Su Phone Mo
A founder of TMBS, TME & Curi. A lover of fashion, books, beauty & plants
An essentialist at heart.
A public educator by passion.
🎓Pursued Psychology, Law, Cosmetic Technology & Marketing.🎓
You’re the visual witness to my learning journey.
09/16/2026
Product တစ်ခုကို ဖန်တီးပြီး market ထဲပို့လိုက်တာနဲ့ အဆုံးမဟုတ်ဘူး။ တကယ်သုံးတဲ့သူတွေဆီက experience ကို ပြန်နားထောင်ရတာက ပိုအရေးကြီးတယ်။
ကောင်းတာကို ကောင်းတဲ့အတိုင်းပြောပေးတာ၊ မကြိုက်တာရှိရင်လည်း အမှန်အတိုင်းပြောပေးတာ—ဒီလို feedback တွေကပဲ product ကို ပိုကောင်းလာအောင်လုပ်ပေးတာပါ။
Zero Oil Shampoo ကို စမ်းသုံးပြီး experience ကို ပြန်မျှဝေပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် 🤍
ခေါင်းလျှော်မယ်ဆို The Mix Essential ကိုသတိရလိုက်ပါ။ 😁
ဆုရဲ့ Learning Method ကိုပြောဦးမယ်။
ဆုက အခု ထိုင်းစာသင်နေတယ်။
တစ်ခုခုကို တက်ချင်ရင် သူများကိုသင်ရတယ်။
အခုက ကိုယ်က သင်နေတော့ ဘယ်လိုမှ ပြန်သင်ဖို့မလွယ်ဘူး။
ဖြစ်ချင်တော့ ဒီလက CURI bookclub မှာ Learning method တွေမျှဝေတဲ့ လ ဖြစ်နေတယ်။
အိုကေလေ။
မနက်ဖြန် ထိုင်းစာကို ချက်ချင်းမှတ်မိစေမဲ့နည်းလမ်းကို သင်မယ် လို့ စဉ်းစားထားတယ်။
သူတို့လည်း Memory practice လုပ်ဖြစ်ပြီးတော့
ကိုယ်လည်းထိုင်းစာရ။
စာအုပ်ကအတွေးကိုလည်း လက်တွေ့ အကောက်အထည်ဖော်။
ဟုတ်တော့ဟုတ်နေပြီ။ 😂
လူတွေက မေ့တတ်တယ်။
Context ပျောက်တတ်တယ်။
တစ်ခါတလေ
အရင်က ဆုံးဖြတ်ခဲ့တာကိုတောင်
ပြန်ရှာဖို့ အချိန်ကုန်တယ်။
ဒါကြောင့် chatbot တစ်ခုတည်ဆောက်ရင်
မေးတာဖြေတတ်ရုံနဲ့
မလုံလောက်ဘူးလို့ ဆုထင်တယ်။
System လိုတယ်။
ဒါပေမယ့်
system တစ်ခုတည်းလည်း မလုံလောက်ဘူး။
ရေရှည်ဗျူဟာလည်း လိုတယ်။
ဒီနေ့အတွက် အလုပ်လုပ်ရုံမဟုတ်ဘဲ
တစ်နှစ်၊ နှစ်နှစ်ကြာလာတာနဲ့
ပိုအသုံးဝင်လာမယ့်ပုံစံနဲ့ တည်ဆောက်ရတယ်။
အရင်ဆုံး
ဘာကို memory ထဲထားမလဲ
ဘာကို မထားသင့်လဲ သတ်မှတ်ရတယ်။
Conversation တိုင်းကို
permanent memory မလုပ်ဘူး။
Confirmed decision,
task,
useful knowledge
လို အရာတွေပဲ
ရေရှည်သိမ်းတယ်။
ပြီးတော့
Document တွေကိုလည်း
စုပုံထားတာမဟုတ်ဘူး။
ပြန်ရှာနိုင်အောင် စနစ်ချတယ်။
Live data လိုရင်
source နဲ့ ချိတ်တယ်။
Storage ကို
purpose အလိုက် ခွဲထားတယ်။
Permissions ကိုလည်း
အစကတည်းက သတ်မှတ်ထားတယ်။
ဖတ်ခွင့်ရှိတာနဲ့
ပြင်ခွင့်ရှိတာ
မတူဘူး။
Automation တစ်ခုက
အလုပ်လုပ်တယ်ဆိုတာနဲ့
ကောင်းတဲ့ system မဖြစ်သေးဘူး။
ကြာလာတာနဲ့
memory ပိုရှုပ်မသွားရဘူး။
Data ပိုများလာတာနဲ့
ရှာဖို့ပိုခက်မသွားရဘူး။
Tool ပိုများလာတာနဲ့
control ပိုလျော့မသွားရဘူး။
ဒီနေရာမှာ
strategy ဝင်လာတယ်။
ဘာကို centralized လုပ်မလဲ။
ဘာကို separate ထားမလဲ။
ဘယ်အရာကို automate လုပ်မလဲ။
ဘယ်အရာမှာ လူက ဆုံးဖြတ်ရမလဲ။
ဘယ် memory ကို ပြန်သုံးမလဲ။
ဘယ် data ကို မသိမ်းသင့်လဲ။
ဘယ် action ကို permission မရှိဘဲ
မလုပ်သင့်လဲ။
ဒီဆုံးဖြတ်ချက်တွေက
bot ရဲ့ intelligence ထက်
ပိုအရေးကြီးလာတယ်။
ဆုအတွက်တော့
AI က brain ဖြစ်တယ်။
Workflow က nervous system ဖြစ်တယ်။
Storage က memory ဖြစ်တယ်။
Connections တွေက hands ဖြစ်တယ်။
Permissions တွေက boundaries ဖြစ်တယ်။
ပြီးတော့
Strategy က ဒီ system က
ဘယ်ဘက်ကို ကြီးထွားမလဲဆိုတာ
ဆုံးဖြတ်ပေးတဲ့ direction ဖြစ်တယ်။
ဒီနေ့ message တစ်ခုကို
ဖြေနိုင်တာက success မဟုတ်ဘူး။
အချိန်ကြာလာတာနဲ့
ပိုသိလာတယ်။
ပိုမှန်လာတယ်။
ပိုကောင်းတဲ့ context ရလာတယ်။
အလုပ်တွေကို
ပိုနည်းတဲ့ friction နဲ့
ဆက်လုပ်နိုင်လာတယ်။
အဲ့ဒီအချိန်မှ
chatbot တစ်ခုက
tool တစ်ခုထက်ပိုလာတယ်။
တဖြည်းဖြည်း
digital teammate ဖြစ်လာတယ်။
AI နဲ့ လုပ်ငန်းလည်ပတ်နေတဲ့သူတွေအတွက်
အကျိုးရှိမယ်ထင်ပါတယ်။
09/07/2026
If my energy were a dress, it’d be this one.
လူတွေရဲ့ ဆက်ဆံပုံကို ပြောင်းချင်ရင်
Drama cycle ကို ဖြတ်။
Loop ကို မဖြတ်နိုင်ဘဲ
ဆက်ဆံရေး မကောင်းကြောင်းပဲ ပြောနေရင်
အဲဒီ cycle ကို facilitate လုပ်နေတာနဲ့ အတူတူပဲ။
Pattern ကို ဖြတ်တယ်ဆိုတာ
လူကို ဖြတ်ထုတ်တာ မဟုတ်ဘူး။
Relationship က ရှိနေတုန်းပဲ။
အရင်လို ဆက်ဆံပုံကိုပဲ
ထပ်ဖြစ်ခွင့်မပေးတော့တာ။
Provoke လုပ်တိုင်း react လုပ်ခဲ့ရင်
အခု react မလုပ်တော့ဘူး။
Guilt ပေးတိုင်း လိုက်ရှင်းပြခဲ့ရင်
အခု လိုက်မရှင်းတော့ဘူး။
Boundary ကျော်တိုင်း
ဘာမှမဖြစ်သလို ပြန်နေခဲ့ရင်
အခု အဲဒီနေရာမှာ boundary ထားတယ်။
Pattern တစ်ခု ဆက်ဖြစ်နေတာက
တူညီတဲ့ behavior တွေအတွက်
တူညီတဲ့ response ရနေခြင်းပဲ။
Response ပြောင်းသွားတဲ့အခါ
pattern ကလည်း အရင်အတိုင်း ဆက်လည်ဖို့ ခက်သွားတယ်။
လုပ်ငန်းခွင်မှာလည်း ဒီသဘောပဲ။
Culture ကို ဖျက်နေတဲ့ behavior ကို
ဆက်ဖြစ်ခွင့်ပေးထားပြီး
culture ကောင်းလာဖို့ မျှော်လင့်လို့မရဘူး။
မိတ်ဆွေကြားမှာလည်း
friendship ကို ဆက်ထားလို့ရတယ်။
ဒါပေမယ့် disrespect နဲ့ drama ကို
friendship ရဲ့ ပုံမှန်ဆက်ဆံပုံအဖြစ်
ဆက်ထားစရာမလိုဘူး။
Relationship တစ်ခု ပြောင်းဖို့
တစ်ဖက်လူ အရင်ပြောင်းလာဖို့ မလိုဘူး။
တစ်ခါတလေ
loop ထဲက role တစ်ခု ပြောင်းသွားတာနဲ့
relationship တစ်ခုလုံးရဲ့ dynamic ပြောင်းသွားတယ်။
ဒီတစ်ပတ် Mr.Bhone Podcast မှာ
The Mix By Su ရဲ့ founder Su Phone Mo နဲ့အတူ
" The Psychology of Building a Business "ဆိုတဲ့
ခေါင်းစဉ်နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်
ဒီ Episode မှာ အဓိကပြောဖြစ်တာက-
Business တစ်ခုတည်ဆောက်တာက
Strategy, Marketing, Money တွေအကြောင်းပဲ မဟုတ်ဘဲ
Business တစ်ခုရဲ့နောက်မှာ
Founder တစ်ယောက်ရဲ့ Psychology, Vision, Taste နဲ့ လူတွေကို နားလည်နိုင်စွမ်း က အများကြီးသက်ရောက်တယ်ဆိုတဲ့အကြောင်း
အထူးသဖြင့် AI ခေတ်မှာ
Technology က လူတိုင်းအတွက် ပိုပြီး accessible ဖြစ်လာလေလေ
Art, Taste, Human Connection နဲ့ Psychology တွေက ပိုတန်ဖိုးရှိလာမယ်ဆိုတာတွေကိုဆွေးနွေးဖြစ်ခဲ့တယ်
Long form podcast အပြည့်အစုံကို YouTube မှာ ကြည့်လို့ရပါပြီ။
(Video Link in Comment)
ဆုရဲ့ learning blueprint ကို သိချင်ရင်တော့
September Bookclub ကို welcome ပါ။
နောက်လမှာတော့ စကားတွေပြောပြီး awareness / reflection လုပ်မှာမဟုတ်ဘဲ နေ့စဉ်အသုံးပြုနေတဲ့ learning system ကိုအပတ်စဉ် ဆွေးနွေးမှာဖြစ်ပါတယ်။
Sep လအတွက် book club weekly meeting ကို တော့ အခြား လတွေနဲ့ မတူအောင် စီစဉ်ထားတယ်။
- Second Brain tools အကြောင်းမျှဝေမယ်။
- Note taking techniques တွေမျှဝေမယ်။
- memory training ပါမယ်။
- AI ကို နေ့စဉ်ဘ၀မှာ chatbot ထက်ပိုအောင် ဘယ်လိုအသုံးပြုလဲ မျှဝေမယ်။
ပုံမှန် လတွေနဲ့ တူမှာတော့မဟုတ်ဘူး။
Technology နဲ့ Learning စိတ်ဝင်စားရင်တော့ ပါဝင်သင့်ပေမဲ့
စာအုပ်ဖတ်မယ်၊ Action plan လုပ်မယ်ဆိုရုံပဲဆိုရင်တော့ မပါလည်းရပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
1420 James Street
Springfield, IL
62703