Thanda

Thanda

Share

Money Mindset Coach, business advisor, Personal finance,Founder of Lime House

10/20/2025

We're 97% DONE! Just a few final touches left 👷‍♂️✨
See you on Oct 22 - it’s almost time! 🎉

📍 Lime House Sushi Ramen
9320 Transit RD, East Amherst, New York 14051

Photos from Thanda's post 05/12/2025

This Mother’s Day, I’m filled with gratitude—for the woman who raised me with love, strength, and grace, and for the journey of becoming a mother myself. Everything I am, I learned from her. And now, I carry that love forward, one day, one heartbeat at a time.

04/10/2025

အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မ Thanda ပါ။ မြန်မာပြည်မှာ မထင်မှတ်ပဲ ကြုံတွေ့ခဲ့ရတဲ့ ငလျင်ကြီးကြောင့် ဆုံးရှုံး နစ်နာခဲ့ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေအတွက် အားလုံးနဲ့အတူတူ ဝမ်းနည်းကြောင်းကို ကျွန်မ ဒီ videoလေးကနေတစ်ဆင့်ပြောပြချင်ပါတယ်။ ကျွန်မက နိုင်ငံရပ်ခြားမှာ နေနေရတာကြောင့် မြေပြင်ထိ ကိုယ်တိုင်ကိုယ်ကျ မကူညီနိုင်ပေမယ့် ကျွန်မရဲ့ “LimeHouse:sushi and ramen” စားသောက်ဆိုင်ကနေ တစ်ဆင့်လဲ အတတ်နိုင်ဆုံး ကူညီဖို့ရာအတွက် fund raising တွေလုပ်နေပါတယ်။ နောက်ပြီး ကျွန်မ အခုလိုအပ်နေတဲ့သူတွေကို ကူညီရန် တိုက်ရိုက်လှူဒန်းဖို့ ရန်ပုံငွေအတွက် Go fund me campaignတစ်ခုကိုလည်း ပြုလုပ်ထားပါတယ်။ကျွန်မရဲ့ Business owners မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ပြီးတော့ ကျွန်မလိုပဲ အဝေးမှာရောက်နေပေမယ့် မြန်မာပြည်သူတွေရဲ့ ပင်ပန်းဆင်းရဲမှုတွေကနေ သက်သာစေလိုတဲ့ ဆန္ဒရှိသူတွေ အကုန်လုံး ဒီ fund raising campaign လေးမှာ ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်ရှင်။ Go fund me campaign လေးမှာ တိုက်ရိုက်လှူဒါန်း ချင်တယ်ဆိုရင်တော့ အောက်ပါ linkလေးကနေတစ်ဆင့် လှူဒါန်းနိုင်ပါတယ်ရှင်။https://www.gofundme.com/f/myanmar-earthquake-thousands-need-your-help/cl/d?utm_campaign=pd_ss_icons&utm_medium=customer&utm_source=copy_link&attribution_id=sl%3A7bc13ac6-efe8-431c-be2e-5fd7aee43c8aကျွန်မ အမြဲ ဒီ page လေးကနေတစ်ဆင့် keep in touchလုပ်ပြီး၊ အလှူငွေများကို ဘယ်လိုသုံးစွဲတယ်ဆိုတာ အမြဲ updateလုပ်ပေးသွားပါမယ်ရှင်။ ကျွန််မကို ဆက်သွယ်ချင်တယ်ဆိုရင် go fund me ကနေတစ်ဆင့် သော်လည်းကောင်း ဒီpageကနေတစ်ဆင့်သော်လည်းကောင်း ဆက်သွယ်လို့ရပါတယ်။ မနက်ဖြန်တွေမှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်တဲ့အခါ ကျွန်မတို့ဟာ လက်ရှိအချိန်လေးကို အကောင်းဆုံးဖြတ်သန်းဖို့ အားလုံးအတူတူကြိုးစားလိုက်ကြရအောင်ပါရှင် 💙

Photos from Thanda's post 04/06/2025

Myanmar Needs Our Help!

ကျွန်မရဲ့ မွေးရပ်မြေ၊ ကြီးပြင်းလာရာ အရပ်ဖြစ်တဲ့မြန်မာဟာ 2025 Marchလ 28ရက်နေ့မှာ ပြင်းထန်တဲ့ ငလျင်ဒဏ် ကို ရင်ဆိုင်ခဲ့ရပါတယ်။ Magnitude 7.7 တောင်ရှိတဲ့ ဒီငလျင်ဒဏ်ကြောင့် အဆောက်အအုံများစွာ ပြိုကျ ပျက်စီးခဲ့တယ်၊ လမ်းတွေဆိုရင်လဲ အက်ကွဲနေတယ်၊ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ ပြည်သူတွေဟာလည်း ကိုယ့်ချစ်တဲ့သူတွေ၊မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ရပါတယ်။

လတ်တလော ငလျင်ဘေးသင့်ပြည်သူတွေအတွက် သက်သာမှု ရရှိရန် အကူအညီဖြစ်မယ့်အရာတွေကတော့
🛑 အစားအစာများ၊ သောက်ရေသန့်၊ ဆေးဝါးများ၊ နားခိုရန်အတွက် ယာယီနေရာများ၊ တစ်ကိုယ်ရေ အသုံးအဆောင်များ။

🏠 ပြိုကျပျက်စီးခဲ့သော အိုးအိမ်များ ပြန်လည်တည်ထောင်ရန်နှင့် မျှော်လင့်ချက်များ အသစ်တစ်ဖန် နိုးကြားလာစေရန် ပဲဖြစ်ပါတယ်။

ဒီလို ငလျင်လှုပ်ခတ်မှုဒဏ်ကိုရင်ဆိုင်ခဲ့ရတဲ့မိသားစုများ၊ သူငယ်ချင်းများကို တတ်အားသရွေ့ ကူညီဖို့ ကျွန်မအခု ရန်ပုံငွေ အစီအစဉ်တစ်ခု ပြင်ဆင်နေပါတယ်။ အမေရိကန်မှာ ဘဝသစ်တစ်ခု ထူထောင်ခဲ့ပေမယ့် နှလုံးသားထဲမှာတော့ မြန်မာပြည်သူတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေဆဲပါ။ ယခု ကျွန်မ လိုအပ်နေတဲ့သူတွေကို တိုက်ရိုက်လှူဒန်းဖို့ ရန်ပုံငွေအတွက် Go fund me campaignတစ်ခု ပြုလုပ်ထားပါတယ်။

🔗ပါဝင် လှူဒါန်း လိုသူများအတွက် အောက်ပါ linkကနေ တစ်ဆင့် ပါဝင်နိုင်ပါတယ်ရှင်။
လှူဒါန်းမှုတိုင်းသည် မည်မျှပင်သေးငယ်သည်ဖြစ်စေ မိသားစုများ၏ဘဝကို ပြန်လည်တည်ဆောက်ရန် ကူညီပေးခြင်းအတွက် ကျွန်မတို့ကို ခြေတစ်လှမ်းပိုနီးကပ်စေပါတယ်။ ကျွန်မလိုပဲ အဝေးမှာရောက်နေပေမယ့် မြန်မာပြည်သူတွေရဲ့ ပင်ပန်းဆင်းရဲမှုတွေကနေ သက်သာစေလိုတဲ့ ဆန္ဒရှိသူများလည်း ဒီရန်ပုံငွေ အစီအစဉ်မှာ ပါဝင်လှူဒါန်းဖို့ ဖိတ်ခေါ်ပါရစေရှင်။ 💙

https://www.gofundme.com/f/myanmar-earthquake-thousands-need-your-help/cl/d?utm_campaign=pd_ss_icons&utm_medium=customer&utm_source=copy_link&attribution_id=sl%3A7bc13ac6-efe8-431c-be2e-5fd7aee43c8a

I sincerely thank you on behalf of the people in Myanmar who are facing this crisis right now. 💙

01/22/2025

တစ်ခါတစ်လေ ငွေကိုပိုရှာဖို့ကြိုးစားတဲ့အခါ အကြီးမားဆုံးအတားအဆီးဟာ ပြင်ပကနေလာတာမဟုတ်ကိုဘဲ ကိုယ် ကိုယ်တိုင်ရဲ့ အတွင်းစိတ်နေစိတ်ထားထဲကနေ လာပါတယ်။ “ဒီငွေကငါ့အတွက်မထိုက်တန်ဘူး” or “ငွေရှာရသိပ်ခက်တယ်” ဆိုတဲ့ အတွေးတွေက ကိုယ့်ပျော်ရွှင်မှုနဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်စေတတ်ပါတယ်။

ကိုယ်ဟာဒီလို negativeဘက်က တွေးများတတ်တဲ့သူဆိုရင်၊ အမြဲသတိရှိပြီး အကောင်းဘက်နေပြန်တွေးတတ်တဲ့ အကျင့်ကို ကျင့်ယူပါ။ ဒီလေ့အကျင့်ကို အစပြုပြီး ကိုယ့်ရဲ့ mindset ကို တဖြည်းဖြည်းချင်း ပြုပြင်သွားတာကလဲ ကိုယ့်တိုးတက်ရာလမ်းအတွက် လှေကားထစ်တစ်ခုပါပဲ။

12/31/2024

Happy New Year to all my beloveds ⭐️
အားလုံးပဲ နှစ်သစ်မှာကျန်းမာပျော်ရွှင်ကြပြီး ရည်မှန်းချက်တွေကိုလဲ အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်

အောင်မြင်မှုဆိုတာ အမြဲအိပ်မက်အနေနဲ့ စတင်ရတာဖြစ်ပြီး လက်တွေ့ဖြစ်လာဖို့ဆိုရင် ကိုယ့်ရဲ့ ကြိုးစားမှု၊ လုံ့လရှိမှု၊ အသိပညာတို့နဲ့ကြိုးစားရခြင်းပါပဲ..

နှစ်ဟောင်းမှာရခဲ့တဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို လှေကားအဖြစ် အသုံးချပြီး ၂၀၂၅ဆိုတဲ့နှစ်သစ်ကို တူတူရှေ့ဆက်ကြမယ်၊ ပိုမိုကောင်းမွန်တဲ့ အောင်မြင်မှုတွေကို ရယူကြမယ်။ ကျွန်မတို့အားလုံးဟာ တစ်ခုခုကို achieveဖြစ်သွားတဲ့အချိန်ကျ ချစ်ရတဲ့သူတွေနဲ့တူတူ ပျော်ကြ၊အောင်ပွဲခံလေ့ရှိပေမယ့် ကိုယ့်ကိုယ်ကိုတော့ မေ့လျော့တတ်ကြပါတယ်။ ဒါကြောင့် နောက်ထပ်နှစ်တစ်နှစ်ကို သန်သန်မာမာနဲ့ ဖြတ်ကျော်လာခဲ့တဲ့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ဖို့၊ ဂုဏ်ပြုဖို့လဲမမေ့ပါနဲ့နော်။

၂၀၂၄မှာရခဲ့တဲ့ ကိုယ့်အတွက်အကျိုးအရှိတဲ့သင်ခန်းစာတွေ ဒါမှမဟုတ် အတွေ့ကြုံတွေထဲကမှ ဘယ်တစ်ခုက ကိုယ့်အတွက်၂၀၂၅ထိ အမှတ်အရဆုံးဖြစ်မလဲ ?

Thanda

Photos from Thanda's post 12/30/2024

New York City ကို အလည် ထပ်ရောက်ခဲ့တယ်။
အရမ်းအေးပြီး ချမးနေရောပဲ။ tempura က 25 degree F ပဲ ရှိတယ်။
ကျမ ကတော့ နှစ်သစ် ရဲ္ plan ကို December ထဲက စပြီး ဆွဲနေပြီ။
အားလံုးကော plan တွေ ချပြီးကြပြီလား

12/05/2024

Begin your sushi dreams today by working with a proven business model like Lime House. And just like you, we're powered by the entreprenurial passion for sushi and success.

Visit our website at https://limehousefranchise.com/, click the franchise link in our bio, or send us a message to get started on your Lime House career!

Photos from Thanda's post 12/05/2024

အိမ်မက်တွေဆီ ချီတက်ရင်း

Miami မှာ business camp တခု လာတက်ဖြစ်တယ်။
ခရီးတေဠ အမြဲထွကိပြီး business owner တွေဆီြ အမြင်ချင်း ဖလှယ်ရတဲ့, idea တွေ share ရတဲ့ အချိန်တွေဆို အရမ်းပျော်မိတယ်။

ကို ရခဲ့တဲ့ experience, knowledge, connections တွေကို business ကို ဘယ်လို grow ဖြစ်အောင် လုပ်လဲ။ ဘယ်လို goals တွေချမလဲ။ ဘယ်လို plan နဲ့ ရှေ့ဆက် သွားရမလဲ ဆိုတာတွေ ဆက် စဉ်းစားတိုင်း တနေ့ ကြီးမားလာမယ့် ကို့ရဲ့ အိမ်မက် တွေ ကို ပို exciting ဖြစ်မိတယ်။

Business networking တွေ သွားပါ။
ကြိုးစားပြီး မိတ်ဆွေ များ အောင် နေပါ။ တန်ဖိုးရှိတဲ့ မိတ်ဆွေ တွေ အနားမှာ ထားပါ။
ကို့ အတွက် အချင်းချင်း အမြဲ ကူညီနိုင်မဲ့ business owners တွေကို အနားမှာထားရင် တနေ့ ကိုလဲ လိုချင်တဲ့ goals တွေ ရပြီး အောင်မြင် လာမယ်။

Thanda

Photos from Thanda's post 11/27/2024

5 Money Mindset Habits of Successful Entrepreneurs💡

Want to succeed financially? Start by adopting these habits:

1️⃣ Focus on growth, limitations

ကိုယ့်ဘဝတိုးတက်ဖို့အတွက်အာရုံထားသင့်တာဟာ အခွင့်အလမ်းတွေကိုပါ၊ ကိုယ့်ကို limitလုပ်ထားတဲ့အရာတွေကိုမဟုတ်ပါဘူး။

2️⃣ Set clear financial goals

တိကျသေချာတဲ့ financial goals တွေချမှတ်ထားပါ။

3️⃣ View failures as learning opportunities

ကျရှုံးမှုများကို သင်ခန်းစာအဖြစ်မြင်ပါ။

4️⃣ Track you spendings

မိမိရဲ့ အသုံးစရိတ်တွေကို စာရင်းရေးမှတ်ပါ

5️⃣ Prioritize investing in self-education

Self education ကို ဦးစာပေးရင်းနှီးမြှုပ်နှံပါ။

💼 Success starts with your mindset. Which of these habits will you adopt today? Comment below.

11/23/2024

ဘဝရဲ့စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲ၊ ကိုယ့်ဘဝတိုးတက်အောင် ဘယ်လိုအခွင့်အရေးကို အသုံးချရမလဲ စတဲ့အရာတွေကို ဆုံးဖြတ်တဲ့အခါ သင့်ရဲ့စိတ်နေစိတ်ထားကအရေးအကြီးဆုံးပဲဖြစ်ပါတယ်။ အခက်အခဲတွေကိုကျော်ဖြတ်တဲ့အခါ၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ၊ ကိုယ့်ရဲ့ ဘယ်ပန်းတိုင်ကိုမဆိုရောက်လှမ်းဖို့ ကြိုးစားတဲ့အခါ ကြံ့ခိုင်တဲ့စိတ်၊ ကောင်းမြင်တတ်တဲ့စိတ်ဟာ အကူအညီဖြစ်စေပါလိမ့်မယ်။

ဒါကြောင့်အောင်မြင်မှုအတွက် ရင်းနှီးမြှုပ်နှံတဲ့အခါ ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပထမဦးဆုံးအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ကိုအမြဲသတိရပါ။

——

Your mindset determines how you see opportunities, face challenges, and grow in life. A strong, positive mindset helps you overcome obstacles, make smarter decisions, and achieve your financial and personal goals. Remember, before you invest in any business or asset, investing in yourself and your perspective is the ultimate key to success.

Want your public figure to be the top-listed Public Figure in Amherst?
Click here to claim your Sponsored Listing.

Category

Address


Main Street
Amherst, NY
14221