Science with Neeko
Neeko is here to make science easy.🍀
GED & High school Science 🔬
Concept-based learning • Clear notes • Real-life examples.
✨ Tutoring available ✨
12/05/2026
Marigold ဒါမှမဟုတ် ထပ်တစ်ရာပန်း လို့ ခေါ်ကြတဲ့ ပန်းကို သိကြတယ်ဟုတ်။🌼
ဒီပန်းလေးထဲမှာ protein (အသားဓာတ်) ၉% လောက်အထိ ပါတယ် ဆိုရင် ယုံမလား။ တချို့ research တွေမှာဆို ၂၀–၂၇% အထိ ပါတယ် လို့တောင် ပြောထားကြပါတယ်။
ဒီပမာဏက အခု ဈေးကွက်မှာ အသုံးများနေတဲ့ wheat protein လို plant protein တွေနဲ့ ယှဉ်လို့ရနိုင်တဲ့ level တစ်ခုပါပဲ။
ထပ်တစ်ရာပန်းတွေကို အများအားဖြင့် antioxidant activity ကြောင့်ပဲ လူသိများကြပေမယ့် protein source အနေနဲ့ ဆိုရင်တော့ အခုမှ တဖြည်းဖြည်း နာမည်ကြီးလာတာလို့ ပြောလို့ရပါတယ်။
ဘာကြောင့်လဲဆိုတော့
ထပ်တစ်ရာပန်းမှာပါတဲ့ protein တွေက
👉 animal protein တွေလို functionality ကောင်းတာ
👉 glutamic acid နဲ့ aspartic acid လို flavor enhancer amino acid တွေ ပါဝင်တာ တို့ကြောင့်ပဲ ဖြစ်ပါတယ်။
ဒီအချက်တွေကြောင့် alternative protein source ( အသားအစားထိုး ) အနေနဲ့ အသုံးချနိုင်တယ်လို့ research တွေက မှတ်ချက်ပေးထားကြပါတယ်။
✨အရေးကြီးဆုံး pin point လေးတစ်ခုက သူ့ထဲ ပါတဲ့ protein က
105°C အထိ အပူချိန် ခံနိုင်တာပါပဲ။
ဒီအချက်က ထပ်တစ်ရာပန်း protein ရဲ့ အားသာချက်တစ်ခုပါပဲ။ Protein ပမာဏ ဘယ်လောက်ပါပါ၊ processing အတွင်းမှာ အပူကြောင့် denature (ပုံပျက်) ဖြစ်သွားရင် နောက်ဆုံး စားသုံးတဲ့အခါ မှာ လျော့သွားနိုင်ပါတယ်။
ဒီလို property တွေကြောင့်
👉 dairy အစားထိုး emulsifier အနေနဲ့ ရော
👉 အပူချိန်များများနဲ့ ထုတ်လုပ်ရတဲ့ bakery products တွေမှာ အသုံးချလာနိုင်ချေ ရှိတယ်လို့လည်း ဆိုထားကြပါတယ်။
အကယ်၍ ဒီလို အသုံးပြုလာနိုင်မယ်ဆိုရင် နှစ်စဉ် ထုတ်လုပ်မှုရဲ့ 40% လောက်ကို waste အနေနဲ့ လွှတ်ပစ်နေရတဲ့ ပြဿနာကိုပါ လျှော့ချနိုင်လာနိုင်မှာမို့ တချက်ခုတ် နှစ်ချက် မက ပြတ်တဲ့ တွေ့ရှိချက်လေး မို့ဖော်ပြလိုက်ရပါတယ်ရှင့်
📄 ထပ်လေ့လာချင်တယ်ဆို comment မှာ reference ယူထားတဲ့ research paper ကို ထည့်ပေးထားပါတယ်နော်။
20/03/2026
ဒီနေ့မှာတော့ water cycle ကို quiz လေး ဖြေရင်း လေ့လာကြည့်ရအောင်နော်။water cycle အကြောင်း လုံးဝ မသိသေးဘုးဆိုရင်တောင် ဖြေကြည့်ကြပါနော်။
📌အခုလို လေ့လာနည်းက ဦးနှောက်ကို အလုပ်ပေးပြီး လေ့လာ တာ ဖြစ်တာကြောင့် thinking အပိုင်းလည်း တိုးတက် စေမှာပါ။
စာမေးပွဲ အတွက်လည်း အလေ့အကျင့် ကောင်း တစ်ခုပါပဲ။
🔹Water cycle (hydrologic cycle) → the continuous pathway of water between Earth's surface and the atmosphere.
How the water is cycling
Sun heats water
⬇️
Water changes into water v***rs
⬇️
Water v***r rises and cools
⬇️
Clouds form
⬇️
Water falls back to Earth
⬇️
Water collects in rivers, lakes, and oceans
Or
Water seeps into the ground → groundwater
⬇️
Cycle repeats
📌Now, quiz time!
1️⃣. What is the name of the process when liquid water changes into water v***r?
A. Condensation
B. Ev***ration
C. Precipitation
2️⃣. When water v***r cools and forms clouds, which process is happening?
A. Ev***ration
B. Condensation
C. Collection
3️⃣. Rain, snow, or hail falling back to Earth is called ________.
4️⃣. When rainwater flows over the land surface into rivers and lakes, it is called:
A. Percolation
B. Runoff
C. Condensation
5️⃣. What do we call the process when water soaks into the soil?
A. Precipitation
B. Infiltration
C. Ev***ration
6️⃣. When infiltrated water moves deeper through soil and rocks, this is called:
A. Runoff
B. Percolation
C. Collection
7️⃣. Which process describes water being released from plant leaves into the air?
A. Ev***ration
B. Transpiration
C. Condensation
9️⃣. Transpiration is most similar to which water cycle process?
A. Condensation
B. Ev***ration
C. Precipitation
✨အဖြေတွေကို comment မှာ ရေးသွားပါနော်။ အဖြေမှန်/မမှန် ကို စစ်ပြီး feedback ပြန်ပေးပါမယ်ရှင့်။
ဒီ quiz လေးကို ဖြေပြီးရင် water cycle ရဲ့ flow ကို သေချာ နားလည်သွားမယ် လို့ ထင်ပါတယ်နော်။
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
📌 GED science one-by-one or group class လေးတွေကို
ဈေးသက်သာစွာနဲ့ တက်ရောက်ချင်တယ်ဆို CB မှာ လာရောက် စုံစမ်းနိုင်ပါတယ်ရှင့်။
I am Neeko, and thank you for being here. 🫶🏻🩷
18/03/2026
စာလုပ်တဲ့အခါ စိတ်အညစ်ဆုံးအရာကလေ concept တစ်ခုတည်းကို ထပ်ခါထပ်ခါ လေ့လာရတာပဲ — မေ့သွားလို့🙂↕️
အထူးသဖြင့် ခက်တဲ့အပိုင်းတွေ ရောက်လာရင် လူက မလုပ်ချင်တော့ဘူး၊ စိတ်ညစ်လာပြီး ငိုချင်တောင် ဖြစ်လာတတ်ပါတယ်။🤣
အဲ့လို အချိန်မျိုးမှာပထမဆုံး လုပ်တာက လုပ်လက်စကို ခဏထားပြီး စာကြည့်စားပွဲက ခွာလိုက်တာပါပဲ။
တခါတလေ ကိုယ်ဆို ပါးစပ်က “F it off” လို့တောင် ပြောပြီး ပစ်ထားလိုက်တာမျိုးပါ 😅
📌ဘာလို့လဲဆိုတော့
Cool down လုပ်ပေးဖို့က အရမ်း အရေးကြီးလို့ပါ။
စိတ်နဲ့ ဦးနှောက် နှစ်ခုလုံး အဆင်သင့် မဖြစ်သေးရင် ဆက်လုပ်လို့လည်း မဝင်ပါဘူး။စိတ်အေးသွားပြီးဦးနှောက်ပါ ပြန်ပြီး အဆင်သင့် ဖြစ်လာတဲ့အခါမှ ဘယ်အပိုင်းက ခက်နေတာလဲ ဆိုတာကို ပြန်စဉ်းစားပါတယ်။
ဟုတ်ပြီ အဆင့်သင့်ဖြစ်ပြီဆို အထိရောက်ဆုံးနည်းဖြစ်တဲ့
Concept ကို visualize လုပ်တဲ့ နည်းနဲ့ လေ့လာကြည့်ပါနော်။
✨စာကို မှတ်ဖို့ မကြိုးစားပဲ စိတ်ထဲမှာ concept flow ကို မြင်အောင် ကြည့်တာ ဖြစ်ပါတယ်။ Visualize လုပ်တဲ့ နည်းတွေ အများကြီး ရှိပေမယ့် အစ်မ အတွက် အဆင်အပြေဆုံးကတော့
Note ကို flowchart ဆွဲပြီး မြင်အောင် လေ့လာရတာပါပဲ။✨
အလွယ်ဆုံးနည်းက
စာပိုဒ်ထဲက key point တွေကို ထုတ်ပြီး တဆင့်ပြီး တဆင့် flow အလိုက် ဆွဲကြည့်တာပါ။ diagram တွေ ထည့်ပြီးတော့လည်း လေ့လာလို့ ရပါတယ်နော်။
📌ဒီမှာ သတိထားရမယ့် အချက်တစ်ခုကတော့
vocabulary တွေ၊ term အသစ်တွေ တွေ့လာပြီဆိုရင် ချက်ချင်း မမှတ်ပါနဲ့။အရင်ဆုံး ဖြစ်စဉ် (flow) ကို မြင်အောင် ဆွဲပါ။
ဘာလို့လဲဆိုတော့Vocabulary နဲ့ term တွေကို ဖြစ်စဉ်နဲ့ တွဲမှတ်ရင် ပိုလွယ်ပြီး တော်ရုံလည်း မမေ့တော့ဘုးရယ်။🍀
စာလုပ်ရင်း frustrated ဖြစ်လာရင်
ဒီနည်းလေးကို အသုံးချကြည့်ပါနော်။
✨ မနက်ဖြန်မှာConcept ကို ဘယ်လို visualise လုပ်မလဲ ဆိုတာ ထပ်ပြီး တင်ပေးမှာမို့ stay tuned ပါရှင် ✨
I am Neeko, and thank you for being here 🫶🏻
16/03/2026
𝗙𝗿𝗲𝗲 𝗪𝗲𝗯𝘀𝗶𝘁𝗲 𝗳𝗼𝗿 𝗚𝗘𝗗 𝗘𝘅𝗮𝗺 𝗣𝗿𝗲𝗽𝗮𝗿𝗮𝘁𝗶𝗼𝗻
ဒီနေ့မှာတော့ GED exam အတွက် ပြင်ဆင်နေတဲ့ ကျောင်းသားတွေ အတွက်တကယ်အသုံးဝင်တဲ့ Free website လေးတစ်ခုကို မျှဝေပေးချင်ပါတယ်ရှင့်။
𝗨𝗻𝗶𝗼𝗻 𝗧𝗲𝘀𝘁 𝗣𝗿𝗲𝗽 ဆိုတဲ့ website လေးပါ။
ဒီ website က Practice test လုပ်ချင်တဲ့သူတွေ၊ note ပြန်ကြည့်ချင်တဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။
✨ အကောင်းဆုံးအချက်ကတော့ — အကုန် 𝗙𝗿𝗲𝗲 လေ့ကျင့်လို့ရတာပါ။
Free ဖြစ်တဲ့အတွက် ကြော်ငြာတော့ နည်းနည်း တက်ပါတယ်နော်၊ ဒါပေမယ့် သုံးကြည့်ရသလောက်တော့ အရမ်းအဆင်ပြေပါတယ်။
📌 ဘာfeatures တွေ ပါလဲ?
✅ GED Practice Tests
Practice test ပြီးရင် feedback နဲ့ explanation ကို တခါတည်း ပြပေးပါတယ်။
✅ GED မှာ လေ့လာရမယ့် concept တွေ အကုန်ရှိ တဲ့ Study Guide ပါတယ်။
ဒါကြောင့်----
🔹 အခြေခံရှိပြီး exam အတွက်ပဲ focus ပြင်ဆင်ချင်တဲ့ ကျောင်းသားတွေ
🔹 Self-study လုပ်နေတဲ့သူတွေ
အတွက် အရမ်းကို အသုံးဝင်မယ့် website လို့ ထင်လို့ မျှဝေပေးလိုက်တာပါရှင့်✨
Website link 👇🏻
https://uniontestprep.com/ged-test/practice-test
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
GED science ကို one by one ဒါမှ မဟုတ် group class လေးတွေ ဈေးသက်သက်သာသာနဲ့ ဖွင့်ထားတာမို့ CB မှာ လာရောက် မေးမြန်း နိုင်ပါတယ်ရှင့်။ 🫶🏻🍀
Science နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ content တွေ တင်ကေးမှာမို့ page လေးကို follow လုပ်ထားပါဦးနော် 🫶🏻🍀
𝗜 𝗮𝗺 𝗡𝗲𝗲𝗸𝗼, 𝗮𝗻𝗱 𝘁𝗵𝗮𝗻𝗸 𝘆𝗼𝘂 𝗳𝗼𝗿 𝗯𝗲𝗶𝗻𝗴 𝗵𝗲𝗿𝗲.
13/03/2026
𝗗𝗶𝗿𝗲𝗰𝘁𝗹𝘆 𝗩𝗦 𝗜𝗻𝘃𝗲𝗿𝘀𝗲𝗹𝘆 𝗣𝗿𝗼𝗽𝗼𝘁𝗶𝗼𝗻𝗮𝗹
👩🏻🔬ဒီနေ့ Science မှာ graph တွေ data တွေ နဲ့ variables တွေရဲ့ ဆက်သွယ်ချက်တွေကို ကြည့်တဲ့အခါ အရမ်း အရေးကြီးတဲ့
Direct Proportion နဲ့ Inverse Proportion အကြောင်းကို ပြောပြသွားပါမယ်နော်။
ဒီ concept ကို နားလည်သွားပြီဆိုရင် equation ကို ကြည့်ရုံနဲ့ variables တွေ “များလာမလား၊ လျော့သွားမလား” ကို သိနိုင်ပါတယ်။
1️⃣ 𝗗𝗶𝗿𝗲𝗰𝘁𝗹𝘆 𝗣𝗿𝗼𝗽𝗼𝗿𝘁𝗶𝗼𝗻𝗮𝗹 ( 𝘆 = 𝗸𝘅 )
Equation ကို ကြည့်မယ်ဆိုရင်
𝘅 များလာမယ်ဆို → 𝘆 လည်း များလာမယ်
𝘅 နည်းသွားမယ်ဆို → 𝘆 လည်း နည်းလာမယ်
🔹ဒီလို ဆက်သွယ်မှုကို တိုက်ရိုက် အချိုးကျတယ် လို့ ခေါ်ပါတယ်။
ဥပမာ
𝗙𝗼𝗿𝗰𝗲 = 𝗺𝗮𝘀𝘀 𝘅 𝗮𝗰𝗰𝗲𝗹𝗲𝗿𝗮𝘁𝗶𝗼𝗻
Acceleration များလာမယ်ဆိုရင် Force လည်း များလာပါမယ် (mass က constant ဖြစ်တဲ့အခါ)
အဲ့လိုပဲ Mass တိုးလာရင် Force လည်း တိုးလာပါမယ် (acceleration constant)
📌 Force ကMass နဲ့ရော Acceleration နဲ့ရော တိုက်ရိုက်အချိုးကျပါတယ်။
2️⃣ 𝗜𝗻𝘃𝗲𝗿𝘀𝗲𝗹𝘆 𝗣𝗿𝗼𝗽𝗼𝗿𝘁𝗶𝗼𝗻𝗮𝗹 ( 𝘆 = 𝗸 / 𝘅 )
ဒီ equation ပုံစံမှာတော့
𝘅 များလာမယ်ဆို → 𝘆 နည်းလာမယ်
𝘅 နည်းသွားမယ်ဆို → 𝘆 များလာမယ်
🔹ဒီဆက်သွယ်ချက်ကို ပြောင်းပြန် အချိုးကျ လို့ ခေါ်ပါတယ်။
ဥပမာ
𝗦𝗽𝗲𝗲𝗱 = 𝗱𝗶𝘀𝘁𝗮𝗻𝗰𝗲 ÷ 𝘁𝗶𝗺𝗲
Time ကြာလာမယ်ဆိုရင် Speed က နည်းလာပါမယ် (distance constant)
ဒါပေမယ့် Distance များလာမယ်ဆိုရင် Speed က တိုးလာပါမယ် (time constant)
📌 ဒီမှာဆိုရင်
• Speed နဲ့ Time → inverse
• Speed နဲ့ Distance → direct
ဖြစ်ပါတယ်။
အရှင်းဆုံး ပြောရမယ်ဆိုရင် —
🔹ပိုင်းဝေမှာ ရှိရင် တိုက်ရိုက်
🔹ပိုင်းခြေမှာ ရှိရင် ပြောင်းပြန် အချိုးကျပါတယ်။
ဒီ logic ကို မှတ်ထားရင် GED Science မှာ equation ကြည့်ရုံနဲ့
relationship ကို ခန့်မှန်းနိုင်ပါတယ်နော်။
✍️ Concept Check (Comment မှာ ဖြေကြည့်ပါ)
𝗠𝗼𝗺𝗲𝗻𝘁𝘂𝗺 (𝗽) = 𝗺𝗮𝘀𝘀 × 𝘃𝗲𝗹𝗼𝗰𝗶𝘁𝘆
1️⃣ Velocity များလာရင် momentum က ဘာဖြစ်လာမလဲ?
2️⃣ Mass များလာရင် momentum က ဘာဖြစ်လာမလဲ?
3️⃣ Time ကြာလာရင် momentum ကို ဘယ်လို သက်ရောက်မှု ရှိမလဲ?
အဖြေကို comment မှာ ရေးခဲ့ပေးပါဦးနော် 🩷
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
GED or Highschool science ကို one by one ပဲ ဖြစ်ဖြစ် Group class ပဲ ဖြစ်ဖြစ် ဈေးသက်သက် သာသာ နဲ့ သင်ချင်တယ် ဆို page messenger မှာ စုံစမ်းနိုင်ပါတယ်ရှင့်။✨
I am Neeko, and thank you for being here. 🫶🏻🩷
12/03/2026
ဒီနေ့ အတွက် GED physical science / High school Physics ရဲ့ အရေးကြီးတဲ့ အပိုင်းတပိုင်း ဖြစ်တဲ့ Motion အကြောင်း share ပေးထားပါတယ်နော်။
ဒါလေးတွေ နားလည်ပြီဆို စာမေးပွဲမှာ အဆင်ပြေပါလိမ့်မယ်။
📌 Save this post for revision
📌 Especially useful for GED & high school science
✨ GED Science ကို self study လုပ်နေရင်း
နားမလည်တာတွေ ရှိရင် comment မှာ ရေးခဲ့လို့ရပါတယ်နော်။
🍀 Science နဲ့ ပတ်သက်ပြီး guide လိုအပ်တယ်ဆို Science with Neeko ရဲ့ page messenger မှာ ဆက်သွယ်နိုင်ပါတယ်။
This is Neeko. And, thank you for being here 🫶🏻
09/03/2026
စာလုပ်တယ်… မေ့သွားတယ်။
နောက်တစ်ခါ ထပ်ပြန်ကြည့်တယ်… ထပ်မေ့သွားတယ် 😅
စာသာ လုပ်တယ် ဘာမှ မမှတ်မိဘုး ဖြစ်နေလား?
အဲ့လို အခက်အခဲလေးကြုံနေရတယ် ဆိုရင်
ဒီနေ့ နီကို ပြောပြမယ့် study tip လေးကို အသုံးချကြည့်ပါနော် 🌱
📌 𝗦𝘁𝘂𝗱𝘆𝗶𝗻𝗴 𝗮𝗻𝗱 𝗨𝗻𝗱𝗲𝗿𝘀𝘁𝗮𝗻𝗱𝗶𝗻𝗴 𝘁𝗵𝗲 𝗰𝗼𝗻𝗰𝗲𝗽𝘁 𝘄𝗶𝘁𝗵 𝗿𝗲𝗮𝗹 𝗹𝗶𝗳𝗲 𝗲𝘅𝗮𝗺𝗽𝗹𝗲𝘀.
ဒီနည်းလေးကတော့
Topic တစ်ခု သင်ပြီးတိုင်း၊
Concept တစ်ခု လေ့လာပြီးတိုင်း
👉 တကယ့် နေ့စဉ်ဘဝမှာ ဘယ်လို အသုံးချနေလဲ ဆိုတာနဲ့ ချိတ်ပြီး မှတ်သားတဲ့ နည်းပါ။
🧪 ဥပမာ – Osmosis
သစ်သီးတစ်လုံးကို ဆားရည်ထဲ ထည့်ထားလိုက်တဲ့အခါ
👉 သစ်သီးက ပျော့သွားတယ်
👉 အရွယ်အစားလည်း ကျုံ့သွားတယ်
အဲ့ဒါ ဘာလို့လဲ။
သစ်သီးထဲမှာ ရှိနေတဲ့ ရေတွေက ဆားပြင်းအား (concentration) ပိုများတဲ့ ရေဘက်ကို ထွက်သွားတဲ့အတွက်ပါ။
ဒါဟာ
📌 osmosis ရဲ့ အခြေခံ concept ပဲ ဖြစ်ပါတယ်။
ဒီ concept ကို စားစရာတွေကို fermentation (အချဉ်ဖောက်) တဲ့အခါမှာသုံးပါတယ်။
အခုလို
✔ တကယ့် အပြင်လောကက ဥပမာတွေနဲ့ လေ့လာမယ်ဆို
✔ concept တွေကို ပိုနားလည်တယ်
✔ မေ့ဖို့လည်း မလွယ်တော့ပါဘူးနော်။
နောက်တစ်ခုကတော့
📌 အခုလို တကယ့် အပြင်လောကမှာ အသုံးပြုနေတာတွေကို visualize လုပ်ပြီး လေ့လာတာက စာကို မှတ်ထားရုံသာ မဟုတ်ဘဲ
👉 conceptual thinking
👉 application skills
တွေကိုပါ တစ်ပြိုင်နက်တည်း တိုးတက်စေပါတယ်။
ဒါကြောင့် Science concept တွေ လေ့လာတဲ့အခါ
ဒီနည်းလေးကို လက်တွေ့ အသုံးချကြည့်ဖို့ အကြံပြုချင်ပါတယ်နော် 🌱
💬 Comment မှာ ကိုယ်သိတဲ့ Science concept လေးတွေနဲ့
နေ့စဉ်ဘဝမှာ တွေ့ရတဲ့ application တွေကို မျှဝေပေးသွားလို့ရပါတယ်ရှင့် ✨
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
✨ Science concept တွေကို
ဒီလို နေ့စဉ်ဘဝနဲ့ ချိတ်ပြီး သင်ယူချင်ပါတယ်ဆို ရင် GED Science class အကြောင်းကို Messenger မှာ မေးမြန်းလို့ရပါတယ်နော် 🩷
I’m Neeko. Thank you for learning with me 🫶🏻
02/03/2026
𝗦𝘁𝘂𝗱𝘆 𝗧𝗶𝗽 𝗳𝗼𝗿 𝗦𝗖𝗜𝗘𝗡𝗖𝗘 𝗮𝗻𝗱 𝗿𝗲𝗹𝗮𝘁𝗲𝗱 𝘀𝘂𝗯𝗷𝗲𝗰𝘁𝘀.
ဒီနေ့ကတော့ စာလေ့လာရင် ကိုယ်တိုင်သုံးနေတဲ့ study tip လေးတစ်ခု ကို sharing လုပ်ပေးပါမယ်နော်။ အဲ့ဒါလေးကတော့
📌𝗔𝘀𝗸𝗶𝗻𝗴 𝗪𝗵𝗮𝘁--𝗛𝗼𝘄--𝗪𝗵𝘆 𝗤𝘂𝗲𝘀𝘁𝗶𝗼𝗻 𝗳𝗼𝗿 𝗲𝗮𝗰𝗵 𝘁𝗼𝗽𝗶𝗰 𝗼𝗿 𝗰𝗼𝗻𝗰𝗲𝗽𝘁.
စာလုပ်တဲ့ အခါ WHAT – HOW – WHY ဆိုတဲ့ မေးခွန်း ၃ ခုနဲ့ ခွဲပြီး စဉ်းစားကြည့်တဲ့ နည်းလေးပါ။ ဒီနည်းက concept grabbing လုပ်တဲ့ နေရာမှာ အရမ်း အသုံးဝင်ပါတယ်နော်။
1. WHAT – What happened? ဒီ step မှာ
🔹ဒီ topic က ဘာလဲ
🔹ဘာကို ဆိုလိုတာလဲ
🔹Objective (အဓိက ရည်ရွယ်ချက်) က ဘာလဲ ဆိုတာကို အရင်ဆုံး သိရပါမယ်။
2. HOW – How it happened?
WHAT ကို နားလည်ပြီဆိုရင်
🔹ဒီ process / concept က ဘယ်လို ဖြစ်လာတာလဲ
🔹အဆင့်လိုက် ဘယ်လို ဖြစ်သွားတာလဲဆိုတာကို လေ့လာရပါမယ်။
3. WHY – Why it happened?
✨ဒီ WHY step က Science မှာ cause & effect + reasoning ကို အမြဲဒွန်တွဲ လေ့လာရတာ မို့ အရေးကြီးဆုံး အဆင့်ပါ။
🔥WHY ကို နားလည်ရင် concept တကယ် မိသွားမှာ။
ဒီအဆင့်မှာက
🔹ဘာကြောင့် ဒီလို ဖြစ်လာတာလဲ?
🔹ဘာကြောင့် ဒီ concept က အရေးကြီးတာလဲ?
ပိုနားလည်သွားအောင် example လေးနဲ့ ကြည့်ရအောင့်နော်။
Example: Osmosis
📌WHAT
Osmosis is the movement of water across a semi-permeable membrane.
📌HOW
Water moves
➡️ from high water concentration
➡️ to low water concentration
📌WHY
Water moves to balance concentrations on both sides of the membrane.
WHY is it important?
✔ Keeps cells alive
✔ Helps plants stay firm
✔ Maintains balance in the body
Without osmosis, cells can: burst, shrink, stop working.
🧪Science related subjects တွေကို လေ့လာတဲ့အခါ စာလုပ်ပုံ မှားရင် ဘယ်လောက် ခက်ခဲလဲဆိုတာ ကိုယ်တိုင်လည်း ကျောင်းသူဖြစ်လို့ သိပါတယ်။ ခက်ခဲတဲ့ medical related subjects တွေကိုပါ ဒီလို 𝗪𝗵𝗮𝘁-𝗛𝗼𝘄-𝗪𝗵𝘆 method နဲ့ လေ့လာရင် လွယ်ကူပါလိမ့်နော်။ 🍀
ဒီ WHAT – HOW – WHY method လေးကို လက်တွေ့ အသုံးချကြည့်ပြီး concept ပိုမိလာစေဖို့ မျှော်လင့်ပါတယ်နော် 💙
✨ GED Science ကို အခုလို concept-based learning နဲ့ သင်ချင်တယ် ဆို messenger မှာ ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင့် ✨
I am Neeko, And thank you for being here 🫶🏻.
24/02/2026
𝗛𝗼𝘄 𝘁𝗼 𝗚𝘂𝗲𝘀𝘀 𝘁𝗵𝗲 𝗥𝗶𝗴𝗵𝘁 𝗮𝗻𝘄𝗲𝗿𝘀.
(𝗨𝘀𝗶𝗻𝗴 𝘁𝗵𝗲 𝗲𝗹𝗶𝗺𝗶𝗻𝗮𝘁𝗶𝗼𝗻 𝗿𝘂𝗹𝗲)
ဒီနေ့ကတော့ အဖြေ မသေချာတဲ့ အခါ စမတ်ကျကျ ဘယ်လို နံကြားထောက်မလဲ ဆိုတာ ကို ပြောပြပါမယ်။ 🙋🏻♀️
📌 အရေးကြီးဆုံးအချက်
အဖြေမှန်ကို အရင် မရှာပါနဲ့။
အဖြေမှားတွေကို အရင် ပယ်ပါ။
🔍 Tip 1: Extreme Words ကို သတိထားပါ။
အဖြေထဲမှာ
🔹always
🔹never
🔹all / none
🔹only
ဆိုတဲ့ စကားလုံးတွေ ပါလာရင်
📌 100% မှန်ရမယ့် အခြေအနေ မဟုတ်ရင် မှားနိုင်ချေ ပိုများပါတယ်။
🧮 Tip 2: Science Law ကို ချိုးဖောက်ရင် ပယ်ပါ
ဒါကတော့ ရှင်းပါတယ်— ဘာမှ စဉ်းစားစရာ မလိုပါဘူး။
📌 Science rule မလိုက်နာဘူးဆိုရင် ချက်ချင်း ပယ်
ဥပမာ –
Energy is created by hawks
Energy ကို ဖန်တီးလို့ မရပါဘူး။ Law of conservation of energy ကို မလိုက်နာလို့ပါ။
🧪Tip 3: Units က အဖြေကို ပြောပြတတ်တယ်။
မေးခွန်းက speed ကို မေးထားပြီး
🔹အဖြေမှာ Joules (J) လို unit တွေ ပါလာတာမျိူးပေါ့နော်။ ချက်ချင်း cross outပါ။
📊 Tip 4: Diagrams Are Hints, Not Decorations
ပုံတွေ၊ ဇယားတွေ၊ graph တွေ ပါလာပြီဆိုရင်
👉 သေချာ ကြည့်ပါ၊ သေချာ ဖတ်ပါ။
အဖြေတွေက diagram ထဲမှာပဲ ပါနေတာ များပါတယ်။
ပုံနဲ့ မကိုက်တဲ့ အဖြေ တွေဆို ပယ်ပါ။
ဘာမှားနေလဲ သိဖို့ ဆိုတာကလည်း စာရနေမှ၊ concept မိနေမှတော့ ရမှာပေါ့နော် 🤪
📌ဖြေနေရင်း အဖြေမှန်မမှန် ကိုလည်း ဒီ tips လေးတွေနဲ့ စစ်ဆေးလို့ရတာမို့ အသုံးဝင်မယ် ထင်ပါတယ်ရှင့်။
🍀စာမေးပွဲ အတွက် အသုံးဝင်မယ့် tips and tricks လေးတွေ တင်ပေးမှာဖြစ်လို့ follow လုပ်ထားပါနော်။
GED science online class ကိုလည်း စိတ်ဝင်စားရင် DM မှာ လာရောက် စုံစမ်းနိုင်ပါတယ်ရှင့်။ ✨
This is Neeko. And thank you for being here.🫶🏻
23/02/2026
𝗛𝗼𝘄 𝘁𝗼 𝗔𝗰𝗲 𝘁𝗵𝗲 𝗚𝗘𝗗 𝗦𝗰𝗶𝗲𝗻𝗰𝗲 𝗲𝘅𝗮𝗺.
ဒီနေ့တော့ GED Science စာမေးပွဲကို ချောချော မွေ့မွေ့ ဖြေနိုင်ဖို့ အရေးကြီးဆုံး rule တွေထဲက တစ်ခု ကို ပြောပြပါမယ်။
✅ Rule #1: Never leave the answer blank!
အဖြေ မသိရင်တောင် ဘယ်တော့မှ ကွက်လပ် မထားခဲ့ပါနဲ့။
ကိုယ် မသိတဲ့ မေးခွန်းတွေ ပါလာရင်
❌ မလန့်ပါနဲ့။
❌ ကွက်လပ် မထားခဲ့ပါနဲ့။
GED Science မေးခွန်းတွေမှာ
👉 အဖြေကို မေးခွန်းသေချာ ဖတ်ရင် သိနိုင် ၊ ခန့်မှန်းနိုင်ပါတယ်နော်။
🔹Example လေးကို ကြည့်ရအောင်။
In a grassland ecosystem, grass is eaten by rabbits.Rabbits are eaten by snakes, and snakes are eaten by hawks. If a disease greatly reduces the rabbit population, what is the most likely effect on the ecosystem?
A. The grass population will decrease
B. The grass population will increase.
C. The snake population will increase.
D. Energy will be created by hawks.
မသေချာတဲ့ မေးခွန်းကို ဘယ်လို guess မလဲ?
Step 1️⃣ – လုံးဝ မဖြစ်နိုင်တဲ့ အဖြေတွေကို ပယ်ပါ။
Step 2️⃣ – ကျန်တဲ့ အဖြေတွေထဲက reasonable အဖြစ်ဆုံး အဖြေကို ရွေးပါ။
🔹GED Science မှာ မှားဖြေလို့ အမှတ်ပိုလျှော့တာမျိုး မရှိပါဘူး။
ဒါကြောင့် ခန့်မှန်းတာက ကွက်လပ်ထားခဲ့တာထက် အမြဲကောင်းပါတယ်။
အဖြေလေးကို comment မှာ ရေးခဲ့ပေးလို့ရပါတယ်ရှင့်။
နောက်နေ့ တွေမှာလည်း exam strategy လေးတွေ တင်ပေးပါမယ်ရှင့်။
I am Neeko. And thank you for being here.🫶🏻
If you are interested in joining GED science classes, please DM me.✨
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Science with Neeko โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ
สมัครรับข่าวสาร
เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Chiang Rai