SoftGuide Computer Center -AungLan

SoftGuide Computer Center -AungLan

Share

DAW NILAR LWIN

05/08/2026
SoftGuide Computer Training Center · 96M6+8PG, Aunglan, Myanmar (Burma) 31/07/2026

သင်တန်းနေရာလေး သိချင်သူများအတွက်

SoftGuide Computer Training Center · 96M6+8PG, Aunglan, Myanmar (Burma) ★★★★★ · Training center

Photos from SoftGuide Computer Center -AungLan's post 29/07/2026

ဝါဆိုလပြည့်_ဓမ္မစကြာအခါတော်နေ့
***********************************

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀နခြံသောအားဖှငြ့ ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။

ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။

မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္ကပ၀တ္တန၏ အဓိပ်ပါယျမှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ်ပါယျ ရပါသည်။

(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ

(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။

( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀နခြံတောမြူသောနေ့ဖှဈ၍ ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့သည် ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။

ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာလေး မျှဝေလိုက်ပါတယ်။

***********************************

ဝါဆိုလပြည့်နေ့အကြောင်း
သိကောင်းစရာများ
*********************************

ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့လေးတစ်နေ့ပါ။ ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါသည်

ဝါဆိုလပြည့်နေ့ရာဇ၀င်
************************

ဟိုးရှေးရှေးတုန်းက မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသံဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသံဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့ အချိန်သုံးလသတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ဝါတွင်းသုံးလလို့ ခေါ်ပါသည်။ အဲဒါကြောင့်မို့ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသံဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားဘဲနဲ့ ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်း
************

ဝါဆိုသင်္ကန်း- ဆိုတာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ဝါဆိုသင်္ကန်းကို ဝဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ဝဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။

ဝါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ဝါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်များအားဝါဆိုသင်္ကန်းဆိုပြီး ကျွန်မတို့ ဗုဒ္ဓဘာသာ၀င်များမှ လှူဒါန်းကြပါသည်။

Photos from SoftGuide Computer Center -AungLan's post 28/07/2026
11/07/2026

“စာသင်တာထက် ပိုတဲ့ ဆရာ”
--------------------------------------------------------

ကျွန်မတို့ ဘဝမှာ ဆရာ/မတွေ အများကြီးနဲ့ ဆုံတွေ့ခဲ့ဖူးကြမှာပါ။

ဒါပေမဲ့... ပြန်စဉ်းစားကြည့်ရင်... ကျွန်မတို့ မှတ်မိနေတဲ့ ဆရာ/မတွေက ဘယ်လိုဆရာမျိုးတွေ ဖြစ်နေကြလဲ။

စာသင်ကောင်းလို့ မှတ်မိနေတာလား။

ဒါမှမဟုတ်...

ကျွန်မတို့ကို ယုံကြည်ပေးခဲ့လို့၊ နားလည်ပေးခဲ့လို့၊ လူတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးခဲ့လို့ မှတ်မိနေတာလား။

ကျွန်မအမြင်မှာတော့... တကယ်ကောင်းတဲ့ ဆရာဆိုတာ စာသင်ပေးတဲ့သူတစ်ယောက်ထက် ပိုပါတယ်။

----------------------------------

ဆရာ/မဆိုတာ ဘာသာရပ်တစ်ခုကို သင်ကြားပေးရုံထက် ပိုတဲ့... လူတစ်ယောက်ကို ပျိုးထောင်ပေးတဲ့သူ ဖြစ်ပါတယ်။

----------------------------------

ဆရာတစ်ယောက်ရဲ့ ပထမဆုံးတာဝန်က ကိုယ်သင်တဲ့ ဘာသာရပ်ကို ကျွမ်းကျင်စွာ သင်ကြားပေးဖို့ ဖြစ်ပါတယ်။ အင်္ဂလိပ်စာဆရာဆိုရင် အင်္ဂလိပ်စာကို သင်ပေးရမယ်။ သင်္ချာဆရာဆိုရင် သင်္ချာကို သင်ပေးရမယ်။ သိပ္ပံဆရာဆိုရင် သိပ္ပံကို သင်ပေးရမယ်။ ဒါဟာ ဆရာတစ်ယောက်ရဲ့ အခြေခံတာဝန်ဖြစ်ပြီး လျှော့တွက်လို့ မရပါဘူး။

ဒါပေမဲ့...

ဘာသာရပ်ဆိုတာ အသိပညာ (Knowledge) ကိုပဲ သင်ပေးတာ မဟုတ်ပါဘူး။

ကျွမ်းကျင်မှု (Skills) တွေကို သင်ပေးတယ်။

တန်ဖိုးထားမှု (Values) တွေကို ပျိုးထောင်ပေးတယ်။

သဘောထား (Attitudes) တွေကိုလည်း တည်ဆောက်ပေးတယ်။

ဥပမာ...

သင်္ချာသင်တာက ပုစ္ဆာတွက်တတ်ရုံ မဟုတ်ပါဘူး။

အကြောင်းအကျိုးကျကျ စဉ်းစားတတ်ဖို့၊ စိတ်ရှည်တတ်ဖို့၊ အမှားကနေ သင်ယူတတ်ဖို့ကိုပါ ပျိုးထောင်ပေးနေတာ ဖြစ်ပါတယ်။

သိပ္ပံသင်တာက အဖြေတွေ အလွတ်ကျက်ခိုင်းတာ မဟုတ်ပါဘူး။

မေးခွန်းထုတ်တတ်ဖို့၊ သက်သေ၊ အချက်အလက်တွေအပေါ် အခြေခံပြီး စဉ်းစားတတ်ဖို့၊ အမှန်တရားကို ရှာဖွေတတ်ဖို့ကို သင်ပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့်... ဆရာတစ်ယောက်ဟာ ဘာသာရပ်တစ်ခုကို သင်ပေးနေတာသာ မဟုတ်ပါဘူး။

အဲဒီဘာသာရပ်ကို နားလည်ပြီး လက်တွေ့ဘဝမှာ မှန်ကန်စွာ အသုံးချတတ်တဲ့ လူသားတစ်ယောက် ဖြစ်လာအောင်လည်း ပျိုးထောင်ပေးရတာလို့ ကျွန်မတော့ ယုံကြည်ပါတယ်။

အခုခေတ်၊ အခုကာလမှာ ဘာသာရပ်ကို သိရုံနဲ့ စာသင်လို့တော့ ရနိုင်ပါတယ်။

အဲဒီလို သင်နေကြသူတွေလည်း အများကြီး ရှိပါတယ်။

ဒါပေမဲ့...

ကိုယ့်ရဲ့ စာသင်ခန်းကနေ လူတစ်ယောက်ကို ပျိုးထောင်ဖို့ဆိုရင် သင်ယူသူကို နားလည်ဖို့ လိုပါတယ်။

စာသင်ခန်းတစ်ခန်းထဲမှာ ရှိတဲ့ သင်ယူသူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။

သင်ယူမှုနှုန်း မတူဘူး။

စိတ်ဝင်စားမှု မတူဘူး။

မိသားစုနောက်ခံ မတူဘူး။

ဘာသာစကား မတူဘူး။

စရိုက်လက္ခဏာ မတူဘူး။

တချို့က ယုံကြည်မှုအပြည့်နဲ့ ကျောင်းလာကြတယ်။

တချို့ကတော့ စိုးရိမ်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ ခက်ခဲတဲ့ ဘဝအတွေ့အကြုံတွေနဲ့ ကျောင်းလာကြတာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့်... ကလေးအားလုံးကို နည်းလမ်းတစ်မျိုးတည်းနဲ့ သင်ကြားလို့ မရပါဘူး။

ဆရာတစ်ယောက်ရဲ့ အရေးကြီးဆုံး အရည်အချင်းတွေထဲက တစ်ခုက...

"ဒီသင်ခန်းစာကို ငါဘယ်လိုသင်မလဲ" ဆိုတာထက်...

"ဒီကလေးက ဘယ်လိုသင်ယူတတ်သလဲ၊ သူ့ကို ငါဘယ်လို ပိုကောင်းအောင် ပံ့ပိုးပေးနိုင်မလဲ" ဆိုတာကို အမြဲစဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ...

အင်္ဂလိပ်စာ ကောင်းကောင်းပြောတတ်ရုံနဲ့ အင်္ဂလိပ်ဆရာ ဖြစ်လာတာမျိုးတွေ တွေ့ရတတ်ပါတယ်။

ဒါပေမဲ့...

အင်္ဂလိပ်စာတတ်တာနဲ့ အင်္ဂလိပ်ဆရာကောင်း ဖြစ်တာက မတူပါဘူး။

ဘာသာရပ်ကို သိတာက အရေးကြီးပါတယ်။

ဒါပေမဲ့...

သင်ယူသူကို နားလည်ဖို့လည်း လိုတယ်။

ဘယ်လိုသင်ရမလဲ သိဖို့လည်း လိုတယ်။

မတူညီတဲ့ ကလေးတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ပံ့ပိုးပေးတတ်ဖို့လည်း လိုတယ်။

အရေးကြီးဆုံးကတော့...

ကလေးတွေကို ယုံကြည်ပေးတဲ့၊ လေးစားတဲ့၊ သူတို့ရဲ့ လုပ်နိုင်စွမ်းကို မြင်ပေးတဲ့ နှလုံးသား ရှိဖို့ လိုပါတယ်။

----------------------------------

စာအုပ်ဖတ်ပြီး ပြန်လည်မျှဝေတာ၊ သင်ကြားပြသတာက အခုခေတ်မှာ မခက်ခဲတော့ပါဘူး။

မသိတာတွေကို AI ကို မေးလို့ရတယ်။ သင်ခန်းစာ ပြင်ဆင်တာ၊ သင်ကြားနည်း စဉ်းစားတာကိုလည်း AI က ကူညီပေးနိုင်ပါတယ်။

ဒါပေမဲ့...

သင်ယူသူတွေရဲ့ လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြီး အမှန်တကယ် အသုံးဝင်တဲ့ သင်ယူမှု ဖြစ်လာအောင် ကူညီပံ့ပိုးပေးနိုင်ဖို့ကတော့ မလွယ်ပါဘူး။

----------------------------------

သင်ယူသူတွေကို ပျိုးထောင်ပေးချင်တဲ့ နှလုံးသားနဲ့ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်ရှိတဲ့ ဆရာကပဲ...

• စာသင်ခန်းကို သင်ယူချင်စရာ‌ကောင်းတဲ့ နေရာတစ်ခု
ဖြစ်အောင် ဖန်တီးနိုင်တယ်။

• ကလေးတွေရဲ့ အားသာချက်ကို မြင်ပေးနိုင်တယ်။

• သူတို့ကို ယုံကြည်ပေးနိုင်တယ်။

• သူတို့ ကြီးထွားလာဖို့ အတူလျှောက်ပေးနိုင်တယ်။

လူတစ်ယောက်ကို ပျိုးထောင်ပေးဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။

• ဘာသာရပ်ကို အမြဲလေ့လာနေဖို့ လိုသလို...

• သင်ယူသူတွေကို နားလည်ဖို့လည်း လိုတယ်။

• ကိုယ့်ရဲ့ သင်ကြားနည်းတွေကို ပြန်လည်သုံးသပ်ပြီး
အမြဲတမ်း သင်ယူဖို့လည်း လိုတယ်။

ဒါကြောင့်...

----------------------------------

ဆရာ/မတွေကိုယ်တိုင်လည်း ပိုကောင်းတဲ့ ဆရာတွေဖြစ်လာဖို့ ဆက်လက်သင်ယူပြီး ကြိုးစားနေဖို့ တာဝန်ရှိသလို...

ကျွန်မတို့ လူ့အဖွဲ့အစည်းကလည်း နောင်မျိုးဆက်တွေကို ပျိုးထောင်ပေးနေတဲ့ ဆရာ/မတွေကို ပိုပြီး အသိအမှတ်ပြု၊ လေးစားတန်ဖိုးထားပြီး ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။

----------------------------------

ကျွန်မတို့ ပျိုးထောင်ချင်တာက...

စာမေးပွဲမှာ အမှတ်ကောင်းတဲ့ ကလေးတွေတင်မကဘူး...

အသိပညာတော်သလို၊ စာနာတတ်ပြီး၊ တာဝန်ယူတတ်တဲ့ လူသားတွေ ဖြစ်တယ်ဆိုရင်...

ဆရာတစ်ယောက်ရဲ့ အခန်းကဏ္ဍကို "စာသင်ပေးတဲ့သူ" ဆိုတာထက် "လူတစ်ယောက်ကို ပျိုးထောင်ပေးတဲ့သူ" အဖြစ် ကျွန်မတို့ ပိုပြီး မြင်ပေးဖို့ လိုမယ်လို့ ထင်ပါတယ်။

----------------------------------

မေမေ၊ ဖေဖေတို့နဲ့ ဆရာ/မတို့ရေ...

ကိုယ့်ဘဝမှာ စာသင်ပေးခဲ့တဲ့ ဆရာတွေ အများကြီး ရှိခဲ့ပေမဲ့...

ကိုယ့်ကို လူတော်၊ လူကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးခဲ့တဲ့ ဆရာ/မတစ်ယောက်တော့ ရှိခဲ့ဖူးပါသလား။

အဲဒီ ဆရာ/မ အကြောင်းကို အားဖြစ်ရအောင် မျှဝေပေးပါဦး။

------------------------------------------------------

ဒီစာလေးကို ဖတ်မိတဲ့ ဆရာ/မတိုင်းလည်း...

ဘာသာရပ်ကို ကျွမ်းကျင်စွာ သင်ကြားနိုင်သလို၊ လူတော် လူကောင်းတွေကို နွေးထွေးစွာ ပျိုးထောင်ပေးနိုင်တဲ့ ဆရာ/မတွေ ဖြစ်ကြပါစေ။

ဒီစာလေးကို ဖတ်နေတဲ့ မေမေ၊ ဖေဖေတို့လည်း...

ကိုယ့်သားသမီးတွေရဲ့ ဘဝကို ပုံဖော်ပေးနေတဲ့ ဆရာ/မတွေကို ပိုမိုအသိအမှတ်ပြု၊ လေးစားတန်ဖိုးထားပြီး လက်တွဲပံ့ပိုးပေးနိုင်ကြပါစေ။

မေတ္တာဖြင့်...

Credit Sayarma-ဆရာမ 🤍

Telephone

Website

Address


PyiKhaingPhyoe Street, BoGoneQtr
Aunglan

Opening Hours

Monday 00:00 - 23:59
Tuesday 00:00 - 23:59
Wednesday 00:00 - 23:59
Thursday 00:00 - 23:59
Friday 00:00 - 23:59
Saturday 00:00 - 23:59
Sunday 00:00 - 23:59

Alerts

Be the first to know and let us send you an email when SoftGuide Computer Center -AungLan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Aunglan.