JonBurma

JonBurma

Share

JonBurmaကနေဝယ်ယူအားပေးသူတစ်ယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်🙏🙏🙏

Photos from JonBurma's post 10/24/2023

ပြီးခဲ့တဲ့အပတ်က CBမှာစာပို့ထားတာ Reply မလုပ်ဖြစ်သေးတာတောင်းပန်ပါတယ်

မင်မင်က သွားနှုတ်ရာကနေ အမြစ်၂ချောင်းပဲ့ကျန်ခဲ့လို့ ခွဲစိတ်ပြီးထုတ်ရလို့ပါ

အခုထိလဲ ပါးကယောင်နေသေးတယ် နောက်ထုံဆေးနဲ့ဓာတ်မတည့်တော့ ပါးပေါ်မှာ အဖုအပိမ့်တွေထွက်လာတယ်

သားကြီးကလဲ ဘောလုံးကစားတာ လက်တံတောင်ဆစ်အရိုးကျိုးသွားလို့ ခွဲစိတ်ကုသထားရလို့မင်မင်ရဲ့ ကာကာတွေကို reply မလုပ်နိုင်တာမို့ အနူးအညွတ်တောင်းပန်ပါတယ်

🙏🙏🙏

09/14/2023

အသက်တွေကြီးလာလေ
ရယ်သံတွေတိုးသွားပြီး
သက်ပြင်းချသံတွေ
ပို ကျယ်လာလေပဲ

မြိုသိပ်လိုက်ရတဲ့
စကားလုံးတွေ ‌
ပြောခွင့်မရတဲ့
အမှန်တရားတွေ
နေ့စဉ်နဲ့အမျှပါပဲ

ရင့်ကျက်ရခြင်းဟာလည်း
မလွယ်ကူသလို
လဲမကျဖို့
ကြိုးစားရုန်းကန်ရတာလည်း
သိပ်ပင်ပန်းတာပဲ။

Photos from JonBurma's post 09/14/2023

အော်လူတွေများ

ကိုယ်ပူပြီးဖျားနေလို့

နေမကောင်းချိန် ခံတွင်းတောင်းလို့ စားပြတာပါ
ပွဲမရှာကြပါနဲ့ရှင့်🙏🙏🙏

လူအချင်းချင်း ကဲ့ရဲ့ချင်း ကင်းရှင်းကြပါစေနော်

ညီမက အမတို့လို ရွှေလန်ဗန်းနဲ့အချင်းဆေးလာတာမဟုတ်တော့

ကျွန်မအတွက်တော့ ငပိရည်နဲ့တို့စရာက နတ်သုဓာပါဘဲ
ညီမ အမျိုးသား အမေရိကန်နိုင်ငံသားတောင် ငပိနဲ့တို့စရာကို ကြိုက်တယ် အဲဒီလိုဘဲလက်နဲ့အားရပါးရနယ်စားသူပါ
ဟိတ်ကြီးဟန်ကြီးလုပ်ပြီးလဲမစားတတ်ပါဘူး
ငယ်ငယ်ထဲက မိဘတွေကဆင်းရဲတယ် ညီမလဲ သုညဘဝကနေ စလာရတာမို့

လမ်းဘေးကသူတောင်းစားတွေနဲ့လဲ စားပွဲတစ်ဝိုင်းထဲစားဘူးတယ်
ရွာကအလှူတွေမှာ ထမင်းဝိုင်းမှာ ထမင်းစားတဲ့လက်နဲ့ဟင်းတွေထည့်ယူသူကယူ လက်နဲ့ဟင်းနှိုက်သူကနှိုက် ထမင်းစားပြီး ပုဆိုးနဲ့ ထမိန်နဲ့လက်သုပ်သူကသုပ် အဲဒီလိုမြင်ကွင်းတွေကြားထဲ အတူဝိုင်းဖွဲ့ပြီးစားခဲ့ပေမယ့်
ရွံလိုက်တာလို့ ကျွန်မ မပြောမိဘူး ပြောချင်ရင်တောင် ပြောမထွက်ဘူး အကောင်းဘဲကလှည့်တွေးပေးတယ်

အမရယ် အစပ်စားပါတယ်ဆိုမှ နှာရည်ကျမှာပေါ့
ရွှေရည်ကျမလား
လူတစ်ကိုယ်လုံးကထွက်သမျှက အညှိအချွဲဘဲထွက်မှာပေါ့ရှင့်

09/11/2023
Photos from JonBurma's post 09/10/2023

ပြီးခဲ့တဲ့အပတ် စနေနေ့က live sales လေးမှာဝယ်ယူအားပေးထားကြတဲ့ ပစ္စည်းလေးတွေပို့ပေးထားပါတယ်ရှင့်

တချို့နေရာတွေမှာ စနိုးကျနေလို့ လမ်းပန်းဆက်သွယ်ရေးတွေခက်ခဲလို့ရက်လေးနည်းနည်းနောက်ကြရင်ခွင့်လွှတ်ပေးပါနော်

အစားအသောက်တွေ မနေ့ကမှရောက်လာတာ ဒီနေ့ liveလွှင့်ဖို့ရာ

လင်မယားနှစ်ယောက်လုံး တုတ်ကွေးဖြစ်နေလို့ပါ

မနေ့ကတစ်ညလုံးအဖျားတတ်လို့ မအိပ်ရတဲ့အပြင် ဒီနေ့ အလုပ်ရှင်က ခရီးထွက်လို့ သူ့သားလေးနဲ့ဆိုင်စိတ်မချလို့ သွားဆိုင်ထိုင်ပေးရသေး

အင်္ဂါနေ့ မနက်ပိုင်း အစားအသောက်တွေ live လွှင့်ပြီးရောင်းပေးမယ်

MSGမသုံးစွဲထားပါဘူးနော်

ငပိဗူးလဲပို့ပေးထားပါတယ်

မင်းကတော် ငပိရည် ဆားပေါ့တယ်
မင်မင်လိုနှလုံး သွေးတိုး ကျောက်ကပ် ရောဂါရှိတော့

သွေးတိုးမှာဆိုးလို့ အငန်လျှော့စားနေရတာ အခု ငပိရည်လေးကတော့ အဆင်ပြေတယ်

09/02/2023

#အိမ်ထောင်ပြုတယ်ဆိုတာ
တော်ရုံအချစ်.....
တော်ရုံသံယောဇဉ်.....
တော်ရုံရေစက်မရှိဘဲ.....
သူစိမ်းနှစ်ယောက်တွေ့ဆုံ
ပေါင်းသင်းလို့ မရဘူး။

#ခင်ပွန်းကောင်းဆိုတာကတော့
မပြောင်းလဲတဲ့ မေတ္တာတွေ
သစ္စာတွေနဲ့ရိုးမြေကျအောင်
ဇနီးတစ်ယောက်ရဲ့အနားမှာ
နေပေးမယ့်သူပါtkw။

#ဇနီးကောင်းဆိုတာကတော့
ကိုယ်ယူလိုက်တဲ့ယောက်ျားကို
အတတ်နိုင်ဆုံးသည်းခံပြီး
ဘယ်လိုအခြေနေရောက်ရောက်.....
ဘဝပေးပြီးချစ်မယ့်သူတွေပါ။

#အဖေအမေတူတဲ့
မောင်နှမချင်းတောင်
သဘောထားခြင်း
မတူညီနိုင်တာဆိုတော့.....
သူစိမ်းယောက်ျားနဲ့
သူစိမ်းမိန်းမ ပေါင်းဖက်တဲ့အခါ.....
သဘောထားတွေတူညီဖို့
ခက်ခဲပါတယ်tkw။

#မိန်းမတစ်ယောက်က
ချစ်သူဘဝမှာ.....
ကိုယ့်စိတ်ကို
ရှေ့တန်းတင်ပြီး နေလိုရပေမဲ့.....
အိမ်ထောင်သည်ဘဝမှာတော့
ကိုယ့်ရဲ့ဆန္ဒကိုအဓိကထားလို့
မရတော့ဘူး။

#ယောက်ျားတစ်ယောက်ကလည်း
မိဘအိမ်မှာနေချင်သလိုနေလို့ရပေမဲ့.....
အိမ်ထောင်သည်ဘဝမှာ
ကြိုက်သလိုနေလို့
မရတော့ဘူးtkw။

#ဇနီးတစ်ယောက်အပေါ်မှာ
ထားတဲ့ဆက်ဆံရေး.....
ကိုယ်ယူထားတဲ့ဇနီးကို
မိဘအိမ်ထက်မသာရင်တောင်
လူတန်းစေ့အောင်ရှာဖွေ
ကျွေးနိုင်သလားဆိုတာကိုကြည့်ပြီး.....
ယောက်ျားတစ်ယောက်ရဲ့အရည်အချင်းကို
သိနိုင်တယ်။

#မိမိယောက်ျားအပေါ်
ချစ်တာတစ်ခုတည်းနဲ့
ဇနီးကောင်းတစ်ယောက်
မဖြစ်နိုင်ဘူး။
ကိုယ့်ရဲ့အတ္တ မာနကို
နည်းနိုင်သမျှနည်းအောင်ကြိုးစားပြီး.....
သာယာတဲ့ မိသားစုဘဝကို
တည်ဆောက်နိုင်သလားဆိုတာ
ကြည့်ပြီးတော့လည်း
မိန်းမတစ်ယောက်ရဲ့
အရည်အချင်းကို
သိနိုင်တယ်tkw။

#တစ်ချို့သောမိန်းမတွေဟာ
ကိုယ့်ဘဝပေးပြီးယူထားတဲ့
ယောက်ျားအပေါ်မှာ
မာန်မာနကိုရှေ့တန်းတင်ပြီး
ဆက်ဆံတဲ့အတွက်.....
အိမ်ထောင်ရေးအဆင်မပြေမှုတွေကို
ဖြစ်စေတယ်။

#တစ်ချို့သောယောက်ျားတွေကလည်း
ငွေကြေးပြည့်စုံအောင်ရှာဖွေပေးနိုင်ရင်.....
တာဝန်ကျေ ပြီလို့သဘောထားပြီး....
ဇနီးဖြစ်သူကို နိုင်ထက်စီးနင်း
ဆက်ဆံတတ်တာကြောင့်
အိမ်ထောင်ရေးပြိုကွဲမှုတွေ
ဖြစ်စေတယ်tkw။

#ဇနီးဖြစ်သူကောင်းတိုင်းလည်း
ခင်ပွန်းကမကောင်းနိုင်ဘူး။
ခင်ပွန်းဖြစ်သူကောင်းပေမဲ့
ဇနီးကဆိုးနေတာတွေလည်း
အများကြီးပါ။

#ဘယ်လိုပဲဖြစ်ပါစေ

#အတော်ဆုံးမိန်းမဆိုတာ
ကိုယ်ယူထားတဲ့ယောက်ျားအပေါ်.....
တစ်သက်လုံးမေတ္တာမပျက်ပေါင်းသင်းပြီး.....
လှပတဲ့မိသားစုဘဝလေးကို
တည်ဆောက်နိုင်တဲ့သူပါtkw။

#အတော်ဆုံးယောက်ျားဆိုတာကလည်း
ကိုယ်ယူထားတဲ့မိန်းမအပေါ်
ဘယ်ခါမှသစ္စာမပျက်ပဲ
ကိုယ်စွမ်းနိုင်သလောက်
ရှာဖွေကျွေးမွေးပြီး.....
အိမ်ထောင်ရေးကိုမပြိုလဲအောင်.....
ထိန်းသိမ်းနိုင်သူပါ။

#ဝဋ်ကြွေးကင်းတဲ့ပေါင်းဖက်ခြင်းတွေနဲ့.....
မိမိအိမ်ထောင်ကိုသာယာအောင်.....
ဖန်တီးတည်ဆောက်နိုင်ကြပါစေtkw။

မေတ္တာဖြင့်...

( 12 Jun 2022 )
-ChinMyayPyant

09/02/2023

အပတ်စဉ်စနေနေ့တိုင်း ၁ နာရီကြာlive sales လေးလုပ်ပေးပါမယ် အရင်လိုအချိန်ကြာကြာ liveလေးမလွှင့်အားလို့ပါ

09/02/2023

ဒီနေ့ ညနေ ၅:၀၀နာရီမှ ၆:၀၀ထိ Live sales လေးလွှင့်ပြီးပစ္စည်းလေးတွေပြပေးမယ်

09/01/2023

ကျောက်သားကောင်းကောင်း ကျောက်စိမ်းချွမ်လေးပါ

Photos from JonBurma's post 09/01/2023

အလုပ်ကပြန်ရောက်ရောက်ချင်း အမောကိုပြေသွားတာဘဲ💘💘💘💘💘

သူများ အာမခံပြီးပင့်ခိုင်းတဲ့ဘုရား

ပစ္စည်းတွေအကုန်ရောက်ပြီး ဘုရားမပါလာလို့ ခေါင်းတွေပါကြီးသွားတယ်

ဒီဘက်အဝင်မှာ အသိမ်းခံထားရလို့ မနည်းကြိုးစားပြီး ဖြေရှင်းခဲ့ရတာပါ
အခက်ခဲကတော့ ဒီလိုဘဲ ဖြေရှင်းရတာပေါ့😪😪😪

ရန်ကုန်အိမ်မှာ ၆လပိုင်းထဲကကြွရောက်လာတာ ကိုယ်မှာ မြန်မာပြည်က အမကျန်းမာရေးမကောင်းတာနဲ့ သူဆိုင်တဖက်
မင်မင်ကလဲ ဒီဘက်မှာ မိသားစုကိစ္စလေးတွေကြောင့်အချိန်မပေးနိုင်တာကြောင့် လချီကြာသွားတယ်
အခုလို အချိန်ပေးပြီးစောင့်ပေးတဲ့ အမာခံ ကာကာတွေကိုကျေးဇူးတင်ပါတယ်

Want your public figure to be the top-listed Public Figure in Meridian?
Click here to claim your Sponsored Listing.

Category

Telephone

Address


Meridian, ID
83646