Wai Sitx Han
�Just start everything with cherish�
06/30/2023
ကျွန်တော်ကျန်းမာအောင်နေနေပါတယ်
ခင်ဗျားအဆင်မပြေတဲ့နေ့မျိုးတွေရှိလာရင်
ရှေ့ကမားမားမက်မက်ရပ်တည်ပေးနိူင်ဖို့လေ
ခင်ဗျားကျွန်တော့်ကိုမလိုအပ်လည်းပဲပေါ့…။
ဝေစစ်ဟန်
ကြိုက်တယ်ဆိုတာကလေ
မင်းသဘောကျတဲ့အချက်လေးသူ့မှာရှိနေလို့တဲ့။
ချစ်တယ်ဆိုတာကလေ
မင်းနှလုံးသားရဲ့တဒင်္ဂတောင်းဆိုမှုကြောင့်တဲ့။
မြတ်နိူးမိသွားရင်တော့လေ
သူဘာတွေပဲလုပ်ပါစေမင်းသဘောကျမယ်
ဘယ်လောက်ပဲဆိုးပါစေမင်းနှလုံးသားကလက်ခံမယ်
မင်းကိုလျစ်လျူရှုနေခဲ့ရင်တောင်
သူအဆင်ပြေသမျှမင်းပျော်နေမယ်
သူခက်ခဲရင်မင်းကြိတ်ပြီးဝမ်းနည်းမယ်
ဘာမှပြန်မရရင်လည်းပဲ
မင်းဟာကျေနပ်နေမှာပဲတဲ့။
သူနဲ့ပတ်သက်လာရင်
မင်းဟာဘယ်ခေါင်းစဉ်အောက်မှာပဲနေရပါစေ
ဘယ်ပြဌာန်းချက်တွေနဲ့ပဲဖော်ပြခံရပါစေ
ဘယ်လောက်ပဲသိမ်ငယ်အထီးကျန်နေရပါစေ
နောင်တမဲ့စွာနဲ့မြတ်နိူးနေတတ်လိမ့်မယ်တဲ့။
မင်းကိုလူတွေကဘာတွေပဲပြောကြပါစေ
မင်းအသိစိတ်မှာသူဟာအစဉ်အမြဲပါပဲ
မင်းရဲ့နေ့တွေမှာသူဟာရောင်နီပါပဲ
မင်းရဲ့ညတွေမှာသူဟာကြယ်ကလေးပါပဲ။
တကယ်မြတ်နိူးတတ်တဲ့လူတွေကလေ
ရယူခြင်းတွေဆိုတာကိုမေ့ထားတယ်
ပေးဆပ်ခြင်းတွေကိုလည်းဝါမကြွားဘူး။
သူ့ရဲ့အပြုံးဟာမင်းဘဝကြီး
သူ့အဆင်ပြေမှုတွေကမင်းအောင်မြင်မှုတဲ့။
ရလာဒ်ကိုမျှော်ကိုးပြီးဝင်မဖြေတဲ့စာမေးပွဲလိုပဲ
သူသိဖို့မလိုအပ်လောက်အောင်တိတ်တိတ်လေး
သူနားလည်ဖို့မလိုတဲ့ရှင်းပြခြင်းတွေလည်းမရှိ
မြတ်မြတ်နိူးနိူးလေးချစ်နေမိတဲ့မင်းရယ်ပါ။
မြတ်နိူးတယ်ဆိုတာကလေ
ဖြစ်တည်မှုတွေရဲ့လားရာတွေအတိုင်း
တုံ့ပြန်မှုတွေရဲ့ခံစားချက်တွေအတိုင်း
လျစ်လျူရှုမှုတွေရဲ့အထီးကျန်မှုတွေအတိုင်း
ချေမိုးမှုတွေရဲ့ကျန်နေရစ်မှုတွေအတိုင်း
လက်ခံကျေနပ်တတ်တဲ့ဖြူစင်မှုလေးအခြေခံပေါ့။
တကယ်တော့..
မြတ်နိူးမိတယ်ဆိုတာကလေ
မဖိတ်ခေါ်ပဲလာခဲ့တဲ့ခရီးသည်တစ်ဦးလိုပါပဲ
ဧည့်ဝတ်မပျူငှါခဲ့လည်း
ခိုနားခွင့်မတောင်းတဲ့သူရယ်ပါ
အဲဒီသံသရာခရီးကိုတော့
မြတ်မြတ်နိူးနိူးလေးဆက်လျှောက်နေဦးမှာတဲ့
မိုးတွေလည်းသည်းပါစေ
နှင်းတွေမစဲလည်းနေ
နွေကန္တရာလိုပူနေလည်းလေ…….။
ဝေစစ်ဟန်
06/29/2023
နာမည်တစ်ခုကို
ခေါ်မိလိုက်တိုင်း
ရင်ထဲ ဆို့နင့်နေတုန်းပဲ။
မင်းလည်း လွတ်လပ်ပါစေ။
ကိုယ်လည်း လွတ်မြောက်ပါစေ။
Whenever I happen to
call a name out loud,
I always choke up.
May you be free.
Let me be liberated.
သူနဲ့ပတ်သက်ရင်”အစွဲအလန်း”ထားတတ်တာမကြိုက်ဖူးလို့အမြဲပြောခဲ့ဖူးတယ်။
“အသည်းမာ”တတ်တဲ့အကြောင်းကိုတော့လမ်းခွဲတဲ့နေ့မှာသူတွေ့မြင်သွားခဲ့လိမ့်မယ်။
ဒါပေမယ့်…..
ဒီအရာတွေအားလုံး ကို့ဆီမှာတကယ်မရှိခဲ့တာတော့ဒီနေ့အထိသူမသိခဲ့လိုက်ဘူး။
နေ့စွဲတွေလည်းမှတ်မထားပါဘူး။
ဘဝအတွက်သူမရှိတော့ဘူးဆိုတဲ့အသိနဲ့တင်အကြိမ်ကြိမ်ပြိုလဲခဲ့ရပါတယ်။
ဝေစစ်ဟန်
06/29/2023
ဆူးတွေကြောင့်မဟုတ်ဘူး
နှင်းဆီဖြစ်နေလို့သာငြိတွယ်ခဲ့ရသူပါ
မခြွေရက်၊မခူးရက်ခဲ့တဲ့ဘဝမှာ
ဝေးဝေးကလည်းမွှေးရနံ့နဲ့ကျေနပ်ပါတယ်….။
ဝေစစ်ဟန်
ငါ ဟစ်ပီတွေလို ဖြစ်ချင်တယ်။
ဆံပင်အရှည်နဲ့ ကျောပိုးအိတ်တစ်လုံးနဲ့
ဂျင်းပန် အနွမ်း တစ်ထည်နဲ့ ခြေဦးတည့်ရာ
လျှောက်သွားမယ်။
တွေ့တဲ့နေရာမှာ ထိုးအိပ်မယ်။
ဘုရား မရှိခိုးဘူး။
တရားစာ မရွတ်ဘူး။
သောက်တင်း မပြောဘူး။
တစ်ယောက်ထဲကို စူးစူးနင့်နင့် ဘယ်တော့မှ မချစ်ဘူး။
ကိုယ့်အတ္တကို တည်ဆောက်ဖို့အတွက်နဲ့
ဘယ်သူ့ကိုမှ ချစ်တယ်ဆိုတဲ့ စကားနဲ့ မချည်နှောင်ဘူး။
ချစ်ခြင်းမေတ္တာကို ဘယ်တော့မှ တိုက်ရိုက်မပြဘူး။
ငါ့ကို ဘယ်သူမှ မမြင်နိုင်တဲ့ ညဖက်တွေဆို
တနေရာရာကို နာနာကျင်ကျင် ထိုင်ငေးနေမယ်။
မိုးလင်းတိုင်း ဘေးနားက ဖြတ်သွားတဲ့
လမ်းဘေးခွေးတွေက အစ ငါရယ်ပြနေမှာ။
ဒါ ငါ့အဘိဓမ္မာမှာပဲ။
သောက်တလွဲ လူ့အဖွဲ့အစည်းကြီးထဲမှာ လူရာဝင်ဖို့
ကိုယ့်ကိုယ်ကို ရောင်းကုန်တစ်ခုလို သဘောထားပြီး
ပြောင်လက်နေအောင် တိုက်ပြနေရတာ
စိတ်ပျက်တယ်။
အလကား သောက်ရူး လူ့အဖွဲ့စည်းကြီး။
ဒါ့ကြောင့်
ကတ်ကိုဘိန်းဟာ suicideလုပ်သွားတာ။
ဗန်ဂိုးဟာ ဒ့ါကြောင့်
အာလူးစားသူများ ပန်ချီကားကို ဆွဲခဲ့တာ။
ဒါကြောင့် ငါဟစ်ပီတွေလို နေချင်ခဲ့တာ။
ငါသေသွားရင်တောင် ငါ့ဆံပင်တွေက
လေတိုက်ရာကို လွင့်နေဦးမှာ။
ညီမလေးသို့….
ဒီအရပ်မှာဒီမိုးတွေဟာနေ့တိုင်းစွေတယ်
နေ့စဉ်နဲ့အမျှညီမလေးရဲ့စိတ်နဲ့နိူးထပြီး
ရှိုက်သွင်းလိုက်တဲ့လေပြေတွေထဲမှာ
ညီမလေးရဲ့ကိုယ်သင်းရနံ့တွေနဲ့ပေါ့….။
ကောင်းကင်နဲ့ပတ်ဝန်းကျင်ကမှိုင်းပျပျ
အရာရာဟာလွမ်းတဲ့စိတ်အောက်မှာစီးဝင်တယ်
ဒီအချိန်ညီမလေးဘယ်လိုနေရှာလိမ့်မလဲ…
ငါ့ကိုလွမ်းနေမလား သို့တည်းမဟုတ်ပါက
ငါလိုလူပေတစ်ယောက်ကိုမျှော်နေလေမလား။
ကော်ဖီပူပူတွေအငွေ့ပျံပျောက်ဆုံးခဲ့ပါစေ
အဲ့ဒီဆိုင်လေးရဲ့ထောင့်ချိုးတစ်နေရာမှာ
ငါရယ် ညီမလေးရယ် ပန်းတွေခင်းထားခဲ့ဖူးတဲ့
ဟိုတစ်ချိန်ကကော်ဖီဗန်းငယ်ကလေးရယ်
ပြီးတော့ ငါမြတ်နိူးတဲ့စာအုပ်ကလေးတွေရယ်
အဲ့ဒီဆိုင်ကလေးထဲမှာရှိခဲ့ဖူးတာပဲမဟုတ်လား…။
မိုးတွေရွာတဲ့အခါ နေတွေပူတဲ့အခါပဲဖြစ်ဖြစ်
ရခဲ့ဖူးတဲ့အမှတ်တရတွေပြန်တွေ့ရတိုင်း
သေချာတယ်…ငါ့ရဲ့ညီမလေးလွမ်းနေရှာရော့မယ်
တကယ်ပါ….ငါလည်းပဲလွမ်းနေတယ်ဆိုတာသူသိပါစေမိုးရေ…။
သံသရာစက်ဝန်းတစ်နေရာမှာ
တစ်ချိန်ချိန်က ငါတို့ဘာပန်းတွေပျိုးခဲ့ကြလို့
ဆုံတွေ့လာတယ်တော့မသိဘူးညီမလေးရေ
ငါလိုလူဟာစိတ်ရမ္မက်တွေကိုလွှတ်ချရင်းနဲ့
ငါ့နှလုံးသားကသံယောဇဉ်စက်ဝန်းမှာ
ညီမလေးထံအကြိမ်ကြိမ်လွတ်ကျခဲ့ပြန်တယ်….။
နေထွက်တာခြင်းတူပေမယ့်
အိပ်မရတဲ့ညတွေထဲမှာငါတို့နေကြတယ်
အိပ်မရတိုင်းလွမ်းတဲ့စိတ်တွေနဲ့ရှင်သန်တယ်
ညီမလေးရဲ့အိမ်မက်တွေ၊နေ့တွေ၊ညတွေတိုင်းမှာ
ငါ့အလွမ်းတွေနဲ့တေးသွားလှလှတွေရင့်ကျူးကြပါစေလေ….။
ညီမလေးရေ….
နေကောင်း ကျန်းမာပါစေ
အန္တရာယ်ကင်းလို့ ဘေးရန်ရှင်းပါစေ
ငါပို့သတဲ့မေတ္တာ ငါ့အလွမ်းသစ္စာတွေကြောင့်
ငါ့ရဲ့ညီမလေးပန်းကလေးလိုလန်းဆန်းပါစေ….။
ကမ္ဘာမှာကြယ်တွေထွက်လေတိုင်းပဲ
ချစ်တဲ့သူတိုင်းလည်းပြန်ဆုံကြပါစေလေ…။
ဝေစစ်ဟန်
နှုတ်ဆက်လမ်းခွဲချိန်တွေဟာ
ကြေကွဲဖို့ကောင်းတယ်ဆိုရင်လေ
ခဏလေးတောင်တွေ့ခွင့်မရလိုက်တဲ့သူတွေ….
ပြုံးလို့တောင်မပြလိုက်ရတဲ့သူတွေ….
တစ်နည်းနည်းနဲ့မှနှုတ်ဆက်ခွင့်မရလိုက်ကြတဲ့သူတွေအပေါ်….
ငါတို့မတရားသလိုဖြစ်နေမှာပေါ့….
ကမ္ဘာဟာဆုံးမှတ်ရှိပါတယ်….
မငိုကြွေးဖို့တောင်းဆိုရင်းနဲ့…..
မဆုံနိူင်ကြတော့တဲ့ကြယ်လေးတွေအတွက်ဆုတောင်းမယ်…..
ငါတို့လည်းတစ်နေ့ပြန်ဆုံတွေ့မယ်….
ကမ္ဘာဟာတကယ်ပဲဆုံးမှတ်ရှိပါတယ်လေ…..။
ဝေစစ်ဟန်
ကျွန်တော့်အိမ်မက်တွေဟာခင်ဗျားပဲ
ငှက်တွေလိုမပျံနိူင်မှန်းသိတယ်
ငါးတွေလိုမကူးနိူင်မှန်းလည်းသိတာပဲ
ရေလိုအေးတဲ့အရပ်မှာ
ပန်းရနံ့မွှေးတဲ့လေပြေတွေမှာ
ခင်ဗျားကိုကြည်နူးစေချင်တာမျိုး
ခင်ဗျားကိုပျော်ရွှင်စေချင်တာမျိုးတွေက
အိမ်မက်တွေမဟုတ်လား….။
အရင်ကတော့ငေးနေရုံလေးပဲ
အချိန်တွေကစကားပြောတယ်ထင်ပါရဲ့
ခင်ဗျားမှမဟုတ်ရင်ဘာမှမမက်မောတော့ဘူး
ပိုင်ဆိုင်ချင်လာတာကျွန်တော့်အတ္တဆိုပါတော့
ဝန်ခံပါတယ်….ကျွန်တော်အတ္တကြီးတယ်။
အသက်တစ်ရာမနေရလဲဘာအရေးလဲ
တစ်ရက်ဖြစ်စေ တစ်မနက်ဖြစ်ပါစေ
အဲဒီခင်ဗျားလေးရင်ခွင်မှာသာနေခွင့်ရစမ်း
လူဖြစ်ရကျိုးနပ်တယ်လို့ခံယူမယ့်ကောင်။
သံယောဇဉ်ကြီးတဲ့ သွေးအေးတဲ့ကောင်ကလေ
ခင်ဗျားကိုချစ်တာ နန်းဆန်လို့လည်းမဟုတ်
ဘာကြောင့်မှမဟုတ်ဘူး…..
ချစ်လို့ချစ်တယ်ဆိုတာမျိုးနဲ့
ကောင်လေးကကောင်မလေးကိုချစ်တာ
ဒီလိုဇာတ်လမ်းရိုးရိုးလေးနဲ့ပဲ
တကယ်ပါ…ဘာကြောင့်မှမဟုတ်ပါဘူး….။
ဝေစစ်ဟန်
ဒီနှစ်ဆောင်းမှာကျွန်တော်တို့ရဲ့မြို့အစွန်လေးကတိမ်ပင်လယ်ဆီသွားဖြစ်တယ်"နွေ".......
ကော်ဖီပူပူလေးတစ်ခွက်ရယ် "နွေ"သိပ်ကြိုက်တဲ့အလွမ်းကဗျာစာအုပ်လေးတစ်အုပ်ရယ် ပြီးတော့ရွက်ဖျင်တဲလေးရယ်.......
နှင်းမိုးတွေရွာနေတဲ့မြင်ကွင်းကို"နွေ့"ကိုခေါ်ပြလိုက်ချင်တယ်...လွမ်းစရာကြီးပေါ့.....
အလွမ်းဖြေဖို့သွားပေမယ့်....အလွမ်းတွေမပြေခဲ့ပြန်ဘူးလေ.....
ဟိုအရင်ကဆိုရင်ကော်ဖီပူတစ်ခွက်အတူတူသောက်ရင်း ကျွန်တော်ဖတ်ပြတဲ့ကဗျာလေးတွေကိုခံစားနေတတ်တဲ့"နွေ့"အကြောင်းတွေးရင်း ဒီနှစ်တော့ကော်ဖီတွေအေးသွားမှသောက်ဖြစ်ခဲ့တယ်.....
"နွေ"ရဲ့အကြောင်းတွေအများကြီးမသိလိုက်ရဘူး.......
ကြယ်တွေထွက်ချိန်မတူညီတဲ့ကမ္ဘာတစ်ခြမ်းဆီကို"နွေ"ထွက်ခွာသွားတာကလွဲရင်ပေါ့........ဒီနှစ်တော့ကဗျာစာအုပ်လေးလည်းမဖတ်ဖြစ်ခဲ့လိုက်ပါဘူး......
ဝေးမယ်ဆိုတာသိလျက်နဲ့ မတားဖြစ်ခဲ့တာကလွဲရင်.....
သေလောက်အောင်လွမ်းရတော့မှာသိနေပေမယ့် မပြောဖြစ်ခဲ့တဲ့အကြောင်းတွေ....
အမြတ်တနိူးနမ်းရှိုက်တတ်တဲ့ဆံနွယ်ရှည်လေးတွေရဲ့ရနံ့တွေ.......
အရာရာအားလုံးပြီးခဲ့ပေမယ့် စာတန်းတော့မထိုးချင်သေးဘူး"နွေ"..........The End....ဆိုတဲ့စာလုံးလေးနောက်ကွယ်ကဒဏ်ရာတွေကိုဖုံးထားပါတယ်..
နှင်းတွေကတော့အရင်လိုကျနေတုန်းပဲ....ပိုလို့တောင်ကျနေသလိုပါပဲလေ...
လာမယ့်နှစ်ဆောင်းမှာတော့ ကော်ဖီပူနဲ့ကဗျာစာအုပ်လေးရဲ့ဇာတ်ကိုသိမ်းနိူင်ဖို့အားတင်းရဦးမယ်....
မနှစ်ကတွေးခဲ့သလိုပေါ့......"နွေ"ရှိတဲ့အရပ်မှာကြယ်တွေစုံပါစေ...။
ဝေစစ်ဟန်
တချို့တွေကနေရာအသစ်မှာနေသားကျနေပေမယ့်
တချို့တွေကနေရာအဟောင်းလေးထဲမှာနေသားကျနိူင်ဖို့တောင်ကြိုးစားနေရရှာတယ်
ကိုလည်းအဲဒီလိုပါပဲလေ......စံပယ်ပင်အိုခင်းလေးထဲမှာ မင်းထားခဲ့တဲ့နေရာလေးအတွက်ထွန်ယက်နေတုန်း.....
ဝေစစ်ဟန်
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Springfield, IL