One Stars - Digital
One Stars Digital Agency
Professional monetization, boosting, and growth services for Facebook, YouTube, and TikTok creators.
08/08/2026
Monetization အောင်ပြီးသား Page တွေ ဝယ်တော့မယ်ဆိုရင် ဒီလိုအလိမ်အညာတွေကို သတိထားပါ❌
အခုခေတ်မှာ Content Monetization အောင်ပြီးသား Page အကြီးတွေဝယ်မယ်ဆိုရင် ဈေးနှုန်းက ဘယ်လောက်တောင်များလဲဆိုတာကို အားလုံးလည်းသိကြမှာပါ။
ဒါကြောင့်ပဲ Monetization အောင်ပြီးသား Page ရောင်းဝယ်ရေးဈေးကွက်မှာ သူများပိုက်ဆံကို အချောင်လိုချင်တဲ့ အလိမ်အညာတွေလည်း အများကြီးရှိနေတာပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ Monetization အောင်ပြီးသား Page တွေ ဝယ်တဲ့အခါကျရင် ကိုယ့်ပိုက်ဆံတွေ မဆုံးရှုံးရအောင် သတိထားရမယ့် အလိမ်အညာတွေအကြောင်း မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
‼️1. Original Email မပါဘဲဝယ်ယူခြင်း
ဒါကတော့ ဝယ်တဲ့လူတွေ အများဆုံးခံရတဲ့ လှည့်ကွက်ပဲဖြစ်ပါတယ်။ ရောင်းတဲ့လူက Page Admin ကိုလွှဲပေးလိုက်ပြီး ငွေအပြည့်ချေပြီးသွားပေမယ့် ရောင်းတဲ့လူက Page ဖွင့်တဲ့ Original Email ကို ဆက်ကိုင်ထားမယ်ဆိုရင် Facebook Support ဆီမှာ အဟက်ခံလိုက်ရလို့ပါဆိုပြီးတော့ မူရင်း Mail နဲ့ Appeal တင်ပြီး အချိန်မရွေး Page ကို ပြန်ယူသွားနိုင်ပါတယ်။
‼️2. Payout Account ပြောင်းမရခြင်း
Page ကို ပြန်အယူမခံရရင်တောင်မှ Payout Account ကို ကိုယ်သုံးမယ့်ဘဏ်အကောင့်နဲ့ ပြောင်းချိတ်မရဘူးဆိုရင် ကိုယ်ရှာလိုက်တဲ့ငွေတိုင်းက မူရင်းပိုင်ရှင်ရဲ့ ဘဏ်အကောင့်ထဲကိုပဲ ဝင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် Page Admin ရရုံနဲ့မပြီးဘဲ Meta Business Suite -> Payout Settings ထဲသို့ သွား၍ Payout Admin / Finance Editor အဖြစ်ပါ အပြီးသတ် လွှဲပြောင်းယူဖို့ လိုအပ်ပါတယ်။
‼️3. ဒေတာအတုများကိုပြခြင်း
တချို့တွေက ဒေါ်လာရာဂဏန်း / ထောင်ဂဏန်းဝင်နေပါတယ်ဆိုပြီး Screenshot တွေကိုပြပြီးတော့ ရောင်းတတ်ပါတယ်။ ဒါပေမယ့် အဲဒီ Screenshot တွေကလည်း Photoshop နဲ့ အတုလုပ်ထားတာတွေ ဖြစ်နေနိုင်တာကြောင့် Screenshot တစ်ခုတည်းကိုမကြည့်ဘဲ Page ရဲ့ Insights Data နဲ့ Earnings Dashboard တွေကို သေချာစစ်ဖို့ လိုအပ်ပါတယ်။
‼️4. Copyright Policy ငြိနေခြင်း
တချို့ Page တွေက အပြင်ပန်းမှာတော့ Page Quality က အစိမ်းရောင်ပြနေနိုင်ပေမယ့် နောက်ကွယ်မှာ Copyright Strikes တွေ ထိထားတာမျိုး ရှိနေတတ်ပါတယ်။ ဒါကြောင့် Meta Business Suite -> Monetization -> Policy Issues ကိုဝင်ပြီး Policy ငြိနေတာမျိုးတွေ ရှိမရှိကိုလည်း စစ်ဆေးဖို့ အကြံပေးလိုပါတယ်။
‼️5. Admin Transfer ပေးပြီးပြီးချင်း Primary Admin က ပြန်ဖြုတ်ချခြင်း
Admin တန်းလွှဲပေးတယ်ဆိုတိုင်းလည်း ယုံကြည်လို့ရတာမဟုတ်ပါဘူး။ ပိုက်ဆံလွှဲပေးပြီးတဲ့နောက်မှာမှ ရောင်းတဲ့လူရဲ့ Main Admin Account ကနေ သင့်ကို Admin ရာထူးကနေ ပြန်ဖြုတ်လိုက်တာမျိုးကလည်း ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် Page မှာ ကိုယ့် Account တစ်ခုတည်းက Primary ဖြစ်နေဖို့ကလည်း အရေးကြီးပါတယ်။
အကယ်၍ သင့်အနေနဲ့ ဒီလိုမျိုး အလိမ်အညာတွေနဲ့ စိတ်မရှုပ်ချင်ဘဲ 100% စိတ်ချရတဲ့ Monetization အောင်ပြီးသား Page တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ One Stars Digital မှာ ဈေးနှုန်းချိုသာစွာနဲ့ ရရှိနိုင်ပြီဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးလိုပါတယ်။ အသေးစိတ်ကိုသိရှိချင်တယ်ဆိုရင်တော့ Page Messenger မှာ လာရောက်စုံစမ်းမေးမြန်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
နောက်ထပ် လူမှုကွန်ယက်ကိုအသုံးချပြီးတော့ ဝင်ငွေရှာချင်သူတွေအတွက် အထောက်အကူဖြစ်စေမယ့်နည်းလမ်းတွေ၊ Service တွေကို စဉ်ဆက်မပြတ် သိရှိနိုင်စေဖို့ ကျွန်တော်တို့ One Stars Digital ရဲ့ Telegram Channel လေးကို Join ထားကြဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်။
👉 https://t.me/onestarsdigital 👈
07/08/2026
Two-Factor Authentication သုံးရောသုံးကြရဲ့လား?🔒
Social Media ပေါ်မှာ Page တွေ၊ Account တွေကို သေချာဖွင့်ပြီး အလုပ်လုပ်နေတဲ့လူတွေ၊ အထူးသဖြင့် Monetization သမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အကြီးမားဆုံးအိပ်မက်ဆိုးကတော့ ကိုယ်ပင်ပင်ပန်းပန်းတည်ဆောက်ထားရတဲ့ Page တွေ၊ Account တွေ Hack ခံရတာပဲဖြစ်ပါတယ်။
ငါတို့ကတော့ Password ကို ခက်ခက်ခဲခဲပေးထားတာပဲဆိုတာလောက်နဲ့ ကိုယ့် Page တွေ၊ Account တွေက လုံခြုံမှုရှိမယ်လို့ မထင်လိုက်ပါနဲ့။
ဒီနေ့တော့ သင့်ရဲ့ Page တွေ၊ Account တွေကို 100% နီးပါး လုံခြုံအောင် ကာကွယ်ပေးနိုင်မယ့် Two-Factor Authentication (2FA) ကို ဘယ်လိုသုံးရမလဲဆိုတာ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
တချို့ကတော့ 2FA အတွက် ဖုန်း SMS ကုတ် (OTP) ကို အသုံးပြုလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဖုန်းလိုင်းမမိတာ သို့မဟုတ် SIM Swapping (ဖုန်းနံပါတ် ခိုးယူခံရခြင်း) ကြောင့် SMS OTP ဟာ အပြည့်အဝ မလုံခြုံတော့ပါဘူး။
🔑ဒါကြောင့် Google Authenticator လိုမျိုး Authenticator App ကို ဖုန်းထဲမှာ အရင် Install လုပ်ထားပါ။
🔑ပြီးရင်တော့ Facebook / TikTok ရဲ့ Settings & Privacy -> Security -> Two-Factor Authentication သို့ သွားပါ။
🔑2FA နည်းလမ်းတွင် Authentication App ကို ရွေးချယ်ပါ။
🔑Screen ပေါ်တွင် ပေါ်လာသော QR Code ကို မိမိ Authenticator App ဖြင့် Scan ဖတ်၍ ချိတ်ဆက်ပါ။
ဒါဆိုရင်တော့ သင့် Password ကို တခြားလူက သိသွားရင်တောင်မှ ဖုန်းထဲက Authenticator App မှာ စက္ကန့် 30 ကို တစ်ခါပြောင်းနေတဲ့ ကုဒ်နံပါတ် 6 လုံးမရှိဘဲ သင့် Account ထဲကို လုံးဝ ဝင်နိုင်တော့မှာမဟုတ်ပါဘူး။
နောက်ထပ် လူမှုကွန်ယက်ကိုအသုံးချပြီးတော့ ဝင်ငွေရှာချင်သူတွေအတွက် အထောက်အကူဖြစ်စေမယ့်နည်းလမ်းတွေ၊ Service တွေကို စဉ်ဆက်မပြတ် သိရှိနိုင်စေဖို့ ကျွန်တော်တို့ One Stars Digital ရဲ့ Telegram Channel လေးကို Join ထားကြဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်။
👉 https://t.me/onestarsdigital 👈
#
YouTube Channel လေးထောင်၊ ဗီဒီယိုလေးတွေတင်ရုံနဲ့ အလိုလိုအောင်မြင်သွားမယ်လို့ထင်ပါသလား?
လုံးဝ၊ လုံးဝမဟုတ်ပါဘူး။
နည်းလမ်းမမှန်ရင် Monetization အောင်ဖို့လိုအပ်တဲ့ Subscriber 1,000 နဲ့ Watch Hour 4,000 ပြည့်ဖို့တောင် နှစ်နဲ့ချီပြီးကြာသွားနိုင်ပါတယ်။
အဲဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့...
05/08/2026
အစားအသောက် Vlogger တွေအတွက် ဆိုင်တွေဆီကနေ စပွန်ဆာ ချက်ချင်းရစေမယ့်နည်းလမ်း🎆
အစားအသောက်တွေစားရတာကြိုက်လို့ Food Vlogger တော့လုပ်ချင်တယ်၊ ဒါပေမယ့် အမြဲတမ်း အိတ်စိုက်နေရမှာစိုးလို့ မလုပ်ရဲဖြစ်နေပါသလား?
ဗီဒီယိုလေးတွေလုပ်နေပေမယ့် Follower နည်းလို့ စပွန်ဆာမရမှာ စိုးရိမ်နေပါသလား?
ဒါဆိုရင်တော့ Food Vlogger ဖြစ်ချင်သူတွေအတွက် ဆိုင်တွေဆီကနေ စပွန်ဆာချက်ချင်းရစေမယ့် နည်းလမ်းကောင်းလေးတစ်ခုကို ဒီနေ့မှာတော့ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
အခုမျှဝေပေးသွားမယ့်နည်းလမ်းက ဆိုင်တွေကိုသွားပြီးတော့ စပွန်ဆာပေးပါဆိုပြီး တောင်းနေတာမျိုးမဟုတ်ဘဲ နှစ်ဦးနှစ်ဘက်လုံးအတွက် အကျိုးအမြတ်ရှိစေမယ့် ကမ်းလှမ်းမှု” ကို လုပ်တဲ့နည်းပဲဖြစ်ပါတယ်။
ဒါဆို ဘာတွေလုပ်ရမလဲ?
1️⃣ Free Content ကနေ ဆိုင်အတွက် အကျိုးအမြတ်ရတယ်ဆိုတာကို သက်သေပြပါ
စပွန်ဆာ မရသေးခင် အစပိုင်းမှာ ဆိုင်အချို့ကို ကိုယ့်စရိတ်နဲ့ကိုယ် သွားရောက်ရိုက်ကူးပေးပါ။ ဗီဒီယိုတင်ပြီးလို့ View ရလာရင် အဲဒီဆိုင်ဆီ ပြန်သွားပါ၊ ဒါမှမဟုတ် စာပို့ပြီး ကိုယ်ရိုက်ထားတဲ့ဗီဒီယိုကိုကြည့်ပြီး လာတာပါဆိုတဲ့လူ ဘယ်နှစ်ယောက်ရှိလဲဆိုတာကိုမေးပါ။ အဲဒီဗီဒီယိုကြောင့် ဆိုင်ကို Customer အသစ်တွေရောက်လာတယ်ဆိုရင် နောက်ဆိုင်တွေကိုကမ်းလှမ်းတဲ့အခါကျ သက်သေအနေနဲ့သုံးလို့ရပြီပဲဖြစ်ပါတယ်။
2️⃣ “Media Kit” တစ်ခုကို အတိုချုံးလေးပြင်ဆင်ထားပါ
ဆိုင်ရှင်တွေကို သွားကမ်းလှမ်းတဲ့အခါကျ ဘယ်သူမှ စာအရှည်ကြီးတွေကို ဖတ်ချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် Canva ကိုသုံးပြီး
ကိုယ့် Page ရဲ့ Audience အကြောင်း (ဥပမာ - ရန်ကုန်/မန္တလေးမှာနေတဲ့ အသက် 18 ကနေ 25 ကြား အစားအသောက်စိတ်ဝင်စားတဲ့လူ 70% ဆိုတာမျိုး)
အပေါ်မှာပြောခဲ့တဲ့ Case Study ရလဒ် (ဥပမာ - ပြီးခဲ့တဲ့လက မာလာရှမ်းကောဆိုင်အတွက် Food Vlog ရိုက်ပေးခဲ့ပြီး အဲဒီဗီဒီယိုကြောင့် ဖောက်သည်ဘယ်နှယောက် အသစ်ရသွားခဲ့တယ်/ရောင်းအား ဘယ်နှရာခိုင်နှုန်း တက်သွားခဲ့တယ် ဆိုတာမျိုး)
ကိုယ်လုပ်ပေးနိုင်မယ့် Service Package တွေ (ဥပမာ ဗီဒီယိုတစ်ပုဒ်၊ page Pin Post၊ TikTok ဗီဒီယိုအတို သုံးပုဒ် ဆိုတာမျိုး)
ဆိုင်ရှင်တွေဘက်က တစ်ခါလောက်စပွန်ဆာပေးပြီးတာနဲ့ နောက်ထပ် စပွန်ဆာဆက်ပေးချင်စိတ် ဖြစ်လာစေမယ့် အဓိကလျှို့ဝှက်ချကက်ကတော့ တိုင်းတာလို့ရတဲ့ရလဒ်ကို ချပြပေးနိုင်ခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့် စပွန်ဆာပေးထားတဲ့ဗီဒီယိုမှာ “ဒီဗီဒီယိုကို Share ထားတာပြပြီး သွားစားရင် 10% လျှော့ဈေးရမယ်တို့၊ Promo Code ကိုသုံးမယ်ဆိုရင် အချိုရည်တစ်ဘူး အလကားတိုက်မယ်” တို့ဆိုတာမျိုးကိုထည့်ပေးလိုက်ပါ။ ဒါဆို စားသုံးသူတွေက ဆိုင်ကိုလာပြီး ကိုယ့် Promotion ကိုပြပြီးစားမယ်ဆိုရင် ဆိုင်ရှင်ဘက်ကလည်း သူ့ဗီဒီယိုကြောင့် ဖောက်သည်တွေတကယ်လာတာပဲဆိုပြီးတော့ နောက်ထပ် စပွန်ဆာထပ်ပေးချင်စိတ်ဖြစ်လာပါလိမ့်မယ်။
💡အဓိကပြောချင်တာကတော့ ဆိုင်ရှင်တွေက ဗီဒီယိုလှလှလေးတစ်ပုဒ်ကို ပိုက်ဆံပေးဝယ်တာမဟုတ်ပါဘူး။ အဲဒီဗီဒီယိုကြောင့် ဆိုင်ဆီရောက်လာမယ့် ဖောက်သည်အသစ်တွေနဲ့ ရောင်းအားကို ပိုက်ဆံပေးဝယ်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ဆိုင်တွေကိုကမ်းလှမ်းတဲ့နေရာမှာ ဗီဒီယိုကို ဘယ်လောက်ကောင်းအောင်ရိုက်ပေးနိုင်လဲဆိုတာထက် ဆိုင်အတွက် ဘာတွေအကျိုးအမြတ်ရနိုင်လဲဆိုတာကို အဓိကထည့်ပြောပေးဖို့ အကြံပေးချင်ပါတယ်။
နောက်ထပ် လူမှုကွန်ယက်ကိုအသုံးချပြီးတော့ ဝင်ငွေရှာချင်သူတွေအတွက် အထောက်အကူဖြစ်စေမယ့်နည်းလမ်းတွေ၊ Service တွေကို စဉ်ဆက်မပြတ် သိရှိနိုင်စေဖို့ ကျွန်တော်တို့ One Stars Digital ရဲ့ Telegram Channel လေးကို Join ထားကြဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်။
👉 https://t.me/onestarsdigital 👈
Monetization ပဲလုပ်မလား? Online Shop ပဲလုပ်မလား? သုံးချင်ရာအတွက် အဆင်သင့်တန်းသုံးနိုင်မယ့် Page လေးတွေကို ကျွန်တော်တို့ One Stars Digital မှာ ရရှိနိုင်ပါပြီ။
လက်ရှိမှာ ရရှိနိုင်မယ့် Page အမျိုးအစားသုံးခုကတော့
Online Shop လုပ်ချင်သူတွေအတွက် Follower အသင့်အတင့်နဲ့ Page လေးတွေ
Monetization သမားတွေအတွက် Content Monetization Setup ပွင့်ပြီးသား Page လေးတွေနဲ့
နိုင်ငံခြား Content လုပ်မယ့်လူတွေအတွက် နိုင်ငံခြား Audience နဲ့ Page လေးတွေပဲဖြစ်ပါတယ်။
အသေးစိတ်ကို ဗီဒီယိုလေးထဲမှာ ဆက်ကြည့်ပေးကြပါဦး!!!
04/08/2026
TikTok Monetization လျှောက်တဲ့အခါ ငြင်းပယ်ခံရရတဲ့ ထိပ်တန်း အကြောင်းအရင်း (၅) ချက်‼️
TikTok မှာ ဗီဒီယိုတွေတင်တယ်၊ သတ်မှတ်ချက်တွေပြည့်လာလို့ Monetization လျှောက်တယ်၊ ဒါပေမယ့်ငြင်းခံလိုက်ရတယ်။
ဘာလို့ငြင်းခံရတာလဲဆိုတော့ အခုပြောပြပေးသွားမယ့်အကြောင်းအရင်းတွေကို သေချာမသိလို့နဲ့ မပြင်ဆင်ထားတာကြောင့်ပဲဖြစ်ပါတယ်။
ဘယ်အကြောင်းအရင်းတွေလဲဆိုတော့
1. မူရင်းဖန်တီးမှုမဟုတ်ခြင်း❗️
ဒါကတော့ အဖြစ်အများဆုံးပဲဖြစ်ပါတယ်။ တခြားသူတွေရဲ့ ဗီဒီယိုတွေ၊ တခြား Platform က ဗီဒီယိုတွေ၊ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို ကိုယ့်ရဲ့ ကိုယ်ပိုင်ဖန်တီးမှုများများစားစားမပါဘဲ ဒီတိုင်းနီးပါးပြန်တင်နေမယ်ဆိုရင် Monetization က ကျိန်းသေပေါက် ပယ်ချခံရမှာဖြစ်ပါတယ်။
2. နိုင်ငံ/ဒေသဆိုင်ရာ ကန့်သတ်ချက်များ❗️
TikTok Monetization က တစ်ကမ္ဘာလုံးမှာ ရသေးတာမဟုတ်ပါဘူး။ ဒါကြောင့် ပြည်တွင်းမှာဖွင့်ထားတဲ့ Account နဲ့ပဲ ဗီဒီယိုတွေတင်နေမယ်ဆိုရင် Monetization ရနိုင်မှာမဟုတ်ပါဘူး။ Monetization လိုချင်တယ်ဆိုရင်တော့ Japan Account လိုမျိုး Account တွေကို သုံးပေးဖို့ လိုအပ်ပါတယ်။
3. Community Guideline တွေကို မလိုက်နာခြင်း❗️
Community Guidelines ချိုးဖောက်ထားသည့် သတိပေးချက်တွေရှိမယ်ဆိုရင် Monetization လျှောက်တဲ့အခါကျ ပယ်ချခံရနိုင်ပါတယ်။ ဒါကြောင့် Monetization မလျှောက်ခင်မှာ သတိပေးခံထားရ၊ ဒါမှမဟုတ် Strike မိထားတဲ့ ဗီဒီယိုတွေရှိရင် Appeal တင်တာတို့၊ ဖျက်ပစ်တာတို့ကိုလုပ်ပြီး Account က ရှင်းလင်းသွားတော့မှ Monetization လျှောက်ဖို့ အကြံပေးချင်ပါတယ်။
4. Follower ဝယ်ခြင်း❗️
Follower နဲ့ View တွေကို သဘာဝအတိုင်းမဟုတ်ဘဲ ဝယ်ထားတာ၊ အချင်းချင်း အပြန်အလှန် Follow လုပ်ပေးတယ်ဆိုတာမျိုးတွေ လုပ်ထားမယ်ဆိုရင် Monetization ပယ်ချခံရနိုင်ရုံတင်မကဘဲ Account ကိုပါ ထိခိုက်စေနိုင်ပါတယ်။
5. Identity Verification မမှန်ကန်ခြင်း❗️
Monetization လျှောက်မယ့်လူက တရားဝင် အသက် 18 နှစစ်ပြည့်ပြီးတဲ့သူဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီမှာ Account ဖွင့်တုန်းက ထည့်သွင်းထားတဲ့ အချက်အလက်တွေနဲ့ Identity Verification တင်တဲ့အချိန်မှာ တင်ရတဲ့ စာရွက်စာတမ်းက အချက်အလက်တွေမကိုက်ညီရင်လည်း Monetization ပယ်ချခံရနိုင်ပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ကိုက်ညီတာသေချာအောင် အရင်စစ်ပြီးမှ လျှောက်ထားဖို့ အကြံပေးချင်ပါတယ်။
နောက်ထပ် လူမှုကွန်ယက်ကိုအသုံးချပြီးတော့ ဝင်ငွေရှာချင်သူတွေအတွက် အထောက်အကူဖြစ်စေမယ့်နည်းလမ်းတွေ၊ Service တွေကို စဉ်ဆက်မပြတ် သိရှိနိုင်စေဖို့ ကျွန်တော်တို့ One Stars Digital ရဲ့ Telegram Channel လေးကို Join ထားကြဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်။
👉 https://t.me/onestarsdigital 👈
03/08/2026
ကိုယ့်ဗီဒီယိုကို တခြားသူက ခိုးယူ (Re-upload) တင်ထားရင် TikTok ဆီ ဘယ်လို Report တင်ပြီး ဖြုတ်ချမလဲ? 🤔
ကိုယ်က ကြိုးကြိုးစားစားလုပ်ထားရတဲ့ Content တွေကို တခြားလူတွေက ခပ်တည်တည်နဲ့ခိုးပြီး ပြန်တင်တဲ့ကိစ္စမျိုးတွေက Creator တွေအနေနဲ့ မကြာခဏ ကြုံရလေ့ရှိတဲ့အရာတွေပဲဖြစ်ပါတယ်။
ဒါပေမယ့် စိတ်တော့မပူလိုက်ပါနဲ့။
TikTok မှာ မူပိုင်ခွင့် (Copyright / Intellectual Property) ကို အပြည့်အဝ ကာကွယ်ပေးထားတဲ့ စနစ်ရှိပါတယ်။
ဒီနေ့မှာတော့ ခိုးယူထားတဲ့ ဗီဒီယိုကို TikTok ဆီ စနစ်တကျ Report တင်ပြီး 24 နာရီကနေ 48 နာရီအတွင်း ဖြုတ်ချနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။
📌 နည်းလမ်း (၁) - App ထဲမှ တိုက်ရိုက် Report တင်ခြင်း
ခိုးယူထားတဲ့ ဗီဒီယိုကို ဖုန်းထဲက TikTok App နဲ့တင် တိုက်ရိုက် Report တင်တာ ဖြစ်ပါတယ်။
အရင်ဆုံး ကိုယ့်ဗီဒီယိုကိုခိုးတင်ထားတဲ့လူရဲ့ ဗီဒီယိုဆီသွားပါ။ ပြီးရင် ညာဘက်က Share ကိုနှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက Report ကိုနှိပ်ပါ။ တိုင်မယ့်အကြောင်းအရာမှာ “Intellectual Property Infringement” ကို ရွေးပါ။ ပြီးရင်တော့ “Copyright Infringement Report” ကိုနှိပ်ပြီး ခိုးယူထားခံရကြောင်း အထောက်အထားတွေဖြစ်တဲ့ ကိုယ်တိုင်မူရင်းတင်ခဲ့တဲ့ ဗီဒီယို Link, ကိုယ်တိုင် ရိုက်ကူး/တည်းဖြတ်ထားတာကို သက်သေပြနိုင်မယ့် Screen Record ဒါမှမဟုတ် ဓာတ်ပုံအထောက်အထားကိုထည့်ပေးပြီး Submit နှိပ် တိုင်ကြားပါ။
📌 နည်းလမ်း (၂) - TikTok Copyright Web Form ဖြင့် တရားဝင် တိုင်ကြားခြင်း
App ကနေ တိုင်မရရင်၊ ဒါမှမဟုတ် Account ပါ ခိုးခံထားရတယ်ဆိုရင်တော့…
Google မှာ “TikTok Copyright Infringement Notification Form” ဆိုပြီး ရှာပါ။
Form ထဲမှာ ကိုယ့်နာမည်နဲ့ Email ကိုဖြည့်ပါ။ ကိုယ်က ပိုင်ရှင်အစစ်အမှန်ဖြစ်တယ်ဆိုတာကို ရွေးပါ။ ပြီးရင် ခိုးခံထားရတဲ့ ကိုယ့်မူရင်းဗီဒီယိုရဲ့ Link၊ ခိုးထားတဲ့သူရဲ့ ဗီဒီယို Link ဒါမှမဟုတ် Account Link ကိုထည့်သွင်းပေးပါ။ ပြီးရင်တော့ ကိုယ်တိုင်မူရင်းတင်ခဲ့တဲ့ ဗီဒီယို Link, ကိုယ်တိုင် ရိုက်ကူး/တည်းဖြတ်ထားတာကို သက်သေပြနိုင်မယ့် Screen Record ဒါမှမဟုတ် ဓာတ်ပုံအထောက်အထားကိုထည့်ပေးပြီးတိုင်ကြားနိုင်ပါတယ်။
အထောက်အထားခိုင်လုံတယ်ဆိုရင် TikTok ဘက်ကနေ ခိုးခံထားရတဲ့ဗီဒီယိုကို ချက်ချင်းဖျက်ပေးမှာဖြစ်သလို ခိုးထားသူရဲ့ Account ကိုလည်း Copyright Strike ပေးမှာဖြစ်ပါတယ်။ အကယ်၍ Strike 3 ကြိမ်ပြည့်သွားပြီဆိုရင်တော့ Account ပါ အပြီးတိုင် ဖျက်သိမ်းခံရမှာပဲဖြစ်ပါတယ်။
သင်ရော ကိုယ့်ဗီဒီယိုတွေကို သူများက ခိုးတင်တာမျိုး ကြုံဖူးပါသလား။ သင့်အတွေ့အကြုံကို Comment မှာ မျှဝေပေးခဲ့ပါဦး။
နောက်ထပ် လူမှုကွန်ယက်ကိုအသုံးချပြီးတော့ ဝင်ငွေရှာချင်သူတွေအတွက် အထောက်အကူဖြစ်စေမယ့်နည်းလမ်းတွေ၊ Service တွေကို စဉ်ဆက်မပြတ် သိရှိနိုင်စေဖို့ ကျွန်တော်တို့ One Stars Digital ရဲ့ Telegram Channel လေးကို Join ထားကြဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်။
👉 https://t.me/onestarsdigital 👈
TikTok ကနေ တစ်လကို ဒေါ်လာ 1000 ကျော်ရဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား?
ဖြစ်နိုင်ပါတယ်…
ဒါပေမယ့်
ဒီလောက်များတဲ့ဝင်ငွေရနိုင်ဖို့ဆိုရင် View တွေအများကြီးရတယ်ဆိုတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ သင့်အနေနဲ့ View 1000 စီတိုင်းမှာ ရမယ့် အမြတ် (RPM) ကို မြှင့်တင်နိုင်မှ ရပါလိမ့်မယ်။
RPM ကို ဘယ်လိုတိုးလာအောင်လုပ်ရမလဲဆိုတော့...
Online ပေါ်မှာ ကြော်ငြာတွေ အများကြီးလုပ်နေပေမယ့် ငွေကုန်သလောက် အရောင်းမတက်ဘဲ ဖြစ်နေပါသလား?"
"ကိုယ့်လုပ်ငန်းအကြောင်းကို သေချာနားလည်ပြီး တကယ့်မြေပြင်မှာ လက်တွေ့အလုပ်ဖြစ်မယ့် Marketing Strategies တွေကို ချပြပေးမယ့် ပါတနာကောင်းကို ရှာနေပါသလား?"
ဒါဆိုရင်တော့ ကျွန်တော်တို One Stars Digital ကိုသာ ယုံယုံကြည်ကြည်ရွေးချယ်လိုက်ပါ။
ဘာကြောင့် ကျွန်တော်တိုကို ရွေးချယ်သင့်တာလဲဆိုတော့...
Online ပေါ်မှာ ကြော်ငြာတွေ အများကြီးလုပ်နေပေမယ့် ငွေကုန်သလောက် အရောင်းမတက်ဘဲ ဖြစ်နေပါသလား?"
"ကိုယ့်လုပ်ငန်းအကြောင်းကို သေချာနားလည်ပြီး တကယ့်မြေပြင်မှာ လက်တွေ့အလုပ်ဖြစ်မယ့် Marketing Strategies တွေကို ချပြပေးမယ့် ပါတနာကောင်းကို ရှာနေပါသလား?"
ဒါဆိုရင်တော့ ကျွန်တော်တို One Stars Digital ကိုသာ ယုံယုံကြည်ကြည်ရွေးချယ်လိုက်ပါ။
ဘာကြောင့် ကျွန်တော်တိုကို ရွေးချယ်သင့်တာလဲဆိုတော့...
သင်တန်းတစ်ခုတည်းနဲ့ တစ်သက်လုံးလုပ်စားလို့ရမယ့် Skill သုံးခုကို အရယူလိုက်ပါ!
ဟုတ်ပါတယ်။
ဒီသင်တန်းမှာဆိုရင် သင့်အနေနဲ့ Monetization တစ်ခုတည်းမဟုတ်ဘဲ ကျွမ်းကျင်သွားမယ်ဆိုရင် တစ်သက်လုံးလုပ်စားလို့ရမယ့် Skill 3 ခုကိုပါ အပိုတတ်မြောက်သွားမှာပါ။
ဘယ် Skill တွေလဲဆိုတော့...
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Phuket
83000