Better Future Builders
A good education is the foundation for a better future ✨
21/10/2023
🎃 𝑬𝒏𝒈𝒍𝒊𝒔𝒉 စာလေ့လာနေသူများအတွက် အသုံးဝင်စေမဲ့ 𝑯𝒂𝒍𝒍𝒐𝒘𝒆𝒆𝒏 𝑰𝒅𝒊𝒐𝒎 လေး [𝟙𝟘] ခု 🦇
🕸️ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ရဲ့ BFB ကနေ English Speaking မှာသူများထက် သာနေစေဖို့အတွက် အသုံးပြုလို့ရမဲ့ Idiom လေး [10] ခုကို မျှဝေပေးသွားချင်ပါတယ်။ 🕷️
🕸️ မကြာခင်မှာ Halloween Day လေးလည်း ရောက်လာတော့မှာဆိုတော့ ထူးထူးခြားခြားလေးဖြစ်အောင် Halloween နဲ့သက်ဆိုင်တဲ့ Idiom လေးတွေကို အားလုံးအတွက် မျှဝေပေးသွားချင်ပါတယ်။ 🖤
🕸️ Idiom လေးတွေကို ဒီတိုင်းပဲမှတ်ထားရင် ကြာရင် မေ့သွားတတ်တာမလို့ မှတ်မိလွယ်အောင် ဒီနေ့မျှဝေပေးသွားမဲ့ Idiom လေးတွေကို အသုံးပြုပြီး Comment မှာကိုယ်ပိုင်စာကြောင်းလေးတွေကိုလည်း ဖန်တီးပေးခဲ့ကြပါဦးနော်။ 👻
OVER MY DEAD BODY
----------------------
MEANING ~ USED TO EXPRESS THAT YOU STRONGLY OPPOSE SOMETHING, OR YOU WON'T ALLOW IT TO HAPPEN (ကိုယ်ကတစ်ခုခုကိုပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းဖော်ပြရာတွင်သုံးပါတယ်။)
GRAVEYARD SHIFT
------------------
MEANING ~ A WORK SHIFT THAT HAPPENS OVERNIGHT (နေ့ချင်းညချင်းပေါ်လာတဲ့အလုပ်မျိုးကိုပြောတာပါ။)
DIG YOUR OWN GRAVE
-----------------------
MEANING ~ TO DO SOMETHING THAT WILL CAUSE YOU HARM OR PROBLEMS IN THE FUTURE (မြန်မာလိုဆိုရင်တော့ကိုယ့်သေတွင်းကိုယ်တူးတယ်လို့ဆိုလို့ရပါတယ်။)
WOULDN'T SAY BOO TO A GOOSE
-----------------------------------
MEANING ~ SHY OR NERVOUS (ရှက်ကြောက်တာ၊ စိတ်မသက်မသာဖြစ်တာ)
SCARED STUFF
----------------
MEANING ~ VERY AFRAID TO THE POINT WHERE THEY ARE INCAPABLE OF MOVEMENT (ချောင်ပိတ်မိပြီးလှုပ်မရတဲ့အခြေအနေမျိုးကိုကြောက်တာ)
SCAREDY CAT
--------------
MEANING ~ SOMEONE WHO IS EASILY FRIGHTENED (အလွယ်တကူကြောက်လန့်လွယ်သူကိုပြောတာပါ။)
GHOST TOWN
---------------
MEANING ~ A DESERTED PLACE WHERE THERE ARE FEW OR NO PEOPLE (လူအသွားအလာသိပ်မရှိတဲ့နေရာမျိုးကိုဆိုလိုတာပါ။)
DROP DEAD GORGEOUS
-------------------------
MEANING ~ VERY GOOD LOOKING (အရမ်းကြည့်ကောင်းတဲ့ရုပ်ရည်မျိုးရှိတဲ့သူလို့အဓိပ္ပာယ်ရပါတယ်။)
NIGHT OWL
------------
MEANING ~ A PERSON WHO TENDS TO STAY UP LATE: AN EVENING PERSON (ဒါလေးကတော့အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ညဘက်နောက်ကျမှအိပ်တတ်တဲ့သူကိုပြောချင်တာပါ။)
SKELETON IN THE CLOSET
---------------------------
MEANING ~ AN EMBARRASSING FACT OR SCANDAL THAT SOMEONE WANTS TO KEEP SECRETS (သူများမသိအောင် လျှို့ဝှက်ထားချင်တဲ့ကိုယ်ရဲ့ရှက်စရာအဖြစ်အပျက်ကိုဆိုလိုတာပါ။)
12/10/2023
လုပ်ငန်းအတွေ့အကြုံဘယ်မှာရှာရမလဲ ..?🤔
လူငယ်တွေတော်တော်များများ လမ်းပျောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ BFB ကတော့ လမ်းစလေးဖွင့်ပေးလိုက်ပါပြီဗျာ။📣✨
စာလေ့လာနေတဲ့အချိန်မှာ ကိုယ်ဝါသနာပါတာလေးကို working experience ရအောင် organization တစ်ခုခုမှာ Join ချင်လို့ပဲဖြစ်ဖြစ်၊ အလုပ်ရှာရခက်တဲ့အချိန်မှာ လွယ်လွယ်ကူကူ အလုပ်တစ်ခုရချင်တာမျိုးပဲဖြစ်ဖြစ် volunteer ဝင်လုပ်ချင်ရင်တော့ BFB က သူငယ်ချင်းတွေအားလုံးကို Welcome ပါဗျာ။🙆❣️
သူငယ်ချင်းတို့လျှောက်ရမဲ့ လမ်းစကို အခု BFB ကဖွင့်လိုက်ပြီဆိုတော့ လျှောက်ရမှာ သူငယ်ချင်းတို့ကိုယ်တိုင်ဖြစ်သွားပါပြီ။ ဘယ်လိုလမ်းမျိုးကို လျှောက်ရမလဲ ရွေးချယ်ချင်ရင်တော့👇👇
🔸 Content Writers (2 Post)
🔸 Graphic Designer (2 Post)
🔸 Public Relation Officer (2 Post)
🔸 Social Media Officer (2 Post)
🔸 English Speaking Club Facilitator (5 Post)
🔸 Language Teachers (Korean, Japanese,Thai, German etc)
စတဲ့ လမ်း (6) လမ်းတောင် ဖွင့်ထားပေးတာမို့ ကြိုက်နှစ်သက်ရာ ကို ရွေးချယ်နိုင်ပါတယ်။😱
ဒါ့အပြင် ဝါသနာပါတဲ့ လမ်းကိုလျှောက်နေချိန်မှာ Perfect ဖြစ်နေစေဖို့ အတွက်လည်း BFB က
✅ Internal Training တွေကိုလည်းလုပ်ပေးသွားမယ်။
✅ BFB မှာ ဖွင့်ထားတဲ့ class တွေ အခမဲ့ တက်ခွင့်ပေးမယ်။
✅ သက်ဆိုင်ရာ Working experience လည်း သေချာရရှိဖို့ ကူညီပေးမယ်။
✅ Certificate နဲ့ Recommendation Letters တွေလည်း ထုတ်ပေးမယ်။
တစ်ခုပဲ... သူငယ်ချင်းတို့ဘက်က 3 လပြည့်အောင် ပြန်လုပ်ပေးဖို့တော့လိုပါမယ်။
💯 သက်ဆိုင်ရာ JD နဲ့ JR ကိုတော့ Form ထဲမှာ အသေးစိတ်ဖတ်လို့ရပါတယ်ဗျာ 💯
📍 Content Writer
https://forms.gle/YxcT6Pm1wpHfrK1F7
📍 Graphic Design
https://forms.gle/rmvc8kD4hqFQu5pTA
📍 Speaking club facilitator
https://forms.gle/SkuwXgwPFVLBAgzj7
📍 Language Teacher
https://forms.gle/7hpdmzuc7JGNiPm7A
📍 Public Relations Officer
https://forms.gle/U9hD62tawdgwzSfX7
📍 Social Media Officer
https://forms.gle/PNNFvNRsfNrNmRB1A
ကဲ...ကျွန်တော်တို့ Better Future Builders ရဲ့ Volunteering အစီအစဉ်လေးကို စ်တ်ဝင်စားရင်တော့ အခုပဲ လျှောက်လွှာတင်လိုက်တော့ဗျာ။
25/09/2023
🌍 လူတိုင်းသိထားသင့်တဲ့ "ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးပန်းတိုင်များ (Sustainable Development Goals)" အကြောင်း 🌱
"ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးပန်းတိုင်များ" အကြောင်းမပြောခင်မှာ "ရေရှည်တည်တံ့နိုင်စွမ်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတတ်မှု (Sustainability and Sustainable Development)" ဆိုတာဘာလဲအရင် နားလည်ဖို့ လိုအပ်ပါမယ်။ 🌿
"ရေရှည်တည်တံ့နိုင်စွမ်း" ဆိုတာကတော့ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝရရှိစေရန်အတွက် ပတ်ဝန်းကျင်၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စများကို ဟန်ချက်ညီညီ ထည့်သွင်းစဥ်းစားရခြင်း ဖြစ်ပါတယ်။ "ရေရှည်တည်တံ့နိုင်စွမ်း" ကတော့ရေရှည်ပန်းတိုင်တစ်ခုဖြစ်ပြီး "ရေရည်ဖွံဖြိုးတိုးတတ်မှု" ကတော့ ရေရှည်ပန်းတိုင်သို့ရောက်အောင် သွားတဲ့လမ်းကြောင်းများကို ဆိုလိုခြင်းဖြစ်ပါတယ်။ အနာဂါတ်မှာ ရေရှည်တည်တံ့နိုင်စွမ်း ရှိဖို့အတွက်ဆိုရင် ရေရည်ဖွံဖြိုးတိုးတတ်မှု နည်းလမ်းများကို ဖော်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ 💚
"ရေရှည်ဖွံဖြိုးတိုးတတ်မှု" ဆိုတာက အခြားအရာတွေကို ပျက်စီးထိခိုက်မှုမရှိစေဘဲ ယနေ့ကျွန်တော်တို့ရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး နောင်အနာဂါတ် မျိုးဆက်သစ်တွေရဲ့ လိုအပ်ချက်များကိုပါ ဖြည့်စွမ်းနိုင်ခြင်းကို ဆိုလိုပါတယ်။ ♻️
ရေရည်ဖွံဖြိုးတိုးတတ်မှုရဲ့ မဏ္ဍိုင် (၄) ခုရှိပြီး အဲ့တာတွေကတော့ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှု့အသိုင်းအဝိုင်း နှင့် ယဉ်ကျေးမှုတို့ဖြစ်ပါတယ်။ အမိုးတစ်ခုကို ထောက်ကန်ထားတဲ့ ထောက်တိုင်တွေလိုပဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရဲ့ မဏ္ဍိုင်များကလည်း ကျွန်တော်တို့ရဲ့ ဘဝများကို ထောက်ကန်ပေးထားတယ်။ အဲဒါကြောင့် မဏ္ဍိုင်တွေမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာပါက ဒီကမ္ဘာပေါ်ရှိ လူသားဘဝမှာလည်း အန္တရာယ်ရှိလာနိုင်မှာ ဖြစ်တယ်။ 🍃
အဲဒါကြောင့် ကျွန်ုပ်တို့၏ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့အရေးပေါ်ပတ်ဝန်းကျင်၊ နိုင်ငံရေးနှင့် စီးပွားရေး စိန်ခေါ်မှုများကို ဖြည့်ဆည်းပေးမဲ့ ပန်းတိုင်များ ချမှတ်ရန်အတွက် ၂၀၁၅ ခုနှစ်စက်တင်ဘာလတွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ ခေါင်းဆောင်များ စည်းဝေခဲ့ကြပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးပန်တိုင်များ (SDGs) စုစုပေါင်း (၁၇) ခုချမှတ်ခဲ့ပါတယ်။ 🌍
1️⃣ No Poverty (ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး)
2️⃣ Zero Hunger (ငတ်မွတ်ခေါင်းပါးမှု မရှိရေး)
3️⃣ Good Health and Well-being (ကောင်းမွန်သော ကျမ်းမာရေးစောင့်ရှောက်မှု ရရှိရေး)
4️⃣ Quality Education (အရည်အချင်းပြည့်ဝသော ပညာရေးရရှိရေး)
5️⃣ Gender Equality (ကျား/မတန်းတူညီမျှရေး)
6️⃣ Clean Water and Sanitation(သန့်ရှင်းသော သောက်သုံးရေနှင့် မိလာစနစ်များ ရရှိရေး)
7️⃣ Affordable and Clean Energy (လူတိုင်းလက်လှမ်းမီပြီး သန့်ရှင်းသော စွမ်းအင်ရရှိရေး)
8️⃣ Decent Work and Economic Growth (သင့်တင့်လျောက်ပါတ်သော အလုပ်အကိုင်နှင့် စီးပွားရေးဖွံဖြိုးတိုးတတ်မှု ရရှိရေး)
9️⃣ Industry, Innovation, and Infrastructure (စက်မှုလုပ်ငန်းဆန်းသစ်တီထွင်မှုနှင့် အခြေခံအဆောက်အအုံ မြှင့်တင်ရေး)
1️⃣0️⃣ Reduced Inequalities (မညီမျှမှုများ လျော့နည်းသွားစေရေး)
1️⃣1️⃣ Sustainable Cities and Communities (ရေရှည်တည်တံ့သော မြို့ပြများနှင့် ကျေးလက်လူမှုအဖွဲ့အစည်းများ ထူထောင်ရေး)
1️⃣2️⃣ Responsible Consumption and Production (တာဝန်သိသော စားသုံးမှုပုံစံ ဖြစ်ပေါ်လာစေရေး)
1️⃣3️⃣ Climate Action (ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း)
1️⃣4️⃣ Life Below Water (ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး)
1️⃣5️⃣ Life on Land (မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး)
1️⃣6️⃣ Peace, Justice, and Strong Institutions (ငြိမ်းချမ်းရေးနှင့် တရားမျှတ မှုတည်ဆောက်ရေး)
1️⃣7️⃣ Partnerships for the Goals (ရည်မှန်းချက်အားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး)
ဒီရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးပန်တိုင်များကို ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်များအဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၃၀ အတွင်းလုပ်ဆောင်သွားကြရန် နိုင်ငံများက သဘောတူညီထားခဲ့ကြပါတယ်။ 🌐
ကျွန်တော်တို့ BFB ကလည်း အဲ့ဒီပန်းတိုင်တွေကို ရောက်ရှိနိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေးနေတဲ့ Organization တစ်ခုဖြစ်ပြီး Goal နံပါတ် (၄) ဖြစ်တဲ့ အရည်အသွေးပြည့်မီတဲ့ ပညာရေးရရှိရေးကို ဦးစားပေးဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ 📚
ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးပန်တိုင်များ (SDGs) စုစုပေါင်း (၁၇) ထဲမှာဘယ် Goal နံပါတ်အကြောင်းကို ပိုသိချင်လဲဆိုတာ Comment ထဲမှာဖြေပေးခဲ့ကြပါဦးခင်ဗျ 🗨️
Our Telegram Channel - https://t.me/+vM7-aNHlkh5hYzJl
24/09/2023
ဒီ Language ကြီးကလည်း လေ့လာရတာခက်လိုက်တာ..😞
Meaning တွေကလည်း ဘယ်လိုကျက်ကျက်ကို မရဘူး..😢
Pronunciation တွေကလည်း ရောထွေးနေတာပဲ…😭
ဒီလို ညဉ်းတွားမှုတွေကနေ ရုန်းထွက်မရဖြစ်နေပြီးလား BFBers လေးတို့ရေ.. 🙄 Language မဟုတ်တဲ့ တခြားဘာသာစကားတွေကို လေ့လာမယ်ဆိုရင် အခက်အခဲကတော့ အနည်းနဲ့အများကြုံကြရတာ ထုံးစံပါပဲ။ ဒါကတော့ BFBers လေးတို့ပဲ ကြုံနေရတာမဟုတ်ပါဘူး..🤷
But..ဒီနေ့မှာတော့ ကျွန်တော်တို့ BFBers လေးတွေကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ Zero to Hero ဖြစ်လာစေဖို့အတွက် Learning Tips 5 ခု ယူဆောင်လာခဲ့ပါပြီ။ ✨ ဒီ Tips တွေကတော့ 👇👇
✅ 1. Set learning goals.
ကိုယ် ဘာကြောင့် ဒီ Language ကိုသင်ယူရတာလဲ..? ဘာသာစကားတွေသင်ရတာကြိုက်နှစ်သက်လို့လား..? (or). International မှာကျောင်းတက်ချင်လို့လား..? စတဲ့ Goals တွေကို အရင်သတ်မှတ်ပါ။
✅ 2.Use flashcards for vocabulary
Vocab ကျက်ရတာ အဆင်မပြေရင် Flashcards တွေကို သုံးပြီး လေ့လာကြည့်ပါ။ ဒီတိုင်းကြီးနှုတ်တိုက်ကျက်နေတာထက်စာရင် Flashcards သုံးတာက ပိုပြီးထိရောက်စေမှာပါ။
✅ 3. Start using new words all day, every day(Don’t be afraid or nervous)
စကားလုံးအသစ်တွေသိလာရင် Daily Usage ထဲမှာ နေ့စဉ်ထည့်သုံးပါ။ ကိုယ်သုံးလိုက်ရင် မှားသွားမလားဆိုပြီး ဘယ်တော့မှ စိုးရိမ်မနေပါနဲ့။ အမှားရှိရင် အမှန်သိရပါတယ်။
✅ 4.Watch movies and use subtitles.
Subtitles Movies တွေကို များများကြည့်ပြီး Movies ထဲမှာ သုံးနှုန်းသွားတဲ့ အသုံးနှုန်းတွေကို ချမှတ်ပါ၊ လေ့လာပါ၊ ပြန်သုံးပါ။
✅ 5. Use Language Learning Apps.
ခုခေတ်က Technology ခေတ်ဆိုတော့ Learning လုပ်လို့ရတဲ့ Apps တွေအများကြီးရှိနေပါပြီ။ ဒီ Apps လေးတွေကို သုံးပြီး ကိုယ့် Skills ကို Upgrade ဖြစ်အောင်ကျင့်ယူပါ။
ဖော်ပြသွားတဲ့ အချက်တွေကတော့ ဘာသာစကားတစ်ခုကို လေ့လာနေသူတွေအတွက် မဖြစ်မနေကျင့်သုံးထားသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။ နောက်ထပ်လည်း အကျိုးရှိတာလေးတွေကို ပုံမှန် Sharing လုပ်ပေးသွားမှာမို့ Better Future Builders Page လေးကိုလည်း Like & Follow ထားဖို့မမေ့နဲ့နော်။ 🥰
Our Telegram Channel -https://t.me/+vM7-aNHlkh5hYzJl
19/09/2023
✨ "Let’s Study Nursing in Singapore" Online Webinar လေးအောင်မြင်စွာပြီးဆုံး ✨
စင်္ကာပူမှာ Nursing ပညာရပ်ကို လေ့လာချင်သူတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးခဲ့တဲ့ BFB ရဲ့ Online Webinar လေးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ❣️
ဒီ Webinar လေးမှာ Nursing ပညာနဲ့ ပတ်သက်တဲ့ Knowledges and Experiences တွေကို မျှဝေပေးသွားခဲ့တဲ့ Guest Speaker : Ms.Nay Chi Maung ကိုလည်း Better Future Builders ကနေ ကျေးဇူးအထူးတင်ရှိပါတယ်။ 🥰
ဒါ့အပြင် Media Partnership အဖြစ် ပံ့ပိုးကူညီပေးခဲ့တဲ့ Great Future Academy နှင့် webinar လေးကို တက်ရောက်ပေးခဲ့ကြသူတစ်ဦးတစ်ယောက်ချင်းစီကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။🥰
နောက်ထပ် လူငယ်တွေအတွက် အကျိုးရှိစေမဲ့ အခုလို Online Webinar Program လေးကိုလည်း Better Future Builders ကနေ ပြုလုပ်ပေးသွားမှာဖြစ်လို့ Page လေးကို Like and Follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။🤩
Our Telegram Channel -https://t.me/+vM7-aNHlkh5hYzJl
17/09/2023
🌟 English Speaking Club 🌟
ဒီနေ့မှာတော့ English စာလေ့လာနေသူများအားလုံးအတွက် BFB ရဲ့ 100% Free Speaking Club အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 🌍🗣️
ဒီ Club လေးမှာတော့ English Speaking အပိုင်းကို Basic ကနေ Advance ထိရောက်အောင် Practice လုပ်သွားဖို့ ရည်ရွယ်ထားတာမလို့ကိုယ်ရဲ့ English စာ Level ကိုမြှင့်တင်ချင်တဲ့သူတိုင်း မည်သူမဆိုပါဝင်လို့ရပါတယ်။ 📚📈
English စာနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ Content တွေကိုလဲမျှဝေပေးသွားပြီး Practice လုပ်သွားမှာမလို့ ကိုယ့်ရဲ့ Speaking Skill သာမက
- Reading 📚
- Vocabulary 🔤
- Communication, 🗣️
- Listening 🎧 နဲ့
- Teamwork Skill 🤝 တွေကိုပါတိုးမြှင့်နိုင်ဦးမှာဖြစ်ပါတယ်။
ဒီ Speaking Club လေးကိုတော့ BFB ရဲ့ Zoom Platform ကနေပဲအပတ်စဉ် ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ ကျင်းပမဲ့အချိန်နဲ့ ဘယ်လို Register လုပ်ရမလဲဆိုတဲ့ စတဲ့ Detail တွေကိုလဲထပ်ပြီး Update လုပ်ပေးသွားမှာမလို့ BFB ရဲ့ page လေးကိုစောင့်ကြည့်ပေးဖို့ မှာချင်ပါတယ်။ 📅📱
Our Telegram Channel ➡️ https://t.me/+vM7-aNHlkh5hYzJl
12/09/2023
👩⚕️🇸🇬Nursing ကိုစင်္ကာပူမှာ ကျောင်းတတ်ပြီး လေ့လာချင်သူများအတွက် "Let’s Study Nursing in Singapore" Online Webinar 🎓
🇸🇬 သင်က Nursing ကိုစင်္ကာပူမှာ လေ့လာရန်အတွက် Scholarship လျှောက်ဖို့ပြင်နေတဲ့သူလား ❓
🇸🇬 ဒါမှမဟုတ် နိုင်ငံခြားမှာ ကျောင်းတတ်ဖို့အတွက်အခုမှစပြီး လေ့လာနေတဲ့သူလား ❓
💡အဲ့လိုဆိုရင်တော့ BFB ကနေကျင်းပပြုလုပ်ပေးသွားမဲ့ ဒီ Webinar လေးက သင့်အတွက်အဖြေတစ်ခုဖြစ်မှာပါ။
🔹 အားလုံးသိကြတဲ့အတိုင်းပဲ စင်္ကာပူလိုအဘက်ဘက်ကတိုးတတ်နေတဲ့ နိုင်ငံတစ်ခုမှာ ကျောင်းတတ်နိုင်ဖို့ဆိုတာက လူငယ်တိုင်းအတွက် အခွင့်အရေးကြီးတစ်ခုဖြစ်တဲ့အပြင် ရရှိမဲ့အကျိုးကျေးဇူးတွေကလည်း အများကြီးပါ။ အရည်အသွေးပြည့်မီတဲ့ ပညာရေးကိုမှ ကမ္ဘာ့အဆင့်မီ အထောက်အကူပစ္စည်းများစွာနဲ့ သင်ယူနိုင်မှာပါ။ အဲဒါကြောင့်သင်ကသူနာပြုအတတ်ပညာကို အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ လုပ်ကိုင်သွားမဲ့သူဆိုရင်တော့ ဒီ Webinar လေးကိုတတ်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ 👩⚕️👨⚕️
🗣️ ဒီ Webinar လေးမှာ Guest Speaker အနေနဲ့
အမ Nay Chi Maung ကဦးဆောင်ပြီး ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။ အမ Nay Chi Maung ဟာဆိုရင် 2019 ခုနှစ်မှာ စင်္ကာပူနိုင်ငံရှိ MOHH ကပေးအပ်ခဲ့တဲ့ "Asian Nursing Scholarship" ကိုဆွတ်ခူးနိုင်ခဲ့ပြီး "Nanyang Polytechnic" ကနေဘွဲ့ရခဲ့တဲ့သူတစ်ယောက်လဲ ဖြစ်ပါတယ်။ အဲ့ဒါအပြင် အခုလက်ရှိမှာလဲ စင်္ကာပူနိုင်ငံရှိ "Alexandra Hospital" မှာသူနာပြုဝန်ထမ်းအနေနဲ့ လုပ်ကိုင်နေပါတယ်။ 🏥
ဒီ Webinar လေးမှာ ဘာအကြောင်းအရာတွေကို ပြောပြသွားမလဲဆိုရင်တော့ -
✅ Things to prepare for studying Nursing in Singapore and also for scholarships
✅ Visa Application
✅ Tuition fees and living expenses
✅ Can we do part-time jobs in Singapore as University students?
✅ Job opportunities in Singapore after studying
⬆️ စတဲ့အကြောင်းအရာတွေကို အဓိကထားဆွေးနွေးပေးသွားမှာဖြစ်တဲ့အပြင် ကိုယ်သိချင်တာတွေကို အသေးစိတ်မေးမြန်းနိုင်မဲ့ Q & A Session ❓❔ လေးလည်းပါဝင်ပါသေးတယ်။
🗓 Date - 16.09.2023
⏰ Time - 7:00 to 8:00Pm
🖥 Place - Zoom Platform
Webinar လေးကို တတ်ရောက်မယ်ဆိုရင်တော့ ဒီ Post လေးကို Public နဲ့ Share ပေးပြီး အောက်က Registration Form လေးကို ဖြည့်ပေးနော်။ Webinar လေးအတွက်လူအယောက် (30) ပဲလက်ခံပေးသွားမှာဖြစ်တာကြောင့် လူမပြည့်ခင်အမြန်ဆုံး Register လာလုပ်လိုက်တော့နော် 📩
Registration Form Link
📑 https://forms.gle/gx2JLLf6ixHkCLBR8
💙 BFB ကလူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂါတ်ကို တည်ဆောက်ပေးမဲ့ Online Academy Organization လေးတစ်ခုဖြစ်တဲ့အတွက် နောက်ပိုင်းမှာလဲ လူငယ်တွေအတွက် ပညာရေးကိုမြှင့်တင်ပေးဖို့ အကောင်းဆုံးဖန်တီးပေးသွားမှာမလို့ Page လေးကို Like and Follow လေးလုပ်ထားဖို့ မှာကြားချင်ပါတယ် 💙
Our Telegram Channel -https://t.me/+vM7-aNHlkh5hYzJl
11/09/2023
International learning style အတိုင်းသင်ကြားခွင့်ရမဲ့
BFB ရဲ့ IELTS/English Classes ✨
🔸 IELTS မှာ Band Scores ကောင်းကောင်းရချင်သူတွေ
🔸 အင်္ဂလိပ်စာကို အထိရောက်ဆုံး လေ့လာသင်ယူချင်သူတွေအတွက်
နိုင်ငံတကာမှာ အသုံးပြုနေတဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားရေးနည်းစနစ်တွေကိုသုံးပြီး 100 % ထိရောက်အောင်သင်ကြားပေးနေတဲ့
- IELTS Foundation Class
- General English Basic Class
- General English Intermediate Class
တွေကို BFB မှာဖွင့်လှစ်ပေးနေပြီနော်...✌
Virtual Learning Style ပုံစံမျိုးနဲ့ ဖွင့်လှစ်ပေးတာဖြစ်လို့ 📱 ဖုန်းတစ်လုံးနဲ့ Internet ရှိရုံဖြင့် မိမိအဆင်ပြေတဲ့ နေရာကနေတစ်ဆင့် သင်ခန်းစာတွေကို လေ့လာသင်ယူနိုင်ပါတယ်။
သင်ကြားပေးမဲ့ဆရာကလည်း အတွေ့အကြုံရှိပြီး အရမ်းတော်လို့ မိမိတို့သိချင်တာရှိရင်လည်း အချိန်မရွေး Rise Hand ပဲနော်..🖐
ဒါတင်ဘယ်ကဦးမလဲ..BFB ရဲ့ သင်တန်းသားတစ်ယောက်ဖြစ်လာမယ်ဆိုရင်..
✅ သင်ခန်းစာတိုင်းအတွက် Feedback Session တွေထားပြီး အပြန်အလှန်ဆွေးနွေးခွင့်ရမယ်။
✅ Speaking Club Member လည်းဖြစ်ခွင့်ရမယ်။
ပထမဆုံး လာရောက်အပ်နှံမယ့် (၁၀) ယောက်အတွက် 10 % ထိ Early Bird Discount တွေလည်း ထပ်ပြီးရှိသေးတာမို့ BFB ရဲ့ သင်တန်းတွေကို စိတ်ဝင်စားရင် အခုပဲ Page Cb စုံစမ်းမေးမြန်းလိုက်တော့နော်..
05/09/2023
Guys !!!! 📣👋🏻
မင်္ဂလာပါဗျ။ဒီနေ့ အတွက် ကျွန်တော် သတင်းကောင်းလေး တစ်ခု ယူဆောင်လာပါတယ်ဗျို့။ဘာများ ဖြစ်မယ်လို့ ထင်ပါသလဲဗျ။Spoil ပေးရမယ် ဆိုရင်တော့ " သင်တို့ ရဲ့ အနာဂတ်ဟာ တောက်ပဖို့ အချိန်ရောက်လာပါပြီ "✨✨✨
ဒီလောက်ဆို ကျွန်တော်ယူလာတဲ့ သတင်းကောင်းကို ခန့်မှန်းမိလောက်ပြီ။ဟုတ်ပါတယ်။
Scholarship Program တစ်ခုပဲ ဖြစ်ပါတယ်🥳🥳
ထိုင်းနိုင်ငံ ရဲ့ နာမည်ကြီး ပုဂ္ဂလိက တက္ကသိုလ် တစ်ခုဖြစ်တဲ့ " Rangsit University " ရဲ့ 50 % Scholarship Program တစ်ခုပဲ ဖြစ်ပါတယ်။
ဒီတော့ လျှောက်ထားဖို့ ဘာတွေ လိုအပ်သလဲ ဆိုတာကို ဆက်ပြီးပြောပြပါရစေ။အတိုချုံး နဲ့ သေချာ နားလည်အောင် ရှင်းပြပေးပါရစေ။
✨ ပထမဆုံး အနေနဲ့ အခြေခံပညာအထက်တန်း အဆင့်ကို အောင်မြင်ပြီးစီးသူ ( သို့မဟုတ် ) အထက်တန်းပညာရေး နဲ့ ညီမျှတဲ့ Program တစ်ခုခု ပြီးစီးထားသူ ဖြစ်ရပါမယ်။eg;( G.E.D , I.G.C.S.E , etc......)
" Academic Requiements " တွေ ကို ဆက်ကြရအောင်ပါ။
✨ Academic Transcripts with a GPA of at least 3.0 on a 4-Point Scale or at least 65/75 Points on a 100-Point Scale or other academic .equivalents from foreign countries (Copy of Transcripts and High School Certificate/Diploma)
✨ English Proficiency Score of at least C1(IELTS 7.0) or other equivalents
✨Portfolio and CV (personal information, academic achievements, awards and recognition, extracurricular activities, etc)
✨ Copy of passport
" 2 Essays"
✨ Why do you want to study at Rangsit University and in the applied program ?
✨ Why do you deserve this scholarship ?
ဆိုတဲ့ ခေါင်းစဥ် နှစ်ခု နဲ့ Essay 2 ပုဒ်ပါ ရေးရမှာ ဖြစ်ပါတယ်။ဒီတော့ ဖိုက်တင်းပါဗျ 💪💪💪
ဒါကတော့ လျှောက်ထားဖို့ အတွက် လိုအပ်တဲ့ လိုအပ်ချက်တွေ ပဲ ဖြစ်ပါတယ်။
" Application Period " အနေနဲ့ကတော့
" Sending of scholarship application" က
2023 Sept 1 ရက်နေ့ ကနေ ၃၀ ရက်နေ့ အထိ
ဖြစ်ပြီး
" Consolidate Application " ကတော့ 2023 Oct 2 ရက်နေ့ကနေ 6 ရက်နေ့ အထိပဲ ဖြစ်ပါတယ်။
ဒါကတော့ Scholarship Program ရဲ့ Link လေး ဖြစ်ပါတယ်ဗျ 👇👇
https://www.rsuip.org/admissions/scholarships/
ဒီ Program အတွက် ကျွန်တော် ပြောပြသွားတာထက် ထပ်မံပြီး အသေးစိတ် သိရှိချင်သေးတယ် ဆိုရင်တော့ Page ရဲ့ Cb ကနေ နွေးထွေးစွာ စောင့်ကြိုလျက်ရှိပါတယ်ဗျ။🫶🏻
Better Future Builders: the place where youths are achievers .
04/09/2023
ထိုင်းမှာကျောင်းသွားတက်ဖို့ ဘာတွေပြင်ဆင်ပြီးပြီလဲ…?
စာတွေလုပ်နေတာနဲ့ ကျောင်းသွားတက်ဖို့ သေချာမပြင်ဆင်ရသေးရင်တော့
Better Future Builders နဲ့ ချိတ်ပြီး လိုအပ်တာတွေအကုန် ပြင်ဆင်ထားလို့ရတယ်နော်…💫
ထိုင်းမှာ ကျောင်းသွားတက်ဖို့ ရည်ရွယ်ထားသူတွေအတွက်
☑ Air Port Pick Up Service
☑ Apartment Service
☑ University Application Service နဲ့
☑ Visa Application Service
တွေကို BFB ကနေ ဆောင်ရွက်ပေးနေတာဆိုတော့ ကျောင်းသွားတက်ဖို့အတွက် ကိုယ်တိုင်အပင်ပန်းခံနေစရာမလိုတော့ဘူးပေါ့….💁
ကျောင်းသွားတက်မယ့်သူတိုင်းကိုလည်း Free One-on-One Counseling Session တွေပါ လုပ်ပေးနေတာမို့ ကျောင်းတက်ဖို့အတွက် ပြင်ဆင်ရင်း လိုအပ်တာတွေပါ တစ်ခါတည်း BFB မှာ ဆွေးနွေးသွားလို့ရတယ်နော်.. .✨
ဒါကြောင့်..ထိုင်းမှာကျောင်းတက်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုမျိုးရှာနေရင်တော့
Service တွေအကုန်လုံးကို တစ်နေရာတည်း ရနိုင်တဲ့ BFB ရဲ့ One Stop Service ကိုသာ ဆက်သွယ်လိုက်တော့နော်…💯
Better Future Builders: the place where youths are achievers
02/09/2023
✳️ We Are Hiring Freelance Teacher ✳️
☑️IELTS Instructor
☑️General English Teacher
🔹ကျွန်တော်တို့ရဲ့ Better Future Bullilers[BFB] နဲ့လက်တွဲလုပ်ကိုင်ရန်အတွက် အထက်ပါ Position တွေကို ခေါ်ယူနေပါတယ်။ သင်ကြားရေးအပိုင်းကို တကယ် Passionate ဖြစ်ပြီး လျှောက်ထားလိုတဲ့ Position နဲ့ကိုက်ညီတဲ့အရည်အသွေးရှိတဲ့ ဘယ် Freelance Teacher မဆိုလျှောက်ထားနိုင်တယ်။
🔹BFB မှာ Freelance Teacher လုပ်ရင်းလည်းကိုယ် Career အတွက်အများကြီးအထောက်အကူဖြစ်စေမဲ့ Skill နဲ့ Experience တွေကိုလည်း တိုးမြှင့်နိုင်ဦးမှာဖြစ်ပါတယ်။
🔹Part - Time ဖြစ်တဲ့အတွက် အချိန်ကိုညှိယူနိုင်မှာဖြစ်ပြီး ကိုယ်သင်ကြားပို့ချမဲ့အတန်းတွေအတွက် full commitment ပေးနိုင်တယ်ဆိုရင်တော့ အခုပဲလျှောက်ထားလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
လျှောက်ထားလိုတဲ့ Position အတွက် Job Descriptions နဲ့ Job Requirements အသေးစိတ်ကိုဒီ Link လေးကနေဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ⬇️
📝IELTS Instructor
https://forms.gle/8kHXoPjma5DKF7516
📝General English Teacher
https://forms.gle/UDcSKWuqB5cgKAum8
💙 BFB ကလူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂါတ်ကို တည်ဆောက်ပေးမဲ့ Online Academy Organization လေးတစ်ခုဖြစ်တဲ့အတွက် နောက်ပိုင်းမှာလဲ လူငယ်တွေအတွက် ပညာရေးကိုမြှင့်တင်ပေးဖို့ အကောင်းဆုံးဖန်တီးပေးသွားမှာမလို့ Page လေးကို Like and Follow လေးလုပ်ထားဖို့ မှာကြားချင်ပါတယ် 💙
28/08/2023
BFBကနေ Digital Planningအတွက် အရမ်းကို အသုံးဝင်မယ့် applicationsလေးတွေကို ပြောပြပေးချင်ပါတယ်ဗျာ✌🏻
Download linkလေးတွေနဲ့ tutorial linkလေးတွေကိုလည်း တစ်ခါထဲ တွဲပေးလိုက်မယ်နော်😉
Digital Planning ဆိုတာဘာလဲ?🤔
- လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ ကို့ရဲ့ အချိန်တွေကို ထိထိရောက်ရောက် စီမံခန့်ခွဲလို့ရတဲ့ planning တစ်ခုပဲ ဖြစ်ပါတယ်✨
Notion ✨
ပထမဆုံးပြောပြသွားချင်တဲ့ applicationလေးကတော့ notionပဲ ဖြစ်ပါတယ်
Pinterest vibe လိုချင်တဲ့သူလေးတွေ၊ aesthetic ဆန်ချင်တဲ့သူလေးတွေ၊ productivity ကိုမြင့်တင်ချင်တဲ့သူလေးတွေအတွက်ဆို ဒီappလေးက သုံးကိုသုံးသင့်တဲ့ application လေးတစ်ခုပဲနော်🥰
-to-do-list, tracker, calendarစတဲ့ project အစုံကို management လုပ်လို့ရတဲ့အတွက် တော်တော်ကို အဆင်ပြေတဲ့ applicationလေးတစ်ခုလို့ ပြောလို့ရတယ်
တစ်ခြားသူတွေနဲ့ shareချင်တဲ့ pageလေးတွေကိုလည်း emailေလးနဲ့ collaborateလုပ်လို့လည်းရတယ်🤩
For IOS Users,
https://apps.apple.com/us/app/notion-notes-docs-tasks/id1232780281
For Android Users,
https://play.google.com/store/apps/details?id=notion.id
Tutorial Link
https://youtu.be/FrhFvIsq86g?si=1pmfS3HbXosSFZQ_
Asana✨
Asana ကလည်းnotionနဲ့ တူသလောက်ပဲ project, tasksတွေကို သေသေချာချာ organized လုပ်လို့ရတဲ့ application 🤓
For IOS Users
https://apps.apple.com/us/app/asana-work-in-one-place/id489969512
For Android Users
https://play.google.com/store/apps/details?id=com.asana.app
Tutorial Link
https://youtu.be/uCDftAtr9tI?si=2IcOYp_X6x9KCo1p
GoodNotes✨
သူကတော့ iPad usersတွေ မသိသူ မရှိလောက်အောင် အသုံးများတဲ့ application😚
တကယ့် စာအုပ်လေးအတိုင်းအပေါ်မှာ ရေးနေရသလို ဖတ်နေရသလိုလေး😍
Planning လုပ်ဖို့ notes မှတ်ဖို့ စာအုပ်ကို ကိုယ်စိတ်ကြိုက် customized လုပ်လို့ရသလို
တစ်ချို့ YouTube videoတွေမှာ free download linkလေးတွေ ရှိပါတယ်နော်😎
For IOS Users,
https://apps.apple.com/us/app/goodnotes-6/id1444383602
Tutorial Link
https://youtu.be/V6NoVNQIods?si=ZrAo8o_X2bW3azxD
Better Future Builders
the place where youths are achievers
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Rangsit