ABC Team
လက်တွဲအတူ ဖေးမကူ
16/03/2026
ABC Team ရဲ့ signature ပုဇွန်ခြောက်ငံပြာရည်ကြော်ဗူးလေးတွေ
အလှူရှင်မပေါများတဲ့နေရာတွေကို ဦးစားပေးပို့ပေးခဲ့တဲ့မှတ်တမ်းလေး
အမှတ်တရ လာသိမ်းတာပါ 💪❤️
06/03/2026
ဒီနှစ်အတွက် ၂နှစ်ပြည့်တရားနာဆွမ်းကျွေးအစီအစဉ်ရှိပါတယ်
နေ့ရက် -မတ်လ ၇ ရက်
အချိန် - နံနက်ဆယ်နာရီခွဲမှ ဆယ့်တစ်နာရီခွဲ
နေရာ - ABC Team
ချစ်ခင်လေးစားရပါသော
တော်လှန်ရေး ညီအကို မောင်နှမများခင်ဗျာ
၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့၌
သင်္ကန်းညီနောင်တိုက်ပွဲတွင် မြင့်မြတ်စွာအသက်ပေးခဲ့သော ကိုဂျွန် (ခ) ဂျွန်နေဇာ
-ဒုခွဲမှူး (တပ်ခွဲ-၃၊ ကော်ဘရာစစ်ကြောင်း) အားရည်စူး၍ ဗုဒ္ဓဘာသာ ထုံးတမ်းအရ
တစ်လပြည့် တရားနာ နံနက် အာရုံဆွမ်းကျွေးအစီအစဉ်အား
ကျွန်တော်များ ABC Team မှ မိသားစုများ စုပေါင်း၍ အောက်ပါ အတိုင်းပြုလုပ် မည်ဖြစ်သဖြင့်
တော်လှန်ရေး ညီအကို မောင်နှမများအားလုံးအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေရာ- ABC ရုံး (မယ်ပ)
နေ့ရက်- ဧပြီလ(၇)ရက်၊ ၂၀၂၄ခုနှစ်
အချိန်- မနက် ၅:၃၀ နာရီမှ ၇:၃၀ နာရီအထိ
မှတ်ချက်။ ဗုဒ္ဓဘာသာထုံတမ်းအရဆိုသော်ငြားလည်း ကူငွေအားဖြင့် လက်ခံခြင်းမရှိပါ
19/02/2026
ABC Team မိသားစု၏ ချစ်ရစွာသော
လေးစားတန်ဖိုးထားရသော
အစဉ်သဖြင့်နှမျောတသ လွမ်းဆွတ်သတိရနေကြသော
မိသားစုဝင်တစ်ဦးဖြစ်သူ
ဖိုးဝါး@ဆရာဆောဖိုးဝါး@ဒေါက်တာWilliam
အတွက် တစ်လပြည့်အထိမ်းအမှတ်
Memorial Service ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ် ရှိပါသဖြင့်
ABC Team တည်ရှိရာ နေအိမ်သို့ လာရောက်ပါဝင်နိုင်ကြပါကြောင်း အသိပေးအပ်ပါသည်။
နေရာ- ABC Team နေအိမ်
Mae Pa
အချိန်- မနက် ၉:၀၀ နာရီ
နေ့ရက်- ၂၂/၀၂/၂၀၂၆
တန်ဖိုးရှိလွန်းတဲ့လူငယ်လေးတစ်ယောက်
သူငယ်ချင်းတွေအတွက်မိတ်ဆွေကောင်း
ထိတွေ့ဖူးတဲ့သူတွေအားလုံးက ဖိုးဝါးကငါ့ကိုသိပ်ခင်တာလို့ ထင်မှတ်စေလောက်အောင် လူတိုင်းအပေါ် မေတ္တာထားနိုင်ခဲ့သူ
အရမ်းသတိရတယ်ဆရာဆောဖိုးဝါးဆိုတဲ့ ဒို့တွေချစ်ရတဲ့အဖိုးတန်ကြယ်ကလေးရေ
ABC Team တဖွဲ့လုံးက အစဉ်သဖြင့် လွမ်းဆွတ်သတိရနေပါတယ်
You will always be in our hearts ❤️
See you again in Heaven ❤️
04/02/2026
February လမှာ မွေးတဲ့ မွေးနေ့ရှင်တွေအားလုံး
လိုအင်ဆန္ဒမှန်သမျှပြည့်ဝနိုင်ကြပါစေလို့ ABC Team မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်…..
၅နှစ်ပြည့်သွားတဲ့ နွေဦးတောိလှန်ရေးမှာလည်း ABC Team မိသားစုက အဆုံးထိပါဝင်သွားကြမှာမို့ နိုင်တဲ့ဘက်ကဆက်လက်ပါဝင်နေကြမှာပါ….
birthday
#အရေးတော်ပုံအောင်ရမည်
#ငါတို့နိုင်မှာ
I got over 1,000 reactions on my posts last week! Thanks everyone for your support! 🎉
31/01/2026
၇၇ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့
ကညီကပၢၢ်ဆၢဒုးဖျိးကွံၥ် သုးမီၤစိရိၤဒီးမီၤစိရိၤသနူခဲလၢၥ် တုၤကညီဖိတဖၣ် ဒိးန့ၢ်ဘၣ် ကလုၥ် တၢ်ထဲသိးတုၤသိးခွဲးယၥ် ဒီး နီၢ်ကစၢ်တၢ်စံၣ်ညီၣ်ပၢလီၤသးခွဲးယၥ်တစုန့ၣ်လီၤ.
https://www.facebook.com/share/p/1G1P55wu1W/
30/01/2026
ဒို့တွေတဖွဲ့လုံးက သိပ်ချစ်ရတဲ့ဖိုးဝါးရေ
မြန်မာပြည်ဘက်ခြမ်းက ABC Team ရဲ့ ဌာနေလေးမှာ နင်လာမနားတော့ဘူးပေါ့နော်
တော်လှန်ရေးမှာ အတူလုပ်ဆောင်ခဲ့ကြတဲ့အရာရာ
နင်ကူညီပေးခဲ့သမျှအရာရာတိုင်းအတွက်
ကျေးဇူးတွေတင်ရင်း ဒို့တတွေနင့်ကို ချစ်ခင်လေးစားမှူတွေနဲ့ အမြဲသတိရနေမှာပါ
We’ll see you again in Heaven ❤️
You’ll always be in our hearts ❤️
29/01/2026
Having lunch with Thara Saw Phoe Wah and the ABC Team on Karen's New Year's Day.
We didn't know it was our last meal together.
You will always be in our hearts ❤️
We’ll see you again in Heaven, our Angel,Saw Phoe Wah ❤️
29/01/2026
လစဉ်မပြတ် PRF
ဒီလအတွက် PRF ကိုငွေလွှဲဖို့ ခရီးထွက်နေတာတွေ တခြားကိစ္စတွေများနေတာနဲ့မို့ နောက်ကျသွားခဲ့ပါတယ်
လစဉ်မှန်မှန် မပျက်မကွက် ပေးလှူလျှက်ပါ
ABC Team ဟာ လက်လှမ်းမီတဲ့နေရာတွေကို ကိုယ်တိုင်ပါဝင်သွားရောက် ထောက်ပို့နေသလို လက်လှမ်းမမီတဲ့နေရာတွေကိုတော့ စိတ်ချရတဲ့သူတွေကနေတဆင့် ငွေလွှဲထောက်ပံ့ပေးနေပါတယ်
ဒါ့အပြင် လစဉ်ငွေလွှဲပေးခြင်းဖြင့် လိုတဲ့နေရာကိုအလှည့်ကျ စနစ်တကျပေးဝေပေးနေတဲ့ PRF မှာလည်း ABC Team member တချိူ့က လစဉ်မပြတ် ပါဝင်ပေးလှူနေကြပါတယ်
တော်လှန်ရေးအတွက်ဆို လူသိစရာမလို နာမည်ကြီးဖို့တွေမလိုချင်ပဲ ပုံမှန်ပါဝင်တော်လှန်နေကြတာ ABC Team မိသားစုတွေပါ
#လာပါငါတို့အတူရုန်းမယ်
#ငါတို့နိုင်မှာ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ที่อยู่
Mae Sot