KO Y

KO Y

แชร์

ကိုယ်လို သူလို
သာမန် လူတယောက်ပါ😊

13/06/2026

နှမ်းဖြူး မောင်မင်းအောင်နှင်း နှင့် နွေဦးကာလ ဖုန်ထခြင်း အရှုပ်တော်ပုံ။

ကလောင်အမည် - မင်းမြတ်သိင်္ခသူရ
ဇာတ်လိုက်အမည် - နှမ်းဖြူး မောင်မင်းအောင်နှင်း

ထိုသူသည် သေဒါဏ်ကျနိုင်လောက်သည့် အမှုကို ပပျောက်အောင် စွမ်းနိုင်သကဲ့သို့ ၊ သွားကြား ထိုးတံ ကိုင်ဆောင်မှုဖြင့် တကျွန်းချနိုင်စွမ်းလည်း ရှိသည်။

သူသည် မြစ်ဆုံဆည်် လက်ပတောင်းကြေးနီ ကဲ့သို့ ကိစ္စများတွင် ရှိသည်မထင်ရအောင် သိုသိပ်နေတတ်သည်၊ တဖက်တွင်မူ နှာချေမိသည်ကိုပင် သဘာဝဘေးအန္တရာယ်ဥပဒေ ဖြင့် အရေးယူဖို့ ဝန်မလေးသူ ဖြစ်သည်။

သူသည် မည်မျှပြတ်သားသလဲဆိုရင် တလောကလုံး ကို ရင်ဆိုင်ရပါစေ သူသာ မှန်တယ်ဟု ရဲရဲဝံ့ဝံ့ ရပ်တည်ရဲသူဖြစ်ပြီး။ တဖက်တွင်လည်း သူ့ကို လူတွေမသိတော့မှာ၊ လူရာမဝင်မှာ ၊ အထင်မကြီးတော့မှာကိုလည်း သေမတတ်​​​ ကြောက်လေသည်။

သူသည် ဘယ်တော့မှ မတွေဝေတတ်ပေ ၊ လူအများအကြိုက် သည်းခြေကြိုက်ကို ရဲရဲကြီး ဘတ်ပြောင်း ရပ်တည်ရဲပြီး ၊ တဖက်တွင်လည်း သာမည် ထင်သည်ဘက်မှ အခြားတဖက်ကို တိုက်ခိုက် ဝံ့သူလည်း ဖြစ်သည်။

သူသည် ဘုရားသခင်ပြီးလျှင် အရာအားလုံး သိမြင်တော်မူသည်ဟု ကိုယ့်ဟာကိုယ် အကောင့်ဖွင့်၍ ဗျာဒိတ်ပေးထားသူဖြစ်သည်။

အခြားသူ၏ စာကို အနည်းငယ်မျှ ဖတ်မိရုံံဖြင့် ဖြစ်စဉ်ကြီးတခုလုံး အား ဇာတ်လမ်းတွဲကြည့်ထားသကဲ့သို့ လက်တန်း ရေးနိုင် သုံးသပ်နိုင် အကဲဖြတ်နိုင်စွမ်းရှိပြီး ၊ ကောက်ချက်ချရာ တွင်လည်း သူသာအမှန်ဝါဒီ ပီသစွာ အဖြေထုတ်ရဲသူ ဖြစ်သည်။ သူသည် စပ်စုခြင်းကို မုန်းတီးသူ ဖြစ်ပြီး၊ မည်သည့် ပြဿနာကို မဆို ဘယ်သောအခါမှ စနည်းနာခြင်း စုံစမ်းခြင်း ပိုင်းခြားဝေဖန် သုံးသပ်ခြင်း မေးမြန်းခြင်း ပြုလေ့မရှိပေ၊ သူ၏ကျင့်စဉ်အရ ဘလိုင်းစက္ခု ဥာဏ် ရပြီးသူ ပီသစွာ နေလေသည်။

သူသည် စာတိုပေစများ ဓာတ်ပုံ ရုပ်သံများ၏ စွမ်းအားကို သိပြီးနောက် ကြင်နာတတ်သူ ၊ စာနာတတ်သူ ၊ တရားမျှတမှုကို လိုလားသူ ၊ ဟုတ်ဟုတ် မဟုတ်ဟုတ် အရှုံးမခံ ၊ ကင်မရာဋီကာ ကျမ်းကြေသူ ဖြစ်လာသည်။

သူသည် နည်းပညာတွင်လည်း တဖက်ကမ်းခတ်မျှ ကျွမ်းကျင်ပြီး ဖုန်းမျက်နှာပြင် ခေါက်ရုံဖြင့် တပါးသူ စာမျက်နာများ သိမ်းဆည်းနိုင်သူဖြစ်ပြီး အကိုးအကား သုံးတတ်ခြင်း ငယ်ကျိုးငယ်နာ ဖော်နိုင်စွမ်းတွင် ပြိုင်ဘက်ကင်း ဖြစ်လာသည်။

သူသည် မည်မျှ ဥပေက္ခာ ပြုနိုင်သူဖြစ်သလဲ ဆိုလျှင် ဖြတ်ညှပ်ကပ်လုပ်ထားသော သတင်းများ ဆိုတာ လူတိုင်း သိသိနှင့်ပင် ထိုသူအား မရှုံ့ချသည့်အပြင် ၊ သူကိုယ်တိုင်ပင် ထိုအရာအပေါ် ရင်နဲ့အပြည့် ခံစားရေးဖွဲ့၍ ထို ဖြတ်ညှပ်ကပ်လုပ်ကြံသတင်းရောင်စုံပုံကို တခုတ်တရ ပြန်ထည့်သွင်းရေးတတ် မျှဝေပေးတတ်သူ ဖြစ်သည်။

သူ၏ အထူးအားသာချက်မှာ သူ့အား မည်သည့် အရေးပါသည့် နေရာများတွင်မှ တာဝန်ပေးခြင်း မခံရလျှင် ၊ သူ့တကိုယ်တည်း စွမ်းအားရှိသူ ပီပီ တလောကလုံး အသုံးမကျကြသဖြင့် သူချွတ်မှသာလျှင် ရင်အေးရပေလိမ့်မည် ဟု ဂရုဏာတရားကြီးမားကြောင့် ၊ သူ မပါရသော မည်သည့် ကိစ္စမဆို ဆီလိုအပေါက်ရှာ၍ အမှားတွေရှာပြီး မမှားလဲ မမှန်ရ ၊ သူသာအမှန်ဝါဒီ ပီသစွာ၊ သတ္တဝါများအား ချွတ်တော်မူသော စာများ ရေးသား ရုပ်သံများဖြင့် ဟောပြောတတ်သူဖြစ်လေသည်။

ကိုဝိုင်ဝိုင်ကေ
June 13,2026

23/05/2026

ဘဝတွေ ကို ဝေဖန်မယ့်အခါ ဆန္ဒ မစောတာ အကောင်းဆုံးပါပဲ၊ ဘယ်သူမှ မဖြစ်ချင်တဲ့ ဘဝ ကို အခြားဘဝပေးအခြေအနေကနေ ဝေဖန်ရင် ပိုမှားပါလိမ့်မယ်။ 😞😞😞
ရုပ်သံ BG Back BG

18/05/2026

သည်နေ့ MAY 18 နေ့ဟာ ကိုရီးယား အာဏာရှင် သမ္မတ ချန်ဒူးဝမ် ရဲ့ လက်ပါးစေ စစ်တပ်နဲ့ ထောက်လှမ်းရေး တွေရဲ့ ဖိနှိပ်ရက်စက်မှုတွေကို တွန်းလှန်ခဲ့တဲ့ ဂွမ်ဂျူးမြို့က တော်လှန်ရေး နေ့တနေ့ပါပဲ။

ထိုအာဏာရှင် ပြုတ်ကျပြီးနောက် စစ်တပ်ရဲ့ ရက်စက်မှုတွေ ပျောက်ကွယ်သွားသလို ၊ ယနေ့ ကိုရီးယားဟာလည်း အားကျဖွယ် တိုးတက်မှုတွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Storefront | KO Y 18/05/2026

Hey everyone. Visit my Storefront to browse a curated selection of products I've added just for you. Check out the latest items!

Storefront: https://www.facebook.com/koyyk.aeiou/storefront?entry=post

Storefront | KO Y Storefront

18/05/2026

တကွက်ထဲ ကာတွန်း
ခေတ်ကြီးကို ထင်ဟတ်စေတယ်။
😏😏😏

13/05/2026

ပျင်းလို့ ပွဲရောက် တစ္ဆေခြောက် 😏

02/05/2026

မြ စ် ရဲ့ ဆ ည်း ဆာ ။
***************

နေ့တွေကို ဘယ်လိုကျော်ဖြတ်မလဲ ။
စိတ်တွေကို ဘယ်လို ကုစားမလဲ ။

အားနည်းချက် အားသာချက်တွေကို
ဘယ်လို ထိန်းကြောင်းမလဲ။

တဖက်ကို လှည့် ရင်
တဖက်ကို ကျောခိုင်းပေးထားရတာ နိယာမ လား ။

သွားနေရင် ကျန်ခဲ့မှာကို သတိမထားပဲ
ရှေ့ ရောက်မယ့် အရပ်ကိုပဲ
မရောက်သေးဘူးလား တွေးတတ်တာ ..
ငါ ဟာ ခရီးသွားလား ။

အချိန်တန်ရင် ပြန်လာရမှာပဲ ဆိုရအောင်
အိမ် ဆိုတာ ရှိလို့လား။

ငါ့ အတွက် အိမ်ဆိုတာ ဘာလဲ ။

ကြိုးမဲ့ ချည်တိုင် တွေ ရှိတယ် ။
လောက နိယာမတွေ ရှိတယ် ။
ကျင့်ဝတ်တွေ ရှိတယ် ။
သိက္ခာကို ရော ဘယ်နား အပ်ထားခဲ့မလဲ ။

စိတ်ကိုရော မြိုသိပ်ထားနိုင်မလား ။
ခံစားမှုဆိုတာရော တုပြိုင်နိုင်ရဲ့လား ။

လောကဓံကို မတုန်မလှုပ် ရင်ဆိုင်နိုင်တာ
မင်္ဂလာ လို့ ၃၈ ဖြာထဲ ပါတယ် ထင်တာပဲ ။

သွေးအေးလိုက်တာ နေနိုင်လိုက်တာ ဆိုတဲ့
စကားတွေက လည်း ဘာနဲ့ ကာရမှန်း မသိ ။
ဥပက္ခာတရား ကို နားမလည် ပါးမလည်
သုံးနေတဲ့ သူက ငါ ပဲလား ။

မြစ်သဘော က စီးဆင်းရင်
ကမ်းပါးတွေ ကို ထားခဲ့ရမယ် ။

သယ်ယူသွားရမှာတွေ ရှိသလို
ပို့ချထားခဲ့ရမှာတွေ ရှိတယ် ။

မြစ်ဟာ ပြန်ဆန်ပြီး စီးဆင်းခွင့် မရှိဘူး ။
မြစ်ကို သုံးစွဲနေသူတို့ကသာ ဆန်တက်ခွင့်ရှိတယ်။

ငါ ဟာ မြစ်တစ်စီးဆိုခဲ့ရင်

မြစ်မှာ အချစ်ရှိတယ် ။
မြစ်မှာ အပြစ်လည်းရှိတယ် ။

မြစ်မှာ ကြည်လင်မှုတွေ ရှိတယ်။
ဒါပေမယ့် မြစ်ကိုမွှေရင်
နောက်ကျိနေတာလည်း ဖြစ်မှာပဲ ။

မြစ်ဟာ ကိုယ့်ဟာ ကိုယ်
တည်ဆောက်ပြီး စီးဆင်းလာခဲ့တယ် ။
ပန်းတိုင် အဆုံးမှာ
ပင်လယ်ကြီးကိုပဲ ပုံအပ်လိုက်ရတယ်။

ဒါပေမယ့် မြစ်ဟာ
သူ့သဘော သူဆောင်ပြီး
တိမ်ကောသွားမှာ မဟုတ်ဘူး ။

မြစ်မှာ ခွန်အားတွေ ရှိတယ် ။
မြစ်ဟာ ပြုသမျှ နုရတဲ့ ဘဝလည်း ဖြစ်တယ်။

ဒါပေမယ့်
မရပ်သေးဘူး
မနားသေးဘူး
ပင်လယ်ဝကို
ခေါင်းတိုးဝင် ပေးဆပ်ဖို့
အစ မှ အဆုံး
လိုရာ သုံးစေခဲ့တယ်။

မြစ်တစင်း ဟာ
ရိုး ရှင်း တွေး ရင်
ရေ တောင် မပိုင်ပါဘူး ။

ကိုဝိုင်ဝိုင်ကေ
၁၈-၂-၁၃

ဇော်ဂျီဖောင့် အဟောင်းကို
ယူနီကုတ် အသစ်ပြန်တင်တာပါ။

30/04/2026

ဖယောင်းတိုင် ၉ တိုင် မီးထွန်းထားတယ် ၊ ၃တိုင် ကို မီးမှုတ်လိုက်ရင် ၊ ဖယောင်းတိုင် ဘယ်နှစ်တိုင် ကျန်မလဲ... ကဲ ဖြေကြည့်😊။

Photos from KO Y's post 27/04/2026

ဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး အများဆုံး အဖွဲ့အစည်း။
မင်းဘာလဲ ငါဘာလဲ တန်းပြိုင်မှုက ပေါ်လွင်လိုက်တာ။ 😏😏

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Mae Sot