SheVolts

SheVolts

แชร์

“True radiance of society flourishes in balance, never in the shadow of dominance.”

06/11/2025

The 7th Episode of Shevolts

အိမ်ဦးနတ်ဝါဒ ဆိုတာ အမျိုးသမီးတွေအတွက်ပဲ၊ သို့မဟုတ် အိမ်တအိမ်ရဲ့ အိမ်ဦးနတ် မဟုတ်သူတွေ အတွက်ပဲ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖြစ်စေတတ်တာမျိုးလား။ ဒါကြောင့် အမျိုးသမီးတွေ အတွက်ချည်းရယ်လို့ ကျမတို့ တတွေက အတွေးအခေါ်တော်လှန်ရေးကို လုပ်နေကြရတာလား။

ဒီအတွက် အဖြေရဲ့ တစွန်းတစကို ဆရာမြရာ က အရေးအသားတချို့နဲ့ ဆွဲထုတ်ပြခဲ့ပါတယ်။ လူသားဘဝမှာသာ ရနိုင်တဲ့၊ အကြီးဆုံးသော ဆုလာဒ်ဖြစ်တဲ့ ဉာဏ်ပညာနဲ့ ယှဉ်သော ချစ်ခြင်းတရား ကသာ ကျမတို့ လူသားဘဝရဲ့ ရှင်သန်မှုတွေကို ဟန်ချက်ညီစေလိမ့်မယ် မဟုတ်လား။



#အိမ်ဦးနတ်ဝါဒကိုစိန်ခေါ်‌ခြင်း

05/11/2025

အားလုံးပဲ မဂ်လာပါ

She Volts: Charge the Change ရဲ့ ခြောက်ပုဒ်မြောက် Podcast အဖြစ် "ယောကျာ်း၊ မိန်းမ နဲ့ လူ့အဖွဲအစည်းထဲက ပုံပြင်များ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆရာ Rhythm က ထပ်မံ တင်ဆက်လိုက်ပါတယ်။

ကျမတိုရဲ့ Podcast တိုင်း Podcast တိုင်းဟာ အမျိုးသမီးတွေ အတွက် မမျှတတဲ့ ဝန်းကျင်၊ မျှတ‌‌သောလူ့အဖွဲအစည်းအတွက် မသင့်တင့်တဲ့ ဝန်းကျင် တွေကို တော်လှန်ဖို့၊ စိန်‌ခေါ်ဖို့၊ ဒီ အတွေးအခေါ်ဟောင်းတွေကို ချန်ထားပစ်ဖို့ ရည်ရွယ်ရင်း တင်ဆက်ထားတာဖြစ်ပါတယ်။

လိုက်ပါ နားဆင်ရင်း အတွေးအခေါ် တော်လှန်ရေးကို အတူတူ လုပ်ကြရအောင်ပါ။



#အိမ်ဦးနတ်ဝါဒကိုစိန်ခေါ်‌ခြင်း

01/11/2025

မိတ်ဆွေများအားလုံး မဂ်လာပါ။

အိမ်ဦးနတ်ဝါဒ ကို စိန်ခေါ်ခြင်း စီးရီးရဲ့ ငါးပုဒ်မြောက် Podcast ကိုတော့ အမျိုးသားတယောက်ရဲ့ရှုထောင့်ကနေ အိမ်ဦးနတ်ဝါဒအပေါ် ထင်မြင်မှု၊ ယူဆမှု၊ခံစားမှု တွေနဲ့ ဆရာ Rhythm က တင်ဆက်ထားတာ ဖြစ်ပါတယ်။

ကျမတို့တွေဟာ ကျား၊မ၊ လိင်ခွဲခြားမှု၊ အခြားသော လိင်ခံယူမှုများ ကို ကျော်လွန်ပြီး လူသားအချင်းချင်း သာတူညီမျှသော စနစ်တခုကို ရှေးရှုကြတဲ့အခါ ရှိရင်းစွဲ အတွေးအခေါ်ဟောင်းတွေ၊ လူ့ယဉ်ကျေးမှုနဲ့ မသင့်တော်တဲ့ အယူအဆတွေ၊ ဖိနှိပ်ထားခြင်းတွေ၊ အသာစီးယူခြင်းတွေ ဒါတွေ အကုန်လုံးကို တပေါင်းတစုတည်း တော်လှန်ကြရမှာဖြစ်ပါတယ်။

အားလုံးပဲ နားဆင်ခံစား တွေးတောပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေ။



#အိမ်ဦးနတ်ဝါဒကိုစိန်ခေါ်‌ခြင်း

31/10/2025

Shevolts: Charge the Change ရဲ့ စတုတ္တ မြောက် Podcast အနေနဲ့ အမျိုးသမီးငယ်ငယ်လေးတယောက်ရဲ့ နူးညံ့ပေမယ့် ရဲဝံ့သော စကားသံများကို တင်ဆက်လိုက်ပါတယ်။

သာတူညီမျှသောလူမှုဝန်းကျင် တခုဆီ သွားနိုင်ဖို့ဆိုတာ ကျမ‌တို့တွေအားလုံး အသံတွေကို တညီတညွတ်တည်းထုတ် တသေတချာ နားထောင်ဖို့သာ အဓိက မဟုတ်လား။



#အိမ်ဦးနတ်ဝါဒကိုစိန်ခေါ်‌ခြင်း

29/10/2025

အိမ်ဦးနတ် ဝါဒဟာ အမျိုးသမီးတွေ အပေါ်မှာပဲ ဆိုးကျိုးတွေ သက်ရောက်နေတာမျိုး မဟုတ်ပါဘူး။ အိမ်ဦးနတ်ဝါဒကြီးစိုးမှုကြောင့် မိသားစုအတွင်း သားသမီးများအပေါ်ကော ဘယ်လိုများ ရိုက်ခတ်မှုတွေရှိမလဲ ဆိုတာကို Third Perspective အမြင်အနေနဲ့ ကြည့်ရင်ရော ဘယ်လို မြင်ရမလဲ။

Shevolts: Charge the Change ရဲ့ တတိယမြောက် Episode အဖြစ် ဆရာနိုဝယ်ရဲ့ "ပြန်မတွေးချင်သော အတိတ်နေ့စွဲများ" ဆိုတဲ့ ဇာတ်လမ်းတပုဒ်ကို နားဆင်သူတို့ မျှဝေခံစားဖို့ရာ တင်ဆက်လိုက်ပါတယ်။ သဘောထားမှတ်ချက်လေးတွေကိုလည်း စောင့်မျှော်နေတာမို့ comment session လေးမှာ ရေးပေးသွားကြပါဉီးနော်။



#အိမ်ဦးနတ်ဝါဒကိုစိန်ခေါ်‌ခြင်း

28/10/2025

အိမ်ဦးနတ်ဝါဒ နှင့် မြန်မာ့လူနေမှုဘဝ

Shevolts: Charge the Change ရဲ့ ဒုတိယမြောက် Podcast ကို " အိမ်ဦးနတ်ဝါဒ နှင့် မြန်မာ့လူနေမှုဘဝ" ခေါင်းစဉ်နဲ့ ထပ်မံ တင်ဆက်လိုက်ပါတယ်။

နားထောင်ပြီးတဲ့အခါ သဘောထားမှတ်ချက်လေးတွေကိုလည်း ပြန်နားထောင်ချင်တာမို့ မိတ်ဆွေ့ရဲ့ အတွေးအမြင်တွေကို Comment Session မှာ ပြန်လည်မျှဝေပေးဖို့ တောင်းဆိုပါရစေရှင့်။



#အိမ်ဦးနတ်ဝါဒကိုစိန်ခေါ်‌ခြင်း

26/10/2025

"အိမ်ဦးနတ် ဝါဒကို စိန်ခေါ်ခြင်း ( သိုမဟုတ်) တော်လှန်ခြင်း"

Hello Guys 🤗 အားလုံးပဲ မဂ်လာပါ

Shevolts: Charge the Change Program ရဲ့ Special Podcast Episode Series ထဲက Episode 1 ကို ဂုဏ်ယူစွာနဲ့ စတင်မိတ်ဆက်လိုက်ပါတယ်။ နားထောင်ကြရင်း အတွေးတစုံတရာ၊ ငြင်းခုံစရာ၊ သဘောတူစရာ တွေရခဲ့ရင်လည်း Comment လေးမှာ မန့်ပေးခဲ့ဖို ဖိတ်ခေါ်လိုက်ပါတယ်။



#အိမ်ဦးနတ်ဝါဒကိုစိန်ခေါ်‌ခြင်း

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Mae Sot