K’s Math Lab
Unlock Your Math Potential!
03/05/2026
ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတိုင်းကို မမြင်နိုင်တဲ့ အမှုန်အမွှားလေးတွေ (Particles)နဲ့ ဖွဲ့စည်းထားပါတယ်။
⚛️⚛️⚛️
ဒီအမှုန်လေးတွေရဲ့ Arrangementပေါ် မူတည်ပြီး ဒြပ်ပစ္စည်း (matters) တွေကို အခြေခံအားဖြင့် ပုံသဏ္ဌာန် (၃) မျိုး ခွဲခြားနိုင်ပါတယ်။
အောက်က ပုံလေးနဲ့တူတူ လေ့လာကြည့်ရအောင်...
📚📚📚
အခဲ (Solids) 🧊
Particlesလေးတွေဟာ တစ်ခုနဲ့တစ်ခု အလွန်နီးကပ်စွာ ပူးကပ်နေပြီး ပုံသေ စနစ်တကျ arrange လုပ်ထားပါတယ်။
Soildမှာ တိကျတဲ့ ပုံသဏ္ဌာန်နဲ့ ထုထည်ရှိပါတယ်။ Particlesလေးတွေက နေရာမရွေ့ဘဲ တုန်ခါရုံသာ တုန်ခါနိုင်လို့ ပုံစံပြောင်းလဲရခက်ပါတယ်။
အရည် (Liquids) 💧
Particles လေးတွေက တစ်ခုနဲ့တစ်ခု နီးကပ်နေသေးပေမယ့် ပုံသေ arrange လုပ်ထားခြင်း မရှိပါဘူး။ တစ်ခုပေါ်တစ်ခု လျှောတိုက်ပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်ပါတယ်။Liquidမှာ တိကျတဲ့ ထုထည်ရှိပေမယ့် တိကျတဲ့ ပုံသဏ္ဌာန်မရှိပါဘူး။ သူထည့်ထားတဲ့ ခွက် ဒါမှမဟုတ် ပုလင်းရဲ့ ပုံစံအတိုင်း ဖြစ်သွားတတ်ပါတယ်။
အငွေ့ (Gases) 💨
Particles လေးတွေဟာ တစ်ခုနဲ့တစ်ခု အလွန်ဝေးကွာပြီး စနစ်တကျ စီရီထားခြင်း လုံးဝမရှိပါဘူး။ နေရာအနှံ့ကို အရှိန်နဲ့ လွင့်ပျံ့သွားလာနေကြပါတယ်။Gasမှာဆိုရင် တိကျတဲ့ ပုံသဏ္ဌာန်ရော၊ ထုထည်ရော မရှိပါဘူး။ ရသမျှ နေရာလွတ်တိုင်းမှာ ပျံ့နှံ့သွားတတ်ပါတယ်။
Notes: 📍📍📍
Particles ဆိုတာက အဓိကအားဖြင့် အမျိုးအစား၃မျိုးပါဝင်ပါတယ်
1.Atoms
( Element တခုရဲ့အသေးငယ်ဆုံး အစိတ်အပိုင်း)
2. Molecules
( Atoms 2ခု/ 2ခုထက်ပိုပြီး Chemical reactionအရ ပေါင်းစည်းသွားရင် Molecules လို့ခေါ်)
3. Ions
(Atom 1ခု/ Atomsအုပ်စုတစ်ခုက လျှပ်စစ်ဓာတ် (Electric charge) ရရှိသွားတဲ့အခါ Positive သို့မဟုတ် Negative ဖြစ်သွားတဲ့အခါ Ions ဖြစ်သွားတယ်)
အပူချိန် ဒါမှမဟုတ် ဖိအား ပြောင်းလဲမှုကြောင့် ဒြပ်ပစ္စည်း(Matters)တွေဟာ အခဲကနေ အရည်၊ အရည်ကနေ အငွေ့ စသဖြင့် အသွင်ပြောင်းလဲနိုင်ကြပါတယ်။
🎓 သင်ခန်းစာတွေကို အသေးစိတ် ထိထိရောက်ရောက် လေ့လာချင်သူများအတွက်
Scienceနဲ့ Mathကို အခြေခံကစလို့ ပိုင်ပိုင်နိုင်နိုင် နားလည်စေဖို့ ကျမတို့ K's MathLabမှာ Online Class များ ဖွင့်လှစ်ထားပါတယ်။
• One-on-One Classes
• Group Section Classes
သင်ခန်းစာတွေကို အလွတ်ကျက်စရာမလိုဘဲ Logic ကျကျ နားလည်အောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📩 သင်တန်းအသေးစိတ်ကို စုံစမ်းလိုပါက Messenger (သို့မဟုတ်) 0805174191 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
08/03/2026
Trigonometry ဆိုတာ ပုံသေနည်းတွေ အတင်းကျက်ရမှာမဟုတ်ဘဲ Logic လေးတစ်ခု မိသွားရုံနဲ့ ပုစ္ဆာပေါင်း များစွာ ကို တွက်နိုင်ပါတယ်။
📐Cosec, Sec, Cot ဆိုတာတွေက တကယ်တော့ Sin, Cos, Tan ရဲ့ ပြောင်းပြန် အချိူး တွေပါပဲ။ ပုံထဲက Table လေးကို ကြည့်ရင် တစ်ခါတည်း မှတ်မိသွားပါမယ်
📚သင်္ချာဆိုတာ ခေါင်းရှုပ်စရာမဟုတ်ဘဲ Visualization လုပ်တတ်သွားရင် အရမ်းလွယ်သွားတဲ့ အရာပါ။
👩🏫K's Math Lab ရဲ့Online Classတွေမှာတော့ ဒီလို Diagram လေးတွေ၊ မှတ်ရလွယ်ကူတဲ့နည်းလေးတွေနဲ့ အသေးစိတ် သင်ကြားပေးနေပါတယ်။
K's Math Labမှာ ဆိုရင်
✅ Live Interaction: One on One coaching Zoom class တွေအပြင် Group work learning class တွေဖြင့် မည်သည့်နိုင်ငံမှာမဆိုနေရာအနှံ့မှာရှိတဲ့မြန်မာကျောင်းသားတွေကိုသင်ကြားပေးနေပါတယ်။
✅ Simplified Lessons: ရှုပ်ထွေးတဲ့ Theory တွေကို အခြေခံအကျဆုံးအဆင့်ကနေ နားလည်အောင် ရှင်းပြပေးတယ်။
✅ Study Materials: Worksheets တွေ practice lessons တွေကို online resources တွေကနေ ကျောင်းသားနဲ့သင့်တော်တဲ့ level အလိုက် လေ့ကျင့်သင်ကြားပေးတယ်။
"သင်္ချာကို အလွတ်မကျက်ဘဲ နားလည်ချင်တဲ့ ကျောင်းသား/သူတိုင်းအတွက် K's Math Labမှ Tr.Khine ရဲ့ အတန်းတွေက ကြိုဆိုနေပါတယ်"
📍 Join the Class: သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းရန် Messenger သို့ (သို့မဟုတ်) Ph no. 0805174191 ကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်
📌The best way to find out the solutions for
Algebra Problems Solving
just GUESS & CHECK 🧐 ✅
GED exam ဖြေမယ့် ကျောင်းသား/သူတွေအတွက်
ဘယ်လိုနည်းလမ်းကိုသုံးပြီး လွယ်လွယ်ကူကူ
အဖြေရှာနိုင်မလဲဆိုတာ ဒီ video လေးမှာ
T.Khineနဲ့တူတူ
လေ့လာနိုင်ပါတယ်ရှင်
K’s Math Lab
Mathematical Reasoning
Practice Question with explanation clip
Tr.Khine နဲ့အတူတူ လွယ်လွယ်ကူကူ
လေ့လာကြရအောင်နော် 📚
K’s Math Lab
07/11/2025
According to the Law of conservation of mass
📌Chemical equations must balance
🤔 How?
📌 the total number of atoms of an element on the left side must be equal to the total number of atoms of the element on the right side
Law of conservation of mass 📚
Matter is neither created nor destroyed during a chemical reaction, so the mass of the products always equals the mass of the reactants. This principle is known as the law of conservation of mass.
05/10/2025
⚛️What is a Chemical Bond?
*Force of attraction that holds atoms together to form molecules or compounds.
⚛️Two main types of bonds
*Ionic Bond
*Covalent Bond
⚛️Main purpose of chemical bonding
*For atoms to achieve a stable state by completing their outermost electron shell (or valence shell), typically by following the Octet Rule (having eight electrons in the outer shell).
⚛️Ionic Bond
*Complete transfer of electrons from one atom to another.
*Atoms gain or lose electrons to become ions (+) and (-)
*Typically between a Metal and a Non-metal.
⚛️Covalent Bond
* Sharing of electrons between atoms.
* Mutual attraction of the nuclei to the shared electron pair.
* Typically between two Non-metals
15/07/2025
Tr.Khineရဲ့ GED Math Practice and Preparation One on One Class မှာဆိုရင်တော့ Topic တခုခြင်းစီရဲ့ concept ကိုနားလည်ဖို့နဲ့ ထိထိမိမိလေ့ကျင့်ဖြစ်ဖို့အတွက်
online resources / worksheets များဖြင့်လဲ လေ့ကျင့်သင်ကြားပေးပါတယ်
Practice makes Perfect 🏆🏅
13/07/2025
Ready to Ace your GED Maths Test? 📖
GED Maths exam ဖြေဖို့ရာအတွက် စိတ်ပူနေတယ်ဆိုရင် Tr.Khine ရဲ့ အကြံပြုချက်လေးတွေကို တချက်ဖတ်ကြည့်စေချင်ပါတယ်။
(GED အတွက်မှ မဟုတ်ပါဘူး ဘယ် maths exam မဆို) ဒီ အချက်လေးတွေapply လုပ်ပြီးလေ့လာတယ်ဆို လွယ်ကူချောမွေ့စွာ ဖြေဆိုနိုင်မှာပါ။
📚 Master the Basics
Complex problems တွေကို မတွက်ခင်မှာ အခြေခံ ပေါင်း/နုတ်/မြှောက်/စား ခြင်း (Opreations with integers/ rational numbers/decimal numbers)
Percent, Ratio
စတဲ့ အပိုင်းတွေကို ကျွမ်းကျင်ပိုင်နိုင်အောင်
လေ့လာရပါမယ်။
foundationခိုင်ပြီဆိုမှသာ
အပေါ်ဘယ်နှစ်ဆင့်တက်တက်
လွယ်ကူစွာတက်လှမ်းနိုင်မှာပါ။
📚 Understand the Format
Exam မှာ မေးလေ့ရှိတဲ့ မေးခွန်းပုံစံတွေကို familiar ဖြစ်အောင်လုပ်ပါ practice test တွေဖြေကြည့်ပါ။
အဓိက topics တွေအနေနဲ့ Basic maths ( Fractions, Decimals, Percent, Ratio, Proportion), Geometry, Algebra, Graph/Function, Data, Statistics, Probability စတာတွေပါရှိပါတယ်။
📚 Practice makes Perfect
ပိုပြီးလေကျင့်လေလေ တွက်ရတာ ပိုပြီး comfort ဖြစ်လာလေလေပါပဲ။
Problemရဲ့ဆိုလိုရင်းကိုလဲပိုမိုနားလည်စေပါတယ်။
မေးခွန်းဖတ်တဲ့ပုံစံကိုပါ လေ့ကျင့်စေချင်ပါတယ်။
အမေးတခြားအဖြေတခြားမဖြစ်အောင်ပါ။
Problem တခုတွက်ပြီးတိုင်းမှာလဲ မေးခွန်းဖတ်ပြီး အဖြေကိုပြန်စစ်စေချင်ပါတယ်။Double check လုပ်ခြင်းအားဖြင့် အဖြေမှားနေရင်တောင်ပြန်ပြင်ဆင်လို့ရပါတယ်။
📚 Focus on Concept not Just Formulas
Formulas တွေက အရေးကြီးပေမယ့် formula တစ်ခုက ဘာကြောင့် အလုပ်လုပ်သလဲဆိုတာ နားလည်တာက ပိုကောင်းပါတယ်။ အခြေခံသဘောတရားတွေကို နားလည်ထားရင် မတူညီတဲ့ Problem တွေမှာလည်း applyလုပ်နိုင်ပါလိမ့်မယ်။
📚 Time Management
အရေးအကြီးဆုံးအပိုင်းပါ။ဖြေဆိုနေစဉ်မှာ Question အားလုံးကိုအပြီးသတ်ဖြေဆိုနိုင်ဖို့ တချို့အရမ်းစဉ်းစားရမယ့်အပုဒ်တွေဆို skipလုပ်သွားဖို့လိုပါတယ်။လွယ်ကူမယ့်ဟာတွေအရင်ဖြေပြီး အချိန်ပေးရမယ့်အပုဒ်ကို နောက်မှ ပြန်သွားဖြေတာပိုကောင်းပါတယ်။
During Preparation, don't hestitate to ask for help!!!
ကိုယ့်ကို သင်တန်းပြပေးနေတဲ့ဆရာ/ဆရာမတွေကို နားမလည်ရင် ပြန်မေးပါ။နားမလည်မခြင်း ထပ်ကာထပ်ကာ အတူတူလေ့လာပါ၊ဆွေးနွေးပါ ။
Tr. Khine ဆီမှာလဲ လာရောက်ဆွေးနွေးနိုင်ပါတယ်။Page messager မှာ စာပို့ရင် မေးလို့လဲရပါတယ်။
ကျောင်းသား/သူ အားလုံး မည်သည့် EXAM မဆို
အကောင်းဆုံးဖြေဆိုနိုင်ကြပါစေ 💫
11/12/2024
what should I do? 🥹
30/07/2024
Short PoP Quiz ⁉️💭🤔
ယခု Maths Quiz လေးကတော့
T.Khine ရဲ့ Practicing Maths Class မှာ သင်ကြားနေတဲ့ကျောင်းသူလေးဆီမှ
အမေးရှိခဲ့တဲ့
Quiz လေးဖြစ်ပါတယ်
မူရင်း Quiz owner ကိုလဲ credit ပေးပါတယ်ရှင့်
ဒီ Quiz မှာအဖြေမှန်ကိုရှာပေးဖို့
စိတ်ပါဝင်စားသူမည်သူကိုမဆို
ဖိတ်ခေါ်ပါတယ် ပထမဆုံးအဖြေမှန်တဲ့သူကို
K’s Tutoring Group ရဲ့မင်မင်မှ Kpay မှတဆင့်
Pocket money ပေးမှာဖြစ်ပါတယ်
Fun activity ဖြစ်လို့ မုန့်ဖိုးပမာဏနည်းတယ်များတယ်
သဘောမထားပဲ Brainstorming လုပ်တယ်
သဘောထားပြီးပဲ ပါဝင်ပေးကြပါဦးနော်
အဖြေကို comment မှာမန့်သွားလို့ရပါတယ်ရှင့်
22/07/2024
Practicing Maths with Tr. Khine
Maths ကို အထူးတလည်လေ့လာချင် လေ့ကျင့်ချင်တဲ့
ကျောင်းသား/သူတွေအတွက် Grade level အလိုက် ညှိပြီး
လေ့ကျင့်ပေးတဲ့ class လေးဖြစ်ပါတယ်ရှင့်
ကျောင်းသားကိုယ်တိုင်လေ့လာချင်တဲ့ Reference Books တွေရယ် Worksheets တွေရယ် အပြင် Outsource မှာရှိတဲ့ Practicing Exercises/ Worksheets များကိုပါApply လုပ်လိုတဲ့ Grade level အလိုက် Tr.Khine မှ
ချိန်ညှိပြီးလေ့ကျင့်သင်ကြားပေးလျှက်ရှိပါတယ်
ယခုပုံထဲမှ class လေးကတော့
Australia 🇦🇺မှာ ပညာသင်ကြား
လျှက်ရှိတဲ့ ကျောင်းသူလေးအတွက် one on one practice class လေးဖြစ်ပါတယ်ရှင့်
အသေးစိတ်သိရှိလိုပါက page messenger အပြင်
+66805174191 သို့ တိုက်ရိုက်
ဆက်သွယ်နိုင်ပါတယ်ရှင့်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
G Condo
Chon Buri
20110
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |
| เสาร์ | 09:00 - 17:00 |