Phoos

Phoos

共有する

EducationConsultant | BusinessConsultant | Traveller | Explorer | WeddingPlannerInJapan
For more education content, please visit EduHub Hello!

This is Phoo’s vlog. Was born in Myanmar and living in Tokyo. I share about Life Style, Education, Career in Japan, mainly for who is living in Myanmar. AIM BIG, yet LIVE THE MOMENT!

03/06/2025

university ranking ကအရေးကြီးဆုံးပဲ
Career အတွက်သာမက ပိုကောင်းတဲ့ education ရဖို့အတွက် တက္ကသိုလ် ranking ကောင်းဖို့ကအရေးကြီးပါတယ်

2024 ကနေ 2025 အတွင်းမှာ Eduhub ကနေချိတ်ဆက်ပြီး Undergraduate, Master, PhD ဝင်ခွင့်ရခဲ့တဲ့ကျောင်းတွေပဲဖြစ်ပါတယ်။

ဂျပန်မှာ တက္ကသိုလ်တက်ဖို့ဆိုတာ ဂျပန်တွေအတွက်တောင် ခက်ပါတယ်။ ၆၀% (၁၀ ယောက်မှာ တစ်ဝက်ကျော်) လောက်ကပဲ တက္ကသိုလ်ဆက်တက်ကြတာပါ။

အဲ့ထဲမှာ ကြားလိုက်တာနဲ့ すごい ဆိုပြီးဖြစ်သွားမဲ့ ranking ကောင်းတဲ့တက္ကသိုလ်တွေ တက်နိုင်ကြတာပိုရှားပါတယ်။

ဒီလိုခက်ခဲတဲ့အခွင့်အရေးကိုမြန်မာနိုင်ငံကနေ ရကြတာ အရမ်းဂုဏ်ယူစရာကောင်းပါတယ်ရှင် ❤️

02/07/2024

မနက်ဖြန်ဆို ဂျပန်မှာ ငွေစက္ကူအသစ်တွေထွက်တော့မယ်တဲ့ဗျို့
မမြင်ဖူးတဲ့စာရွက်တွေ ATMကထွက်လာရင် လန့်သွားဦးမယ်😁

ယန်း ၁ သောင်းတန်အသစ်မှာပါတဲ့လူကြီးက ဖူးတက်ခဲ့တဲ့ University ကို တည်ထောင်ခဲ့တဲ့သူတစ်ယောက်ဆိုတော့ ငွေစက္ကူအကြောင်းတွေပါရှာရင်းနဲ့ sharing လုပ်လိုက်ပါတယ်

ဒီတခါအသစ်ထုတ်ခြင်းအဓိကရည်ရွယ်ချက်ကတော့ ငွေအတုထုတ်တာတွေကို တားဆီးစေနိုင်ဖို့ပါတဲ့။ အခုသုံးနေတဲ့စက္ကူတွေကို အရင်နှစ် ၂၀ ဆက်တိုက်သုံးလာခဲ့တာပါ။ ဒီတခါတော့ နောက်ဆုံးပေါ်နည်းပညာသုံးပီး ထုတ်ထားတာပါတဲ့။
Pologram လို့ခေါ်တဲ့ နည်းပညာ
- စက္ကူကိုလှုပ်ပြီးကြည့်ရင် စက္ကူပေါ်က လူက 3Dလိုမျိုးလိုက်လှုပ်ပါတယ်တဲ့။ ကစားစရာတွေရှိပေမယ့် အခုကငွေစက္ကူပေါ်မှာ အဲ့နည်းပညာတွေထည့်ထားတာပါ
Watermarking
- အသေးစိတ်ထားတဲ့ watermarking တွေနဲ့ အတုလုပ်လို့မရအောင် ထုတ်ထားပါတယ်တဲ့
-----------
၁သောင်းတန်
渋沢栄一(Shibusawa Eiichi)
ဂျပန်ရဲ့ banking လုပ်ငန်းကို ပထမဆုံးစတင်ခဲ့တဲ့သူဖြစ်ပါတယ်။ Hitotsubashi University ရဲ့ founder တစ်ဦးထဲမှာလည်းပါပါတယ်။

၅၀၀၀ တန်
津田梅子(Tsuda Umeko)
ဂျပန်အမျိုးသမီးထုကြီးကို ယောကျာ်းတွေနဲ့တန်းတူပညာသင်ခွင့်ရအောင်စွမ်းဆောင်ပေးတဲ့အမျိုးသမီးပါတဲ့။အခု Tsuda University ရဲ့ founder တစ်ဦးလည်းဖြစ်ပါတယ်။ Tsuda University ကအရင်က English စာသင်ကျောင်းဖြစ်ခဲ့တာပါ

၁၀၀၀ တန်
北里柴三郎(Kitasatoshi Basaburo)
ဂျပန်ပထမဆုံး medical research lab ကိုလုပ်ခဲ့တဲ့သူပါတဲ့။ ကမ္ဘာ့ပထမဆုံး မေးခိုင်ရောဂါအတွက် ကုထုံးကို တွေ့ရှိခဲ့သူပါတဲ့။ 私立伝染病研究所 နဲ့ 私立北里研究所 lab တွေတည်ထောင်ပီး ဆေးအသစ်တွေရှာဖွေခဲ့ပါတယ်တဲ့

15/06/2024

ကျိုတိုမှာရှိတဲ့ မီးလောင်သော Ramen🍜🍜🍜

အရသာကတော့ Tonkotsu base Noodle ပါပဲ
ဒါပေမယ့် မီးကိုထည့်စားရပါတယ်😂

Performance ကထူးဆန်းတော့ ခရီးသွားတွေ တကူးတကသွားစားတဲ့နေရာလေးပါ
စိတ်ဝင်စားရင်သွားစားကြည့်ကြပါဦး😁



Menbaka Fire Ramen https://www.google.com/search?kgmid=/g/1tf23zxn&hl=en-JP&q=Menbaka+Fire+Ramen&kgs=aac29bc9777de31d&shndl=30&shem=ssic&source=sh/x/loc/osrp/m5/3

Photos from Phoos's post 29/05/2024

◾️◆ ◾️◆ Venice ◾️◆ ◾️◆
ညကြီးမင်းကြီး City of love က Venice လား Paris လား စဉ်းစားမိ😁

Venice က ဘာလို့ city of love လဲ?
Venice ရဲ့ သမိုင်းကြောင်းဟာ Cupid လို့ခေါ်တဲ့ မျှားနတ်မောင်နဲ့ တော်တော်လေးဆက်စပ်တယ်
Venice မှာ မျှားနတ်မောင်က တန်ခိုးအကြီးဆုံး ဆိုးမိုးနိုင်တယ်တဲ့🥰

11 ရာစုထဲက စပြီး သုံးခဲ့ကြတဲ့ Gondola လှေလေးနဲ့ Grand canal တလျောက် ဖြတ်သန်းကြတယ်

နေဝင်ချိန် လမ်းကြားကျဉ်းကျဉ်းလေးတွေထဲ နေရောင်လေးဖြာကျနေတာ အတော်လှတယ်

Italy Pasta 🍝 ကတော့ စားဖူးတဲ့ ပါစတာထဲမှာ အကောင်းဆုံးပဲ

Spritz လို့ခေါ်တဲ့ အီတလီရဲ့ red wine cocktail ကတော့ တစ်ညလုံးထိုင်သောက်တောင်မဝဘူး

Miss you, Europe 🩵

29/05/2024

ဂျပန်က မောင်လေး ညီမလေးများ June 2 ရက်နေ့ Akihabara မှာလာရောက် ဆွေးနွေးနိုင်ပါတယ်🥰

မလာနိုင်တဲ့သူတွေလည်း zoom ကနေနားထောင်နိုင်ပါတယ်

အားလုံးပဲ မင်္ဂလာနေ့လည်ခင်းလေးပါ လို့ MYSA မှ နှုတ်ခွန်းဆက်လိုက်ပါတယ်ခင်ဗျာ။ June လ ၂ရက်နေ့မှာကျင်းပပြုလုပ်မဲ့ MYSA Academic Forum လေးမှာတကူးတကအချိန်ပေးပြီး အကျိုးရှိတဲ့ experience တွေကို ဝေမျှပေးသွားမဲ့ Volunteer Speaker တွေထဲမှ ဒီနေ့ မိတ်ဆက်ပေးမဲ့ Speaker ကတော့ Japan နိုင်ငံမှာ 2018 MEXT scholarship ရရှိခဲ့ပြီး MBA တက်ရောက်ပြီးစီးခဲ့တဲ့ Ma Phoo Pwint Thiri Kyaw ဖြစ်ပါတယ်။

Category : Graduate Program
Major : MBA (Management Analysis)

♦️Japan မှာ Business နဲ့ပတ်သက်ပြီး scholarship နဲ့ Undergraduate/ Master/PhD ဆက်တက်ချင်သူများ
♦️Scholarship ရရှိရန်ပြင်ဆင်ပုံများ
♦️မြန်မာနိုင်ငံ မှ Japan နိုင်ငံသို့ scholarship လှမ်းလျှောက်ပုံ၊ ကျောင်းရွေးချယ်ပုံများ ကို ဝေမျှပေးသွားမှာဖြစ်တာကြောင့် Business background ရှိသူများ Japan မှာ MBA နဲ့ပတ်သက်တဲ့ ကျောင်းတက်ဖို့ ကြိုးစားနေကြတဲ့ လူငယ် များအတွက် အလွန်အကျိုးရှိစေမှာ ဖြစ်ပါတယ်ခင်ဗျာ။

Registration Form: 👇🏻👇🏻👇🏻

https://docs.google.com/forms/d/1d2yx5EX2Eo9Hiok2wdg_-PebPtXuNawpJcQdxtXC-6M/edit

Event Schedule
Date: 02/06/2024 June2nd Sunday
Time: ဂျပန်စံတော်ချိန် နေ့လည် ၁:၀၀~ ၅:၀၀
မြန်မာစံတော်ချိန် မနက် ၁၀:၃၀~ ၂:၃၀

Place:〒1010025 東京都千代田区神田佐久間町2-15 秋葉原加藤ビル6階 53 号室
(Akihabara station မှလမ်းလျှောက် ၁မိနစ်)

Note: မြန်မာနိုင်ငံမှတက်ရောက်မည့်သူများနှင့်နှင့် Japan နိုင်ငံတွင်း event နေရာသို့လာရောက်ရန်ခက်ခဲသူများအတွက် Zoom မှတက်ရောက်နိုင်ရန် စီစဉ်ပေးထားပါမည်။ zoom link information ကိုလည်း ပွဲနေ့မတိုင်ခင် email သို့မဟုတ် chat box မှ ကြိုတင်ပို့ပေးပါမည်။

23/05/2024

Hello ဖူးပါရှင်!

ဖူး ဂျပန်မှာ pre wedding ရိုက်တုန်းက နေရာလေး မေးကြလို့ ဗီဒီယိုလေးလုပ်ထားပါတယ်🥰

Always ဆိုတဲ့ Korean movie ကို ပြန်ရိုက်ထားတဲ့ Yokohama Ryusei က main lead အနေနဲ့ပါထားတဲ့ your eyes tell ဆိုတဲ့ ဇာတ်ဝင်ခန်းနေရာလေးပါ🥰

လူတွေသိပ်မသိသေးတဲ့နေရာလေးဆိုတော့ လူသိပ်မများဘူး။ အနီးနားကလူတွေများတယ်

နေရာလေးကတော့
Hasaki Wind Farm ပါ

လေဒလက် 風車 တွေအများကြီးရှိတဲ့နေရာလေးပါ
လည်ဖို့ဆိုတာထက် ဓါတ်ဖမ်းဖို့ပိုကောင်းပါတယ်📸

📸 Shutter Chance

10/05/2024

ဂျပန်မှာ University တက်ဖို့အတွက်ကို Eduhub page ကနေ ဆွေးနွေးပေးနေပါတယ် 🎊🎊🎊

Musashino University, Global Business major (English track) ကျောင်းဝင်ခွင့်အတွက် EduHub နဲ့အတူ ပြင်ဆင်ခဲ့တဲဲ့ ညီမလေး Eindra က

Musashino University ကနေ တိုက်ရိုက်ချီးမြှင့်တဲ့ 100% scholarship ကိုရရှိသွားတဲ့အတွက် EduHub team မှ အထူးဝမ်းသာဂုဏ်ယူပါတယ်ရှင်🎉🎉🎉

အခုလို ညီမလေးလို University ရွေးချယ်တာကနေစပီး စာရွက်စာတမ်းပြင်ဆင်တာ University လျောက်တာနဲ့ပက်သက်ပြီး one by one ဆွေးနွေးပေးနေပါတယ်ရှင်။
စိတ်ဝင်စားသူများ messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်ရှင်။

06/05/2024

မင်္ဂလာပါရှင် phoos ပါရှင်

မြန်မာနိုင်ငံသားများ passport ရှိရုံနဲ့သွားလည်လို့ရတဲ့ Vietnam နိုင်ငံအကြောင်းလေး

Vietnam itinerary လေး sharing လုပ်ထားပါတယ်။
Hanoi > Danang > HoiAn > HoChiMihn ကိုသွားခဲ့ပါတယ်
အချိန်ရတဲ့သူတွေ Hue ရှေးဟောင်းမြို့ကိုလည်းသွားစေချင်ပါတယ်🥰

VietJet air line ကတော့ budget
Trip မဟုတ်တဲ့သူဆိုရင် မစီးစေချင်ပါဘူး။ service လည်းမကောင်းတဲ့အပြင် လေယာဉ်လည်းမကောင်းပါဘူး😅

25/04/2024

မြန်မာနိုင်ငံသားများအတွက် ဗီဇာမလိုပဲ အလည်သွားနိုင်တဲ့ Bali ကျွန်းလေးသို့တခေါက်🏝️ 🇮🇩

ဂျပန်ကနေဆို လေယာဉ်ခအသွားအပြန် ယန်း ၅သောင်း-၆သောင်းလောက်နဲ့သွားနိုင်ပါတယ်။
ဂျပန်ကနေသွားမယ်ဆို တခုသတိထားရမှာက HongKong transit မဝယ်မိဖို့ပါပဲ။ transit visa လိုလို့ပါ။

အစားအသောက်တွေကလည်းအရမ်းအရသာရှိပီး စျေးပေါပါတယ် 🍤 🦀 🦞

Unique Culture နဲ့ပြည့်နှက်နေပီးတော့ Bali လေဆိပ်ရောက်တာနဲ့တင် vibe ကကွာပါတယ်

ဖူးတို့ကဟိုက local tour guide တစ်ယောက်ကိုငှါးလိုက်ပါတယ်။ စျေးလည်းမကြီးပါဘူး။ Guide အကြောင်း သိချင်ရင်ဖူးကိုလာမေးလို့ရပါတယ်။ ခရီးစဉ် ကြိုက်သလို customize လုပ်ပေးပါတယ်

Have funnnnn!!

23/04/2024

စမိုင်းလ် ပဲ ဟယ်ရီကော်ပတာကြီး စီးတာ မဟုတ်ပါဘူး🙂🤭ဂျပန်မှာလည်း ဟယ်ရီကော်ပတာကြီး စီးလို့ရပါတယ်😁🚁

ဟယ်ရီပေါ်မှာ propose လုပ်ချင်သူများအတွက်လည်း အိုစုစုမဲပါ🙂‍↕️စျေးလည်းပေါတယ်

ဟိုကိုင်းဒိုးကဟာကတော့ ရာသီကျော်သွားပေမယ့် တိုကျိုတဝိုက်မှာ စီးလို့ရပါတယ်❤️

あなたの学校を学校のトップリストMinatoにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

カテゴリー

電話番号

ウェブサイト

住所


Minato, Tokyo