Cherry Cole
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cherry Cole, Design & Fashion, Boston, MA.
02/07/2025
One day 🤎
01/09/2025
Hudson Yards မှာရိုက်ခဲ့တဲ့ ပုံလေးတွေ 🤎🍁🇺🇸
Cherry Cole
10/01/2024
Exploring the campus where legends are made
📸🍂🍁
Harvard University 🇺🇸
Cherry Cole
09/09/2024
"ကိုယ်တိုင်က Brand ဖြစ်ပါစေ"
▪️"Brand" ဆိုတဲ့အရာကို လူတိုင်းဟာ ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးသာ များသောအားဖြင့် တွေးမိကြတာပါ။ အမှန်တရားကတော့ Brand ဆိုတာဟာ ကုန်ပစ္စည်းတွေမှာသာ ရှိတာ မဟုတ်ပါဘူး။ လူတိုင်းဟာ ကိုယ်ပိုင်စရိုက်လက္ခဏာ၊ အမြင်သဘောထား၊ အပြုအမူတွေနဲ့ သူတို့ရဲ့ Personal Brand (ကိုယ်ပိုင်အမှတ်တံဆိပ်) ကို တည်ဆောက်နေကြတာ ဖြစ်ပါတယ်။
Personal Brand ဟာ တစ်ခါတလေမှာ ကိုယ်ကိုယ်တိုင်က သတိမထားမိရင်တောင် တည်ရှိနေတာ ဖြစ်ပါတယ်။ ကိုယ့်ကို ကြိုက်တဲ့သူပဲဖြစ်ဖြစ်၊ မကြိုက်တဲ့သူပဲဖြစ်ဖြစ်.. ကိုယ့်အကြောင်းကို ပြောကြတဲ့အခါမှာ ဖော်ပြတဲ့ပုံရိပ်ကို Personal Brand လို့ ခေါ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် အခြားလူတွေ စိတ်ထဲမှာ စိမ့်ဝင်ရောက်နေတဲ့ ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆိုတွေကို အခြေခံပြီး တည်ဆောက်တဲ့ ကိုယ့်အကြောင်း ပုံရိပ်တစ်ခုပါပဲ။ ကိုယ်ရဲ့စရိုက်လက္ခဏာ၊ တာဝန်ယူမှု၊ ယဉ်ကျေးမှု၊ အပြောအဆိုတွေ အဓိကပါဝင်ပါတယ်။
▪️နောက်တစ်ခုက ပိုက်ဆံအိတ်၊ ဖိနပ်၊ ရေမွှေးစသဖြင့် နာမည်ကြီး Branded တွေကို သုံးတဲ့အခါမှာ တချို့လူတွေက "ငါက Branded တွေ သုံးတယ်" ဆိုပြီး ဂုဏ်ယူဝင့်ကြွားစိတ်တွေ ဖြစ်တတ်ကြတယ်။ တန်ဖိုးကြီး Branded တွေသုံးပြီး ကိုယ့်ကိုယ်ကိုယ် မြင့်တယ်လို့ ထင်တတ်ကြတယ်။
ကျွန်မကတော့ တန်ဖိုးကြီး Brand တွေဝယ်သုံးမှ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမြင့်တယ်လို့ မခံစားစေချင်ဘဲ ကိုယ်ကိုယ်တိုင်က Brand တစ်ခု ဖြစ်နေစေချင်တယ်။ အစစ်အမှန်တန်ဖိုးကို ရရှိဖို့ ကိုယ့်ကိုယ်ကိုယ် Brand တစ်ခုအဖြစ် ဖော်ဆောင်နိုင်ဖို့ လိုအပ်လို့ မြင်မိပါတယ်။
▪️Brand တွေ သုံးတာက မကောင်းဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ တတ်နိုင်တဲ့သူတွေ သုံးကြပါ။ ဒါပေမယ့် ဒီ Brand တွေသုံးနိုင်မှ လူလယ်မှ တင့်တယ်မယ်လို့ မထင်စေချင်ဘူး။ ကိုယ်တိုင်က Brand ဖြစ်နေတဲ့လူတွေဆိုရင်.. သူတို့ကြောင့် သူတို့သုံးတဲ့ပစ္စည်းတွေက Brand ဖြစ်သွားတတ်တယ်။ ရုပ်ဝတ္ထု Brand တွေက ပိုက်ဆံတွေရှိလာတဲ့အခါ လူတိုင်းလိုလို သုံးဆောင်နိုင်ကြပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့က ပိုက်ဆံပေးရင်တောင်မရတဲ့ နာမည်ကောင်းတစ်ခု၊ ဂုဏ်သတင်းတစ်ခုကို တည်ဆောက်ထားနိုင်ရပါမယ်။
▪️Personal Brand ကို ဘယ်လိုတည်ဆောက်မလဲ?
Personal Branding ဆိုတာ.. ကိုယ်ဘာလဲ ဆိုတာကို အစစ်အမှန်ချပြတတ်တဲ့အနုပညာတရပ်ပါ။ အဲဒီလိုချပြဖို့ဆိုတာက ကိုယ့်မှာ ကောင်းမွန်တဲ့အရည်အချင်းတွေ ရှိနေဖို့က ပထမပါ။
💟၁။ ယုံကြည်စိတ်ချရမှု (Trustworthiness)
ယုံကြည်စိတ်ချရမှုဟာ Personal Brand တစ်ခုရဲ့ အရေးကြီးဆုံး အခြေခံကျသော အရည်အသွေးတစ်ခုပါ။ လူတွေဟာ ယုံကြည်စိတ်ချရမှသာ ကိုယ့်အနားမှာရှိနေချင်ပါတယ်။ ယုံကြည်စိတ်ချရမှုကို တည်ဆောက်ဖို့ဆိုရင် ကိုယ်ရဲ့ တာဝန်တွေကို တိတိကျကျ လုပ်ဆောင်နိုင်တာ၊ ရိုးသားတဲ့စကားတွေ ပြောတာ၊ မိမိရဲ့လုပ်ရပ်နဲ့ အပြော တထပ်တည်းကျနေတာ ဆိုတဲ့ အရည်အသွေးတွေရှိဖို့ လိုအပ်ပါတယ်။
ကျွန်မတို့က ကိုယ့်စကားကိုယ်မှ မတည်နိုင်ရင် လူဝင်ဆံ့မှာမဟုတ်ပါဘူး။ ကတိတည်နိုင်ခြင်း ပြောသလိုလုပ်တတ်ခြင်းက Brand တစ်ခုတည်ဆောက်ရာမှာ အတော်လေးကို အရေးပါတဲ့ အရာတစ်ခုပါ။ အများတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ဒီလူက ကတိတည်တယ်၊ ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်တယ်ဆိုတာက ငွေနဲ့ဝယ်လို့မရတဲ့ ဂုဏ်သတင်းတစ်ခုပါ။
💟၂။ ရိုးသားမှု (Honesty)
ရိုးသားမှုဆိုတာက ကိုယ့်ရဲ့ စကားပြော၊ အပြုအမူတွေအကုန်လုံးမှာ ထင်ထင်ရှားရှားရှိနေရမယ့်အချက်ပါ။ ရိုးသားတဲ့လူဟာ အချိန်တိုင်းမှာ အမှန်ကို ပြောဆိုတတ်ရုံသာမက၊ သူ့အကြောင်းအရာ၊ သူ့အတွေ့အကြုံတွေကို ရှင်းရှင်းလင်းလင်း ပြောပြတတ်ပါတယ်။ ရိုးသားမှုနဲ့ ယုံကြည်စိတ်ချရမှုက ဆက်စပ်နေပြီး ကိုယ့် Personal Brand ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ဥပမာ - မိတ်ဆွေတစ်ယောက်နဲ့ စကားပြောစဉ်မှာ ကိုယ်မသိတဲ့အကြောင်းအရာတစ်ခုကို မသိတဲ့အကြောင်း အရိုးခံအတိုင်း ပြောပြခြင်းဟာ ရိုးသားမှုကို ပြသတဲ့အရာဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ " ကျွန်မကတော့ မသိပါဘူးရှင်.. ။ ကျွန်တော်ကတော့ မသိပါဘူးခင်ဗျာ.. " ဆိုတဲ့ စကားလုံးလေးတွေက စစ်မှန်တဲ့ရိုးသားမှုကို ပြသနေပါပြီ။ ကိုယ်မသိတဲ့၊ မတတ်တဲ့အရာတစ်ခုကို.. သိတယ်တတ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ရမ်းသမ်းရှင်းပြနေမယ်ဆိုရင်တော့ ရိုးသားမှုမရှိတဲ့လုပ်ရပ်လို့ ဆိုရမှာပါပဲ။
💟၃။ ဆရာကျတဲ့ ကျွမ်းကျင်မှုတစ်ခု
ဒီလိုကျွမ်းကျင်မှုတစ်ခုရှိနေခြင်းက ကျွန်မတို့ကို လမ်းမပျောက်စေတဲ့အပြင် ကျွန်မတို့ရဲ့Brand Image ကိုလည်း အများကြီးအထောက်အကူဖြစ်စေပါတယ်။ စျေးရောင်းတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ စက်ချုပ်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ လူတွေကို စီမံခန့်ခွဲတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခုမှာ သာမန်ထက်ပိုပြီး ကောင်းမွန်နေ၊ ကျွမ်းကျင်နေတဲ့အခါ ကျွန်မတို့ရဲ့ Brand ကို မြင့်တက်စေတာပါပဲ။
ဒါကြောင့်မို့ တစ်နေရာရာမှာ ထူးထူးချွန်ချွန်ဖြစ်တဲ့အထိ လေ့လာစေချင်ပါတယ်။ ကိုယ့်ရဲ့နယ်ပယ်နဲ့ ပတ်သက်လာရင် ကိုယ်က စိတ်ချရတယ်၊ တော်တယ် ဆိုတာမျိုးဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ Brand ဟာ ခိုင်မာတဲ့ပုံရိပ်ကောင်းတစ်ခု ဖြစ်လာရမှာပါ။
📌 ဒီလို ကိုယ်တိုင်က Brand ဖြစ်လာတဲ့အခါ ကျွန်မတို့က လူအလယ်မှာ ထင်ပေါ်စေဖို့ Branded ပစ္စည်းတွေရဲ့အကူအညီ မလိုတော့ပါဘူး။ သုံးချင်ရင်တော့ သုံးလို့ရပါတယ်။ ဒါကိုသုံးမှ လူစိတ်ဝင်စားတာ ခံရမယ်ဆိုတာမျိုး မဟုတ်တော့ဘဲ ပြောင်းပြန်အနေအထား၊ ကိုယ်သုံးစွဲတဲ့ပစ္စည်းတွေက ကိုယ့်ကြောင့် Brand ဖြစ်လာပြီး လူစိတ်ဝင်စားလာရပါလိမ့်မယ်။
ဒါကြောင့် ရုပ်ဝတ္ထု Brand တွေကို အရမ်းအာရုံမစိုက်ဘဲ ကိုယ်တိုင်က Brand တစ်ခုဖြစ်နေအောင် ကြိုးစားစေချင်ပါတယ်။ Personal Brand တည်ဆောက်မှုဟာ အချိန်ယူတဲ့ လုပ်ငန်းစဉ်ဖြစ်ပေမယ့်.. ကောင်းမွန်ခိုင်မာတဲ့ Brand တစ်ခု ဖြစ်လာရင် ကိုယ့်ဘဝမှာ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိနေမှာ ဖြစ်ပါတယ်။
#ဉာဏ
September 9, 2024
07/08/2024
Beginning 😥 Vs Now 😎
ဟုတ်တယ် လူတိုင်း ကိုယ့်အတွက် အသစ်တစ်ခု ကို စ လုပ်တိုင်း အဲ့အစမှာခက်ခဲတယ် စိန်ခေါ်မှုတွေလဲများတယ် ၊ ဘာလို့လဲဆိုတော့ ကိုယ်က ရင်းနှီးပီးသား အဝန်းဝိုင်းထဲက ခွဲထွက်ပီး မတူညီတဲ့လမ်းသစ်ကိုဖောက်တာကိုး 🏃♀️
မကျွမ်းကျင်ခင် အရာအားလုံးနဲ့အံဝင်ဂွင်ကျမဖြစ်ခင်တော့ ကြောက်စရာကောင်းနိုင်တာပေါ့😳
ဘာလို့လဲဆိုတော့ ပြောင်းလဲမှုတွေပါနေလို့ပါ ⌛️
ဒါပေမဲ့ အဲ့တဖြေးဖြေးပြောင်းလဲမှုက အတွေ့ကြုံများပီးကိုယ်ရည်သွေးတိုးတက်လာတာပါပဲ 🎖️😍😎
Cherry Cole
07/08/2024
🤭🤣🤣🤣
07/01/2024
I hope July surprise me with something good 🤞🍀💰
Sunshine and my baby's giggles👶👩🍼🫠
06/12/2024
အခုချိန်ပျော်ရွှင်မှုဆိုတာ နေ့စဉ်🤑ငွေဘယ်လောက်ဝင်တာနဲ့ တိုက်ရိုက်အချိုးကြသည်
“Nowadays, happiness is directly proportional to the amount of money earned daily.”
💰
06/07/2024
အမေးများဆုံးမေးခွန်း🥴
🙂
Click here to claim your Sponsored Listing.
Category
Website
Address
Boston, MA