Shwe Pyi Taw Lacquerware

Shwe Pyi Taw Lacquerware

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Pyi Taw Lacquerware, Cabinet & Countertop Store, Bagan.

Photos from Shwe Pyi Taw Lacquerware's post 03/11/2025
06/01/2023

မျက်ခမ်းအောက် အဆီဖုလေးများ

မျက်ခမ်းအောက်က အဆီဖုကို millia လို့ခေါ်တယ်။ နောက်ထပ် milk spot(သို့) oil seed လို့လည်း ခေါ်ပါသေးတယ်။ပြည်ဖုလိုလို၊ အဆီဖုလိုလို အိတ်သေးသေးလေးတွေဟာ millia တွေ ဖြစ်ပါတယ်။ အရေပြားအောက်မှာ ကရာတင် အရေပြားပရိုတင်း (keratin)နဲ့ ဆဲလ်သေတွေ အထပ်ထပ်ပြည့်နှက်နေလို့ အိတ်လိုဖြစ်လာတယ်။ တနည်းအားဖြင့် မွှေးညှင်းအိတ်ရဲ့ အောက်ဆုံးအခြေပိတ်ဆို့သွားတာပါ။ ဒါ့ကြောင့် ကုရခက်တယ်။

မွေးကင်းစကလေးတွေရဲ့ နှာသီးဖျားနှစ်ဖက်မှာ တွေ့ရတတ်တဲ့ အဆီဖုသေးသေးလေးတွေဟာ millia ဖြစ်ပါတယ်။ ပုလဲလုံး သေးသေးလေးတွေလို တွေ့ရတယ်။ syringoma နဲ့လည်း မတူဘူး။ ဝက်ခြံနဲ့ မတူတာက ရောင်ရမ်းတာ၊ ပိုးဝင်တာမရှိဘူး။ အောက်လွှာမှာ ကရာတင်ပရိုတင်း အထပ်ထပ်ပိတ်နေတာဖြစ်လို့ ညှစ်ထုတ်ဖို့ ခက်တယ်။ Miliaဟာ ကိုလက်စတောများသူ၊ ထရိုင်ဂလစ်စရွက်များသူတွေမှာ ပိုတွေ့ရတယ်။ သီအိုရီအရ ပိုလျှံတဲ့အဆီတွေကို ခန္ဓာကိုယ်က ဗီတာမင်ဒီအဖြစ် ပြောင်းတယ်။ ဒါ့ကြောင့် Milia ရှိသူဟာ ကိုလက်စတောချဖို့ လိုအပ်ပါတယ်။

ဖြစ်စေနိုင်သည့်အကြောင်းရင်းများ
-မျိုးရိုးလိုက်ခြင်း
-အဆီများခြင်း
-နေလောင်ခြင်း
-ချွေးပေါက်ပိတ်စေတဲ့ skin careတွေကြောင့် ဖြစ်စေနိုင်တယ်။
miliaဆိုတာ စိတ်ဒုက္ခလည်း ပေး၊ကုသရလည်း ခက်တဲ့ အရေပြားရောဂါ မျိုးပါ။ကုသနိုင်တဲ့ နည်းလမ်းအသွယ်သွယ် ရှိပေမယ့် ဘေးထွက်ဆိုးကျိုးကို ပြန်ချိန်ရတယ်။ ခွဲစိတ်နည်း၊ အပေါ်ယံအရေပြားခွါနည်း၊ လိမ်းဆေး (သို့မဟုတ်) လေဆာ တမျိုးမျိုးနဲ့ ကုသနိုင်တယ်။ ဘယ်နည်းနဲ့ သင့်တော်မလဲ ကုသတဲ့ ဆရာဝန်က ဆုံးဖြတ်ချက် ပေးရတယ်။ အမည်းစက်ထင်ကျန်နိုင်တယ်။

ကုသနည်း
လိမ်းဆေးထဲမှာ salicylic acid (သို့) glycolic acid သုံးနိုင်တယ်။ chemical peeling လုပ်တာမျိုးလည်းရှိတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးများတယ်။ အစိုဓာတ်လိမ်းဆေး အလုပ်မဖြစ်တာများတယ်။ တချို့ပိုဆိုးလာတယ်။ Salicylic acid ပါတဲ့ Sebogel လိမ်းဆေးကို မျက်ခမ်းအောက်အဆီဖုအတွက် တနေ့ နှစ်ကြိမ် လိမ်းပေးနိုင်တယ်။ ပျောက်ဖို့ အချိန်ယူရတယ်။ နောက်ဆုံးနည်းကတော့ plasma laser သို့မဟုတ် CO2 laser ပစ်တာပဲ။ အရွယ်အစားနဲ့ လုပ်ချက်ပေါ်မူတည်ပြီး အမာရွတ်ပါးပါး ကျန်နိုင်တယ်။

မျက်ခမ်းအဆီဖုအတွက် အကြံပြုချက်
– ဝက်သား၊ ဘဲသား၊ အမဲသားအဆီအဆိမ့်များတာ လျှော့စားပါ။
– တတ်နိုင်သမျှ မိတ်ကပ်ထူထူးမလိမ်းပါနဲ့။ နေလောင်ကာ၊ မျက်နှာလိမ်းခရင်ကြောင့်ဖြစ်ရင် ရှောင်ပါ။
– အစိုဓာတ်ထိန်းဆေးနဲ့ မျက်ကွင်းလိမ်းဆေး (Eye cream) တွေ လျှော့သုံးရမည်။
– မျက်ကွင်းလိမ်းဆေးထဲမှာ beeswax, carnauba wax များရင် မသုံးပါနဲ့။ အထူးသဖြင့် အရည်ပျစ်တဲ့ ခရင်လိမ်းဆေးတွေကြောင့် ပိုဖြစ်နိုင်တယ်။
– ဆဲလ်သေပိတ်ဆို့တာအတွက် salicylic acid နဲ့ glycolic acid ပါတဲ့ မျက်နှာသစ်ဆေးမျိုး ပြောင်းသုံးသင့်တယ်။
-သိပ်မဆိုးရင် Sebogel တစ်ရက်နှစ်ကြိမ် တရက်ခြားတစ်ကြိမ် လိမ်းကြည့်ပါ။ အရေပြားပါးလွန်းရင် မသုံးပါနဲ့။
– အထူးသဖြင့် ဆေးခန်းမပြဘဲ မိမိဘာသာ အပ်နဲ့ဖောက်တာ၊ မကြာခဏ ထိတွေ့ကိုင်တွယ်တာမျိုး လုံးဝရှောင်ကြဉ်သင့်တယ်။

ဒေါက်တာ အေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)
www.drayeminhtoo.com

13/09/2022

8"ဘဲဉပုံယွန်းဘန်း

10/09/2022

11"×7"ဒေါင့်ကွေးဘန်း ကြေးထန်းဖူး

Photos from Shwe Pyi Taw Lacquerware's post 05/09/2022

6"ကွမ်းအစ် ကြေး +ထန်းဖူး+ငွေပြားကပ်

Want your business to be the top-listed Furniture Store in Bagan?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bagan
22290