TZ Vlog

TZ Vlog

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก TZ Vlog, ที่อยู79/153 ม. 7 ต. ทำทรายอ. เมืองจ, Maha Chai.

11/06/2026

ဒီနွေရာသီရဲ့ အကြီးကျယ်ဆုံးပွဲစဉ်အတွက် အာမန် ဆာရူကီယန် (Arman Tsarukyan) ရဲ့ ရဲရဲတောက် ခန့်မှန်းချက် 🎯💸
​UFC လိုက်ဝိတ်တန်းရဲ့ ထိပ်သီးစိန်ခေါ်သူ အာမန် ဆာရူကီယန်ကတော့ သူယုံကြည်တဲ့အတိုင်း ငွေပုံအောပြီး လောင်းကြေးထပ်လိုက်ပါပြီ။ လာမယ့် "UFC White House" ပွဲစဉ်မှာ ရှုံးပွဲမရှိချန်ပီယံ အီလီယာ တိုပူရီယာ (Ilia Topuria) ကို ဂျက်စတင် ဂါဂျီ (Justin Gaethje) က အလဲထိုး အနိုင်ယူသွားမယ်ဆိုတာအပေါ် ဆာရူကီယန်က အမေရိကန်ဒေါ်လာ (၁) သန်းအထိ မူးဝေနောက်ကျိသွားမယ့် လောင်းကြေးပမာဏကို ထည့်ဝင်ခဲ့တာ ဖြစ်ပါတယ်။
​တကယ်လို့သာ "The Highlight" လို့ အမည်ပြောင်ရထားတဲ့ ဂါဂျီကသာ ဒီပွဲမှာ တကယ်အလုပ်အကျွေးပြုပြီး အနိုင်ရခဲ့မယ်ဆိုရင် ဆာရူကီယန်အနေနဲ့ လောင်းကြေးရဲ့ ပြန်အမ်းငွေအဖြစ် မယုံနိုင်စရာကောင်းလောက်အောင် များပြားတဲ့ ဒေါ်လာ (၅.၇) သန်းအထိ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
​ပရိသတ်တွေရော ဘယ်သူ့ဘက်ကလဲ? ဂါဂျီက တိုပူရီယာရဲ့ ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးနိုင်မလား၊ ဒါမှမဟုတ် ဆာရူကီယန်ရဲ့ ဒေါ်လာ ၁ သန်း ပြာကျသွားမလားဆိုတာ ကတ်ဆလိုက်အောက်မှာ စောင့်ကြည့်ကြရအောင်။ 🔥💪

09/06/2026

"စလာတန်နဲ့ပွဲမှာ ကျနော် နိုင်မှဖြစ်မှာပါ! ဘာလို့လဲဆိုတော့ သဌေးဆီက ချေးထားတဲ့ ဘတ် (၃) သောင်း အကြွေးက လည်ပင်းထိ ရောက်နေလို့ပါဗျာ။ ကျော်ကြီး အကြွေးကျေပြီး အေးအေးဆေးဆေး အိပ်ပျော်နိုင်ဖို့ ဒီပွဲကို အားလုံးက ဝိုင်းဝန်းအားပေး ဆုတောင်းပေးကြပါဦး ခင်ဗျာ! 🇲🇲👏👏👏"
swar win

07/06/2026

"စလာတန်"နဲ့"သောကြာည"ထိုးရမဲ့ပွဲကျရင် ဒီပွဲအတွင်းသူရဲ့နည်းပြဆရာအနေနဲ့"သူ့ကိုကြီး"Y2K"ကိုထည့်ပေးဖို့ "Fairtexသဌေးဆီ တောင်းဆိုလိုက်တဲ့"ကျော်စွာဝင်း.❤️

07/06/2026

နှိုင်းယှဥ်စရာ အဲလောက် ရှားလာကွာ။ သူတို့"မြင်းမင်းသား"နဲ့ငါတို့မြန်မာဂုဏ်ဆောင်"Joshua Van"နဲ့ မတူရာ မတန်ရာ လာယှဥ်နေတာ၊
ခေါင်းထဲမှာ ဦးနောက်မပါလာဘူး​ထင်တယ် ဒီမြင်း"ဖန်တွေက...😅😅😅
Joshua Van"က ကမ္ဘာချန်ပီယံနော်...
နင်တို့"မြင်းလို" ပေါက်လွတ်ပဲစား သိချင်းဆို"Key"မဝင်
ရုပ်ရည်ကြည့်တော့လည်း မြင်းရုပ်နဲ့..
ဘာတွေလာယှဥ်နေတာလည်း အတန်းမတူဘူး
လာမယှဥ်နဲ့😬🤮🤮🤮
#ဂျော်ရှုဝါဗန် #မလေးရှားရောက်ရွှေမြန်မာများ

31/05/2026

မနေ့က ဂျော်ရှုဝါဗန်ကို မီဇိုရမ်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ ပူလာဒိုဟိုမာ ကိုယ်တိုင် တွေ့ဆုံ ကြိုဆိုခဲ့တာဖြစ်ပါတယ်၊🙏💥🇮🇳🇲🇲

ဗန်ဘက်ကလည်းအခုလိုမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်👇

မီဇိုလူမျိုးတွေကိုယ်တိုင်လည်း UFC ချန်ပီယံရှိ နေပြီဆိုတာ သိထားသင့်ပါတယ်၊ မီဇိုရမ်ပြည်နယ်က ကျွန်တော့်ရဲ့‌ မွေးရပ်မြေလိုပါပဲ၊ မီဇိုလူမျိုးတွေအားလုံးကိုလည်း ကျွန်တော့်ရဲ့ ညီအစ်ကိုရင်းတွေလို့ပဲ မြင်ပါတယ်၊

ဗန်ပြောသွားသလိုပါပဲ မီဇိုတွေလည်း ချင်းလူမျိုး အစ်ကိုအရင်းတွေဖြစ်ကြပါတယ်၊🙏🇲🇲🇮🇳💥
လက်ရှိချင်းပြည်နယ်က ချင်းမျိုးနွယ်စုအများပိုင်းကလည်း မီဇိုရမ်ပြည်နယ်မှာပဲ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်၊

ဝန်ကြီးချုပ်ဘက်ကတော့ ဗန်ကို သမ္မတထရမ့်နဲ့ ဘယ်တော့တွေ့မှာလဲ? ဆိုပြီးမေးမြန်းခဲ့တာ ဖြစ်ပါတယ်၊😆လူကြီးတွေဆိုတော့ သူတို့ရဲ့ Idol ကြီးဖြစ်တဲ့ ထရမ့်အကြောင်းကို ပိုသိချင်နေကြတာပါ၊😁💥
ဗန်ဘက်ကတော့ လာမယ့် ဇွန်လ (၁၃) (၁၄)မှာ အိမ်ဖြူတော်သွားဖို့ရှိတယ်၊ သမ္မတနဲ့လည်း တွေ့ဆုံရဖို့ မျှော်လင့်ပါတယ် ဆိုပြီးတော့ ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်၊🙏🇲🇲🥰

#ဂျော်ရှုဝါဗန်
#မလေးရှားရောက်ရွှေမြန်မာများ

31/05/2026

New York မြို့က ကိုးရီးယားလူမျိုး ပန်းချီဆရာမလေး ဂရိတ်စ် ရေးဆွဲထားတဲ့ ဗန်ရဲ့ပုံ ဖြစ်ပါတယ်၊🇲🇲🥰🇰🇷

ဗန်က ဂရိတ်စ်အရမ်းကြိုက်တဲ့ ဖိုက်တာတွေထဲက တစ်ယောက်ပါတဲ့ဗျ၊♥️🇰🇷🙏🇲🇲🥰 လက်ရာတော်တော်လေးမိုက်ပါတယ်၊ အသေးစိတ်ကို အချိန်ပေးပြီး ဆွဲထားတာပါ၊😬😱👏👏 အခုလိုမျိုး အာရှသားချန်ပီယံပေါ်ထွက်လာလို့ သူမလည်း အရမ်းဝမ်းသာနေတာ ဖြစ်ပါတယ်၊

ဗန်ကိုအားပေးနေတာ ကြာပြီ၊ အခုလိုမျိုး အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုပြီးတော့လည်း ဗန်ရဲ့ Comment ကို ပြန်လည်တုန့်ပြန်ထားတာ တွေ့ရပါတယ်၊

တစ်ချို့မြန်မာမိန်းကလေးတွေကို ပြောတာပါ၊ ဗန်နဲ့ ပုံတွဲမရိုက်ရလို့ ဆိုပြီး စိတ်ပဲဆိုးပြမနေနဲ့ဦး၊🥴 အခုလိုမျိုး အသိအမှတ်ပြုပေးတဲ့ပုံစံမျိုး ကိုယ်ပိုင်အရည်အချင်းနဲ့လည်း ချပြကြဦး၊🥴🥴
😆🙏🇲🇲😄🇲🇲🙏

#ဂျော်ရှုဝါဗန် #မလေးရှားရောက်ရွှေမြန်မာများ

27/05/2026

Pantoja 🇧🇷 က ချန်ပီယံ Joshua Van အတွက် အသက်ကြီးလွန်းပြီ ဆိုပြီး စနောက်လိုက်ပါတယ် 😅😂
​ချန်ပီယံဟောင်းလည်းဖြစ်၊ လက်ရှိ နံပါတ် (၁) စိန်ခေါ်သူလည်းဖြစ်တဲ့ Pantoja က ချန်ပီယံ Joshua Van ကို "သူနဲ့ ထပ်မထိုးရသေးခင် အသက်ကြီးမသွားနဲ့ဦး" ဆိုပြီး ခေါ်လိုက်တာပါ။ Van ဘက်ကတော့ သူတို့ရဲ့ ပထမဆုံးပွဲအပြီးကတည်းက Pantoja ကို ကလဲ့စားချေချင်နေတာမို့ စိန်ခေါ်မှုကို ချက်ချင်းပဲ အသံကောင်းပြန်ပေးခဲ့ပါတယ်။ Pantoja တစ်ယောက် သူ့အသက်အရွယ်အတွက် စိုးရိမ်နေတာလားတော့ မသိဘူး၊ Van နဲ့ မကျေပွဲပြန်နွှဲဖို့ကို အကြောင်းပြချက်မျိုးစုံနဲ့ ရှောင်နေသလိုပါပဲ။
​ဒီကြားထဲမှာ Van က မလေးရှားမှာ ၁၃ နှစ်ကြာမှ ဆွေမျိုးတွေနဲ့ ပြန်ဆုံပြီး အပန်းဖြေခရီးထွက်နေပါတယ်။ ဒါပေမဲ့ ကျွန်တော် သေချာပေါက် ပြောရဲတာကတော့ Van ဟာ နှစ်မကုန်ခင် နောက်ထပ်တစ်ပွဲ ထိုးချင်နေဦးမှာဖြစ်ပြီး အဲဒီပွဲက Pantoja နဲ့ မကျေပွဲ ဖြစ်လာဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။
​Pantoja ရဲ့ ဝါရင့်ဂုဏ်ဒြပ်နဲ့အတူ အရှိန်အဟုန်နဲ့ တက်လာတဲ့ Van တို့ရဲ့ ပွဲဟာ ကမ္ဘာ့အကောင်းဆုံး Flyweight (၁၂၅ ပေါင်) MMA ဖိုက်တာတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ ပထမပွဲထက် အဆပေါင်းများစွာ ပိုပြီးကြည့်ကောင်းလာမှာ သေချာပါတယ်။
​ကဲ... Joshua Van vs Pantoja 2 မကျေပွဲမှာ သင်ကော ဘယ်သူ့ဘက်ကလဲ။ လား၊ ဒါမှမဟုတ် လား။

​ #မလေးရှားရောက်ရွှေမြန်မာများ

27/05/2026

ဖိုက်တာတိုင်းက သူတို့လေ့ကျင့်လာတဲ့ သိုင်းပညာနောက်ခံရှိပါတယ်၊ ကျွန်တော်ဆိုရင် BJJ နဲ့ မွေထိုင်းလေ့ကျင့်လာတာပါ၊ အသက် (၁၇)နှစ်ကစပြီး Professional ပွဲ စထိုးလာတာပါ၊ ဒီ မွေထိုင်းနဲ့ BJJ နှစ်ခုစလုံးကိုကြိုက်တယ်၊ အကြိုက်ဆုံးဆိုရင်တော့ ပြောရခက်တယ်၊ MMA လို့ပဲပြောလို့ရပါမယ်၊

အမှန်တော့ ဂျော်ရှုဝါဗန်နဲ့ပွဲမှာ အနိုင်ရပြီးရင် ခဏအနားယူဖို့စဉ်းစားထားတာပါ၊ ဒါပေမဲ့ အခြေအနေကဆိုးလွန်းခဲ့တယ်၊ ဒီပုံစံနဲ့ ကျွန်တော့်ရဲ့ခါးပတ်ကိုလွှဲပြောင်းပေးလိုက်ရတာ တကယ်ရင်နာဖို့ကောင်းပါတယ်၊

ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ ခါးပတ်ကို ပြန်ယူမှာပါ၊
ကျွန်တော့်ရဲ့ဘယ်ဘက်လက် ထိခိုက်သွားတယ်ဆိုပေမဲ့ ခွဲစိတ်စရာမလိုခဲ့ပါဘူး၊ အခုလည်း အရင် မနေကျ ဝိတ်တုံးတွေ မ နေနိုင်ပါပြီ၊ အကောင်းအတိုင်းပါပဲ၊ ကျွန်တော့်ရဲ့ ဘယ်ဘက်လက် ထိသွားတယ်ဆိုပေမဲ့ အားပိုပြင်းတဲ့လက်က ညာဘက်လက်ပါ၊ (ပုံမှကြည့်လိုက်ကြတော့ သူလုပ်ပြနေတာ😁)

ချားလ်အိုလီဗဲရားနဲ့ မက်စ်ဟိုလိုဝေးရဲ့ပွဲက ကောင်းလွန်းခဲ့တယ်၊ အိုလီဗဲရားဘက်က Game plan ကောင်းကောင်းနဲ့ အနိုင်ယူပြခဲ့တယ်၊

ပြီးခဲ့တဲ့ ဗန်နဲ့ တိုင်ရာရဲ့ပွဲကို သွားကြည့်ဖြစ်ပါတယ်၊ တကယ်ကြည့်လို့ကောင်းခဲ့ပါတယ်၊ ဒီပွဲပြီးတာနဲ့ ကျွန်တော့်ရဲ့ပြိုင်ဘက်ကို သိရပြီမို့ ချက်ချင်းပြန်ပြီး အနားယူ အိပ်စက်ခဲ့ပါတယ်၊ ခမ်းဇက်နဲ့ရှန်စထရစ်လန်းရဲ့ပွဲလည်းမကြည့်ခဲ့ပါဘူး၊ အိပ်ချိန်မှန် စားချိန်မှန်ဖို့လိုတယ်လေ၊

ဗန်နဲ့ထပ်တွေ့ရင် ချုပ်ကွက်နဲ့ အဆုံးသတ်ပြသွားမှာပါ၊ ကျွန်တော်က အဆင်သင့်ဖြစ်နေပါပြီ၊ အိမ်ဖြူတော်ပွဲမှာလား၊ International Fight Week ပွဲစဥ်မှာလား ကြိုက်တဲ့အချိန် ပွဲဖြစ်လို့ရပါတယ်၊ ကျွန်တော်အမြဲတမ်း အဆင်သင့်ပါပဲ၊

ဟေး...ဂျော်ရှုဝါဗန်! ကျွန်တော် ပိုပြီးအိုလာတဲ့အထိ မစောင့်ခိုင်းပါနဲ့၊ ဒီနှစ်အတွင်း အမြန်တွေ့လိုက်ကြရ‌အောင်၊

#ပန်တိုဂျာ

ဒီလူက ပွဲစတာနဲ့ နဘမ်းပဲ ကစားဖို့ရည်ရွယ်ထားတာပါ၊😆😁💥သူပြောသွားတဲ့ထဲမှာ ချားလ်အိုလီဗဲရားနဲ့ မက်စ်ဟိုလိုဝေးရဲ့ ပွဲအကြောင်းပါနေတယ်၊😁 ချားလ်အိုလီဗဲရားက ပွဲစတာနဲ့ ခြေထောက်ဆွဲပြီး ပွဲချိန်ပြည့် ကစားခဲ့တဲ့ အနေအထားကို သူ လိုက်တုချင်နေတာ ဖြစ်ပါတယ်၊

ဗန်က အသက်အရွယ်ပိုငယ်သေးတယ်၊ ဘယ်သူအရင်မောလာမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့၊🤭🤭💥😆😁😁

#ဂျော်ရှုဝါဗန် #မလေးရှားရောက်ရွှေမြန်မာများ

27/05/2026

ပရိတ်သက်အပေါ်မှာရော နာမည်ကြီးအဆိုတော် ဖြူဖြူအပေါ်မှာပါ Respect မရှိတဲ့သူ😡

UFC Fly Weight တန်းမှာ ချန်ပီယံဖြစ်တဲ့ ဂျော့ရှုအာဗန်က သူနေခဲ့တဲ့ မလေးရှားနိုင်ငံကို အလည်အပတ်ရောက်လာခဲ့ပါတယ်။

ပွဲကိုစီစဥ်သူလို့ပြောကြတဲ့ Van Nu Sai Par ဆိုသူအမျိုးသမီးဟာ Respect လုံးဝမရှိတဲ့စကားတွေနဲ့ စင်ပေါ်ကနေ ပရိတ်သက်တွေကို နင်တို့ နင်တို့နဲ့ ပြောဆိုခဲ့ပြီး
ငါခေါ်ပေးလို့ နင်တို့ Van ကိုတွေရတာ ငါပြောတဲ့အတိုင်းလုပ်ကြဆိုတဲ့ပုံစံမျိုးတွေနဲ့ ပရိတ်သက်ကိုဆက်ဆံခဲ့တဲ့အပြင် လိုင်းပေါ်က Video တိုင်းမှာလဲ Ok... Alright Ok
Ok Ok Guy စတဲ့စကားတွေကိုလဲ မနားတမ်းပြောရင်း Van ပရိတ်သက်တွေနဲ့ပျော်ရွှင်စွာတွေကြရမဲ့ပွဲမှာ
အနှောက်အယှက်တစ်ခုလိုဖြစ်နေခဲ့တာပါ။

သို့ပေမဲ့ Van Nu Sai Par ကတော့ ငါက ဟားခါးချင်းမို့ စကားပြောနည်းနည်းရိုင်းတယ်ဆိုပြီးပြန်လည်တုန်ပြန်လာတာပဲဖြစ်ပါတယ်။

ပုံမှန်ထက်ပိုတဲ့ အိုဗာလုပ်ဆောင်မှုတွေကြောက့် ဖြူဖြူကျော်သိန်းလဲ စိတ်အနှောက်အယှက်တွေဖြစ်ရတဲ့အပြင် လူကြားထဲမှာပါ Van က တိုးမရဖြစ်ခဲ့တဲ့အထိ ပွဲကို ဖြစ်သလိုစီစဥ်ခဲ့ကြတာပါ။

ဖြူဖြူကျော်သိန်းစကားပြောနေရင်း သူ့လက်ထဲမှာလဲမိုက်တစ်လုံးရှိနေပါလျက်နဲ့ ဖြူဖြူကျော်သိန်းမိုက်ကိုလုပြီး မိုက်နှစ်လုံးစလုံးကိုင်ကာ ပရိတ်သက်တွေကို နင်တို့ နင်တို့နဲ့ မတန်သလိုဆက်ဆံခဲ့ပါတယ်။

Social Media ပေါ်မှာတော့ လက်ရှိတာဝန်ယူထားတဲ့ချင်းအဖွဲ့အစည်းကို ဒီအမျိုးသမီးအား အိုဗာတွေအရမ်းမလုပ်ပဲ Vanနဲ့အတူ ဧည်သည် ဖြူဖြူကျော်သိန်းကိုပါ လေးစားမှုရှိဖို့ ဆုံးမပေးဖို့ဝိုင်းပြောနေကြပါတယ်။

ဘယ်လိုပဲတာဝန်တွေယူထားရပါစေ ပရိတ်သက်က Van ကိုအားပေးဖို့လာကြတာပါ မတူသလိုမတန်သလိုနဲ့ Vanကလဲ မဆက်ဆံပဲ ပွဲစီစဥ်ဖို့ တာဝန်ပေးထားတဲ့သူက ကြားကနေပရိတ်သက်ကို ဒီလိုတွေဆက်ဆံတာခံရတဲ့အခါ ပရိတ်သက်တွေမှာ ပျော်ရမဲ့အစား ဒီအမျိုးသမီးတစ်ဦးရဲ့ ထင်ပေါ်ချင်မှုကြောင့် စိတ်အနှောက်အယှက်တွေအများကြီးဖြစ်နေကြရပါတယ်။

Van ပရိတ်သက်တွေနဲ့ ဖြူဖြူကျော်သိန်းပရိတ်သက်တွေကလဲ ဒီအမျိုးသမီးကို ထပ်မပေါ်လာစေဖို့ Social Media မှာဝိုင်းပြောနေကြပြီး တာဝန်ယူထားရတဲ့ ချင်းအဖွဲအစည်းကလဲ သေချာကြပ်မတ်ပေးဖို့လိုအပ်ပါတယ်။

#ဂျော့ရှုဝါဗန်👉🇲🇲 #မလေးရှားရောက်ရွှေမြန်မာများ

23/05/2026

မနေ့ညက နိုင်ပွဲရယူနိုင်ခဲ့တဲ့ ဖိုက်တာများ...👏🤩✅️

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Maha Chai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

ที่อยู79/153 ม. 7 ต. ทำทรายอ. เมืองจ
Maha Chai
74000