Combat Viewpoint
Combat sport updates and my opinions..
31/07/2026
လူကြည့်တော့သာ သေးသေးလေး ကောင်တာ
လက်သီးတချက်ကတော့ ဟိုမှာ ပြန်တောင်
မထနိုင်ဘူး။ အလဲထိုးနဲ့ဆိုတော့လည်း ထုံးစံ
အတိုင်းဘောနပ်ဘတ်သုံးသိန်းခွဲရသွားတာပေါ့။
ဒီမှာတင်ပြီးပြီမှတ်တာ ဒေါ်လာတသိန်းတန်
စာချုပ်ကြီးကိုပါ တခါတည်းကမ်းလှမ်းသွား
ပြီပဲဖြစ်ပါတယ်ခင်ဗျာ။ ဖန်အင်အားတောင့်
တော့လည်း ၅ပွဲဆက်အနိုင်ဆိုတဲ့ ရလဒ်နဲ့တင်
ဘောစိဖြစ်သွားပြီပေါ့။ Congratulations ပါ
ဖိလစ်ပိုင်သူလေး ဘူမိုခေါင်ရေ 🥳
31/07/2026
၁၆နှစ်မ ၁၆နှစ်မ အိုးဟိုဟို.....
သူများသားသမီးတွေများ အရည်အချင်းရှိတော့
ငယ်ငယ်ရွယ်ရွယ်နဲ့ ONE Championship မှာ
နှစ်ပွဲထိုး နှစ်ပွဲTKO နဲ့နိုင်ပြီး ဘောနပ်ဘတ်
သုံးသီန်းခွဲကို ၂ကြိမ်ရထားတဲ့ဆိုတဲ့ မှတ်တမ်း
ကောင်းတခုကို ပိုင်ဆိုင်ထားနိုင်ပြီပဲဖြစ်ပါတယ်။
31/07/2026
အံကပ်ပါကျွတ်အောင်အထိုးခံရတဲ့ကောင်ဆိုပြီး
ပြောရအောင်လည်း နိုင်သွားတာကသူဖြစ်နေတယ်။
တကယ်ကျွတ်တာလား၊ အချိန်ခိုးတာလားတော့
မသိဘူး ထိုးကြေးထဲက ၁၀% ကနှုတ်ခံလိုက်ရ
တာတော့သေချာတယ်😆
31/07/2026
လက်ရှိချန်ပီယံ မွန်ဂိုးလီးယားနိုင်ငံသားကြီး ဘာတာကူကို အမှောက်သိပ်ပြပြီးတော့ ONE Championship Bantamweight MMA ချန်ပီယံအသစ်ဖြစ်လာတဲ့ အဲဘက် အလီရှော့။
သူ့ရဲ့ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ကြောင့် ဆရာချက်ပေးတဲ့ဘောနပ်ဆု ဒေါ်လာငါးသောင်း ကိုလည်းရရှိသွားပါသေးတယ်။
31/07/2026
အကြိတ်အနယ် ဘတပြန် ကျားတပြန် ထိုးသတ်ခဲ့ကြပြီး ဒိုင်အဆုံးအဖြတ်မှာတော့ Split Decision နဲ့ ရာမန်ဒန် အွန်ဒက်ရှ်ကပဲ အနိုင်ရရှိသွားခဲ့ပါတယ်။ ပွဲထိုးနေတုန်းမှာတော့ ဒိုင်က အွန်ဒက်ရှ်ကို အဝါကဒ်ပြားပြပြီး သတိပေးတဲ့အထိဖြစ်ခဲ့ရပါတယ်။ သူ့ရဲ့ပါးစပ်ကနေပြီး အနည်းဆုံး၄ကြိမ်ထက်မနည်း အံကပ်က ထွက်ထွက်ကျနေလို့ပါ။ ပွဲချီအပြည့်ထိုးပြီးချိန်မှာတော့ ဂျိုဂျိုကပဲ ယုံကြည်မှုအပြည့်နဲ့ အောင်ပွဲခံနေပေမယ့်လည်း ရလဒ်ကိုကြေငြာချိန်တော့ အရှုံးနဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒီတွဲဆိုင်းကလည်း ကျိန်းသေပေါက် မကြေပွဲပြန်တည်ပေးဖို့ တောင်းဆိုခံရအုံးမှာပါ။ပွဲကြည့်လိုက်ရတဲ့ ညီအကိုတို့ရော ဘယ်သူနိုင်သင့်တယ်လို့ ထင်ပါသလဲ။
31/07/2026
ချွေးတောင်မထွက်လိုက်ပါဘူး အလဲထိုးပြီး ဘောနပ် ဘတ်သုံးသိန်းခွဲပါရသွားပြီ။ ချန်ပီယံခါးပတ်ကို ဒီနှစ်အရယူမယ်လို့တော့ ကြုံးဝါးသွားတယ်။ အကိုဖြစ်သူကတော့ အေးရာအေးကြောင်းဖြစ်သွားပါပြီ ညီဖြစ်သူအလှည့်ပဲကျန်မယ်။
30/07/2026
အသက် ၂၀ တောင်မပြည့်ကြသေးဘူးပဲဟ။
Ondash ကတော့ပိုပြီးကြမ်းပြမယ်ထင်တယ်
ONE ကဘာဇာတ်ညွှန်းပဲရေးရေး ကျနော်တော့
သိပ်ပြီး ဖီးမလာပါဘူး။ ကြည့်လို့ကောင်းမယ့်
ပွဲတပွဲတော့ ဖြစ်လာမှာသေချာပါတယ်။
24/07/2026
တိုက်ခိုက်ရေးလောကရဲ့ အကောင်းဆုံးပွဲစီစဉ်သူဆုကို
ONE Championship Thailand ရဲ့ တာဝန်ရှိသူများမှ
ဆွတ်ခူး🗿
သူတို့ဖိုက်တာကိုစင်တင်ဖို့ မိတ်ကပ်တွေအတင်းလိမ်းနေပြီဆိုရင်တော့ လူကြမ်းကဘယ်သူလုပ်မှာလဲမမေး
နဲ့ မြန်မာပြည်ကလက်ဝှေ့ဖိုက်တာပဲ။ ဘယ်တတ်နိုင်မ
လဲ နိုင်ရင်လည်းအမြတ်၊ ရှုံးတော့လည်းအရင်းပေါ့။
တူတူတန်တန်တည်ပေးရင်တော့ အခုလက်ရည်အတိုင်းဆို ဒီလောက်ကြီးတော့ရှုံးမယ်လို့မထင်ပါဘူး။ နောက်
ပွဲတွေကျရင်တော့ အခုပွဲကအတွေ့အကြုံတွေယူပြီး
ပိုကောင်းတဲ့ပုံစံနဲ့ ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
22/07/2026
ရန်ကုန်မြို့၊ အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ MMA ဖိုက်တာ ဖိုးသော်ဟာ သြဂုတ်မှာ ထောင်ဒဏ်ကနေ လွတ်မြောက်မှာဖြစ်ပေမဲ့ အကြမ်းဖက်ဥပဒေပုဒ်မ တစ်ခု ထပ်တိုးခံရတယ်လို့ အမှုအကြောင်းသိရှိသူက ဘီဘီစီကို ပြောပါတယ်။
ထပ်တိုးတဲ့အမှုအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့မှာ ကမာရွတ်ခရိုင်တရားရုံးမှာ ပထမဆုံးရုံးထုတ်ခဲ့ပြီး မနေ့ ဇူလိုင် ၂၁ ရက်မှာ ရုံးချိန်းစတင် စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်က ဖောက်ခွဲရေးပစ္စည်း အက်ဥပဒေ ပုဒ်မတွေနဲ့ ထောင် ၇ နှစ် ချမှတ်ခံထားရတဲ့ ကိုဖိုးသော်ကို ဗဟန်းရဲစခန်းမှူးက တရားလိုလုပ်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁(ဂ)နဲ့ ထပ်မံတရားစွဲဆိုခဲ့တာလို့လည်း သူကပြောပါတယ်။
“သူ(ဖိုးသော်)ကတော့ ထောင်ထဲမှာ အေးအေးဆေးဆေးနေလျက်နဲ့ ထပ်ပြီး ပုဒ်မတပ်ခံရတာကို ခံပြင်းနေတယ်” လို့ အမှုအကြောင်းသိရှိသူက ပြောပါတယ်။
ပုဒ်မ ၅၁ (ဂ) ဟာ အကြမ်းဖက်မှု ကျူးလွန်ရန် ဒါမှမဟုတ် အားပေးကူညီရန် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း၊ ဗုံး ဒါမှမဟုတ် လက်နက်ကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှု ဒါမှမဟုတ် လက်ဝယ်ထားမှု ဖြစ်ပါတယ်။
ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့အမှုဖြစ်ပါတယ်။ အကျဉ်းထောင်ထဲ ရောက်နေတဲ့ ကိုဖိုးသော်ဟာ ဘယ်လိုအကြောင်းကြောင့် အခုလို အကြမ်းဖက် ပုဒ်မ တပ်ခံရပြီး တရားရင်ဆိုင်ရတယ်ဆိုတာ ရှင်းလင်းလင်း မသိရဘူးလို့ ဖိုးသော်အမှု ရုံးချိန်းအကြောင်း သိရှိသူက ပြောပါတယ်။
ကိုဖိုးသော်ဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့က MMA ဖိုက်တာ အောင်လအန်ဆန်းရဲ့ One Championship မှာ ဖိုက်တာဘဝ နောက်ဆုံးပွဲစဉ် မထိုးသတ်ခင်မှာ သူကိုအောင်လကို အားပေးနေတဲ့အကြောင်း စာပေးပို့ခဲ့ဖူးပါတယ်။
ကိုအောင်လ ဟာ ကိုဖိုးသော် အကျဉ်းထောင်ထဲကနေ ပေးပို့တယ်ဆိုတဲ့အဲဒီစာကို လူမှုကွန်ရက်မှာ တင်ခဲ့ဖူးပါတယ်။
အဲဒီနောက်တစ်နေ့မှာတော့ အင်းစိန်ထောင်အာဏာပိုင်တွေက ကိုဖိုးသော်ကို အင်းစိန်ထောင်မကြီး အမှတ် (၃) ဆောင်ကို ပြောင်းရွှေ့ခဲ့သလို စောင့်ကြည့်မှုတွေလည်း ခံခဲ့ရတယ်လို့ အဲဒီအချိန်က ကိုဖိုးသော်နဲ့အတူ ထောင်ထဲမှာ အတူရှိခဲ့သူက ဘီဘီစီကို ပြန်ပြောပြပါတယ်။
ကိုဖိုးသော်ဟာ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးက Team PT Gym မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသလို ကိုယ်တိုင်လည်း ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရခဲ့လို့ ဆေးရုံတက် ကုသမှုခံယူရပါတယ်။
အဲဒီနောက် အကြမ်းဖက် ဖောက်ခွဲမှု ပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရပါတယ်။
အရင်က သူ့ကို ဖောက်ခွဲရေးပစ္စည်း အက် ဥပဒေပုဒ်မ ၃၊ ၄ တို့ အပြင် ပုဒ်မ ၅၁ (ဂ) နဲ့ အမှုတပ်ခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာ ဖောက်ခွဲရေးပစ္စည်း အက်ဥပဒေနဲ့သာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာလို့ သူနဲ့အတူ အဲဒီအချိန်က အင်းစိန်ထောင်ထဲမှာရှိခဲ့သူက ဘီဘီစီကို ပြောပါတယ်။
ကိုဖိုးသော်ကို အမှုထပ်တိုးခံရတယ်ဆိုတာနဲ့ ရုံးထုတ်စစ်ဆေးခဲ့တယ်ဆိုတဲ့အချက်ကို အင်းစိန်ထောင်နဲ့နီးစပ်သူတစ်ဦးကလည်း အတည်ပြုထားပါတယ်။
ပုဆိုးဝတ်ပြီးတော့ သူ့အမေနဲ့သူငယ်ချင်းကို လက်ဖက်သုပ်
ကျွေးနေတဲ့ UFC ချန်ပီယံကြီး Joshua Van ♥️🔥
คลิกที่นี่เพื่อเป็นสมาชิก?
เว็บไซต์
ที่อยู่
Bangkok