Xunk Entertainment
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Xunk Entertainment, ศิลปะและบันเทิง, Hlegu.
လူပါးမ ဝ နဲ့
#ကဗျာ
sorry 😚
#လူငယ်တွေအတွက်🫡
29/05/2025
KIA ၏ ပစ်ခတ်မှုကြောင့် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့သော စစ်တပ်ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဓာတ်ပုံမှတ်တမ်းထုတ်ပြန်
ရန်ကုန်၊ မေ ၂၉
ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်တွင် စကခ ၂၁ ထံသို့ စစ်ကူ၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများ လာပို့သော စစ်ရဟတ်ယာဉ်များကို KIA က ပစ်ခတ်ခဲ့မှုကြောင့် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့သော စစ်ရဟတ်ယာဉ် ၁ စီးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဓာတ်ပုံမှတ်တမ်းများကို KIA က ထုတ်ပြန်သည်။
မေလ ၂၀ ရက်နေ့ ဗန်းမော်သို့ စစ်ကူလာသော စစ်ရဟတ်ယာဉ် ၃ စီးအနက်မှ ၂ စီးကို KIA က ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးမှာ ရွှေကူမြို့နယ်၊ တောထဲတွင် ပျက်ကျခဲ့ပြီး ကျန်ရဟတ်ယာဉ် ၁ စီးမှာ ရွှေကူမြို့၊ ခလရ ၅၆ တွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။
ဆိုပါ အရေးပေါ် ဆင်းသက်ခဲ့ရသော ရဟတ်ယာဉ်ကို မေလ ၂၁ ရက်နေ့ KIA ၊ KPDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့်အရေးပေါ် ဆင်းသက်ထားသော ရဟတ်ယာဉ် အပြင် အနီးတွင် ရဟတ်ယာဉ်ကို လုံခြုံရေးယူ၊ လာရောက် ပြင်ဆင်ကြသော စစ်ကားများပါ ထိမှန် ပျက်စီးသွားကြောင်း သိရှိရသည်။
"ရွှေကူ ခလရ-၅၆ မှာအရေးပေါ်ဆင်းသက် ရပ်နားထားတဲ့ Mi-17 ရဟတ် ယာဉ်ကို မေလ ၂၁ ရက်နေ့ မှာ KIA၊ KPDF က ဒရုန်းနဲ့ ဗုံးသွားချဖျက်ဆီးလိုက်တယ်။ ရဟတ်ယာဉ်က ကစရာ မရှိဘူး ပျက်စီးသွားတယ်။ ပြင်လို့မရတော့ဘူး။ ရဟတ်ယာဉ်ကို ဒရုန်း နဲ့ ၃ ကြိမ် ဗုံးချတယ်။ Su***de Drone နဲ့ ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ပါတယ်" ဟု KIAက ပြောဆိုသည်။
KIA ၏ ပစ်ခတ်မှုကြောင့် ရွှေကူမြို့နယ်၊ တောထဲတွင် ပျက်ကျသွားခဲ့သော စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ်တွင်မူ စစ်သား ၁၆ လောင်းနှင့် မီးလောင် ပျက်စီးသွားသော လက်နက် ၁၄ လက် သိမ်းဆည်းရရှိခဲ့ပြီး ရဟတ် ယာဉ်မှူး ဗိုလ်ကြီး မျိုးထက်အောင် အလောင်းကိုမူ အကောင်းပတိအတိုင်း KIA က ရရှိခဲ့သည်။
28/05/2025
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်ရဲ့ မြေအောက်
ရထားဘူတာရုံ Metro Station မှာ လူတစ်ယောက်
ဟာ ရထားစီးမယ့် လူတွေများလာတဲ့အချိန်မှာ မတ်
တတ်ရပ်ပြီး ကမ္ဘာကျာ် တေးဂီတပညာရှင် Johann
Christian Bach ရေးစပ်တီးမှုတ်ခဲ့တဲ့ Bach Pieces
မြူးဇစ်ကို ၄၅ မိနစ်ကြာ တယောထိုး ဖြေဖျော်နေ
တယ် ။ အနက်ရောင်ကက်ဦးထုပ်ကို ခပ်ငိုက်ငိုက်
ဆောင်းထားပြီး သူ့ရှေ့မှာ ပိုက်ဆံထည့်ဖို့ ပလပ်စတစ်
ခွက်တစ်လုံး ချထားတယ် ။
တယောထိုးတာ ၄၅ မိနစ်ကြာသွားပြီ ။ဒီအချိန်အတွင်း
မှာ လူ ၆ ယောက်ပဲ ခဏလေးရပ်ပြီး နားထောင်ကြ
တယ် ။ လူ ၂၀ လောက်ကတော့ ငွေအကြွေစေ့လေး
တွေ ပစ်ထည့်သွားကြတယ် ။ စုစုပေါင်း ၃၂ ဒေါ်လာ
နဲ့ ၂၅ ဆင့် ရတယ် ။ လက်ခုပ်တီး အားပေးမဲ့သူ တစ်
ယောက်မှ မရှိဘူး ။ သူဟာ အဲဒီနေရာက တိတ်
တဆိတ် ပြန်ထွက်သွားတယ် ။
တယောသမားရဲ့ နာမည်က ဂျောရှုဝါဘဲလ် ပါ ။ ကမ္ဘာ
ကျော် တယောထိုး ပညာရှင်ပါ ။ သူထိုးနေတဲ့တယော
ဟာ ဒေါ်လာ ၃.၅ သန်းတန်ပါတယ် ။ သူ့ကို ဂျောရှုဝါ
ဘဲလ်မှန်း ဘယ်သူမှ မသိကြဘူး ။
နောက်နှစ်ရက်အကြာမှာ သူဟာ ပရိတ်သတ် ၄၀၀၀
ဆန့်တဲ့ ဘော်စတွန်မြို့က ကဇာတ်ရုံကြီးမှာ တစ်ကိုယ်
တော် တယောထိုး ဖြေဖျော်ပါတယ် ။ လက်မှတ် အား
လုံး ရောင်းကုန်သွားပါတယ် ။ လက်မှတ်တစ်စောင်ရဲ့
တန်ဖိုးဟာ ဒေါ်လာ ၁၀၀ ဖြစ်ပါတယ် ။
ဒါဟာ တကယ့်အဖြစ်အပျက်ပါ ။ Washington Post
သတင်းစာကြီးက ကမကထလုပ်ပြီး စီစဉ်လိုက်တာပါ ။
လူတွေဟာ ခမ်းခမ်းနားနား ဇာတ်ရုံကြီးတွေမှာ ဖျော်
ဖြေတာ မဟုတ်ရင် ခံစားတတ်ကြရဲ့လားဆိုတာကို သိ
ချင်လို့ စမ်းသပ်ကြည့်လိုက်တာပါ ။ မခံစားတတ်ကြ
ဘူး ဆိုတာကို သူတို့ လက်တွေ့ မြင်တွေ့လိုက်ပါပြီ ။
လူအများစုဟာ ပကာသနဖုံးလွှမ်းနေတဲ့ ခမ်းခမ်းနား
နား အလှအပတွေကိုပဲ ခံစားတတ်ကြပြီး ပကာသန
မပါဘဲ ရိုးရှင်းတဲ့အလှအပကို မခံစားတတ်ကြဘူး ။
မမြင်တွေ့တတ်ကြပါဘူး ။
#တန်ဖိုးဆိုတာလည်းသူနေရာနဲ့သူရှိတာမို့လား......။
Crd
ဗန်းမော်သိန်းဖေ
(မျှဝေလိုသော အတွေးများ မှ)
10/12/2020
ည တွေက မှောင်တယ်
ကိုယ့် အ တွက် လို့ ထင် ထား တဲ့ အ ရာ တွေ က
တ ကယ် တမ်း ကျ ဘာ မှ ရှိ မ လာ ဘူး ။
တချို့ ရ လဒ် တေ က မတန် လှ ဘူး
ကိုယ် ပေး ဆပ် လိုက် ရ တာ တွေ ကျ အသက် ပါ လု နီး ပါး တွေ ချည်း
အဲ့ ဒီ စိတ် နဲ့ ပဲ ကိုယ့် ကို ပြန် သက် နေ တယ် ။
ဒီ ရက် ပိုင်း တွေ အ ဆင် မ ပြေ ဘူး
ည တွေ မ အိပ် ဖြစ်ဘူး ။။
နေ့ တွေ ဟာ လည်း သေ နေ တယ် ။
ည တွေ မှာ ပြန် ရှင် သန် နေ ရော
အဲ့ ဒါ လည်း ငါ့ စိတ် နဲ့ မဟုက် ဘူး ။။
(ဖြစ်နိုင်မယ်ဆိုရင် မနက်ဖြန် ဆိုတာကို ရောက်ချင်ပါသေးတယ်
ငါ့စိတ်နဲ့ငါ့ကိုယ်)
-ᴢᴇɴᴜꜱ~
#1:00
#2020
အလှပအရပ်မြင့်က5'6
Click here to claim your Sponsored Listing.
Category
Website
Address
Hlegu