Bioscope Hub
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bioscope Hub, .
မြန်မာစာတန်းထိုး 4K ရုပ်ရှင်များကို အကောင်းဆုံးဘာသာပြန်နဲ့ အမြန်ဆုံးကြည့်ရှုနိုင်ဖို့ ဘိုင်စကုပ် App ကို https://link.bioscopeapp.com/ မှာရယူပါ။
Android TV, Android Box,Phone,iOS,Windows စတဲ့ Device အစုံမှာ ထည့်သွင်းကြည့်ရှုနိုင်ပါပြီ။
06/10/2026
ဒီမြေပြင်ပေါ်မှာ ရိုးရိုးရှင်းရှင်း ရှင်သန်ရုံတင် မဟုတ်ဘဲ အဓိပ္ပာယ်ရှိရှိ ဘယ်လို လူသားဆန်ဆန် နေထိုင်ကြမလဲ?
သဘာဝတရားရဲ့ တန်ဖိုးကို နားလည်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်အလင်းရောင်ကို ပေးစွမ်းမယ့် ခွန်အားဖြစ်ဖွယ် လမ်းညွှန်ချက်များစွာ...
documentary lover ဆိုကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ Benedict Cumberbatch ရဲ့ အသံနဲ့အတူ လေးလေးနက်နက်ရှုစားရမယ့် "How to Live on Earth" Documentary ကို Bioscope App မှာကြည့်ရှုနိုင်ပါပြီ
06/10/2026
အဖန်ဖန်ပြန်ဖြစ်နေတဲ့ သံသရာထဲကနေ ချစ်ရတဲ့သူနဲ့ လွတ်မြောက်ဖို့ဆို ဘာတွေ ပေးဆပ်ဖို့ လိုနေမလဲ......
Horror လေးလည်းကြမ်းမှ မင်းသား မင်းသမီးလေးလည်း ချောမှ ဆိုတဲ့ ကိုကို မမ တို့အတွက် ၂၀၂၆ ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ Haunted Universities 4 ထိုင်း Horror ကားသစ်ကြီး Bioscope App မှာကြည့်ရှုလို့ရနေပါပြီနော်.....
06/10/2026
Spider man brand new day ရော
Insidious ရော
ခုလဲ fall 2 ပါထွက်လာတော့ သာမီးတို့ အိပ်ရေးတွေနင်းကန်ပျက်ပါပြီ
ဘယ်ကားလေး အကြိုက်တွေ့လဲ ပြောပေးသွားကြဦးနော်။
4k နဲ့ အမိုက်စားကြည့်ချင်ရင်တော့ Bioscope App ထဲသာ ဝင်ကြည့်လိုက်ပါ။
05/10/2026
ပိုချစ်တဲ့လူက ရှုံးတာပါပဲဗျာ 🙂↕️
ဒီတလော နာမည်ကြီးနေတဲ့ Yash ရဲ့ "Toxic" ရုပ်ရှင်ကို Bioscope App မှာ စဆုံးကြည့်ရှုနိုင်ပါပြီနော်
04/10/2026
အမြဲအမှတ်ရနေသူက ပိုခံစားရမှာပဲလေ သူငယ်ချင်း
😞
အကောင်းမြင်စိတ်နှင့် ကြင်နာမှုလေးတွေ ခမ်းခြောက်နေရင် Ted Lasso စီးရီးကိုစမ်းကြည့်ဖို့ ညွှန်းဆိုပါရစေ။
စဆုံးကို Bioscope App မှာ တင်ဆက်ထားပါတယ်နော်။
30/09/2026
"Line of Fire" (2026)
ဥပဒေစိုးမိုးရေးနယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ Hollingsworth မိသားစုရဲ့ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်တွေနဲ့ ပူးပေါင်းကြံစည်မှုတွေကို ရင်ဖိုစရာ တင်ဆက်ထားတဲ့ "Line of Fire" (2026) ဇာတ်လမ်းတွဲအသစ်။
အငြိမ်းစား Secret Service အရာရှိဖခင်၊ U.S. Marshal မိခင်၊ FBI အေးဂျင့်ဖြစ်တဲ့သမီးနဲ့ တရားရေးဌာနက သားဖြစ်သူတို့က မိသားစုတွင်း ဖုံးကွယ်ထားတဲ့ ရန်သူတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို IMDb Rating (7.2) နဲ့ Rotten Tomatoes (89%) အထိ ရရှိထားတဲ့ ဒီ TV Series မှာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုခံစားလိုက်ကြရအောင်နော်။
လက်ရှိမှာ Season 1 ရဲ့ Episode 1 ထွက်ရှိထားပြီး Bioscope App မှာ မြန်မာစာတန်းထိုးနဲ့ကြည့်ရှုလို့ရနေပါပြီ။ ဒုတိယပိုင်း (Ep 2) ကိုလည်း မကြာခင်တင်ပေးတော့မှာဖြစ်လို့ လက်လွှတ်မခံဘဲ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်
29/09/2026
ရုံတင်တာ ရက် ၆၀ တောင် ရှိသွားပြီဆိုတော့ 'Spiderman: Brand New Day' ကို မကြည့်ရသေးတဲ့သူ ခပ်ရှားရှားပဲ ဖြစ်နေလောက်ပြီပေါ့။
ကဲ... ကြည့်ပြီးသွားတဲ့သူတွေ ဒီတစ်ခေါက်ကားအပေါ် ဘယ်လိုမြင်လဲ၊ ဘာတွေ ခံစားရလဲဆိုတာ ဆွေးနွေးကြရအောင်ဗျာ
ကိုယ့်အတွက် အကြိုက်ဆုံးနဲ့ အထိမိဆုံး အခန်းက ဘယ်အခန်းဖြစ်မလဲဆိုတာ ဝေမျှပေးသွားကြပါဦး
မကြည့်ရသေးတဲ့လူတွေအတွက်လည်း ဘိုင်စကုပ် App မှာ အကြည်နိုင်ဆုံး HDTC version နဲ့တင်ထားပေးထားတယ်နော် 🫶
28/09/2026
Bioscope App မှာ ကောင်မလေးတို့အကြိုက် ဘာဘီကားတွေလည်း ရှိတယ်နော်
ငယ်ငယ်က အမှတ်တရလေးတွေ အလွမ်းပြေ ပြန်ကြည့်ချင်ပေမဲ့ Telegram မှာ Link တွေ၊ Channel တွေ လိုက်ရှာရတာ တကယ် အလုပ်ရှုပ်တယ်ဟုတ်?
ဘိုင်စကုပ်နဲ့ဆိုရင်တော့ စိတ်ရှုပ်ခံ ရှာနေစရာမလိုဘဲ တစ်နေရာတည်းမှာ စိတ်ကြိုက် ကြည့်လို့ရပြီနော်
ကဲ... ပုံထဲက ဘယ် Barbie ကားကို အကြိုက်ဆုံးလဲ? Comment မှာ ပြောပြခဲ့ဦးနော်
27/09/2026
ဒီတလောလေးတင် Saw ရုပ်ရှင်အသစ် ထွက်ရှိတော့မယ်ဆိုတဲ့ သတင်း တရားဝင် ထွက်လာတော့ Saw Universe ကို အကုန်လုံး ပြန်သတိရမိကြမယ်ထင်ပါတယ်။
Saw Universe ရဲ့ မူလဖန်တီးသူ James Wan က Executive Producer အဖြစ် ဆက်လက်ပါဝင်ပြီး Saw X ကို အောင်မြင်စွာ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kevin Greutert ကပဲ ဆက်လက် ကိုင်တွယ်ရိုက်ကူးသွားမှာဖြစ်လို့ ဒီတစ်ခေါက် Saw XI က ဘယ်လိုပုံစံနဲ့ ပြန်လာမလဲဆိုတာ တကယ်ကို ရင်ခုန်စရာပါ။
ပြောရရင် Saw Franchise ဆိုတာ ရိုးရိုး သွေးထွက်သံယို သတ်ဖြတ်ပွဲတစ်ခုတည်းတော့ မဟုတ်နေဘူး။ ဘဝကို တန်ဖိုးထားတတ်အောင် သင်ခန်းစာပေးချင်တဲ့ စိတ္တဇဆန်ဆန် ဉာဏ်ကြီးရှင် John Kramer (Jigsaw) ရဲ့ စမ်းသပ်ပွဲတွေ၊ Timeline မတူညီတဲ့ ဇာတ်အိမ်တွေနဲ့ မထင်မှတ်ထားတဲ့ Plot Twist တွေ ချိတ်ဆက်ထားတဲ့ သီးသန့် Cinematic Universe ကြီးတစ်ခုဆိုတာ Saw Fan တွေအကုန်သိကြမှာပါ။
Saw I ရဲ့ အမှောင်ထုထဲက ရေချိုးခန်းဟောင်းထဲမှာ စတင်ခဲ့တဲ့ ကစားပွဲက Saw X အထိ ရောက်လာတော့ John Kramer ရဲ့ နောက်လိုက်တွေဖြစ်ကြတဲ့ Amanda, Hoffman တို့ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဆရာဝန်ကြီး Dr. Gordon တို့ရဲ့ ဇာတ်လမ်းကွက်တွေနဲ့ ပိုပြီးတော့တောင် ဆန်းကြယ်လာခဲ့တာဗျ။
Saw ရုပ်ရှင်အသစ် မထွက်လာခင်မှာ ဒီလို ရှုပ်ထွေးဆန်းကြယ်တဲ့ Saw Universe ရဲ့ အငွေ့အသက်ကို ပြန်လည် ခံစားချင်တယ်ဆိုရင်တော့ Saw I ကနေ Saw X အထိ ၁၀ ကားလုံးကို Bioscope App မှာ အစအဆုံး ပြန်လည်ကြည့်ရှုရင်း စာနွှေးလိုက်ကြရအောင်ဗျာ
"I want to play a game..." ဆိုတဲ့ စကားသံနဲ့တူတူ Saw ရဲ့ နာမည်ကျော် Plot Twist တွေကို ဘိုင်စကုပ်မှာ ပြန်ကြည့်ရင်း Saw ရုပ်ရှင်အသစ်ကို အတူတူ စောင့်ကြတာပေါ့
ဒါနဲ့ Saw Universe ထဲမှာ အကြိုက်ဆုံးနဲ့ အကြောက်ဆုံး ကစားပွဲက ဘယ်ကားမှာပါလဲ... ကောမန့်မှာ ပြောခဲ့ကြပါဦး
Alerts
Be the first to know and let us send you an email when Bioscope Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.