EPL Myanmar Hub

EPL Myanmar Hub

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก EPL Myanmar Hub, เว็บไซต์ข่าวและสื่อ, Chiang Rai.

22/09/2024

England Premier League(2024-25)
Match Week 5
Man City vs Arsenal
22 sep 2024
မြန်မာစံတော်ချိန်ည ၁၀ နာရီ

မန်ချက်စတာမြေမှာအကဲလာစမ်းအုံးမဲ့အာဆင်နယ်

ဒီပွဲကတော့ပွဲမစခင်ကတည်းကနှစ်ဖက်နည်းပြတွေကစားသမားတွေရဲ့စကားပြောဆိုမှုတွေကြောင့် စိတ်ဝင်စားမှုအမြင့်ဆုံးအနေအထားကိုရောက်ရှိနေခဲ့ပါပြီ။

စီးတီးရဲ့အဓိကကစားသမားဖြစ်တဲ့ကယ်ဗင်ဒီဘရိုင်းမပါဝင်နိုင်မှုကလဲစီးတီးကိုဘယ်လောက်အထိသက်ရောက်နိုင်မလဲဆိုတာကလဲစိတ်ဝင်စားစရာပါဘဲ။

အာဆင်နယ်အသင်းအနေနဲ့အခုချိန်မှာခံစစ်ကလုံးဝစိတ်ချရတဲ့အနေအထားမှာမလို့ စီးတီးရဲ့တိုက်စစ်နဲ့အာဆင်နယ်ရဲ့ခံစစ်တ်ို့အားပြိုင်မှုတွေကိုတွေ့ရမှာပါ။
နောက်ပိုင်းနှစ်တွေရဲ့အပြင်းထန်ဆုံးအားပြိုင်မှုအဖြစ်တွေ့ကြရမဲ့ဒီပွဲမှာအာဆင်နယ်အသင်းကတော့အိမ်စာတွေကိုကြေညက်နေအောင်လုပ်ပြီးထားလောက်ပြီထင်ပါတယ်ဗျ။

ဘော်ဒါတို့ညီအကိုတို့အနေနဲ့ဘယ်သူကဘာလဲဆိုတာဒီည၁၀နာရီမှာတွေ့ကြရတော့မှာဘဲဖြစ်ပါတယ်။

15/09/2024

Premier League(2024-2025)
Matchweek 4
Tottenham Hotspur vs Arsenal (Match Preview)
14 Sep 2024 7:30(MMT)

မြောက်လန်ဒန် ဒါဘီမှာ ဘယ်သူအသာစီးရယူသွားမှာလဲ?

ဒီတစ်ခေါက်ကတော့ မြောက်လန်ဒန်ဒါဘီရဲ့ ၁၉၆ကြိမ်မြောက် တွေ့ဆုံမှုပါ။အာဆင်နယ်အသင်းကတော့ အဓိကကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင် Martin Odegaardကတော့ နိုင်ငံတကာပွဲစဉ်မှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဒီပွဲကိုလွဲချော်မှာပါ။ ကွင်းလယ်အဓိက ကစားသမားဖြစ်တဲ့ Declan Riceကလည်း ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲက ရရှိခဲ့တဲ့အနီကတ်ကြောင့် ဒီနေ့ပွဲစဉ်မှာပါဝင်ခွင့်ရမှာမဟုတ်ပါဘူး။ အသစ်ခေါ်ယူထားတဲ့ ကစားသမားသမားတွေဖြစ်တဲ့ Mikel Merinoနဲ့ Calafioriတို့ကလည်း ပါဝင်လာဖို့မသေချာလို့ ဒီပွဲမှာ အာဆင်နယ်ကွင်းလယ်ပိုင်းကတော့ အဓိကပြသာနာဖြစ်လာနိုင်ပါတယ်။

စပါးအသင်းဘက်မှာကတော့ ဘရာဇီးတိုက်စစ်ကစားသမား ဖြစ်တဲ့ Richarlison ဒဏ်ရာအခြေအနေအရ ပါဝင်လာဖို့မရှိပေမဲ့ ဒီရာသီမှာမှ အသစ်ခေါ်ယူထားတဲ့ Solankeကပဲ ဒီနေ့ပွဲရဲ့အဓိကတိုက်စစ်မှူးအဖြစ် ရှိနေမှာဖြစ်လို့ ပုံမှန်ပွဲထွက်ကစားသမားအခင်းအကျဉ်း နဲ့ပဲ ဒီနေ့ပွဲစဉ်ကို ချဉ်းကပ်လာဖွယ်ရှိပါတယ်။

ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ ဒီနှစ်ပိုင်းတွေမှာ အာဆင်နယ်အသင်းကအသားစီးရရှိထားတယ်လို့ဆိုနိုင်ပါတယ်။နောက်ဆုံးတွေ့ဆုံမှု ၅ကြိမ်မှာ အာဆင်နယ်အသင်းကသုံးပွဲနိုင် တစ်ပွဲသရေနဲ့ စပါးအသင်းကတစ်ပွဲအနိုင်ရရှိထားပါတယ်။

ရာသီစပွဲစဉ်တွေမှာတော့ စပါးအသင်းက အဝေးကွင်းမှာ လက်စတာကိုသရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရသလို နယူးကာဆယ်အသင်းကိုလည်း အဝေးကွင်းမှာ ၂-၁ဆိုတဲ့ရလာဒ်နဲ့ အရေးနိမ့်ထားပါတယ်။အိမ်ကွင်းပွဲစဉ်ဖြစ်နဲ့ အဲဗာတန်နဲ့ပွဲမှာကတော့ ၄ဂိုးပြတ်နဲ့ အနိုင်ယူထားလို့ အိမ်ကွင်းကစားအားကောင်းတဲ့အသင်းလို့ဆိုနိုင်ပါတယ်။ နောက်ဆုံးအကြိမ် အာဆင်နယ်အသင်းကို အနိုင်ရရှိမှုကလည်း အိမ်ကွင်းမှာ၃ဂိုးပြတ်နဲ့ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ရာသီစပွဲစဉ်မှာ ဝုဗ်အသင်းကို အိမ်ကွင်းမှာ ၂-၀ဆိုတဲ့ရလာဒ်တဲ့အနိုင်ယူထားသလို အက်စတွန်ဗီလာကိုလည်း ၀-၂ဆိုတဲ့ရလာဒ်နဲ့ပဲ အဝေးကွင်းမှာအနိုင်ရရှိထားပြန်ပါတယ်။နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်နဲ့ပွဲမှာတော့ အိမ်ကွင်းမှာ ၁-၁ဆိုတဲ့ရလာဒ်ရရှိထားပါတယ်။ အာဆင်နယ်အသင်းရဲ့ အစဉ်အလာအရ အသင်းကြီးတွေနဲ့တွေ့ဆုံမှုမှာ အဝေးကွင်းအားနည်းတတ်တဲ့အသင်းဖြစ်တဲ့အပြင် အဓိကကစားသမားလွဲချော်မှုတွေလည်းရှိနေလို့ ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာကတော့ အာဆင်နယ်အသင်းက အဝေးကွင်းမှာ စပါးအသင်းကို ၂-၃ဆိုတဲ့ ရလာဒ်နဲ့အနိုင်ရရှိထားပါတယ်။

လက်ရှိ အမှတ်ပေးဇယားအနေအထားမှာကတော့ စပါးအသင်းက ၁ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံးနဲ့ အာဆင်နယ်အသင်းကတော့ ၂ပွဲနိုင် ၁ပွဲသရေ ရရှိထားကြပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မြောက်လန်ဒန်ဒါဘီရဲ့ ၁၉၆ကြိမ်မြောက်တွေ့ဆုံမှုမှာ စပါးအသင်းကပဲ ယုတ်လျော့နေတဲ့ အာဆင်နယ်ရဲ့ကွင်းလယ်ကို အခွင့်ကောင်းယူပြီး အနိုင်ရရှိသွားမှာလား၊ အာဆင်နယ်အသင်းကပဲ ပိုကောင်းတဲ့ စုဖွဲ့မှုနဲ့ပဲ အသာစီးရယူသွားနိုင်မှာလား ဆိုတာကတော့ ဒီနေ့ Super Sundayရဲ့ အကောင်ဆုံးပွဲစဉ်တစ်ပွဲအဖြစ် စောင့်ကြည့်သွားရမှာပါ။

14/09/2024

သရဲနီတို့ကတော့စားသုံးသွားခဲ့ပါပြီ

ပထမပိုင်းနာရီဝက်လောက်မှာအေဂျက်ဇ် B အသင်းဖြစ်ခဲ့ပေမဲ့ အဆုံးမှာတော့ယူနိုက်တက်တို့ပါပဲ

Photos from EPL Myanmar Hub's post 14/09/2024

ဒီတစ်ပါတ်ရဲ့အစောဆုံးပွဲ…

သူတော်စင်တို့သရဲနီတွေကိုအခက်တွေ့အောင်လုပ်နိုင်မလား

Southampton - Man Utd

10/09/2024

ဒီဘဲကြီးအဲဗာတန်ကပြောင်းလာတော့သတိထားမိပါတယ်😄

အဲ့တုံးကအဲဗာတန်ဆိုတာနဲ့နဲနဲတော့ဖင်ကျုံ့မိသားဗျ

07/09/2024

ဘယ်သူ့ကိုပြေးမြင်လဲ

ဥရောပမှာဗိုလ်ဝင်ခံဖူးတဲ့တစ်ခုထဲသောလန်ဒန်ကလပ်😄

05/09/2024

ပွဲမရှိတဲ့ညတွေပျင်းစရာကောင်းလွန်းလှပါတယ်

04/09/2024

ကဲ ဒီည ကိုယ်တွေPLကဘယ်သူတွေပါမယ်ထင်လဲ….

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Chiang Rai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Chiang Rai
57100