perfect stranger

perfect stranger

Share

wellcome my page

08/02/2023

သို့.........

မြေပြန့်ဒေသကနေ ပါးလိုက်တဲ့မေတ္တာစာလွှာလေးပါ
ခင်ဗျားနေတဲ့အရပ်ရော အဆင်ပြေကျန်းမာ ရှိပါရဲ့လား

လောကဓံတွေက မခံနိုင်အောင်ကြမ်းတာမို့
ခင်ဗျား ဒီရက်တွေမှာ စိတ်လိုလက်ရပြုံးဖြစ်သေးရဲ့လား

စိတ်ထောင်းကိုယ်ကြေ မပျော်ရတဲ့နေ့တွေမှာရော
ခင်ဗျားကိုယ်ခင်ဗျား အပြစ်တင်စကားဆိုမိသေးလား

တစ်ခါတစ်လေမှာ ခင်ဗျားက ဒီကမ္ဘာကြီးအတွက်
အသုံးမဝင်တဲ့ လူပိုတစ်ယောက်လို့တွေးမိသေးတယ်မလား

တကယ်က ခင်ဗျားမသိလို့ပါ
ခင်ဗျားစိတ်လေးညှိုးမှာတောင် မလိုလားတဲ့ တစ်စုံတစ်ယောက်က ဒီကမ္ဘာမှာရှိပါသေးတယ်

သံသရာရှည်သလောက် ဘဝတွေကတိုပါတယ်
ပေးနိုင်သမျှနွေးထွေးမှုတွေကိုပေးပါ ပြန်ရတဲ့မေတ္တာတွေကိုလျစ်လျူမရှုပါနဲ့ မေတ္တာဟာ ဒီကာလကြီးအတွက်အကောင်းဆုံးဓာတ်စာမလား

27/01/2023

ဘယ်လိုစိုက်ပျိုးခြင်းမျိုးနဲ့မှ
ငါ့ကမ္ဘာမှာ ပြန်မပွင့်နိုင်တော့တဲ့
ပန်းဟာ နင်ဖြစ်ခဲ့ရပြီးပြီပဲ။
ငါက အဲဒီ ပန်းရနံ့တွေ ပြန်လိုချင်မိတဲ့အချိန်တိုင်း
စိတ်နဲ့ပဲနမ်းခွင့်ရတော့မှာမို့ ဒီအတွက်
ငါ ငိုနေခဲ့ရတာဒီထက်လည်း
ငိုနေရဖို့ကလွဲရင်
ငါက ဘာကိုများ တတ်နိုင်ရဦးမှာတဲ့လဲ။ ။

24/01/2023

အသက် 14 နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုဒ်နဲ့ကားလေး ဝယ်နိုင်ပြီ။
လူကြီးတွေကို ပူဆာစရာမလိုတော့ဘူး။
ဒါပေမဲ့ အခုမလိုချင်တော့ဘူး။

အသက် 16 နှစ်မှာ လူကြီးတွေမပါဘဲ
သူငယ်ချင်းတွေနဲ့ပဲတိရစ္ဆာန်ရုံတို့ Happy World တို့
သွားခွင့်ရပြီ။
ဒါပေမဲ့ မသွားချင်တော့ဘူး။

အသက် 20 မှာ ကလပ်တက်လို့ရပြီ။
ဒါပေမဲ့ ဆယ်တန်းတုန်းက နေရာတစ်ခုခုကို
ခိုးသွားရသလောက် ရင်မခုန်တော့ဘူး။

အသက် 23 နှစ်မှာ ငယ်ငယ်က ကြိုက်ခဲ့တဲ့
ပစ္စည်းတွေ ကိုယ့်ဟာကို ဝယ်နိုင်ပြီ။
ဒါပေမဲ့ မဝယ်ချင်တော့ဘူး။

ပြောချင်တာက ပျော်ရွှင်ခြင်းဆိုတာ ကိတ်မုန့်လိုပဲ။
Expire date ရှိတယ်။ အချိန်မီမစားသုံးရင်
နောက်ပိုင်းမှာအရသာမရှိတော့ဘူး။

လက်ရှိအချိန်မှာ လုပ်နိုင်သလောက်လုပ်ပြီး
ပျော်နိုင်သလောက် ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားပါ။ အရမ်းမတွေးပါနဲ့။ စိတ်ဆင်းရဲမခံပါနဲ့။
ဘဝကတိုတိုလေးပါ။

🌻🤍

14/01/2023

တရေးနိုးတော့
အင်တာနက်ဒေတာဖွင့်တယ်
မင်းအကောင့်လေး ဘယ်နှစ်မိနစ်agoလဲဆိုတာ
ကြည့်တယ်
မင်း Wall သွားတယ်
မင်းတင်တဲ့ပုံလေးတွေ စတေးတပ်လေးတွေကြည့်တယ်
LIKE တွေ ကွန်မန့်တွေဖတ်တယ်
မင်းရဲ့replyတွေဖတ်တယ်
အဲ့ဒိအထဲ
ငါ မသိခဲ့တဲ့ သူစိမ်းတစ်ယောက်ယောက်ပါလာရင်
သူ့Wallပေါ်သွားကြည့်ဖြစ်တယ်
မင်းနဲ့ခင်မင်မှုအတိုင်းအတာ ဘယ်လောက်လဲ
ခန့်မှန်းတယ်
မင်းပုံလေးတွေကို
Love reacted ပေးတဲ့ကောင်တွေဆို
ကျိန်ဆဲတယ်
ဟိုလိုလို ဒီလိုလို မန့်တဲ့ကောင်တွေဆို
Report ထုခဲ့တယ်
ဒါဟာ ငါပျော်ပျော်ကြီး ယူဖြစ်တဲ့
အကုသိုလ်တွေပဲ
မင်းနဲ့ ဝေးတဲ့နောက်။

🤗

12/12/2022

🤗

13/11/2022

မင်းပျော်နေတာလေးပဲ
မြင်ချင်တာ ဆိုတဲ့
စကားတွေ ပြောခဲ့တဲ့လူကပဲ
ငိုစတေဲ့အခါ

ကိုယ်တွေမှာ ပိုလို့ငိုရတယ် ။

ဘယ်တော့မှ
ထားမသွားရဘူးနော်ဆိုတဲ့
ကတိတွေ တောင်းခဲ့တဲ့လူက
ထားသွားတဲ့အခါ

ပိုပြီးတော့ အထီးကျန်ရတယ်

တစ်နေ့ကျရင်ဆိုပြီး
မျှော်လင့်ချက်တွေ ပေးခဲ့တဲ့ လူက
ချန်ထားတဲ့အခါ

ပိုပြီးတော့ မျှော်ရတယ် ။

တစ်ခါတစ်လေမှာ
ကျွန်တော်တို့ကို
ထိခိုက်နာကျင်စေတာ

ကိုယ့်ကို မုန်းတဲ့ လူတွေမှ
မဟုတ်ပဲလေ
ကိုယ့်ကို ချစ်ပါတယ်ဆိုတဲ့ လူတွေကပဲ
ဒဏ်ရာတွေ
အထပ်ထပ် ပေးခဲ့တာ ။

12/11/2022

သူတို့အတွဲလေ

အရမ်း Ro နေတာတွေ့တော့

ပျော်ပါတယ်

ရှေ့ဆတ်ပီး လက်တွဲသွားနိင်ပါစေ😊

12/11/2022

အိမ်မက်ထဲထိရောက်ရောက်လာတဲ့

မင်းကို ငါမမုန်းပါဘူး

အစွဲအလန်းကြီးတဲ့

ငါ့ကိုငါပဲမုန်းတယ်..🙂

05/11/2022

နှောက်ယှက်ခြင်း မရှိတဲ့
ချစ်ခြင်းမေတ္တာဆိုတာ ဒီလိုပါဘဲ
တစ်ဖက်က ရှေ့မဆက်ချင်တော့တဲ့အခါ
ကျွန်တော်တို့ဟာ လက်လွှတ်ပေးရပါတယ်။

Want your public figure to be the top-listed Public Figure in Bago?
Click here to claim your Sponsored Listing.

Category

Website

Address


Bago