Happy Consultancy
ကိုရီးယားရောက် မြန်မာများအတွက် အထောက်အကူပြု ရပ်ဝန်းတစ်ခု ဖြစ်ဖို့ ရည်ရွယ်ပါသည်။
06/03/2026
Happy Consultancyက ရနိုင်မယ့် ကျန်းမာရေးအတွက်ဝန်ဆောင်မှုအသစ်ပါ။
“ ဘာသာစကားအခက်အခဲရှိတယ်။ မှန်ကန်တဲ့ ကျန်းမာရေး စောင့်ရှောက်ကုသမှုလည်း မြန်မြန် ရချင်တယ်”
ကိုယ်ကိုယ်တိုင်တောင် ကိုရီးယားမှာ ဆယ်စုနှစ် တစ်ခုကြာအောင်နေခဲ့ပြီး ဘာသာစကား ရေလည် ကျွမ်းကျင်တာတောင် ကျန်းမာရေးအတွက် ဆေးရုံ ဆေးခန်းသွားရင် တိုင်ပတ်နေတာ ခဏခဏ ကြုံရတယ်။
ဒါကြောင့် ကိုရီးယားရောက်နေသူများထဲမှာမှ ဆေးရုံ ဆေးခန်း မသွားခင် ဆွေးနွေးတိုင်ပင်ချင်ရင် ဆေးရုံစကားပြန်မဟုတ်၊ ဆေးကုသပေးတာမျိုးနဲ့ မဟုတ်ဘဲ အတတ်နိုင်ဆုံး မှန်ကန်တဲ့ကျန်းမာရေးစောင့်ရှောက်ကုသမှု လမ်းကြောင်းပေါ်ရောက်ဖို့ တိုက်ရိုက်ဆွေးနွေးမှုရနိုင်ပါတယ်။
ယောကျာ်း မိန်းမမရွေး ဆွေးနွေးနိုင်သလို အထူးသဖြင့် အမျိုးသမီး ရောဂါများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်လိုပါက တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
NGO အတွေ့အကြုံ ၁၀ နှစ်ကျော်ရှိ မြန်မာလူမျိုး အမျိုးသမီးဆရာဝန် ကိုယ်တိုင်ဆွေးနွေးပေးပါသည်။
ဆွေးနွေးပေးရုံသပ်သပ်ပဲဖြစ်ပါတယ်။
ကုသပေးခြင်းမဟုတ်ပါဘူး။
#ဆရာဝန်ကိုယ်တိုင်ဆွေးနွေးပေးပါသည်
#ကုသမှုမလုပ်ပါ
05/02/2026
လူတစ်ယောက်က အရှေ့ကနေ ပြဿနာပေါင်း အခက်အခဲတွေ ကျော်လွှားပြီး ရလာတဲ့ 10 နှစ်စာအတွေ့အကြုံကို သင်အသုံးချနိုင်မယ်ဆို ဘယ်လောက် အကျိုးရှိမလဲ။
အလုပ်အကိုင်အနေနဲ့ဆို - ပန်ကန်ဆေး ၊ စားပွဲထိုး၊ ဈေးထဲမှာ အထုပ်တင်၊ ဂင်မ်ချီစက်ရုံမှာကုန်ထုပ် ၊ Logen Delivery ကုန်တင်ကုန်ချ၊အလုပ်သမားရေးရာ ၊ ဆေးရုံရဲစခန်း ဥပဒေရေးရာ စကားပြန်၊ ကျောင်းရုံးခန်း မြန်မာတာဝန်ခံ၊ Teaching Assistant၊ ဖုန်းရောင်း ကနေ နောက်ဆုံး ကျောင်းမှာ 교수 ဖြစ်တဲ့ထိ.....
ပညာရေးအနေနဲ့ဆို - ဆယ်တန်း ဂုဏ်ထူး 5ခု အပြင်၊ B.E တစ်ဘွဲ့၊ Ph.D တစ်ဘွဲ့အပြင် ၊ နောက်ထပ် Ph.D Fourth Semester မှာ KCI Research Paper Published ပြီး ဘွဲ့ယူစာတမ်းရေးပြီးပါ။
စီးပွားရေးအတွေ့အကြုံဆို - ဖုန်းဆိုင် 4ဆိုင်ဖွင့်ပြီး ၊ စားသောက်ဆိုင် တစ်ဆိုင် နဲ့ ခု Agency Runပြီး D-Visa ကနေ F-Visa တန်းပြောင်းခဲ့ပါတယ်။
အပြင်အတွေ့အကြုံဆို - နိုင်ငံပေါင်း 30 နီးပါးပတ်ပြီး၊ အူလ်ဆန် ဘူဆန် ဒေသ အဖွဲ့အစည်းတွေမှာပါပြီး၊ ကလေးတစ်ယောက်မွေးပြီး ၊ ဆေးရုံ 4 ခါတက်ပြီး ပါ။ သူဌေးလစာမပေးပဲထွက်ပြေးတာ ခံဖူးပြီးသားပါ။
အဲ့လို တွေ့ကြုံပြီးသားလူတစ်ယောက်က သင့်ရဲ့ ကိုရီးယားခရီးလမ်းမှာ အတူတူ ကူလျှောက်လမ်းပြပေးမယ်ဆိုရင် ဒီခရီးက ဘယ်လောက်လွယ်သွားမလဲ။ဘယ်လောက်မြန်သွားမလဲ။ အမှားတွေ ဘယ် လောက်လျော့ပြီး ခေါင်းတစ်လုံးပိုသာမလဲ။ဘယ်လို အကူအညီမျိုးတွေရနိုင်မလဲဆိုတာ သိဖို့ဆို အခုပဲ 15 မိနစ် အခမဲ့ဆွေးနွေးမှုကို လျှောက်ထားလိုက်ပါ။
https://docs.google.com/forms/d/e/1FAIpQLSc72UBEnKsBDZCk9_acGinASEILVQDP5XursxJCMmD2ZD4n2Q/viewform?usp=header
010-8745-1092
05/02/2026
ကိုရီးယားမှာ လက်ရှိ နေထိုင်နေသူတွေအတွက် Gunhong မှ သတင်းကောင်းလေးတစ်ခုကို ယူဆောင်လာပါပြီနော်~
Gunhongသည် ၂၀၁၅ ခုနှစ်မှ စတင်ပြီး မြန်မာကျောင်းသားများအတွက် ကိုရီးယားကိုကျောင်းလျှောက်ပေးတဲ့ serviceများကို လုပ်ဆောင်လာခဲ့တာ အခုဆိုရင် ၁၁နှစ်ဝန်းကျင် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ Gunhongဘက်မှ ကျောင်းလျှောက်ပေးတဲ့ serviceတင်မကဘဲ ကိုရီးယားမှာ လက်ရှိနေထိုင်နေသူတွေအတွက် Visa ပြောင်းလျှောက်ပေးမယ့် serviceကိုပါ ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေအများဆုံး ပြောင်းလဲလျက်ရှိတဲ့ D-4 to D-2 / E-9 to E-7 Visa စသည်ဖြင့် ကိုရီးယားကျောင်း Visaပြောင်းချင်တဲ့ ကျောင်းသား/ကျောင်းသူတွေအတွက်ပါမက ကိုရီးယားမှာ အမျိုးမျိုးသော Visaပြောင်းလဲချင်သူတွေအတွက် သေသေချာချာ အသေးစိတ်တိုင်ပင်ဆွေးနွေးပေးနေပါပြီ။ ဒါ့အပြင် လက်ရှိ ကိုရီးယားမှာနေထိုင်နေသူတွေအတွက် အပတ်စဉ် စနေနေ့ နေ့လည် ၂ နာရီတိုင်းမှာ Gunhong Founderများနှင့်အတူ Happy Consultancy Teamမှ လဝကရေးရာ ကိစ္စတွေ, လခ မရရှိမှု, လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေး အစရှိတဲ့ ကိစ္စတွေလည်းတိုင်ပင်ဆွေးနွေးပေးဦးမှာဖြစ်တဲ့အတွက်ကြောင့် အသေးစိတ် သိရှိလိုပါက Offical Website ဖြစ်တဲ့ https://www.koiva.co.kr/ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ ကိုရီးယားရုံးဖြစ်တဲ့ KOIVAကို တိုက်ရိုက်စုံစမ်းလိုပါက
서울 서초구 서초대로 240번지 동일하이빌 211호
Tel. 02-586-2850
Fax. 02-586-2851
Mobile. 010-6322-3378
Email. [email protected] တို့ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါပြီ။
#ကိုရီးယားရောက်မြန်မာများအတွက်
29/01/2026
ပျော်တယ်ဆိုတာ ၂ မျိုး ခွဲပြောလေ့ရှိကြပါတယ်။
ကောင်းတာတွေစား၊ ကောင်းတာတွေဝတ်လို့ ပျော်တာမျိုးနဲ့ မိသားစုကို ထောက်ပံ့နိုင်လို့ TOPIK စာမေးပွဲအောင်လို့ စံပြလုပ်သားဆု ရလို့ ပျော်တာမျိုး။ အင်္ဂလိပ်လိုဆို Hedonic Wellbeing နဲ့ Eudaimonic Wellbeing ဆိုပြီး ပြောကြတယ်။
ကိုရီးယားရောက်မြန်မာတွေအတွက် ၂ လပိုင်းအတွက် ဆွေးနွေးမယ့် ခေါင်းစဉ်ကတော့ ပျော်ရွှင်ခြင်း / စိတ်ချမ်းသာခြင်း ပဲဖြစ်ပါတယ်။ ဘယ်လိုလူတွေ တက်သင့်လဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ ကိုရီးယားနိုင်ငံရဲ့ လူမှုရေး စီးပွားရေး အခြေအနေအရ စိတ်မပျော်မရွှင်ဖြစ်နေတဲ့သူတွေ၊ အကောင်းမြင်အောင်ကြည့်ဖို့ လိုအပ်နေသူတွေ တက်သင့်ပါတယ်။
Happy Consultancy ရဲ့ သင်တန်းတွေမှာ သင်တန်းကြေး သတ်မှတ်ထားတာမရှိပါဘူး။ သင်တန်းပြီးသွားတဲ့အခါမှ မိမိတို့ရလိုက်တဲ့ အသိပေါ်မူတည်ပြီး သင့်တော်သလောက်ပဲ ပေးရင်ရတာမလို့ အားလုံးပဲ ပေါ့ပေါ့ပါးပါး သင်ယူဖို့ ဖိတ်ခေါ်ပါရစေ။
ဒီတစ်ပတ် တနင်္ဂနွေနေ့အတွက် စာရင်းသွင်းဖောင် ဖွင့်ပါပြီ။ နေရာက တစ် Session 6 ခုံပဲရှိတာမလို့ ကြိုပြီးစာရင်းသွင်းထားဖို့လိုပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSdbuqwLjdC9PxOVccZX-ZXvkwbN0ySgxlqYeOKMo2EFRvGL9w/viewform?usp=header
#ကိုရီးယားရောက်မြန်မာများ
#ဘူဖြောင်းဘူတာမြေအောက်၂လွှာ
010-8745-1092
28/01/2026
လဝကရေးရာ ဝန်ဆောင်မှု + ကိုရီးယားပြည်တွင်း ကျောင်းလျှောက် ဝန်ဆောင်မှု
Happy Consultancy ရဲ့ ရနိုင်မယ့် ဝန်ဆောင်မှုကတော့ လဝက နဲ့ ရုံးပိုင်းဆိုင်ရာ ဆောင်ရွက်ပေးမှု 행정사 ဝန်ဆောင်မှူပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ရှည်လများ နေထိုင်ခဲ့ပြီး မြန််မာ လူမျိုးများကို ရင်းရင်းနှီးနှီးခင်မင်တဲ့ Mr.Mo မှ စျေးနှုန်းသက်သက်သာသာနဲ့ လဝက ရေးရာ ကိစ္စတွေ / လခ မရရှိမှု / လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေး အစရှိ ကိစ္စတွေကို ကျွန်တော်တို့ ဘူဖြောင်းက Happy Consultancy မှာ အပတ်စဉ် စနေနေ့ နေ့လည် ၂ နာရီတိုင်း လာရောက် အတိုင်ပင်ခံဆွေးနွေးပေးသွားမှာပါ။
Mr Mo နဲ့ အန်တီဖြူ တို့က မြန်မာနိုင်ငံမှာ Gunhong Education Agency တည်ထောင်ထားပြီး လက်ရှိ ကိုရီးယားရောက် မြန်မာကျောင်းသားများ D-4 ကနေ D-2 ပြောင်း ကျောင်းလျှောက်ချင်သူများလည်း လာရောက်ဆွေးနွေးနိုငိပါတယ်။
Happy Consultancy အနေနဲ့ မြန်မာလူမျိုးများ အတွက် အကျိုးရှိမယ့် ဗဟုသုတ မျှဝေချင်တဲ့ မည်သူ့ကိုမဆို ဖိတ်ခေါ်ပါတယ်။ ရုံးခန်း နေရာကိုလည်း စျေးသက်သာတဲ့ နှုန်းထား ဒါမမဟုတ် အခမဲ့ ငှါးပေးသွားဖို့လည်း အစီအစဉ်ရှိပါတယ်။
010-8745-1092
#ဘူဖြောင်း
#ကိုရီးယားရောက်မြန်မာများအတွက်
26/01/2026
အားလုံးပဲ မင်္ဂလာပါ။
Happy Consultancy ရဲ့ Founder စည်သူဖြိုးပါ။
ဒီ Happy Consultancy လေးကို ကိုရီးယားရောက်မြန်မာလူမျိုးတွေအတွက် အဆက်မပြတ်သင်ယူလေ့လာဖို့ နေရာလေး တစ်ခု ဖြစ်လာစေဖို့၊ ကျောင်းသူကျောင်းသားတွေ အတွက် လိုအပ်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ပေးဖို့နဲ့ ကိုရီးယားစီးပွါးရေး လုပ်ငန်းတွေ အတွက် စျေးကွက်အကြံပေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ပေးဖို့ရည်ရွယ်ပါတယ်။
ပညာအရည်အချင်းအနေနဲ့ တောင်ကိုရီးယားနိုင်ငံ University of Ulsan ကနေ Ph.D Business Administration ရရှိထားပြီး
လက်ရှိDong-A University, Graduate School of International Studies, မှာ Global Korean Studies Ph.D Program 4th Semester မှာ တက်ရောက်နေပါတယ်။
မြန်မာနိုင်ငံကနေတော့ B.E (Naval Architecture) မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။
အလုပ်အတွေ့အကြုံအနေနဲ့
လက်ရှိ ဘူဆန်မြို့ Kyungsung တက္ကသိုလ် Global College , Global Business ဌာနမှာ Visiting Professor အနေနဲ့ စီမံခန့်ခွဲဘာသာရပ်များပို့ချပေးနေပါတယ်။
ကိုယ်ပိုင် လုပ်ငန်းအနေနဲ့ ကတော့ Happy Mobile ဘူဖြောင်း +အင်ချွန်း / One Mobile ဆိုးလ် + ဘူဆန် / ဟက်ပီးကြေးအိုး လုပ်ငန်းတွေကို အကြံပေးစီမံခန့်ခွဲနေသလို
Ulsan မြို့ Korea HRD EPS Supporter
Ulsan မြို့ International Volunteer Centre မြန်မာတာဝန်ခံ
Ulsan Coast Guard , Busan Coast Guard ရဲစခန်းများအတွက် ဥပဒေရေးရာ စကားပြန် အဖြစ် ဆောင်ရွက်နေပါတယ်။
အဲ့ဒီအပြင် ယန်ဆန်မြို့ အလုပ်သမားရေးရာ ကူညီရေးစင်တာ 양산외국인노동자 지원센터 မှာ အလုပ်သမားစကားပြန်၊
ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန SNS Supporter
Langs Edu တို့မှာလည်း တာဝန်ခံ အနေနဲ့ လုပ်ခဲ့ပါတယ်။
Happy Consultancy က ဘာတွေ လုပ်ပေးမှာလဲ
သင်တန်း - ကိုရီးယား ရောက်မြန်မာများအတွက် စီမံခန့်ခွဲမှု သင်တန်းတိုများနဲ့ တခြား လိုအပ်တဲ့ သင်တန်းများ လေ့လာစရာများကို ဖွင့်လှစ်ပေးသွားပါမယ်။
ဗီဇာနှင့် လဝက ရေးရာ - အပတ်စဉ်စနေနေ့ တွင် ကိုရီးယားလူမျိုး 행정사 မှ ဗီဇာ နဲ့ လဝက ရေးရာ ကိစ္စများကို ကုန်ကျစရိတ် သက်သာစွာ နဲ့ဆောင်ရွက်ပေးသွားပါမည်။
Education Agency- ကိုရီးယားမှာ D-4 တက်ရောက်နေသူများအတွက် D-4 ကနေ D-2 Visa ကျောင်းလျှောက်ခြင်းများကို Gunhong Education မှ အန်တီဖြူ ကိုယ်တိုင် အပတ်စဉ် စနေနေ့မှာ လာရောက်ဆွေးနွေးပေးမှာပါ။
အထွေထွေဆွေးနွေးခြင်း - ကိုရီးယားရောက် မြန်မာကျောင်းသားများ အတွက် မိမိတို့ လိုအပိချက်အလိုက် သိချင်သည့် အကြောင်းအရာ အကုန်လုံး အတွက် အကြံပေးဆွေးနွေးခြင်း။
Mini Library - စာဖတ် ဝါသနာ ပါသူများအတွက် စာကြည့်တိုက် အသေးစားလေး စီစဥိနေပါတယ်။
ဆွေးနွေးရန်နေရာ - တခြား မြန်မာလူမျိုး Knowledge Sharing လုပ်ချင်သူများ အတွက် နေရာ အလွန်သက်သာတဲ့နှုန်းနဲ့ ငှါးပေးမှာပါ။
တခြား ကိုရီးယားရောက် မြန်မာ လူမျိုးများအတွက် အကျိုးရှိစေမယ့် ဝန်ဆောင်မှု များ ဆောင်ရွက်ပေးသွားမှာပါ။
#စဉ်ဆက်မပြတ်သင်ယူလေ့လာ
Happy Consultancy ရဲ့ တည်နေရာလေးကတော့ ဘူဖြောင်းဘူတာ မြေအောက် ၂ ထပ်မှာပါ။
အလွယ်မှတ်ချင်ရင်တော့ မြေညီထပ် Happy Mobile အောက်တည့်တည့်မှာရှိပြီး။
ရထားနဲ့လာတဲ့အကိုတွေ အတွက် မြေအောက် ရထားလက်မှတ် Gate ကိုဖြတ်ပြီးရင် အပေါ်တက်မယ့် စက်လှေကား ဘေးအတိုင်း တည့်တည့်ကြီး လျှောက်ရင်ရပါတယ်။
်းညွှန်
Happy Consultancy ရဲ့ ဒီနေ့တစ်ပတ်အတွက် ဖောင်လေး ပြန်ဖွင့်ထားပါပြီ။
ပထမ ဆုံး သင်တန်းတွေ အတွက် ငွေကြေး စီမံခန့်ခွဲမှု မိတ်ဆက် သင်တန်းလေး သင်ပေးသွားမှာပါ။
သင်တန်းကြေးသတ်မှတ်ထားတာမျိုးမရှိတာ မလို့ စိတ်ဝင်စားသူတွေ တူတူ လာရောက်ဆွေးနွေး သင်ယူနိုင်ပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSdbuqwLjdC9PxOVccZX-ZXvkwbN0ySgxlqYeOKMo2EFRvGL9w/viewform?usp=header
သင်တန်းပက်သတ်ပြီး သိချင်တာရှိပါက 010-8745-1092 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#မြန်မာ
#ဘူဖြောင်း
16/01/2026
သင်ယူမှုကို မရပ်တန့်ချင်တဲ့ သူတွေ အနာဂတ် အတွက် ပြင်ဆင်ချင်သူတွေ အတွက် ဘူဖြောင်းမှာ သင်တန်းကျောင်း အသေးလေးတစ်ခု မနက်ဖြန်ကနေ စပါမယ်ခင်ဗျ။
သင်တန်းဆိုတာထက် Workshop လေးသဘောလို တစ်လတစ်လ ခေါင်းစဉ် အသစ် တစ်ခု နှစ်ခု ဆွေးနွေးသွားဖို့ အစီအစဉ်ရှိပါတယ်။
သင်တန်းကြေး သက်မှတ်မထားပါဘူး။
အတန်းပြီးတဲ့အခါ ရလိုက်တဲ့ အတွေ့အကြုံပေါ်မူတည်ပြီး တန်တယ်ထင်သလောက်ပဲ လွှဲပေးလို့ရပါတယ်။
မတန်ဘူးထင်ရင် လုံးဝ မလွှဲပေးလည်းရပါတယ်။
သင်တန်းနေရာကတော့ ဘူဖြောင်း ဘူတာ မြေအောက် ၂ လွှာ Happy Consultancy ရုံးခန်းနေရာမှာပါ။
ဒီတစ်ပတ်အတွက် ကတော့ အချိန် ၂ ချိန် ရှိပါတယ်။
တနင်္ဂနွေနေ့
မနက် 11:30 ကနေ နေ့လည် 1
နေ့လည် 2 နာရီကနေ 3:30
လက်ရှိ ကိုရီးယားရောက် အလုပ်သမား အသစ်တွေနဲ့ ကျောင်းသားတွေ စိတ်ဝင်စားသူ ဘယ်သူမဆို လာနိုင်ပါတယ်။
ခေါင်းစဉ်ကတော့ - ငွေကြေးစီမံခန့်ခွဲမှု အကြောင်း နဲ့ အဓိကကတော့ ကိုရီးယားရောက် မြန်မာတွေ ပိုက်ဆံတွေရနေပေမယ့် လည်း စုမိတာ မရှိ၊ အရေးပေါ်အတွက်မကျန် တာတွေဖြစ်တတ်ကြတာမလို့ တစ်ကိုယ်ရေ ငွေကြေး စီမံခန့်ခွဲမှု အကြောင်းလေး မျှဝေ ဆွေးနွေးမှာပါ။
နေရာက တစ်ချိန်ကို လူ ၇ ယောက် ၈ ယောက်ပဲ ဆန့်တာ မလို့ ကြိုကြီး Booking တင်ထားဖို့တော့လိုပါတယ်။
အောက်က Google Forms လေး ဖြည့်ပြီးရင် ဖုန်းနံပါတ်ကနေ ဆက်သွယ်ပြီး အကြောင်းပြန်ပါမယ်။
https://docs.google.com/forms/d/e/1FAIpQLSfNhNAuhPC5AktJ6kh7S3OkuvhgjOLs-upxboihNTHMZqQN1A/viewform?usp=header
#ဘူဖြောင်းဘူတာ
010-8745-1092
010-874510-1092
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Incheon