Cookfork1
Hi All, I'm K2 and I always cook for K1. The HAPPINESS you get when you serve your food to your love. Thanks for watching my videos.
Please don't forget to subscribe to my Youtube channel.
12/05/2026
ဖေ့စ်ဘုတ်က သူငယ်ချင်းတွေရော ဗီဒီယိုကြည့်ရင် အလျားလိုက် ကြည့်ဖြစ်လား။ ဒေါင်လိုက်ပဲ ပိုကြည့်ဖြစ်လားခင်ဗျာ၊
အလျားလိုက်ကြည့်ဖြစ်ရင် 🧡 ပေးလို့ရပြီး ဒေါင်လိုက်ကြည့်ဖြစ်ရင် 👍 ပေးလို့ရပါတယ်ခင်ဗျာ၊
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ပုံထဲကတော့ ယျူကျူ့ပဲ ကြည့်ဖြစ်တဲ့ သူငယ်ချင်းတွေဖြေပေးထားတာပါ။ ယူကျူ့မှာတော့ ဗီဒီယိုအရှည်တွေကို အလျားလိုက်တင်ပေးပြီး အတိုလေးတွေကိုတော့ ဒေါင်လိုက်ပဲ တင်ပေးသွားပါမယ်ခင်ဗျာ။
အချိန်မရွေးစားကောင်းတဲ့ ရိုးရိုးရှင်းရှင်း ခေါက်ဆွဲကြော်လေးပါ။ ထည့်ရမယ့် အရသာ ပမာဏက တော့ မိမိကြော်မယ့် ခေါက်ဆွဲ ပမာဏ ပေါ်မှာ မူတည်ပြီး ချိန်ဆလို့ရပါတယ်…
ကြက်ဥခေါက်ဆွဲအစို ကို ရေဆူဆူထဲမျာ ၅ မိနစ်လောက်ပြုတ်ပါတယ်။ ပြုတ်ပြီးတဲ့အခါ ရေစစ်ပြီး ခေါက်ဆွဲတွေ မကပ်သွားစေဖို့အတွက် နှမ်းဆီ သို့ ဟင်းချက်တဲ့ ဆီအနည်းငယ်ထည့်ပြီးနယ်ထားပေးပါ။ ကြက်ဥ ၁ လုံးကို ခေါက်ထားပေးပါ။
မိမိစိတ်ကြိုက်အသားကို ပါးပါးလေးလှီးထားပါ။ လှီးထားတဲ့ အသားတွေကို အရသာနှပ်ပေးထားပါမယ်။ ဆား ။ အချိုမှုန့် သို့ ကြက်သားမှုန့်။ နှမ်းဆီမွှေး။ ပြောင်းကော်မှုန့် နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး နှပ်ထားပေးပါ။
ဒယ်အိုးထဲမှာ ဆီထည့်ပြီး နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပေးပါ. မွေးလာရင် ခေါက်ထားတဲ့ ကြက်ဥကို ကြော်ပါမယ်။ အရောင်အနည်းငယ်ပြောင်းတဲ့အထိ ကြော်ပြီးရင် ဒယ်အိုးရဲ့ ဘေးကို ခဏဖယ်ထားပေးပါ။ ပြီးတာနဲ့ အရသာနှပ်ထားတဲ့ ကြက်သားတွေကို ထည့်ပါမယ်။ အသားတွေကို ကြက်အောင် ကြော်ပေးပါမယ်. ကော်မှုန့် ထည့်ပြီးနယ်ထားတဲ့အတွက် ကြက်သားထဲက ရေဓာတ်တွေ မထွက်သွားတာကြောင့်င့် ကြက်သားတွေက မာမသွားဘဲ နူးညံ့ပါတယ်။ ကြက်သားတွေကြက်သွားရင် ဘေးနားမှာ ဖယ်ထားတဲ့ ကြက်ဥနဲ့ ရောပြီး ထပ်ကြော်ပေးပါ။ ပြီးရင် မိမိစိတ်ကြိုက် အသီးအရွက်တွေထည့်ပြီး ကြော် လို့ရပါပြီ။ ကျွန်တော်က မုန်လာဥနီ ။ ပန်းဂေါ်ဖီနဲ့ ဂေါ်ဖီ ထည့်ပါတယ်. အသီးအရွက်က ၃ မျိုးလောက်ဆိုရင် အဆင်ပြေပြီဖြစ်ပါတယ်။ အရွက်တွေကို ဆီနဲ့ ခဏကြော်ပြီးရင် ပဲငံပြာရည်အကြည်။ ခရုဆီ။ ၁ ဇွန်းဆီ။ ပဲငံပြာရည်အပျစ် အနည်းငယ်။ ဆား နဲ့ ကြက်သားမှုန့် သို့ သကြားအနည်းငယ်ငယ်ထည့်မယ်။ အသီးအရွက်တွေ နူးဖို့အတွက် ရေအနည်းငယ်ထည့်ပြီး ခဏတည်ထားပါ။ ပြီးမှ ပြုတ်ထားတဲ့ ခေါက်ဆွဲတွေထည့်ပြီးပြီး အရောင် အတွက် ပဲငံပြာရည်အပျစ် အနည်း ငယ်ထည့်ပြီး ခဏလောက်မွှေပေးပါ။
ဆိုင်တွေမှာလို ကြက်ပြုတ်ရည် အနည်းငယ်ထည့်ပြီး မွှေပေးရင်တော့ အရသာပိုမှာဖြစ်ပါတယ်။. နောက်ဆုံးမှာ ကြက်သွန်မြိတ်အပေါ်ကနေ အုပ်ပေးပါ။ ဒါဆိုရင်တော့ ရိုးရိုးရှင်းရှင်း တရုတ်ခေါက်ဆွဲကြော်လေး သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ….
08/05/2026
ကျွန်တော့် Youtube Channel လေးမှာ လူကြည့်အများဆုံး ဗီဒီယို ၁၀ ပုဒ်ပါ။
ဟိုးအရင်ကတည်းက ခုချိန်ထိ သတိတရ အားပေးကြတဲ့ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ဗီဒီယိုအသစ်တွေနဲ့ မကြာခင် ပြန်လာခဲ့ပါမယ်။
ဝက်သားနီချက်
https://youtu.be/NRihqasVbXs?si=LXwgTaZQ6jeiIcfj
သာကူကျောက်ကျော
https://youtu.be/4rEpDCqD9Oo?si=VoUNPUc_I3JkKv5t
ပဲပင်ပေါက်ဖောက်နည်း
https://youtu.be/eCfjDwNmLnU?si=ktjfQkB5FfjriTSB
ဂျုံနယ်စရာ မလိုဘဲ ပဲပလာတာ အလွယ်လုပ်နည်း
https://youtu.be/o-4Z6eIhYxg?si=24mkTkcmlLybvSUG
ကြက်မွခြောက်စပ် (Spicy Chicken Floss)
https://youtu.be/sB2bec7ahbc?si=wgwNM-63EoEc6yCM
ဝက်စတူးဟင်းချက်နည်း
https://youtu.be/jbzJUC9uYFc?si=esRJbmwdz8dXA_IO
ငါးချဥ်ပေါင်ချက်
https://youtu.be/ygv_YS2WZLY?si=6f92CuCe9xLOBthU
ပေါင်မုန့်ပူတင်းလုပ်နည်း
https://youtu.be/2A0apiXFqG4?si=6cNvp5194V21rqBd
ကြက်ဥပေါင်း
https://youtu.be/g3E8wy8maoA?si=dkCP41WBmzzJtbwv
ကြာဇံဆီချက်လုပ်နည်း
https://youtu.be/JfNxqCb_4yw?si=kSI3QUASf8_rqfKs
06/05/2026
မာလာအနှစ်ကို မသုံးဘဲ မာလာအရသာ အမဲမာလာခြောက်စပ်လေးပါ။ သောက်စရာတခုခုနဲ့ တွဲပြီးစားလို့ကောင်းတဲ့ ဟင်းပွဲလေးလည်းဖြစ်သလို မနက်စာ အနေနဲ့ ထမင်းကြော်ပူပူ နဲ့ တွဲဖက်ပြီးစားလို့ကောင်းတဲ့ ဟင်းပွဲတပွဲလည်းဖြစ်ပါတယ်။
ပထမဆုံး အမဲသားကို လက်သန်း တလုံးစာ ခပ်ရှည်ရှည်လေးလှီးပေးထားပါတယ်။ ပုံမှန်ဆို ပြုတ်ပြီးကြော်ကြပေမယ့် ဒီတိုင်းကြော်လည်း မာသွားခြင်းမရှိဘဲ မွမွလေးနဲ့ စားကောင်းပါတယ်။ အမဲသား ၂၅ ကျပ်သား ကို မလှီးခင်ဘဲ ရေဆေးပြီး လိုချင်တဲ့ ပုံစံ လှီးပြီးရင် ရေထပ်ပြီးဆေးစရာမလိုဘဲ တခါတည်း အရသာနှပ်မှာဖြစ်ပါတယ်။ အရသာနှပ်ရန် အတွက် ဟင်းချက်အရက် သို့ ဆန်အရက် ၁ ဇွန်း ။ ဆား အနည်းငယ် ထည့်ပြီး နှံ့စပ်အောင် မွှေပြီးရင် နှပ်ထားပေးပါ။ ပြီးရင် ချင်း (ဂျင်း) ကို ခပ်ရှည်ရှည်လှီးထားပေးပါ။
နှပ်ထားတဲ့ အမဲသားတွေကို ဆီပူပူထဲမှာ မီးအလယ်အလတ်နဲ့ ကြော်ပေးပါ။ အမဲသားတွေခပ်နီနီလေးဖြစ်ရင် ဆီတွေကို ခပ်ထုတ်ပေး ပါ . ပြီးမှ စီးချွမ်းငရူတ်ခေါင်း ခေါ် မက်ကာစေ့။ ငရုတ်သီးအရောင်တင်မှုန့် (၁)ဇွန်း။ အစေ့ထုတ်ပြီး ညှပ်ထားတဲ့ ငရုတ်သီးခြောက်ကို လက်တဆုပ်လောက်ထည့်ပါတယ်။ အစပ်အရသာက သူ့ဆီကပဲ ရမှာဖြစ်ပါတယ်။ ပြီးရင် ပဲငပိ အစပ် အနည်းငယ် (အငန်အရသာများတဲ့အတွက် အငန်ထပ်မထည့်ခင် အမဲသားတွေကို မြည်းကြည့်ပြီးမှ ထည့်ပေးပါ). ခဏလေးမွှေပြီးမှ ပါးပါးလေးလှီးထားတဲ့ ချင်း(ဂျင်း)ထည့်ပြီး မွှေးတဲ့အထိမွှေပေးပါ။ မူရင်းချက်နည်းအတိုင်း သကြားအနည်းငယ်နဲ့ အချိုမှုန့် အနည်းငယ်ထည့်ပါတယ်။ ချင်း (ဂျင်း) တွေမွှေးလာပြီဆိုမှ ကြက်သွန်မြိတ်ထည့်မယ်။ နှမ်းလှော်ထည့်မယ်။ ဒါဆိုရင်တော့ မွှေးပြီးစားကောင်းတဲ့ အမဲမာလာခြောက်စပ်ကို ရပြီဖြစ်ပါတယ်။ သူငယ်ချင်းအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ…
ကြက်ကြော်ကြိုက်တဲ့ သူငယ်ချင်းတွေ ကြိုက်မယ့် ထိုင်းစတိုင် ဆွမ်းမွှေးရွက် ကြက်သားကြော် လေးပါ။
အရိုးထုတ်ထားတဲ့ကြက်ပေါင်သား ၃၀၀ ဂရမ် (၂၀ ကျပ်သားဝန်းကျင်) ကို အတုံးသေးသေး လေးတုံးထားပေးပါ။ ကြက်ရင်ပုံသားနဲ့ လိုက်ဖက်မှုမရှိဘဲ ကြက်ပေါင်သားနဲ့သာ လိုက်ဖက်မှုရှိပါတယ်။ ကြက်ကြော်ရဲ့ အဓိက အရသာနှပ်တာပါ။ အရသာနှပ်ရန်အတွက် သကြား ဇွန်းတဝက် (စားပွဲတင်ဇွန်း)။ ပဲငံပြာရည်အကြည်။ နှမ်းဆီမွှေး။ ခရုဆီကို (စားပွဲတင်ဇွန်း - ၁ ဇွန်း) ထည့်ပါမယ်။ ငရုတ်ကောင်းမှုန့်အမဲ နဲ့ ခြစ်ထား သို့ ထောင်းထားတဲ့ ကြက်သွန်ဖြူ ၇ မွှာလောက်ထည့်ပေးပါ။ အားလုံးနှံ့စပ်အောင်မွှေပြီးရင် အနည်းဆုံး ၁ နာရီ သို့ ညလုံးပေါင်း ရေခဲသေတ္တာထဲမှာ နှပ်ထားပေးပါ။
ဆွမ်းမွှေးရွက်တွေကို ရေနဲ့ သန့်အောင် ဆေးပေးပါ။ ဖြစ်နိုင်ရင် သန့်တဲ့ သွားပွတ်တံလေးနဲ့ သေချာဆေးပြီးရင် ရေစင်အောင် သုတ်ထားပေးပါ။ ပြီးရင် ဗီဒီယိုထဲမှာ ထုပ်တဲ့အတိုင်းလေး ကြက်သား ထည့်ပြီး ထုတ်ပေးပါ။ (စာနဲ့ရေးပြလို့အဆင်မပြေလို့ပါ) ။ ကြက်သားတွေထည့်တဲ့ အခါ ခပ်ပြည့်ပြည့်လေးဖြစ်မှ ကြော်တဲ့အခါ အသားတွေကျုံ့ တဲ့အခါ အနေတော် ဖြစ်မှာပါ။ ပြီးမှ ဆီပူပူထဲမှာ ထည့်ပြီးကြော်ပေးပါ။ (မီးအလယ်အလတ်နဲ့ ၇ မိနစ်လောက် ကြော်ပေးပါ။
ဆော့စ်လုပ်ဖို့အတွက် ဒယ်အိုးအသေးထဲမှာ ရေအနည်းငယ်ထည့်ပါ။ ပြီးရင် ပါးပါးလှီးထားတဲ့ ချင်း (ဂျင်း) ၅ ပြားလောက်ထည့်မယ်။ ပဲငံပြာရည် ၁ ဇွန်း (စားပွဲတင်ဇွန်း)။ ပဲငံပြာရည်အနောက် ၁ ဇွန်း (စားပွဲတင်ဇွန်း)။ သကြား ၁ ဇွန်း (စားပွဲတင်ဇွန်း) ထည့်ပြီး ရေဆူပြီး အနည်းငယ်ပျစ်လာရင် ဆော့စ်ရပြီဖြစ်ပါတယ်။ အအေးခံပြီးရင်ဆော့စ်ထဲကို နှမ်းလှော်အနည်း ငယ်ထည့်ပေးပါ။
စားတဲ့အခါ သတိထားရမှာက ဆီတွေက အရွက်ထဲမှာ ရှိတဲ့အတွက် အခန့်မသင့်ရင် အပူလောင်နိုင်ပါတယ်။
သူငယ်ချင်းအားလုံး ကျန်းမာပျော်ရွှင် ကြပါစေ…
02/05/2026
ရိုးရိုးးကြက်သားကြော် အရသာကို ရိုးလာပြီဆိုရင် မွှေးပြီးစားကောင်းတဲ့ ဆားဘဲဥအငန်အရသာ ကြက်သားကြော်ကို အိမ်မှာ အလွယ်တကူ ကြော်လို့ရပါတယ်ခင်ဗျာ။
ကြက်တောင်ပံတွေကို အရသာ ဝင်စေဖို့အတွက် ဓားနဲ့ အနည်းငယ် မွှမ်းပေးပါ။ ပြီးရင် အရသာအတွက် ဆားနဲ့ ငရုတ်ကောင်း မှုန့် အနည်းငယ်ထည့်ပြီး နယ်နှပ်ထားပါ။
ဘဲဥအငန်ကို တလုံးလုံး ပြုတ်ပြီးမှ အနှစ်ကို ယူလို့ရပေမယ့် အစိမ်းကို ခွဲပြီး အနှစ်ကိုပဲ ရေနွေးငွေ့နဲ့ ပေါင်းပြီး ချေထားပေးပါ.
ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း အနည်းငယ်ကို နုတ်နုတ်စဉ်းထားပေးပါ။
နှပ်ထားတဲ့ ကြက်တောင်ပံတွေကို ဂျုံမှုန့် ၃ ဇွန်း။ ပြောင်းကော်မှုန့် ၁ ဇွန်း။ ဘိတ်ကင်းပေါင်ဒါ အနည်းငယ် ထည့်ပြီး ကြက်သားပေါ်မှာ ကပ်ပေးပါ။ ရေထည့်စရာမလိုဘဲ အမှုန့်တွေကို ကြက်သားနဲ့ ဖိဖိကပ်ပေးပါ။
ပြီးမှ ဆီပူပူထဲမှာ ထည့်ပြီး ၈ မိနစ်လောက်ကြော်ပေးပါ။ ကြက်သားတွေကို အကြော်မှုန့် နဲ့ ကပ်ပြီးလည်း ကြော်လို့ရပေမယ့် အခုလို ဂျုံမှုန့်နဲ့ ပြောင်းကော်မှုန့် ရောပြီး ကြော်လည်း ရပါတယ်။
ဆားဘဲဥ အနှစ်လုပ်ဖို့အတွက် ဒယ်အိုးထဲ ထောပတ် ၂ ဇွန်းထည့်ပေးပါ။ ဆီပူလာရင် ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထည့်ပြီး ဆီသတ်ပါ။ မွှေးလာရင် ချေထားတဲ့ ဆားဘဲဥအနှစ်တွေထည့်ပါ။ ဆီထည့်တာနည်းရင် အမြှုပ်တွေ မထဘူးဆိုရင် ထောပတ်အနည်းငယ်ထပ်ထည့်ပေးပါ။ အမြှုပ်တွေထတာ အကြီး ကြီးတွေဖြစ်လာရင် ပျဉ်းတော်သိမ် ရွက် ရယ် သကြားအနည်းငယ်ထည့်ပါ။ အနှစ်ထဲကို ကြော်ထားတဲ့ ကြက်တောင်ပံတွေထည့်ပေးပြီး မွှေပေးလိုက်ရင် ရပြီဖြစ်ပါတယ်။ အခုလို ဆားဘဲဥအငန်အနှစ်ကို ကြက်ကြော်နဲ့ တင်မဟုတ်ဘဲ အာလူးကြော်နဲ့ လည်း လိုက်ဖက်မှုရှိပါတယ်ခင်ဗျာ.
သူငယ်ချင်းအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ…
ကြာဇံချက်ကို လွယ်လွယ်လေးနဲ့ မွှေးနေအောင်ချက်စားရအောင် ... ချက်နည်းလေးက အစ်မ မလှိုင် ရဲ့ ချက်နည်းလေးအတိုင်းပြန်ချက်ထားပါတယ်ခင်ဗျာ.
ပထမဆုံးကြက်ရိုးတွေကို ရေဆူဆူထဲမှာ မီးအလယ်အလတ်နဲ့ မိနစ် ၂၀ လောက်ပြုတ်ထားပါ။ ကြက်ရင်ပုံ သို့မဟုတ် အရိုးထုတ်ထားတဲ့ ကြက်ပေါင်ကို အတုံးသေးသေးလှီးထားပေးပါ။
ကြာဇံချက်ကို မွှေးအောင်လို့အဓိက ကျတဲ့ လျှို့ဝှက်ချက်ကတော့ ကြက်သွန်နီကို လုံးဝ မသုံးဘဲနဲ့ ကြက်သွန်ဖြူနဲ့ ချင်းအနည်းကို ညက်အောင်ထောင်းပြီး ဆီသတ်ပေးပါမယ်။ ထုံးစံအတိုင်း ကြက်သွန်ဖြူချင်း ဆီသတ်ထားတာထဲကို နနွင်းမှုန့် အနည်းငယ်နဲ့ ငရုတ်သီးမှုန့် ထမင်းစားဇွန်း တဝက် ထည့်ပြီး အစိမ်းမှုန့် ပျောက်သွားတဲ့အထိ ဆီသတ်ပေးပါ။ ပြီးမှ အတုံးတုံးထားတဲ့ ကြက်သားနဲ့ ကြော်ထားတဲ့ ငါးဖတ်ထည့်ပြီးလုံးပေးပါ။ ကြက်သားတွေကျက်ပြီး အရောင်ပြောင်းသွားပြီဆိုမှ ငါးငံပြာရည်ကို ထမင်းစားဇွန်း၃ ဇွန်းလောက်ထည့်ပေးပါ။ သေချာမွှေပြီး ဆီပြန်ပြီဆိုရင် ကြက်သားဆီသတ်ရပါပြီ။
ကြက်ရိုးပြုတ်ထားတဲ့ အရိုးပြုတ်ရည်ထဲကို ပဲပြားခြောက်။ မှိုခြောက်။ ကြွက်နားရွက်။ ပန်းခြောက်။ ငုံးဥပြုတ်။ ပြီးတော့ ဆီသတ်ထားတဲ့ ကြက်သားဆီသတ်ကို ထည့်ပါ။ ဟင်းရည်ထဲထည့်တဲ့အခါ ကြက်သားဆီသတ်ထဲက ဆီတွေကို မထည့်ပေးပါဘူး။
ဟင်းရည် ပြန်ဆူလာရင် အရသာမှုန့်။ ဆား။ ငါးငံပြာရည်။ ငရုတ်ကောင်းမှုန့်အမည်း ကို မိမိစိတ်ကြိုက်ထည့်ပါ။
ပွက်ပွက်ဆူပြီး အရသာစိတ်ကြိုက်ဖြစ်ပြီဆိုမှ ပဲကြာဇံထည့်ပါ။
ပဲကြာဇံတွေပျော့သွားတာနဲ့ ကျွန်တော်က ပြန်ဆယ်ထားပါတယ်။
ဒါမှ ပဲကြာဇံတွေက ဟင်းရည်ထဲမှာ ပျော်ပြီး မပွလာတော့ပါဘူး။
သုံးဆောင်ခါနီးမှ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ. နံနံပင်။ ငရုတ်သီးမှုန့်။ သံပုရာသီးညှစ်ပြီး ပူပူလေးနဲ့ မွှေးမွှေးလေးသုံးဆောင်နိုင်ပါပြီခင်ဗျာ။
သူငယ်ချင်းအားလုံးပျော်ရွှင်ကြပါစေ။
ပါဝင်ပစ္စည်းများ
ကြက်အရိုး - ၃၀ ကျပ်သား
ကြက်ရင်ပုံ သို့ ကြက်ပေါင်သား (အရိုးထုတ်ပြီးသား) - ၂၅ ကျပ်သား
ချင်း - လက်တဆစ်
ကြက်သွန်ဖြူ - လက်တဆုပ်စာလောက်ကြိတ်ထားပါ
ကြာဇံချက်ထဲထည့်ရန်
ငုံးဥပြုတ် နဲ့ ငါးဖယ်ကြော်
ပဲလိပ်ခြောက်
ကြွက်နားရွက်နဲ့ဂျပန်မှို
ပန်းခြောက်
ပဲကြာဇံ
ကြာဇံချက်နဲ့တွဲစားဖို့
ကြက်သွန်နီ။ သံပရာသီး။ နံနံပင်
တို့လိုအပ်ပါတယ်
28/04/2026
သက်သတ်လွတ်စားတဲ့ သူငယ်ချင်းတွေအနေနဲ့ အိမ်မှာ အဆာပြေ လုပ် စားလို့ ကောင်းတဲ့ အာလူးကြော်လေးပါ…
အာလူးကို ပေါင်း ပြန်ကြော်တဲ့အတွက် မိမိစိတ်ကြိုက်အရသာကို ထည့်ပြီး ကြော်စားလို့ရပါတယ်ခင်ဗျာ…
အာလူးတွေကို ပြုတ်လို့ရသလို ပေါင်းလို့လည်းရပါတယ်။ ကျွန်တော်က တော့ အာလူးကို ပေါင်းအိုးနဲ့ ပေါင်းတာကို ပိုပြီးသဘောကျပါတယ်။ ပြုတ်ပစ်တာမဟုတ်တဲ့အတွက် အာလူးထဲက အာဟာရတွေမထွက် သွားတော့ပါဘူး။ ပေါင်းထားတဲ့အာလူးတွေကို ဇလုံထဲထည့်ပြီး ညက်နေအောင် ချေထားပေးပါ။ သို့မဟုတ် စေးနေအောင် ငရုတ်ဆုံနဲ့ထောင်းထားပေးပါ။ အာလူးတွေကို စက်နဲ့ ကြိတ်ရင် အာလူးတွေက စေးတဲ့အတွက် ကြိတ်စက် ပျက်ဆီးသွားနိုင်ပါတယ်။ အာလူး အလယ်အလတ် ၃ လုံးအတွက် ဆန်မှုန့် ၄ ဇွန်းဆို ပြောင်းကော်မှုန့် ၂ ဇွန်းထည့်ပါတယ်။
မွမွလေးဖြစ်စေဖို့ Baking powder ကို လက်ဖက်ရည်ဇွန်း တဝက်လော်ကထည့် ပါတယ်. အရသာအတွက် ဆား ထည့်ပါတယ်။ နောက်ထပ်အနံ့အရသာတွေဖြစ်တဲ့ အချိုမှုန့်။ ကြက်သွန်ဖြူမှုန့် . မဆလာစတာတွေထည့်ပြီး နယ်လည်းရပါတယ်။ အချိုးအစားတွေက အဓိက မကျဘဲ မိမိ သုံးမယ့် အာလူးပမာဏ အတိုင်း လိုသလို ချိန်ဆလို့ရပါတယ်။
သေချာနှံ့စပ်အောင်နယ်ပြီး မိမိစိတ်ကြိုက် ပုံဖော်ပေးလို့ရပါတယ်။ ပုံဖော် ထားတဲ့အာလူးလုံးလေးတွေကို ဆီပူပူထဲမှာ မီးအလယ်အလတ်နဲ့ ၁၀ မိနစ်လောက်ကြော်ပေးပါ။ အပြင်က ကြွပ်ပြီး အတွင်းသား မွမွလေးနဲ့ အချဉ်နဲ့တို့စားလို့ကောင်းတဲ့ အာလူးကြော်လေးရပြီဖြစ်ပါတယ်။
#ဆူးပုတ်ရွက်ကြက်ဥကြော် #ကြက်ဥကြော်
24/04/2026
ဆိုင်မှာ စားရတဲ့ အရသာအတိုင်း သကြားတူးနံ့မွှေးမွှေးလေး စားကောင်းတဲ့ ကြက်ဥပူတင်းလုပ်စားမယ်။
သကြားကြိုရန် သကြား ၂၅ ဂရမ်ကို ရေ ၁၀ဂရမ်ထည့်ပြီး ဒယ်ပြားထဲမှာ သကြားညိုအောင် ကြိုထားပေးပါ။
မီးအားအလယ်အလတ်နဲ့ သကြားတွေပျော်ပြီး နီညိုရောင်သန်းလာရင် မီးပိတ်လိုက်လို့ရပါပြီ။
ကြိုထားတဲ့ သကြားတူးရည်ကို ပေါင်းမယ့် ကြွေခွက်ထဲမှာ အောက်ခြေကပ်ရုံလေးထည့်ပြီး အဆင်သင့် ထားထားပေးပါ။
ကြက်ဥ ၃ လုံး ထဲ သကြား ၇၅ ဂရမ် ထည့်ပြီး ခေါက်ထားပေးပါ။
နွားနို့ က ကြက်ဥ ၃ လုံးစာ နွားနို့ ၃၀၀ ဂရမ်ကို အိုးတလုံးထဲမှာ ကြိုပေးထားပါ။ (အချိုးအစားက ကြက်ဥ ၁ လုံးဆို နွားနို့က ကြက်ဥ ၂ လုံးစာ ပမာဏ ထည့်ရပါမယ်)
နွားနို့ဆူရင် မီးပိတ်ပြီး ၅ မိနစ်လောက် ခဏထားထားပါ။ ပြီးမှ နွားနို့ကို ခေါက်ထားတဲ့ ကြက်ဥ ထဲ ဖြည်းဖြည်းလောင်းထည့်ပေးပါ။ လောင်းထည့်နေရင်းလည်း ခက်ရင်းနဲ့ အဆက်မပြတ်ခေါက်ပေးပါ။
ခေါက်ထားတဲ့ ကြက်ဥနွားနို့ရည်ကို အမြှုပ်တွေ နည်းသွားစေရန် ဇကာနဲ့ စစ်ပေးပါ။
ပြီးမှ သကြားတူးရည်ထည့်ထားတဲ့ ပေါင်းမယ့်ခွက်တွေထဲ ထည့်ပေးပါ။ ပေါင်းမယ့်ခွက်ပေါ်မှာ အဖုံးဖုံးပေးပါ။
မီးအားအနည်းဆုံးနဲ့ ပေါင်းအိုးထဲမှာ နာရီဝက် ပေါင်းပေးပါ။
မီးအားက လုံးဝ ပြင်းလို့မရပါ။ မီးအားပြင်းရင် ကြက်ဥက လေခိုပြီး အပေါက်ကြီးတွေဖြစ်သွားတတ်ပါတယ်။
အရသာရှိတဲ့ ကြက်ဥပူတင်းစားလို့ရပါပြီ။
ဟင်းရည်အနေနဲ့ ချဉ်ပြုံးချဉ်ပြုံးသောက်လို့ကောင်းသလို မိမိနှစ်သက်ရာ ကြာဇံ။ဂျုံခေါက်ဆွဲ။ ဆန်ခေါက်ဆွဲ တို့ဖြင့် တွဲဖက်စားသုံးနိုင်တဲ့ ဟင်းရည်လေးလည်းဖြစ်ပါတယ်။
ခရမ်းချဉ်သီးကို အဓိက ထားပြီးချက်တာဖြစ်တာကြောင့် ခရမ်းချဉ်သီး ၅ လုံးလောက် သုံးပါတယ်။ ခရမ်းချဉ်သီးကို ၄ စိတ်စိတ်ထားပါ။ ငရုတ်သီးစိမ်း အနည်းငယ်။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပြီး ကြက်သွန်နီကိုပါးပါးလှီးထားပါ။
ဟင်းရည်ပြုတ်ဖို့အတွက် ဝက်နံရိုး အရိုးကြမ်း ကို သုံးပါတယ်။ ပြီးရင် ဟင်းရည်ထဲထည့်ဖို့အတွက် ဝက်သား အသားချည်းကို ပါးပါးလှီးထားပေးပါ။
ဟင်းရည်အတွက် နံရိုးတွေကို တရည်ပြုတ်ပစ်ထားပါ။ (ရေမဆူခင် နံရိုးတွေထည့်ပြီး ရေဆူလာတာနဲ့ နောက်ထပ် ၂ မိနစ်လောက်ပြုတ်ပေးလိုက်ပါ။ ပြီးမှ နံရိုးကို ရေအေးဖြင့်ဆေးပြီး ရေစစ်ထားပါ)
အားလုံးအဆင်သင့်ဖြစ်ရင် ဟင်းရည်စပြီးချက်လို့ရပြီဖြစ်ပါတယ်။
ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်မယ်။ ကြက်သွန်ဖြူ။နီ။ငရုတ်သီးစိမ်းကို မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ ပြီးရင် ပဲငိပိအစပ်လေးကို စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပေးပါ။ အရသာအတွက် သကြားအနည်းငယ်။ ပဲငံပြာရည်အကြည် ၁ ဇွန်း။ (ပဲငပိက အငန်ကဲတဲ့အတွက် ဆား လျော့ထည့်ပေးပါ)။ ပြီးရင် ခရမ်းချဉ်သီးထည့်မယ်။ ပြုတ်ပြီးရေစစ်ထားတဲ့ နံရိုးကြမ်းတွေထည့်မယ်။ ရေကို ၁ လီတာ ထည့်ပါမယ်။ အဖုံးအုပ်ပြီး မီးအားအလယ်အလတ်နဲ့ နာရီဝက် တည်ထားပေးပါ။ အရသာ မြည်းပြီး အပေါ့အငန် မိမိစိတ်ကြိုက်ထည့်လို့ရပါတယ်။
နာရီဝက်ပြည့်ပြီဆိုမှ ပါးပါးလှီးထားတဲ့ အသားပြားတွေထည့်ပါ။ အသားတွေကျက်သွားရင် နံနံပင်အုပ်လိုက်ရင် ချဥ်ချဉ်လေးနဲ့ သောက်ကောင်းတဲ့ ခရမ်းချဉ်သီး နံရိုးဟင်းရည်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Contact the public figure
Address
Taipei
235