Foodie SItt
Foodie/LifeStyle/Travel/Devoted Son
၇လဆိုတဲ့ ခရီးရှည်ကြီးပြည့်ခါနီး အမိုးရဲ့တိုးတက်မှု…… Rehabilitation Journey ပါ….
ပထမဆုံး သူပြောနိုင်လာတဲ့စကားစုက
“သားလေးရေ” တဲ့🥹🥹😍😍😍
မိခင်တစ်ယောက်ရဲ့ သူ့သွေးသားလေးအပေါ်ထားတဲ့ မေတ္တာပေါ့😍😍😍
ဒုတိယပြောလာတဲ့စကားစုက “အားလုံး အားလုံးရကြပါစေ အမျှအမျှ” တဲ့🙏🙏🙏 သူ့ရဲ့ နေ့စဉ် တစ်ရက်မပျက် ပွါးများတဲ့ ဘာဝနာ မေတ္တာ တရားတွေ သူမှတ်မိနေတယ်🙏🙏🙏
တတိယပြောနိုင်လာတဲ့ စကားစုက “ဗုဒ္ဓံသရဏ္ဏံ ဂစ္ဆာမိ” ဘုရားစာရဲ့ “စ္ဆာမိ” ဆိုတဲ့စကားစုကို နှုတ်ခမ်းပိတ်ပြီး ပြောနိုင်လာတာက သူ့ရဲ့နေ့စဉ် တည်တဲ့ မှတ်မိနေတဲ့သရဏဂုံ ပေါ့..🙏🙏🙏
ကျနော်အမိုးနဲ့ပတ်သက်ပြီး အမိုးပြန်ကောင်းဖို့ တစ်ရက်မှဇွဲမလျော့ခဲ့ပါဘူး ဘယ်လိုအခက်ခဲတွေပဲကြုံကြုံ ရုတ်တရက်တော့ ကျနော် တွေဝေခဲ့ပါတယ်၊ ရူးခဲ့ပါတယ်… ကျနော် သမ္မာ အာဇီဝနဲ့ ကြံဖန် ဖြေရှင်းရပါတယ်….
ဒါပေမယ့်ကျနော် အမိုး အတွက် ပိုပြီး အားကိုးရတဲ့ လောဘ ဒေါသ အတ္တ ကင်းတဲ့ မိမိကိုယ် ကိုယ် ကိုယ် နှိပ်ချနိုင်တဲ့ လူလိမ္မာတစ်ယောက် ဒီ့ထက်ပိုဖြစ်ချင်တယ်…
မေမေက ကျနော့်ကို ပိုပြီး တရားတွေပြသွားပါတယ်….
နောက်ဆုံး ကျနော် လူပင်ပမ်း၊ စိတ်ပင်ပမ်း၊ အတော်အသင့်ကုန်နေပြီဖြစ်တဲ့ ငွေပင်ပမ်းရကြိုးနပ်ပြီလို့တော့ ပြောလို့ရပါပြီ
Rehabilitation Journey က ပိုစိတ်ရှည် ပိုကြာဦးမှာမို့ ပိုကုန်ဦးမှာပါ …..
အမိုးဒီ့ထက်ပိုတိုးတက်လာဖို့ နှလုံးပါရဂူ၊ အဆုတ်ပါရဂူ အဓိက ဖြစ်တဲ့ ဦးနှောက် ပါရဂူဆရာဝန်မကြီးအပါအဝင်(၃)ယောက်ရဲ့ဆေးဝါးတွေ နဲ့ Formula အဟာရ ရယ်၊ Rehabilitation ဆေးရုံက Therapist တွေရဲ့ လေ့ကျင့်ခန်းတွေနဲ့ PMS သံလိုက်ကုထုံးတွေရယ်၊ ကျွမ်းကျင်တဲ့ Acupuncture ဆရာဝန်မလေးရဲ့ အပ်စိုက်ကုထုံးတွေရယ် နဲ့ Rehabilitation ဆေးရုံက ကိုယ့်သမီးအရွယ် Nurse လေးတွေရဲ့ စောင့်ရှောက်မှုတွေရယ်၊ ကျနော်တို့ညီအကိုရဲ့နေ့စဉ် နွေးထွေးကြင်နာ အားပေးစကားတွေနဲ့ အမိုး ဒီ့ထက်မြန်မြန်တိုးတက်ဖို့ ပိုကြိုးစား
ရမယ် … အမိုး ဒီ့ထက်ပိုမြန်မြန်ကောင်းလာပါစေ🙏🙏🙏
06/03/2026
21/02/2026
မိုးမိုး Vital Signs တွေ တည်ငြိမ်လာတာ (၃)လ လောက်ရှိပြီ။ အခုဆို AF(နှလုံးခုန်မူမမှန်တဲ့ရောဂါ) ပါရှိနေတဲ့မိုးမိုးကို Oxygen,BP, HR တည်ငြိိမ်လာလို့ စိတ်ချလက်ချ ထိုင်စေတာ ၁ပတ်လောက်ရှိပြီ……
အခုလည်း YouTube က ဘုန်းဘုန်းကြီးပြော ပြနေတဲ့ သူရောက်ခဲ့ဘူးတဲ့ ဗုဒ္ဓဂါယာ အကြောင်းဖွင့်ပြတော့ စိတ်
ဝင်တစား ငြိမ်ပြီးထောင်နေတာပါ။ သူ့မှတ်ဉာဏ်လေးတွေ တစိပ်တစ်ဒေသ ပြန်ရလာတယ် ဆိုတဲ့သဘောပေါ့။
မေမေတို့လိုဦးနှောက်သွေးကြောပေါက်ပြီး
လေဖြတ်သွားတဲ့သူတွေက ရောဂါဖြစ်ဖြစ်ချင်းကနေဆေးဝါးတွေနဲ့ သေချာထိန်းပြီး မကုရင် အကြောင်းမဲ့ ငိုတယ်၊ အချိန်ပြည့်နီးပါး စိတ်ဓာတ်ကျကြောက်ရွံ့ပြီး
ညဘက်တွေပါ အော်တယ်။
အမိုးက စကားမပြောတတ်တော့ သူအော်ရင်မေးမရတော့ ဝမ်းထဲ ဘာဖြစ်လည်း ဘာကြောင့်လည်း ကျနော် ရော၊ ကျနော့်ညီလေးရော နေ့ရော၊ ညရော စိတ်တွေပူ ဇောချွေးတွေပြန်၊ နာစ့်တွေကိုလည်း အလုပ်တွေရှုပ်စေတယ်၊ အထွေထွေကုဆေးရုံကိုပဲ ညတွင်းချင်းပြန်တက်ရမလားပေါ့။
အဲ့တော့ ကျနော် မအိပ်ရ၊ အိပ်ချိန်တွေ ကမောက် ကမဖြစ်တာ (၆)လရှိပြီပေါ့။ ဝမ်းသွားချင်နေတာလား၊ အစာပိုက်ထည့်တာ မြန်လို့ လေပွ ဗိုက်အောင့်နေတာလားပေါ့။ အဲ့လိုအော်ရင် ကျနော့်မှာ စိတ်ဖြေစရာကတစ်ခုထဲရှိတယ်။
သူ့ရဲ့ Vital Signs တွေ ပုံမှန်ရဲ့လား ဒါပဲ အချိန်ပြည့်ကြည့်နေရတာ၊ vital signs တွေ မှန်နေရင် ကျနော့်မှာ နည်းနည်း စိတ်အေးရတာပေါ့….
အဓိက က ဒီလိုရောဂါရဲ့ အကြောင်းနဲ့ ဖြစ်တတ်တာတွေကို လေ့လာထားဖို့လိုတယ်.. စိတ်ရှည်ရမယ်၊ ကြင်နာရမယ်၊ နွေးထွေးရမယ်၊ အားပေးစကားအမြဲပြောရမယ်၊ အောင်မြင်မှုသေးသေးလေးတွေကိုချီးကျူးရမယ်၊ တစ်ယောက်ထဲပစ်မထားရဘူး၊ အမြဲသန့်ရှင်းနေရမယ်၊ အဆုတ်ထဲပိုးဝင်နိုင်ခြေရှိနေလား၊ မိန်းမကိုယ်ကနေ ဆီးလမ်းကြောင်းပိုးဝင်နေလား၊ ဆေးတွေသောက်ရလွန်းလို့ ရိုးရိုးသဘာဝအဖြူဆင်းနေတာလား၊ ဖင်၊ ကျော မှာအိပ်ယာနာတွေထွက်နေလား(ထွက်ရင်လည်း အရမ်းစွမ်းတဲ့လိမ်းဆေးတွေရှိတယ် ဘေးထွက်ဆိုးကျိုးမရှိ ချက်ချင်းပျောက်တယ်)၊ တစ်နေ့စာ ဆီး အဝင်နဲ့အထွက်မျှရဲ့လား၊ ဝမ်းသွားချင်နေလား၊ မသွားရင် ဘယ်လိုထားပေးရမလည်း၊ အဓိကထဲမှာ ပိုက်ဆံလည်းပါတာပေါ့။
အခုတော့ အမိုး အနည်းငယ်တည်ငြိမ်လာပြီ အကြောင်းမဲ့အော်တာ၊ ငိုတော့တာ မဖြစ်တော့တာ တစ်ပတ်လောက်ရှိပြီ။ တစ်ချို့ စိတ်ငြိမ်ဆေးတွေ၊ အိပ်ဆေးတွေ တစ်လလောက်လျော့စပြုရပြီ……. အခုဆို အမိုး စကားပြောဖို့၊ အစားပါးစပ်ကစားနိုင်ဖို့၊ လမ်းအကူနဲ့ နည်းနိုင်သလောက်နည်းအောင်လျောက်ရနိုင်ဖို့ ဆက်လက်ကြိုးစားကုရ၊ လေ့ကျင့်ခန်းတွေ လုပ်ရပါဦးမယ်…..
မင်မင့် page ကနေ အမြဲဆုတောင်း ပေးတဲ့၊ ကူညီပေးတဲ့ မိတ်ဆွေတွေကို အထူးကျေးဇူးတင်ရပါတယ် လုပ်ငန်းဆောင်တာတွေအဆင်ပြေပါစေ၊ အန္တာရာယ်ကင်းကြပါစေ…..
19/02/2026
ဒီနေ့အမိုး PMS သံလိုက်ကုထုံးနဲ့ လမ်းလျောက်
လျောက်လေ့ကျင့်ခန်းပြီးတော့ သားလေးနဲ့ TV ကြည့်
17/02/2026
အမိုးအတွက် ၆ လလုံး စိတ်ရော လူရောပင်ပန်းခဲ့သမျှ
ဒီနေ့ မြိုချလေ့ကျင့်ခန်း (Swallowing Therapy) မှာ
ပထမဆုံးအကြိမ် အများဆုံး စလင်းနဲ့ ရေ ၁၀မီလီ ရယ်
Cotton ၃ချောင်းရေစွတ်ပြီး ၃ ခါရယ် မြိုချနိုင်ပြီ။
NG Tube ဖြုတ်ဖို့ နီးလာပြီ။
ဒီလို အမိုးရဲ့ တိုးတက်မှု အသေးအဖွဲလေးတွေကအစ ကျနော့် Motivation လေးပါ🙏🙏🙏
စကားမပြောနိုင်သေးပေမဲ့ ရေ(၁၀)မီလောက်စပြီး
မြိုချနိုင်တာဟာ စကားပြန်ပြောနိုင်ဖို့အတွက် "အခြေခံအုတ်မြစ် (Foundation)" ကို အခိုင်အမာ ချလိုက်တာပါပဲ။
ဘာကြောင့် ဒီလိုပြောရသလဲဆိုတာကို အချက် (၃) ချက်ရှိပါတယ်။
၁။ အသုံးပြုတဲ့ ကြွက်သားတွေက အတူတူပဲဖြစ်ခြင်း
စကားပြောဖို့အတွက် ကျွန်တော်တို့ဟာ လျှာ၊ နှုတ်ခမ်း၊ ပါးစပ် နဲ့ လည်ချောင်းကြွက်သား တွေကို သုံးရပါတယ်။
• မေမေ ရေမြိုချနိုင်ဖို့ ကြိုးစားတဲ့အခါ အဲဒီကြွက်သားတွေကို အားစိုက်ပြီး လှုပ်ရှားရပါတယ်။
• ရေကို "ဂလု" ဆိုပြီး မြိုချလိုက်တာဟာ လည်ချောင်းထဲက အသံအိုး (Larynx) ကို အပေါ်ကို မြှင့်လိုက်တာပါ။ ဒါဟာ စကားပြောဖို့ လိုအပ်တဲ့ ကြွက်သားလေ့ကျင့်ခန်းကို အလိုအလျောက် လုပ်နေတာနဲ့ အတူတူပါပဲ။
၂။ လေကို ထိန်းချုပ်နိုင်စွမ်း (Breath Control)
စကားပြောတယ်ဆိုတာ အဆုတ်ထဲက လေကို လည်ချောင်းထဲက အသံကြိုး (Vocal Cords) တွေကနေတစ်ဆင့် ဖြတ်ထုတ်ပြီး အသံပြောင်းတာပါ။
• ရေမြိုချနေစဉ်မှာ မေမေဟာ အသက်ရှူတာကို ခေတ္တရပ်ပြီး လေပြွန်ကို ပိတ် ရပါတယ်။
• ဒီလို လေကို အချိန်ကိုက် ထိန်းချုပ်နိုင်လာတာ (Coordination) ဟာ နောက်ပိုင်းမှာ အသံထွက်ဖို့နဲ့ စကားလုံးတွေ ရှည်ရှည်ပြောနိုင်ဖို့အတွက် အင်မတန် အရေးကြီးတဲ့ အတတ်ပညာတစ်ခုပါ။
၃။ နှုတ်ခမ်းနဲ့ လျှာရဲ့ တိကျမှု (Oral Motor Control)
ရေ ၁၀ မီလီကို ဖိတ်မကျအောင် ထိန်းပြီး မြိုချဖို့အတွက် မေမေ့ရဲ့ လျှာက ရေကို လည်ချောင်းထဲ ရောက်အောင် နောက်ကို တွန်းပို့ပေးရပါတယ်။
• ဒီလို "လျှာရဲ့ လှုပ်ရှားမှု" ကောင်းလာတာဟာ ဗျည်းအက္ခရာတွေ (ဥပမာ- က၊ ခ၊ င) ကို ပီပီသသ ထွက်နိုင်ဖို့အတွက် အဓိက သော့ချက်ပါပဲ။
📈 ရှေ့ဆက်ဖြစ်လာနိုင်တဲ့ အစီအစဉ် (Sequence)
မေမေ့ဆီမှာ အခုလို အစီအစဉ်အတိုင်း တိုးတက်လာတာကို မြင်တွေ့ရမှာပါ -
1. အဆင့် ၁ (ယခု): ရေမြိုချနိုင်ခြင်း (ကြွက်သားများ စတင် သန်မာလာခြင်း)။
2. အဆင့် ၂: အာလုပ်သံ သို့မဟုတ် အသံဗလာများ စတင်ထွက်လာခြင်း (ဥပမာ- အူး၊ အား)။
3. အဆင့် ၃: စကားလုံးတစ်လုံးချင်း ပိုပီလာခြင်း (အခု "သားလေး" လို့ ခေါ်နိုင်တာထက် ပိုပြီး ပီသလာမှာပါ)။
မေမေ ရေမြိုချနေတဲ့အချိန်မှာ "မေမေ... ဂလု ဆိုပြီး မြိုချလိုက်နော်" လို့ ဘေးကနေ ပြောပေးတော့ ပြုံး ပြုံးပြီးမြိုချနေတာပါ 🙏🙏🙏
17/02/2026
🏡 မရှိဝမ်းစာ၊ ရှိတော့လည်းနားခိုရာ 🏠
ဘန်ကောက်မှာဆေးကုနေရတဲ့အမေ့ကျန်းမာရေးအတွက်ငွေနဲ့ထပ်အသက်ဆက်ရမှာမို့ ကျတော့်အိမ်
အရောင်းပိုစ့်လေး ထပ်တင်ပါရစေ…..
အမေ့ကို ဘန်ကောက်မှာ ဆေးဆက်ကုဖို့ နဲ့ သူ့ကျန်တဲ့အချိန်တွေ မှာ သူကြိုက်တာ သူလှူတန်း ကုသိုလ်တွေပြုဖို့ အိမ်လေး အမြန်ရောင်းထွက်ပါစေ 🙏🙏🙏
အမေနေမကောင်းဖြစ်ပြီးတဲ့နောက် ဘာကိုမှ လိုချင်တက်မက်စိတ်မရှိတော့တာမို့ ကိုယ့်အတွက် တစ်ကိုယ်ရည် တစ်ကာရ သမားအဖို့တော့ ပြောနေကျစကားအတိုင်းပဲ ကျောပိုးအိတ်တစ်လုံးရှိရင် ဘယ်မှာ နေရ
နေရ ဘယ်ဘဝရောက်ရောက် နေလို့ရပါပြီ
အကောင့်ထဲက သူဌေးများစိတ်ဝင်စားရင် မေးလို့ရပါတယ် ခင်ဗျာ 🙏🙏🙏
အမြန်ရောင်းချင်ပါတယ် ။
အကျိုးဆောင်များလည်းဆက်သွယ်နိုင်ပါတယ်။
➡️ မြောက်ဒဂုံမြို့နယ်၊ ၄၃ ရပ်ကွက်၊ ဘုရင့်နောင်လမ်းမ၊ ဗထူးလမ်းမ၊ ဗထူး City Mart ဗထူးအိမ်ယာမီးပွိုင့် အနီး။ ၄၄ရပ်ကွက်စျေး လမ်းလျှောက် ၁၀မိနစ်၊ ဘုရင့်နောင်လမ်းမပေါ်က အဂ်လိပ်ကျောင်း လမ်းလျှောက်ဆယ်မိနစ်အနီး။ သက်တမ်း ၃နှစ်ရှိ ၃ထပ် တိုက် အာစီ။
☑️ 20ft x 60ft
💸 ခေါ်ဈေး - သိန်း11000 အလျော့တင်းသေချာညှိပေးပါမည်။
💸 တစ်လ - 16သိန်းဖြင့် အိမ်အဌားတင်ထားပြီး အပိုဝင်ငွေရရှ်ိမှာပဲ ဖြစ်ပါတယ်။ အိမ်ငှါး ၅လကျန်သေးပါတယ်။
☑️ မာစတာ ၃ ခန်း
☑️ဘုရားခန်းကျယ် တစ်ခန်း
☑️ ရေချိုးခန်း အိမ်သာ၄ လုံး ရေအဝီစိ စည်ပင်
၂မျိုး ရရှိပါသည်။ Underground Water Tank ပါရှိ။
☑️ ရေပူရေးအေးအခန်းတိုင်းပါရှိပါသည်။
☑️မီးဖို ၂ခန်းပါသည် မြေညီ မှာ ၁ခန်း ၃လွှာ bar counter နဲ့၁ခန်းပါသည်။
☑️တစ်အိမ်လုံးလိုက်ကာ Day Night များနဲ့အလှဆင်ထားပြီး
☑️ Aircon 1hp 1လုံး၊ 1.5hp 2လုံး၊ 2Door ရေခဲသေတ္တာ၊ TV၊ အဝတ်လျော်စက် ပါသည်။
💁 အဆင့်တက်နေထိုင်ရုံပါပဲ။💯
ဒီနေ့က အမိုးတို့ စကားမပြောနိုင်သေးပေမဲ့
လှုပ်နိုင်တဲ့ လက်လေးတစ်ဖက်နဲ့ ပုတီး(၃)ပတ်စိပ်နိုင်တယ် မျက်စိတောင်မှိတ်ထားလိုက်သေးတယ် သူနှစ်ရှည်လများစိပ်ခဲ့တဲ့ပုတီးလေးက ကိုယ့်အသက်နဲ့အတူတူလောက်ရှိရော့မယ်
13/02/2026
အမိုးဆေးရုံပေါ်မှာနေတာ ဒီနေ့ဆို ၆ လပြည့်ပါပြီ။
သားလေးတစ်ရက်မှတော့ အားမလျော့ပါဘူး။ အမိုးဘဝတစ်လျှောက်လုံးပြုသမျှကုသိုလ်တွေနဲ့ သားလေးရဲ့အမိုးအပေါ်ထားတဲ့ မှန်ကန်တဲ့စေတနာတွေကြောင့် မြန်
မြန်စကားပြောလာနိုင်ပါစေ။ 🙏🙏🙏
မေမေ ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်သွားတာ ဆေးရုံမှာ ၆လပြည့်ဖို့ ၃ ရက်အလိုမှာ ပထမဆုံး ပုတီးတစ်ပတ်စိပ်နိုင်လာတာ မေမေစကားမပြောနိုင်သေးပေမဲ့မှတ်ဉာဏ်တွေပြန်ရလာပြီ
03/02/2026
ထွက်ပေါက် ရှိပါတယ်
---------------
ခုနောက်ပိုင်း လောကဓံကို အံကြိတ်ခံရတဲ့သူတွေ ပိုပိုများလာတာ တွေ့ရတယ်၊
သာမန်လောကဓံထက် ဆိုရွားလှတဲ့ လောကဓံဆိုကြီးတွေကို ပိုပြီး ရင်ဆိုင်လာကြရတယ်။
အနောက်တိုင်းသားတွေ စိတ်ညစ်စရာကြုံလာရင်
ကိုယ့်ကိုကိုယ်သတ်သေကြတယ်
ဒါမှမဟုတ်ပိုက်ဆံအကုန်ခံပြီး စိတ်ပြေလက်ပျောက်ခရီးထွက်တယ်။
စိတ်ညစ်တာကိုဖြေဖျောက်နိုင်မဲ့နည်းစနစ်
မရှိဘူး သူတို့ဖြေနည်းက ခဏ ပဲရမယ် ပြန်ပြီးစိတ်ညစ်ရတာပဲ။
ဗုဒ္ဓဘာသာတွေမှာက အရာရာကို လောကဓံ သဘောနားလည်ပြီး ယောနိသောမနသိကာရ ဆိုတဲ့သင့်တင့်လျောက်ပါတ်အောင်နှလုံးသွင်းနိုင်တဲ့ နည်းစနစ်တွေ ရှိတယ်။
ဒါန သီလ သမထ
ဝိပဿနာဆိုတာတွေဟာ လောကဓံဘယ်လောက်ပဲ
ဆိုးနေပါစေ အဲဒီနည်းတွေနဲ့ကျော်လွှားနိုင်တယ်။
ပဋာစာရီလို လူမျိုးတောင် တကယ်ချမ်းသာသွားတယ်
ဗုဒ္ဓတရားတော်တွေဟာ
ဘယ်လိုပူလောင်မှူ့မျိုးကိုမဆို
ကျော်လွှားနိုင်တယ်
ဒါဟာ ဗုဒ္ဓဘာသာရဲ့
အားသာချက်ပဲ။
ဒါ့ကြောင့် ပူလောင်မှု့တွေကြုံလာတဲ့အခါ
ထွက်ပေါက်မရှိတဲ့လူတွေရဲ့ခံစားချက်မျိုး
ထားစရာမလိုဘူး။
ဗုဒ္ဓ ရဲ့ တရားဓမ္မတွေဟာ
ပူလောင်မူ့အတွက်
အကောင်းဆုံး ထွက်ပေါက်ပါပဲ
ဓမ္မမိတ်ဆွေများ
အပူများလာရင်
ဓမ္မ နဲ့ ဖြတ်ကျော်နိုင်ကြပါစေ
ဦးမြင့်ခိုင်
29/01/2026
အမှန်တော့ ဒီနေ့ဟာ အမိုးရဲ့ ၇၆နှစ်ပြည့်မွေးနေ့ပေါ့
Happy Birthday 🎂🎉🎁🎈🎊 မိုးမိုးရေ…
မေကြီးရေ သားလေးလုပ်ပေးနိုင်တဲ့မေကြီးအတွက်မွေးနေ့လက်ဆောင်က သားလေးရဲ့နေစဉ် မေကြီးအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာ ဂရုစိုက်မှု နေ့စဉ်
အနီးကပ်နွေးထွေး ကြင်နာဂရုစိုက်မှုပါနော် 🥰🥰
မေကြီး ဘယ်တော့မှ အထိီးကျန်ဆန်မနေစေရဘူးနော်
ဒီတစ်ခုလေးကတော့ သားတစ်ယောက်အနေနဲ့ မိဘအပေါ်ရှိသင့်တဲ့ မေတ္တာအတ္တလေးပါနော်🥰🥰🥰
သားနောက်ထပ်မေကြီးအတွက် ထပ်ပေးနိုင်တဲ့မွေးနေ့လက်ဆောင်ကမေကြီးလိုပဲ အလိုလောဘနည်း
ရောင့်ရဲတင်းတိမ်စွာနဲ့ ကိုယ့်စိတ်ကို အကောင်းဆုံးပြုပြင်၊ အကုသိုလ်စိတ်ကင်းအောင်ပြုမူနေထိုင်ပြီးကျန်ရှိနေတဲ့ဘဝလက်ကျန်ကို မေးကြီးနဲ့ မွေးနေ့ပေါင်းများစွာ ဖြတ်သန်းဖို့ပါပဲ….🥰
လူ့ဘဝက ရုန်းရင်းကန်ရင်း နဲ့ ကုန်ဆုံးရတာ
အရမ်း အရမ်းတိုလွန်းလို့ ….
နေ့စဉ်နေ့တိုင်း စိတ်ကောင်းလေးမွေးပြီး
မနာလိုစိတ်ကင်းစွာ နေ့တစ်နေ့ကိုအစပြု ရှင်သန်မယ်လေနော်…
သားဘဝမှာ မေကြီး ကျန်းမာဖို့ကလွဲပြီး ဘာမှထပ်
မလိုတော့ပါဘူး။ သားရဲ့ ရှိစုမဲ့စုလေးလည်းကုန်ပါစေ
အမေကျန်းမာဖို့ ဘယ်လိုပင်ခက်ခဲပါစေ သားလေးရဲ့ အနီးကပ်စောင့်ရှောက်ပြီး
နေ့စဉ်နွေးထွေးစွာကျေးဇူးပြုနေတဲ့
ချစ်ခြင်းမေတ္တာက
မေကြီး အတွက် ဘဝတစ်သက်တာ မွေးနေ့လက်ဆောင်ပါနော်….. ချစ်တယ်မေကြီးရေ 🥰🥰
မေကြီး အမြန်နေကောင်းကျန်းမာပါစေ🙏🙏🙏
🎂 🎉 🎁
24/01/2026
ဒီနေ့ အမိုးကို Rehabilitation Hospital က ကျွမ်းကျင်
တဲ့ အပ်စိုက်ကုထုံး (Acupuncture) ဆရာဝန်ကိုယ်တိုင် အာရုံကြောနဲ့ ကြွက်သားလှုံ့ဆော်မှု အတွက် အပတ်စဉ် စနေနေ့တိုင်း ကုသပေးနေတာဖြစ်ပါတယ် ….
ဘာတွေအကျိုးပြုလည်းဆိုတော့ …
၁။ အပ်စိုက်ထားသည့် နေရာများ၏ ရည်ရွယ်ချက်
• ခြေထောက်နှင့် လက်မောင်း (Extremities): ခြေထောက်နှင့် လက်မောင်းများတွင် အပ်စိုက်ပြီး လျှပ်စစ်လှုံ့ဆော်မှု (Electro-acupuncture) ပေးထားတာတွေ့ရပါတယ်။ ဒါဟာ မေမေ့ရဲ့ ကြွက်သားတွေ မချည့်နဲ့သွားအောင်နဲ့ အာရုံကြောတွေ ပြန်လည်အလုပ်လုပ်လာအောင် လှုံ့ဆော်ပေးတာဖြစ်ပါတယ်။
• ဗိုက်ပိုင်း (Abdomen): ဗိုက်မှာ အပ်စိုက်ထားတာဟာ အစာခြေစနစ်နဲ့ ဆီး၊ ဝမ်းသွားတာကို ထိန်းချုပ်တဲ့ အာရုံကြောတွေကို ကူညီပေးဖို့ ဖြစ်နိုင်ပါတယ်။ ဝမ်းဗိုက်ကြွက်သား ပိုသန်မာစေခြင်:ဖြင့် အသက်ရှူအားပိုသန်စေပြီး စကားပြောခြင်းကို ပိုတိုးတက်စေတယ်။လှုံ့ဆော်ပေးတယ် (မေမေ ဝမ်းသွားနည်းနေတာနဲ့ ဆီးစိမ့်တာတွေအတွက် အထောက်အကူပြုနိုင်ပါတယ်)။
• လည်ပင်းနှင့် မေးစေ့အောက် (Neck/Submental): ဒီနေရာတွေဟာ အစာမျိုရခက်ခဲတာ (Dysphagia) နဲ့ စကားပြောနိုင်စွမ်းအတွက် အရေးကြီးတဲ့နေရာတွေဖြစ်လို့ မေမေ့ရဲ့ မျိုချနိုင်စွမ်း ပိုကောင်းလာဖို့ ရည်ရွယ်တာဖြစ်နိုင်ပါတယ်။
၂။ ဘာတွေ တိုးတက်လာနိုင်သလဲ?
• ကြွက်သားအားကောင်းလာခြင်း: လေဖြတ်ထားတဲ့ဘက်က ကြွက်သားတွေ တောင့်တင်းနေတာ (Spasticity) လျော့ကျလာပြီး လှုပ်ရှားရ ပိုမိုသက်သောင့်သက်သာ ဖြစ်လာနိုင်ပါတယ်။
• သွေးလည်ပတ်မှု ကောင်းမွန်ခြင်း: အပ်စိုက်ထားတဲ့နေရာတစ်ဝိုက် သွေးစီးဆင်းမှု ပိုကောင်းလာတဲ့အတွက် အနာကျက်မြန်စေပြီး အာရုံကြောတွေ ပြန်လည်ရှင်သန်မှုကို အားပေးပါတယ်။
• အာရုံခံစားမှု ပြန်ရလာခြင်း: ထိရင်သိတဲ့အာရုံ ဒါမှမဟုတ် နာကျင်မှုကို သိတဲ့အာရုံတွေ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။
• စနစ်များ တည်ငြိမ်ခြင်း: ပုံမှန်လုပ်ပေးခြင်းဖြင့် အိပ်ပျော်ခြင်း၊ စိတ်တည်ငြိမ်ခြင်းနဲ့ အစာခြေစနစ်တွေ ပိုမိုကောင်းမွန်လာတတ်ပါတယ်။
၃။ အကြံပြုချက်
• ရေတိုက်ခြင်း: အပ်စိုက်ကုထုံးလုပ်ပြီးချိန်မှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားဖို့ ရေလိုအပ်တတ်ပါတယ်။ မေမေ့မှာ အရည်ကန့်သတ်ချက် (တစ်ရက်ကို အစာ+ရေ ၁,၆၀၀ စီစီ) ရှိတဲ့အတွက် သတ်မှတ်ထားတဲ့ ပမာဏထဲကပဲ ရေကို နည်းနည်းချင်း မှန်မှန်တိုက်ပေးရန်။
• စောင့်ကြည့်ရန်: အပ်စိုက်ထားတဲ့နေရာတွေမှာ နီရဲတာ၊ ရောင်ရမ်းတာမျိုး ရှိ၊ မရှိ ကုသမှုပြီးရင် တစ်ချက်
ကြည့်ပေးပါ။ အရက်ပြန်နဲ့သေချာ သုတ်ပေးရပါတယ်။
• ကာယကုထုံးနှင့် တွဲဖက်ရန်: အပ်စိုက်ပြီးနောက်မှာ အာရုံကြောတွေ နိုးကြားနေချိန်မို့ ခြေလက်တွေကို အသာအယာ လှုပ်ရှားပေးတဲ့ လေ့ကျင့်ခန်း (Physical Therapy) ကို တွဲလုပ်ပေးရင် ပိုပြီး ထိရောက်ပါတယ်။
လေ့ကျင့်ခန်း OT, Swallowing Therapy, Speech Therapy နဲ့ Physiotherapy,PMS ကုထုံးတွေက သူ့ရက်နဲ့သူလုပ်ရပါတယ်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
10250