Spa O'clock

Spa O'clock

Share

Relax Renew Revive

08/10/2022

1.10.2022မှ စ၍ Spa O’clock Page နှင့် လုပ်ငန်းကို နဂိုမူလပိုင်ရှင်(admin) မှ တခြား သူတဦးသို့ ငှါးရမ်းထားပီးဖြစ်ကြောင်း၊ Spa O’clock ၏ page နှင့် လုပ်ငန်းကို admin နှင့် ပိုင်ရှင် ယာယီ ပြောင်းလဲ လုပ်ကိုင် နေကြောင်း အသိပေးအပ်ပါသည်။

07/08/2022

အခုလို ခေတ်မှီ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ကိုယ်လိုချင်တဲ့ ပုံစံလေးတိုင်း လှချင်လိုက်တာဆိုပြီးတွေးတာက အိမ်မက်တစ်ခု မဟုတ်တော့ဘူးနော်၊ sunshines တို့။ 😍🥳
💋ချစ်စရာကောင်းတဲ့ နှုတ်ခမ်းဖူးဖူးလေးနဲ့ လှချင်တာလား။
🙎ဝိုင်းဝိုင်းလုံးလုံး နဲ့ Jawline ပျောက်နေတဲ့ မေးစေ့ကိုပဲ သွယ်သွယ်ချွန်ချွန် V shape လေးနဲ့ ဆွဲဆောင်မှု ရှိစေချင်တာလား။
🐼မျက်တွင်းတွေကျပြီး panda မျက်လုံးဖြစ်နေလို့၊ စိတ်ညစ်နေရတာလား။
🧏အသက်တွေကြီးလာတော့ ရယ်လိုက်တိုင်း ထင်းပြီးပေါ်နေတဲ့ အရေးအကြောင်းတွေကို လျော့ချင်နေတာလား။
ဒါတွေ အကုန်လုံးကို လက်တွေ့ဖြစ်လာစေမယ့် အပြင်၊ အချိန်ကုန်လည်း သက်သာပြီး၊ ခွဲစိတ်မှုတွေပါ မလိုတဲ့ Filler Injection Treatment မျိုးစုံကို 💉💉💉
Spa O'Clock မှာ လုပ်လို့ရနေပြီနော်။🥰
Premium Quality နဲ့ FDA အသိအမှတ်ပြုFiller အမျိုးအစားတွေသာ အသုံးပြုထားပြီး၊ ကျွမ်းကျင်ဆရာဝန်ကိုယ်တိုင် ပြုလုပ်ပေးမှာမို့ ယုံကြည်စိတ်ချနိုင်ပါတယ်ရှင့်။ ဒါ့အပြင် ထုံဆေးနဲ့ သေချာလုပ်ပေးလို့၊ မနာကျင်ရတဲ့အပြင် Filler ကတခါထိုးထားရင်လည်း ၁နှစ်ဝန်းကျင်လောက်ကို ခံတာဆိုတော့၊ Sunshineတို့ အလှတွေ တိုးပြီးရင်း တိုးပဲနော်။🤩🤩
ကဲ စိတ်ဝင်စားလို့၊ filler အမျိုးအစားတွေနဲ့ စျေးနှုံလေးတွေအသေးစိတ် သိချင်တယ်ဆိုရင်တော့ messenger ကဖြစ်ဖြစ်၊ ဖုန်းဆက်ပြီး ဖြစ်ဖြစ် လှမ်းသာမေးလိုက်တော့နော်။
Beauties တို့ ယုံကြည်စိတ်ချအလှတိုးနေဖို့ Spa O'Clock ရှိတယ်နော်။🧚‍♀️🧚‍♀️🧚‍♀️

04/08/2022

ဟိတ် sunshines တို့၊
ကိုရီးယားကောင်မလေးတွေလို၊ အသားအရေ ကြည်ကြည်လင်လင်နဲ့ ဖြူဖွေးဥပြီး glowဖို့ အဆင်သင့်ဖြစ်ပြီလား။😎✨

ဘာလိုဆို Spa O'Clock ရဲ့ Treatment အသစ်ဖြစ်တဲ့ Body Whitening Dripping Injection လာပြီမို့လို့ပါ။ 💉💉💉

ဒီ treatment လေးကတော့ နာမည်လေးအတိုင်းကိုပဲ sunshine တို့ကို နဂိုအသားအရေထပ် ပိုပြီး ဖြူဖွေး စိုအိလေး လှလာစေမှာ။ ဒါ့အပြင် အရေပြားလေးပါ ဝင်းလဲ့ပြီး အရွယ်တင် နုပျိုနေစေမှာ။🧖🪄

Spa O'Clock ရဲ့ Dripကဆိုရင် clinicသုံးဆေးဝါး၊ FDA အသိအမှတ် စိတ်ချယုံကြည်ရတဲ့ ဆေးတွေကိုပဲ သုံးထားတာဖြစ်ပါတယ်။ Whitening ကို အထောက်အကူပြုတဲ့ Glutathione, Ascorbic Acid နဲ့ Thiotic Acidတို့ အဓိက ပါဝင်ထားတာ ဖြစ်လို့၊ ကိုရီးယားမလေးတွေ၊ ထိုင်းမလေးတွေတောင် ငေးသွားလောက်တဲ့ ဖြူဝင်းကြည်လင်တဲ့ result ကို ရမှာကတော့ အသေချာပဲနော်။🤩🥳

Surprise အနေနဲ့၊ Treatment အသစ် မိတ်ဆက်မို့၊ ရှယ်ဖြူ ရှယ်တန်တဲ့ ၆ကြိမ်ဝယ်၊ တစ်ကြိမ် လက်ဆောင်😱 ရမှာဆိုတော့၊ မြန်မြန်လေးသာ booking တင်လိုက်တော့နော်။ ☎️

02/08/2022

လှကလည်း လှချင်တယ်၊ ဒါမယ့် အပ်ကြီးတွေဆို မြင်ရုံနဲ့ ကြောက်ပါတယ်ဆိုတဲ့ Beauties လေးတို့အတွက် ဒီတစ်ခေါက် ပြောပြပေးချင်တာကတော့ Hifu Treatment ပဲ ဖြစ်ပါတယ်။🤗🎉

Hifu (High Intensity Focused Ultrasound) ဆိုတာက အရေပြားထဲက ကော်လဂျင်တွေကို များများပိုထွက်လာပြီး၊ အသားအရေကို ပိုမိုနုပျို၊ တင်းတင်းရင်းရင်းဖြစ်လာစေအောင် အားပြင်းပြင်းနဲ့ Ultrasound လှိုင်းကို လွှင့်ထုတ်ပေးတာပဲ ဖြစ်ပါတယ်။

Hifu အဓိကလုပ်ပေးတာက အသားအရေ လျော့တွဲနေတဲ့နေရာတိုင်းကို တင်းတင်းရင်းရင်း ရှိစေပြီး၊ ပိုလှ ပိုနုပျိုစေတယ်။ ဥပမာဆိုရင် 🤔💭
💛 Jawline ပျောက်ပြီး၊ မေးနှစ်ထပ်ဖြစ်နေရင်၊ ကုထုံးလုပ်ပြီးသွားတဲ့အခါ jawline လှလှလေး ပြန်ပေါ်လာ‌မယ်။
💚 မျက်နှာမှာ အဆီပိုတွေများပြီး ဖောင်းနေရင် သွယ်သွယ်လေးနဲ့ Vshape လေးရမယ်။
❤️ လက်မောင်း၊ ပေါင်၊ ခြေသလုံး အသားတွဲကျနေတာတွေကိုလည်း တင်းတင်းလေးနဲ့ ဖြစ်စေပြီး လက်တို အကျီ၊ ဘောင်းဘီ၊ စကပ်တိုလေးတွေတဲ့ ဝတ်လို့ လှနေစေမယ်။
🧡💙 ဒါ့အပြင် မင်မင်တို့လို ပူပြင်းတဲ့ နေရောင်ကိုနေ့တိုင်း ထိ‌ေတွ့နေရတဲ့သူတွေရဲ့ ညစ်နွမ်းပြီး မညီညာတဲ့ အသားအရေကို ကြည်လင် ကျစ်လစ်စေပြီး glow စေသေးတာနော်။
ကဲ ဒါတွေအကုန်လုံးကို အပ်ကြီးတွေနဲ့ထိုးပြီး အနာမခံရအောင် လုပ်ပေးတဲ့ Beauties တို့ အားကိုးစရာ treatment လေးဆိုတော့.....
🥰လှလည်းလှ၊ ပျော်လည်း ပျော်ရစေဖို့ Spa O'Clock ကို လှမ်းခဲ့လိုက်တော့နော်🥰
ကုထုံးနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုတာတွေကို messenger မှာ အချိန်မရွေး လာမေးလှည့်ပါနော်။
အားလုံးပဲ မိုးရာသီကာလ မှာ ကျန်းမာရေး ဂရုစိုက်ကြနော်။ 😘🌧️

09/06/2022

Spa O'Clock ရဲ့ Special Treatment တွေထဲက ဦးစွာ မိတ်ဆက်ပေးချင်တဲ့တစ်ခုကတော့ PRP Treatment (သို့မဟုတ်) သွေးရည်ကြည်ကုထုံးလေးပါ။💉🧪
အရှင်းဆုံးနဲ့ အမြန်ဆုံးသိအောင် ပြောပြရမယ်ဆိုရင် PRP Treatment ဆိုတာက လူ့ခန္ဓာကိုယ် ထဲက သွေးကိုထုတ်ယူပြီး၊ပေါင်းခံ ရလာတဲ့ သွေးရည်ကြည်နဲ့ ကုသပေးတဲ့ ကုထုံး တစ်ခုဖြစ်ပါတယ်🩸🌡

ဒီမှော်ဆန်ပြီး ဘေးထွက်ဆိုးကျိုးမရှိသလောက်ကိုနည်းတဲ့ Treatment လေးက
✅မျက်နှာအသားအရေ တင်းရင်း၊ ကြည်လင်စေပြီး အရေးအကြောင်းတွေလျော့နည်းစေတယ်။
✅ဝက်ခြံ၊ အမာရွတ်၊ အမဲစက်တွေ နည်းလာစေတယ်။
✅ဝက်ခြံချိုင့်ခွက်တွေ ရှိနေရင်လည်း ဖြည့်တင်းလာစေတယ်။
✅ချွေးပေါက်တွေလည်း ကျဉ်းပြီး မျက်နှာအသားအရောင်ကိုပါ ညီညာလာစေတယ်။
✅သဘာဝ အတိုင်း ကြည်လင် ဝင်းပနေတဲ့ glow & glass skinလေး ကို ရရှိစေတယ်။

မင်မင်တို့ကို PRP နဲ့ ပတ်သတ်ပြီး အမေး အများဆုံး မေးခွန်းလေးတွေကို တစ်ခါတည်း ဖြေပေးမယ်နော် 💫

❓အချိန်ဘယ်လောက်ကြာလဲ
✅(၁) နာရီခွဲ ခန့် ကြာပါတယ်
❓PRP treatment က နာလား
✅သွေးရည်ကြည်ရဖို့ သွေးဖောက်
ရတာကလွဲလို့ ကျန်တာ ထုံဆေးနဲ့
မလို့ နာကျင်မှုမရှိ သလောက်ပါပဲ
❓မျက်နှာပေါ် အပ်နဲ့ထိုးတာလား
✅micro needling method လေးပါနော်
❓ဘယ်အချိန်မှာ effect စသိသာလာ
မှာလဲ
✅(၂) ပတ်ကနေ (၁)လအတွင်း သိသာ
လာပါမယ်
❓treatment ပြီးသွားတဲ့ အခါ
မျက်နှာရောင်တတ်လား နီတတ်လား
✅မျက်နှာအရည်ပြားလေးကိုနိုးဆွပေး
လိုက်တာဖြစ်တဲ့အတွက် မျက်နှာနီရဲ
တတ်ပါတယ်
✅စိတ်မပူနဲ့နော်..၂-၃ ရက်နေရင်
သက်သာသွားမှာပါ
❓နောက်တခါ ဘယ်အချိန်ပြန်လုပ်ရ
မှာလဲ
✅3 ပတ်ကနေ ၁ လဆို နောက်တကြိမ်
ပြန်လုပ်လို့ရပါပြီ
✅အသားရေ ပေါ်မူတည်ပြီး ၂ ကြိမ်က
နေ ၃ ကြိမ် လုပ်ဖို့လိုပါမယ်
❓ဘယ်သူတွေမလုပ်သင့်လဲ
✅ဝက်ခြံကြွနေချိန်,သွေးရောဂါရှိသူ
တွေ မလုပ်သင့်ပါဘူးနော်
❓စျေးနှုံးလေးက
✅တကြိမ် ကို ၈၀၀၀၀ ကျပ်ပဲကျသင့်မှာပါ

PRP treatment လေးလုပ်ပီးရင် ဆောင်ရန်ရှောင်ရန်လေးတွေလဲတခါထဲပြောပြမယ်နော်😍
PRP လုပ်ပြီး တစ်ပတ်အတွင်းရှောင်ရမှာက
🚫နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာ
🚫ချွေးအရမ်းထွက်အောင်အားကစားအပြင်းအထန်လုပ်တာ
🚫Alcohol ပါတဲ့skincare product တွေသုံးတာ
🚫scrub product တွေသုံးတာ လေးတွေရှောင်ပေးနော်

ဆောင်ရန်လေးတွေကတော့
✅moisture လေးထိန်းဖို့ moisturizer သေချာလေးသုံးပေးရပါမယ်
✅မဖြစ်မနေ အပြင်သွားစရာ ရှိရင်လဲ sun proof sunscreen သေချာလိမ်းပေးနော်
✅တတ်နိုင်သမျှမျက်နှာကိုကာကွယ်ပြီးအပြင်ထွက်ပေးနော်
ကဲ…sunshinesလေးတွေရေ…..
သိချင်နေတဲ့ PRP အကြောင်းလေးသိရပြီဆိုတော့
Spa O'Clock က International အတွေ့အကြုံရှိ certified ကျွမ်းကျင်ဆရာဝန်ကိုယ်တိုင် သေချာကုသမှုပေးတာဖြစ်လို့၊ တွေဝေမနေပဲ အမြန်ဆုံး
Spa O’clock ကိုလာခဲ့တော့နော်🥰

24/03/2022

အပြင်လေး တစ်ခါထွက်ဖို့၊ သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး hangout လုပ်ဖို့လေးကိုတောင် အချိန်တွေများကြီးပေးပြီး ခုထိ အလှပြင်နေရတုန်းပဲလားလို့😫😩။ မျက်ခုံးလေးထူအောင် ဆွဲရ၊ မျက်လုံးလေးလှအောင် eyelinerကလည်း ခြယ်ရ၊ မျက်တောင်လေးရှည်အောင်ကလည်း တက်ရ၊ နှုတ်ခမ်းလေး မညိုအောင် နှုတ်ခမ်းနီလေးကလည်း ဆိုးရနဲ့......နော်။ 🥺

အခုတော့ အဲ့လိုတွေ မှန်တင်ခုံရှေ့ အကြာကြီးအချိန်မပေးချင်တော့တဲ့ sunshinesလေးတို့အတွက် သဘာဝအတိုင်း အမြဲကို လှနေစေဖို့ Spa O'Clockက Face tattoo services တွေကို ထပ်ပြီး မိတ်ဆက်ပေးလိုက်ပါပြီ ရှင့်။ 😍🥳

မျက်ဝန်းလေး ပိုတောက်ပပြီး၊ ဝင်းလဲ့စေဖို့အတွက်
👁️❤️ Eyelash Lifting (မျက်တောင်ကော့ခြင်း)
👁️💛 Eyelash Extension(မျက်တောင်ဆက်ခြင်း)
👁️💙 Eyeliner Tattoo (Eyeliner တက်တူးထိုးခြင်း)

မျက်ခုံးလေးတွေ မဲနက်ပြီး၊ မျက်နှာလေးကို မြင်လိုက်တာနဲ့ ဆွဲဆောင်မှုရှိနေစေဖို့အတွက်
👁️❤️ Micro Blading Eyeshadow (မျက်ခုံးအမျှင် တက်တူးထိုးခြင်း)
👁️💛 Micro Shading Eyeshadow (မျက်ခုံးအပိတ် တက်တူးထိုးခြင်း)
👁️💙 Ombre Shading Eyeshadow (မျက်ခုံးခဲခြစ် တက်တူးထိုးခြင်း)

နှုတ်ခမ်းညိုတာတွေ ဖျောက်ဖို့၊ သဘာဝ ပန်းနုရောင်းလေးလို့ ဖြစ်စေဖို့အတွက်တော့
👄💗 Lip Coloring (နှုတ်ခမ်း အရောင်သွင်းခြင်း) ဆိုပြီးတော့ tattoo services လေးတွေ လုပ်ပေးနေပြီနော်။

Quality ပိုင်းကို ဦးစားပေးတဲ့ USနဲ့ Koreaက ဆေးသားကိုပဲ အသုံးပြုထားတာမို့ side effects တွေ၊ မျက်နှာအသားအရေ ထိခိုက်မှာတွေ လုံးဝမရှိဘူးနော်။ ဒ့ါအပြင် နာမည်ကြီး သင်တန်းကျောင်းဆင်း ကျွမ်းကျင် artist နဲ့ အသေးစိတ် ဆွေးနွေးပြီးမှ sunshines တို့ အတွက် စိတ်ကြိုက်ပုံလေးတွေကို ဖန်တီးပေးတာမို့လို့၊ 09444004050 ကိုဖုန်းဆက်ပီးဘိုကင် ယူလိုက်တော့နော်။ 💁‍♀️🤩

02/09/2020

Body scrub ပုံမှန်လုပ်ခြင်းရဲ့အကျိုးကျေးဇူးများ😍👇

Body scrub လုပ်တယ်ဆိုတာခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အညစ်အကြေးတွေကိုသေချာတိုက်ပြီး ဆဲလ်သေများဖယ်ရှားကာ ဆဲလ်သစ်များနေရာယူခြင်းဖြစ်ပါတယ်။ scrub ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်သွေးလည်ပါတ်မှုကောင်းမွန်ကာ သဘာ၀ကျကျလှပနေမှာဖြစ်ပါတယ်။

💝 အသားအရေကြည်လင်၀င်းပလာခြင်း
Body scrub ပုံမှန်ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အရေပြားအပေါ်ဆုံးအလွှာမှာ ကပ်ငြိနေတဲ့ အညစ်အကြေးများကို ဖယ်ရှားပေးပြီး နဂိုထက်ပိုမိုကြည်လင်တဲ့ အသားအရေပိုင်ဆိုင်စေပါတယ်။ သာမာန်မျက်စိနဲ့မမြင်နိုင်တဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တာမို့ အသားအရေကြည်လင်၀င်းပလာစေပါတယ်။

💝 ဆဲလ်ဟောင်းများဖယ်ရှားကာ ဆဲလ်သစ်များမွေးဖွားခြင်း
Body scrub ပုံမှန်ပြုလုပ်ခြင်းဟာ ဆဲလ်ဟောင်းများကိုဖယ်ရှားကာဆဲလ်သစ်များပြန်လည်မွေးဖွားစေပြီး အရေပြားလွှာအသစ်ဖြစ်ပေါ်စေပါတယ်။ အပေါ်ယံသန့်ရှင်းရေးလုပ်ခြင်းဟာ အရေပြားအတွင်းပိုင်းအညစ်အကြေးနဲ့ ဆဲလ်သေတွေကိုဖယ်ရှားမပေးနိုင်ပါဘူး။scrub ပုံမှန်ပြုလုပ်မှသာလျှင် ကြည်လင်သန့်ရှင်းသော အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

💝 ရေဓါတ်ခမ်းခြောက်ပြီး အသားအရေခြောက်သွေ့မှုကို ကာကွယ်ပေးခြင်း
လူတစ်ယောက်ဟာ အသားဖြူသည်ဖြစ်စေ၊ ညိုသည်ဖြစ်စေ အသားအရေစိုပြေနေဖို့လိုအပ်ပါတယ်။
Body scrub ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရေခြောက်သွေ့မှုကို ကာကွယ်ပေးပြီး စိုပြေ၀င်းပလာစေပါတယ်။

💝 အသားအရောင်မညီညာမှုကို ကာကွယ်ပေးခြင်း
Body scrub ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် နေဒဏ်၊ ရေဒဏ်ကြောင့် ပျက်ဆီးသွားတဲ့အသားအရေကို အထူးပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ပူပြင်းတဲ့နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ဟာ လူ့အရေပြားပေါ်တိုက်ရိုက်ကျရောက်တဲ့အခါ အသားအရောင်မညီညာခြင်းကို ဖြစ်စေပြီး အရေပြားကင်ဆာဖြစ်နိုင်ချေလည်းများပါတယ်။ယနေ့ခေတ် အသားအရေလှပဖို့နည်းအမျိုးမျိုးနဲ့ကြိုးစားနေကြတဲ့အချိန်မှာ ကျန်းမာရေးနဲ့အညီညွတ်ဆုံး နည်းလမ်းလည်းဖြစ်တဲ့ body scrub ပြုလုပ်ခြင်းဖြင့် လှပတဲ့အသားအရေဖန်တီးနိုင်ပါတယ်။

💝 ကျန်းမာလှပသော အသားအရေပိုင်ဆိုင်နိုင်ခြင်း
ကျန်းမာလှပပြီး စိုပြေ၀င်းပတဲ့ အသားအရေပိုင်ဆိုင်ထားသူတွေဟာ လူအများရှေ့မှာ ယုံကြည်မှုအပြည့်နဲ့ရဲဝံ့နေမှာပါ။ လူတစ်ယောက်ရဲ့အသားအရေလှပခြင်းဟာလည်းတစ်စိတ်တစ်ဒေသအဖြစ်ထောက်ပံ့ပေးပါတယ်။

💝 Body scrub လုပ်ဖို့ အေးအေးချမ်းချမ်းအနားယူနိုင်မယ့် spa ရှာနေတယ်ဆိုရင်တော့ Spa O'clock ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ Spa O'clock ရဲ့ founder Hsaung ကိုယ်တိုင် US fomula အတိုင်းထုတ်လုပ်ထားတဲ့ Homemade Body Scrub အမျိုးအစား (၃)မျိုးထဲကမှ ကြိုက်နှစ်သက်ရာ scrub ကိုရွေးချယ်နိုင်တဲ့အပြင် အရည်အသွေးမြင့် ပစ္စည်းများနဲ့ကျွမ်းကျင် Therapist များရဲ့၀န်ဆောင်မှုကြောင့် စိတ်ကျေနပ်မှုအပြည့်အဝပေးဖို့ တာ၀န်ယူပါရစေ။ Body scrub ပုံမှန်ပြုလုပ်ခြင်းဖြင့် လူတိုင်းလူတိုင်း စိုပြေ၀င်းပတဲ့ အသားအရေပိုင်ဆိုင်နိုင်စေဖို့ ဝေမျှပေးလိုက်ပါတယ်☺️☺️

****************

ရာဇသင်္ကြန်၃ လမ်း; သီရိပစ္စယာ ၄ လမ်းနှင့်၅လမ်းကြား, လပြည့်ဝန်းရေခဲမုန့်ဆိုင်ဘေး
☎09 444004050

28/08/2020

Facial/ Body Treatment ကို ပုံမှန် လုပ်တဲ့သူတွေနဲ့ ပုံမှန် လုပ်လေ့မရှိတဲ့သူတွေရဲ့ အဓိကကွာခြားချက်ကို သင်သတိထားမိပါသလား❓

Facial/ Body Treatment ကို ပုံမှန် လုပ်တတ်တဲ့သူတွေရဲ့ အသားရည်က အခြားသူတွေနဲ့မတူဘဲ၊ ကြည့်လိုက်တိုင်းမှာ ကြည်လင် တောက်ပပြီး လန်းဆန်းနေတတ်ပါတယ်။ "အဲဒီလို ပုံမှန် Treatmentတွေ လုပ်ပြီး အသားရည်ကို ဂရုစိုက်တာက အဲဒီလောက်ကို ကောင်းလားဟင်" ဆိုပြီးတွေးနေတဲ့ sunshine တို့တွေအတွက် Spa O'clock က Treatmentတွေ ရဲ့ benefit တွေကို ပြောပြပေးသွားမှာပါ။

Treatment လုပ်တယ်ဆိုတာက Facial ဆိုရင် မျက်နှာ / Body ဆိုရင် ကိုယ်ခန္ဓာကို ပုံမှန်ထက် ပိုပြီး နူးညံ့၊ နုပျို ပီးကျန်းမာတဲ့အသားအရည်ဖြစ်အောင် နှိပ်နယ်ပြီး သန့်စင်ပေးတဲ့ ကုထုံးနည်း တစ်မျိုးပဲ ဖြစ်ပါတယ်။ သူက ကိုယ့်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် အရေပြားပေါ်မှာ ပိတ်နေတဲ့ ချွေးပေါက်‌သေးသေးလေးတွေနဲ့ ခြောက်သွေ့နေတဲ့ အရေပြားတွေ၊ ဆဲလ်အသေတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာနဲ့ ခန္ဓာကိုယ်ကို နှိပ်နယ်ပေးတာကြောင့် သွေးလည်ပတ်မှုကို ပိုမို ကောင်းမွန်စေရုံသာမက၊ ကြွက်သား တင်းမာမှုတွေကို လျော့ကျစေပြီး၊ အရွယ်မတိုင်ခင် မျက်နှာပေါ်မှာ အရေးကြောင်း မပေါ်အောင်လည်း တားဆီးပေးသလို၊ ခန္ဓာကိုယ် လုပ်ရှားသွားလာမှုတွေကိုလည််း ပေါ့ပါး သွက်လက်စေပါတယ်။

နောက်တစ်ချက်အနေနဲ့ကတော့ Treatmentတွေ လုပ်ပြီးသွားတိုင်းမှာလည်း relax ဖြစ်ပြီး စိတ်ကို လန်းဆန်းသွားစေတဲ့ ခံစားချက်မျိုးကို ရတဲ့အပြင်၊ ဝင်းလက်ချောမွေ့တဲ့ အသားရည်လေး ကျန်နေခဲ့မှာ အမှန်ပါပဲနော််။

Spa O'clock က အပေါ်မှာ ပြောထားတဲ့ benefit တွေအားလုံးကို ခံစားခွင့်ရရှိအောင် treatments တွေ အကုန်ရှိတာဆိုတော့၊ ခေါင်းအစခြေအဆုံး ပြစ်မျိုးမဲ့မထင် လှဖို့ Spa O'Clock ကို လာဖို့ပဲ လိုတော့တယ်နော် ☺️😉

🏠ရာဇသင်္ကြန်၃ လမ်း, အမှတ်၅ ဓမ္မာရုံမျက်စောင်းထိုး, သီရိ၅ ရပ်ကွက် ညောင်ဦးမြို့
☎️09444004050

27/08/2020

အသားညစ်ပြီး ခြောက်သွေ့ မွဲခြောက်နေပါသလား?
G For Glow ဖြစ်ဖို့ 👱🏾‍♀️👱🏾‍♂️👉🏼👱🏼‍♀️👱🏼‍♂️

Gluta ပါတဲ့ အရေပြား အားဆေး supplement တွေ မှီဝဲ နိုင်ပါတယ်။

ဒါမှမဟုတ်ရင် ပိုထိရောက်စေဖို့ ကျွမ်းကျင်တဲ့ ဆရာဝန်ရှိတဲ့ ဆေးခန်းမှာ Gluta injections ထိုးလို့ရပါတယ်။

Gluta သောက်ဆေး ဖြစ်ဖြစ် ထိုးဆေးဖြစ်ဖြစ် အာနိသင် ပိုကောင်းစေဖို့ဆို vitamin C နဲ့ တွဲပြီး မှီဝဲရပါတယ်။ သောက်ဆေး ကတော့ supplement ဖြစ်လို့ မိမိဘာသာ city mart သို့မဟုတ် pharmacy ဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ Gluta ထိုးဆေး ကတော့ ကျမ သိသလောက် ဆေးမတည့်တာ တွေ ဖြစ်နိုင်လို့ ဆေးစမ်းပြီး ထည့်မှသာ ဆရာဝန် ကထိုးပေးပါတယ်။

( မှတ်ချက်။ ကျမတို့ spa မှာ မကြာခင် FDAလက်မှတ်ရ တရားဝင်အသားဖြူသောက်ဆေးရောင်းပေးဖို့နဲ့ နာမည်ကြီး အရေပြားဆေးခန်းတွေနဲ့ချိတ်ပီး အသားဖြူထိုးဆေး ထိုးပေးနိုင်အောင် စီစဉ်နေပါတယ်ရှင်)

အခုမှ ကြော်ငြာ စပါမယ် ရှင့်။ 😍😍

အပ်ကြောက် လိုပဲဖြစ်ဖြစ်।ဆေးမသောက်ချင်လို့ပဲဖြစ်ဖြစ်| ဇိမ်လေးခံပြီးမှ အသားလေး ကြည်ချင်လို့ပဲဖြစ်ဖြစ်। Homemade scrub လေး တွေကို သဘောကျလို့ ပဲဖြစ်ဖြစ် |
SPA ချစ်သူတွေ ကတော့ ......

ကျမတို့ ပုဂံညောင်ဦးမြို့ရဲ့ ပထမဆုံး All in one SPA လေးကို လာပီး BODY Treatment လာလုပ်ဖို့ ဖိတ်ခေါ်ပါရစေရှင် 🤗🤗🤗

မသိသေးတဲ့သူတွေ အတွက် body spa အဆင့်လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။
🛀💆‍♀️💆‍♂️🛁

Body Scrub -30000 kyats
step1 Skin&You homemade shower scrub 3 မျိုးမှ မိမိနှစ်သက်ရာ တမျိုးဖြင့် ဂျေးချွတ်ပေးမယ်
step2 ပေါင်းအိုးဖြင့်ချွေးထုတ်(နွေရာသီပူလို့ မသုံးချင်လဲ ရ)
step3 ရေချိုး
step4 body butter လေးကို နှိပ်ဆီလေးနဲ့ ရောလိမ်း ပီး body massage လုပ်ပေး

Body Treatment -50000 kyats
step1 Skin&You homemade shower scrub 3 မျိုးမှ မိမိနှစ်သက်ရာ တမျိုးဖြင့် ဂျေးချွတ်ပေးမယ်
step2 ပေါင်းအိုးဖြင့်ချွေးထုတ်(နွေရာသီပူလို့ မသုံးချင်လဲ ရ)
step3 ရေချိုး
step4 အသားဖြူ/ရေဓာတ်ဖြည့်+ရွှေသွင်း ပေါင်းတင်
step5 ရေချိုး
step6 body butter လေးကို နှိပ်ဆီလေးနဲ့ ရောလိမ်း ပီး body massage လုပ်ပေး

‼️facebook မှာ Public Check-in လေးတင်ပေးမယ် ဆိုရင် Spa O'clock ရဲ့ ဘယ်service/treatment ကိုမဆို 20%offပေးဦးမှာနော်📍😉😱

23/08/2020

လက်သည်းတွေတိုနေလို့ဆိုပြီး စိတ်ညစ်မနေနဲ့နော် 🙈

🌈Extention လဲလုပ်စရာမလိုပဲ လက်သည်းတိုတိုလေးနဲ့လှနေဖို့ဆိုရင်

ဒီလို bling bling type လှလှလေးဆိုးလို့ရတယ်နော် လက်သည်းတိုနဲ့လှမယ်မထင်ဘူးဆိုတဲ့ အတွေးတွေအားလုံးပျောက်သွားလိမ့်မယ်

>>> Rain Resturant ဘေးလမ်း(ရာဇသင်္ကြန်၃လမ်း) လပြည့်ဝန်းရေခဲမုန့်ဆိုင်ဘေးကပ်လျက် အမှတ်၅ရပ်ကွက် ညောင်ဦးမြို့

14/08/2020

❓အရေပြားပြသနာ (ဝက်ခြံ /တင်းတိပ်/အမဲစက်-အမာရွတ်/အရေးအကြောင်း)တွေကြောင့်စိတ်ညစ် နေရပီလား
❓ကိုယ်က beauty-lover တယောက်ဖြစ်သော်လဲ ပုဂံ-ညောင်ဦးမှာ SPA(or)Facial Treatment centre ကောင်းကောင်းမရှိလို့ စိတ်ညစ် နေရပီလား
❓Facial treatment လုပ်ရမယ့် ရက်ကလဲ ရောက်နေပီ, လူကလဲ ပုဂံမှာရောက် နေလို့ စိတ်ညစ်နေရပီလား

💡💡💡💡ဒီလိုဆိုရင်စိတ်မညစ်နဲ့ တော့
မျက်နှာအရေပြားကျန်းမာရေးအတွက် အသင့်တော်ဆုံး Dermalogica brand ကိုပဲ သုံးတဲ့ Spa O'clock ကို သာ hello လုပ်လိုက်နော် ☎️☎️

FaceFit(15mins)with Dermalogica-15000ks
အဓိက ကDeep cleansing လုပ်ပေးတာပါ
ပုဂံညောင်ဦးက မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်းဒေသ ဖြစ်လို့ ဖုန်ထူပီးနေပူပါတယ် အဲတော့ ပုံမှန်ထက်ပိုပီး deep cleansing လုပ်ပေးဖို့လိုပါတယ်! အလည်အပတ်လာသူတွေအနေနဲ့လဲ full step treatmentလဲမယူချင်ဘူး ဖုန်တွေဂျေးတွေ လဲ သန့်စင်သွားချင်တယ်ဆိုရင် ဒီ၁၅မိနစ် treatment လေးယူလို့ရပါတယ်နော်😉
ပီးသွားရင်တော့ ကိုယ့်မှာ ရှိပီးသား/ကပ်နေကျ face mask လေးကို ကပ် လဲ ရပါတယ် ဒါမှမဟုတ် ရေဓာတ်ဖြည့်တဲ့ ရေညှိmaskလေးကို အချိန်ရရင် ထပ်ကပ်ပေးပါတယ်နော်😱

ProSkin30mins treatment with Dermalogica-Now 35000ks (Before45000)
face mapping သေချာလုပ်ပေးပီး skin condition&skin problems တို့နဲ့ သင့်တော်တဲ့ အဆင့် ၄ဆင့် ပါ၃၀မိနစ် Facial Treatment လေးပါ

ProSkin60mins treatment with Dermalogica- Now 55000ks (Before80000)
face mapping သေချာလုပ်ပေးပီး skin condition&skin problems တို့နဲ့ သင့်တော်တဲ့ အဆင့် ၇ဆင့် ပါ၆၀မိနစ် Facial Treatment လေးပါ(This ultimate treatment takes you on a journey to your healthiest-looking skin)

Treatments လေးတွေ အကြောင်းအသေးစိပ်သိချင်ရင် ဆိုင်ကိုလာဖို့ ဖိတ်ခေါ်ပါရစေနော် 🤗🤗
Visit @ ရာဇသင်္ကြန်၃ လမ်း, အမှတ်၅ ဓမ္မာရုံမျက်စောင်းထိုး, သီရိ၅ ရပ်ကွက် ညောင်ဦးမြို့
Book @ 09444004050

04/08/2020

Come & Enjoy Our Services 📋

🏠Visit us @ ရာဇသင်္ကြန်၃ လမ်း(သီရိပစ္စယာ၄လမ်း နှင့် သီရိပစ္စယာ၅လမ်းကြား) , အမှတ်၅ဓမ္မာရုံနှင့် မျက်စောင်းထိုး/သီရိပစ္စယာ၅ ရပ်ကွက်/ညောင်ဦးမြို့||
☎️Call us @ +959444004050
📩Message Us @ our FB-page Messenger

Want your business to be the top-listed Beauty Salon in Bagan?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yarza Thingyan 3 Street
Bagan
05232

Opening Hours

Monday 11:00 - 21:00
Tuesday 11:00 - 21:00
Wednesday 11:00 - 21:00
Thursday 11:00 - 21:00
Friday 11:00 - 21:00
Saturday 11:00 - 21:00
Sunday 11:00 - 21:00