Save Per View

Save Per View

Share

ကြည့်ရင်းလှူ လှူရင်းကြည့်

10/25/2021

ဗွီဒီယို အပြည့်အစုံကို YouTube မှာသွားရောက်ကြည့်ရှု့ပေးပါနော် 🙏

10/24/2021

Hello အားလုံးအတွက် သတင်းကောင်းလေးရှိပါတယ်

မနေ့က friend invite လုပ်တဲ့ post လေးတင်ပြီး ဒီနေ့ page ကို like လုပ်တဲ့သူ 1K ပြည့်သွားပါပြီ တူတူပါဝင်ပြီးလုပ်ပေးကြတဲ့သူတိုင်းကိုကျေးဇူးများကြီးတင်ပါတယ် ဆက်ပြီးလုပ်ပေးကြပါဦး အချိန်လေး ၁ မိနစ်လောက်ပဲမို့ ထက်ကြိုးစားပေးကြပါနော်.

နောက်ထပ်အသိပေးစရာရှိပါသေးတယ် ✨

Save Per View YouTube Channel မှာ အခုဆို video အသစ်တစ်ခုတင်ထားပြီးဖြစ်ပါတယ်.
အဓိကကတော့ ဒီနေ့ အဲ့ video လေးကိုတစ်ခေါက်ဆီလောက်သွားရောက်​ကြည့်ရှု့ပေးဖို့ တောင်းဆိုချင်တာဖြစ်ပါတယ်ရှင့်.

စိတ်ဝင်စားစရာအကြောင်းအရာနဲ့အတူ self- improvement ပါလုပ်လို့ရမဲ့အကြောင်းအရာလေးတွေလည်းပါဝင်မှာဖြစ်လို့ တစ်ခေါက်လောက်တော့ ကြည့်ပေးကြပါရှင့်.

#ကြည့်တဲ့အခါ_အစအဆုံးမရစ်ပဲကြည့်းပေးပါ_ဆုံးအောင်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်

ဒီ Video လေးမှာတော့ ကဏ္ဍ (၃) ခုပါဝင်မှာဖြစ်ပါတယ်.
💁‍♀️ ပထမကဏ္ဍကတော့မိမိရဲ့ နေ့စဉ်နေထိုင်မှုပုံစံလေးတွေ ပိုမိုကောင်းမွန်အောင် နေထိုင်သင့်တဲ့နည်းလမ်းတွေအကြောင်းပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်.

💁‍♀️ ဒုတိယကဏ္ဍကတော့မကြာခဏသုံးတတ်ပြီး လူငယ်တွေကြား ရေပန်းစားလာတဲ့ Slang (ဗန်းစကား) လေးတွေနဲ့ Internet အသုံးပြုတဲ့အခါမှာ သိထားသင့်တဲ့ Slang လေးတွေကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်.

💁‍♀️ နောက်ဆုံးတင်ဆက်ပေးသွားမဲ့ အကြောင်းအရာလေးကတော့ လောကကြီးမှာရှိတဲ့ မတူကွဲပြားမှုတွေကို ဘယ်လိုအသိအမှတ်ပြု လက်ခံရမလဲ ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်.

ဒီVideoလေးကိုကြည့်ပြီးသွားရင် ကျွန်မတို့ရဲ့
Youtube Channel လေးကိုပါ တစ်ခါတည်း subscribe လုပ်ပေးဖို့ တောင်းဆိုပါရစေ ဘာလို့ဆို subscriber 1K ပြည့်မှ channel အတွက်အဆင်ပြေမှာမလို့ပါရှင့်.
ဒါကတော့ Youtube link လေးပါ

https://www.youtube.com/channel/UCrX43k8xP6qHesgrZ65EUag

အရေးတော်ပုံအောင်ဖို့ တူတူကြိုးစားကြရအောင်နော်.
We can do it together guys ✊

10/23/2021

Hello တောင်းဆိုစရာလေးရှိပါတယ် ဘာလဲဆိုတော့ ဒီပိုစ့်ကိုတွေ့ရင် ကျွန်မတိို့ကို အချိန်လေး
၂ မိနစ်လောက်ပေးဖို့တောင်းဆိုချင်ပါတယ်.

ဘာအတွက်လဲဆိုတော့

ပုံမှာပြထားသလိုမျိုး ကိုယ့် ရဲ့friend တွေကို invite လုပ်ပေးဖို့ပါရှင့်. ဘယ်လိုလုပ်ရမလဲဆိုတာကတော့တအားလွယ်ပါတယ်. Page ထဲဝင်လိုက်ပါ ပြီးရင်ပုံမှာပြထားတဲ့အတိုင်း community ဆိုတဲ့နေရာလေးကိုသွားလိုက်ပါ invite friend ဆိုပြီးတွေ့ရပါလိမ်
မယ်. အဲ့ဒိ invite friend လေးကိုနှိပ်ပြီး အနည်းဆုံး အယောက် ၅၀ ကို invite လုပ်ပေးစေချင်ပါတယ်.
၅၀ ထက်ပိုလုပ်ရင်လည်းရပါတယ် ပိုထိရောက်တာပေါ့ ဒါပေမဲ့ ၅၀ ထက်မနည်းတော့လုပ်ပေးစေချင်ပါတယ်ရှင့်. Invite လုပ်တဲ့အခါ ကိုယ်နဲ့ရင်းနှီးတဲ့သူမျိုးရယ် ကိုယ် invite တာကိုလက်ခံလောက်မဲ့သူမျိုးကိုရွေးလုပ်ပေးရင်ပိုအဆင်ပြေပါတယ်ရှင့်.
အပေါ်မှာပြောထားတဲ့အတိုင်းလုပ်ပြီးပြီဆိုရင်တော့ တောင်းထားတဲ့အချိန် ၂ မိနစ်ကပိုနေသေးတယ်ဆိုရင် အောက်မှာပေးထားတဲ့ youtube link ထဲဝင်ပြီး channel လေးကိုပါ subscribe မလုပ်ရသေးရင်လုပ်ပေးသွားကြပါဦး. ဒါဆို ၂ မိနစ်လည်းပြည့်လောက်ပြီး တောင်းဆိုထားတာတွေအကုန်လုပ်ပေးပြီးပြီဆိုတော့ တာဝန်ကျေသွားပါပြီ.

https://www.youtube.com/channel/UCrX43k8xP6qHesgrZ65EUag

ဘာကြောင့်လဲဆိုတော့

pageက လူသိနည်းနေသေးလို့ပါ page ကိုလူများများသိဖို့လိုပါတယ် ဒါမှ ကျွန်မတို့ရှေ့ဆက်ပြီးကြိုစားသွားမဲ့အရာတွေအတွက်အဆင်ပြေမှာမလို့ပါ.
တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာက တူတူပါဝင်နေကြတာဖြစ်လို့ အခုလည်းဒါကိုလည်းအားစိုက်ပေးကြပါဥိးလို့တောင်းဆိုချင်ပါတယ်.

Photos from Save Per View's post 10/22/2021

အမှန်တရားတစ်ခုက ဘာလဲဆိုတော့ စခတွေသေတယ် ပြည်သူ့ဘက်တော်သားတွေ အထိအခိုက်မရှိဘူးကြားရင် ပျော်ကြတယ် ပထမဆုံးတွေ့ရတဲ့ပုံလိုမျိုး အားတက်ရတဲ့ post မျိုးဆို ကြည့်ပြီးသဘောကျတယ် share ကျတယ် ငါတို့ကွဆိုပြီး
ဟုတ်ပါတယ် ဒါကပျော်ရမဲ့ အားတက်ရမဲ့အရာပါပဲ ဒါပေမဲ့ အဲ့လိုပျော်နိုင်ဖို့ဆိုရင် ကျွန်မတို့တွေက သူတို့လက်ထဲမှာကိုင်ထားတဲ့ ဟာမျိုးတွေကို အယောက်စေ့ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်.

ကျန်တာတွေလည်းထောက်ပံ့ရမယ်ဆိုပေမဲ့ ဒါကတော့အရေးကြိးဆုံးပေါ့ ဘာလို့ဆို လက်နက်ချင်းတွေ့ရင် မင်းအောင်လှိုင်ဘက်တော်သားတွေဆိုတာ စောက်ပေါသာသာပဲဖြစ်လို့ လက်နက်ချင်းတွေ့နိုင်အောင် မလိုအပ်ပဲအသက်တွေမဆုံးရှုံးရအောင် ကျွန်မတို့ဘက်က တူတူကြိုးစားပြီးထောက်ပံ့ကြရမှာပါ ဒါကဒီနိုင်ငံမှာနေတဲ့သူတိုင်းရဲ့တာဝန်တစ်ရပ်အနေနဲ့ကိုပါဝင်ရမှာပါ.
ပါဝင်ပေးကြဖို့လည်း ​ဒီကနေပဲတိုက်တွန်းချင်ပါတယ်.

ဒါပေမဲ့ ကျွန်မတို့အမြဲတွေ့​နေကြားနေရတာက အဆင်​မပြေတဲ့ post တွေ ထောက်ပံ့ပေးကြဖို့တောင်းဆိုတဲ့ post တွေဟာ နေ့စဥ်နဲ့အမျှ တွေ့နေကြရတာဖြစ်ပါတယ်. အဲ့လိုတွေတွေ့ရင်လည်း ဝမ်းနည်းကျ share ကျနဲ့ဒီလောက်ပဲလုပ်ပေးကြတာမလား တွေ့တဲ့အချိန်လေးတော့ ဝမ်းနည်းပေးလိုက်မယ်ပေါ့ ပြီးရင်မေ့သွားတာမျိုးပေါ့.
တစ်ကယ်တော့ ကျွန်မတ်ု့တက်နိုင်တာအများကြီးရှိပါတယ် ဝမ်းနည်းလေ စိတ်နာလေ ကူသင့်တာရှိတာကူ ဘာကူနိူင်မလဲ စဥ်းစားရမယ် ငွေအားကူနိုင်ရင် ငွေအားကူ ငွေအားမကူနိုင်လည်းရတယ် တစ်ခြားနည်းနဲ့ကူနိုင်တာတွေအများကြီးပါ. အဓိကက ကူချင်စိတ်ရှိဖို့ပဲ လိုအပ်တယ်လို့ကျွန်မထင်ပါတယ်.
ကူဖို့ လှူဖို့အတွက်ကိုလည်းနည်းပေါင်းစုံနဲ့ကူနိုင်အောင်ကြိုးစားနေကြတာလည်းမြင်ကြမှာပါ ကိုယ်ကအဆင်သင့်လေး ခူးပြီးသားထမင်းကို စားရုံပဲမို့ ဒီလောက်တော့ ကူပေးကြဖို့တောင်းဆိုချင်ပါတယ်.

ဘယ်ကနေစရမလဲ မသိသေးရင် အခုတောင်စပြီးကူကြည့်လို့ရပါပြီ. အခုဒီ page ထဲဝင်ပြီး တစ်ခြား friend တွေကို invite ပေးပါ အောက်မှာ ပေးထားတဲ့ youtube link ထဲဝင်ပြိး channel လေးကို subscribe လုပ်ပေးကြပါ အနည်းဆုံး 1 K ပြည့်မှ channel ကစလို့ရမှာဖြစ်တဲ့အတွက် မြန်မြန်စပြီး မြန်မြန်ထောက်ပံနိုင်ဖို့ တူတူ ကြိုးစားပေးဖို့တောင်းဆိုချင်ပါတယ်.

https://www.youtube.com/channel/UCrX43k8xP6qHesgrZ65EUag

ဘာမှမလုပ်နိုင်ဘူး တွေးနေမယ့်အစား လုပ်နိုင်တာလေးတွေကနေစလုပ်ကြပြီး တာဝန်ကျေပေးကြပါ.
အောက်ဆုံးကပြထားတဲ့ မင်းမော်ကွန်းပြောထားသလိုမျိုးပဲပေါ့ တစ်ကယ်အလုံးစုံပျက်နေတာပါ မြို့ပေါ်မှာသာ new normal မှာအသားကျနေကြတာပါ တစ်ကယ်တော့ အလုံးစုံပျက်ယွင်းနေတာသိကြမှပါ. အဲ့တာကြောင့် အားလုံးညီရင်ခဏနဲ့ပြီးမှာဖြစ်လို့ ဒါကြီးကဘယ်ချိန်ပြီးမှာလဲ မေးနေကြမဲ့အစား ကိုယ်ကိုယ်တိုင်ကရော ဒါကြီးမှာတစ်ထောင့်တစ်နေရာကပါဝင်နေရဲ့လားပြန်မေးကြည့်ပါ မပါဝင်ဖြစ်သေးဘူးဆိုရင် အခုကစပြီးပါဝင်ပေးကြပါ နောင်တစ်ချိန်လိပ်ပြာလုံလုံနဲ့ ဒီမိုကရေစီအနှစ်သာရကိုခံစားနိုင်ဖို့ဆို ပါဝင်ပေးပါ. ✊

10/22/2021

တော်လှန်ရေးကာလမှသည် တရားသောခုခံစစ် အချိန်ထိရောက်ရှိလို့လာခဲ့ပါပြီ။ တောထဲရောက်နေတဲ့ သူရဲကောင်းတွေက ကျွန်တော်တို့အသက်နဲ့ရင်းပြီးတိုက်ပါ့မယ် တိုက်နေပါတယ် ဒါပေမယ့် ကျွန်တော်တို့မှာ ဒါတွေလို‌နေတယ် ဟိုဟာတွေလိုနေတယ်ဆိုပြီး ပြည်သူတွေဆီ အားကိုးတစ်ကြီးနဲ့ တောင်းဆိုနေတာ အခုချိန်ထိ မရပ်သေးသလို နောင်လဲလိုအပ်နေဦးမှာ ဒီနေရာ ငွေကြေးတက်နိုင်လို့ ငွေကြေးနဲ့တိုက်ရိုက်လှူဒါန်းကြသလို ငွေကြေးမတက်နိုင်တဲ့သူတွေ မိမိရဲ့အချိန်နဲ့လှူချင်သူတွေအတွက် လူငယ်တွေစုပြီး အဖွဲ့တွေဘာတွေနဲ့ သေချာလေးလုပ်ပြီး စတင်လုပ်ပြန်တော့လည်း ပန်းတိုင်းချင်းတူနေတာတောင် တစ်ချို့က အကြောင်းအမျိုးမျိုးပြပြီး ခေါင်းရှောင်ကြပါတယ်။ သူတို့ထက်သာသွားမှာ ဆိုးလို့လား ဘာလားတော့မသိဘူးပေါ့နော် သေချာတာ တစ်ခုကတော့ အများစုက လစ်လျူရှုနေချိန်မှာ ကျွန်တော်/မတို့အဖွဲ့ကို ယုံယုံကြည်ကြည်နဲ့ တစ်နည်းနည်းနဲ့ ကူညီခဲ့တဲ့ WayWayNay ကိုကျေးဇူးအများကြီးတင်ပါတယ်။

တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေပါဝင်တဲ့နေရာမှာ နောက်ကျတယ် စောတယ်မရှိပါဘူး အထူးသဖြင့် ငွေရေးကြေးရေး ကူညီတဲ့အပိုင်းမှာ ဒါကြောင့်
ကူညီကြပါ ကျွန်တော်/မတို့ကို
ကိုယ့်အကောင့်မှာ ရှိတဲ့လူတွေကို invite လေးလုပ်ပြီး like & follow လုပ်ဖို့ ဖိတ်ခေါ်ပေးကြပါ။

YouTube ဆိုတဲ့အမျိုးကလည်း 1K Sub ရမှာသာ ကျန်တာတွေ ဆက်လုပ်လို့ရမှာမို့

တော်လှန်ရေးကို အခုချိန်ထိ စိတ်ဝင်စားသေးပြီး ကူညီပေးချင်တဲ့ စိတ်ရှိတဲ့သူတွေက

YouTube Channel လေးကို လူပေါင်း ၁ ထောင်ပြည့်သွားအောင် ကူညီပေးကြပါ။

https://www.youtube.com/channel/UCrX43k8xP6qHesgrZ65EUag

Share / Invite/ Subscribe then we can f**king
ignite!!!

10/20/2021

Save Per View နဲ့မိတ်ဆက်ပေးပါရစေ.🙆

Save Per View ဆိုတဲ့အတိုင်း ပြည်သူတစ်ယောက်ချင်းစီတိုင်း ရဲ့ view တစ်ခုနဲ့ မြန်မာ့နွေဉီးတော်လှန်ရေးမှာ အသက်ဆုံးရှုံးသွားတဲ့
သူရဲကောင်းများရဲ့ ကျန်ရစ်ခဲ့သော မိသားစုဝင်များ၊ တရားသော ပြည်သူ့ခုခံစစ်တွင် ကျဆုံးသွားသော Fallen PDF Heros များကို အဓိက ထားပြီးတော့ တစ်ခြားလိုအပ်သောနေရာများကိုပါ ဖြည့်စွက်လှူဒါန်း ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ဘယ်လိုလုပ်မှာလဲ

ဟုတ်ကဲ့ ကျွန်မတို့ Youtube Channel လေးတစ်ခု လောလောဆယ် ထောင်ထားပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူတိုင်း
ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် Android/ iOS ကောနှစ်မျိုးလုံးရတဲ့ Youtube နဲ့အရင်စတင်ထားခြင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကျွန်မတို့အနေနဲ့ Application/ Website များကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီ Youtube Channel လေးမှာ အားလုံးကနေပြီးတော့ဝင်ရောက် ကြည့်ရှုပေးရမှာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ Channel လေးကိုဝင်ပြီး ကြည့်ရှုတဲ့သူတွေ များများ ကြည့်ရှုချင်အောင်ရော လာရောက်ကြည်ရှုသူများ တစ်ခုခုရရှိသွားစေချင်တဲ့ အတွက်ရော စိတ်ဝင်စားဖို့ကောင်းတဲ့ကဏ္ဍ များစွားနဲ့လုပ်ဖို့ ကျွန်မတို့အများကြီးကြိုးစားထားပါတယ်ရှင့်။

ဘာတွေပါဝင်မှာလဲ

ဘယ်လိုကဏ္ဍတွေပါဝင်မလဲ ဆိုတာကတော့
ဥပမာ ပညာရေး - ပညာရေးဆိုတဲ့နေရာမှာ ကျောင်းသား/သူများအတွက် အတန်းပညာရေး၊ ဒီလိုအတန်းပညာရေးအတွက် CDM လုပ်ဆောင်နေသော ဆရာ/မများမှ မြန်မာနိုင်ငံအတွင်းရှိ တိုင်းပြည်အခြေအနေကြောင့် ပညာမသင်ကြားရလိုက်သော ကျောင်းသား/သူများ သင်ယူလေ့လာနိုင်ရန် KG မှစတင်ပြီး Grade 12 အထိ သင်ကြားပို့ချထားသော သင်ရိုးညွှန်းတမ်း သင်ထောက်ကူပြု ဗွီဒီယို သင်ခန်းစားများကို အခမဲ့ ဝင်ရောက်လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လူငယ်များအတွက် နောင်တစ်ချိန်တွင် အသုံးဝင်နိုင်သော ဘာသာစကားများကို လေ့လာနိုင်ရန် အင်္ဂလိပ်စာ၊ ကိုရီးယား၊ ဂျပန် ဘာသာစကားများကို အခြေခံမှစတင်ပြီး ကျွမ်းကျွမ်းကျင်ကျင်ရှိတဲ့အထိ လေ့လာနိုင်သော အခမဲ့ သင်ခန်းစားများလည်း စီစဉ်ထားပါတယ်။

ဗဟုသုတရစရာအကြောင်းအရာများကိုလည်း တင်ဆက်သွားမှာဖြစ်ပြီးတော့၊ သီချင်းကဏ္ဍအပါအဝင် ကဗျာရွတ်ဆိုခြင်းနှင့် စိတ်ဝင်စားစရာကောင်းတဲံ Manga ဇာတ်လမ်းများကို တင်ဆက်သွားမည့်အပြင် အထူးအစီအစဉ် အနေနဲ့လည်း untold story - မပြောဖြစ်လိုက်သော ကိုယ်ရဲ့အတွေ့အကြုံ လေးတွေကိုပြန်လည် ပြောပြပေးမဲ့ ကဏ္ဍလည်းပါဝင်မှာပဲဖြစ်ပါတယ်။

ပြီးတော့ live ကဏ္ဍလည်းပါဝင်ဦးမှာပါ တစ်ခြားကဏ္ဍတွေလည်း ထပ်ပါဝင်ဖို့ရှိပါသေးတယ် ကြိုးစားနေတုန်းပါပဲ။ ပါဝင်ကူညီဆောင်ရွက်ပေးချင်တဲ့ ဆရာ/မများနှင့် အသိပညာရှင်/အတက်ပညာရှင်၊ အနုပညာရှင်များကိုလည်း တစ်ခါတည်း ဖိတ်ခေါ်အပ်ပါတယ်ရှင့်။ ပါဝင်ကူညီဆောင်ရွက်ပေးလိုသူများအနေဖြင့် ကျွန်မတို့ရဲ့ page Messenger မှတစ်ဆင့် ဆက်သွယ်ခြင်းနှင့် [email protected] သို့လည်း အီးမေးလ်များပေးပို့ ဆက်သွယ်နိုင်ပါတယ်ရှင့်

ဘယ်လိုပါဝင် ကူညီပေးနိုင်မလဲ

မိဘပြည်သူတို့စိတ်ဝင်စားတဲ့ကဏ္ဍ တစ်ခုခုကိုဝင်ကြည့်ပေးရင်ရပါပြီ။
ဘယ်လိုဝင်ကြည့်ရမလဲ ဆိုတာကတော့ မိဘပြည်သူများရဲ့ အချိန်ထဲက တစ်နေ့ကို နာရီဝက်လောက်ပဲပေးပါ။
ဒီနာရီဝက်ဆိုတဲ့နေရာမှာ တစ်နေ့ ကို (၃) ကြိမ် မနက်၊ နေ့လည်၊ ညပိုင်းဆိုပြီး တစ်ကြိမ်ကို (၁၀) မိနစ် အနေနဲ့ကြည့်ရှုပေးရမှာပါ။
ဒါပေမဲ့ ဘယ်ဟာကိုကြည့်ကြည့် ဆုံးအောင်ကြည့်ပေးဖို့ပဲလိုတာပါရှင့်. မဟုတ်ရင် ကြိုးစားသမျှ သဲထဲရေသွန် ဖြစ်သွားနိုင်လို့ ဆုံးအောင်ကြည့်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်ရှင့်

ဒီ Page လေးကိုလည်း Like and Follow လုပ်ပေးကြပါ။ နောက်ထပ်အကြောင်းအရာများကိုလည်း ဒီ Page လေးကနေကြေငြာပေးသွားမှာပါ။ ပြီးတော့ ကျွန်မတို့ရဲ့ အဓိကဖြစ်တဲ့ Youtube Channel လေးကိုလည်း Subscribe လုပ်ပေးထားကြဖို့ တောင်းဆိုချင်ပါတယ်ရှင့်.

အရေးတော်ပုံအတွက် ကိုယ်တက်နိုင်တဲ့ တစ်ဖက်တစ်လှမ်းကနေ အတူတူပါဝင်ကြရအောင်ပါနော်.
တစ်ရက်ကို မိနစ် (၃၀) ပဲအချိန်ပေး​ရုံနဲ့ အများကြီးထောက်ပံ့နိုင်မှာပါ.
ဘားမှမကူညီပေးနိုင်ဘူးဆိုပြီး ထိုင်ဝမ်းနည်းနေမဲ့အစား အတူတူကြိုးစားကြရအောင်လို့ ဒီကနေတောင်းဆိုပါတယ်ရှင့်. 🙆

Subscribe Here 👇
https://www.youtube.com/channel/UCrX43k8xP6qHesgrZ65EUag

Want your organization to be the top-listed Non Profit Organization in Washington D.C.?
Click here to claim your Sponsored Listing.

Address


1600 Pennsylvania Avenue NW, Washington
Washington D.C., DC
20502