Su Phone Mo
You're the visual witness of my learning journey.
စာအုပ်ရွေးပေးကြပါဦး။
အကြံမပေးသင့်ဆုံးလူတွေက
"ဘာပြောပြော ဒီပြဿနာက ရှင်းမရဘူး" ဆိုတာကို ပြိုင်ငြင်းချင်နေတဲ့သူမျိုးတွေပဲ။
ကိုယ်က Solution တစ်ခုပေးရင်
"Yes, But" ဆိုပြီး ငြင်းဖို့ အသင့်ရှိနေတတ်တယ်။
နောက်ထပ် Idea တစ်ခုပေးရင်လည်း
မရနိုင်တဲ့အကြောင်းပြချက်က ရှိနေပြန်ရော။
(ဆွေးနွေးချက်ကို rejection မလုပ်ရဘူးမဆိုလိုပါ။
ဆွေးနွေးချက်ကို နားထောင်ဖို့ထပ် ငြင်းဖို့ negative bias နဲ့ အမြင်ကိုပိတ်လိုက်တဲ့ conversation မျိုးကိုဆိုလိုတယ်။)
Logically ၁၀၀ ရာခိုင်နှုန်း သေချာမှလုပ်မယ်ဆိုရင်
အမြဲနောက်ကျနေလိမ့်မယ်။
ဒါကို Eric Berne က "Yes, But" Game လို့ ခေါ်ခဲ့တယ်။
Transactional Analysis အရ
Game ဆိုတာ အတွင်းထဲမှာ Hidden agenda ရှိနေတတ်တယ်။
ဒီ Game ရဲ့ ရည်ရွယ်ချက်က
Solution မဟုတ်ဘဲ အဖြေမရှိဘူးဆိုတာ သက်သေတည်ချင်စိတ် နဲ့ ထိန်းချုပ်ခြင်းစိတ် ပဲ။
ဦးနှောက်က ကိုယ့် Problem ကို
ဘယ်သူမှ မဖြေရှင်းနိုင်ဘူးဆိုတာမျိုး သက်သေပြချင်နေတယ်။
ဒါမှလည်း ကိုယ့် Situation က တကယ်ဆိုးနေတယ်လို့
Justify လုပ်လို့ရမှာ ဖြစ်တယ်။
အဲတော့မှလည်း အခုပုံစံလေးအတိုင်းပဲ
ဘာမှမပြောင်းလဲဘဲ ဒီအတိုင်း နေတာ မှန်တယ်လို့
သူတို့ကို သူတို့ လိမ်နေလို့ရမှာဖြစ်တယ်။
ဆုတို့ကိုယ်တိုင် ဒီ Game ကစားနေလားဆိုတာ
သေချာပြန်စစ်ကြည့်ဖို့ လိုတယ်။
- တူညီတဲ့ Problem ကို လူ ၃ ယောက်ထက်ပိုပြီး ပြောပြဖူးသလား။
- Solution ကြားတိုင်း "ဒါပေမဲ့" နဲ့ စတာ ၂ ခါထက်ပိုနေပြီလား။
- ပြောပြီးရင် စိတ်ထဲ ပိုကောင်းမလာဘဲ ပိုဆိုးသွားတတ်သလား။
ပိုဆိုးသွားတယ်ဆိုရင်တော့ Solution ရှာတာမဟုတ်ဘဲ
Sympathy ရှာနေတာပဲ ဖြစ်မယ်။
ကိုယ်တိုင် ကစားနေမိရင်တော့
Solution လိုချင်တာလား၊
ဆင်ခြေရှာနေတာလားဆိုတာ ပြန်စဉ်းစားသင့်ပြီ။
05/07/2026
Creatine ဆိုတာ Gym သွားမှ
သောက်ရတာ မဟုတ်ဘူး။
အိပ်ရေးပျက်တဲ့သူ၊ အလုပ်များသူနဲ့ ပင်ပန်းနေတဲ့သူတွေအတွက်လည်း အသုံးဝင်တယ်။
🔵ဦးနှောက်နဲ့ Creatine
ဦးနှောက်က ခန္ဓာကိုယ်အလေးချိန်ရဲ့ 2% ပဲ ရှိပေမဲ့ Energy သုံးစွဲမှုမှာတော့ 20% အထိ ယူထားတာပါ။
အိပ်ရေးပျက်တဲ့အခါ
ဒီ Energy system က အရင်ဆုံး ထိခိုက်တယ်။
ATP ပြတ်လပ်လာလို့ ဆုံးဖြတ်ချက်ချရ ခက်လာပြီး စကားလုံးတွေ ရှာမရတော့တာမျိုး ဖြစ်တတ်တယ်။
အများစုက Caffeine ကိုပဲ အားကိုးကြပေမဲ့
သူက ပင်ပန်းမှုကို မဖြေရှင်းဘဲ ဖုံးကွယ်ထားရုံပဲ ရှိတယ်။
Adenosine receptor ကို Block လုပ်ပြီး
Signal ပိတ်လိုက်တာမို့ Effect ကုန်သွားရင် Crash ဖြစ်တာပါ။
Creatine ကတော့ မတူဘူး။
Phosphocreatine (PCr) system ကတစ်ဆင့် Brain cell တွေထဲ ATP ကို တိုက်ရိုက် Refill လုပ်ပေးတယ်။
Signal ပိတ်တာမဟုတ်ဘဲ Fuel တကယ်ဖြည့်ပေးတာပါ။
Nature Scientific Reports (2024) study အရ ၂၁ နာရီကြာ အိပ်ရေးပျက်ထားပေမဲ့ Creatine သောက်ထားရင်
Processing speed နဲ့ Working memory ကျမသွားအောင် သိသိသာသာ ထိန်းပေးနိုင်တာ တွေ့ရတယ်။
🔵ကြွက်သားနဲ့ Creatine
Gym ဆော့တဲ့သူတွေအတွက်ဆိုရင် Muscle cell တွေထဲ ရေဓာတ် ပိုဆွဲပေးတယ်။
Cell volume တက်လာတဲ့အခါ Protein synthesis signal ပိုထွက်လာတယ်။
ဒါကြောင့် Strength တက်ပြီး Recovery ပိုမြန်လာတာပါ။
Meta-analysis တွေအရ Resistance training နဲ့ တွဲသုံးရင် Strength gain က Placebo ထက် 8% ပိုမြင့်တယ်။
Gym မသွားဘဲ သောက်ရင်လည်း Stress ကြောင့်ဖြစ်တဲ့ Muscle breakdown ကို နှေးကွေးစေပါတယ်။
🔵ဆိုးကျိုးနဲ့ သိထားသင့်တဲ့အချက်များ
တကယ်ဖြစ်နိုင်တာကတော့ ရေဓာတ်ကြောင့် ဝိတ် 1-2kg တက်နိုင်တယ်။ Fat မဟုတ်လို့ သောက်ရပ်လိုက်ရင် ပြန်ကျသွားမှာပါ။
တချို့မှာ အစာအိမ် အနည်းငယ် အဆင်မပြေဖြစ်နိုင်လို့ အစားအစာနဲ့အတူ သောက်ရင် ပိုအဆင်ပြေတယ်။
🔵အယူအဆအမှားတွေနဲ့ ပတ်သက်ရင်တော့-
• ကျောက်ကပ်ပျက်ခြင်း: ကျန်းမာတဲ့သူတွေအတွက် နှစ် ၂၀ ကျော် Research တွေမှာ အထောက်အထား မရှိဘူး။
• Blood creatinine တက်ခြင်း: ဒါက ကျောက်ကပ်ပျက်တာမဟုတ်ဘဲ သောက်ထားလို့ဖြစ်တဲ့ Normal process ပဲ။
🔵သတိထားရမယ့်သူ: ကျောက်ကပ်ရောဂါရှိသူနဲ့ ကိုယ်ဝန်ဆောင်တွေကတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်တယ်။
🔵သောက်နည်း
Creatine monohydrate 3–5g ကို တစ်နေ့တစ်ကြိမ် ပုံမှန်သောက်ပေးရုံပါပဲ။
Loading phase မလိုသလို Consistent ဖြစ်ဖို့က အဓိကပါ။ ရေများများသောက်ပေးဖို့တော့ လိုမယ်။
အိပ်ရေးပျက်တဲ့ညတွေမှာ ဦးနှောက်နဲ့ ကြွက်သားတွေကို ကာကွယ်ဖို့အတွက်တော့ အကောင်းဆုံးပဲ။
တစ်ပတ်မှာ ဘဝပြောင်းလောက်တဲ့
ဆုံးဖြတ်ချက် ဘယ်နှစ်ခု ချဖြစ်လဲ။
အများစုကတော့ မရှိသလောက်ပါပဲ။
အလိုအလျောက် ဖြစ်သွားတဲ့ Default တွေပဲ ရှိတယ်။
Kahneman ပြောသလို လူတွေရဲ့ ဆုံးဖြတ်ချက် အများစုဟာ
ရွေးချယ်တာ မဟုတ်ဘဲ Pattern အတိုင်း ဖြစ်သွားတာမျိုးပါ။
ဦးနှောက်က အရေးကြီးတာထက်
အလောတကြီး ဖြစ်နေတာကိုပဲ အာရုံစိုက်တတ်တယ်။
ဒါကြောင့် လိုအပ်တဲ့ အချက်ပြ Signal တွေကို မမြင်မိတော့ဘူး။
ဒါကို ပြန်ထိန်းဖို့ တစ်ပတ်တစ်ကြိမ် (၁၅) မိနစ် အချိန်ပေးပြီး
ဒီမေးခွန်းတွေ မေးကြည့်ပါ။
* ဒီအပတ်မှာ ကိုယ်တိုင် သတိရှိရှိ ဆုံးဖြတ်ခဲ့တာ ဘာရှိလဲ။
* (၃) လကြာရင် ဘဝကို ထိခိုက်စေမယ့် ဆုံးဖြတ်ချက်က ဘာလဲ။
* အမြဲတမ်း ဖြစ်နေကျ ပုံစံခွက်တစ်ခုကို ဒီအပတ်မှာ ဖောက်ထွက်နိုင်ခဲ့လား။
ဒီအပတ်အတွက် Signal တစ်ခုမှ မပြောနိုင်ရင်တော့ ကိုယ်က Noise တွေကိုပဲ စီမံခန့်ခွဲရင်း အချိန်ကုန်နေခဲ့တာလည်း ဖြစ်နေနိုင်တယ်။
Fruit Juice သောက်တာ တကယ်ရော အလုပ်ဖြစ်ရဲ့လား။
Fruit juice သောက်တာ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာ
တကယ်တော့ အယူအဆအမှားကြီးပါ။
သစ်သီးနဲ့ ဖျော်ရည်မှာ Sugar content တူချင်တူမယ်။
ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ အလုပ်လုပ်ပုံချင်းကတော့ လုံးဝမတူပါဘူး။
ကွာခြားချက်က တစ်ခုတည်းပါ — Fiber matrix။
သစ်သီးထဲမှာ သကြားဓာတ်က အမျှင်ဓာတ် (Fiber) တွေကြားထဲ ညှပ်နေတာပါ။
ဒါကို Intrinsic sugar လို့ ခေါ်ပါတယ်။
သူက ခန္ဓာကိုယ်ထဲကို ဖြည်းဖြည်းချင်းပဲ
စိမ့်ဝင်တာမို့ Blood sugar ရုတ်တရက် တက်မလာသလို
ဗိုက်လည်း ပိုအဆာခံပါတယ်။
Juice လုပ်လိုက်ပြီဆိုတာနဲ့ Fiber matrix ပျက်သွားပြီး
သကြားဓာတ်က Free sugar ဖြစ်သွားရော။
အဲဒီအခါ ခန္ဓာကိုယ်က Soft drink ထဲက သကြားလိုပဲ တန်းပြီး Process လုပ်လိုက်တာကြောင့်
Blood sugar မြန်မြန်တက်၊ မြန်မြန်ပြန်ဆာ ဖြစ်လာတာပါ။
အခြေခံအားဖြင့်တော့ သကြားရည် သောက်နေတာနဲ့ အတူတူပါပဲ။
Research တွေအရဆိုရင်
တစ်နေ့ကို Fruit juice 250ml ထက် ပိုသောက်တာက
Type 2 diabetes၊ သွေးတိုးနဲ့ ဝိတ်တက်လာဖို့ Chance ပိုများစေပါတယ်။
သစ်သီးကို ဒီအတိုင်းစားရင်တော့ အဲဒီရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်။
အသီးချင်းတူပေမဲ့ စားတဲ့ပုံစံမတူရင် ရလဒ်က ပြောင်းပြန်ပါ။
Juice သောက်မယ်ဆိုရင်
ဖျော်သောက်ဖို့ သင့်တော်တဲ့ အသီးအရွက်တွေက
Kale၊ Spinach၊ Celery၊ Carrot နဲ့ Cucumber တို့ပါ။ Nutrient မြင့်ပြီး သကြားဓာတ် နည်းပါတယ်။
Juice မလုပ်သင့်တာတွေကတော့ လိမ္မော်သီး၊ ဖရဲသီး၊ သရက်သီးတို့ပါ။
Fiber တွေ ကုန်သွားရင် Free sugar ပဲ ကျန်တော့လို့ပါ။
တကယ်လို့ အချိုများတဲ့ Fruit juice သောက်ချင်တယ်ဆိုရင်
တစ်နေ့ကို 4–8 oz ထက် မပိုပါစေနဲ့။ Cucumber juice နဲ့ ရောပြီး သောက်တာ ပိုကောင်းပါတယ်။
သစ်သီးကို ဖျော်ရည်လုပ်လိုက်တဲ့အချိန်မှာ Structure ရော
ကျန်းမာရေးအတွက် ကောင်းကျိုးတွေရော ပျောက်သွားတတ်ပါတယ်။ နောက်ဆုံးမှာ သကြားရည်ပဲ ကျန်ခဲ့တာပါ။
ပုံ
၂၀၁၈ ထဲကအသီးဖျော်ကို ကြိုက်လွန်းလို့ နေ့တိုင်းသောက်ပြီးတော့
ကျန်းမာရေးနဲ့ မညီဘူးဆိုလို့ မသောက်တော့တဲ့သူပါ။ :(
Curiosity မှာ အဆင့် သုံးဆင့် ရှိတယ်။
တော်တော်များများက ပထမအဆင့်မှာတင် လည်နေတတ်တယ်။
—
ပထမအဆင့် — Diversive Curiosity
အသစ်အဆန်းတွေ မြင်ချင်တယ်။
ထူးဆန်းတာတွေ့ရင် click လုပ်မယ်။
Scroll ဆင်းမယ်။ Video ကြည့်မယ်။ Tab တွေ အများကြီး ဖွင့်ထားမယ်။
ဒါပေမဲ့ နက်နက်နဲနဲ မရှိဘူး။
တစ်ခုကို အဆုံးထိမသွားဘဲ နောက်တစ်ခုကို ချက်ချင်းကူးတယ်။
ဒါက curiosity လားဆိုရင် — ဟုတ်တော့ ဟုတ်တယ်။
ဒါပေမဲ့ surface level ပဲ ရှိသေးတယ်။
—
ဒုတိယအဆင့် — Epistemic Curiosity
မသိတာကို တကယ် သိချင်လာတာ။
Answer ကို ချက်ချင်းမရလည်း အလွယ်တကူ လက်မလျှော့ဘူး။
Question ကို သေချာ ကိုင်ထားနိုင်တယ်။
ဒီ level ရောက်မှ တကယ် learn လုပ်တာ စတယ်လို့ ပြောလို့ရတယ်။
ဒီ level ရောက်မှ တစ်ခုခုမှာ deep ဖြစ်လာတာ။
—
တတိယအဆင့် — Empathic Curiosity
လူတစ်ယောက်ကို ကြည့်တဲ့အခါ —
"သူ ဘာကြောင့် ဒါကို လုပ်တာလဲ" ဆိုတာကို တကယ် သိချင်တာ။
Judge လုပ်ဖို့ မဟုတ်ဘဲ သူ့ဘက်ကနေ နားလည်ဖို့ ကြိုးစားတာ။
ဒီ level ရောက်တဲ့သူက relationship ကောင်းတယ်။
လူတွေအကြောင်းကို တကယ် နားလည်လာတယ်။
—
ကိုယ့်ကိုကိုယ် ပြန်စစ်ကြည့်ဖို့က ပိုရိုးရှင်းလာတယ်။
Content တစ်ခု ကြည့်ပြီးသွားရင်
"ဘာ သိသွားလဲ" လို့ ပြန်မေးကြည့်။
လူတစ်ယောက်နဲ့ စကားပြောပြီးရင်
"သူ့အကြောင်း ဘာ နက်နက်ရှိုင်းရှိုင်း ဘာသိသွားလဲ" လို့ ပြန်မေးကြည့်။
တကယ်လို့ ဖြေစရာမရှိရင် —
ပထမအဆင့်မှာပဲ ရှိနေနိုင်သေးတယ်။
—
Curious ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာထက် —
ဘယ် direction ကို curious ဖြစ်နေတာလဲဆိုတာက ပိုပြီး ကိစ္စရှိတယ်။
သင်္ကြန်ပြီးထဲက Scrub Review တွေချည်းပဲ။
ကျေနပ်။
ကျေးဇူးတင်ပါတယ်။ ညီမလေးရေ။
ဘ၀မှာ Identity Shift ဖြစ်ခဲ့တဲ့ အချိန်တွေ အများကြီးပဲ။
အဲဒီအချိန်တွေကပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ကယ်နိုင်ခဲ့သလို
“New Confidence” ကိုလည်း ပေးခဲ့တယ်။
“New Confidence” ဆိုတာ ဘာလဲ။
Confidence ဆိုတာ တစ်ကြိမ်ရရုံနဲ့ ထာဝရမြဲနေတဲ့ asset မဟုတ်ဘူး။ သူက Domain-specific ဖြစ်တယ်။ ဘောလုံးကန်တော်တိုင်း Basketball ဆော့တာ တော်မှာမဟုတ်ဘူး။ Identity ပြောင်းတိုင်း၊ domain အသစ်ထဲ ရောက်တိုင်း Confidence က အဲနယ်ပယ်နဲ့ပတ်သက်တာကို Zero ကနေ ပြန်စတယ်။
အရင်နယ်ပယ်တွေက ရခဲ့တဲ့ ‘Self-efficacy’ (ငါလုပ်နိုင်တယ်ဆိုတဲ့ အခြေခံစိတ်) ကတော့ ပါလာနိုင်ပါတယ်။
"New Confidence" ဆိုတာ ဒီ reset ကို သိသိကြီးနဲ့ တမင် build လုပ်ယူတဲ့ confidence မျိုး။ မသိဘဲ ရလာတာမဟုတ်ဘဲ ဘယ်နေရာမှာ ငါရှိနေပြီ၊ ဘာတွေ လိုသေးလဲဆိုတာ သိပြီးမှ တည်ဆောက်တာ။
အသက် ၉ နှစ်အောက်
ငယ်ငယ်ကတည်းက အချစ်ခံရဖို့အတွက် ထုတ်ခဲ့ရတဲ့ Effort ရှိတယ်။ လူကြီးတွေ ချစ်လာအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမျိုးမျိုး Test လုပ်ခဲ့ဖူးတယ်။ အဲဒါ အောင်မြင်တဲ့အခါ “ငါက အချစ်ခံရဖို့ မခက်ခဲဘူး” ဆိုတဲ့ Identity Base စဖြစ်လာတယ်။
အသက် ၉ နှစ်
တစ်နေရာရာမှာ အရေးပါချင်တဲ့စိတ် ရှိလာတယ်။ အဲဒါနဲ့ Basketball ဆော့တယ်။ တော်တဲ့သူ၊ အရေးပါတဲ့ Team member ဖြစ်အောင် ကြိုးစားတယ်။ အဲဒီမှာ “ငါကြိုးစားရင် ဖြစ်တာပဲ၊ ငါက အရေးပါတယ်” ဆိုတဲ့ Identity Base ထပ်ရလာတယ်။
အသက် ၁၃ နှစ်
၈ တန်းကျတယ်။ အဲဒီတုန်းက “ငါ့ဘ၀တော့ သွားပြီ၊ ဘယ်သူမှမကျတာတောင် ငါကျတယ်။ သူငယ်ချင်းတွေနဲ့လည်း ခွဲရပြီ” ဆိုတဲ့ Identity Base ဖြစ်သွားတယ်။
အသက် ၁၄ - ၁၅ နှစ်
ဘော်ဒါဆောင် ရောက်တယ်။ ရည်းစားထားတယ်၊ ကိုယ်ချစ်တဲ့ ဆရာ၊ ဆရာမ စကားကလွဲရင် ဘယ်သူ့ကိုမှ နားမထောင်ဘူး။ ဒါပေမဲ့ စာတော့ မညံ့တော့ဘူး။
အသက်က အကြီးတန်းတွေနဲ့ တူနေတော့ အငယ်တွေနဲ့လည်း ပေါင်းမရ၊ အကြီးတွေနဲ့လည်း မပေါင်းချင်နဲ့ ဘော်ဒါဘဝက ငရဲလိုပဲ။ ဒါပေမဲ့ “အမေ ပိုက်ဆံအများကြီး အကုန်ခံထားရတာ၊ ငါအောင်မှဖြစ်မယ်” ဆိုတဲ့စိတ်နဲ့ ၂ နှစ်လောက် သည်းခံခဲ့တယ်။ အဲဒီကနေ “ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အခြေအနေတစ်ခုကို သည်းခံဖြတ်ကျော်နိုင်ရင် လိုချင်တာ ရတတ်တယ်” ဆိုတဲ့ Identity Base ရလာတယ်။
အသက် ၁၆ - ၁၉ နှစ်
ရည်းစားထားလိုက်၊ အနားမှာရှိတဲ့သူတွေနဲ့ ပေါင်းလိုက်ပဲ။ ကိုယ့်အကြောင်းလည်းကိုယ်မသိ၊ သူများအကြောင်းလည်း နားမလည်ခဲ့ဘူး။ သူများကိုလည်း မချစ်တတ်သလို ကိုယ့်ကိုယ်ကိုယ်လည်း မချစ်တတ်သေးဘူး။
ကိုယ့်တန်ဖိုးဆိုတာ Culture က သတ်မှတ်ထားတာတွေပဲလို့ ထင်ခဲ့ပြီး အမှားအမှန်ကို ပတ်ဝန်းကျင်ရဲ့ Filter နဲ့ပဲ ကြည့်ခဲ့တယ်။ “လူတွေက ငါ့ကို အကြာကြီး မချစ်နိုင်သလို ငါလည်း ဘယ်သူ့ကိုမှ အကြာကြီး သည်းမခံနိုင်ဘူး” ဆိုတဲ့ Identity Base နဲ့အတူ “ငါက ကံမကောင်းတတ်ဘူး” ဆိုတဲ့ ယုံကြည်မှုပါ ရှိလာတယ်။
အသက် ၂၀ နှစ်
၁၉ နှစ်တုန်းက Belief ကြောင့် လမ်းမှားခဲ့တယ်။ “အချစ်ဆိုတာ ခဏပဲ၊ ဘယ်လောက်ချစ်ချစ် တစ်နေ့ ပြတ်မှာပဲ၊ အဲတော့ ရသလောက် အယူချည်းပဲ လုပ်မယ်” လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ Identity Shift ဖြစ်ခါနီးမှာ “အချစ်ဆိုတာ ငါဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်တွေနဲ့ ဘာမှမဆိုင်ဘူး” ဆိုတာ သိလိုက်ရတယ်။
အသက် ၂၁ - ၂၂ နှစ်
Secure Attachment ကို လက်ခံဖို့ ခက်နေတုန်းပဲ။ Boundary တွေကို စမ်းသပ်တယ်၊ Drama တွေ ဖန်တီးတယ်။ နောက်ဆုံးတော့ “အချစ်ဆိုတာ ငါသိခဲ့တာတွေနဲ့ လုံးဝတခြားစီပါလား” ဆိုတာကို လက်ခံလိုက်ရတယ်။
ဒါ့အပြင် Career Life မှာလည်း "Soap Formulator" ဆိုတဲ့ Identity ကနေ "Skincare Formulator" ကိုပြောင်းခဲ့တယ်။
အသက် ၂၃ နှစ်
Drama တွေ၊ ဝေခွဲမရတာတွေ မလိုချင်တော့ဘူး။ Clarity ကလွဲရင် ဘာမှ မလိုအပ်တော့ဘူး။ “ဆုံးဖြတ်ချက်ဆိုတာ မှန်တယ်၊ မှားတယ် မရှိဘူး၊ ဆုံးဖြတ်ပြီးရင် နောက်ပြန်မကြည့်ဘဲ စိတ်ရှင်းရှင်းနဲ့ လျှောက်ဖို့ပဲလိုတယ်” ဆိုတာ Identity ထဲအထိ စွဲသွားပြီး အိမ်ထောင်ပြုခဲ့တယ်။
အသက် ၂၃ - ၂၄ နှစ်
လုပ်သမျှ ဖြစ်နေတော့ “ကြိုးစားရင် ဘာမဆိုဖြစ်တယ်” ဆိုတဲ့ Identity ရှိခဲ့တယ်။
အသက် ၂၅ - ၂၇ နှစ်
ကိုယ်သိသမျှ အရာအားလုံး ခဝါချလိုက်တဲ့အခါ “အရာအားလုံးက ခဏပဲ၊ ဘာမှမမြဲဘူး၊ မိသားစုကပဲ အရေးကြီးဆုံး” ဆိုတဲ့ Identity ပြောင်းသွားတယ်။
အသက် ၂၈ - ၃၀ နှစ်
“ငါက ဘယ်သူလဲ၊ ဘာအတွက် အရေးပါတာလဲ” ဆိုတာကို စာအုပ်တွေကနေ အလင်းရခဲ့တယ်။ စိတ်ပညာ၊ Philosophy၊ Tech၊ စီးပွားရေးနဲ့ Self-development ပိုင်းတွေကို ဆက်တိုက်လေ့လာပြီး ပြန်မျှဝေခဲ့တယ်။ "စီးပွားရေးသမား" ဆိုတဲ့ Identity ကနေ Public Educator ဆိုတဲ့ Identity ပြောင်းခဲ့ပြီး “ငါဘာလုပ်လုပ် Amplify Effect ပေးနိုင်ပြီး Impact ကြီးအောင် လုပ်နိုင်တယ်” ဆိုတဲ့ Identity ရလာတယ်။
အသက် ၃၀ - ၃၁ နှစ်
ကိုယ့်ကိုယ်ကိုယ်တောင် မသိခဲ့တဲ့ Identity အသစ်တစ်ခု ထပ်တွေ့တယ်။ ထိုင်းကို ခရီးသွားတဲ့အခါ Kinesthetic Activity တွေ ပိုကြိုက်တာ၊ ကိုယ်နဲ့ လမ်းကြောင်းတူတဲ့သူတွေ တွေ့ရတာမျိုးကြောင့် Spiritual Energy ပိုကောင်းလာတယ်။
US မှာနေတုန်းက ပိုပြီး Calm ဖြစ်ပေမဲ့ အလှအပကို သိပ်ဂရုမစိုက်ဖြစ်သလို အပြင်လည်း မထွက်ချင်ဘူး။ ကိုယ့်ဆီမှာ ပျောက်နေတဲ့ Old but Fresh Identity Pattern ကို Asia မှာ ပြန်တွေ့ခဲ့တယ်။ ဒါက External Factors တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်သိလိုက်ရတဲ့ သိရှိမှုပဲ။ ဒီအသိကြောင့် ရှေ့ရေးအတွက် Clarity ပိုရှိလာတယ်။
အခု အသက် ၃၁ မှာတော့ ၄ နှစ်လုံးလုံး ကွန်ပျူတာရှေ့မှာပဲ စာဖတ်၊ အလုပ်လုပ်နေတဲ့ Routine က ကိုယ့်ရဲ့ ပုံစံအစစ်မဟုတ်မှန်း ပိုသိလာတယ်။ ငြီးငွေ့မှု၊ ငြိမ်သက်မှုတွေနဲ့အတူ Identity Evolving ဖြစ်ကိုဖြစ်ရမဲ့ အချိန်ကို ကြုံနေရတယ်။
ဒီလိုကြုံရတာ ကောင်းပါတယ်။ အဲဒီလို ဖြစ်တိုင်းမှာ ကိုယ့်အကြောင်းကို မလိမ်ဘဲ ပိုပိုသိလာရတယ်။
ဘာလိုချင်တာလဲ။
ဘယ်လိုဖြစ်ချင်တာလဲ။
ဘာလို့ ဒီလိုခံစားရတာလဲ။
ဘာလို့ ဒီလိုတွေ ပြုမူနေတာလဲ။
အဖြေအားလုံးက ကိုယ့်ဆီမှာပဲ ရှိတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အားမရတော့ဘူး၊ စိတ်ရှုပ်ပြီး ဘာလုပ်ရမှန်း မသိတော့ဘူးဆိုရင် ဝမ်းသာလိုက်ပါ။
You are evolving, not facing an identity crisis. You are evolving into your true self.
Identity ဆိုတာ မတည်မြဲဘူး။
အမြဲ evolve ဖြစ်နေတယ်။
လူတွေ identity crisis ဖြစ်တာ —
ကိုယ်ဘယ်သူလဲဆိုတာ မသိလို့ မဟုတ်ဘူး။
ပုံသေကားချပ် တစ်မျိုးတည်း မှတ်ထားကြလို့။
ဂရိ philosopher Heraclitus ပြောဖူးတာက —
“You cannot step into the same river twice.”
မြစ်က တစ်ခုတည်း ဖြစ်ပေမဲ့ ရေတွေက အမြဲ စီးဆင်းပြောင်းလဲနေတယ်။
Identity လည်း အဲ့ဒီအတိုင်းပဲ။
“ငါ” ဆိုတဲ့ label က တစ်ခုတည်း။
ဒါပေမဲ့ အဲ့ဒီ label ထဲမှာ ဘာတွေရှိနေလဲဆိုတာက
နေ့တိုင်း မတူဘူး။
Psychology မှာ ဒါကို Narrative Identity လို့ ခေါ်တယ်။
လူဆိုတာ ကိုယ့်အကြောင်းကိုယ် story တစ်ခုအနေနဲ့ အမြဲပြန်ရေးနေတတ်တဲ့ သတ္တဝါမျိုး။
Fixed Identity Mindset နဲ့ နေထိုင်မိနေရင် ဒီလို script မျိုး ကိုယ့်ကိုယ်ကိုယ် ပြောနေမိတတ်တယ်။
“ငါက introvert ဆိုတော့ public speaking လုပ်လို့မရဘူး။”
“ငါက creative မဖြစ်ဘူး။”
“ငါ့အကြောင်း ငါ အသိဆုံး။”
Evolving Identity Mindset နဲ့ဆို…
“ငါက public speaking လေ့ကျင့်နေဆဲ လူတစ်ယောက်။”
“ငါက creativity ကို develop လုပ်နေတဲ့ လူတစ်ယောက်။”
“ငါ့အကြောင်း ငါ update လုပ်နေတာ။”
ကွာသွားတာက result မဟုတ်ဘူး။
ကိုယ့်ကိုယ်ကိုယ် describe လုပ်တဲ့ ဘာသာစကား။
“ငါ တကယ် ဘယ်သူလဲ?”
ဒါက အဖြေမရှိတဲ့ မေးခွန်း။ ရှာလေလေ လမ်းပျောက်လေလေပဲ။
တကယ်ပြောင်းမေးသင့်တဲ့ မေးခွန်းက
“ငါ ဘယ်သူ ဖြစ်လာနေတာလဲ?”
ဒီအတွက် အဖြေရှာမယ်ဆို
ဒီ ၃ ချက်ကို ဆန်းစစ်ကြည့်ပါ။
01 — Audit
လွန်ခဲ့တဲ့ ၁ နှစ်က ကိုယ့်ကိုယ်ကိုယ် describe လုပ်ခဲ့တဲ့ label တွေ စာရင်းထုတ်ကြည့်။
ဘယ်ဟာတွေက အခုထိ true ဖြစ်နေသေးလဲ။ ဘယ်ဟာတွေက expired ဖြစ်သွားပြီလဲ။
02 — Rewrite
“ငါက X ဖြစ်တယ်” ကနေ → “ငါက X ဖြစ်လာနေတဲ့သူ” လို့ ပြောင်းကြည့်။
စကားလုံး နည်းနည်းလေးပဲ ကွာတာ။ ဒါပေမဲ့ brain ကို static ကနေ dynamic ဖြစ်အောင် switch လုပ်ပေးလိုက်တာ။
03 — Daily Evidence
Identity ဆိုတာ declaration နဲ့ တည်ဆောက်ရတာမျိုး မဟုတ်ဘဲ လုပ်ရပ်တွေနဲ့ တည်ဆောက်ရတာ။
“ငါလိုလူမျိုးက ဒါမျိုး လုပ်လေ့ရှိတယ်” ဆိုတဲ့ သက်သေရှိတဲ့ လုပ်ရပ်မျိုးကို နေ့တိုင်းလုပ်ကြည့်ပါ။
Identity ဆိုတာ….
ရေးနေဆဲ chapter တစ်ခုထဲ ရောက်နေတာပဲ။
Comment မှာလည်း ဒီမေးခွန်းကို ဖြေကြည့်ပါ။
ကိုယ့်ကိုယ်ကို describe လုပ်တဲ့ စကားလုံးက ဘယ်နှစ်ကတည်းက မပြောင်းသေးဘူးလဲ။
ပုံမှန်ပြောင်းလဲနေလား။
05/03/2026
With loves.
Attention ဆိုတာ zero-sum game ပဲ —
တစ်ခုကို ပေးလိုက်တာနဲ့ နောက်တစ်ခုက ပျောက်သွားရော။
တစ်ချိန်မှာ တစ်ခုပဲ အာရုံစိုက်လို့ ရတယ်။
ဒါဟာ limitation မဟုတ်ဘူး။
ဒါက ဇီဝဗေဒ ဖြစ်စဉ်။
Phone ကို ကြည့်နေရင် — ဘေးကလူကို မမြင်တော့ဘူး။
တခြားနေရာကို စိတ်ရောက်နေရင် — ဒီနေရာမှာ အာရုံရှိမနေတော့ဘူး။
Attention ကို split လုပ်လို့ မရဘူး။
ရွှေ့လို့ပဲ ရတယ်။
ဒါကြောင့် ဘာကို attention ပေးနေသလဲ ဆိုတာဟာ —
ဘာကို ရွေးချယ်နေသလဲ ဆိုတာနဲ့ အတူတူပဲ။
တစ်ခုကို ပေးလိုက်ရပြီဆိုရင်
ကျန်တဲ့တစ်ခုကို တပြိုင်တည်းမှာ ပြန်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
ဒါကြောင့် ရည်ရွယ်ချက်ရှိရှိ ရွေး၊ ပေး ဖို့လိုမယ်။
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
1420 James Street
Springfield, IL
62703