SEINT Magazine

SEINT Magazine

แชร์

Visual impaired ဂီတအနုပညာရှင်

I m Composer .I m a visual impair person.

Photos from SEINT Magazine's post 25/05/2026

ရန်ကုန်မြို့ စွန်လေးမှာရှိတဲ့ ဒီနေရာလေးဟာ သိပ်ကို သာယာလွန်းပါတယ်... စနစ်တကျ ဖွံ့ဖြိုးအောင် လုပ်နိုင်ရင် တောရိပ် တောင်ရိပ်နဲ့ အေးချမ်းတဲ့ သဘာဝ ဥယျာဉ်းလေးအဖြစ် အတော်ကို တင့်တယ်နေမှာပါ.....
စိတ်ကို သက်တောင့် သက်သာ အနားယူခွင့်ရတဲ့ နေရာလေး မိုးရာသီအတွက် ပိုပြီး လှပနေတာ.....

25/05/2026

🙏အသက်ကြီးလာရင် အိုဖော် အိုဖက် မိတ်ဆွေကောင်း ဆိုတာ အိမ်ထောင်ဖက် ,သားသမီး,အပေါင်းအသင်း,မောင်နှမ, အိမ် နီးချင်း ဘယ်သူမဆို ဖြစ်နိုင်ပါတယ်....
အနီးဆုံး ရှိမယ်ထင်တဲ့ သူက ဝေးသွားနိုင်သလို အဝေးဆုံးရှိတဲ့ သူတွေကလည်း နီးသွားကြတတ်ပါတယ်....
တကယ်တွေးကြည့်ရင် ဘဝ ဟာ မတိုလှပါဘူး....
ဘယ်ခောက် ပြည့်စုံနေတဲ့ သူဖြစ်ဖြစ် .... ဘဝ ဟာ တိုတိုလေး ဆိုပြီး ပျော်ပျော်နေဆိုပြီး မအိုခင် နာ, မနာပဲ သေ, မသေပဲ အို ... နဲ့ ကြုံကြရမှာ ကို မေ့ထားကြလို့မှမရတာ....
ဒီ နေ့ vlog လေး တခု ကြည့်ပြီး ....
မသန်စွမ်း ဘိုးဘွားရိပ်သာတခု ဖွင့်ချင်လိုက်တာ တွေးမိတယ်.....
သက်ကြီးရွယ်အို တွေရဲ့ ကံ ဟာ လည်း သိပ်ကြောက်စရာကောင်းပါတယ်.....

13/05/2026

အမြင်အာရုံမသန်စွမ်းကလေးတွေဟာ ပညာသင်ကြားဖို့ လိုအပ်လား?
campaign လေးတခုလောက် စိမ့် wall မှာ လုပ်ချင်ပါတယ်...
ဒီ video လေးက မူလတန်းအကြို စာ နဲ့ ထိတွေ့ဖို့ကြိုးစားနေကြသလို သူတို့ကို နားလည်စေဖို့ သင်ပေးနိုင်မယ့် နည်းပညာ နဲ့ နှလုံးသားရော ဦးနှောက်ပါကြီးတဲ့ ဆရာ ဆရာမတွေ လိုအပ်ပါတယ်....
အသိတရား နဲ့ ဆက်စပ်တွေးခေါ်မှူ ညဏ်အားကောင်းစေမှ အသက်မွေး ဝမ်းကျောင်းရာမှာ အထောက်အပံ့ဖြစ်စေမှာပါ....
ဒီ လိုအပ်ချက်တွေဟာ မသန်စွမ်းကလေးတယောက်ကို ပိုင်ဆိုင်ထားရတဲ့ မိဘ တွေအပေါ်အများကြီး မူတည်ပါတယ်...
မိမိ သားသမီး မသန်စွမ်း အဖြစ် လူ့လောကထဲ ရောက်လာတာကို မရှက်ဖို့ အားမငယ်ဖို့ နဲ့ မိဘ ကိုယ်တိုင် သန်မာနေဖို့ လိုပါတယ်...
မသန်စွမ်းဆိုတာ မွေးရာပါအပြင် ဘယ်အချိန်အခါ မဆို အကြောင်းကြောင်းတွေကြောင့် ဖြစ်သွားနိုင်တာမျိုးပါပဲ....

ဖြစ်လာ ကြုံလာတဲ့ အပေါ် လမ်းမပျောက်ဖို့ မသန်စွမ်း ကျောင်းတွေဆီ အရောက်ပို့ဖို့ မသန်စွမ်းကလေးတွေရဲ့ မိဘတွေအတွက် အထူးတိုက်တွန်း လိုက်ပါရစေ.....💪🩷🫡

13/05/2026

ပျူပျူငှာငှာ ဆက်ဆံ၍
လှိုက်လှိုက်လှဲလှဲပြုံးမိသည်....
ကြင်ကြင်နာနာ ဆက်ဆံ၍
ချိုချိုသာသာ ပြောမိသည်....
တူတူတန်တန် ဆက်ဆံ၍
တင့်တင့်တယ်တယ် လျှောက်လှမ်းသည်....
တီတီတာတာ ကြားရ၍
အီအီသာသာ ကျေနပ်သည်....
ပီပီပြင်ပြင် အချစ်တူ၍
ကြည်ကြည်ဖြူဖြူ လက်ခံသည်.......


13.05.2026

Photos from SEINT Magazine's post 18/04/2026

" တကျော့ နှစ်ကျော့ တေးကိုသီ " စေခဲ့တဲ့ ကြီးကြီးနဲ့....

မြတ်လေးရုံ ကို မလွမ်းဘူးလား လို့ မေးတော့ ...ဘယ်လိုပြောလိုက်တာလဲကွယ် လွမ်းတာပေါ့...တဲ့....

စိမ့် ဖေဖေ နာမည်ပြောလိုက်တော့ ကျေးလက်တေးသံ နဲ့ မြန်မာမှူတွေကို production လုပ်ခဲ့တဲ့အကြောင်းပါ ပြောပြသွားတယ်...
မြန်မာ ရဲ့ ချစ်စရာ ကျေးလက်ရဲ့ ဓလေ့ တေးသံ တွေ ရိုးသားမှူတွေ နဲ့ စိတ်ရဲ့ ဖြူစင်ရိုးရှင်းစွာ စကြ နောက်ကြတဲ့ စကားပုံ စကားထာတွေဟာ အခု ခောတ်တော့ အလှမ်းဝေး ပျောက်ကွယ် သွားပြီ ထင်ပါတယ်....

"မုန်းတေးကို တခါကျော့ဘရင် ချစ်တေး ကို တစ်ခါ နှစ်ခါ သုံးခါ လေးခါ...
အခါခါ ကျော့စေချင်ပါသည်.."ဆိုတဲ့ တေးရေးရဲ့ စေတနာ နဲ့ ,

"မုန်းလျှင် အပြစ်
ချစ်လျှင် အကျိုး
မြတ်နိုး တော့ သဒ္ဓါ...."

အချစ် အမုန်းတွေ ကြားက ဖြစ်တတ်တဲ့ လူ့မနော တွေကို ရေးထားတာ ဒီရက်ထဲ အခါခါ နားထောင်ဖြစ်ပါတယ်...
Family dinner တခုမှာ
စိမ့် ရဲ့ ညီမတယောက် ဆိုပြသွားတုန်းကဆို နားထောင်ရင်း မျက်ရည်ပါ ကျမိတာ...



#သတရမိတယ်ဖေဖေ

02/04/2026

မိုးခြိမ်းသံကြောက်တဲ့ ချစ်သူ လေးအကြောင်း...
ဟန်ထူးဈာန် အတွက် စိမ့် ရေးထားပေးတဲ့ "အငှားရင်ခွင်'


#ဟန်ထူးဈာန်
#အငှားရင်ခွင်

02/04/2026

ဒီသီချင်းလေးက အမှတ်တရပါပဲ....
အမြင်အာရုံမသန်စွမ်း အဆိုတော် ညီမငယ် ဝေဖူးသန့်ဇင် အတွက် စိမ့် ရေးထားပေးဖြစ်ခဲ့ပြီး အမြင်အာရုံမသန်စဇွမ်းမောင်လေး တိုးတိုးလင်း က တပုဒ်လုံးကို mixing အထိ တာဝန်ယူ တီးပေးခဲ့တာ ....
အရည်အချင်းပြည့်ဝတဲ့ ပညာတတ်မသန်စွမ်းတွေ ကို ဘယ်သူတွေက ပံ့ပိုးပေးနေကြတာလဲ....
သူတို့ရဲ့ မာကျောပြီး သင်ယူချင်တဲ့ အရှုံးမပေးသော စိတ်ဓာတ်က အဓိကပံ့ပိုးပါတယ်...
အဲ့လို စိတ်ဓာတ်တွေ နဲ့ မသန်စွမ်းတွေကို လမ်းပြဖော်ဆောင်ပေးနိုင်မယ့် အခွင့်အရေးကောင်းတွေလည်း လိုအပ်ပါတယ်...

17/03/2026

ပန်ချီဆရာရဲ့ စိတ် နဲ့ နှလုံးသား ကို ပန်ချီကနေတဆင့် ရှင်းနေအောင်ဖောက်ထွင်းမြင်ခဲ့ရတယ်....
Art ရဲ့ လွှမ်းမိုးနိုင်မှူပါပဲ.....

စပားသပ်မိတော့ မရိသေးတာတွေကို ပဲ ဖန်တီးပြချင်တဲ့ စိတ်ကူးလေးတူနေတယ်...
တွေးခေါ်ပညာရှင် မတော်များများဟာလည်း ပရဟိတစိတ်နဲ့ အနုပညာ ကို ပေါင်းစပ်သစ်လွင်စေကြတာလို့ မြင်တယ်...

ဇာ့ ရဲ့ ဖိတ်ခေါ်မှူတိုင်းဟာ ကျေနပ်စရာတွေ နဲ့ အိမ်ပြန်လာရစမြဲပဲ....

ပန်ချီထဲ စိတ်ဝင်တစားရှာဖွေနေတုန်း psytrance ရဲ့ playback ပံ့ပိုးမှူဟာ အမလေး ဝမ်းနည်းပြီး ငိုချင်လာတာ... စိတ် အရမ်း ရှုပ်ထွေးနေချိန် လာကြည့်ဖြစ်တာတို့ တခုခု ကို စိတ်တိုလာတဲ့ အခါနဲ့ ကြုံလို့ကတော့ ဂါ မှာပဲ...
ဟစ်ပီ fashion နဲ့ family လေးကို ပွဲမှာတွေ့လိုက်မိတော့လည်း တကယ်ကို လွတ်လပ်ပေါ့ပါးသွားတယ် .. လွတ်မြောက်အောင် နေတတ်ခြင်းရဲ့ soul က မိမိ အတွင်းထဲမှာပဲ ဆိုတာ ပိုခံစားရတယ်...





#ပန်ချီပြပွဲ

27/02/2026

ကြွေပါတယ် အချစ်ရေ😁💜💙🩷

ချစ်ညီမ ချမ်းမြေ့မောင်ချို နဲ့ လိုက်ဖက်အောင် ရေးထားဖြစ်ခဲ့တဲ့ King လို့ နာမည်ပေးထားတဲ့ သီချင်းလေးကို စိမ့် ရဲ့ မှတ်တိုင်လေးတွေ အနေနဲ့ version အသစ်နဲ့ ပြန်လည် promote လုပ်ဖြစ်ပါတယ်

စိမ့်ကိုယ်တိုင်လည်း ကြိုက်နေတာ......




#ကြွေပါတယ်အချစ်ရေ

#မြန်မာသီချင်း #သီချင်းအသစ် #သီချင်းကောင်းများ

01/02/2026

30.01.2026 မှာ ကျရောက်ခဲ့တဲ့စိမ့် မွေးနေ့အမှတ်တရ 🎂💫 အဖြစ်“ပြော” ဆိုတဲ့ သီချင်းလေးကို 🎵စိမ့်ကိုယ်တိုင် ရေးသားခဲ့ပြီး ✍️စိမ့်ကိုယ်တိုင် ပြန်လည် သီဆိုထားတာကို 🎤🤍မိတ်ဆွေများ နားဆင်စေချင်တဲ့ စိတ်လေးနဲ့ 🎧တင်ပေးလိုက်ပါတယ် …သီချင်းတွေ မရေးဖြစ်၊ မဆိုဖြစ်တာ ⏳5 နှစ်ကျော်ကြာသွားခဲ့ပေမဲ့ 😌ဒီသီချင်းလေးတွေ အတွက်စိမ့် အားနာမိသလို 🙏အမြဲ နွေးထွေးစွာ အားပေးလာကြတဲ့မေတ္တာများစွာအတွက် 💞ခွန်အားတွေကတော့ အခုထိ ပြည့်နေဆဲပါ 💪✨ #စောမနိုင်း #ပြော

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Bangkok
11061