Pi Ti Myanmar

Pi Ti Myanmar

แชร์

Myanmar Restaurant ( Thai, Myanmar, Indian and Kachin foods) Myanmar foods

07/06/2026

ကောက်ရိုးလေးတစ်မျှင် 😊

Photos from Pi Ti Myanmar 's post 02/06/2026

ပီတိမှာက လက်ဆောင်အဖြစ်ထည့်ပေးတဲ့အရံဟင်းရည်လေးတွေကို သောက်ရည်သန့်နဲ့ပဲချက်ပါတယ် ဟင်းရည်လေးတွေချက်တဲ့အခါမှာလည်း အစာလည်းဆေး ဆေးလည်းအစာဖြစ်အောင် စားသုံးသူတွေရဲ့ကျန်းမာရေးအထောက်အကူဖြစ်စေတဲ့
အခုပုံထဲမှာလို ကန်ဇွန်းရိုးနီချဉ်ရည်ဟင်း၊ မာလာဖူးဟင်းခါး၊ ကင်ပွန်းချဉ်ရွက်၊ ဒန့်ဒလွန်ရွက်ဟင်းခါး၊ကျောက်ဖယုံသီးဟင်းရည် စသဖြင့် တနေ့တမျိုး မရိုးရအောင်ချက်ပြီးလက်ဆောင်လေးတွေထည့်ပေးပါတယ်။

22/05/2026

ပီတိရဲ့ကြက်ပေါင်ကြော်

16/05/2026

ပီတိရဲ့ကြက်မဆလာနှပ်‌ဟင်းလျာလေးပါ 😋
ကြက်သားဆို ပေါင်သားမှဆိုတဲ့သူတွေအတွက်
ဒီနေ့တော့ Special ချက်ထားပါတယ်။
အဆာပလာတွေနဲ့နယ်ပြီး အနဲဆုံး တစ်နာရီခန့်နှပ်ထားပြီးမှ မီးအေးအေးနဲ့ ချက်ရတာမို့ အရသာထူးခြားပြီးနူးနပ်နေတာပေါ့။

15/05/2026

ပီတိရဲ့အမဲနှပ်ဆိုသည်မှာ 😋🤩

14/05/2026

ပီတိမြန်မာမှ အစားအစာများကို နှစ်သက်အား‌ပေး နေကြသော ချစ်မိတ်ဆွေများအား အချိန်ဇယားလေး အသိပေးပါရစေခင်ဗျ။
🗓️ 🗓️🗓️🗓️
Monday to Saturday
နံနက် 9:00am မှ နေ့လည် 2:00pm
ညနေ 5:30am မှ 7:30pm အထိသာဖြစ်ပြီး
Sunday တစ်ရက်ကတော့ နံနက် 9:00am မှ နေ့လည် 2:00pm အထိသာ အစားအစာများ မှာယူနိုင်မှာဖြစ်ပါတယ်။
Grab Food ရဲ့အချိန်ဇယားလေးပြင်ဆင်လိုက်ရတဲ့အတွက်အဆင်မပြေဖြစ်သွားခဲ့ရင်တောင်းပန်အပ်ပါတယ်ခင်ဗျာ။ 🙏🥰
ခုတလော ညနေပိုင်း‌မှာ Grab Bikers လေးတွေချိတ်မိဖို့ခက်ခဲပြီး‌စောင့်ဆိုင်းချိန်ကြာတဲ့အတွက် ကြိုတင်မှာယူပေးကြပါဦးနော်။
ပုံလေးကတော့ ဒီနေ့အားပေးတဲ့ customer တစ်ဦးရဲ့ မှတ်ချက်လေးပဲဖြစ်ပါတယ်၊ ပီတိရဲ့ အစားအစာများကို ချက်ပြုတ်တဲ့အခါ အရသာရှိပြီးကျန်းမာရေး နဲ့ ညီညွတ်‌အောင်စဉ်းစားချက်ပြုတ်ပါတယ်။ အရံဟင်းအရည်သောက်ကစလို့ ရေသန့်ကိုသာသုံးပါတယ် ဒါ့အပြင် သန့်ရှင်းသပ်ရပ်မှုရှိဖို့လည်းအထူးဂရုစိုက်ပါတယ်ခင်ဗျ။

07/05/2026

ပီတိရဲ့ ဝက်သားနီချက် မှာ ကြက်သွန်ဖြူ နီ ဂျင်းအပြင်
ငါးမျိုးစပ်တရုတ်မဆလာ နဲ့ နံနံပင်မြစ်တွေပါတော့ အနံ့အရသာထူးခြားနေတာပေါ့။

03/05/2026

ပီတိမြန်ရဲ့ အနံ့အရသာနဲ့ပြည့်စုံတဲ့ အမဲမဆလာနှပ်-Beef Masalar Curry ရဲ့အသက်က အရသာသွင်းပြီး၂နာရီလောက် နှပ်ထားတာပါ။
သွေးအားနဲသူတွေ အမဲသားကိုမကြာမကြာစားပေးသင့်ပါတယ်နော်။

ချက်ပြုတ်ပုံအဆင့်ဆင့်က
အနေတော်အတုံးလေးတွေတုံးပြီး ကိုယ်တိုင်ကြိတ်ထားတဲ့မဆလာ၊ အပေါ့အငံအရသာ နနွင်း ဂျင်းအရည်၊ ငြုပ်သီးအရောင်တင်မှုန့် နဲ့ သေချာစွာဆုပ်နယ်ပြီး ၂နာရီခန့် နှပ်ထားရပါတယ်….
ချက်တဲ့အခါမှာလည်း ကြက်သွန်ဖြူနီ အနှစ်ကို အနံ့ပျောက်သည်အထိ ထားပြီးနယ်ထားတဲ့အသားတွေကိုထည့်ပြီး ရေမထည့်သေးပဲ အရသာဝင်အောင်သေချာအချိန်ပေးပြီးဆီသတ်ပါတယ်။ ပြီးမှ အသားတွေနူးသည်အထိ ရေကိုတဖြေးဖြေးထည့်သွားရပါတယ်။
အမဲမဆလာနှပ်တစ်အိုးကျက်ဖို့ အနဲဆုံးအချိန် ၄/၅နာရီကြာပါတယ်။

အရသာကောင်းတဲ့ဟင်းတစ်ခွက်ဖြစ်ဖို့ စေတနာ၊ ဝါသနာ၊ ကျွမ်းကျင်မှုရယ်လိုအပ်ပါတယ်။

01/05/2026

ကြက်ဟင်းခါးသီး က လူကို အကျိုးပြုတဲ့ အဟာရဓါတ်တွေပါဝင်တာမို့မကြာမကြာစားပေးသင့်ပါတယ်။ကြော်တာပဲခေါ်ခေါ် ချက်တာပဲခေါ်ခေါ်ပေါ့
မခါးအောင် ဘယ်လိုချက်လဲဆိုတာမျှဝေပေးပါမယ်။
ဒါကတော့ ကြက်ဟင်းခါးသီးအသေးလေးတွေကိုသုံးထားတာပါ။ ၄စိတ်ခွဲ အစေ့လေးတွေသေချာထုတ်ပြီး ငြုပ်ပွအရှည်လေးကိုလည်းလိုသလိုလေးလှီး ဒယ်အိုးထဲအားလုံးရောထည့် ပုဇွန်ခြောက် ကြက်သွန်ဖြူနီထောင်းထားတာရယ် နနွင်းမှုန့်၊ ဆီ၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနဲငယ်ရယ်ထည့်ပြီး မင်မင်ကတော့ နွမ်းသွားသည်အထိ နယ်ပေးပါတယ်။ ရေနွေးလေးနဲနဲ ထည့်အဖုံးအုပ်ပြီးချက်လိုက်တာပါပဲ။ အထူးသဖြင့်ဆီချိုသမားတွေအနေနဲ့အခါးဓါတ်ကိုပိုစားသင့်တာမို့ လိုက်ချက်စားကြည့်ကြပါနော်။

Photos from Pi Ti Myanmar 's post 01/05/2026

ဘန်ကောက်အော်ဒါလေးတဖြတ်
ပုဇွန်ထုပ်၊ ချဉ်ပေါင်ကြော်။
ကြက်ဟင်းခါးသီးကတော့ကြော်မစားဖြစ်တာကြာပြီမို့😋

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านอาหาร ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Mae Sot District, Tak
Mae Sot
63110

เวลาทำการ

จันทร์ 09:00 - 20:00
อังคาร 09:00 - 20:00
พุธ 09:00 - 20:00
พฤหัสบดี 09:00 - 20:00
ศุกร์ 09:00 - 20:00
เสาร์ 09:00 - 20:00