Friendie

Friendie

แชร์

Welcome to FRIENDIE! Your go-to lifestyle hub where friends meet, connect, and enjoy life.

We make everyday moments extraordinary whether you’re sipping coffee, exploring new places, or catching up with friends. 🌿☕️✨ Your go-to lifestyle hub where friends meet, connect, and enjoy life. 🌿☕✨ We make everyday moments extraordinary—whether you’re sipping coffee, exploring new places, or catching up with friends. Join us for good vibes, stylish spaces, and endless fun! 🌟 #GoodVibesOnly

21/09/2026

Doi inthaton တောင်ပေါ်မှာရှိတဲ့ ကရင်ရွာလေးကို ဘယ်လိုသွားလည်ရတာလဲလို့ မေးတဲ့ထားတဲ့ သူငယ်ချင်းတွေအတွက် ဒီ content လေးကို ရေးပေးလိုက်ပါတယ် 💚
တောင်တက်တာ လမ်းတစ်လျှောက် သူငယ်ချင်းတွေတစ်စု ရယ်လိုက်၊ ဟီးလိုက်၊ ဟားလိုက်နဲ့ တကယ်ပျော်ရပါတယ်ဗျာ 🤣
လမ်းတစ်လျှောက်သွားလမ်းတွေကို လှေကားလေးတွေနဲ့ သေချားလေးပြင်ထားတော့
သွားလာရတာ တကယ့် အဆင်ပြေတဲ့ နေရာလေးတွေဖြစ်ပါတယ်
ဒီရွာကို သွားရတဲ့ Hiking trial ကတော့ တကယ့်ကို beginner friendly ဖြစ်ပြီး တစ်ခေါက်လောက်တော့ သွားလည်သင့်တဲ့ trial လေးဖြစ်ပါတယ်
နားရမယ့် နေရာလေးတွေကို ရောက်ပြီးဆိုရင် လမ်းတစ်လျှောက် ရေတံခွန်းလေးတွေ ကြည့်ရင်း နားလို့ရမှာဖြစ်ပါတယ်
သဘာဝတရားနဲ့ အတူ ပုံလေးရိုက်ကြတယ်၊ Vidoe record လေးတွေ အမှတ်တရ ယူကြပါတယ်
ရေတံခွန်သံလေးတွေကို နားထောင်ကြမယ်
ရေတံခွန်သံလေးတွေကြရတာ၊ တကယ့် တောတောင်တွေရဲ့ အသံတွေကြားရတာ တကယ့်ကို စိတ်ချမ်းသာပြီး ကျေနပ်ရပါတယ်
Trial နာမည်ကတော့ Pha Dok Siew Nature Trial ဖြစ်ပါတယ် 🤩

🇹🇭

Photos from Friendie's post 12/09/2026

တကယ်လို့ ၁၉၉၀ ခုနှစ်ဝန်းကျင်က ဒီလိုအချိန်မျိုးမှာ Doi Pui ကို သွားလည်ခဲ့မယ်ဆိုရင်၊
မိုးရာသီအတွင်းဖြစ်ပေမယ့် တောင်ပေါ်တစ်ဝိုက် စိမ်းစိမ်းစိုစိုနဲ့ လှပနေဦးမှာပါပဲ။ 🌿

စက်တင်ဘာလမှာ Doi Pui ကို သွားမယ်ဆိုရင်

အားသာချက်တွေကတော့

တောင်ပေါ်တစ်ပြင်လုံး စိမ်းလန်းစိုပြည်နေပြီး သစ်ပင်ပန်းမန်တွေ လတ်ဆတ်စိမ်းလန်းနေပါတယ်။
မိုးရွာပြီးစအချိန်တွေမှာ သာယာလှပတဲ့ တောင်တန်းမြူခိုး (Sea of Mist) ရှုခင်းတွေကို တွေ့မြင်နိုင်ပါတယ်။
ခရီးသွားနည်းတဲ့ Low Season ဖြစ်လို့ လူရှုပ်ထွေးမှုမရှိဘဲ အေးအေးဆေးဆေး လည်ပတ်နိုင်ပါတယ်။
ရာသီဥတုက အေးမြပြီး တောင်ပေါ်လေညင်းကို ကောင်းစွာ ခံစားနိုင်ပါတယ်။ 🫶

အားနည်းချက်တွေကတော့

တောင်တက်လမ်းတွေက အကွေ့အကောက်များပြီး မိုးရွာထားရင် လမ်းချော်နိုင်တာကြောင့် မောင်းနှင်ရာမှာ ပိုပြီး သတိထားဖို့လိုပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းချိန် ဒါမှမဟုတ် မြူခိုးထူထပ်နေချိန်တွေမှာ အောက်ဘက်ရှုခင်းတွေကို ရှင်းလင်းစွာ မမြင်ရဘဲ မှိုင်းဝေနေနိုင်ပါတယ်။
Doi Pui တောင်အောက်က Hmong Tribal Village ထဲမှာရှိတဲ့ ပန်းဥယျာဉ်တွေက ဆောင်းရာသီလောက် ပန်းမျိုးစုံစုံလင်လင် မပွင့်သေးနိုင်ပါဘူး။

ခရီးသွားမယ်ဆိုရင် ✨

မိုးလေဝသအခြေအနေကို ကြိုတင်စစ်ဆေးပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်တဲ့ရက်တွေကို ရှောင်ပါ။
တောင်ပေါ်လမ်းတွေမှာ မိုးရွာပြီး မြူခိုးထူလာနိုင်တာကြောင့် မောင်းနှင်ရာမှာ အရှိန်လျှော့ပြီး သတိထားမောင်းပါ။
လိုအပ်ပါက High beam မီးထက် သင့်တော်တဲ့ Fog light ကို အသုံးပြုပါ။
မိုးကာ၊ ထီးနဲ့ ချော်မလဲလွယ်တဲ့ ဖိနပ်ကောင်းကောင်းတွေ ယူဆောင်သွားပါ။ 🤩

🇹🇭

Photos from Friendie's post 12/09/2026

1980 တုန်းက ဆိုရင် ဘယ်ပုံလေးတွေနဲ့ ပိုလိုက်လေ 😅🤣
နောက်ဆုံးပုံရဲ့ ဆံပင်ကေကအသက် 😆

Photos from Friendie's post 11/09/2026

ချင်းမိုင်က Roast8ry မှာ ကော်ဖီသွားသောက် 😃🌚
1990 တုန်းက ပေါ့ကွယ် 🤩

IMG 9423 11/09/2026

ချင်းမိုင်ဆိုတာ မိုးရာသီရောက်ရင် တောတောင်သဘာဝတွေနဲ့ ပိုပြီးစိမ်းစိုလှပလာတဲ့ မြို့လေးတစ်မြို့ပါ
တောင်တွေ၊ သစ်တောတွေ၊ မိုးရနံ့တွေနဲ့ အေးချမ်းတဲ့ သဘာဝပတ်ဝန်းကျင်တွေကြောင့်
ချင်းမိုင်ကို တောင်တက်တာနဲ့ အတူတွဲမြင်ကြတယ်
ပြောချင်တာကို ချင်းမိုင်ကိုရောက်ရင် တောင်တက်ရမယ်ဆိုတာပဲ 😁😆
ဒါပဲ 🤣

📍တောင်တက် ဘလော့လေးကို Youtube မှာကြည့်လို့ရပါတယ်ဗျ

IMG 9423 Rainy Season Hiking in Chiang Mai 🌧️🌿 | Mountains, Mist & NatureW...

Photos from Friendie's post 06/09/2026

☕🦌 Deer Looking Back… but I’m looking at my coffee 😂

ချင်းမိုင်ရောက်ရင် Coffee lover တွေ မသိမဖြစ်တဲ့ Roast8ry Coffee Lab ကို ဒီနေ့ ဝင်ဖြစ်ပါတယ်။

ဒီဆိုင်က Latte Art Champion တွေကြောင့် နာမည်ကြီးတဲ့ Coffee Lab တစ်ခုဆိုတော့ကော်ဖီသောက်တာပဲလေ ဆိုပြီး ဝင်လာတာ၊
Latte Art ကိုပါ တစ်ခွက်ချင်းစီ လိုက်ကြည့်နေမိတယ် 😂

ဒီနေ့တော့ Deer Looking Back 🦌 လေးကို try လုပ်ခဲ့ပါတယ်။

Deer က နောက်ပြန်လှည့်ကြည့်နေပေမယ့်…
ကျွန်တော်ကတော့ coffee cup ကိုပဲ မျက်စိမခွာနိုင်ဘူး ☕🤣

Coffee taste က smooth ဖြစ်ပြီး တကယ်ကို good coffee ပါ။
Latte Art ကလည်း လှတော့
သောက်ရမှာတောင် နှမြောနေမိတဲ့အခြေအနေ 😂

Sometimes,
You don’t need a big plan.
Just good coffee + nice art + a little me-time. ☕🤎

ဒီနေ့ရဲ့ coffee mood — 100% satisfied! ✨

📍 Roast8ry Coffee Lab, Chiang Mai

06/09/2026

📌 Doi Inthanon သွားရင် Mae Ya Waterfall ကို မဖြစ်မနေ ဝင်ခဲ့ဖို့ မမေ့နဲ့နော် 💦
Doi Inthanon တောင်ပေါ်ကို သွားရင် မယ်ယာရေတံခွန် (Mae Ya Waterfall) ကို ရောက်အောင် ဝင်လည်ခဲ့ကြပါဦး သူငယ်ချင်းတို့ရေ
Doi Inthanon တောင်တက်ဂိတ်ဝမှာ ဝင်ကြေး (နိုင်ငံခြားသား) ၃၀၀ ဘတ် ပေးခဲ့ရပြီးပြီဆိုရင် အဲ့ဒီ လက်မှတ်လေးနဲ့ပဲ Mae Ya Waterfall ကို အခမဲ့ (Free) ဝင်လို့ရပါတယ် 🎟️✨
ဝင်ကြေး ထပ်ပေးစရာ မလိုဘဲ အတန်ဆုံး ဝင်လည်လို့ရမယ့် ခရီးစဉ်လေးပါ
မယ်ယာ ရေတံခွန်ကလည်း ဒေါ်အင်သနွန်ရဲ့ အလှဆုံးနဲ့ အကြီးဆုံး ရေတံခွန်တစ်ခုမလို့ တကယ်ကို သွားရတန်ပါတယ်။ တစ်ကြိမ်တစ်ခါသွားလည်ရင်ပေါ့ 😁
ချင်းမိုင် ခရီးစဉ် သွားဖို့ ပြင်နေတဲ့ သူငယ်ချင်းတွေကိုပါ Tag ရိုက်ပြီး သတင်းကောင်း ပေးလိုက်ကြရအောင် 👇
🇹🇭

Photos from Friendie's post 05/09/2026

ချင်းမိုင်ကတောတောင်ထဲမှာ ရခိုင်က လေးမြို့ချောင်းကို လွမ်းမိတဲ့နေ့ 🌿⛰️

စိမ်းစိမ်းစိုစို တောလမ်းလေးအတိုင်း လမ်းလျှောက်ရင်း ချင်းမိုင်က ကရင်ရွာလေးဆီ ရောက်ခဲ့တယ်။ အနားမှာ စီးဆင်းနေတဲ့ တောင်ကျရေအေးအေးလေးတွေကို မြင်တော့ စိတ်က အဝေးကြီးကို တန်းခနဲ ရောက်သွားတာပဲ…။

ရခိုင်ဘက်က လေးမြို့ချောင်းဘေးမှာရှိတဲ့ ချင်းရွာလေးတွေကို ရောက်သွားသလို ခံစားချက်မျိုး။ တောတောင်တွေရဲ့ အေးရိပ်၊ စမ်းရေသံနဲ့ သဘာဝတက်ထွက် အလှတရားတွေက ထပ်တူနီးပါး တူလွန်းနေလို့ပါ။

အဲဒီ ရခိုင်ဘက်က လေးမြို့ချောင်း ဆိုရင်လည်း သဘာဝတောတောင်တွေကြားမှာ အရမ်းသာယာတာ။ ချောင်းဘေးတစ်လျှောက်မှာဆိုရင် ဒေသထွက် လိုင်ချီးသီး၊ ဇီးသီး၊ ကျွဲကော့သီးတွေဆိုတာလည်း ပေါမှပေါ။ လတ်လတ်ဆတ်ဆတ် သစ်သီးချိုချိုလေးတွေကို စားရင်း ရွာက အဘွားကြီးနဲ့ အေးအေးလူလူ စကားစမြည်ပြော၊ ရေနွေးကြမ်းပူပူလေး သောက်ခဲ့ရတဲ့ ခရီးစဉ်အမှတ်တရလေးက အခုထိ ရင်ထဲမှာ နွေးထွေးနေတုန်း။

ခရီးသွားရတာရဲ့ အလှပဆုံးအရာကတော့ ဘယ်နေရာပဲရောက်ရောက် ကိုယ်ချစ်ရတဲ့ ပတ်ဝန်းကျင်နဲ့ အမှတ်တရလေးတွေကို ပြန်လည်သတိရစေတာပါပဲ။

ဒီနေ့တော့ ချင်းမိုင်ရဲ့ သဘာဝအလှကြားထဲမှာ လေးမြို့ချောင်းရဲ့ အငွေ့အသက်လေးတွေကို ရှူရှိုက်ရင်း... ✨☕

#ချင်းမိုင်ခရီးစဉ် #အမှတ်တရ

Photos from Friendie's post 05/09/2026

တီလေးတွေက လူတွေထင်ထားတာထက် တောင်တက်ဖို့ တော်တော်လေး သင့်တော်ကြပါတယ်။ 🐕⛰️
သူတို့ရဲ့ ခြေထောက်နဲ့ ခြေသည်းတွေက မြေပြင်ကို ကောင်းကောင်းဆုပ်ကိုင်နိုင်တာကြောင့် စောင်းတဲ့လမ်းတွေနဲ့ ကျောက်တုံးတွေကြားမှာတောင် ဟန်ချက်ညီညီ လှုပ်ရှားနိုင်ကြပါတယ်။
ဒါ့အပြင် ကြွက်သားနဲ့ ခံနိုင်ရည်ကောင်းတာကြောင့် လမ်းလျှောက်ခြင်း၊ တောင်တက်ခြင်းလို လှုပ်ရှားမှုတွေကို နှစ်သက်ကြပါတယ်။ တောင်တက်ခြင်းကလည်း သူတို့အတွက် ကိုယ်လက်လှုပ်ရှားမှုရစေသလို သဘာဝထဲမှာ အနံ့အသစ်၊ အသံအသစ်နဲ့ ပတ်ဝန်းကျင်အသစ်တွေကို စူးစမ်းခွင့်ရတာကြောင့် စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းမွန်ပါတယ်။
ဒါကြောင့် သင့်တော်တဲ့တောင်လမ်းနဲ့ ရာသီဥတုအခြေအနေမှာ တောင်တက်ခေါ်သွားပေးတာက လေ့ကျင့်ခန်းလုပ်ပေးရုံမဟုတ်ဘဲ သူတို့ရဲ့ သဘာဝအတိုင်း လွတ်လပ်စွာ စူးစမ်းရှာဖွေခွင့်ပေးတာ လည်း ဖြစ်ပါတယ်။ 🌿🐾⛰️

ဒါပေမယ့် တီလေးတွေ အကုန်လုံးကတော့ တောင်တက်ဖို့ မသင့်တော်ပါဘူး။ အသက်၊ ခန္ဓာကိုယ်အရွယ်အစား၊ မျိုးစိတ်၊ ကျန်းမာရေးနဲ့ တောင်လမ်းရဲ့ အခက်အခဲကို ကြည့်ရပါတယ်။ ပူလွန်းတဲ့နေ့၊ အလွန်ကြမ်းတဲ့လမ်း၊ ရေမရှိတဲ့နေရာတွေမှာတော့ အထူးသတိထားသင့်ပါတယ်။
အရွယ်ရောက်ပြီးတဲ့ တီလေးတွေက ပုံမှန် hiking လုပ်ဖို့ ပိုသင့်တော်ပါတယ်။
အရွယ်မရောက်သေးတဲ့ ပေါက်စလေးတွေမှာ အရိုးနဲ့ အဆစ်တွေ မဖွံ့ဖြိုးသေးတဲ့အတွက် အကွာအဝေးရှည်၊ အတက်အဆင်းများတဲ့ တောင်လမ်းတွေကို မခေါ်သင့်သေးပါဘူး။
အသက်ကြီးတဲ့ တီလေးးတွေကတော့ တောင်တက်နိုင်ပေမယ့် အကွာအဝေးနဲ့ အရှိန်ကို လျှော့ပေးသင့်ပါတယ်။
အကောင်ကြီးမှ တောင်တက်နိုင်တာမဟုတ်ပါဘူး။ သေးသေးလေးတွေလည်း တောင်တက်နိုင်ပါတယ်။
အဓိကက fitness နဲ့ ခံနိုင်ရည် ပါ။ သေးလွန်းတဲ့တီလေးတွေကိုတော့ အလွန်ရှည်လျားပြီး ခက်ခဲတဲ့လမ်းတွေမှာ ပိုဂရုစိုက်ရပါတယ်။
အများအားဖြင့် ကိုယ်လက်လှုပ်ရှားမှုကို နှစ်သက်ပြီး ခံနိုင်ရည်ကောင်းတဲ့ Border Collie, Australian Shepherd, Labrador Retriever, Golden Retriever, Husky စတဲ့မျိုးစိတ်တွေက hiking အတွက် သင့်တော်တတ်ပါတယ်။
ဒါပေမယ့် မျိုးစိတ်ထက် တစ်ကောင်ချင်းစီရဲ့ fitness နဲ့ ကျန်းမာရေး က ပိုအရေးကြီးပါတယ်။
တောင်မတက်ခင်မှာ နှလုံးနဲ့ အသက်ရှူလမ်းကြောင်း ပြဿနာမရှိခြင်း ခြေထောက်၊ အဆစ်နဲ့ အရိုး ပြဿနာမရှိခြင်း လမ်းလျှောက်ရာမှာ အလွယ်တကူ မပင်ပန်းခြင်း ကိုယ်အလေးချိန် သင့်တင့်ခြင်း
ရောဂါရှိတဲ့ တီလေးတွေ၊ ခွဲစိတ်ပြီးစလေးတွေ၊ အဆစ်ပြဿနာရှိတဲ့တီလေးတွေဆိုရင် တောင်တက်ခရီးမသွားခင် တိရစ္ဆာန်ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံး ပါ။
တီလေးတွေက လူလိုပဲ လေ့ကျင့်ခန်းလုပ်တဲ့အခါ ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ အထူးသဖြင့် ပူတဲ့ရာသီမှာ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ အပူလွန်ခြင်း (heatstroke) ဖြစ်နိုင်လို့ ရေက အရေးကြီးပါတယ်။
တောင်တက်နိုင်မနိုင်ကို တီလေးတွေရဲ့ အသက်၊ fitness၊ မျိုးစိတ်၊ ကျန်းမာရေးနဲ့ တောင်လမ်းအခက်အခဲကို တွဲပြီးကြည့်ရမယ်။ ရေကူးတတ်တာက bonus တစ်ခုဖြစ်ပေမယ့် hiking အတွက် သောက်ရေကိုတော့ မဖြစ်မနေယူသွားရမယ် 🐾🌿

Photos from Friendie's post 04/09/2026

Why should you visit Doi Inthanon in the rainy season? ⛰️

Doi Inthanon ကို လူအများက ဆောင်းရာသီဆို ပိုလှတယ်လို့ထင်ကြတယ်
ဒါပေမယ့် ကျွန်တော်ကတော့ မိုးရာသီ Doi Inthanon ရဲ့အလှကို တစ်ခါလောက်တော့ သွားကြည့်သင့်တယ်လို့ ပြောချင်တယ် 💚

🌿 ၁။ စိမ်းစိုမှုအပြည့်နဲ့ သဘာဝကိုခံစားလို့ရတယ်

မိုးရေကြောင့် သစ်ပင်တွေ၊ မြက်ခင်းတွေ၊ တောင်တန်းတစ်လျှောက်က အပင်တွေအားလုံး စိမ်းစိုပြီး ပိုပြီးအသက်ဝင်နေတယ်။

☁️ ၂။ မြူတွေနဲ့ တောင်တန်းအလှက ပိုပြီးထူးခြားတယ်

တောင်ပေါ်ကို တက်လာရင်း မြူတွေကြားထဲ ဖြတ်သန်းရတဲ့ feeling က တကယ်ကို magical ဖြစ်တယ်။ တစ်ခါတလေ တောင်တန်းတွေတောင် မြူထဲမှာ ပျောက်သွားသလိုပဲ။ 😍

🌧️ ၃။ မိုးစက်လေးတွေနဲ့ သဘာဝရဲ့အသံကို ခံစားလို့ရတယ်

မိုးဖွဲဖွဲကျတဲ့အချိန် သစ်ရွက်တွေကြားက မိုးရေစက်သံ၊ အေးမြတဲ့လေ…
City life ကနေ ခဏလောက် Escape လုပ်ချင်တဲ့သူတွေအတွက် အရမ်းကောင်းတယ် 🍃

📸 ၄။ Photography အတွက်လည်း အရမ်းလှတယ်

Green + Mist + Mountain = Natural filter တစ်ခုလိုပဲ။
ပုံရိုက်ရင် editing သိပ်မလုပ်ရဘဲနဲ့တောင် mood က ထွက်နေပြီ။ 😁📷

⛰️ ၅။ Doi Inthanon က ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်ရှိတဲ့နေရာ
ပင်လယ်ရေမျက်နှာပြင်အထက် 2,565 မီတာ မြင့်တဲ့ Doi Inthanon National Park ကို ရောက်တဲ့အခါ တောင်တန်းအလှနဲ့ သဘာဝရဲ့အေးချမ်းမှုကို တစ်နေရာတည်းမှာ ခံစားလို့ရတယ်။

မိုးရာသီရဲ့ အားသာချက်က
Perfect weather …
Perfectly green nature ပါ။ 🌿

So, if you’re in Chiang Mai during the rainy season, Doi Inthanon is definitely worth a visit. 🇹🇭⛰️

📍 Doi Inthanon National Park, Chiang Mai
🌧️ Rainy Season | 🌿 Green Season | ☁️ Misty Mountain

ต้องการให้บุคคลสาธารณะของคุณขึ้นเป็นอันดับหนึ่งในหมวด บุคคลสาธารณะ ที่ Chiang Rai หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เว็บไซต์

ที่อยู่

Chiang Rai
57100

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Friendie โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Chiang Rai