Jacob Knowles
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jacob Knowles, Apartment & Condo Building, Jackson Street, Dallas, TX.
09/03/2026
ယခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ဂယက်ထနေတဲ့ သုံးခွမြို့က အိမ်ထောင်ရေးအရှုပ်အရှင်းနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မ Blame ချင်ပေမဲ့ မိန်းမဝါဒီ အမြင်အရရော သင်ခန်းစာယူစရာအနေနဲ့ပါ မျှဝေပေးချင်ပါတယ် ☺
အိမ်ထောင်ရေး ဖော.က်ပြန်မှုတစ်ခုမှာ "လင်ခို:မ" ဆိုပြီး အမျိုးသမီးတစ်ယောက်တည်းကို ပုံချလို့မရပါဘူး။ တစ်ဖက်တည်းကြောင့် မဟုတ်သလို အဓိက တာဝန်အရှိဆုံးနဲ့ မကောင်းတာကတော့ ယောကျ်ားဖြစ်သူပါပဲ။
မိမိလက်ထဲက ယောကျ်ားကို သူများလာခို:လို့ ပါသွားတယ်ဆိုကတည်းက အဲ့ဒီယောကျ်ားက အဓိက တာဝန်မကင်းသူ ဖြစ်နေလို့ပါ။
ဒီအဖြစ်အပျက်ကို သင်ခန်းစာယူကြည့်ရင်...
၁။ မယားကြီး (တရားဝင်ဇနီး)
အရှု.ပ်ထု.တ် လင်ယောကျ်ားကြောင့် မိမိကိုယ်တိုင် တရားဝင်ဇနီးပါဆိုတာကို သတင်းစာထဲ ထည့်ရ၊ Live လွင့်ရှင်းရနဲ့ မယားငယ်ကို ကလော်တု.တ်ဆဲဆိုနေရရှာပါတယ်။
၂။ မယားငယ် (အမျိုးသမီးငယ်များအတွက် သင်ခန်းစာ)
သူများအကျ၊ သူများသုံးပြီးသား ယောကျ်ားကို ဘာလို့ သွားမက်နေကြတာလဲ။ လူပျို/လူလွတ် ရှာမရလို့လားဆိုတော့လည်း မဟုတ်ပါဘူး။ အချစ်ဆိုတာထက် သွားရောက်ရွေးချယ်ခဲ့တဲ့ မိမိရဲ့ ဆုံးဖြ-တ်ချက်မှားမှန်မှုပေါ်မှာပဲ မူတည်ပါတယ်။
မြန်မာ့လူမှုအဖွဲ့အစည်းမှာ -
Separated ကာလမှာ ကြိုက်ပြီး တရားဝင်ယူရင်တောင် မယားငယ်လို့ အပြောခံရတတ်သည်။
မယားကြီးေ-သလို့/ကွဲလို့ ယူတာတောင် နောက်ဇနီးကို မယားငယ်လို့ စွ.ပ်စွဲတတ်ကြသေးသည်။
ဒီလိုပတ်ဝန်းကျင်မျိုးမှာ မယားကြီး ငု.တ်တုတ်ရှိပါလျက်နဲ့ သွားရောက်ငြိစွန်:ရင်တော့ ဘယ်တော့မှ နလန်ပြန်မထူနိုင်တော့ပါဘူး။
ကလေးရလာရင်တောင် မယားငယ်ဟာ မယားငယ်ပါပဲ၊ ဘယ်တော့မှ ပွဲတက် တရားဝင်ဇနီး ဖြစ်မလာနိုင်ပါဘူး။
မိန်းမပျိုများသို့ အကြံပြုချက်
ကိုယ်ကြောင့် သူတပါးမိသားစု မျက်ရည်မကျပါစေနဲ့၊ မပြိုကွဲပါစေနဲ့။ အိမ်ထောင်ရှိသူနဲ့ ငြိစွန်:မိနေရင် မသိလို့ပဲဖြစ်ဖြစ်၊ သိလိုက်ရတဲ့နေ့မှာ ချက်ချင်း ရပ်တန့်ပါ။
ကလေးရှိလာရင်လည်း မိမိဘာသာ ပြုစုပျိုးထောင်ပါ။
မိမိဘဝ စာမျက်နှာမှာ "မယားငယ်/လ.င်ခို:မ" ဆိုတဲ့ တံဆိပ်က ခဲဖျက်နဲ့ဖျက်ရင်တောင် မပျက်တော့မယ့် အမည်းစက်ဖြစ်သွားနိုင်တာမို့ မမှားသင့်တဲ့ အမှားမျိုး မမှားကြဖို့နဲ့ မိန်းမပျိုများအားလုံး သာယာလှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
Yu's - Life in United States ရဲ့ ရေးသားမျှဝေချက်ကို အခြေခံထားပါတယ်
#သုံးခွ
09/01/2026
ကျောက်ပန်းတောင်းက မိသားစုလေးအကြောင်း ကြားရတာ တကယ်ကို ရ.င်ကွဲမတတ် စိတ်မကောင်းဖြစ်ရပါတယ် 😰💔
ဂျပန်သွားမယ့် သမီးလေးကို ရန်ကုန်အထိ လိုက်ပို့၊ ဘုရားတွေအတူဖူး၊ အမှတ်တရ ဓါတ်ပုံတွေရိုက်ပြီး ပျော်နေခဲ့ကြတဲ့ မိသားစုလေး...
အပြန်ခရီး အမြန်လမ်းမှာမှ ကားမှောက်ပြီး ဆရာတော်၊ မိခင်၊ အဖွားနဲ့ အဒေါ်တို့ပါ အကုန် ဆုံးပါးသွားခဲ့ရတယ်တဲ့။ 😢
အဖေမရှိတော့တဲ့နောက် မိခင်၊ အဖွားနဲ့ အဒေါ်တို့ရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာပြီး မိသားစုကို ပြန်လည်လုပ်ကျွေးဖို့ ရည်မှန်းချက်တွေနဲ့ ထွက်ခွာသွားခဲ့တဲ့ သမီးလေးခမျာ...
ဂျပန်နိုင်ငံကို ရောက်ရောက်ချင်းမှာပဲ ဒီလို ကြေကွဲစရာ သတင်းဆို:ကို ကြားလိုက်ရတော့ ဘယ်လောက်တောင် အားငယ် ငိုကြွေးနေရှာမလဲ။
"ငါ့ကို လိုက်ပို့လို့ ဖြစ်ရတာ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိမယ့် စိတ်ဒ.ဏ်ရာ၊ တိုင်းပြည်သစ်မှာ ရင်ဆိုင်ရတော့မယ့် အခက်အခဲတွေကြား သမီးလေး စိတ်ခွန်အားတွေ အမြန်ဆုံး ပြန်လည်ရရှိပါစေ။
ဂျပန်မှာလည်း ကူညီဖေးမပေးမယ့် သူတော်ကောင်းတွေနဲ့ ဆုံစည်းပါစေကြောင်း သေချာပေါက် ဆုတောင်းပေးလိုက်ရပါတယ်။
ကွယ်လွန်သွားကြသော ဆရာတော် အပါအဝင် မိသားစုဝင်များအားလုံး ကောင်းရာသုဂတိ လားကြပါစေ။ 🙏🌿
#ကျောက်ပန်းတောင်း
#ဂျပန်
#အမြန်လမ်း
08/30/2026
မိခင်အတွက် ပေးခဲ့တဲ့ ကတိတစ်ခုက နှစ် ၂၀ ကြာ နွမ်းပါးသူတွေရဲ့ အသက်ရှုပေါက်ဖြစ်လာခဲ့ 🥰❤
"မေမေ သက်သာလာရင် ကျန်တဲ့ ဘဝတစ်လျှောက်လုံး လူတွေအတွက် ကောင်းမှုကုသိုလ်တွေပဲ လုပ်သွားပါတော့မယ်" ဆိုသည့် ရိုးသားသည့် ကတိစကားနှင့်အတူ အမွှေးတိုင် ၂၁ ချောင်းထွန်းကာ ဆုတောင်းခဲ့သည့် အချိန်မှစ၍ ဆုရတ် ဝေါင်းချန်းဆင် (Surat Wongchangse ) ၏ ဘဝလမ်းကြောင်းသည် လူသားများအတွက် အပြီးအပိုင် ပြောင်းလဲသွားခဲ့ရသည်။
" ၁ ဘတ်တန် ဆေးခန်း၏ အဓိက ခံယူချက်များ "
နှစ် ၂၀ တိုင်တိုင် ခိုင်မာသော ရပ်တည်မှု အသက် ၆၅ နှစ်အရွယ် ပိုင်ရှင်ကြီး ဆုရတ်သည် ပေးခဲ့သည့် ကတိအတိုင်း ဘန်လမ်ဖူ (Bang Lamphu) အရပ်တွင် နှစ် ၂၀ တိုင်တိုင် တစ်နေ့မျှ မပျက်မကွက် ရပ်တည်ပေးခဲ့ပြီး သာမန်ပြည်သူများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် နိုင်ငံမဲ့များအတွက် အားကိုးရာ ဖြစ်လာခဲ့သည်။
အထောက်အထား မလို၊ ၁ ဘတ်တည်းဖြင့် ကုသမှု ဆေးခန်းသို့ လာရောက်သူ မည်သူ့ကိုမျှ မှတ်ပုံတင် သို့မဟုတ် အထောက်အထား တောင်းခံခြင်း လုံးဝမရှိဘဲ "လူတိုင်း၏ အသက်သည် တန်းတူညီမျှ တန်ဖိုးရှိသည်" ဆိုသည့် ခံယူချက်ဖြင့် အိမ်ခြေရာမဲ့များနှင့် ရွှေ့ပြောင်းလုပ်သားများကိုပါ ခွဲခြားမှုမရှိဘဲ ဆေးကုသခ ၁ ဘတ်တည်း ဖြင့် လက်ခံကုသပေးနေသည်။
အရည်အသွေးမြင့် စောင့်ရှောက်မှုနှင့် စိုက်ထုတ်ကျခံမှု ဆေးခန်း ရပ်တည်နိုင်ရန် မိမိ၏ ကိုယ်ပိုင်ငွေကြေးထဲမှ တစ်လလျှင် ဘတ် ၂ သိန်းကျော် စိုက်ထုတ်ပေးထားသည်။ ဆရာဝန်၊ သူနာပြု စရိတ်များအပြင် လူနာများ အမြန်ဆုံး သက်သာစေရန် ဈေးနှုန်းမြင့်မားသည့် မူရင်းထုတ် (Original) ဆေးဝါးများ ကိုပါ သီးသန့် ဝယ်ယူတိုက်ကျွေးထားသည်။
ကုသပေးနေသည့် ရောဂါများ သာမန်တုပ်ကွေး၊ နား၊ မျက်စိ၊ နှာခေါင်း ရောဂါများသာမက ဆီးချို၊ သွေးတိုး၊ သိုင်းရွိုက်ကဲ့သို့ နာတာရှည် ရောဂါများ ကိုပါ စနစ်တကျ ကုသပေးလျက်ရှိသည်။
"ပိုင်ရှင်ကြီး၏ တစ်ခုတည်းသော ရည်မှန်းချက်"
ဆင်းရဲနွမ်းပါးသည့် လူနာများ ဆေးဖိုးဝါးခ အလွန်အမင်း မကုန်ကျတော့ဘဲ နယ်တွင် ကျန်ရစ်ခဲ့သည့် မိသားစုများထံ ငွေပိုမို ပေးပို့နိုင်စေရန် ဖြစ်သည်။
မိခင်အတွက် ပေးခဲ့သော ကတိသစ္စာကို အရင်းတည်၍ နှစ် ၂၀ တိုင်တိုင် ကိုယ်ကျိုးစွန့် အနစ်နာခံကာ အသက်ဆက်ခွင့်များ ပေးအပ်နေသည့် ဆုရတ် ဆေးခန်းပိုင်ရှင်ကြီး ကျန်းမာချမ်းသာပါစေကြောင်းနှင့်
နွမ်းပါးသူများ၏ အားကိုးရာ ဆေးခန်းလေးလည်း အစဉ်အမြဲ ခိုင်မာစွာ ဆက်လက်ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။ 🙏🌸
08/29/2026
အရွယ်ကောင်း ဘောလုံးသမားလေးတွေ နှစ်ယောက်တောင် ထပ်ပျောက်သွားပြန်ပြီ 😱 သတိထားကြပါတော့
ဝိုင်းဝန်းကူညီရှာဖွေပေးကြပါရန်နှင့် သတင်းမျှဝေပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်တော်တို့ Gold Dream FC အသင်းမှ MFF Futsal League(1) 2025-2026 တွင် ကစားလျက်ရှိသော ကျောနံပါတ်(17) သီဟအောင်(21နှစ်)နှင့် လက်ရှိကျင်းပလျက်ရှိသော MFF U19 Youth Futsal League 2026 တွင် ကစားနေသည့် ကျောနံပါတ်(11) စွမ်းထက်ကျော်(18နှစ်) တို့ နှစ်ဦးမှာ ပျောက်ဆုံးနေပြီး ယခုထိတိုင် အဆက်အသွယ်မရရှိသေးပါ။
19.8.2026 (ဗုဒ္ဓဟူးနေ့) နေ့လည် 3 နာရီတွင် စွမ်းထက်ကျော်(18နှစ်)သည် Royal Noka FC အသင်းနဲ့ ယှဥ်ပြိုင်ကစားပီး သုဝဏ္ဏဘောလုံးကွင်းမှ သီဟအောင်(21နှစ်) နှင့်အတူပြန်ကာ မြောက်ဒဂုံ (50)ကွေ့ရောက်သည်အထိ အဆက်အသွယ်ရရှိခဲ့ပါသည်။
ထိုနောက်ပိုင်းမှစ၍ ကစားသမားနှစ်ဦးလုံးနှင့် ယနေ့အချိန်အထိ အဆက်အသွယ်မရတော့သည်မှာ (10)ရက်တိုင်တိုင်ရှိနေပါသည်။
အသင်းဘက်ကနေလဲ အစွမ်းကုန်ကြိုးစားရှာဖွေလျက်ရှိပြီး သက်ဆိုင်ရာရဲစခန်းတွင်လဲ လူပျောက်အမှုဖွင့်တိုင်ကြားထားပါသည်။
MFF မှ တာဝန်ရှိလူကြီးများကလဲ လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိပါသည်။
ထိုကြောင့် ကျွန်တော်တို့ကစားသမား(2)ဦးအား မည်သည့်နေရာမဆို တွေ့ရှိသူ (သို့မဟုတ်) သူတို့(2)ဦးနှင့်ပက်သက်သောသတင်းအချက်အလက်များ ကြားသိခဲ့ပါက အသင်းအား အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သူတို့(2)ဦး၏မိဘများကလဲ စိုးရိမ်ပူပန်လျက်ရှိပီး လိုက်လံရှာဖွေလျက်ရှိပါသည် 😔😔
မိဘပြည်သူများအားလုံးလဲ ဝိုင်းဝန်းကူညီရှာဖွေပေးကြပါရန်နှင့် သတင်းမျှဝေပေးကြပါရန် အထူးမေတ္တာတောင်းခံအပ်ပါတယ် 🙏🏻🙏🏻
#သီဟအောင်
#စွမ်းထက်ကျော်
08/29/2026
ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ အသက် ၄၁ နှစ်အရွယ် မြန်မာလုပ်သား တစ်ဦး အိပ်ပျော်နေရင်း ကွယ်လွန် 😭
မွန်ပြည်နယ် မုဒုံမြို့နေ ဦးဘသန်း၊ ဒေါ်လှသိန်းတို့၏သား ကိုဖြိုးပိုင် အသက် ၄၁နှစ်သည် ၂၀၂၆ခုနှစ် ဩဂုတ်လ ၂၆ ရက် နံနက် ၆ နာရီ ၄၉ မိနစ်အချိန် ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် ဟွာဆောင်မြို့ရှိ နေအိမ်တွင် အိပ်ပျော်နေရင်းဖြင့် ကွယ်လွန်သွားခဲ့ကြောင်း အကြောင်းကြားလာပါသည်။
ကွယ်လွန်သူ ကိုဖြိုးပိုင်၏ ကြွင်းကျန်ရစ်သော ရုပ်အလော-င်းကို ကျန်ရစ်သူ မိသားစု၏ ခွင့်ပြုချက်ရရှိသည့်အခါ သင်္ဂြို-ဟ်သွားမည်ဟု သိရပါသည်။
ကွယ်လွန်သူ ကိုဖြိုးပိုင်၏ နာရေးအတွက် တတ်နိုင်သည့်ဘက်က ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။
အသေးစိတ် သိလိုပါက ကိုရဲခေါင်
010-9794-0815 ထံ ဆက်သွယ် မေးမြန်ရနိုင်ပါသည်။
ကွယ်လွန်သူ ကိုဖြိုးပိုင် ကောင်းရာ သုဂတိ ရောက်ရှိပါစေ။
#ဇော်မိုးအောင်(ကိုရီးယား)
#ခရက်ဒစ်
08/29/2026
ဂျပန်သွားမယ့် သမီးလေးကို လိုက်ပို့ပြီးအပြန် ယာဥ်မတော်တဆဖြစ်ပြီး မိခင်၊ အဖွား၊ အဒေါ်တွေနဲ့ ဆရာတော်ပါ ပျံလွန်/ကွယ်လွန်သွားခဲ့ရတဲ့ ဖြစ်ရပ် 😭
ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်မည်ဖြစ်၍ လိုက်လံပို့ဆောင်ပေးခဲ့ကြသည့် ကျောက်ပန်းတောင်းမြို့နယ်မှ အမျိုးသမီးငယ်၏ မိခင်၊ အဘွား၊ အဒေါ်များနှင့် ဆရာတော်တို့မှာ အပြန်လမ်းတွင် ကားဘီးပေါက်၍ ယာဉ်မတော်တဆမှုဖြစ်ပွားကာ ပျံလွန်/ကွယ်လွန်သွားခဲ့ကြသည့် စိတ်မကောင်းဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်ပွားသည့်နေ့ရက် - ဩဂုတ်လ (၂၇) ရက်နေ့
ဖြစ်ပွားသည့်နေရာ - ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၆၇) အနီး
ဖြစ်စဉ်အကြောင်းအရင်း - ကျောက်ပန်းတောင်းမြို့နယ်၊ ရွာတန်းရှည်ကျေးရွာနေ ဆရာတော် ဦးသောဘိတ (သက်တော် ၅၀ အောက်) မောင်းနှင်လာသည့် Nissan X-Trail (RLG နံပါတ်ပါ) ယာဉ်မှာ ကျောက်ပန်းတောင်းဘက်သို့ အပြန် မိုင်တိုင် ၂၆၇ အရောက်တွင် ကားဘီးပေါက်၍ လမ်းလယ်အုတ်ခုံကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ပျံလွန်/ကွယ်လွန်သူများ - ယာဉ်မောင်း ဆရာတော် ဦးသောဘိတ၊ အမျိုးသမီးငယ်၏ မိခင်၊ အဒေါ်များဖြစ်ကြသည့် အသက် (၄၀) မှ (၅၀) နှစ်ကြား အမျိုးသမီး (၃) ဦးနှင့် အသက် (၈၄) နှစ်အရွယ် အဘွားတို့ ဖြစ်ပွားရာနေရာ၌ပင် ကွယ်လွန်/ပျံလွန်တော်မူခဲ့ကြသည်။
ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျန်ရှိသူများလည်း ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကြသည်။
ဂျပန်ရောက် အမျိုးသမီးငယ်၏ အခြေအနေ
ဂျပန်နိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားသည့် အမျိုးသမီးငယ်မှာ ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်မှသာ အဆိုပါ ဝမ်းနည်းဖွယ် သတင်းဆိုးကို ကြားသိခဲ့ရခြင်း ဖြစ်သည်။
သူမ၏ ပို့ဆောင်ပေးမှုကြောင့် အခုလို ဖြစ်ပျက်ခဲ့ရသည်ဟု မိမိကိုယ်ကို အပြစ်တင်ကာ ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲလျက်ရှိကြောင်း သိရသည်။
#ဂျပန်
#ဦးသောဘိတ
#ကျောက်ပန်းတောင်း
08/28/2026
နီပေါ ရေဘေးအလယ် ကြံ့ကြံ့ခံ မပျက်မစီး ကျန်ရှိခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်ကြီး 🙏🙏🙏
နီပေါဒေသတွင် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံမှုကြီးအတွင်း တလဟော စီးဆင်းနေသည့် ပြင်းထန်သော ရေစီးကြောင်းကြီး၏ အလယ်၌ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူမှာ နည်းနည်းမျှ ထိခိုက်ပျက်စီးမှုမရှိဘဲ မူလအတိုင်း သပ္ပာယ်စွာ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓ၏ မနိူင်းယှဉ်နိုင်သော ဘုန်းတန်ခိုးတော်ကြောင့်သာ ဖြစ်သည်ဟု သဒ္ဓါတရား ထက်သန်စွာဖြင့် ယုံကြည် ပူဇော်နေကြပါတယ်။
"သာဓု... သာဓု... သာဓု..." ခေါ်ဆိုပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေလို့ ဝိုင်းဝန်း ဆုတောင်းပေးခဲ့ကြရအောင်။ 🕊️💙
#ရုပ်ပွားတော်ကြီး
#မဟာအံ့ဖွယ်
#ဆုတောင်းပြည့်
08/19/2026
မြန်မာနိုင်ငံ တောင်ကြီးမြို့မှာ စာသင်ကျောင်းဆောင်သစ် လာရောက် လှူဒါန်းသွားခဲ့တဲ့ ဂျပန်ဖိုက်တာကြီး တာခဲရု 🥰❤
ONE Championship မှ နာမည်ကြီး ဂျပန်ဖိုက်တာကြီး တာခဲရု ဟာ ၈ လပိုင်း ၁၈ ရက်နေ့က တောင်ကြီးမြို့ အေးသာယာရပ်ကွက် ရွှေတောင်တန်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ကို လာရောက်သွားခဲ့ပါတယ်။
ခရီးစဉ်အတွင်း ရွှေတောင်တန်းစာသင်ကျောင်း ကိုလည်း သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အသုံးဝင်မယ့် ကျောင်းဆောင်သစ် ၃ ဆောင်တွဲ ကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအပေါ် ချစ်ခင်မှုနဲ့ အခုလို အကျိုးပြုလှူဒါန်းမှုအတွက် လေးစားဂုဏ်ယူရပါတယ် 🇲🇲❤️🇯🇵
#တာခဲရု
08/04/2026
ရေဘေးသင့်ပြည်သူများအတွက် တစ်ဦးလျှင် ကျပ် ၁ သိန်းစီ လှူဒါန်းကူညီခဲ့တဲ့ ဖြူဖြူထွေး 🥰❤
တကယ်ကို စိတ်ထားမွန်မြတ်လွန်းလှပါတယ်...😍
07/28/2026
လယ်ကွင်းထဲက စတင်ခဲ့တဲ့ အနုပညာအိပ်မက်နဲ့ မိဘကျေးဇူးကို အိမ်သစ်ကြီးနဲ့ ပြန်ဆပ်လိုက်တဲ့ အောင်ဇမ္ဗူ 🥰🤍
အနုပညာအိပ်မက်တစ်ခု လက်တွေ့ဖြစ်လာဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ သဘင်မင်းသား အောင်ဇမ္ဗူ အတွက်တော့ သူ့ရဲ့ အိမ်မက်တွေနောက်မှာ အရာအားလုံးကို ပေးဆပ်ရဲတဲ့ မိဘနှစ်ပါးရဲ့ မေတ္တာတံတိုင်းကြီး ရှိနေခဲ့ပါတယ်။
အောင်ဇမ္ဗူရဲ့ ငယ်ဘဝဟာ ရိုးရှင်းတဲ့ ရွာကလေးတစ်ရွာမှာ စတင်ခဲ့တာပါ။ ဖခင်ဖြစ်သူဟာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူဖြစ်သလို ရွာမှာ လူ ၃၀ လောက်ပါတဲ့ တီးဝိုင်းတစ်ခုကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။
အောင်ဇမ္ဗူဟာ ငယ်စဉ်ကတည်းက ဖခင်ရဲ့ တီးဝိုင်းနဲ့အတူ သီချင်းတွေဆို၊ မိသားစုနဲ့အတူ လယ်ကွင်းထဲ ဝင်ကူရင်း အနုပညာဝါသနာကို ပျိုးထောင်ခဲ့သူပါ။
သားဖြစ်သူရဲ့ အနုပညာပါရမီနဲ့ ရူးသွပ်မှုကို ပစ်ပယ်မထားဘဲ ထောက်ပံ့ပေးချင်တဲ့ မိဘနှစ်ပါးဟာ ဇာတ်အဖွဲ့တစ်ဖွဲ့ တည်ထောင်ပေးနိုင်ဖို့အတွက် သူတို့ ပိုင်ဆိုင်သမျှ လယ်ယာမြေတွေကိုပါ ရောင်းချပြီး ရင်းနှီးပေးခဲ့ကြပါတယ်။
မိဘတွေရဲ့ အဲဒီစွန့်လွှတ်မှုနဲ့ ယုံကြည်မှုတွေဟာ အောင်ဇမ္ဗူကို ဒီနေ့ သဘင်လောကရဲ့ ထိပ်တန်းနေရာတစ်ခုဆီ ရောက်အောင် တွန်းပို့ပေးခဲ့တဲ့ အဓိက အားအင်ကြီး ဖြစ်ခဲ့ပါတယ်။
ဒီနေ့မှာတော့ သဘင်လောကမှာ အောင်မြင်စွာ ရပ်တည်နိုင်ပြီဖြစ်တဲ့ အောင်ဇမ္ဗူဟာ သူ့အပေါ် အစစအရာရာ စွန့်လွှတ်ပေးခဲ့တဲ့ မိဘနှစ်ပါးအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဇာတိရွာမှာ အိမ်သစ်တစ်လုံး ဆောက်လုပ်လှူဒါန်းပေးခဲ့ပါတယ်။
မိဘကို သက်သောင့်သက်သာ နေထိုင်စေချင်တဲ့ သားကောင်းတစ်ယောက်ရဲ့ သိတတ်မှုကြောင့် ပရိသတ်တွေကလည်း အောင်ဇမ္ဗူကို မုဒိတာပွား ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချီးကျူးနေကြပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Jackson Street
Dallas, TX
75202