MR.ZAY HTOO
Myanmar political News
မြန်မာနိုင်ငံ သတင်းများ
ထိုင်းနိုင်ငံမှာ တရုတ် စီမံကိန်းလုပ်ငန်းခွင်သုံး ကရိန်းက ရထားပေါ် ပြိုကျရာ လူ ၃၂ ဦး သေဆုံး
ထိုင်းနိုင်ငံမှာ ဘန်ကောက်ကနေ အရှေ့မြောက်ပိုင်းပြည်နယ်ဆီ ဦးတည်မောင်းနှင်တဲ့ ရထားတွဲတစ်တွဲပေါ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်း ပြိုကျကာ ရထား လမ်းချော်တိမ်းမှောက်ခဲ့ရာကနေ အနည်းဆုံး လူ ၃၂ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်..
#ထိုင်းနိုင်ငံ
#မဇ္ဈိမသတင်းဌာန
▢ AA မှ တူးဖော်ရရှိသွားသည့် ရခိုင်သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်းလောင်း အကြောင်းကို အစီရင်ခံစာ အမြန်တင်ပြရန် မင်းအောင်လှိုင်က ရှေးဟောင်းသုတေသနကို ညွှန်ကြားဟုသိရ.
#သတင်းထူးသတင်းဦး
ရခိုင်ပြည် စစ်တွေမြို့ အနီးတွင် အမြင့်ကျွန်းတံတားထိပ်စခန်း ၊ ဝါဘိုစခန်း နဲ့ ကျားမသောက် စခန်းတွေကို ULA/AA ဘက်မဇ ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်...
အဲ့ဒီနေရာသုံးခုမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး ၊ လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်သံတွေကို မြို့ထဲက ကြားနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်...
#သတင်းထူးသတင်းဦး
Waddy FM
ကျောက်ဖြူမှာ ယာယီ စစ်ဆေးရုံတွေ တိုးချဲ့ထားရ
၄ ၊ ဇန်နဝါရီ ၊ ၂၀၂၆
ကျောက်ဖြူတိုက်ပွဲက ဒဏ်ရာရ ပြည်သူ့စစ်တွေကို ဆေးကုသပေးဖို့အတွက် မဒေးကျွန်း ၊ အုန်းကျွိန်ကျွန်း တို့မှာ ယာယီစစ်ဆေးရုံတွေတိုးချဲ့အသုံးပြုနေရတယ်လို့ သတင်းရရှိပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ဟာ မနှစ်က ဒီဇင်ဘာတစ်လလုံးမှာ ကျောက်ဖြူမြို့နဲ့ အနီးဝန်းကျင်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အထိအခိုက်များလွန်းတဲ့ အတွက် ကျောက်ဖြူမြို့နယ်ထဲမှာ ယာယီစစ်ဆေးရုံ သုံးခုထက်မနည်း အသုံးပြုနေရတယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
"တပ်ရင်းအားလုံးမှာ ဆေးကုသဆောင် တွေ ထပ်တိုးထားတယ် ၊ ပြီးတော့ မဒေးကျွန်းက စီမံကိန်းဧရိယာထဲမှာ လည်း ၊အဆောက်အအုံတွေ ကို ယာယီစစ်ဆေးရုံဆိုပြီးလုပ်ထားတယ် ၊ လက်မောင်းထိ ပေါင်ထိတဲ့ ကောင်တွေကို မဒေးကျွန်းနဲ့ ခလရ ၃၄ မှာကုတယ် " လို့ စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ ကျောက်ဖြူ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင် တရုတ်ကုမ္ပဏီဖြစ်တဲ့ CNPC က ဆောက်လုပ်ပေးထားတဲ့ မဒေးကျွန်း ကျေးရွာက စာသင်ကျောင်းကိုလည်း ယာယီစစ်ဆေးရုံအဖြစ် အသုံးပြုထားတယ်လို့ ပြောပါတယ်။
ကျောက်ဖြူအခြေစိုက် ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃) စစ်တပ်ရင်းတွေမှာ ဆေးကုသဆောင်တွေ တိုးချဲ့ဆောက်လုပ်ထားပြီး အဲ့ဒီက မနိုင်တဲ့ အရေးပေါ်လူနာတွေကို ရန်ကုန်ကို လေယာဉ်နဲ့ သယ်ဆောင်ကြတယ်လို့ ဆိုပါတယ်။
ဒါအပြင် ကျောက်ဖြူမြို့ပေါ်က ပြည်သူ့ ဆေးရုံကြီးမှာ တော့ စစ်ကော်မရှင်ရဲ့ ဒဏ်ရာရ စစ်သားတွေကို
၂၀၂၅ နှစ်ဆန်းပိုင်းကတည်းက ဆေးကုပေးခဲ့တာဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ် သိုင်းချောင်း ၊ မင်းပြင် တစ်ဝိုက်က တိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက်က အင်အား ၃၀၀ ထက်မနည်း အသုံးပြုခဲ့ပေမယ့် အများအပြားဒဏ်ရာ ရတဲ့အတွက် ဒီဇင်ဘာ နောက်ဆုံးပတ်မှာပဲ တိုက်ပွဲက နောက်ဆုတ်သွားပါတယ်။
ဒါအပြင်ကျောက်ဖြူတိုက်ပွဲအတွင်းမှာ စစ်ကြောင်းမှူးဖြစ်တဲ့ ဗိုလ်မှူး ကိုကိုဇော် သေဆုံးခဲ့ပြီး ၊ အရာရှိ ငါးဦးထက်မနည်းကို မိသားစုတွေကိုယ်တိုင် ကျောက်ဖြူမှာ သွားရောက်သဂြိုလ်ခဲ့ရပါတယ်။
တိုက်ပွဲက ဒဏ်ရ ရတဲ့ စစ်သားရာနဲ့ ချီဟာလည်း စစ်ကော်မရှင်ရဲ့ ယာယီစစ်ဆေးရုံတွေမှာ ဆေးကုသခံနေရတာပါ။
ကျောက်ဖြူတိုက်ပွဲတွေဟာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စတင်ခဲ့ပြီး ၊ နှစ်ကုန်ပိုင်းမှာတော့ ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။
#သတင်းထူးသတင်းဦး
Waddy FM
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်အရှိန် မြင့်တင်
#သတင်းထူးသတင်းဦး
's spring
04/01/2026
နိုင်ငံတစ်ဝန်းမှ အကျဉ်းသားနှင့်အကျဉ်းသူ ၆၁၃၄ ဦးကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်ပေး သတင်းရရှိ....
ရန်ကုန်၊ ဇန်နဝါရီ ၄
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားနှင့်အကျဉ်းသူ ၆၁၃၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း အကြမ်းဖက် စစ်ကော်မရှင်က ဇန်နဝါရီ ၄,ရက်၊ယနေ့ သတင်းထုတ်ပြန်...
ယနေ့ ကျရောက်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ်မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသောအကျဉ်းသား၊ အကျဉ်းသူ ၆၁၃၄ ဦးကို နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံစေရမည်ဟူ စည်းကမ်းသတ်မှတ်ချက်ဖြင့် လျှော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။
ထို့အပြင် နိုင်ငံခြားသား အကျဉ်းသား၊အကျဉ်း ၅၂ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး လိုက်ကြောင်း သိရှိရသည်။
ယင်းအပြင် လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲမှု၊
မတရားအသင်းဥပဒေ အပါအဝင် နိုင်ငံရေးပြစ်မှုများ၊ အဂတိလိုက် စားမှု ပြစ်မှုများမှအပ အခြားပြစ်မှုများနှင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူများကို ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းသက် သာခွင့်ပြုလိုက်ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်...
#သတင်းထူးသတင်းဦး
ညနေခင်း သတင်းများ
#သတင်းထူးသတင်းဦး
၂၀၂၅ ခုနှစ် (၁)နှစ်တာ အတွင်း တော်လှန်ရေးအဖွဲ့အသီးသီးနှင့် အကြမ်းဖက် စစ်အုပ်စု တပ်တွေ အကြား တိုက်ပွဲပေါင်း (၇,၁၃၉) ကြိမ် ဖြစ်ပွားခဲ့ရာ မြန်မာအကြမ်းဖက်စစ်တပ်မှ သေဆုံး - ၅,၆၉၉ ဦး၊ ထိခိုက်ဒဏ်ရာရ - ၂,၇၂၆ ဦး၊ သုံ့ပန်း - ၁,၁၂၄ ဦးရှိခဲ့ပြီး စုစုပေါင်း ပြုန်းတီးအင်အား - ၉,၅၄၉ ဦးခန့် ရှိခဲ့တယ်လို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်...
#သတင်းထူးသတင်းဦး
စလင်းမြို့ကို PDF ဝင်စီး...
ကာသာတွင် တိုက်ပွဲဆက်ပြင်းထန်နေ...
နောက်ဆုံးရ တိုက်ပွဲသတင်းများ...
ဇန်နဝါရီ ၃၊ ၂၀၂၆
#သတင်းထူးသတင်းဦး
AA တပ်မှူးတွေ တက်ရောက်ခဲ့တာကို ဗမာ့တပ်တော်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။
ဒါ့ပြင် ဗမာတပ်တော်ကို (ဗမာလူမျိုးစုတပ်တော်) လို့ ရေးသားထားတာကို တွေ့ရှိရပြီး ဒီဗမာ့တပ်တော်ကို လူငယ် ပညာတတ်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
#သတင်းထူးသတင်းဦး
ပွိုင့် ၆၆၆ ကုန်းမှာ စစ်ကော်မရှင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ကြပြီး ထွက်ပြေးသူ အချို့ကို
AA က ဖမ်းဆီးထားဟု သတင်းရရှိ...2.1.2026
#သတင်းထူးသတင်းဦး
Waddy FM
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok