Lum Khat Naung
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Lum Khat Naung, ครูสอนพิเศษ/ครู, Suranari, Nakhon Ratchasima.
26/03/2026
ရှားပါးပါးchanceလေးမို့
ageရော gradeရောပြေရင်
ကြိုးစားကြည့်ကြပါဗျာ
တစ်ခုခုသိချင်ရင်လဲလာမေးလို့ရပါတယ်
စင်ကာပူနိုင်ငံမှာ အထက်တန်း (Secondary 3) ကနေစပြီး GCE A-Level ပြီးတဲ့အထိ (၄) နှစ်စာ အခမဲ့ ပညာသင်ကြားခွင့်ရမယ့် Fully Funded "ASEAN Scholarship for Myanmar" 🇸🇬✨
မိဘတွေရော၊ ငယ်ရွယ်ပြီး ကြိုးစားချင်စိတ်ရှိတဲ့ လူငယ်လေးတွေအတွက်ပါ တကယ့်ကို တန်ဖိုးရှိတဲ့ စင်ကာပူအစိုးရရဲ့ ပညာသင်ဆုတစ်ခုကို တီချယ် ဒီနေ့ မျှဝေပေးလိုက်ပါတယ်။ ဒီ Scholarship ဟာ လူငယ်တွေအတွက် နိုင်ငံတကာ အတွေ့အကြုံ၊ ခေါင်းဆောင်မှု စွမ်းရည်နဲ့ ဘဝအတွက် လိုအပ်တဲ့ Life Skills တွေကို စောစောစီးစီး လေ့လာခွင့်ရမယ့် အကောင်းဆုံး အခွင့်အရေးပါပဲ။
ဘယ်သူတွေ လျှောက်ထားနိုင်လဲ? (Eligibility)
• မြန်မာနိုင်ငံသား ဖြစ်ရပါမည်။
• မွေးသက္ကရာဇ် (2 Jan 2010 မှ 1 Jan 2013 အတွင်း) မွေးဖွားသူ ဖြစ်ရပါမည်။
• အနည်းဆုံး Grade 9 ပြီးမြောက်ထားပြီး၊ အင်္ဂလိပ်စာကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ယူခဲ့သူ ဖြစ်ရပါမည်။
• ပညာရေးရလဒ် အမြဲကောင်းမွန်ပြီး အင်္ဂလိပ်စာ ကျွမ်းကျင်ရပါမည်။
• ကျောင်းစာအပြင် အခြား ပြင်ပလှုပ်ရှားမှု (Co-curricular activities - CCA) များတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် မှတ်တမ်းကောင်း ရှိရပါမည်။
ရရှိနိုင်မယ့် အကျိုးခံစားခွင့်များ (Fully Funded Benefits)
🎓 ၄ နှစ်စာ ကျောင်းလခနှင့် စာမေးပွဲကြေးများ (O-Level & A-Level အတွက် တစ်ကြိမ်စီ)
🏠 အဆောင်နေထိုင်ခွင့်နှင့် လစဉ်ထောက်ပံ့ကြေး (Hostel & Annual Allowance)
✈️ အသွားအပြန် လေယာဉ်လက်မှတ် (Return Economy Airfare)
💰 နေရာထိုင်ခင်း အခြေချရန် ထောက်ပံ့ကြေး (Settling-in allowance)
🏥 ကျန်းမာရေးနှင့် မတော်တဆမှုဆိုင်ရာ အာမခံ (Subsidised medical benefits & insurance)
အရေးကြီးသော ရက်စွဲများ (Key Dates)
📅 လျှောက်လွှာဖွင့်မည့်ရက်: 3 April မှ 15 May 2026 အတွင်း (ခန့်မှန်းခြေ)
✍️ Selection Test ဖြေဆိုရမည့်ရက်: 27 June 2026 (ရန်ကုန်မြို့တွင် Computer ဖြင့် ဖြေဆိုရန်)
🗣️ Interview ဖြေဆိုရမည့်ရက်: 31 July 2026 (ရန်ကုန်မြို့တွင်)
(မှတ်ချက် - လျှောက်လွှာကြေး ပေးသွင်းရန် မလိုပါ)
စင်ကာပူရဲ့ ပညာရေးစနစ်က စာတော်ရုံတစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ပါဘူး။ ကျောင်းစာအပြင် အားကစား၊ အနုပညာ၊ လူမှုအကျိုးပြုလုပ်ငန်း စတဲ့ ပြင်ပလှုပ်ရှားမှု (CCA) တွေမှာ ဘယ်လောက် တက်ကြွစွာ ပါဝင်ခဲ့သလဲ ဆိုတဲ့ "Holistic Development" နဲ့ ခေါင်းဆောင်မှု စွမ်းရည် (Leadership Skills) ကို အရမ်း အလေးထားပါတယ်။ ဒါကြောင့် လျှောက်လွှာတင်တဲ့အခါ ကိုယ့်ရဲ့ အဲဒီလို ဘက်စုံစွမ်းရည်တွေကို ထင်ရှားအောင် သေချာချပြဖို့ အရေးကြီးပါတယ်။ လျှောက်လွှာဖွင့်ဖို့ ရက်ပိုင်းပဲ လိုတော့တာမို့ အခုကတည်းက ကြိုတင်ပြင်ဆင်ထားကြပါနော်။
အသေးစိတ် ဖတ်ရှုပြီး လျှောက်ထားရန် Link ကို Comment မှာ ချပေးထားပါတယ်ရှင့်။
06/03/2026
အတန်းမစခင်အောက်ကgoogle formမှာ
Quizလေးဖြေထားကြပါဗျ👇👇👇
Free Summer Mathematics Class Singapore Math Quiz
ကျွန်တော်ဒီcommunityလေးတည်ဆောက်ဖို့
အတော်စဉ်းစားခဲ့တယ်
အဆင်မပြေမှာတွေစိုးရိမ်တယ်
ဒါပေမဲ့သေချာပြန်စဉ်းစားတဲ့အခါ
တည်ဆောက်သင့်တယ်လို့တွေးမိလာတယ်
ဒါကတော့ကလေးတွေရဲ့
လေ့လာမှုတွေနဲ့သိထားမှုတွေကို
sharingလုပ်ကြဖို့ပေါ့
တဖြည်းဖြည်းတိုးတက်လာမှုနဲ့အတူ
ကလေးတွေကဘောင်တစ်ခုထဲမှာ
ပိတ်မိလာကြတယ်
မနက်စောစောအိပ်ရာက ကြိုးစားထ
ကျောင်းသွားစာသင် အတန်းတက်
သူတို့အတွက် ကစားချိန် နားချိန်က
တစ်နာရီကျော်ကျော်လောက်ဘဲ
ပြန်လာတယ်ခဏနား
Tuitionsနဲ့guide အတန်းဆက်ရပြန်တယ်
ညရောက်တဲ့အခါ gamesဆော့
Social media ဒါနဲ့ဘဲအချိန်ကုန်နေကြတယ်
ဒီတော့သူတို့ရဲ့ စိတ်၀င်စားမှုတွေအပေါ်
မြှုပ်နှံပြီးလေ့လာဖို့အတွက် မေ့လျော့တယ်
မကြိုးစားဖြစ်တော့ဘူး
ဆိုတော့ကျွန်တော်ကလေးလေးတွေအတွက်
Community တစ်ခုတည်ဆောက်ချင်ပါတယ်
တစ်ပတ်တစ်ခါဖြစ်စေ title တစ်ခုအောက်မှာ
လေ့လာ ငြင်းခုန်ကြတာမျိုးဖြစ်စေချင်တယ်
မိဘတွေရဲ့ ငြင်းခုန်မှုထက်
ကလေးတွေရဲ့ဘောင်မကန့်တဲ့အတွေးတွေ
ရှင်သန်မွေးထုတ်စေချင်လို့ပါ
ကျွန်တော်ရဲ့အတွေးယူဆချက်ကို
Judge လုပ်ပေးကြပါအုံးဗျ
25/02/2026
📢 FREE Singapore Maths Online Class 🇸🇬
သားသားမီးမီးတို့ကို
အမှတ်ေကာင်းဖို့အတွက်သာမက
Concept နားလည်ပြီး
Problem ဖြေရှင်းနိုင်စေချင်ရင်
Singapore Maths Program ကို
Free join ကြည့်ပါခင်ဗျ✨
💙 Quality Teaching
💙 Small Class Size
💙 Strong Math Foundation
ဒီလိုclassတစ်ခုကိုcourseတစ်ခုလုံး
ပညာဒါနလုပ်ပေးမှာပါဗျ
အခုpostအောက်မှာဖြစ်စေ
Messenger မှာ ဖြစ်စေ
“Singapore Maths” လို့ ပို့ပြီး
Name,Ageပြောပြီး စာရင်းသွင်းနိုင်ပါပြီ
👦👧 Age Limit – Under 13 Only
📅 Date – 15.3.2026
🕑 Time – Tuesday & Wednesday (2:00 P.M.)
💻 Online Class
👥 Only 10 Students
(Limited Seats – First Come, First Served!)
Let's try together
ဒီနေ့မှာsharingလုပ်ပေးသွားချင်တာလေးကတော့မိဘတွေခဏခဏလာမေးကြတဲ့
အတန်းကျော်သင့်လားမကျော်သင့်ဘူးလားကို
အချက်(4)ချက်နဲ့
ပြောပြပေးသွားပါမယ်
(1)Age Gap
(အသက်အရွယ်ကွာလွန်းနေရင်အဆင်မပြေပါ)
(2)English Level
(International School
တက်နေရင်တောင် စစ်သင့်ပါတယ်
Speaking ဖြေရမှာမဟုတ်ပါ
Reading & Writing အဓိကဖြေရမှာပါ)
✅✅Age 11-12
A2 (Elementary–Pre-Intermediate)
✅✅Age 12-13
A2–B1 (Pre-Intermediate)
✅✅Age 13-14
B1 (Intermediate)
✅✅ Age 14-16
B1+ → B2 (Upper-Intermediate)
(3)Maths & Understanding
Ageအလိုက်ရှိသင့်တဲ့levelပါ
Mathsမှာတော့IGCSE Transfer
ကျောင်းသားတွေအနေနဲ့
📌 Algebra
📌 Geometry
📌 Number
📌 Graphs & Functions
📌 Statistics & Probability
ဒါတွေရပြီလား check point ဖြေကြည့်ပါ
တခြားအတန်းတွေကတော့
foundation အဆင်ပြေမပြေ
ကျွန်တော့်ဆီမှာage,gradeပြောပြီး
check questions free လာယူလို့ရပါတယ်
(4) Scientific words & methods
IGCSE Transfer အတွက်ဆို
🧪 Science Basics
🌱 Biology
⚗️ Chemistry
⚙️ Physics
အခြားအတန်းတွေကတော့
Yearအလိုက်အသေးစိတ်လာမေးလို့ရပါတယ်
စာအရမ်းရှည်မဆိုးလို့
နောက်ရက်မှတစ်တန်းစီအတွက်
Sharing လုပ်ပေးပါ့မယ်
ကျောင်းသားရောမိဘပါမပင်ပန်းဘဲ
အဆင်ပြေကြစေဖို့ ရည်ရွယ်လျက်
09/11/2025
ဘာကြောင့်သူတို့Scienceကို
ကြောက်ကြတာလဲ🤔🤔
ကျွန်တော်ဒီအတန်းလေးတွေ
လုပ်ပေးချင်တာကြာပါပြီ
ကျွန်တော့်ကလေးတွေအတန်းနဲ့မအားတာရော ကျွန်တော်ကိုယ်တိုင် အလုပ်များနေတာနဲ့
မလုပ်ပေးဖြစ်တာတွေပေါ့
ဒီအတန်းလေးjoinဖို့ဘာတွေလိုမလဲ
**အသက်10-12အတွင်း**ဖြစ်ဖို့ဘဲလိုပါတယ်ဗျ
ဒီအပတ်Saturday &Sundayမှာ
sharing လုပ်ပေးသွားမှာဖြစ်လို့
Joinချင်ပါက အောက်မှာ ကလေးရဲ့
Ageနဲ့ သင်ရိုးလေးတွေရေးပေးသွားပေးပါ
🤝🤝အများဆုံး10ယောက်ထိဘဲ
class sizeမှာ လက်ခံပေးသွားပါမယ်ဗျ
One on oneသင်ကြားခြင်းနဲ့
group teachingသင်ကြားခြင်း
ဘယ်လိုပုံစံမျိုးက
ကလေးလေးတွေအပေါ်
ပိုအဆင်ပြေစေလဲ
မေးခွန်းလေးကရိုးရှင်းပါတယ်
ဒါပေမဲ့မိဘတွေဘယ်လိုမြင်လဲပေါ့ဗျာ
ကျွန်တော့်လေ့လာမှုအမြင်အရတော့
Group Teachingက
ဆရာနဲ့ကျောင်းသားတွေအတွဲညီကြတဲ့အခါ
ပိုပြီးထိရောက်မှုရှိတယ်ပေါ့ဗျာ
(ဥပမာ-သူတို့စိတ်၀င်မစားတဲ့solutinေတွ
တွက်ကြတဲ့အခါ အဖြေကိုဘယ်သူအရင်ရမှာလဲ
prizeကဘလိုမျိုးလဲေပါ့
ဒီလိုနည်းနဲ့မှ ကလေးေတွရဲ့အာရုံစိုက်မှုကို
ကျွန်ေတာ်ထိန်းခဲ့တယ်ေပါ့ဗျာ
တစ်ခါတစ်ခါရံ levelသတ်မှတ်ထားတဲ့
Maths game လေးတွေဆော့ခိုင်းတာမျိုး
Quizေလးေတွေဖြခိုင်းတာမျိုးေပါ့ဗျာ
သူတို့ပျော်လာကြဖို့ကြိုးစားတာရတာေပါ့ဗျာ
ကျွန်တော့်ရဲ့ သင်ကြားမှုပုံစံက
သူတို့လဲေပျာ် အကျိုးလဲရှိ
အာ့လိုရလဒ်မျိုးလိုချင်တာေပါ့ )
ဒါပေမဲ့တစ်ချို့အရမ်းဆော့ပြီး
attention ထားမှုနည်းတဲ့ကလေးလေးတွေ
group teaching မှာပါလာတဲ့အခါ
အဆင်မပြေမှုေလးေတွရှိလာတယ်ေပါ့ဗျာ
အဲ့ဒီအခါဘလိုလုပ်လို့ရမလဲပေါ့
ပထမဆုံးမိဘေတွကို
ေသချာဖွင့်ဟတိုင်ပင်ရပါတယ်ဗျ
အားနားပြီးမပြောတာမျိုးက
ကလေးလေးေတွကိုသိပ်နစ်နာေစပါတယ်
မိဘေရာဆရာေရာကညှိနှိုင်းပြီး
ချီးကျူးလိုက်ဆူလိုက်နဲ့ဘဲ
တစ်ဖက်လှည့်နည်းေတွနဲ့
သူ့ရဲ့အာရုံစိုက်မှုကို ဆွဲယူတာ
နောက်ဆုံးမရခဲ့ရင်တော့
ပွင့်ပွင့်လင်းလင်းသေချာပြောပြပြီး
one by oneနည်းနဲ့ခွဲထွက်ပြီး
သင်ကြားရတာမျိုးပေါ့
ဒုတိယတစ်ခုက group teaching ဆိုပြီး
လူအများကြီးမဟုတ်ဘဲ from 5 to 8 students လောက်ကိုဘဲရည်ညွှန်းတာပါ
one by one teaching style ကတော့
အားလုံးသိတဲ့အတိုင်း
-ဆရာနဲ့စိတ်ကြိုက်ဆွေးနွေးလို့ရမယ်
- group နဲ့joinဖို့အဆင်မပြေတဲ့ထိ
အားနည်းနေတဲ့subjectတွေရှိတဲ့အခါ
ပိုရွေးချယ်သင့်တဲ့အေခြအေနေပါ့ဗျာ
- နောက်တစ်ခုကတော့
ကလေးအခြေအနေပေါ်မူတည်တယ်
မိမိကလေးက group မှာactiveဖြစ်တဲ့သူလား
one by one ကိုသဘောကျသူလားပေါ့
(ကျွန်တော်အခုသင်နေတဲ့အခြေအနေမှာ
group ရော one on oneရောရှိပါတယ်
ကျွန်တော့်လေ့လာမှုအရတော့
ကလေးသဘာ၀မို့
groupလိုက်သင်ကြားရခြင်းကို
ပိုသဘောကျကြတယ်ပေါ့ဗျာ
မိဘရောသားသားမီးမီးတွေပါ
အဆင်ပြေကြစေဖို့ပေါ့ဗျာ
အရိုးရှင်းဆုံးစကားတွေနဲ့
အဆင်ပြေကြစေဖို့ရည်ရွယ်လျက်
Ye
13/09/2025
IMO sample for class 1
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ทีมทำอาหาร
เสื้อผ้า
เว็บไซต์
ที่อยู่
Suranari
Nakhon Ratchasima
30000