M Tech - NN
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก M Tech - NN, บุคคลสาธารณะ, Bangkok.
02/02/2026
"ဖုန်းသုံးရင်းနဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်နေတာ စိတ်ပျက်နေပြီလား? ဒါဆိုရင် ဒီလျှို့ဝှက်ချက် ၃ ခုကို အခုပဲ လုပ်ကြည့်လိုက်ပါ!"
ကျွနု်ပ်တို့အားလုံးဟာ တစ်နေ့တာရဲ့ အချိန်အတော်များများကို ဖုန်းရှေ့မှာ ကုန်ဆုံးနေကြတာပါ။ ဒါပေမဲ့ သင့်ဖုန်းက သင့်ကို အလုပ်ရှုပ်စေမယ့်အစား သင့်အလုပ်တွေကို မြန်ဆန်စေဖို့ ဒီလို ပြောင်းလဲကြည့်ပါ။
• (၁) - Screen Time Limit သတ်မှတ်ပါ: Social Media App တွေ (ဥပမာ- TikTok, Facebook) ပေါ်မှာ တစ်နေ့ကို မိနစ် ၃၀ ပဲ သုံးမယ်ဆိုပြီး ကန့်သတ်ချက်ထားပါ။ အချိန်ပြည့်တာနဲ့ ဖုန်းက သင့်ကို အလိုအလျောက် သတိပေးပါလိမ့်မယ်။
• (၂) - မလိုအပ်တဲ့ Notification တွေ ပိတ်ထားပါ: အရေးမကြီးတဲ့ App တွေက တက်လာတဲ့ Notification တိုင်းက သင့်ရဲ့ အာရုံစူးစိုက်မှုကို ဖျက်ဆီးနေတာပါ။ အရေးကြီးတဲ့ ဖုန်းခေါ်ဆိုမှုနဲ့ Message တွေကိုပဲ ဖွင့်ထားပါ။
• (၃) - Widget တွေကို အသုံးချပါ: အမြဲကြည့်နေရတဲ့ Calendar တို့၊ To-do list တို့ကို Home Screen ပေါ်မှာ Widget အနေနဲ့ ထုတ်ထားပါ။ ဒါဆိုရင် App ထဲ ခဏခဏ ဝင်ကြည့်စရာမလိုတော့လို့ အချိန်ကုန် သက်သာစေပါတယ်။
ဖုန်းက သင့်ကို အသုံးမချပါစေနဲ့၊ သင်ကပဲ ဖုန်းကို ထိန်းချုပ်ပြီး အသုံးချပါ။ ဒါဆိုရင် တစ်နေ့တာမှာ အလုပ်တွေ ပိုပြီး ပြီးမြောက်လာတာကို တွေ့ရပါလိမ့်မယ်။
"သင်ရော အချိန်ကုန်ဆုံးစေဆုံး App က ဘာဖြစ်မလဲ? Comment မှာ ပြောပြသွားပါဦး။ သူငယ်ချင်းတွေလည်း သိအောင် မျှဝေပေးဖို့ မမေ့နဲ့နော်!"
08/12/2025
🎉Inter Miami CF အသင်းအတွက် သမိုင်းဝင် ပထမဆုံး MLS Cup ဆုဖလား ကို ရယူပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်ကောင်း ပီသမှုအတွက် 🥇ဖလားပွဲစဉ်မှာ MVP ဆု ကိုပါ ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ မဟာဘုရင်၊ လီယွန်နယ် မက်ဆီ (Lionel Messi) ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် ဟာ တကယ့်ကို အတုယူစရာပါပဲ။
သင်ဟာ ဘောလုံးလောကရဲ့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမား (GOAT) ဖြစ်ကြောင်းကို ထပ်မံအတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။
07/12/2025
ကျွန်တော်တို့ M Tech - NN page မှမြန်မာနိုင်ငံသား၊ ကမ္ဘာ့အဆင့်မီ MMA တိုက်ခိုက်ရေးသမား ဂျိုရှူယာ ဗန် (Joshua Van) မှ UFC Flyweight ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ခြင်းအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာ့သွေး မြန်မာ့မာန်ကို အမေရိကန်ပြည်ထောင်စု၏ အကြီးမားဆုံးသော အားကစားပြိုင်ပွဲများထဲမှ တစ်ခုဖြစ်သည့် Ultimate Fighting Championship (UFC) စင်မြင့်ပေါ်တွင် ဂုဏ်ယူစွာ ထမ်းဆောင်နိုင်ခဲ့သည့် The Fearless ဟု တင်စားရသော ဂျိုရှူယာ ဗန်၏ ကြိုးစားအားထုတ်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုတို့သည် ကမ္ဘာတစ်ဝှမ်းရှိ မြန်မာလူမျိုးအားလုံးအတွက် စံနမူနာကောင်းတစ်ခုဖြစ်ပြီး ကြီးမားသော စိတ်ခွန်အားကို ဖြစ်ပေါ်စေခဲ့ပါသည်။
* 🥇 UFC Flyweight ချန်ပီယံဆုရှင် အဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ခြင်း၊
* 🇲🇲 မြန်မာနိုင်ငံဖွား ပထမဆုံး UFC ချန်ပီယံ ဖြစ်လာခဲ့ခြင်း၊
* 🌍 အာရှတိုက်ဖွား ပထမဆုံး အမျိုးသား UFC ချန်ပီယံ ဖြစ်လာခဲ့ခြင်း၊
* ✨ UFC သမိုင်းတွင် ဒုတိယအသက်အငယ်ဆုံး ချန်ပီယံ ဖြစ်လာခဲ့ခြင်း...
စသည့် အောင်မြင်မှုမှတ်တိုင်များသည် မြန်မာပြည်သူများ၏ မဆုတ်မနစ်သော ဇွဲလုံ့လကို ကမ္ဘာက သိစေခဲ့ပါသည်။
ဂျိုရှူယာ ဗန်၏ ရှေ့ဆက်သွားမည့် အနာဂတ်လမ်းကြောင်းတွင်လည်း ယခုထက်မကသော အောင်မြင်မှုများစွာကို ဆက်လက်ဆွတ်ခူးနိုင်ပါစေကြောင်း M Tech - NN မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
အားလုံးက မင်းကို ဂုဏ်ယူနေပါတယ်။
Van
Tech - NN
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ทีมทำอาหาร
เสื้อผ้า
เว็บไซต์
ที่อยู่
Bangkok