Baby Gu Guu
မဂ်လာပါ Baby Gu GuuPage မှကြိုဆိုပါတယ်ရှင့်
26/01/2026
ကလေးကို ရို၊က်နှက်ဆုံးမပြီးတဲ့နောက်မှာ အိပ်ပျော်သွားတက်တာဟာ သူ "နားလည်သွားလို့" ဒါမှမဟုတ် သူ "စိတ်ချမ်းသာသွားလို့" မဟုတ်ပါဘူး။ တကယ်တော့ ဒါဟာ ကလေးရဲ့ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာက နာကျင်မှုကို မခံစားနိုင်တော့လို့ အလိုအလျောက် ခုခံကာကွယ်လိုက်တဲ့ (Defense Mechanism) ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ 💔
ပိုပြီးနားလည်လွယ်အောင် တစ်ချက်ချင်း ရှင်းပြပေးထားပါတယ် -
🧠 ၁။ "လွတ်လမ်းမရှိတော့တဲ့" အခါ ဦးနှောက်က ရပ်တန့်သွားတတ်တယ်
ကလေးတစ်ယောက်ဟာ အပြင်းအထန် အရိုက်ခံရတာ ဒါမှမဟုတ် ခြိမ်းခြောက်ခံရတဲ့အခါ သူ့စိတ်ထဲမှာ "အန္တရာယ်ရှိနေပြီ၊ ဒါပေမဲ့ ငါ ဘယ်လိုမှ ပြေးလို့မလွတ်ဘူး" ဆိုတာကို သိသွားပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်က နောက်ဆုံးလက်နက်ဖြစ်တဲ့ Freeze / Shut down (အကုန်ရပ်ဆိုင်းလိုက်ခြင်း) ကို သုံးလိုက်တာပါ။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို ဆက်မခံစားရအောင် အိပ်စက်ခြင်းနဲ့ "အသိစိတ်ကို ခဏဖြတ်တောက်လိုက်ခြင်း" ဖြစ်ပါတယ်။
😢 ၂။ စိတ်ခံစားချက်တွေ အလွန်အမင်း ပြင်းထန်လာခြင်း (Emotional overload)
ကလေးတွေမှာ လူကြီးတွေလို စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း မရှိသေးပါဘူး။ ကြောက်စိတ်၊ ဝမ်းနည်းစိတ်၊ အရှက်ရတာနဲ့ နာကျင်တာတွေ အားလုံး တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာတဲ့အခါ ဦးနှောက်က ဒီဒဏ်ကို လျှော့ချဖို့ ခန္ဓာကိုယ်ကို အားအင်ကုန်ခမ်းသွားစေပြီး အိပ်ငိုက်စေတဲ့ ဓာတ်ပစ္စည်းတွေ ထုတ်လွှတ်ပေးလိုက်တာပါ။ ဒါဟာ စိတ်သောကကနေ ခဏတာ ထွက်ပြေးရုန်းထွက်ခြင်း တစ်မျိုးပါပဲ။
🛑 ၃။ လက်လျှော့အရှုံးပေးလိုက်ခြင်း (Learned helplessness)
ကလေးအချို့ဟာ "ငါ ဘာပဲလုပ်လုပ် ဒီနာကျင်မှုကို ရပ်တန့်လို့မရဘူး" ဆိုတာကို သင်ယူမိသွားပါတယ်။ အဲဒီအခါ ဦးနှောက်က "လက်လျှော့လိုက်ဖို့" ဆုံးဖြတ်ပြီး အရာအားလုံးကို ပိတ်ချလိုက်ပါတယ်။ ဒါကြောင့် အိပ်ပျော်သွားတာဟာ အမှားကို နောင်တရတာမဟုတ်ဘဲ "လုံးဝလက်လျှော့ အရှုံးပေးလိုက်တဲ့" လက္ခဏာသာ ဖြစ်ပါတယ်။
💔 ၄။ ကလေးက ပိုနားလည်သွားတာ ဒါမှမဟုတ် ပိုမှတ်မိသွားတာ မဟုတ်ပါဘူး
တကယ်တော့ အပြန်အလှန်ပါပဲ။ အရိုက်ခံရပြီးနောက် အိပ်ပျော်သွားတဲ့ကလေးတွေဟာ ကြောက်ရွံ့မှုကို စိတ်ထဲမှာ အနက်ရှိုင်းဆုံး သိမ်းဆည်းထားတတ်ကြပါတယ်။ သူတို့ဟာ ကိုယ်လုပ်တဲ့အမှားထက် လူကြီးတွေကို ပိုကြောက်လာကြပြီး၊ ကြီးလာတဲ့အခါ ဖိအားတွေနဲ့ ကြီးပြင်းလာရတာ ဒါမှမဟုတ် စိတ်ခံစားချက်ကို ထုတ်မပြောရဲတာမျိုး ဖြစ်တတ်ပါတယ်။
🌱 မိဘများအတွက် အရေးကြီးဆုံး အကြံပြုအချက်
ကလေးတွေအတွက် အလိုအပ်ဆုံးက "လုံခြုံမှု" ပါ။ အပြုအမူတစ်ခုကို ပြင်ဆင်ပေးချင်ရင် ကြောက်ရွံ့အောင်လုပ်တာထက် အကျိုးအကြောင်းနဲ့ ရှင်းပြပေးတာက ပိုထိရောက်ပါတယ်။ နားလည်မှုကနေလာတဲ့ စည်းကမ်းဟာ နာကျင်မှုကြောင့် ကြောက်လို့လိုက်နာရတဲ့ စည်းကမ်းထက် ကလေးရဲ့ ဘဝတစ်လျှောက်လုံးမှာ ပိုပြီး အမြစ်တွယ် ခိုင်မြဲစေလို့ပါပဲ။
ဒီအကြောင်းကို သားသမီးအတွက် စိုးရိမ်စိတ်နဲ့ ဖတ်ရှုနေတာဆိုရင်တော့ သင့်ကို ချီးကျူးပါတယ် 🤍
ဒါဟာ ကလေးတစ်ယောက်ရဲ့ "တိတ်ဆိတ်နေတဲ့ အသံ" ကို သင် နားထောင်ပေးနေတာပါပဲ။
MON SOUNG
#ကလေး
26/11/2025
အမလေး
ကလေးတစ်ယောက်ထိန်းတာများ
ဘာခက်လို့လဲ?
ကိုယ်မွေးထားတဲ့ ကလေး ကိုယ်ထိန်းရတာကို
အမေဖြစ်ပြီး ညည်းညူနေလိုက်တာလို့
ဘယ်သူတွေပြောလဲသိလား .🤨
တကယ်မထိန်းဖူးတဲ့သူတွေ ပြောတာ
တကယ်တန်း ကလေးကို ၂၄နာရီ
နေ့စဉ်မပြတ် ထိန်းနေရတဲ့ အမေတွေ
အဲ့လိုပြောမထွက်နိုင်ဘူး
ငယ်တုန်းကလည်း ငယ်တဲ့အလျှောက်
နေ့ညမှားလို့
တခါတေလနို့စို့နည်းလို့
ညညဆိုဘာမှန်းမသိ အော်ငိုနေလို့
ဒီမေမေတွေပဲ မျက်တွင်းဟောက်ပက်နဲ့
တစ်ညလုံး ပေါင်ပေါ်တင်ပြီး
မချရဲအောင် ငုတ်တုပ်ငိုက်ခဲ့ရတာ😴😴
အမေနို့ပဲစို့တဲ့ ကလေးမို့
ကိုယ့်မှာ ကိုယ်တစ်ခြမ်းစောင်းပြီး
နို့ တိုက်ရလွန်းလို့လက်မောင်းကိုက်
ခါးမျက်ပြီးနာ
ဒီဒုက္ခတွေသူတို့မသိဘူး
ကြီးလာတော့လည်း ကြီးတဲ့အလျှောက်
💧ထမင်းမစားလို့ စိတ်ညစ်ရ
💧အအိပ်နည်းပြီး အဆော့မက်နေလို့စိတ်ပူရ
💧ဆော့ကစားရင်း ဘယ်နားဘာဖြစ်မလဲမသိနိုင်လို့
မျက်ခြေမပြတ် နောက်ကလိုက်ရနဲ့
ညအိပ်နေရင်လည်း
ယောင်ပြီး "တဟင့်ဟင့်"လုပ်နေရင်
ဖင်လေးပုတ်ပေးပြီး ပြန်သိပ်ဖို့အတွက်
ကိုယ့်မှာ နိုးနိုးကြားကြားအိပ်ရသေးတယ် ..😫
စိတ်ရော လူရော အနားမရဘူး
ဒါတောင် အခုရေးတာ အကြမ်းဖျင်းပဲ ရှိသေးတာနော်
ဒါဆို ဘာလို့မွေးနေသေးလဲမမေးနဲ့ဦး
အဲ့လို စိတ်ပင်ပန်း လူပင်ပန်းရတာတွေရှိသလို
ကိုယ့် ဗိုက်ထဲက ထွက်လာတဲ့ လူသားလေး
တစ်နေ့တစ်နေ့ လူဖြစ်လာတာကို
ထိုင်ကြည့်နေရတဲ့ ပီတိက အနှိုင်းအဆမဲ့ပဲ☺
မယုံရင် မွေးကြည့်ပါ
ရသတွေ အစုံရစေ့မယ်..😄
💧တခါတလေ ရူးချင်တယ်
💧တခါတလေ အော်ငိုချင်တယ်
💧တခါတလေ ထွက်ပြေးချင်တယ်
ဒါပေမယ့်
သူလုပ်နေတာလေးတွေကြည့်ပြီး
သူလေးကြီးပြင်းလာတာကို ကြည့်ပြီး
💧မွေးရကျိုးနပ်လိုက်တာ
💧ချစ်လိုက်ရတာ
💧စိတ်ချမ်းသာလိုက်တာ
ငါ့ဘဝက ငါ့ကလေးကြောင့်
ပြည့်စုံနေပြီ ဆိုတဲ့စိတ်တွေပေါ်လာပြန်တော့
ခုနက စိတ်ညစ်စရာတွေပျောက်ပြီး
ဘဝက ပျော်စရာအတိဖြစ်နေပြန်ရော ☺
23/05/2025
မိဘတိုင်းနီးပါး ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကတော့ Toddlersအရွယ် ကလေးငယ်တွေက ပြောစကားနားမထောင်တာပါပဲ။ အဲ့ဒီအချိန်မှာ မိဘတွေအနေနဲ့ စိတ်ဆိုးဒေါသထွက်တာ၊ အော်ငေါက်တာ၊ ရိုက်တာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို စကားနားမထောင်တာမျိုးတွေဖြစ်တာက ပုံမှန်ဖြစ်ပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်နဲ့ သက်ဆိုင်ပါတယ်။ ကလေးတွေက မိဘတွေရဲ့ စကားကို နားမထောင်တိုင်း၊ လိုက်မလုပ်တိုင်း သူတို့က ဖေဖေ မေမေကို ဆန့်ကျင်နေတာမဟုတ်ပါဘူး။ သူတို့ရဲ့ ဖွံ့ဖြိုးမှုအဆင့်ကြောင့် ဖြစ်နိုင်တာကို နားလည်ပေးဖို့ အရေးကြီးပါတယ်။
ဒါဆိုကလေးငယ်တွေက ဘာကြောင့်စကားနားမထောင်တာလဲဆိုတဲ့အကြောင်းအရင်းလေးတွေကို သိဖို့လိုပါတယ်။ ဆက်ကြည့်ကြရအောင်နော်။
1️⃣ ပထမအချက်က ဦးနှောက်ဖွံ့ဖြိုးမှု မပြည့်စုံသေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ Toddler အရွယ် (၁-၃ နှစ်) ကလေးတွေရဲ့ ဦးနှောက်က ဆင်ခြင်တုံတရားနဲ့ ထိန်းချုပ်မှုစွမ်းရည် (self-control) မဖွံ့ဖြိုးသေးပါဘူး။ သူတို့က လုပ်ချင်တာကိုချက်ချင်းလုပ်ဆောင်တတ်ပြီး စည်းမျဉ်းတွေကို နားလည်ဖို့ ခက်ခဲပါတယ်။
2️⃣ ဒုတိယအချက်က စိတ်လှုပ်ရှားမှုကို မထိန်းနိုင်သေးလို့ဘဲဖြစ်ပါတယ်။ ဒီအရွယ်မှာ ကလေးတွေဟာ စိတ်ခံစားမှုကို ထိန်းချုပ်ဖို့ မတတ်နိုင်သေးပါဘူး။ ဒါကြောင့် သူတို့ဟာ စိတ်ဆိုးတာ၊ ငိုတာ၊ အော်တာတွေ လုပ်တတ်ပါတယ်။
3️⃣ တတိယအချက်က သူတို့လေးတွေရဲ့ အာရုံစူးစိုက်မှုကာလတိုတောင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Toddler တွေရဲ့ အာရုံစိုက်နိုင်စွမ်းက အလွန်တိုတောင်းပါတယ်။ သူတို့က တစ်ခုခုကို ခဏပဲ အာရုံစိုက်နိုင်ပြီး အလွယ်တကူ ပြောင်းသွားတတ်ပါတယ်။
4️⃣ စတုတ္ထအချက်က စူးစမ်းလိုစိတ်များတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီအရွယ်မှာ ကလေးတွေက ပတ်ဝန်းကျင်ကို စူးစမ်းဖို့ အလွန်စိတ်အားထက်သန်ပါတယ်။ ဒါကြောင့် မိဘတွေက "မလုပ်နဲ့" "မထိနဲ့” "မကိုင်နဲ့” လို့ ပြောရင် ပိုလုပ်ချင်စိတ်ဖြစ်တတ်ပါတယ်။
5️⃣ နောက်ဆုံးအချက်ကတော့ စကားပြောနိုင်စွမ်း မပြည့်စုံသေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အသက် ၂-၃ နှစ်အတွင်း ကလေးအများစုက စကားကိုကောင်းကောင်းမပြောတတ်သေးတာကြောင့် သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် သူတို့က သူတို့ဖြစ်ချင်တာ ရချင်တာ လိုချင်တာကို ငိုပြီးတော့ အော်ပြီးတော့ ရိုက်ပြီးတော့ ဖော်ပြတတ်ပါတယ်။
ဒါတွေက ဘာကြောင့် ပုံမှန်ဖြစ်ရတာလဲဆိုရင် ဒီအရွယ်မှာ ကလေးတွေဟာ လောကကြီးကို စတင်လေ့လာနေဆဲဖြစ်ပြီး သူတို့ရဲ့ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုက မပြည့်စုံသေးပါဘူး။ သူတို့က စည်းမျဉ်းတွေကို နားမလည်သေးဘဲ "လုပ်ပါ/မလုပ်နဲ့" ဆိုတဲ့ အမိန့်တွေကို နားမလည်နိုင်သေးပါဘူး။ ဒါဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ ပိုပြီး နားလည်လာမှာပါ။
ဒါဆိုရင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတော့…
✔ သည်းခံပါ – ကလေးတွေက သူတို့ရဲ့ဖွံ့ဖြိုးဆဲအဆင့်မှာရှိနေတာမို့ ဒါကို နားလည်ပေးပါ။ ကလေးကို အကြိမ်ကြိမ်သတိပေးဖို့ လိုကောင်းလိုပါလိမ့်မယ်။
✔ ရိုးရှင်းတဲ့ ညွှန်ကြားချက်တွေ ပေးပါ – "ဒီကစားစရာကို မပစ်နဲ့" ဆိုတာထက် "ဒီကစားစရာကို ဒီမှာထားပါ" လို့ ပြောပါ။
✔ အပြုသဘောဆောင်တဲ့ အားပေးမှုတွေ လုပ်ပါ – ကလေးက ကောင်းကောင်းနားထောင်တဲ့အခါ ချီးကျူးပေးပါ။
✔ စည်းမျဉ်းတွေကို အလွယ်တကူ နားလည်အောင် ရှင်းပြပါ – "ဒီလိုလုပ်ရင် ဘာဖြစ်မလဲ" ဆိုတာမျိုး ရှင်းပြပါ။ ဥပမာ - မီးကိုမကိုင်နဲ့လို့ဘဲပြောတာထက် မီးကိုကိုင်ရင် ပူတယ်၊ အနာဖြစ်မယ် ဆိုတာမျိုး ပြောပြပါ။
ဖေဖေ မေမေတို့ရဲ့ ကလေးငယ် မနာခံတာက ပုံမှန်ဖြစ်ပြီး ဖွံ့ဖြိုးမှုဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။ စိတ်ရှည်ပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ လမ်းညွှန်ပေးပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်။
Ozzie Page မှ မိဘ၊ မိသားစု၊ အိမ်ထောင်၊ ကလေးအစားအစာတွေနဲ့ပတ်သက်ပြီး အထောက်အကူဖြစ်စေမယ့်အကြောင်းအရာလေးတွေကို မျှဝေပေးနေပါတယ်ရှင်။
ချစ်တဲ့
Ozzieလေး မေမေ
03/05/2025
သမီးချည်းမွေးတာ အမေနဲ့ မဆိုင်ပါဘူး ၊ အဖေနဲ့သာအဓိက ဆိုင်တာပါ ..
1. ကလေးလိင် ဘယ်လိုဆုံးဖြတ်သလဲ..?
ကလေးရဲ့ လိင် (သားလား၊ သမီးလား)ကို
ဖခင်ရဲ့ သုတ်ပိုး (S***m) က ဆုံးဖြတ်ပါတယ်။
ဖခင်က X ခရိုမိုဆုမ်းပေးရင် → သမီး (XX)
ဖခင်က Y ခရိုမိုဆုမ်းပေးရင် → သား (XY)
မိခင်ရဲ့ မျိုးဥ (Egg) က အမြဲတမ်း X ခရိုမိုဆုမ်းပါပဲ။ ဒါကြောင့် သားသမီးလိင် 100% ဖခင်ဆီက လာတာဖြစ်ပါတယ်။
2. သားမမွေးရင် အပြစ်တင်တတ်ကြသည်ကား မှားပါတယ်!
သားသမီးလိင် ဆုံးဖြတ်မှုမှာ မိခင်က တစ်စိတ်တစ်ပိုင်းမှ မပါဝင်ပါ။
သမိုင်းတစ်လျှောက် အမျိုးသမီးတွေကို "သားမမွေးလို့" အပြစ်တင်တဲ့ အယူအဆမှားတွေ ရှိခဲ့ပေမယ့်၊ သိပ္ပံနည်းကျ အချက်အလက်တွေအရ ဒါဟာ လုံးဝမှားယွင်းပါတယ်။
3. လူမှုရေးအမြင်နဲ့ သိပ္ပံအချက်တွေရ
မိန်းမတွေကို သားမမွေးနိုင် ဆိုပြီး ကဲ့ရဲ့တာဟာ ပညာမဲ့တဲ့ အပြုအမူဖြစ်ပါတယ်။
Y သုတ်ပိုး (သားဖြစ်စေတဲ့) က ဖခင်ဆီကလာတာမို့၊ သားသမီးလိင် ဖြစ်မဖြစ်က အဖေရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ သက်ဆိုင်ပါတယ်။
4. လူတွေ သိထားသင့်တဲ့ အချက်တွေက
မိခင်က သားသမီးလိင် ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။
သားမရှိလို့ မိန်းမကို အပြစ်တင်တာ လုံးဝမမှန်ကန်ပါ။
ကလေးလိင် ဆိုတာ သဘာဝအလျောက် ကျပြန့်ဝေမျှမှုသာ ဖြစ်ပါတယ်။
5. ကောက်ချက်
သားမမွေးလို့ ဆိုပြီး အမျိုးသမီးတွေကို လှောင်ပြောင်တာ၊ ဖီဆန်တာတွေဟာ သိပ္ပံနဲ့ မညီဘဲ လူမှုရေးယူဆချက်အမှားသာ ဖြစ်ပါတယ်။
ဒီအကြောင်း လူအများ သိရှိပြီး မှားယွင်းတဲ့ အပြစ်တင်မှုတွေ ရပ်တန့်သွားဖို့ မျှော်လင့်ပါတယ်။
သားမမွေးရင်ပဲ အဲ့မိန်းမက န်ိမ့်ကျသလိုလို .. သားပဲ မမွေးနိုင်သလိုလို ကဲ့ရဲ့တတ်ကြသူများ စာဖတ်ပါ လေ့လာပါ ။
သင့်ရဲ့ထင်မြင်ချက်တွေကိုလည်း
လွတ်လပ်စွာမန့်ခဲ့နိူင်ပါတယ်ခင်ဗျား...။
25/04/2025
" မေမေ... သူက မေသူတဲ့... သားချစ်သူပါ.... "
တစ်ခုသောမနက်ခင်းလေးတစ်ခုမှာ ကလေးမလေးတစ်ယောက်ကို
သားက ကျွန်မဆီခေါ်လာခဲ့ပါသည်။
ပိန်ပိန်သွယ်သွယ်ကိုယ်လုံးလေးနဲ့ အရပ်မနိမ့်မမြင့်လေး.... ။
ဘေးနှစ်ဘက်ခွဲထားတဲ့ပေါင်တိုစကပ်အကျပ်ရယ်.... crop top
အင်္ကျီလေးရယ်တွဲဝတ်ထားတဲ့ကလေးမလေးဟာချစ်စရာလေးတော့
ချစ်စရာလေးပဲ... ။
အိတ်လုံးလုံးလေးကိုစလွယ်သိုင်းလေးလွယ်ထားပြီး half shoe
လှလှလေးကိုစီးထားသည့်ခြေသလုံးသားဖြူဖြူဖွေးဖွေးလေးတွေဆီ
ကျွန်မကြည့်နေမိသည်။
ဒီကလေးမလေးက အတွင်းသားတွေ ဖော်ပြထားတာ လိုအပ်တာထက်
များပိုနေလေသလား.... ။
သားကိုပြန်ကြည့်မိတော့ သားပုံစံဟာ သူ့ကောင်မလေးကဒီလိုဝတ်စား
ဆင်ယင်ထားတဲ့အပေါ်စိတ်အနှောင့်အယှက်ဖြစ်ပုံတော့မတွေ့ရ... ။
ဒီစကပ်အတိုလောက်နဲ့ဆို ဆိုင်ကယ်နောက်ကထိုင်လိုက်တဲ့အခါ...
အခုထက်ပိုတိုသွားပြီး လွယ်ထားတဲ့အိတ်နဲ့တောင်မှပဲ ဖုံးဖိထိုင်ရမယ့်
အနေအထား... ။
အကဲခတ်တာတော့အကဲခတ်ပြီးပေမယ့် ကောက်ချက်ချမစောဖို့ ကိုယ့်
ဘာသာပြန်ဆုံးမရင်း ကလေးမရဲ့ မျက်နှာလေးဆီပြန်ကြည့်ယူရသည်။
မျက်ခုံး.. ၊မျက်လုံး.. ၊နှာတံ.. ၊ပါး.. ၊နှုတ်ခမ်း အကုန်လုံးဟာ
သူ့နေရာလေးနဲ့သူ ခြယ်သလိမ်းခြယ်ထားတာ ကြည့်ပျော်လှသည်။
ပါးမို့မို့လေးတွေဟာလည်း ချစ်စရာလေး.... ။
စက္ကန့်ပိုင်းလောက်နဲ့တင် အဲဒီကလေးမလေးရဲ့ ပုံပန်းသွင်ပြင်ကို ကျွန်မ
လေ့လာပြီးသွားခဲ့သည်။
သားက အေးသည်။သွက်သွက်လက်လက်လှုပ်ရှားမှုမျိုးသိပ်မရှိတတ်ပဲ
ပေကပ်ကပ်ကလေးဖြစ်သည်။
သားရဲ့ပုံစံ...၊ စိတ်နေစိတ်ထားကိုအမြဲတမ်းအကဲခတ်ရင်း ကျွန်မကြို
တော့တွေးထားဖူးပြီးသားပါပဲ... ။
အေးတိအေးစက်သားဟာ သွက်သွက်လက်လက်လှုပ်လှုပ်ရှားရှား
ကလေးမလေးမျိုးကို သဘောများကျလေမလားလို့.... ။
ဆန့်ကျင်ဘက်ဆိုတာကဆွဲငင်နိုင်ဖို့ရာပိုလွယ်ကူတာ သဘာဝပဲမလား။
" ထိုင်လေ သမီး.... လာ... သားက စားစရာတစ်ခုခုသွားမှာလေ...
မေမေ့အတွက်ကတော့တော်ပြီ... သားတို့အတွက်ပဲ... "
သားက မုန့်မှာဖို့ထွက်သွားသည်။
ကလေးမလေးက ကျွန်မနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်ရင်းပြုံးပြလာ
သည်။ဖော်ရွေတဲ့ပုံလေးပဲ.... ။
" သမီးတို့က ကော်ဖီလာသောက်ကြတာ... ဆိုင်အဝကနေ အန်တီ့ကို
တွေ့လိုက်လို့ ကို့ကိုကို သမီးနဲ့မိတ်ဆက်ပေးမလားလို့ သမီးကမေး
လိုက်မိလို့ပါ.... "
" ဪ.. ရပါတယ်သမီးရဲ့.. အန်တီလည်းအိမ်အတွက်
မုန့်မှာထားရင်း ထိုင်စောင့်နေတာ... "
" အန်တီက ကိုကို့ကိုစိတ်မဆိုးဘူးလားဟင်... "
" ဟင်... ဘာလို့လဲ သမီး...."
" ကိုကို့ဆီမှာ သမီးရှိနေလို့လေ.... "
ခုခေတ်ကလေးတွေရဲ့သတ္တိတွေက မခေဘူးပဲ.... ။
ကလေးမလေးရဲ့မျက်နှာမှာ မထိတထိရန်စလိုရိပ်တွေများလား.... ။
ယောက်ခမနဲ့ချွေးမတွေရဲ့ ကမ္ဘာအဆက်ဆက်က မကျေပွဲတွေဆိုတာ
ဒီလိုတွေကနေစတာများလား တွေးရင်း ကျွန်မအသာအယာပဲပြုံးရ
သည်။
" စိတ်မဆိုးပါဘူးသမီးရယ်....ဒီအရွယ်မှာ ရည်းစားထားတာ ဘာများ
ဆန်းလို့လဲ... သားက ဘွဲ့လည်းရပြီးပြီ... အလုပ်လည်းရှိနေပြီ...
သူ့ခြေထောက်ပေါ်သူစရပ်နိုင်နေတဲ့အရွယ်ပဲ... အန်တီ က နားလည်
ပေးရမှာပေါ့.... ဒါနဲ့... သမီးကကော သားနဲ့ကျောင်းမှာဆုံကြတာလား
အလုပ်မှာဆုံကြတာလား.... "
ကလေးမလေးမျက်နှာက မဆိုစလောက်လေးပျက်သွားသည်
ထင်မိသည်။
" သမီးဆယ်တန်းမအောင်ဘူးအန်တီ.... အလုပ်ကတော့ အိမ်မှာ
ဈေးဆိုင်ရှိတယ်လေ.... ကိုကိုနဲ့က အွန်လိုင်းကနေတွေ့တာ... "
သူလေးရဲ့အသက်အရွယ်က သားနဲ့သိပ်ကွာမှာတော့မဟုတ်လောက်
ဘူးထင်မိသည်။
စကားပြောတဲ့လေယူလေသိမ်းရယ်.... မျက်နှာအမူအယာရယ်အကဲ
ခတ်ကြည့်ရသလောက်တော့ အဆင့်အတန်းခပ်မြင့်မြင့်ထဲကမဟုတ်
တာသတိပြုမိသည်။
ကျွန်မဘာကြောင့် အဆင့်အတန်းဆိုတဲ့အသုံးအနှုန်းကို ချက်ခြင်းကြီး
တွေးလိုက်မိမှန်းမသိ... ။
အဆင့်အတန်းဆိုတာကို ငွေကြေးရယ်.... အတန်းပညာရယ်နဲ့ ပုံသေ
သတ်မှတ်တာတော့မဟုတ်ပေမယ့် အဲဒါတွေဟာလည်း တော်တော်
လေးတော့စကားပြောတဲ့အရာတွေပဲမလား.... ။
အလယ်တန်းအောင်တဲ့သူနဲ့ အထက်တန်းအောင်တဲ့သူတွေဟာ
အတွေးအခေါ်... မပြောအဆို.... စိတ်အားထက်သန်မှုတွေမှာ
ကွာဟသင့်သလောက်ကွာဟကြောင်း နှစ်ပေါင်းများစွာကလေးတွေနဲ့
လက်ပွန်းတတီးထိတွေ့ဆက်ဆံလာခဲ့ရသော ဆရာမတစ်ယောက်
အနေနဲ့ ကျွန်မ သဘောပေါက်သင့်သလောက်တော့ သဘောပေါက်ပါ
သည်။
လူဆိုတာက.... ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ရယ်.... ကြီးပြင်းလာ
ခဲ့ရာ နယ်ပယ်ရယ်.... ပေါင်းသင်းဆက်ဆံတဲ့လူတွေရယ်ကိုလိုက်ပြီး
သဘောသဘာဝတွေ ပြောင်းလဲကူးပြောင်းတတ်ကြတာမျိုးမလား... ။
ပြီးတော့.... လူတစ်ယောက်ရဲ့ကောင်းခြင်းဆိုးခြင်းဆိုတာဟာလည်း
ဘယ်တော့မှ တသမတ်တည်းမတည်ရှိကြောင်း ကျွန်မနားလည်သည်။
ကျွန်မနားလည်သလိုပဲ သားဟာလည်း နားလည်သဘောပေါက်နေခဲ့
တယ်ဟု... ကျွန်မထင်ခဲ့သည်။
ကျွန်မကပဲ အထင်မှားနေခဲ့မိတာများလား.... ။
အဝတ်အစားဝတ်ထားတာလှပတယ်ဆိုရမှာပေမယ့် ခပ်ရှည်ရှည်
လက်သည်းအောက်မှာ ဂျီးတွေရှိနေသည်။
လွယ်ထားတဲ့အိတ်က အနားစလေးတွေဖွာနေသည်။
အခေါက်ခေါက်အခါခါသုံးထားလို့များလား.... ။
half shoe ရဲ့ ခြေဦးထိပ်တွေက ရွံ့တွေရှိနေတာလားသိပ်မသေချာ
ပေမယ့် ခပ်ညစ်ညစ်အရောင်တွေစွန်းနေသည်။
အင်္ကျီအရောင်ကတော့ အနက်ရောင်ဖြစ်တာကြောင့် အကဲခတ်စရာ
သိပ်မရှိပေမယ့် စကပ်ရဲ့ဘေးဇစ်က ချုပ်ကြောင်းလေးတွေဟာ ခုပဲ
အပ်ရာပြုတ်တော့မလိုလို.... ။
သက်ပြင်းသဲ့သဲ့ ကျွန်မချမိသည်။စိတ်မောလိုက်လေခြင်း.... ။
မျက်နှာလေးဆီသေသေချာချာကြည့်မိတော့ skin care
သေချာသုံးထားခဲ့တဲ့အသားအရေမဟုတ်ပဲ မိတ်ကပ်ကြောင့်သာ
ပြောင်လက်နေသယောင်ယောင်ထင်ရတဲ့အသားအရေများလား... ။
နှုတ်ခမ်းပေါ်က ပန်းရောင်ဖျော့ဖျော့အရောင်တွေက
အမည်းရောင်သန်းနေတဲ့နှုတ်ခမ်းရဲ့ မူလအရောင်ကို
မဖုံးကွယ်နိုင်ပါလား.... ။
အသန့်အပြန့်သိပ်ကြိုက်တဲ့သားက . အကောင်းစားတွေကိုမှ ကြိုက်
တတ်တဲ့သားက...ဒါတွေကို မသိချင်ယောင်..မမြင်ချင်ယောင်ဆောင်
နေသတဲ့လား...။
ဘယ်လောက်အထိကြာကြာ နေနိုင်မှာတဲ့လဲ.... ။
ကိုယ့်သားအကြောင်းကိုယ်အသိဆုံးဖြစ်တာကြောင့် ကျွန်မအသာလေး
ပဲပြုံးမိသည်။
" မုန့်ရပြီ...မေသူ ကြိုက်တာတွေယူလာခဲ့တယ်နော်... "
" ကိုကို့ကို အဲဒါကြောင့်ချစ်နေရတာ.... "
သားမျက်နှာရဲခနဲဖြစ်သွားသည်။
ကျွန်မရှေ့မှာ ကိုကိုလို့အခေါ်ခံလိုက်ရလို့ဖြစ်ပေမည်။
ကျွန်မဘေးကခုံမှာ ဝင်ထိုင်လိုက်တဲ့သား အမူအယာဟာ စိတ်မသက်
မသာဖြစ်နေတာ တော်တော်လေးကိုသေချာနေခဲ့သည်။
ပန်းကန်ထဲကမုန့်ကိုဇွန်းနဲ့ခပ်ပြီး သားကိုခွံ့ကျွေးသည်။
နှစ်ပေါင်းများစွာ တယုတယ ခွံကျွေးချက်ကျွေးခဲ့တဲ့ အမေရှေ့မှာ
ဒီလိုပုံစံကိုပြရတာ သားရှက်နေမှန်း ကျွန်မသဘောပေါက်သည်။
" ကဲ... မှာထားတဲ့မုန့်တွေလည်းရပြီဆိုတော့ အန်တီပြန်မယ်နော်သမီး.
သားလည်း ထမင်းစားချိန်မှီအောင်ပြန်ခဲ့နော်.. "
အဲဒီနေ့က ကျွန်မပြန်လာတော့ ကျွန်မကို မဝံ့မရဲမော့ကြည့်ရှာတဲ့ သား
ရဲ့အကြည့်ကို ကျွန်မအချိန်တော်တော်ကြာတဲ့အထိ မှတ်မိနေခဲ့သည်။
၂။
" မေမေ.... မနက်က မေသူက အတင်းမိတ်ဆက်ခိုင်းလို့ပါ.... "
" အင်း... သားနဲ့သူတွဲတာက ဘယ်လောက်ကြာပြီလဲ.... "
" တစ်လပါ မေမေ... "
" သားသူ့ကိုလက်ထပ်မှာလား.... "
သားငြိမ်သွားသည်။
ကျွန်မမျက်လုံးတွေဆီကို တည့်တည့်မကြည့်လာပဲ ခေါင်းငုံ့ထားတဲ့
သားပုခုံးကို ကျွန်မငေးကြည့်နေမိသည်။
ဆယ်ကျော်သက်အရွယ်တုန်းကတော့ ရည်းစားသနာပြသနာမရှိခဲ့ဖူး
တာကြောင့် ကျွန်မနဲ့သားကြားမှာ ဒီခေါင်းစဉ်အတွက်ပြောစရာစကား
မရှိခဲ့ဖူး.. ။
ခု... သားအသက်ဟာ ၂ဝ ကျော်ပြီးကာစလေး... ။ဆောက်လုပ်ရေး
ကုမ္ပဏီတစ်ခုမှာအလုပ်သင်အင်ဂျင်နီယာပေါက်စလေး... ။
ဒီအရွယ်ကျမှ ပထမဆုံးရည်းစားထားတဲ့ကလေးကို ကျွန်မအနေနဲ့
ပိတ်ပင်တားဆီးစရာအကြောင်းတော့မရှိ ဘူးမလား.... ။
ဒါပေမယ့်.... သေချာချင်တာကိုတော့ အတည်ပြုဖို့လိုအပ်သည်လေ.. ။
" မေမေသူ့ကို သဘောမကျလို့လားဟင်.... "
" သားကကော...သူ့ကို.. သူ့ရဲ့အရာအားလုံးကို သဘောကျလား..
သူ့လက်ဖျံပေါ်က ကိုကိုဆိုတဲ့တက်တူးကော... ခြေချင်းဝတ်ကလိပ်ပြာ
တက်တူးလေးကိုကော.... ပြီးတော့ အဲဒီ ဈေးထဲက ရေမွှေးအနံ့ကို
ကောပေါ့.... "
သားထပ်ငြိမ်သွားပြန်သည်။
အမွှေးနံ့ဆိုလို့ အမွှေးတိုင်အနံ့တောင်မကြိုက်တဲ့သားဟာ အပေါစား
ရေမွှေးရဲ့အနံ့ကို ဘယ်နရက်လောက်များ သဘောကျမတဲ့လဲ... ။
" မေမေထပ်မေးမယ်... သူ့ကိုသား လက်ထပ်မှာလား.... "
" သားမသိဘူးမေမေ... "
" အင်း... သားသိလာမယ့်အချိန်အထိမေမေစောင့်မယ်လေ... ပြီးတော့
မေမေ သားကို ပြောချင်တာရှိသေးတယ်.... "
သားက မော့ကြည့်လာသည်။
သားမျက်လုံးတွေက သူ့အဖေမျက်လုံးလေးတွေလိုပဲ ရိုးရှင်းလှသည်။
ကိုယ်ကမွေးထားတဲ့သား.... ကိုယ်ကပဲထိန်းခဲ့တဲ့သား.. ကိုယ်အစွမ်း
အစရှိသလာက်ကိုယ့်အသိဥာဏ်တွေကို ဆက်ခံခဲ့တဲ့သားဟာ
အရိပ်ပြရင်အကောင်မြင်တတ်ပြီး ဘယ်စကားပြောရင်ဘယ်ခရီးကို
ရောက်မလဲသိမယ်မှန်း ကျွန်မသိပါသည်။
ကိုယ့်မျက်စိထဲမှာတော့ ဘယ်တော့မှမကြီးပြင်းလာခဲ့တဲ့သားဟာ
အချိန်တန်အရွယ်ရောက်လာခဲ့ပြီတဲ့.... ။
ကိုယ့်လက်ကိုပဲ အမြဲတွဲထားစေချင်တဲ့ လက်သေးသေးလေးတွေဟာ
အခြားလက်တစ်စုံကို ဆွဲထားချင်ပြီတဲ့လား.... ။
သား မျက်နှာလေးကို ကျွန်မအကြာကြီးပဲ ငေးကြည့်နေမိသည်။
ကလေးလေးတွေဟာ ဘယ်တော့မှအရွယ်မရောက်လာရင် သိပ်
ကောင်းမှာပဲ မလား... ။
" သားအသက်အခုမှ ၂၀ ကျော်တုန်းရှိသေးတယ်... နောက်ထပ်...
နောက်ထပ်လူတွေအများကြီးနဲ့ ဆုံတွေ့ရဦးမယ်.... ခွဲခွာရဦးမယ်..
လူတန်းစားပေါင်းစုံနဲ့တွေ့ရမယ်.... ဒါပေမယ့် တွေ့သမျှအားလုံးနဲ့
တော့ ယဉ်ပါးနေလိုမရဘူးသား.... သားကိုမေမေမွေးပေးတည်းက
ဦးနှောက်ပါတယ်.... အဲဒီဦးနှောက်ကို တွေးတတ်ရွေးတတ်အောင်
ပညာတွေအများကြီးလည်း မေမေထည့်ပေးထားတယ်....ချစ်တတ်
တဲ့နှလုံးသားလည်းပါအောင်မွေးထားတာမလို့ ချစ်စရာတွေ့ရင်တော့
ချစ်မှာပဲ... မေမေနားလည်တယ်.... တစ်ခုပဲ... သားထပ်မှတ်ရမယ်
ချစ်စရာတွေ့တိုင်းတော့ ချစ်လို့မရဘူးသား.... "
သား ဘာမှပြန်မပြော.... ။
ကျွန်မဆုံးမတိုင်းလည်း ဒီလိုပဲ ငြိမ်ပြီးနားထောင်နေတတ်တဲ့
ကလေးပါပဲ... ။
" ပေါင်းပင်တွေဟာ ဘာလို့ အမြဲတမ်းအနှုတ်ခံရလဲ.... သားသိလား...
သူ့နေရာသူမသိပဲ ထိုးထိုးထောင်ထောင်နဲ့ တန်ဖိုးရှိအပင်တွေကြားမှာ
နေရာဝင်ယူကြလို့ပဲ.... ဒူးနေရာဒူး.... တော်နေရာတော်ဆိုတဲ့စကား
အလကားမဟုတ်ဘူးသား.... အဝတ်အစားဆိုတာ သူ့နေရာနဲ့သူ
အမြင်တင့်တယ်အောင်ဝတ်ရသလို အပြုအမူဆိုတာလည်း သူ့နေရာ
နဲ့သူပြုမူဆက်ဆံတတ်ရတယ်.... မေမေဆိုလိုတာသားနားလည်မှာပါ..
မေမေကတော့ သားအမေဖြစ်တဲ့အတွက် သားကိုပဲဆုံးမရမှာပဲလေ...
တစ်ဖက်သူကိုအပြစ်လည်းမပြောဘူး... အထင်လည်းမသေးဘူး.. "
"ဟုတ်ကဲ့မေမေ... သားသိပါတယ်... "
" ပြီးတော့.... သားရည်းစားထားတိုင်း မေမေနဲ့ မိတ်ဆက်ပေးဖို့
မလိုအပ်ပါဘူးသား... မေမေသဘောကျပါ့မလားလည်း တွေးစရာမလိုဘူး..
သားကိုယ်တိုင်က ရာနှုန်းပြည့်သဘောကျပြီး သူ့ကြောင့်ဘယ်တော့မှ
လိပ်ပြာမလုံမဖြစ်ရဘူးဆိုတဲ့သူလေးမျိုးနဲ့တွေ့ပြီဆိုမှပဲ.... မေမေ့ဆီ
လာခဲ့ပါ.... အဲဒီနေ့ကို မေမေစောင့်နေမယ်..... "
ပုံမှန်အားဖြင့်တော့ စကားအရှည်ကြီးတွေသိပ်ပြောလေ့ပြောထမရှိပေ
မယ့် ဒီနေ့တော့ သားကို သေချာလေးစကားတွေစီပြီး ပြောဖြစ်သည်။
သားနားထဲကို ဘယ်အထိဝင်ပြီး ဘယ်အထိကျင့်သုံးမလဲဆိုတာက
တော့ သားရဲ့ရွေးချယ်မှုပါပဲ.... ။
ကျွန်မတာဝန်ကတော့ သားရွေးချယ်အသုံးပြုနိုင်ချေရှိတဲ့ အသိတွေကို
တတ်နိုင်သမျှ သားဆီပေးရမှာပဲမလား.... ။
" နင့်မှာသားရှိလာတဲ့တစ်နေ့.... ငါ့နေရာနင်ရောက်ဦးမှာပါ သက်သက်
ကျော်ရယ်.... အဲဒီရက်ကျမှ နင့်အလှည့်ပေါ့.... "
ရုတ်တရက် သားရဲ့အဖွား ကျွန်မယောက်ခမကြီးရဲ့စကားကို
သတိရမိသည်။
သူ့သားနဲ့သဘောမတူပါဘူး သောင်းကျန်းခဲ့ဖူးသေးတဲ့ ကျွန်မရဲ့
ယောက်ခမ.... ။
သဘောမတူဘူးအပြောခံရလို့
မောင့်ကိုရအောင်လက်ထပ်ခဲ့တဲ့ ကျွန်မ။
မိန်းမတွေရဲ့ အရွဲ့တိုက်တတ်တဲ့စိတ်ကိုအသိဆုံးကျွန်မက
အဲဒီအမှားကို ထပ်မှားမတဲ့လားကွယ်.... ။
သံသရာဆိုတာကတော့ အမြဲတစ်ပတ်ပြန်ပြန်လည်မှာ ပဲပေါ့.... ။
ထပ်လည်တဲ့သံသရာမှာ ဘက်ရွေးမမှားဖို့တော့လိုမှာပဲမလား.... ။
အသာအယာပဲပြုံးဖြစ်သည်။
စိတ်လက်ပေါ့ပါးလွန်းလို့တော့မဟုတ်ပေမယ့် သဘာဝနိယာမတရား
ဆိုတာ ဘယ်သူကမှ လွန်ဆန်လို့မရဘူးပဲမလား..... ။
၃။
" မေမေ... သူက ဧပရယ်စိုးတဲ့.... သားချစ်သူပါ.... ပြီးတော့...
သားတို့လက်ထပ်ချင်ပါတယ်မေမေ..... "
နှစ်တော်တော်များများကြာပြီးတော့ နောက်ထပ်တစ်ကြိမ်
သားဆီက အဲဒီစကားကြားရသည်။
ဒီတစ်ကြိမ်ကြားရတဲ့စကားထဲမှာတော့
သားအသံကယုံကြည်မှုတွေအပြည့်ပါပဲလား.... ။
ပြီးတော့.... နားလည်လိုက်မိပါသည်။
ဪ....
ဒီရက်ဟာရောက်လာခဲ့ပြီပဲ..... ဟု.... ။
နောက်ဆုံးကျတော့....
သံသရာတစ်ကျော့ပြန်လည်မယ့်ရက်ဟာ
ဒေါ်ထွေးရီ ဆီကနေ ဒေါ်သက်သက်ကျော် ဆိုတဲ့
ကျွန်မဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာခဲ့ပြီပဲပေါ့..... ။
❤❤❤❤❤❤
သားရဲ့ချစ်သူ
ညတာရာလင်း(ထားဝယ်)
19.5.2024
8:58pm
#ညတာရာလင်း
10/04/2025
ကလေးငယ် နေ့ဘက်အိပ်စက်ခြင်း
****************************
အိပ်စက်ခြင်းက ကလေး ကိုယ်ခန္ဓာ ကြီးထွားဖို့နှင့် ဦးနှောက်ဖွံဖြိုးဖို့အတွက်အလွန် အရေးပါသည်။ ကလေးကြီးများက အဆော့မက်လျှင် အအိပ်နည်းနိုင်သည်။ နို့တိုက်မိခင်က ကော်ဖီနှင့် ကေဖင်းများသော အားဖြည့်အချိုရည်များ အသောက်များလျှင် မွေးကင်းစနှင့် နို့စို့ကလေးများအအိပ်နည်းနိုင်သည်။ မည်သည့်အရွယ်အဆို ပတ်ဝန်းကျင် ဆူညံလျှင်၊ အလင်းရောင်များလွန်းလျှင် အိပ်ပျော်ဖို့ အနည်းငယ်ခက်ခဲသည်။
(က) မွေးကင်းစ-၃လ ကလေးများ
မွေးကင်းစမှ ၃လထိ ကလေးများက ၁နာရီ ၁နာရီခွဲကြာ နိုးနေပြီးလျှင်အများအားဖြင့် ပင်ပန်းသွားပါသည်။အလင်းရောင်နည်းပြီး တိတ်ဆိတ်သောအိပ်နေကျနေရာမှာ ပေးအိပ်လိုက်ပါ။
သူတို့ပင်ပန်းတဲ့အခါ ဘယ်လိုသိနိုင်မလဲ?
-နားရွက်ဆွဲခြင်း
-လက်သီးဆုပ်ခြင်း
-သန်းခြင်း
-မျက်တောင် တဖျတ်ဖျတ်ခပ်ခြင်း
-မျက်မှောင်ကြုတ်ခြင်း
-မှုန်ကုပ်ခြင်း
-လက်နဲ့ခြေထောက်တွေ တဆတ်ဆတ်လှုပ်ပြီး ကိုယ်ခန္ဓာကို ကော့လန်ခြင်း
-လက်ချောင်းလက်မစုပ်ခြင်းတို့လုပ်သည်
(ခ) ၃ လမှ ၁၂ လ ကလေးများ
၃ လ- ၆ လ: ၁ နာရီခွဲ-၃ နာရီကြာ နိုးနေရင်
၆ လ-၁၂ လ: ၂ နာရီ-၃ နာရီကြာ နိုးနေပြီးရင် ပင်ပန်းပြီမို့ အိပ်သင့်ပါသည်။
သူတို့ပင်ပန်းတဲ့အခါ ဘယ်လိုသိနိုင်မလဲ?
-အီခြင်း
-ဂျီကျခြင်း
-ငိုခြင်း
-သူတို့ကို အာရုံစိုက်အောင်လုပ်ခြင်း
-မေမေ့ကို တောက်တဲ့လို တွယ်ကပ်ခြင်း
-စားနေကျ ကျွေးရင် ငြင်းခြင်း
-ဆော့နေကျအရုပ်ကို စိတ်မဝင်စားခြင်းတို့ ပြသည်။
(ဂ) ၁နှစ်မှ ၅နှစ်ထိ ကလေးများ
မနက်ပိုင်း(သို့) နေ့လည်ပိုင်း အိပ်နေကျချိန် အိပ်ခွင့်မရရင် ပင်ပန်းနိုင်သည်။
သူတို့အရွယ်က စကားအတော်နားလည်ပြီမို့ အိပ်ချင်လားမေးပြီး ပေးအိပ်လိုက်ပါ။
^^~^^~^^~^^~^^~^^~^^~^^~^^~^^~^^
ပုံမှန်တွင် ကလေးတစ်ယောက် ၂၄ နာရီတွင်း စုစုပေါင်း အိပ်ချိန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
-မွေးစမှ ၄ ပတ်: ၁၅-၁၈ နာရီ
-၁လ မှ ၄ လ: ၁၄-၁၅ နာရီ
-၄လ မှ ၁၂ လ: ၁၂-၁၅ နာရီ
-၁နှစ် မှ ၃ နှစ်: ၁၀-၁၄ နာရီ
-၃ နှစ် မှ ၆ နှစ်: ၁၀-၁၂ နာရီ
-၇ နှစ် မှ ၁၂ နှစ်: ၁၀-၁၁ နာရီ
-၁၂ နှစ် မှ ၁၈ နှစ်: ၈-၉ နာရီ
: နေနေမိုးဆွေ (Child Health Myanmar
Page
04/04/2025
ကလေးတွေကိုမစပါနဲ့
လုံးဝမစ သင့်ပါဘူး..
ပြီးတော့ကလေးကို
ပေါက်ကရနာမည်တွေမခေါ်ပါနဲ့.
ကလေးနာမည် အိမ်နာမည်
ဒါကလွှဲရင်ကျန်တာမခေါ်ပါနဲ့..
ကျေးဇူးပြု၍ ကလေးကို မ စခြင်းဖြင့် ကလေးမိဘကို ကူညီပေးပါ။
အရုပ်လိုချင်လား..
လာယူ
ကလေးက ဝမ်းသာအားရ ပြေးသွားပြီး အရုပ်လေးကို လှမ်းယူတယ်။
ကလေး လက်လှမ်းမမှီရာကို
အရုပ်ကို မြှောက်ပြီး
မပေးတော့ဘူး။ လိုချင်ရင်လု။
ကလေးက လုရော။
ဒီနေရာ မှာမေးပါရစေ
ကလေးကို လုတတ်အောင်
သင်ပေးနေတာလား။
ကလေးက လုရတာ ကြာတော့
မောလာတော့ မလုတော့ပြန်ဘူး။
ကလေးငြိမ်နေပြန်တော့
အရုပ်ကို ပြန်ပေးပြီး..
လာ ..လာ.. လာယူ။
ဒီတခါ တကယ်ပေးမှာ။
ကလေးမျက်နှာလေး ဝင်းသွားပြီး
ဒီတခါ တကယ်ရပြီဆိုပြီး
လာယူပြန်တော့
ပထမတုန်းကအတိုင်း လုခိုင်းပြန်ရော။
ကလေးကို
လိမ်တတ်ညာတတ်အောင်
သင်ပေးနေတာလား။
ကြာတော့
ကလေးစိတ်တိုလာတော့
စတဲ့လူကို ရိုက်တာ ကုတ်တာလုပ်ရော..
အဲ့ အချိန်ကျတော့
ကလေးက ရိုင်းတယ် ပြောပြန်ရော။
ကလေးကို မရိုင်းရိုင်းအောင်လုပ်နေတာနဲ့ မတူဘူးလား။
အဲ့ဒါတွေ မြင်နေရတော့
မေမေလုပ်သူက ကလေးကို
သူများအရုပ်မလိုချင်နဲ့
ကိုယ့်အရုပ်လေး ကိုယ်ကိုင် ဆိုပြီး
ပေးထားပြန်တော့လည်း
အဲ့ အရုပ်ကိုဆွဲလုပြီး
ပထမပုံစံအတိုင်း စပြန်ရော။
တဆိတ်မေးပါရစေ။
ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ။
ကလေးကို စရတာ
ပျော်စရာလို့ မှတ်နေလို့လား...
ကလေး ဒေါသထွက်နေတာ..
ကလေး စိတ်ဆိုးနေတာ..
ကလေး မျော်လင့်ချက်တွေ
ပျက်ဆီးသွားတာ ..
ကြည့်ပြီး ပျော်နေချင်တာလား။
အလုခံရတာရော။ လုယူတာရော။
လိမ်ညာပြောတာရော။
ရန်ပြုတာရော ပျော်စရာမကောင်းပါဘူး။
မလုဖို့
မရိုက်ဖို့
လူကြီးကို ပြန်မအော်ဖို့
သင်ပေးထားရတဲ့ မိခင်ရင်ထဲ
ကလေးကို
ဟဲ့ သားရေ/သမီးရေ
သူများကိုမလုပ်နဲ့လေ
ပါးစပ်ကအော်နေရပေမယ့်..
ရင်ထဲမှာ ဘယ်လောက်တောင်
ခံစားနေရမလဲ။
ကိုယ့်သားသမီးကို မတရားစနေသူကို အကြောင်းကြောင်းတွေ
ထောက်ထားပြီး သည်းခံနေရတဲ့ မိခင်မှာဘယ်လောက် ရင်နာလိုက်မလဲ။
အဖြစ်သည်းလိုက်တာ ..
သူ့ကလေးကိုစတာ အသားပဲ့သွားတာ ကျနေတာဘဲ ထင်ကြမယ်။
ကလေးအသားမပဲ့ပေမယ်
ကလေး စိတ်ဒဏ်ရာရသွားတာ
သိပါ့မလား။
ကလေးအရင်ကနဲ့မတူတဲ့
အပြုအမူတွေ ပြုမူလာတယ်
ကြမ်းတမ်းလာတယ်။
ဒါတွေကို တွေ့တုန်းခဏ
စပြီးပြန်သွားတဲ့သူတွေ သိနိုင်ပါ့မလား။
ဘယ်သူမဆို
ကလေးအရွယ်ကနေ
ကြီးပြင်းလာကြသူတွေချည်း။
ကိုယ်ချင်းစာစိတ်လေးတော့
မွေးသင့်တာပေါ့။
ကိုယ့်တုန်းက
ဒီအရွယ် ဒီလိုအစ ခံခဲ့ရတာဘဲလေ။
ခုလည်း စတာဘဲ ဘာဖြစ်လဲ။
ကလေးကိုစရတာ
ပျော်စရာကောင်းလို့စတာ။
အဖြစ်သည်းမနေနဲ့။
ကလေးဆိုးလာရင်လည်း ရိုက်ဆုံးမပေါ့။
ဆိုတဲ့သူတွေ မေးပါရစေ။
ကိုယ်ငယ်ငယ် အစခံရတဲ့ နေရာမှာ
ရှိတုန်းက ပျော်ခဲ့ရလို့လား။
ကလေးစိတ်ကို နားမလည်နိုင်ရင်နေပါ။ ကလေးကို တယောက်တည်း
ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်နေရတဲ့
မိခင်ကိုတော့
တဆိတ်လောက် နားလည်ပေးပါ။
စတဲ့သူက စပြီး ပြီးရော ဖြစ်ပေမယ့်
ကလေးကို ပြန်ပြုပြင်ပေးရတဲ့ မိဘတွေ စိတ်ရောလူရော ပင်ပန်းရပါတယ်။
ကျေးဇူး ပြုပြီး
ကလေးတွေကိုမ.စကြပါနဲ့လို့..
23/01/2025
ကလေးတွေကို ကိုယ်ချင်းစာတတ်အောင် သတ္တိရှိအောင်
ယဉ်ကျေးအောင် သူတပါးကို ချစ်တတ်အောင် မိမိကိုယ်ကို တန်ဘိုးထားတတ်အောင်အရင်သင်ပြီးမှ
သည်းခံခြင်းဆိုတာကို သင်ရတယ်။
မဟုတ်ရင် အရှုံးသမားဖြစ်အောင် ကိုယ်တိုင်တွန်းပို့တာနဲ့ တူတူဘဲ ။
ဒီစာက ကြာပါပြီ ။ ဒါပေမယ့်ပြန်တင်လိုက်တယ်။
ညီမလေးတယောက် တင်ထားတဲ့ status တခုမှာ
သမီးငယ်လေးက ကျောင်းကို အစက ရေ၂ ဗူးသယ်တယ် ။ အခုတော့ တဗူးဘဲ သယ်တော့မယ်လို့ ပြောတယ်
ဘာလို့လဲဆိုတော့ ..သူ့မှာ
သူငယ်ချင်း၂ ယောက်ရှိတယ် ဘယ်သူမှ ရေဗူးမပါဘူး
တယောက်က သူ့ရေကို အေးလို့ ယူသောက်တယ်
နောက်တယောက်က အမေက ရေဗူးထည့်မပေးလို့ ယူသောက်တယ်။
သူတို့ကျောင်းမှာ အများသောက်တဲ့ ရေသန့် တွေ ရှိတယ်။ အောက်ထပ်မှာတဲ့ ။ဘယ်သူမှ ဆင်းမသောက်ဘူး
သူ့ရေဗူးဘဲသောက်တယ်
သူရေဆာတော့ သောက်စရာမရှိတော့ဘူး
သူက သူငယ်ချင်းတွေကို ပြောတယ်အောက်ထပ်က ရေသန့်ဗူးထဲကရေတွေ သွားသောက်ပါလားလို့ ဆိုတော့ သူငယ်ချင်းတွေက
ရွံလို့ မသောက်ချင်ဘူးတဲ့ ။ တကယ်တော့ ပျင်းတာပါ။
နောက်တော့ ဘာဖြစ်လဲဆိုတော့ သူရေသောက်ချင်တော့ ရေက မရှိတော့ဘူး ဒီတော့ သူ့ခမျာ အောက်ဆင်းသောက်ရတယ် ။ကြာလာတော့ ကလေးစိတ်ထဲ တမျိုးဖြစ်လာတယ်
ဒါကိုသူ့မေမေက ရေးထားတာပါ
ဒီနေရာမှာ ကွန်မန့်တခုကိုတွေ့တယ်
ခွက်ကလေးတခုထည့်ပေးလိုက်တဲ့
ကလေးကို အောက်သွားသောက်ပစေတဲ့
သူ့ရေကိုသူများပေးသောက်ခိုင်းတာဟာ
ကိုယ်ကျိုးစွန့်စိတ်ကို သင်ပေးတာတဲ့
ဟင့်အင်း အဲဒါကို ကျွန်မ ငြင်းမယ်။
ဒီကလေးက ဘုရားဆုပန်ထားတာမှ မဟုတ်ဘဲ
ပါရမီဖြည့်နေတာမှ မဟုတ်ဘဲ
ပြီးတော့ ဒါက ကိုယ်ကျိုးစွန့်တာနဲ့ မဆိုင်ဘူး
တဖက်ကလဲ သေကောင်ပေါ်င်းလဲ မဟုတ်ဘူး တကျောင်းလူံးမှာ
သူ့ရေတခုထဲ သောက်စရာရှိတဲ့အခြေအနေ မဟုတ်ဘူး ။ သူ့ရေမှ မသောက်ရရင် သေမသွားဘူး။
သူတို့ကိုယ်တိုင်လဲ ရေဗူးတဗူးကို အိမ်ကသယ်လာနိုင်ရဲ့သားနဲ့ ရေသာခိုနေတဲ့ကိစ္စမှာ အနစ်နာခံစရာ ဘာတကွက်မှ မမြင်မိပါဘူး။
ဒါဆိုရင် ရှင်းရှင်းလေးပါ
ကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုတာ သူတို့သိအောင် ပြောဘို့ လိုအပ်ပါပြီ ။သူ့အခွင့်အရေး ကိုယ့်အခွင့်အရေး လေးစား အောင် ပြတ်သားတဲ့ ခံယူချက် ပြရပါမယ် ။ တဖက်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ
ရေသောက်ချင်ရင် ရေယူလာပါ
ရေဗူးမပါလို့ သောက်ချင်ရင် ပိုင်ရှင်ဆီခွင့်တောင်းပါ
မျှမျှတတသောက် ခိုင်းပါ ။ သူ့မှာ ရေဗူးယူလာဖို့ အခွင့်အရေးရှိပါတယ်။ အကယ်၍သယ်မလာချင်လို့ ကိုယ့်ဟာ ယူသောက်မယ်ဆိုရင် ကိုယ့်စည်းကမ်းသူတို့လိုက်နာရပါမယ်။
ဒါတွေဟာ ကိုယ့်အခွင့်အရေးတွေပါ
နောက်ဆုံး မတိုက်ဘူးလို့ ငြင်းအုန်းတော့ ငရဲမကြီးပါဘူး ။ ပျင်းရိခြင်းအတွက် ထိုက်သင့်တဲ့ဒုက္ခဟာ သူ့ဖာသူ ခံစားရတာပါ ။ကိုယ့်ပယောဂ မပါပါဘူး
တခုတော့ရှိတယ် ။ ကိုယ့်ဖာသာ အနစ်နာခံချင်လို့ ချစ်လို့ လိုက်လျောတာကတော့ သဘောပါ ။
ဒီတော့ သည်းမခံခိုင်းပါနဲ့ ။ ကိုယ့်အခွင့်အရေး စောင့်ရှောက်တတ်အောင် သင်ပေးပါ ။ သူတပါးအခွင့်အရေးလဲ မထိပါးမိအောင် သင်ပေးပါ ။ စားစရာမရှိလို့ ဝေမျှစားရတာဟာ အခက်အခဲကြုံနေတဲ့အချိန် အနစ်နာခံတာပါ
သူရောကိုယ်ရော ပိုက်ဆံတရာ လက်ထဲရှိရဲ့နဲ့ သူစားတဲ့ မုန့်ဖိုး ကိုယ်ရှင်းရမယ်ဆိုတာ အနိုင်ကျင့်တာပါ
တဖက်က ခြေထောက်နာနေလို့ ကိုယ့်နေရာဖယ်ပေးတာ ယဉ်ကျေးတဲ့ အပြုအမူဖြစ်ပေမဲ့ တမင်သက်သက် လုယူတာဆိုရင် မောင်းထုတ်ပါ။
အသက်ကြီးသူကိုဦးစားပေးတာမှန်ပေမဲ့ ကိုယ့်ရှေ့က ဖြတ်ဝင်တာမျိုးဆိုရင် အားမနာပါနဲ့ အသက်ဘယ်လောက်ကြီးကြီး ယဉ်ကျေးစွာနဲ့ ကိုယ်အရင် တန်းစီနေတာ ဖြစ်ကြောင်း ပြောပါ ။ အသက်ကြီးတိုင်းလဲ အနိုင်ကျင့်တာကို လက်မခံကြောင်းပြပါ ။ငရဲမကြီးပါဘူး။
မိဘက နေရာတကာသည်းခံခိုင်းရင် ကလေးရဲ့စိတ်မှာ ဝိရောဓိတွေဖြစ်လာပြီး မကျေနပ်တဲ့ အစိုင်အခဲဟာ ဘာလဲဆိုတော့ ငါ့အခွင့်အရေးက ဘယ်မှာလဲဆိုတဲ့ နိမ့်ကျစိတ် ဖြစ်လာတာပါ ။ နေရာတကာလျော့ရတဲ့အခါ အလိုလိုအားငယ်ပြီး ဘာကိုမှ မကျေနပ် ပြန်မပြောရဲတာ အကျင့်ပါပြီး ငုံ့ခံရင်း လူပျော့ လူညံ့လေးတွေ ဖြစ်လာနိုင်ပါတယ်။
အနစ်နာခံတယ်ဆိုတာ သူ့အကျိုးရောကိုယ်အကျိုးရော မထိခိုက်ဘဲ ပေးဆပ်ခြင်းပါ ကျေနပ်ခြင်းရှိရပါတယ်
ကောင်းကျိုးရစေတဲ့ အပြုမူ ဖြစ်ရပါတယ်။ ငရဲကြီးမှာကြောက်လို့ ..ကိုယ့်ကို အထင်လွဲမှာစိုးလို့ ..မပြောရဲလို့ ငယ်ငယ်ထဲက အကျင့်ပါလာလို့ ..စသည်ဖြင့် ငြိမ်ခံနေရတာမျိုးက အကုသိုလ်ဖြစ်ပါတယ် ။စိတ်ထဲက ကြိတ်ပြီး ဒေါသထွက်နေရလို့ပါ ။ တောက်တခေါ်က်ခေါ်က်နဲ့ မချင့်မရဲ နေရတာမျိုးပါ ။
ဒါကြောင့်
ကလေးတွေကို
ဘယ်အရာတွေက သည်းခံရမယ်
ဘယ်အရာက သည်းမခံရဘူး
ကိုယ့်အခွင့်အရေးက ဘယ်လိုရှိတယ်
သူ့အခွင့်အရေးက ဘာဖြစ်တယ်ဆိုတာ
ရှင်းပြ သင်ကြားပေးရပါမယ်။ကြောက်စိတ်တွေဟာ အလျော့ပေးခြင်းနဲ့ အဖော်ပြုပါတယ်။ သူတပါးအလိုကို အမြဲလိုက်လျောခိုင်းတာဟာ သည်းခံတာမဟုတ်ပါဘူး
ကိုယ့်သားသမီးအညွှန့်ကိုချိုးတာပါ ။
တကယ်တော့
ကလေးတယောက်စိတ်တွေ တောင့်တင်းခိုင်မာလာဖို့ဆိုရင် သူတပါးကိုလဲ ချစ်တတ်အောင် သင်ကြားပေးရသလို ကိုယ့်ကိုကိုယ်လဲချစ်တတ်အောင် လေ့ကျင့်ပေးဖို့လိုပါတယ်။
မေတ္တာပို့မှာတောင် မိမိကိုယ်ကို စိတ်အေးချမ်းအောင် အရင် ပို့ရပါတယ်။ မိမိစိတ်အေးချမ်းကြည်လင်မှ သူတပါးကို မေတ္တာဆိုတာ ဖြန့်ကျက်နိုင်တာပါ ။
ကျွန်မသဘောကျတဲ့စကားလေးတခုရှိပါတယ်
မိမိကိုယ် မိမိ စောင့်ထိန်းတာဟာသူတပါးကို စောင့်ထိန်းတာနဲ့ တူတူပါဘဲ တဲ့ ။
Yee Mon
21/01/2025
သတင်းဆိုး၊ ကျွန်တော်တို့ ဆရာဝန်တွေ ကိုယ်တိုင်ကလည်း မပြောချင်၊ လူနာကိုလည်း နားမထောင်စေချင်သော သတင်းစကား ပေါ့ဗျာ။ သို့သော်လည်း မပြောမပြီး၊ မတီးမမြည်ဆိုသလို၊ ဆိုရေးရှိက ဆိုအပ်လှ၏ဆိုပြီး လူနာအား ဖွင့်ဆိုရှင်းပြရခြင်း။
Breaking the bad news လို့ဆေးစာအုပ်တွေထဲမှာ ရေးကြတယ်။ ကျွန်တော်တို့ ဆရာဝန်တွေ ရှောင်လွှဲလို့ မရနိုင်တဲ့ အလုပ်တခုပေါ့။ ဆေးပညာ ဘာသာရပ်တိုင်းမှာ ရှိပါတယ်။ ကျွန်တော်တို့ OG မှာလဲရှိတာပေါ့။ အများကြီးပဲ။ အဲဒါတွေထဲက တခုဖြစ်တဲ့ Anencephaly ဆိုတဲ့အကြောင်း ပြောပြချင်လို့ပါ။
Anencephaly ဆိုတာ လူနာကို ရှင်းပြရ တော်တော်ဆိုးတဲ့ ရောဂါဗျ။ OG ဘဝမှာ တနှစ်ကို တယောက်၊ နှစ်ယောက်လောက် ကြုံရလေ့ရှိပါတယ်။
ဘာဖြစ်တာလဲဆိုတော့ ကိုယ်ဝန်ဆောင် မိခင်ရဲ့ ဗိုက်ထဲက ကလေးလေးက ဗိုက်ထဲမှာရှိနေသမျ အချင်းအားကိုးနဲ့ အသက်ရှင်မယ်။ မွေးထွက်လာပြီ၊ အချင်းနဲ့ ဆက်ထားတဲ့ ချက်ကြိုးကိုဖြတ်လိုက်ပြီ။ အသက်ရှင်ဖို့ ကိုယ့်ဘာသာကိုယ် အသက်ရှူရတော့မယ်ဆိုရင်ကျ မရှူတတ်တော့ဘူး။ မွေးထွက်လာပြီး နာရီပိုင်းအတွင်းမှာ သေသွားကြတယ်။
ကျွန်တော်တို့ ဆေးပညာစကားနဲ့ဆိုရင် The fetus is incompatible with extrauterine life. လို့ပြောကြတယ်။
ကိုယ်ဝန်တွေက ကိုးလလွယ် ဆယ်လဖွားလို့ ဆိုရိုးစကားရှိပါတယ်။ ကျွန်တော်တို့က ကိုယ်ဝန်ကို သုံးပိုင်းပိုင်းတယ်။ ပထမ သုံးလ (first trimester)၊ ဒုတိယ သုံးလ (second trimester)၊ နဲ့ တတိယ သုံးလ (third trimester) ဆိုပြီးတော့ပေါ့။
ပထမ သုံးလ ကိုယ်ဝန်ရှိခါစ ဗိုက်ထဲက သန္ဓေသားလေးကို embryo လို့ခေါ်တယ်။ ဒုတိယ သုံးလနဲ့ တတိယ သုံးလ ဗိုက်ထဲက ကလေးလေးကိုကျ fetus လို့ခေါ်တယ်။
ဘာကွာသွားတာလဲဆိုတာ မြင်သာအောင် ပြောရမယ်ဆိုရင် အုတ်ခဲပုံကြီးနဲ့ အုတ်စီပြီး အကြမ်းထည် တိုက်အိမ်နဲ့ ကွာသလိုပေါ့ဗျာ။
စစချင်း မျိုးအောင်တော့ အဖိုမျိုးစေ့ spermatozoa နဲ့ အမမျိုးစေ့ o**m တို့ပေါင်းစပ်ကြပြီး zygote လို့ခေါ်တဲ့ သန္ဓေသား ဆဲလ် cell လေးတခုဖြစ်လာတယ်။ အဲဒီဆဲလ်လေးက အချိန်တိုင်း ဘိုးဘိုးအောင် တန်ခိုးနဲ့ နှစ်ဆတိုးဆိုပြီး ပွားများလာလိုက်တာ အုတ်ပုံကြီးလို ဆဲလ်တွေ အစုလိုက်၊ အပုံလိုက်ဖြစ်လာရော။ အဲဒီတော့မှ အချင်းဖြစ်မယ့် ဆဲလ်တွေက အချင်းဖြစ်မယ့်နေရာသွား၊ ကလေးဖြစ်မယ့် ဆဲလ်တွေက ကလေးဖြစ်ကြဆိုပြီး တိုက်ဆောက်သလို အုတ်တွေကို စီလိုက်ကြတယ်။
အဲဒီလို အုတ်ပုံကြီးကနေ တိုက်အိမ်အကြမ်းထည်၊ တနည်းပြောရရင် သန္ဓေခဲလေး zygote ကနေ အချင်း၊ ခေါင်း၊ ခန္ဓာကိုယ်၊ ခြေနှစ်ဘက်၊ လက်နှစ်ဘက် လူပုံစံ အကြမ်းထည် ပေါ်လာတဲ့အထိ ဖွံ့ဖြိုးမှုက ကိုယ်ဝန် ပထမ သုံးလ embryo အဆင့်မှာတင် အပြီးသတ်ရပါတယ်။ လူပုံစံ ပေါ်နေပြီ၊ သို့သော် အရပ်အမောင်းကတော့ လူကြီးလက်တဆစ်လောက်ပဲ ရှိသေးတယ်ပေါ့ဗျာ။ ပထမ သုံးလ embryo အဆင့် ပြီးတဲ့အခါမှာပေါ့။
ဒုတိယ သုံးလနဲ့ တတိယ သုံးလမှာ လူပုံစံ အကြမ်းထည်ပေါ်ပြီးသား fetus ကလေးလေးက ဆက်ပြီးကြီးထွားလာတယ်ပေါ့။ မွေးခါနီးကျ တတောင်လောက်ရှိတဲ့ ကလေးကြီးဖြစ်သွားတာပေါ့။
ဒါကြောင့် ကိုယ်ဝန်ရှိခါစ ပထမသုံးလ၊ embryo stage၊ အုတ်ပုံကြီးကနေ တိုက်အိမ်အကြမ်းထည် ပုံပေါ်လာဖို့ အုတ်စီတဲ့အဆင့်၊ စာစကားနဲ့ပြောရရင် organogenesis အဆင့်သည် အရမ်းအရေးကြီးပါတယ်ဗျ။ အုတ်စီမှားသွားရင် လူနေလို့မရတဲ့ တိုက်အိမ်ဖြစ်သွားမှာပေါ့။
ပြဿနာက ဘာလဲဆိုတော့ အာ့လိုအရေးအကြီးဆုံး အဆင့်မှာ အမျိုးသမီးတွေက သူတို့ကိုယ်သူတို့ ကိုယ်ဝန်ရနေပြီလို့ မသိကြသေးတာပဲ။ ဒါကြောင့်ပဲ ကျွန်တော်တို့ ဆရာဝန်တွေက ကလေးယူမယ်လို့ ဆုံးဖြတ်ပြီး ကိုယ်ဝန်တားဆေးတွေ အားလုံးရပ်လိုက်တဲ့ အချိန်ကစပြီး မိခင်လောင်းကို တနေ့ ဖေါလစ်အက်ဆစ် folic acid တလုံးသောက်ခိုင်းတာပါ။
ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုသည် ကိုယ်ဝန်မရခင်ကကို စရပါတယ်ဗျ။ Pre-pregnancy counselling clinic လို့ခေါ်ပါတယ်ဗျ။ ဗိုက်ကြီးတဲ့ ကိုးလလုံးလုံးလဲ ပေါ်မလာ၊ ဗိုက်နာနာချင်းလဲ မရောက်လာ၊ အသည်းအသန်ဖြစ်မှ ညကြီးအချိန်မတော် ရောက်လာပြီး စောင်ဆရာဝန်တွေလို့ ဆဲသွားတဲ့ ဗိုက်ကြီးသည် မမများ သိစေဖို့ပါဗျ။
ပြောနေရင်းနဲ့ ဘယ်ရောက်သွားပါလိမ့်။ အော် Anencephaly အကြောင်း ပြောမလို့နော်။ အဲဒါ အုတ်စီတာ မှားသွားတာပဲဗျ။ ဘယ်နားလေးမှာလဲဆိုတော့ ဦးခေါင်းခွံနဲ့ ဦးနှောက်နေရာမှာ။ နဖူးရိုးပြား frontal bones, နားထင်ရိုးပြား perital bones, နောက်စေ့ရိုးပြား occipital bone, နဲ့ ဦးနှောက် နောက်ဘက်ခြမ်း ပါမလာတာ။ အောက်ပိုင်းက လုံးဝအကောင်း။ ခြေလက်အင်္ဂါစုံတယ်။ မျက်နှာကလဲအကောင်း။
ပြဿနာက ဘာလဲဆိုတော့ အထက်ကပြောခဲ့တဲ့ အရာတွေ အားလုံးမပါ၊ ဦးရေပြားလေးပဲ ပါတာပေါ့။ အဲဒါကို ကိုယ်ဝန် ၂၀-၂၂ ပါတ်ကြားရိုက်တဲ့ anomaly scan USG မှာ ရှင်းရှင်းလင်းလင်း မြင်ရပါပြီဗျ။
ပြဿနာက အဲဒီမှာစတယ်။ ကလေးလေး fetus is Anencephaly. Baby is incompatible with extrauterine life. အမေ့ဗိုက်ထဲမှာ ရှိနေသမျ အသက်ရှင်မယ်။ မွေးထွက်ပြီးတာနဲ့ နာရီပိုင်းအတွင်း သေမယ်လေ။ ဘာလုပ်ကြမလဲ။ အမေကို ဘယ်လိုမှ မရှင်နိုင်မယ့် ကလေးကို နေ့စေ့လစေ့အထိ ကိုယ်ဝန်ကို လွယ်ခိုင်းထားမလား။ သိသိချင်းပဲ ကလေးကို ထုတ်ပြစ်မလား။ အမေကိုပဲ ဆုံးဖြတ်ခိုင်းရပါတယ်ဗျ။ USG အရ ၂၀-၂၂ ပါတ်မှာ Anencephaly ဆိုတာကို ၁၀၀% သေချာအောင် ပြောနိုင်ပေမယ်လို့ မိခင်ကကျ သူ့ကလေး လှုပ်နေတယ်လို့ ခံစားရတော့ မွေးထွက်ပြီးပြီးချင်း သေမှာလို့ ပြောတာကို လက်ခံဖို့ အရမ်းခက်ခဲတတ်ပါတယ်။
သီးသန့်အခန်းထဲမှာ ခေါ်ပြီး သေချာရှင်းပြရပါတယ်။ ကလေးကတော့ အမေ့ဗိုက်ထဲမှာ ရှိနေသမျတော့ အသက်ရှင်နေမှာပဲ။ မွေးထွက်လာပြီးရင်တော့ နာရီပိုင်းပဲနေပြီး သေမှာပဲ။
အဲဒီလိုကလေးကို နေ့စေ့လစေ့ရောက်၊ သဘာဝအတိုင်း မွေးချိန်ထိအောင် စောင့်မလား၊ သိတဲ့အချိန်မှာပဲ ဆေးထည့်ပြီး မွေးထုတ်ပြစ်မလား။ လူနာနဲ့ လူနာရှင်ကို ဆွေးနွေးရပါတယ်ဗျ။ သူတို့ကတော့ သူတို့ကလေး လှုပ်နေတယ်ဆိုပြီး ဒါကိုလက်ခံဖို့ အတော်ခက်ခဲပါတယ်။
အကြေအလည် ရှင်းပြပြီးလို့ လက်ခံတယ်၊ ကိုယ်ဝန်ကို အဆုံးသတ်လိုက်တော့မယ်၊ သဘောတူတယ် ဆိုရင်လဲ သားအိမ်ပွင့်ဆေး၊ ကိုခြောက်နာရီခြားတခါနဲ့ အကြိမ်ရေ ဘယ်လောက်မှန်း မသိအောင် ထည့်ရနိုင်ပါတယ်။ တချို့က နှစ်ခါ၊ သုံးခါနဲ့ ထွက်သွားနိုင်သော်လည်း တချို့က လေး၊ ငါးရက်ကြာအောင် ဆေးထည့်ရတာမျိုးလဲ ရှိတတ်ပါတယ်။ လူနာကို အလိုမလိုက်ပဲ ခွဲမွေးမပေးဖို့တော့ လိုတာပေါ့ဗျာ။ ဗိုက်နာလာရင်လဲ ရှိတဲ့ဘယ်အနာသက်သာတဲ့ ဆေးသုံးသုံး အဆင်ပြေတယ်လေ။ ကလေးအကြောင်းက စဉ်းစားစရာမှ မလိုတာပဲ။
ပြောပြချင်တာက ကလေးယူမယ်လို့ ဆုံးဖြတ်ပြီး ကိုယ်ဝန်တားဆေးတွေ ရပ်လိုက်တဲ့အချိန်ကစလို့ တနေ့ကို folic acid တလုံးသောက်ပါဗျ။
အားလုံးပဲ မတော်တဆ sexual pleasure ကြောင့်ရသွားတဲ့ ကိုယ်ဝန်မဟုတ်ပဲ လိုလိုလားလား ဖိတ်ခေါ်ပြီးရသွားတဲ့ planned pregnancy တွေဖြစ်ကြပါစေဗျာ။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Chiang Rai
57130