ရာသီမှာ မအေးရအောင် ပူတဲ့ရာသီမှာ မပူရအောင် ကိုယ့်ကိုကိုယ် ထိန်းသိမ်းစောင့်ရှောက်ကြတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ကြတယ်။

အဲဒီလို ထိန်းသိမ်းစောင့်ရှောက်မှုမျိုးသည် ရိုးရာထိန်းသိမ်းစောင့်ရှောက်မှု လို့ခေါ်တယ်။

မြတ်စွာဘုရား ဆိုလိုတဲ့ ထိန်းသိမ်းစောင့်ရှောက်မှုဆိုတာ
အဲဒါမျိုးကို ပြောတာမဟုတ်ဘူး… သတိတရား လက်ကိုင်ထားပြီး မှားမှားယွင်းယွင်းတွေ မလုပ်မိအောင် ထိန်းသိမ်းစောင့်ရှောက်မှုဖြစ်တယ်။

လောကမှာ လူဆိုတာ လောဘတွေ, ဒေါသတွေ, မောဟတွေ လွှမ်းမိုးလာတဲ့အခါ အမှားအယွင်းတွေ ပြုလုပ်မိတတ်တယ်။

အမှားအယွင်းတွေပြုလုပ်မိသည့် အတွက်ကြောင့် ကံမကောင်း အကြောင်းမလှတဲ့ ဘဝမျိုး ရောက်သွားကြရတယ်။အဲဒါမျိုးတွေမဖြစ်အောင် ကိုယ့်ကိုကိုယ် စောင့်ရှောက်ရမယ်။

ကိုယ့်ကိုကိုယ် စောင့်ရှောက်တယ်ဆိုတာ အဓိက,က ကိုယ့်စိတ်ကို ထိန်းသိမ်းစောင့်ရှောက်တာကို ပြောတာ။ ကိုယ့်စိတ်ကို ပြုပြင်ရမယ်ပေါ့။

ဒါဖြင့် ကိုယ့်စိတ်ကို ဘယ်လိုပြင်ရမလဲလို့ဆိုရင် အာရုံနဲ့ပတ်သက်ပြီး ကိုယ့်စိတ်ဖြစ်ပုံ အခြင်းအရာကို လေ့လာရမယ်။

မျက်စိနဲ့မြင်တဲ့ အမြင်အာရုံအပေါ်မှာ ကောင်းတာ မြင်ရရင် လောဘ ဖြစ်လာတယ်။ မကောင်းတာ မြင်ရတဲ့အခါ ဒေါသဖြစ်လာတယ်။

ဒီနှစ်ခုကတော့ အလွန်ထင်ထင်ရှားရှား ဖြစ်တတ်တယ်။
ကောင်း မကောင်းဆိုတာ ကိုယ်ကြိုက် မကြိုက်ပေါ်မှာ မူတည်တယ်ပေါ့။ ကိုယ်ကြိုက်တဲ့ အာရုံပေါ်မှာဆို လောဘဖြစ်တယ်။ ကိုယ်မကြိုက်တဲ့ အာရုံဆိုရင် ဒေါသဖြစ်တယ်။

ကိုယ့်ကိုကိုယ် စောင့်ရှောက်တယ်ဆိုတာ အဲဒီ ကြိုက်, မကြိုက် အာရုံတွေပေါ်မှာ လောဘ မလာဖို့, ဒေါသ မလာဖို့ ထိန်းသိမ်းစောင့်ရှောက်တာကို ပြောတာ။

ကိုယ့်သန္တာန်မှာ လောဘ, ဒေါသ ဖြစ်လာတာကိုသိရမယ်။ သိတယ်ဆိုတော့ သတိနဲ့ ပညာကို အသုံးချပြီး ထိန်းသိမ်းစောင့်ရှောက်ရတယ်တဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက သတိနဲ့သမ္ပဇည ဒီတရားနှစ်ခုကို ဟောကြားထားတယ်။ မဟာသတိပဌာနသုတ်မှာ သတိကောင်းအောင် လေ့လာတဲ့နည်း ဆင်ခြင်ဉာဏ်ကောင်းအောင် လေ့လာတဲ့နည်းစနစ်တွေကို မြတ်စွာဘုရားက ပေးထားတယ်။

အရာခပ်သိမ်းမှာ အမှတ်တမဲ့ မနေဘဲနဲ့ ဘာလုပ်လုပ် သတိနဲ့ နေတတ်အောင် လေ့ကျင့်ဖို့ မြတ်စွာဘုရားက ဆုံးမသြဝါဒ ပေးထားတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

🙏🙏🙏🙏🙏

02/10/2026

သတိပညာနဲ့တွေးတာကို ယောနိသောမနသိကာယ
ကုသိုလ်ဖြစ်ဖို့က ယောနိသောမနသိကာယ
အကုသိုလ်ဖြစ်ဖို့က အယောနိသောမနသိကာယ

နားထောင်တာကပထမ
သင်ယူတာဒုတိယ
စဥ်းစားတာကတတိယ
အသိပညာရှိတာကတတိယ
ကုသိုလ်ဆိုတာ_ယောနိသောမနသိကာယ
အခြေခံပြီးဖြစ်တယ်။

လူလောကမှာ
ကုသိုလ်- အကုသိုလ်သိဖို့အရေးကြီးတယ်။

ကုသိုလ်ကောင်းမူ့ ကိုဘယ်တော့မှအထင်မသေးနဲ့

ဘုရားကြည်ညိုပြီးရှိခိုးသည်ဖြစ်စေ။

ပန်း ရေချမ်း ဆီမီး ကပ်လှူသည်ဖြစ်စေ။

စေတီ ပုထိုး တွေကိုကြည်ညိုရှိခိုးသည်ဖြစ်စေ။

တစ်နေ့ကိုဘုရားတစ်ကြိမ်ပဲရှိခိုး တစ်လပြည့်ရင်အကြိမ်၃၀

ဖြစ်သွားတယ်။ပျောက်သွားမယ်လို့အထင်မသေးနဲ့။

အသေးအဖွဲကိုဂရုစိုက်ရတယ်။ဂရုမစိုက်ပဲမေ့နေရင်

ဘာမှမရဘူး။ရေပေါက်ကလေးကျလာလို့များလာရင်

ရေအိုးထဲပြည့်သလို ကုသိုလ်နေ့စဥ်လုပ်သွားရင် ကုသိုလ်

တွေစုမိသွားတယ်။

ကုသိုလ်ပြုမိဖို့ အပ္ပမာဒ တရားရှိရမယ်။

ကိုယ့်ရင်ထဲမှာ ကုသိုလ်ဖြစ်ဖို့ပဲစဥ်းစားရမယ်။

အပ္ပမာဒဆိုတဲ့သတိစကားကို အမြဲပြောသွားတယ်။

သတိထားရမယ်အချက်ကို
အနှစ်ချုပ်လိုက်ရင် ၃ချက်ပဲရှိတယ်

ကာယ
ဝေဒနာ
စိတ်ခံစားချက်

ပါချုပ်ဆရာတော်ဘုရားကြီး

🙏🙏🙏🙏🙏

02/10/2026

🔥 လူငယ်တိုင်း လက်ကိုင်ထားသင့်တဲ့ "ခြင်္သေ့စိတ်ဓာတ်" (၁၀ ချက်) 🔥

၁။ အများနောက် မလိုက်ဘဲ ကိုယ့်လမ်းကို ဖောက်ပါ
> လူအများလုပ်နေတာတိုင်းကို လိုက်လုပ်နေရုံနဲ့ ကိုယ်ပိုင် အောင်မြင်မှု မရလာနိုင်ပါဘူး။ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ကိုယ်တိုင်ဆုံးဖြတ်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် ခြေလှမ်းနဲ့ လမ်းကြောင်းကို ဖောက်ထွင်ရဲဖို့ လိုပါတယ်။
>
၂။ ကြောက်ရွံ့မှုကို ကျော်လွန်ပြီး ရှေ့ဆက်ပါ
> မလုံခြုံမှုနဲ့ ကြောက်စိတ်ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ တကယ့်ခေါင်းဆောင်စိတ်ရှိသူတွေက ကြောက်နေရင်းနဲ့ကို ရှေ့ဆက်တိုးတတ်ကြပြီး အခက်အခဲတွေကို ရှောင်မပြေးဘဲ ရင်ဆိုင်တတ်ကြပါတယ်။
>
၃။ သည်းခံစိတ်နဲ့ အချိန်ကို စောင့်စည်းပါ
> အမဲလိုက်တဲ့အခါ ချက်ချင်းမရလို့ လက်မလျှော့သလိုပါပဲ။ လူငယ်ဘဝ အောင်မြင်မှုဆိုတာလည်း တစ်ရက်တည်းနဲ့ ရလာတာ မဟုတ်ပါဘူး။ အချိန်ယူရတယ်၊ စိတ်ရှည်ဖို့ လိုပါတယ်။
>
၄။ လဲကျတိုင်း ပြန်ထလာပါ
> ကျရှုံးမှုဆိုတာ အဆုံးသတ် မဟုတ်ပါဘူး။ ရှုံးနိမ့်မှုတွေ ကြုံရတိုင်း စိတ်ဓာတ်မကျဘဲ အတွေ့အကြုံအဖြစ်ပြောင်းလဲကာ ပိုမိုခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ပြန်စတင်ရပါမယ်။
>
၅။ ကိုယ့်တန်ဖိုးကို ကိုယ်ယုံကြည်ပါ
> သူများရဲ့ အသိအမှတ်ပြုမှုကို ထိုင်စောင့်နေမယ့်အစား ကိုယ့်ရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်ကို ကိုယ်တိုင် အပြည့်အဝ ယုံကြည်ပါ။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ အထင်မသေးပါနဲ့။
>
၆။ အခွင့်အရေးကောင်းကို အချိန်ကိုက် ဖမ်းဆုပ်ပါ
> အခွင့်အရေးတစ်ခုကို မြင်တာနဲ့ အလောတကြီး မလုပ်ဘဲ အခြေအနေကို စောင့်ကြည့်တတ်ရပါတယ်။ အချိန်တန်တဲ့အခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ အမိအရ ဖမ်းဆုပ်ဖို့ လိုပါတယ်။
>
၇။ အကြောင်းပြချက် မရှာဘဲ အဖြေရှာပါ
> ကျရှုံးတဲ့အခါ ကံတရားကိုဖြစ်စေ၊ အခြားသူတွေကိုဖြစ်စေ အပြစ်မတင်ပါဘူး။ ကိုယ့်ရဲ့ အားနည်းချက်ကို ဝန်ခံပြင်ဆင်ပြီး ရှေ့ဆက်တက်ဖို့ အမြဲ အဖြေရှာပါတယ်။
>
၈။ တစ်ယောက်တည်း ရပ်တည်ရဲတဲ့ သတ္တိရှိပါ
> လူတိုင်းရဲ့ ထောက်ခံမှုကို အမြဲရနေဖို့ မလိုပါဘူး။ တစ်ခါတလေ အောင်မြင်ရာလမ်းကြောင်းဟာ တစ်ယောက်တည်း လျှောက်လှမ်းရတာမျိုး ဖြစ်နိုင်ပြီး အဲ့ဒီအတွက် မစိုးရိမ်ပါနဲ့။
>
၉။ ပန်းတိုင်ကိုသာ အာရုံစိုက်ပါ
> ဘေးစကားတွေ၊ ဝေဖန်သံတွေကြောင့် ကိုယ့်ရဲ့ အာရုံ မပျံ့လွင့်စေပါနဲ့။ ကိုယ်လျှောက်မယ့် လမ်းနဲ့ ပန်းတိုင်ကိုသာ မျက်ခြေမပြတ်ဘဲ အာရုံစိုက်ပါ။
>
၁၀။ ဘယ်တော့မှ လက်မလျှော့ပါနဲ့
> တစ်ကြိမ်နှစ်ကြိမ် မအောင်မြင်တာနဲ့ နောက်မဆုတ်ပါနဲ့။ ဆက်တိုက် ကြိုးစားမှုတွေကသာ အောင်မြင်မှုရဲ့ တံခါးကို ဖွင့်ပေးနိုင်မှာ ဖြစ်ပါတယ်။
>
💯 နိဂုံးချုပ်အနေနဲ့...
သိုးတွေလို အများနောက်ကို လိုက်မနေဘဲ ခြင်္သေ့တစ်ကောင်လို ကိုယ့်လမ်းကို ကိုယ်ဖောက်ပါ။ သတ္တိရှိပါ၊ စိတ်ရှည်ပါ၊ အမြဲကြိုးစားပါ။
🔥 တစ်နေ့မှာ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေကပဲ သင့်ကို လူအများ လေးစားရတဲ့ သူတစ်ယောက် ဖြစ်လာစေမှာပါ... 🦁💪

29/09/2026

အတိုက်အခိုက်တွေကြားထဲကနေ မယိမ်းမယိုင်ဘဲ ကိုယ့်လမ်းကို ဆက်လျှောက်နိုင်ခြင်း ကသာ အောင်မြင်ခြင်းပါ။

လူယုတ်မာတွေက တားနိုင်တယ်၊

စကားတွေနဲ့ နာကျင်စေနိုင်တယ်၊

အခြေအနေတွေက ခက်ခဲစေနိုင်တယ်။

ဒါပေမယ့်—
ကိုယ့်ရဲ့ ရည်မှန်းချက်၊ ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ ကိုယ့်ရဲ့အင်အားကိုတော့ ကိုယ်တိုင်မစွန့်လွှတ်သရွေ့ ဘယ်သူမှ မရပ်တန့်နိုင်ပါဘူး။

အတိုက်အခိုက်တွေကို အကြောင်းပြချက်မလုပ်နဲ့။
အဲဒါတွေကို ကိုယ့်ဘဝရဲ့ အင်အားဖြစ်အောင် အသုံးချရပါမယ်။

လမ်းက ကြမ်းလေလေ…
ခြေလှမ်းက ပိုခိုင်မာရလေလေပါဘဲ။

29/09/2026

အပါယ်သံသရာဘေးက လွတ်တဲ့
အခွင့်အရေးကို ရအောင်ယူပါ
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷

"ပထမအရွယ်မှာ ပညာရှာ
ဒုတိယအရွယ်မှာ စီးပွားရှာ
တတိယအရွယ်မှာ ဘာဝနာရှာ" ဆိုတဲ့

စကားကို နားထဲစွဲနေကြတော့ ငယ်ငယ်
ရွယ်ရွယ်နဲ့ တရားအားထုတ်တာ သိပ်မကြိုက်
ကြဘူး။

တတိယအရွယ်မရောက်ခင် သေသွားရင်
ဘယ့်နှယ်လုပ်မလဲ။ အရွယ်မလွန်ခင်လေး
တရားပွားများ အားထုတ်လို့ရတာ။

တရားအားထုတ်တာ ပထမအရွယ်သည်
အကောင်းဆုံး ဖြစ်ပါတယ်။

သံသရာ ခရီးတစ်လျှောက်ကို
ဆက်ပြီးတော့ မျှော်လင့်ချက်ရှိနေသေးရင်

ဒီတရား အားထုတ်ထားရင်
အပယ်ဘေးကြီး လွတ်သွားရင်
ကိုယ့်အတွက် အမောမသက်သာဘူးလား။

အပါယ်သံသရာဘေးက လွတ်တဲ့
အခွင့်အရေးဟာ နည်းတဲ့အခွင့်အရေး
မဟုတ်ဘူး။

မျက်မြင်ကိုယ်တွေ့ တွေ့နေရတဲ့
ခွေးတွေ ကြက်တွေ ငှက်တွေ ကြည့်ပါ။

သူတို့ဘဝဟာ ဘယ်လိုနေရလဲ။ လူတွေက
စားချင်ပြီဆိုတာနဲ့ ရိုက်သတ်ပြီး စားခံရတာ။

ဘဝတစ်ခုမှာ အပါယ်သံသရာမှာ ကျင်လည်
ရတဲ့ဘဝက ဆိုးသွမ်းလှပါတယ်။

အပါယ်သံသရာက ထုတ်ဆောင်ပေးမယ့်
တရားကောင်း တရားမြတ် အထင်အရှား
ရှိတယ်ဆိုရင် ရအောင် ယူထားရပါမယ်။


ဖားအောက်ဆရာတော်ဘုရားကြီး

🙏🙏🙏🙏🙏

28/09/2026

ငယ်ငယ်ထဲက လုပ်ထားရမယ့်
အချက်ဆယ်ချက်
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷

အဲ့ဒါ တွေကို မလုပ်ဘူးဆိုရင် နောင်ရောက်တဲ့
အခါကျတော့ စိတ်ဆင်းရဲလိမ့်မယ်။
နောင်တ ပူပန်ရလိမ့်မယ်။

လုပ်သင့်တဲ့အချက်ဆယ်ခုကို လုပ်ထားကြပါ။လုပ်ပါ။လုပ်ထားကြ။

မလုပ်ဘူးဆိုရင် နောက်ကျတော့မှ ပူပန်သောက ရ ရလိမ့်မယ်တဲ့။

ငါမလုပ်မိတာ မှားလိုက်တာ။စိတ်ပူပန်နေကြရတယ်။အဲ့ကျရင်တော့ ဒုက္ခနဲ့တွေ့ကြမှာပေါ့။

ဒီလိုဆိုလိုတယ်။

အဲ့တော့ နောင်တ စကားတွေဆိုတာ မဟုတ်တာလုပ်တဲ့လူတွေမှာသာ နောင်တ စကားဆိုတာရှိတာလေ။

ဟုတ်တာလုပ်တဲ့သူက နောင်တမှ မရှိတာ။

ရှင်းရှင်းလေးပါ

တစ်အချက်က
ငယ်ရွယ်စဥ်အချိန်မှာ စီးပွါးရအောင်ရှာရမယ်။
ဒုတိယအချက်က
အတတ်ပညာရအောင် သင်ရမယ်။

တတိယအချက်က
လိမ်လည်လှည့်ဖြားပြီးတော့ သူများပစ္စည်းကို မလုပ်ရဘူး။

စတုတ္ထအချက်က
သူများကို သတ်ဖြတ်တာမျိုးတွေ မလုပ်ရဘူး။အကြင်နာတရားထားရမယ်။

ပဥ္ဧမအချက်က
ပရဒါရကံ မကျူးလွန်ရဘူး၊ကာမေသုမိစ္ဆာစာရမကျူးလွန်ရဘူး။

၆ခုမြောက်အချက်ကတော့
ကိုယ့်မှာရှိရင် ခွဲဝေပြီးတော့ ပေးကမ်းတဲ့ စွန့်ကြဲတဲ့ ဒါနကောင်းမှု လုပ်ရမယ်တဲ့။

နောက်၇နံပတ်အချက်က
မိဘ အသက်အရွယ်ကြီးတဲ့ မိဘတွေကို ပြုစုစောင့်ရှောက်ရမယ် ။

နောက် ရှစ်နံပတ်အချက်ကတော့
ဒီ ကိုယ့်ဖခင်ရဲ့ အဆုံးအမသြဝါဒ သူလုပ်ခဲ့တဲ့ နည်းစနစ်လေးတွေကို
တနည်းအားဖြင့် ကိုယ်က အထင်မသေးရဘူးပေါ့နော် ။ကိုယ့်မိဘကို အထင်သေးစော်ကားတာမျိုးမလုပ်ရဘူး။

နောက် ကိုးနံပတ်က သမဏ ဗြဟ္မဏတွေကို ပညာရှိတဲ့ ပုဂ္ဂိုလ်တွေကို ချဥ်းကပ်ပြီးတော့ တရားကိုလေ့လာတာ လုပ်ရမယ်။

နောက် တစ်ဆယ်က
ကိုယ် ကိုယ်တိုင်လည်း ကျင့်သုံးရမယ်။

ဆိုတာ ဒီအချက်ဆယ်ချက် အဲ့ဒီလုပ်ရမယ့်အချက်တွေကိုမလုပ်ဘူးဆိုလို့ရှိရင် နောင်တ ပူပန်ရတတ်တယ်။

ဆိုပြီးတော့ အတွေးအခေါ်မှန်မှန်နဲ့ခုပြောတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို ယောကျာ်းပီပီ ၊လူစိတ်ပီပီ အားလုံးကြိုးစားအားထုတ်မယ် ဆိုရင်တော့တဲ့ နောင်တ ပူပန်မှု ဘယ်တော့မှ မဖြစ်ပါဘူးတဲ့။

ဇနသာလမင်းကြီးကတိုင်းသူပြည်သားတွေကိုသူကဆုံးမစကားပြောကြားတာပဲ။

အဲ့ဒီဆုံးမစကားပြောကြားတာကို မြတ်စွာဘုရားက ပြန်ပြီးတော့ ဟောပေးတာ။

အဲ့တော့ဒီအချက်တွေကို စဥ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင် အားလုံးက လုပ်သင့်လုပ်ထိုက်တဲ့အချက်နဲ့ ရှောင်ရမယ့်အချက်ဒါတွေကိုပဲ ရှင်းလင်းဟောကြားသွားတာ ဖြစ်လို့ ဒါဟာ မြတ်စွာဘုရားဟောတဲ့ ကိုယ်ကျင့်တရားနဲ့ ထပ်တူ ထပ်မျှ ဖြစ်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေသာ ဖြစ်တယ်။

ဒီအတိုင်းကျင့်သံးနေထိုင်ကြမယ်ဆိုရင် ဘဝမှာကြီးပွါးတိုးတက်နိုင်တယ်။

ဆင်းရဲဒုက္ခ မရောက်နိုင်ဘူးဆိုတာ ကိုယ်စီကိုယ်စီ မှတ်သားပြီးတော့

ဒီအချက်များကို ရှောင်သင့်တာရှောင် လုပ်သင့်တာ လုပ်ပြီး ကြိုးစားအားထုတ် နိုင်ကြပါစေကုန်သတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

အချိန်ရှိခိုက်လုံ့လစိုက် တရားတော်မှ ကောက်နှုတ်တင်ပြ ပါသည်။

🙏🙏🙏🙏🙏

28/09/2026

"ဘဝကို ရေလိုနေပါ"

"ရေဟာ ခွက်ထဲထည့်ရင် ခွက်ပုံစံ၊
ပုလင်းထဲထည့်ရင် ပုလင်းပုံစံ
လိုက်လျောညီထွေ ဖြစ်တတ်ပါတယ်။
ဘဝမှာလည်း
အခြေအနေအရ လိုက်လျောညီထွေ
နေတတ်ဖို့ လိုပါတယ်။
တင်းခံနေရင် ကျိုးသွားတတ်ပေမဲ့၊ လိုက်လျောညီထွေ နေတတ်ရင်တော့
ဘယ်တော့မှ မရှုံးနိမ့်ပါဘူး။"

(ဒေါက်တာနန္ဒမာလာဘိဝံသ - ပါမောက္ခချုပ်ဆရာတော်)

🙏🙏🙏🙏🙏

Category

Telephone

Address


Yangon _Mandalay, Highway , 46miles
Bago

Alerts

Be the first to know and let us send you an email when Hitadara Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Bago.