Dmo Chit Thu

Dmo Chit Thu

แชร์

လူမှန်ရင် မူမမှန်တဲ့ တယူသန်စိတ်ကိုဖျောက် အမှန်လျှောက်ဖို့တော့ လိုတာပေါ့

Photos from Dmo Chit Thu's post 30/07/2025

မြန်မာ့အစိုးရ NUG ယာယီသမ္မတနှင့် ဝန်ကြီးများ မြေပြင်ကွင်းဆင်း

ကရင်နီ ၊ ဇူလိုင် ၃၀

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဝန်ကြီးများသည် တော်လှန်ရေးနယ်မြေများသို့ ဆင်းကာ ဒေသခံလူထု နှင့် တော်လှန်ရေးရဲဘော်များကို သွားရောက်တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ခရီးစဉ်အတွင်း NUG အစိုးရအဖွဲ့သည် စစ်ဘေး ရှောင် ပြည်သူလူထုနှင့် တွေ့ဆုံ၍ ပြည်သူလူထု ကြုံတွေ့ခံစားနေရသည့် အခက်အခဲများကို အလေး အနက်ထား နားထောင်ခဲ့ပြီး စိတ်ဓာတ်ခွန်အား ဝေမျှခြင်းနှင့် စစ်ဘေးရှောင် ပြည်သူလူထုအတွက် ကူညီလှူဒါန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် NUG ထိန်းချုပ်နယ်မြေအတွင်းဖြစ်ပွားနေသည့် စိန်ခေါ်မှုများ၊ အခက်အခဲ ပြဿနာများကို သိရှိအဖြေ ရှာနိုင်ရန်၊ မြေပြင်၌ တော်လှန်ရေးတာဝန် ထမ်းဆောင်နေကြသည့် တော်လှန်ရေး ရဲဘော်ရဲဘက်များနှင့် တွေ့ဆုံ၍ တော်လှန်ရေးခွန်အား ၊တော်လှန်စိတ် စွမ်းရည်များကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ကာ သွားရောက်တွေ့ဆုံခဲ့ကြောင်း ဆိုထားသည်။

NUG ၏ ယာယီသမ္မတအပါအဝင် အစိုးအဖွဲ့သည် လူထုနှင့် တသားတည်းရှိနေကြောင်းပြည်သူလူထုထံ သတင်းစကားပါး​၍ တော်လှန်ရေး စိတ်ခွန်အား ပိုမိုမြှင့်တင်နိုင်စေရန်လည်း ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ထိန်းချုပ်နယ်မြေများ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး များအတွက် အနီးကပ် ကြည့်ရှု၍ တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် မြေပြင်၌ ဦးဆောင်နေသည့် တာဝန်ခံများ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ နှင့် တွေ့ဆုံကာ ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ စနစ်ကျသည့် စီမံခန့်ခွဲမှုများ တည်ဆောက်သွားနိုင်ရန် ရည်ရွယ်ကြောင်းလည်း ဆိုထားသည်။

အဆိုပါ ခရီးစဥ်တွင် NUG ၏ ယာယီသမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနှင့် ကျန်းမာ ရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်၊ နိုင်ငံတော်သမ္မတရုံး အတွင်းဝန် ဦးဘရန်း၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးကွမ်မင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အတွင်းဝန် ဒေါ်နော်ထီးခူနှင့် ရုံးအဖွဲ့သားများ ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

KPV News
Photo - NUG

Photos from Dmo Chit Thu's post 29/07/2025

ဂိုရှယ်လေးဆိုတဲ့ ဒီကောင်က အရူးဆိုပြီးလွတ်ထားလို့မရဘူး။ အရူးပေမယ့် အရူးပါး။ ဒီကောင်က အထိုက်အလျောက် အန္တရယ်ရှိတယ်။

အခုAA ကအခြေအနေကောင်းတယ်လို့မြင်တော့ AA ကောင်းကြောင်းပြောမယ်၊ နောက်ပြီး ဖောရှောရိုက်ပြီးရခိုင်မှာဂွင်သွားရှာမယ်လို့စဉ်းစားပုံရတယ်။

ဒီကောင်က စစ်တပ်ကိုလည်း အယုံသွင်းပြီး ဂွင်ရှာသေးတယ်။ စစ်တပ်ရဲ့ Facebook account တွေဖျက်ချခံရတော myfacemsg ဆိုပြီး လုပ်တယ်။ စကစနဲ့သွားပေါင်းတာနော်။ ပြည်သူတွေမသုံးကြတော့မအောင်မြင်ဘူး။

ဒီကောင့်ရဲ့စိတ်ကပုံမှန်မဟုတ်တာသေချာတယ်။ ဒါပေမယ့် အရူးဆိုပြီး လွတ်ထားလို့မရဘူး။ အောက်က ပုံတွေကိုကြည့်၊ အဲ့ဒါ ဒီကောင် စကစအတွက်အလုပ်လုပ်ပေးနေတာမဟုတ်ရင်၊ ဘာလဲ ။

မျိုးရန်နောင်သိမ်း

Photos from Dmo Chit Thu's post 21/07/2025

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်လာသည့် ရဲကားကို ကြားဖြတ်တိုက်ခိုက်..
ရဲ ၂ဦးသေပြီး လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ၊ ရဲကားကိုပါ မီးရှို့ဖျက်ဆီးခဲ့ ‼️

ဇူလိုင် ၂၁၊ ၂၀၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ရဲကား၁စီး တိုက်ခိုက်ခံရမှုမှာ ကားပေါ်ပါတဲ့ ရဲ၂ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ​၁ယောက်က မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၂၀ရက်၊ မနေ့က မနက်အစောပိုင်းမှာ
ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း မိုင်တိုင် (၃၁၈)ဘက်မောင်းနှင်လာတဲ့ အထက်ပါရဲကားကို နွားထိုးကြီး PDF တပ်ဖွဲ့ဝင်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို နွားထိုးကြီး PDF ဖြစ်တဲ့ မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကားပေါ်ပါတဲ့ ရဲ၂ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

"ကျနော်တို့တိုက်ခိုက်ခဲ့တာ ရှေ့တန်းကို လူပို့ဖို့လာတဲ့ ကားဖြစ်မယ်ဗျ။ ရဲကားပါ။” လို့ နွားထိုးကြီး PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီနောက်မှာတော့ သေဆုံးသွားတဲ့ ရဲတွေဆီက BA-94 သေနတ် (၂)လက်နဲ့အတူ ကျည်ဘောက် (၅)ဘောက်၊ 9mmကျည်(၁၂၃)တောင့်နဲ့ 7.62ကျည် (၁၂၇)တောင့်ကို နွားထိုးကြီး PDF တပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် ရဲကားကိုပါ မီးရှို့ဖျက်ဆီးရင်း အခင်းနေရာကနေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါနွားထိုးကြီး PDF တာဝန်ရှိသူကပြောခဲ့ပါတယ်။

နွားထိုးကြီး PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ မကြာခဏ ဆိုသလို အမြန်လမ်းပေါ် တက်ရောက်ပြီး စစ်ကောင်စီဂိတ်စခန်းတွေနဲ့ ရဲကားတွေ၊ စစ်ကားတွေကို ပြောက်ကျားတိုက်ခိုက်နေတာဖြစ်သလို လမ်းပိုင်းစစ်ဆေးရေးတွေလည်း လုပ်ဆောင်နေတာဖြစ်ကြောင်း သိရပါတယ်။

ပုံစာ - ရဲကားကို ပစ်ခတ်တိုက်ခိုက်မှုအပြီး နွားထိုးကြီး PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်

Photos from Dmo Chit Thu's post 20/07/2025

MDY PDF တိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်အတွင်း စစ်ကောင်စီသင်္ဘော ၁စီးနစ်မြုပ်၊ ၃စီး မီးလောင်ပျက်စီး ‼️

ဇူလိုင် ၂၀၊ ၂၀၂၅

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းက စတင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေပါဝင်တဲ့ သင်္ဘောအုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က လမ်းတစ်လျှောက် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့က ဧရာဝတီမြစ်ကြောင်းအတိုင်း မောင်းနှင်လာတဲ့ စစ်သင်္ဘော ၅စီးပါ စုစုပေါင်း သင်္ဘော ၁၄ စီး အုပ်စုကို MDY PDF က မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တလျှောက် ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ တွဲတွန်းသင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့ပြီး စစ်သင်္ဘောတစ်စီးနဲ့ အခြားသင်္ဘော ၂စီး မီးလောင်ပျက်စီးမှု များပြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က သူတို့ရဲ့ သင်္ဘောတွေ အထက်သို့ ဆန်တက်နေတဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ Y12 လေယာဥ်တွေနဲ့ ထပ်ကြပ်မကွာ ဗုံးကြဲကာကွယ်ပေးခဲ့ပြီး ဂျက်ဖိုက်တာတွေ၊ Mi-35 တွေနဲ့လည်း အကြိမ်ကြိမ် ဗုံးကြဲနေတဲ့ကြားက အခုလို တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။

Photos from Dmo Chit Thu's post 20/07/2025

စစ်မှုထမ်း တပ်သား (၄)ဦး KNLA ထံ လက်နက်နှင့် အလင်းဝင်

ကရင်နီ၊ ဇူလိုင် ၂၀

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းတပ်သား (၄) ဦး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၉) ထံ လက်နက်နှင့်တကွ အလင်းဝင်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU ကထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ညောင်လေးပင်အခြေစိုက် ခမရ (၂၀)နှင့် ကော့သောင်းအခြေစိုက် ခမရ (၅၈၁) က တပ်သား ညီညီလွင်၊ တပ်သား နှင်းမောင်၊ တပ်သား စိုးဌေးအောင် နှင့် တပ်သား မြင့်မြတ်အောင် တို့သည် ဇူလိုင်လ (၈)ရက်နေ့တွင် အလင်းဝင်ရောက်လာခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ အလင်းဝင်သူများသည် စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံသူများဖြစ်ပြီး စစ်မှုထမ်း အပတ်စဥ် (၈) သင်တန်းဆင်း (၂) ဦးနှင့် အပတ်စဥ် (၅) သင်တန်းဆင်း (၂) ဦး ဖြစ်ကြောင်း ဆိုထားသည်။

ထို အလင်းဝင်သူများနှင့်အတူ MA-11 သေနတ် (၃) လက်၊ MA-2 သေနတ် (၁)လက်၊ ကျည်ဘောက် (၈) ခု၊ ကျည်များ သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

ထို့နောက် အလင်းဝင်သူများကို ဂုဏ်ပြုဆုငွေ တစ်ဦးလျှင် ကျပ် (၁၀) သိန်း ချီးမြှင့်ပေးခဲ့ပြီး လက်နက်ချအလင်းဝင်လာသူများကို KNU နှင့် တိုင်းရင်းသား တော်လှန်ရေးတပ်များက ကြိုဆိုလျက်ရှိကြောင်း အသိပေးထားသည်။

ထို့ကြောင့် အတင်းအဓမ္မစုဆောင်းခံရသည့် တပ်သားသစ် အနေဖြင့် စစ်အာဏာရှင် လက်အောက်တွင် တာဝန် ထမ်းဆောင်ခြင်းမပြုဘဲ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်ရင်းထံ လက်နက်ချ အလင်းဝင်ကြပါရန် KNU ကတိုက်တွန်းထားသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား၊ ရဲနှင့် ပြည်သူ့စစ် (၁၁၁)ဦး ရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

KPV News
Photo- KNU

#စစ်မှုထမ်း #အလင်းဝင်

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bankok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bankok