Non Profit Leadership Internship Program

Non Profit Leadership Internship Program

Share

Nearby non profit organizations

Heart River Center for Intuitive Healing
Heart River Center for Intuitive Healing

Internship opportunities for Non profit leadership professionals organized by a 501c3 registered non profit in the US

Please visit our main page here to learn in details of our activities and updates: https://www.facebook.com/myanmardf

06/17/2025
Photos from Non Profit Leadership Internship Program's post 02/05/2025

How to Become A Better Advocate: Tools And Tips

စစ်တပ်ရဲ့ အာဏာသိမ်းမှု ၄နှစ်တာကာလအတွင်း ကျောင်းသားလူငယ်တွေရဲ့ပညာရေးကဏ္ဍက ဆုတ်ယုတ်သွားပြီး လုပ်ငန်းခွင်အတွေ့အကြုံနည်းပါးလာမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှားပါးလာပါတယ်။

အဆိုပါအလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာတဲ့ကျောင်းသားလူငယ်များအတွက် လုပ်ငန်းခွင်အတွေ့အကြုံရအောင် ရည်ရွယ်ပြီး စုန်ရေဖောင်ဒေးရှင်းမှ Crisis Project Management Internship Programကို ၄လတာ ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။ မြန်မာနိုင်ငံပြည်တွင်း၊ပြည်ပမှ ကျောင်းသားလူငယ်စုစုပေါင်း ၃၂ဦး အလုပ်သင်အဖြစ် အောင်မြင်စွာ တက်ရောက်သင်ယူနိုင်ခဲ့ပါတယ်။

၂၀၂၄ခုနှစ် ဒီဇင်ဘာ၂၂ရက်နေ့တွင် Crisis Project Management Internship Programထဲက တစ်ခုဖြစ်တဲ့ How To Become A Better Advocate:Tools And Tips‌ခေါင်းစဉ်ဖြင့် Advocacy Session ကို Human Rights Advocateဖြစ်သူ ဆရာဂျိမ်းစ်ရွှေမှ သင်ကြားပို့ချပေးခဲ့ပါတယ်။

အဆိုပါ Advocacy Session တွင် ဆရာဂျိမ်းစ်ရွှေမှ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ဆောင်ရွက်သည့် Burma Actရဲ့ အရေးပါပုံ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုအတွက် ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန် အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကို Advocacy နည်းလမ်းဖြင့် ညှိနှိုင်းဆောင်ရွက်ပုံ၊ မြန်မာစစ်တပ်လော်ဘီတွေရဲ့ လျှို့ဝှက်စွာလှုပ်ရှား ဝါဒဖြန့်ချီကြပုံ၊ USAID မှ မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ပေးအပ်သည့် Scholarshipအပေါ် အမေရိကန်သမ္မတရဲ့ သဘောထားနှင့် အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ နိုင်ငံတကာသံတမန်ဆက်ဆံရေးတွေကိုအသေးစိတ်သင်ကြားပေးခဲ့ပါတယ်။

စုန်ရေဖေါင်ဒေးရှင်းသည် အမေရိကန်နိုင်ငံတွင်မှတ်ပုံတင်ထားသည့် အကျိုးအမြတ်မယူသောအဖွဲ့အစည်းဖြစ်ပြီး မြန်မာပြည်တွင်း လက်ရှိလိုအပ်နေသည့် လူသားချင်းစာနာ‌ထောက်ထားသည့် အကူအညီများကို ထောက်ပို့ပေးနေသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

စုန်ရေဖေါင်ဒေးရှင်းနှင့်အတူ မြန်မာပြည်တွင်းကို ကူညီချင်သူများအနေဖြင့် အောက်ပါ link မှတဆင့် ကူညီနိုင်ပါသည်။
https://www.soneyayfoundation.org/donate-1-1

ဆက်သွယ်ရန်
[email protected]
https://www.facebook.com/share/18bbao7xUb/

During the four years of military rule, the education sector for students has deteriorated, and due to a lack of work experience, job opportunities have also become scarce.

To provide work experience for students who have faced a scarcity of job opportunities, the Sone Yay Foundation launched a four-month Crisis Project Management Internship Program. A total of 32 students, both from within Myanmar and abroad, successfully participated in the internship.

On December 22, 2024, an Advocacy Session titled "How To Become A Better Advocate: Tools And Tips" was conducted as part of the Crisis Project Management Internship Program, taught by Saya James Shwe, a Human Rights Advocate.

In the Advocacy Session, Saya James Shwe explained the importance of the Burma Act, implemented by the U.S. government, in addressing the situation in Myanmar. He discussed how to engage with the U.S. Senate and House of Representatives through effective advocacy methods to strengthen the Myanmar democracy movement. Additionally, he highlighted the secret lobbying activities conducted by the Myanmar military, the U.S. President's stance on scholarships provided by USAID for Myanmar students, and provided detailed lessons on the international diplomatic relations of the NUG (National Unity Government).

The Sone Yay Foundation is a volunteer-based, non-profit organization registered in the United States that provides humanitarian assistance to address the current needs in Myanmar.

Those who wish to support Myanmar in collaboration with the Sone Yay Foundation can do so through the following link.
https://www.soneyayfoundation.org/donate-1-1

Contact us.
[email protected]
https://www.facebook.com/share/18bbao7xUb

12/10/2024

We hve weekly gathering platform via zoom, called Love Language Circle since early 2021 after rhe coup. We ran that as self help virtual team till May 2023 and have privillage enough to set up our nonprofit foundation regardless of any challenges.

We have based our discussion on basic rights on daily basis and provide a list of table topics to help participants begin their conversation. I personally admire those who show up every sunday as this motivate rhem to keep on learning about themselves, their rights. Here are sample on what we are working on. Join us if this sparks your interests.
Telegram: https://t.me/+YsbhsGWyqxBmMDU1

What does "Our Rights, Our Future, Right Now" mean to you?

A. Fighting for equality and justice for all
B. Protecting our fundamental freedoms
C. Building a better future for everyone
D. All of the above

Do you believe in protecting human rights for everyone, everywhere?

Yes
No

12/02/2024

This 2024 GivingTuesday, join Sone Yay Foundation's "Collective flow of compassion: Breaking the cycle of crisis in Myanmar" campaign to provide life-saving emergency aid to those suffering in crisis regions.

The United Nations reports a devastating rise in airstrikes across Myanmar—over 588 in just five months—leaving 3.5 million displaced and over 5 thousand dead. Families are caught in a worsening humanitarian crisis, with hunger, homelessness, and fear escalating daily.

We must not let Myanmar become a forgotten crisis. Your donation can provide life-saving aid—food, shelter, and essential supplies—to those suffering the most.

To meet new challenges, we’ve set up this campaign with a goal of $25,000. With your help, Sone Yay Foundation can reach this goal and continue the work we’ve set out to do in this campaign.

How Your Donation Makes a Difference

1.Shelter and Emergency Life Protection (60% of Funds) - In times of crisis and ongoing air strikes, we support building temporary air-raid protection shelters, and life saving jackets and helmets in targeted areas.

2. Food, Clean drinking water and Essential Supplies (40% of Funds) - Millions have been displaced with little more than the clothes on their backs and lack of formal education over 4 years.

We provide critical aid including food, clean drinking water stations, winter blankets, and essential emergency supplies to help vulnerable families and their school children begin rebuilding their lives and continue learning journeys in crisis.

Your Small Contribution Can Make a Significant Impact:
$15 per kit - Hygiene and dignity kits designed for women and men

$25 per kit - Disaster Emergency supplies featuring essential clothing, blanket, drinking water bottle, cooking equipment

$35 per set - Comprehensive school supplies

$45 per set - Emergency life protection gear including lifesaving jackets and protective helmets

$55 per shelter - Air-raid shelters prioritizing vulnerable populations such as seniors, pregnant women, and children

$65 per family of 4-5 - Monthly food ration package with rice, oil, beans, fish paste, and other staple items and more upon request.

Donate with PayPal :

https://www.paypal.com/donate?campaign_id=SA7KSFFNE8LK6

Your donations to Sone Yay Foundation are tax deductible.
For more details of our activities, Find us on our website

https://www.soneyayfoundation.org/

Email at [email protected]

Thank you very much for your generosity.

🔗 Sone Yay Foundation Linktree : https://linktr.ee/SoneYayFoundation

Photos from Non Profit Leadership Internship Program's post 11/03/2024

[English version below]
အားလုံးပဲ မင်္ဂလာပါ။

🎊 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်တွင် Sone Yay Foundation မှ စုန်ရေအလုပ်သင်လူငယ်များအတွက် “ Myanmar Economic Reform (2017 - 2021): A Case Study” အစီစဉ်ကိုပြုလုပ်ခဲ့ပါတယ်။ 🎉

🎊 ဒီအစီအစဉ်မှာ Special Guest Speaker အနေနဲ့ Professor Sean Turnell (Australian Economist,Author, Former political prisoner & powerhouse advocate for Myanmar )က တက်ရောက်ခဲ့ပြီး စုန်ရေအလုပ်သင်လူငယ် အယောက်(30) နှင့်အတူ ဖိတ်ကြားထားသော စုန်ရေ Board အဖွဲ့ ဝင်များ တက်ရောက်ပါဝင်ခဲ့ကြပါတယ်။ 🥳

“ Myanmar Economic Reform: A Case Study” Session မှာ အောက်ပါခေါင်းစဉ် (5) ခု နှင့်ပတ်သတ်၍ ပြောကြားပေးခဲ့ပြီး Sone Yay Foundation မှ စီမံကိန်း ဦးဆောင် ဆောင်ရွက်သူ အလုပ်သင်များ၊ စုန်ရေခေါင်းဆောင် များ နှင့် လုပ်အားပေး များရဲ့ မေးခွန်းများဖြင့်လည်း အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ 📚

ဆွေးနွေးပြောကြားခဲ့တဲ့ အကြောင်းအရာများမှာ -
(1) Myanmar Economic Plan
(2) Banking System Reform
(3) Financial Reform Beyond Banks
(4) Economic Outcome In China
(5) Covid-19 Impact on Myanmar Economy စသည့် (2017 -2021) ခုနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းအကြောင်းအရာများ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ “NLD အစိုးရ”လက်ထက် စီပွါးရေး စီမံကိန်းများနှင့်သက်ဆိုင်တဲ့ Myanmar SustainableDevelopment Plan (MSDP)၊ Covid Economic Relief Plan (CEFR) နှင့် Myanmar Economics Resilience and Reform Plan (MERRO) တို့ကို စိတ် ဝင်စားစရာ ဆွေးနွေး ပြောကြားပေးခဲ့ပါတယ်။ ဒါ့အပြင် အရေး ကြီး သော ဘဏ္ဍာရေးနှင့်သက်ဆိုင်သော ကျပ်ငွေစျေးနူန်း တည်ငြိမ်စေရန် အရေးကြီးကြောင်းနှင့် စီးပွါးရေးတည်ငြိမ်စေရန်အတွက်လည်း အခွန်စနစ်၊ အာမခံစနစ်များကို စနစ်တကျရှိရန်အတွက်လည်း ဆောင်ရွက်ခဲ့ကြတာတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ယခုကာလနှင့် ဆက်စပ်ပြီး စစ်အာဏာရှင်လက်ထက်အတွင်း ကြုံတွေ့နေရသော ငွေကြေးဆိုင်ရာ စီးပွါးရေးကဏ္ဍ အခက်အခဲပြဿနာများကြား၊ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ တော်လှန်ရေးကာလများတွင် လူငယ်များအနေနဲ့ ဘယ်လိုမျိုးအခန်းကဏ္ဍတွေကနေ ပါဝင်ကူညီနိုင်မလဲဆိုတာတွေနဲ့ ပတ်သက်ပြီး စုန်ရေလူငယ်များရဲ့ အတွေးအမြင်များကိုလည်း အပြန်အလှန်ဆွေးးနွေးပေးသွားခဲ့ပြီး “ 🇲🇲 Myanmar Economic Reform (2017 - 2021): A Case Study” အစီအစဉ်ဟာ 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်တွင် အောင်မြင်စွာ ကျင်းပပြီးဆုံးခဲ့ပါတယ်။ 🎉

⭐️ Sone Yay Foundation ဟာ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိဖို့ လိုအပ်သော Leadership Skills၊ Management Skills၊ Team Work Skills စတဲ့ Skills များအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးရန် အခုလိုအစီအစဉ်များ အပြင် အခြားသော Project များစွာနဲ့ ထောက်ပံ့ကူညီဆောင်ရွက်ပေးနေတဲ့ အခကြေးငွေမယူသောလုပ်အားပေးများ အကူအညီနှင့် လုပ်ငန်းကိစ္စရပ်များကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

☘️ ဒါ့အပြင် လူသားချင်းစာနာထောက်ထားသောအားဖြင့် Sone Yay Foundation နှင့်အတူ စုန်ရေ အလုပ်သင် စေတနာ့ဝန်ထမ်းလူငယ်များဟာ အခက်အခဲကြုံတွေ့နေရသောဒေသများကို အစားအသောက်နှင့် အခြားလိုအပ်သောကိစ္စရပ်များစွာအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးနေပြီး စစ်ဘေးသင့်၊ စစ်ရှောင်ဒေသများအတွက် ဆေးဝါးများ၊ အမျိုးသမီးများ ကျန်းမာရေးအတွက် Women Dignity Kits များအား လစဉ်လှူဒါန်းခြင်း စသည်တို့ဖြင့်လည်း ထောက်ပံ့ကူညီပေးနေတာဖြစ်တာကြောင့် စုန်ရေနဲ့အတူ လက်တွဲကူညီနိုင်ဖို့ ပါဝင်နိုင်ကြောင်းလည်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

Sone Yay Foundation မှ ပြုလုပ်နေသော Project များနဲ့ Activity များကို Sone Yay Foundation Website မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 🔥
Website: https://www.soneyayfoundation.org/

Hello everyone!
🎊 On October 26, 2024, Sone Yay Foundation conducted a workshop titled "Myanmar Economic Reform (2017-2021): A Case Study" for Sone Yay interns aged from 17-30 The purpose of this workshop was to introduce the country economic initiatives and how to contribute their part civic drive to the future of Myanmar in the near future. It is concerning that many of them are still officially out of formal school for over 4 years and they are persistently working hard to keep learning journey going with Sone Yay and other online free education. Many had raise serious concern about their future especially with their education and social justice. 🎉

🎊 Professor Sean Turnell (Australian Economist, Author, Former political prisoner, and powerhouse advocate for Myanmar) attended as a Special Guest Speaker, along with 30 Sone Yay interns and invited Sone Yay Board members and special guests. 🥳
In the "Myanmar Economic Reform: A Case Study" workshop, the following five topics were discussed, followed by an interactive Q&A session with project leaders, Sone Yay leaders, and volunteers:
(1) Myanmar Economic Plan
(2) Banking System Reform
(3) Financial Reform Beyond Banks
(4) Economic Outcome In China
(5) Covid-19 Impact on Myanmar Economy

The discussion covered projects implemented during 2017-2021, including interesting discussions about the civilian led democratic government's economic initiatives such as the Myanmar Sustainable Development Plan (MSDP), Covid Economic Relief Plan (CERP), and Myanmar Economics Resilience and Reform Plan (MERRO). Additionally, they discussed the importance of maintaining stable currency rates and implementing proper tax and insurance systems for economic stability.

The session also addressed current challenges in the financial and economic sectors under military rule, and explored how young people can contribute to this reform in the future endeavors during this humanitarian crisis and post-spring revolution.
The program successfully concluded after productive discussions with Myanmar youth sharing their perspectives.

⭐️ Sone Yay Foundation is a non-profit organization that helps young people develop essential skills such as Leadership Skills, Management Skills, and Team Work Skills through various projects to enhance their career opportunities.

☘️ Furthermore, Sone Yay Foundation and its intern volunteers provide humanitarian assistance to troubled regions, offering food and other necessities. They also make monthly donations of medical supplies and Women Dignity Kits to conflict-affected areas and internally displaced persons. We encourage others to join and support these efforts.

For more information about Sone Yay Foundation's projects and activities, please visit the Sone Yay Foundation Website. 🔥
Website: https://www.soneyayfoundation.org/

More About Sone Yay, Click Here 👇🏻
https://linktr.ee/SoneYayFoundation

10/17/2024

🪔 သီတင်းကျွတ်ဆုတောင်း 🪔
🌕 ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယမှာ မြန်မာပြည်သူပြည်သားအားလုံး ကပ်ဘေးအပေါင်းမှ လွတ်ကင်းကြပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေကြောင်း Sone Yay Foundation နှင့် Sone Yay Intern Team တို့မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 🙏🏻

☘️ Sone Yay Foundation ဟာ လူသားချင်းစာနာထောက်ထားသောအားဖြင့် အခက်အခဲကြုံတွေ့နေရသောဒေသများကို အစားအသောက်နှင့် အခြားလိုအပ်သောကိစ္စရပ်များစွာအတွက် ထောက်ပံ့ကူညီပေးနေတာဖြစ်တာကြောင့် စုန်ရေနဲ့အတူလက်တွဲကူညီနိုင်ဖို့ ပါဝင်နိုင်ကြောင်းလည်း တိုက်တွန်းနိူးဆော်အပ်ပါတယ်။

Sone Yay Foundation မှာ အပတ်စဉ် တနင်္ဂနေ့ညတိုင်း ပြုလုပ်ပေးနေတဲ့ Love Language Practice Circle ကို မည်သူမဆိုတတ်ရောက်နိုင်ကြောင်း ဖိတ်ခေါ်ကြေငြာအပ်ပါတယ်။
https://www.facebook.com/share/VTMmPa2ot4kLg6ik/?mibextid=WC7FNe

Sone Yay Foundation မှ ပြုလုပ်နေသော အခြားလုပ်ငန်း Projects များနဲ့ Activity များကို Sone Yay Foundation Website မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ☺️
Website: https://www.soneyayfoundation.org/

More About Sone Yay, Click Here 👇🏻
https://linktr.ee/SoneYayFoundation


#သီတင်းကျွတ်ဆုတောင်း

RSVP - Love language? 10/12/2024

အားလုံးပဲ မင်္ဂလာပါ။

Sone Yay Foundationမှ အပတ်စဉ် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည (၈)နာရီခွဲမှာ ပုံမှန်ပြုလုပ်နေတဲ့ “Love Language Practice Circle” အကြောင်းမိတ်ဆက်ပေးပါရစေ။

📣 Project လေးရဲ့ ရည်ရွယ်ချက်ကတော့ English Language Level အသီးသီးမှလူတွေအတွက် Speaking Practice ပြုလုပ်နိုင်ဖို့၊ Networking & Communication Skills တွေတိုးတက်စေဖို့ဖြစ်ပါတယ်။ English speaking ပိုင်းမှာအားနည်းတာ၊ စကားပြောရာမှာ ယုံကြည်ချက်ရှိရှိပြောနိုင်စေလာဖို့အတွက်လည်းဖြစ်တာကြောင့် မည်သူမဆိုတက်နိုင်ပါတယ်။

ဒီအစီစဉ်ရဲ့ ပုံစံကတော့ Topic တစ်ခု ဒါမှမဟုတ် Theme တစ်ခုကိုရွေးချယ်ပြီး အချင်းချင်း Experience တွေ၊ Knowledge တွေကို အပြန်အလှန်ဖလှယ်ပြီး စကားပြောကြတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ ဒီတစ်ပတ်အတွက် က ကျတော်ကျမတို့ အလုပ်သင် ၀န်ထမ်းသစ်တွေကိုယ်တိုင်ဦးစီးကြမှာကတော့ Personal Growth & Reflection ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ နယ်ပယ်အသီးသီးကသူတွေနဲ့ရင်းနှီးပြီး အကြောင်းအရာဗဟုသုတတွေလည်း နှီးနှောဖလှယ်ချင်တယ်ဆိုရင်တော့ ပေးထားတဲ့ Registration Form မှာ အချက်အလတ်တွေဖြည့်ပြီး “Love Language Practice Circle” ကိုတက်ရောက်နိုင်ပါတယ်။ 😊

📎 Registration Form: https://docs.google.com/forms/d/e/1FAIpQLSfDL7u9CBenc4k6xSHbJKA7b0WlIJ08C4SsefxOlRFufi8JYw/viewform?usp=sf_link

“Love Language Practice Circle”
📅 Date: Sunday
⏰ Time: 8:30 PM (Myanmar Time)
📍 Place: Zoom Platform (Online)
🔖 Entrance Fees: 💯 Free

Hello everyone!

Let me introduce you to the weekly “Love Language Practice Circle” hosted by the Sone Yay Foundation every Sunday at 8:30 PM Myanmar Time.

Our practice circle is designed to combine language practice with practical communication skills that can benefit participants in various aspects of their lives in both personal and professional.

Purpose:
◼️ To provide a platform for people of all English language levels to practice speaking.
◼️ To enhance networking and communication skills.
◼️Everyone is welcome to join, especially those who are looking to improve their English speaking skills and build confidence in their conversations.

Format:
We choose a specific topic or theme and discuss it, sharing our experiences and knowledge. This week's topic is "Personal Growth & Reflection."

Join Us:
If you want to meet new people from different backgrounds and expand your knowledge, please fill out the registration form to join the “Love Language Practice Circle.”

📎 Registration Form: https://docs.google.com/forms/d/e/1FAIpQLSfDL7u9CBenc4k6xSHbJKA7b0WlIJ08C4SsefxOlRFufi8JYw/viewform?usp=sf_link

“Love Language Practice Circle”
📅 Date: Sunday
⏰ Time: 8:30 PM (Myanmar Time)
📍 Place: Zoom Platform (Online)
🔖 Entrance Fees: 💯 Free

More about Sone Yay, click here
Linktree:
https://linktr.ee/SoneYayFoundation

RSVP - Love language? Event Description: Communication in English speaking practice via zoom Date: Every Sunday, starting September 3, 2022 until Present Time: 08:30pm Myanmar Time/10am (EST time) Contact our Sone Yay Project Management Team for questions or additional information: [email protected]

09/13/2024

(ဃ) ရေစီးနှင့်အတူ အဆိပ်ရှိသည့်မြွေများ၊ ချွန်ထက်သောပစ္စည်းများနှင့် အမှိုက်သရိုက်များ မျောပါလာနိုင်သည့်အတွက် ရေစီးထဲတွင်ဖြတ်ကူးချိန်တွင် အထူးသတိပြုပါ။

(င ) ရေတက်နေချိန်တွင် ကလေးငယ်များနှင့် အိမ်မွေးတိရိစ္ဆာန်များကို အထူးအလေးထား၍ ကာကွယ်စောင့်ရှောက်ပါ။ ကလေးငယ်များ ရေထဲတွင်ဆော့ကစားခြင်း မပြုလုပ်ရပါ။

(စ ) ရေထဲတွင်အညစ်အကြေးများ ရောနှောပါဝင်နေသည့်အတွက် အဆိုပါရေကိုသောက်ခြင်း၊ ၎င်းနှင့်ထိတွေ့ထားသည့် အစားအသောက်များကို စားခြင်းတို့ မပြုလုပ်ရပါ။

(ဆ) ရေကိုကျိုချက်၍သော်လည်းကောင်း၊ ရေသန့်ဆေးခတ်၍သော်လည်းကောင်း သောက်သုံးပါ။

(ဇ ) ရပ်ရွာလူထုအတွင်း အချင်းချင်းရိုင်းပင်းကူညီပါ။

📣 လိုအပ်သူများကို ပြန်လည်မျှဝေခြင်းဖြင့် ကူညီနိုင်ပါသည်။

Project Management in crisis Internship - Sone Yay Foundation 07/09/2024

Project Management in crisis Internship - Sone Yay Foundation On this May 1, 2024 on labor day, Sone Yay foundation is happy to announce this great opportunity to international students outside of the US. Are you prepared to be an agent of change leading from simple to complex projects? If your answer is Yes, click Read More to find out the details.

Want your organization to be the top-listed Non Profit Organization in New York?
Click here to claim your Sponsored Listing.

Address


New York, NY
11204