Robin Sports
အားကစားသတင်းများ
09/08/2026
အလူးအလဲပူးတွဲသရေဆိုတာ ကျောက်ခေတ်ကစည်းမျဉ်းပါ မရှိသင့်တော့ပါဘူး
ထွန်းမင်းအောင်နဲ့ ရာမန်တို့ ခါးပတ်လုပွဲထိုးပြီး ဘယ်သူမှ မနိုင်ပဲ အလူးအလဲပူးတွဲသရေကျတာက ဘာအဓိပ္ပာယ်မှမရှိပါဘူး။ အားကစားဆိုတာ နိုင်ရင်နိုင် ရှုံးရင်ရှုံး နှစ်ခုပဲရှိပြီး သရေဆိုတာက ကစားသမားတွေကို လေးစားမှုကင်းမဲ့တာပါ။ မြန်မာ့လက်ဝှေ့မှာ အလူးအလဲပူးတွဲသရေစနစ်ကို ဖျက်သိမ်းပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်စနစ်တွေဆီ ပြောင်းလဲသင့်နေပြီဆိုတာ ငြင်းကွယ်လို့မရတဲ့ အမှန်တရားပါပဲ။ ပူးတွဲသရေဆိုတာ ရှေးခေတ်တုန်းက နည်းပညာတွေနဲ့ အမှတ်ပေးဒိုင်စနစ်တွေ သေချာမဖွံ့ဖြိုးသေးတဲ့ အချိန်တုန်းက ပေါ်ပေါက်ခဲ့တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
အဲဒီတုန်းက အလဲထိုးမှနိုင်တဲ့ စည်းမျဉ်းနဲ့ ယှဉ်ပြိုင်ကြတာဖြစ်လို့ ငါးချီပြည့်သည်အထိ တစ်ယောက်ယောက် လဲမသွားဘူး၊ အလဲမထိုးနိုင်ဘူးဆိုရင် ဘယ်သူ့ကို အနိုင်ပေးရမလဲ ဆုံးဖြတ်ရခက်တာမို့ ပူးတွဲသရေလို့ သတ်မှတ်ခဲ့တာ လုံးဝမှန်ပါတယ်။ ဒါပေမဲ့ ခေတ်သစ်အားကစားလောကဆီ ရောက်လာတဲ့အခါမှာတော့ ဒီစနစ်ဟာ ခေတ်နောက်ကျကျန်ခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားတဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။ ပထမဦးစွာ ပူးတွဲသရေစနစ်ဟာ ကစားသမားတွေရဲ့ ပေးဆပ်မှုကို လုံလောက်တဲ့ အသိအမှတ်ပြုမှု မပေးနိုင်ပါဘူး။ ပွဲတစ်ပွဲအတွက် ကစားသမားတစ်ယောက်ဟာ လပေါင်းများစွာ လေ့ကျင့်ခန်းတွေ မနားတမ်းဆင်း၊ ခန္ဓာကိုယ်ကို စနစ်တကျပြင်ဆင်ပြီး အသက်နဲ့ခန္ဓာကို ပေးအပ်ကာ ကစားကြရတာပါ။
ငါးချီလုံး ယှဉ်ပြိုင်ခဲ့ပြီးမှ အလဲမထိုးနိုင်လို့ သရေဆိုတဲ့ ရလဒ်တစ်ခုတည်းနဲ့ ပြီးဆုံးသွားတာဟာ ကစားသမားတွေရဲ့ ကြိုးစားမှုကို မျက်ကွယ်ပြုရာ ရောက်ပါတယ်။ ဒုတိယအချက်အနေနဲ့ ပွဲကြည့်ပရိတ်သတ်တွေရဲ့ စိတ်ကျေနပ်မှုကို မပေးနိုင်ပါဘူး။ ပရိသတ်တွေဟာ ဘယ်သူနိုင်မလဲဆိုတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကို လိုချင်လို့ လာရောက်ကြည့်ရှုကြတာပါ။ မကျေပွဲတွေနဲ့ စိန်ခေါ်ပွဲတွေမှာ မိနစ်ပေါင်းများစွာ အပြန်အလှန်ထိုးသတ်ပြီးမှ ရလဒ်က ပူးတွဲသရေဆိုရင် ကြည့်ရှုသူတွေအတွက် အကောင်းဆုံး စိတ်ကျေနပ်မှု မရဘဲ ပွဲရဲ့ အရသာ ပျက်စီးသွားရပါတယ်။ အနိုင်အရှုံးငြင်းခုံတာက ငြင်းခုံတာ သက်သက်ပါ။ ဒါမှပဲ ဖျော်ဖြေမှုရှိမှာ ဖြစ်ပြီး ပူးတွဲသရေဆိုရင် ငြင်းခုန်တာမရှိတော့တဲ့အတွက် ပိုတောင်ပျင်းစရာကောင်းပါတယ်။
တတိယအချက်ကတော့ ကမ္ဘာ့အဆင့်မီ စနစ်များရဲ့ စံချိန်စံညွှန်းများနှင့် သွေဖည်နေခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲတွေနဲ့ တခြား ကမ္ဘာ့လက်ဝှေ့အဖွဲ့အစည်းတွေမှာ ၁၀ မှတ်ပေးစနစ် ဒါမှမဟုတ် ဒိုင်သုံးဦးရဲ့ အကဲဖြတ်စနစ်ကို သုံးပြီး ပြတ်သားတဲ့ အနိုင်အရှုံး ရလဒ်ကို ဖော်ထုတ်ကြပါတယ်။ မြန်မာ့လက်ဝှေ့ကို ကမ္ဘာက ပိုမိုသိရှိ အသိအမှတ်ပြုလာစေဖို့ဆိုရင် အားကစားတစ်ခုရဲ့ ရလဒ်ဟာ သံသယဖြစ်စရာမလိုဘဲ တိကျပြတ်သားမှု ရှိဖို့ လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ အလဲမထိုးနိုင်ရင် သရေဆိုတဲ့ စနစ်ရှိနေသမျှ ကစားသမားအချို့ဟာ ပွဲပြီးခါနီးအချိန်တွေမှာ အနိုင်ရဖို့အတွက် ဗျူဟာကျကျ ထိုးသတ်တာထက် မလဲရင်ပြီးရောဆိုတဲ့ အကွက်မျိုးနဲ့ အချိန်ဆွဲ တက်သာတာမျိုးတွေ လုပ်လာနိုင်ပါတယ်။ အမှတ်ပေးစနစ် ပြတ်ပြတ်သားသားရှိရင်တော့ ကစားသမားတွေဟာ တစ်ပွဲလုံး စနစ်တကျ နည်းဗျူဟာသုံးပြီး အမဲလိုက်သလို အမှတ်ရအောင် ကြိတ်ရမှာမို့ နည်းစနစ်ပိုင်း ပိုမိုတိုးတက်လာမှာပါ။ ဒါကြောင့် အလဲထိုးမှနိုင်တဲ့ မြန်မာ့လက်ဝှေ့က ပျင်းစရာကောင်းပြီး ဝမ်းက အမှတ်ပေးပွဲတွေက ပိုကြည့်ကောင်းနေတာကို မြင်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့လက်ဝှေ့ရဲ့ ရိုးရာနဲ့ အနှစ်သာရကို ထိန်းသိမ်းတာ ကောင်းသော်လည်း ပူးတွဲသရေစနစ်ကိုတော့ အတိတ်မှာပဲ ထားခဲ့သင့်ပါပြီ။ ဒိုင်အဖွဲ့အစည်းတွေအနေနဲ့ ၁၀ မှတ်ပေးစနစ်ကို ပိုမိုတိကျစွာ ကျင့်သုံးခြင်း၊ ငါးချီပြီးလို့ အမှတ်တူနေပါက အပိုတစ်ချီ ထပ်မံကစားစေခြင်း သို့မဟုတ် ဒိုင်အများစုရဲ့ ဆုံးဖြတ်ချက်နဲ့ အနိုင်အရှုံး ပြတ်သားစွာ ဆုံးဖြတ်ပေးခြင်းစတဲ့ ခေတ်မီစနစ်တွေကို အစားထိုးမှသာ မြန်မာ့လက်ဝှေ့ဟာ ပိုမိုဆွဲဆောင်မှုရှိပြီး ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
Robin Sports
ဂိမ်းဆော့တာ အကျိုးမရှိဘူးဆိုတဲ့သူတွေကို ဒေါ်လာငါးသိန်းယူပြီး အသံတိတ်စေခဲ့တဲ့ YG
PUBG မှာ ကမ္ဘာ့ချန်ပီယံဖြစ်ပြီးနောက် MLBB မှာပါ ကမ္ဘာ့ချန်ပီယံထပ်ဖြစ်နိုင်တဲ့ Yangon Galacticos
အာဆင်နယ်သာ ဗီနီစီးယက်စ်ကိုသာ ရသွားရင် ၁၉ သင်းဖန်တွေ ကြောက်ဒူးတုန်နေရတော့မှာပါ
ရော်နယ်ဒိုကို Idol ထားပေမယ့် GOAT အစစ်ကတော့ မက်ဆီပါလို့ဆိုတဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားသစ် ဒီယွန်မန်ဒီ
မက်ဆီရဲ့အာဂျင်တီးနားကို ကမ္ဘာ့ဖလားကနေပိတ်ပင်ဖို့ လူပေါင်းသန်း ၂၀ ကျော်တောင်းဆိုတယ်ဆိုတာ တကယ်လား ဆန်းစစ်ခြင်း
တတိယနေရာလုပွဲက သွင်းဂိုးတွေနဲ့ အမ်ဘာပေရွှေဖိနပ်ဆုရသွားတာက မက်ဆီအတွက် မတရားဘူးလို ဆိုလိုက်တဲ့ ရွန်းနီ
မက်ဆီ ကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်ဆွတ်ခူးမယ်၊ ရွှေဘောလုံးလည်းရမယ်ဆို ဘာပြောမလဲ
ရီးရဲလ်နောက်ခံလူ ကူကူရယ်လာက ဖိုင်နယ်မှာ မက်ဆီကို အေးဆေးထိန်းပြပြီး စပိန်ဗိုလ်စွဲမယ်လို့ ဟောကိန်းထုတ်လာတဲ့ တယ်ရီ
ဘုရားသခင် စောင်မမှုကြောင့် ကမ္ဘာ့ဖလားဖိုင်နယ်ကို တက်လာတာဖြစ်ကြောင့် ဝန်ခံချက်ပြုလုပ်လာတဲ့ မက်ဆီ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
XVF5+63P, Tambon Ban Du, Amphoe Mueang Chiang Rai, Chang Wat Chiang Rai 57100
Chiang Rai