Kids To Know

Kids To Know

แชร์

A drop of water for Myanmar (Burma) Education💦

Photos from Kids To Know's post 09/02/2026

English Grammar

ယနေ့ (9-2-2026) ထုတ် မြန်မာ့အလင်းသတင်းစာပါ English Grammar သင်ခန်းစာများ

Photos from Kids To Know's post 09/02/2026

English Conversation Lesson

ယနေ့ (09-2-2026) ထုတ် မြန်မာ့အလင်းသတင်းစာပါ English Conversation သင်ခန်းစာ

09/02/2026

English Vocabulary Enrichment Programme

ယနေ့ (9-2-2026) ထုတ် မြန်မာ့အလင်းသတင်းစာပါ Vocabulary Enrichment Programme

Photos from Kids To Know's post 26/01/2026

English Grammar

ယနေ့ (26-1-2026) ထုတ် မြန်မာ့အလင်းသတင်းစာပါ English Grammar သင်ခန်းစာများ

Photos from Kids To Know's post 26/01/2026

English Conversation Lesson

ယနေ့ (26-1-2026) ထုတ် မြန်မာ့အလင်းသတင်းစာပါ English Conversation သင်ခန်းစာ

26/01/2026

English Vocabulary Enrichment Programme

ယနေ့ (26-1-2026) ထုတ် မြန်မာ့အလင်းသတင်းစာပါ Vocabulary Enrichment Programme

Photos from Kids To Know's post 25/01/2026

ကျောင်းသားတွေရဲ့ အာရုံစိုက်နိုင်ချိန်ကို ကြာကြာထိန်းထားနိုင်တဲ့ နည်းလမ်းများ
>

ဆရာ၊ ဆရာမတို့ရေ.... ကိုယ်ကသာ အားကြိုးမာန်တက် စာသင်နေပေမဲ့ ကျောင်းသားတွေက ကိုယ့်ဆီမှာ အာရုံရှိမနေတာ ကြုံဖူးကြလား? ဒီလို ဖြစ်လာပြီဆိုရင် ကျောင်းသားတွေကို ဘယ်လို နည်းလမ်းတွေ သုံးပြီး စာဆက်သင်ရမလဲဆိုတာ မျှဝေပေးသွားပါမယ်။

ကျောင်းသားတစ်ဦးရဲ့ အာရုံစိုက်နိုင်မှု အချိန်က တစ်ဦးနဲ့တစ်ဦးတော့ မတူနိုင်ပါဘူး။ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေရဲ့ ပြောပြချက်အရ လူတွေက အသက်ကြီးလာတာနဲ့အမျှ အာရုံစိုက်နိုင်မှုအချိန်က ပိုကြာလာတယ်လို့ သိရပါတယ်။ လူတစ်ဦးရဲ့ ပျှမ်းမျှ အာရုံစိုက်နိုင်မှုအချိန်ကို အောက်က ဖော်မြူလာနဲ့ တွက်ချက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Age × 2-5 minutes = Average Attention Span

ဒီလိုဆိုရင် ကျောင်းသားတွေရဲ့ အသက်အရွယ်အလိုက် ကွဲပြားတဲ့ အာရုံစူးစိုက်နိုင်မှုအချိန်တွေကို သိသွားလောက်ပါပြီ။

ဒါကြောင့် မိမိ ကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှု အချိန်ကို ဒီထက်ကြာကြာ ပိုလိုချင်တယ်ဆိုရင်တော့ အောက်က နည်းလမ်းလမ်းတွေကို အသုံးပြုကြည့်ပါ။

၁။ သင်ခန်းစာတစ်ခုကို အပိုင်းငယ်လေးတွေ ခွဲပါ။

သင်ခန်းစာတစ်ခုလုံးကို တစ်ချိန်တည်းမှာ သင်တာထက် အပိုင်းလေးတွေ ခွဲပြီး သင်ကြားတာ ပိုထိရောက်ပါတယ်။ (၁၅) မိနစ်ကို တစ်ခါ အပိုင်းတစ်ပိုင်း သင်ကြားပါ။ ဒီလိုဆိုရင် ကျောင်းသားတွေရဲ့ အာရုံကို လန်းဆန်းစေပြီး ဝန်ပိခြင်းမှလည်း ရှောင်ရှားနိုင်ပါတယ်။

၂။ အုပ်စုအငယ်လေးတွေ ဖွဲ့ပြီး သင်ပါ။

Carnegie Mellon နဲ့ Columbia University တို့ရဲ့ ၂၀၁၆ လေ့လာမှုအရ ကျောင်းသားတွေက လူအများကြီး စုပြုံပြီး စာသင်တာ နားထောင်ခြင်းက အာရုံပျံ့လွင့်မှုကို ပိုပြီး ဖြစ်စေတယ်လို့ ပြောပါတယ်။ ဒါကြောင့် အဖွဲ့လေးတွေ ဖွဲ့ပြီး Hands-on Activities လေးတွေ လုပ်ခိုင်းမယ်ဆိုရင် ပိုပြီးတော့ အာရုံစိုက်နိုင်ပါတယ်။

၃။ ဦးနှောက်ကို အနားပေးပါ။

စာသင်ချိန်တစ်ချိန်လုံး စာသင်နေတာမျိုး မလုပ်ဘဲ အကြောဆန့်တာ၊ လှုပ်ရှားတာ၊ ဂိမ်းကစားတာ စတဲ့ Activities တစ်ခုခု လုပ်ဆောင်စေပါ။ ဒါက နောက်အလုပ်တစ်ခုကို မရွှေ့ခင် သူတို့ရဲ့ ဦးနှောက်ကို အားပြန်သွင်းဖို့ အချိန်ပေးလိုက်တာ ဖြစ်ပါတယ်။

၄။ စိတ်လေ့ကျင့်ခန်းများ ပြုလုပ်စေပါ။

ရိုးရှင်းတဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ် လုပ်ခိုင်းပါ။ ဥပမာ - အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်တာ၊ တရားထိုင်တာ။ ဒီလို စိတ်လေ့ကျင့်ခန်းတွေက စိတ်ကို တည်ငြိမ်စေပြီး မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း တိုးလာတာနဲအမျှ အာရုံစူးစိုက်မှုအား ပိုကောင်းလာစေပါတယ်။

၅။ Flexible Seating ပြင်ဆင်ပါ။

အထူးသဖြင့် အတန်းငယ်လေးတွေကို စာသင်တဲ့အခါမှာ ဘယ်နေရာမှာ ထိုင်ရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတာ ရွေးချယ်ခွင့်ပေးပါ။ ဥပမာ- အမြင့်မှာ ထိုင်ချင်တဲ့သူတွေအတွက် ထိုင်ခုံတွေ၊ စားပွဲတွေ၊ အောက်မှာထိုင်ချင်သူတွေအတွက် ကြမ်းပြင်ကူရှင်တွေ ထားပေးထားရပါမယ်။ လူတိုင်းကို တသမတ်တည်း ထိုင်ခိုင်းနေတာထက် ကျောင်းသားတွေ ပိုပြီး သက်တောင့်သက်သာဖြစ်စေမယ့် ပုံစံကို ရွေးချယ် ထိုင်ခိုင်းသင့်ပါတယ်။

၆။ အချိန်ကိုစောင့်ကြည့်ပါ

အချိန်ဘယ်လောက်ကြာတဲ့အထိ သင်ခန်းစာကို သင်လိုက်လဲဆိုတာ သတိပြုမိစေဖို့ အချိန်ကို စောင့်ကြည့်ပါ။ ကျောင်းသားတွေရဲ့ အမူအရာက မငြိမ်မသက်ဖြစ်နေတာကို သတိထားမိပြီဆိုတာနဲ့ ခဏနားတာ၊ စာသင်နည်းနောက်တစ်မျိုးကို ပြောင်းတာ၊ အရှေ့က သင်လိုက်တာကို စာပြန်မေးတာ စတာတွေကို လုပ်ဆောင်ပါ။

၇။ စာသင်ခန်းပြင်ဆင်မှုကို လျှော့ပါ။

ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့ ရောင်စုံပုံလေးတွေ စာသင်ခန်း နံရံမှာ ကပ်ထားတာမျိုးက လုပ်ဆောင်သင့်တဲ့အရာဆိုပေမဲ့ အလွန်အကျူး မဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ရှုပ်ပွနေတဲ့ နံရံတွေကို ကြည့်ပြီး အမြင်အာရုံ ရှုပ်ထွေးလွန်ပြီး အာရုံစူးစိုက်မှုကို ပျောက်ကွယ်စေနိုင်ပါတယ်။ အေးအေးငြိမ်ငြိမ်လေးရှိတဲ့ စာသင်ခန်းကသာ ကောင်းမွန်တဲ့ အာရုံစူးစိုက်မှုကို ဖြစ်ပေါ်စေတာပါ။

22/01/2026

အတိတ်ကို ပြန်လည်သရုပ်ဖော်ခြင်း


သမိုင်းဆိုတာ ပုံသေကားချပ် မဟုတ်ဘူးလို့ Philip Arkinstall က သုံးသပ်ထားပါတယ် - ဒါဟာ ကျွန်တော်တို့ သမိုင်းကို သင်ကြားသင့်တဲ့ ပုံစံအတိအကျပါပဲ...

ပြီးခဲ့တဲ့နှစ်က ကျောင်းသားတစ်ယောက်ဟာ ပွန်ပေ (Pompeii) မြို့အကြောင်း လေ့ကျင့်ခန်းစာရွက်ကို ကြည့်ပြီး “ဆရာ၊ မီးတောင်ပေါက်ကွဲတုန်းက လူအားလုံး သေသွားတာ မဟုတ်ဘူးလား?” လို့ မေးခဲ့ပါတယ်။ ဒါဟာ ကျောင်းသားတွေအနေနဲ့ အချက်အလက်တွေကို လွယ်လွယ်ကူကူ လက်ခံတတ်ပြီး သမိုင်းနဲ့ပတ်သက်ရင် ပုံသေဗားရှင်းတစ်ခုကို သူတို့စိတ်ထဲမှာ ဘယ်လို တည်ဆောက်တတ်သလဲဆိုတာကို တွေ့ရပါတယ်။ သမိုင်းဆရာတစ်ယောက်အနေနဲ့ သမိုင်းဆိုတာ အဲဒီလောက် မရိုးရှင်းဘူးဆိုတာကို ပြသဖို့က တာဝန်တရပ်ဖြစ်လာပါတယ်။

ကျောင်းသားအများစုအတွက်တော့ အချက်အလက်တွေကို သိထားရတာနဲ့ သင်ခန်းစာတွေမှာ အထောက်အထားတွေ ထုတ်ပြနိုင်တာဟာ သူတို့ရဲ့ သမိုင်းဆိုင်ရာ ဗဟုသုတ မှန်ကန်ခိုင်မာပြီလို့ အထင်ရောက်စေပါတယ်။ ဒါပေမဲ့ သမိုင်းအချက်အလက် အတော်များများက ဇာတ်လမ်းတစ်ပုဒ်လုံးရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတယ်ဆိုတာကို ကျွမ်းကျင်တဲ့ သမိုင်းဆရာတွေ သိကြပါတယ်။

သမိုင်းဆိုတာ အနက်ဖွင့်ဆိုချက် (Interpretation) များစွာနဲ့ ရေးသားထားတာဖြစ်ပြီး အထောက်အထားသစ်တွေ ပေါ်ထွက်လာတာနဲ့အမျှ အမြဲတမ်း ပြန်လည်ရေးသားနေရတာမျိုးပါ။ အတိတ်ကို အနက်ဖွင့်ဆန်းစစ်နိုင်စွမ်းဟာ လူငယ်တွေကြားမှာ ကျွန်တော်တို့ ပျိုးထောင်ပေးရမယ့် အဓိကကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ သမိုင်းသင်ခန်းစာထက် ပိုကောင်းတဲ့နေရာ ဘယ်မှာရှိဦးမလဲ။ ဒီအနက်ဖွင့်ဆိုချက်တွေကနေတစ်ဆင့် ကျောင်းသားတွေရဲ့ စူးစမ်းလိုစိတ်ကို နှိုးဆွပေးနိုင်ပြီး ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ် (Critical Thinking) ကို ထက်မြက်စေမှာဖြစ်သလို၊ ခေတ်သစ်နိုင်ငံရေးအရ သမိုင်းကို လိုသလို ပုံဖျက်တာတွေကိုပါ ခြေရာခံနိုင်စွမ်း ရှိလာစေမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကို ပြောင်းလဲခြင်း (Changing the story)
ပညာရပ်ဆိုင်ရာ သုတေသနအသစ်တွေဟာ အတိတ်ကို ဘယ်လိုပုံစံနဲ့ ရေးသားခဲ့သလဲဆိုတာကို ပိုမိုနက်ရှိုင်းပြီးစွာ နားလည်လာစေပါတယ်။ ဒါဟာ ဖြစ်ရပ်တစ်ခုကို ကြည့်တဲ့အမြင် ပြောင်းလဲသွားတာတင် မဟုတ်ပါဘူး။

Mary Beard ရဲ့ Pompeii စာအုပ်ကို နမူနာကြည့်ပါ။ ကျောင်းသားအများစု (လူကြီးအတော်များများလည်း ပါဝင်ပါတယ်) က အဲဒီမြို့ဟာ တစ်ညတည်းနဲ့ ပျောက်ကွယ်သွားတယ်၊ ထောင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့တယ်၊ ပြီးတော့ ၁၈၀၀ ပြည့်နှစ်တွေအထိ အဲဒီနေရာကို ဘယ်သူမှ မထိတွေ့ခဲ့ဘူးလို့ ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ Beard ကတော့ ၁၉ ရာစုမှာ ‘ပြန်လည်ရှာဖွေတွေ့ရှိခြင်း’ မတိုင်ခင်ကတည်းက လူတွေဟာ ပွန်ပေအကြောင်းကို သိထားပြီးသားဖြစ်ကြောင်း ဖော်ထုတ်ပြခဲ့ပါတယ်။

မီးတောင်ပေါက်ကွဲတော့မယ်ဆိုတာကို မြို့ခံတွေ ကြိုတင်သိရှိခဲ့ကြလို့ အများအပြား ထွက်ပြေးလွတ်မြောက်ခဲ့ကြပုံကို သူမက ရေးသားထားပါတယ်။ ဒါကို ကျောင်းသားတွေကို မျှဝေပေးခြင်းဖြင့် ရိုးရှင်းလှပါတယ်ဆိုတဲ့ ပုံပြင်တစ်ပုဒ်ကို “ဒါကို ငါတို့ ဘယ်လိုသိတာလဲ...?” ဆိုတဲ့ စုံစမ်းစစ်ဆေးမှုရဲ့ အစပြုမှတ်အဖြစ် ပြောင်းလဲပေးလိုက်တာပါပဲ။

သေချာနေတဲ့အရာတွေကို ပြန်လည်ရေးသားခြင်း (Rewriting certainties)
သမိုင်းမှာ အသေအချာလို့ ယူဆထားတဲ့အရာတွေထဲကို အထောက်အထားသစ်ဆိုတဲ့ သဘောတရားကို ထည့်သွင်းပေးခြင်းက သမိုင်းကို သိပ္ပံပညာနဲ့ ပိုတူလာစေပါတယ်။ သုတေသနအသစ်တွေကနေတစ်ဆင့် ကျွန်တော်တို့ ‘သိထားပြီးသား’ အရာတွေကို အခြေခံပြီး အတိတ်ကို မြင်ရတဲ့ပုံစံကို ပြောင်းလဲစေမယ့် သမိုင်းသစ်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

“အဓိကအကျဆုံးကတော့ သမိုင်းဆိုတာ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ပြန်လည်အနက်ဖွင့်ဆိုလို့ရတဲ့ အရာဖြစ်ကြောင်း ဆရာတွေက ကျောင်းသားတွေကို ပြသဖို့ပါပဲ”

သမိုင်းဆိုင်ရာ ပြန်လည်ဆန်းစစ်ခြင်း (Historical revisionism)
ပွန်ပေနမူနာကို အခြေခံပြီး ဆရာတွေအနေနဲ့ ကျောင်းသားတွေကို ‘သမိုင်းဆိုင်ရာ ပြန်လည်ဆန်းစစ်ခြင်း’ (Historical revisionism) အကြောင်း သတိပြုမိလာအောင် လုပ်ဆောင်နိုင်ပါတယ်။ မြန်မာ့သမိုင်းမှာလဲ မတူညီတဲ့ ရှုထောင့်ကနေ ကြည့်လို့ရတာတွေ အများကြီး ရှိပါတယ်။

ဥပမာ - မင်းတုန်းမင်းကို ပဉ္စမသင်္ဂါယနာတင် သာသနာပြုမင်း၊ ခေတ်မီတိုးတက်ရေးကို ရှေးရှုတဲ့ မင်းအဖြစ် မြင်နိုင်သလို များပြားလှတဲ့ မိဖုရားတွေနဲ့ မြောက်များလှတဲ့ သားတော်၊ သမီးတော်တွေကြောင့် နန်းတွင်းအရှုပ်တော်ပုံတွေ၊ လုပ်ကြံမှုတွေ ဖြစ်စေခဲ့သူ၊ တိုင်းပြည်ကို ရေရှည်ကောင်းမွန်အောင် မစီမံနိုင်ခဲ့သူအဖြစ် မြင်လို့လဲ ရပါတယ်။

ဒီလို ကွဲပြားခြားနားတဲ့ အနက်ဖွင့်ဆိုချက်တွေကို ကျောင်းသားတွေ လေ့လာခွင့်ပေးခြင်းက ထိရောက်တဲ့ အချက်တစ်ချက်ကို ဖော်ပြနေပါတယ် - လူတစ်ယောက်တည်း၊ ဖြစ်ရပ်တစ်ခုတည်း ဖြစ်ပေမဲ့ ဘယ်သူက ဘယ်အချိန်မှာ ပြောပြသလဲဆိုတဲ့အပေါ် မူတည်ပြီး သမိုင်းတွေဟာ အလွန်ကွဲပြားသွားနိုင်ပါတယ်။

စိန်ခေါ်မှုများနှင့် ရလဒ်များ (Risks and rewards)
သမိုင်းဟာ ငြင်းခုံဆွေးနွေးလို့ရတဲ့အရာ ဖြစ်ကြောင်း ကျောင်းသားတွေကို ပြသရတာဟာ စွန့်စားမှုတစ်ခုလို ခံစားရနိုင်ပါတယ်။ ကျောင်းသားတွေဟာ ဇဝေဇဝါဖြစ်ပြီး သူတို့သင်ယူခဲ့သမျှကို သံသယဝင်သွားကြမလား။ ဒါဟာ စိုးရိမ်လွန်ကနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားတွေဟာ အချိန်ကာလကွာခြားချက်တွေကို နားလည်နိုင်စွမ်းရှိသလို၊ သမိုင်းအချက်အလက်တွေ ပြန်လည်ရေးသားခံရတာကိုလည်း သူတို့ မြင်တတ်ကြပါတယ်။

စိန်ခေါ်မှုအချို့ကတော့ အတန်းထဲက မတူညီတဲ့ လိုအပ်ချက်ရှိတဲ့ ကျောင်းသားတွေကို ပံ့ပိုးမှုအားနည်းတာကနေ လာနိုင်ပါတယ်။ အချက်အလက်တွေကို အဆင့်လိုက် (Scaffolding) နဲ့ အပိုင်းလိုက် (Chunking) ခွဲခြားသင်ကြားပေးခြင်းက ကျောင်းသားတွေ သိထားပြီးသား ဗဟုသုတတွေကို အထောက်အထားတွေနဲ့ ချိန်ညှိကစားကြည့်ဖို့ ကောင်းမွန်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

အဓိကအကျဆုံးကတော့ သမိုင်းဆိုတာ အထောက်အထားသစ်တွေ ပေါ်လာရင် ခိုင်လုံစွာ ပြန်လည်အနက်ဖွင့်ဆိုနိုင်ကြောင်း ပြသဖို့နဲ့ တစ်ချိန်တည်းမှာပဲ နိုင်ငံရေးရည်မှန်းချက်တွေအတွက် သမိုင်းကို ဘယ်လိုပုံဖျက်နိုင်သလဲဆိုတာကို ကျောင်းသားတွေကို နားလည်အောင် သင်ကြားပေးဖို့ပဲ ဖြစ်ပါတယ်။

အတိတ်ကို လွဲမှားစွာ တင်ဆက်ခြင်း (Misrepresenting the past)
ဒါကို တစ်ဆင့်တက်ပြီး ကြည့်မယ်ဆိုရင် သမိုင်းဝင်ဖြစ်ရပ်တွေကို တိကျတဲ့ နိုင်ငံရေးရည်မှန်းချက်တစ်ခုအတွက် ဘယ်လိုအသုံးချခဲ့သလဲဆိုတာကို လေ့လာနိုင်ပါတယ်။

၂၀၀၇ ခုနှစ်မှာ ဗလာဒီမာ ပူတင်ဟာ နောက်ဆုံး ရိုမန်နော့ဗ် ဇာဘုရင် ဒုတိယမြောက် နီကိုးလပ်စ် (Nicholas II) ရဲ့ ရုပ်တုအသစ်တွေကို အရှေ့ဥရောပနိုင်ငံတွေဆီ ပေးပို့ခဲ့ပါတယ်။ ဒီရုပ်တုတွေဟာ ပူတင်အနေနဲ့ ခေတ်သစ်ရုရှားကို ဆိုဗီယက်ယူနီယံရဲ့ အခန်းကဏ္ဍကို လျှော့ချထားတဲ့ အစောပိုင်း သမိုင်းကာလတစ်ခုနဲ့ ဆက်သွယ်ဖို့ ကြိုးစားတဲ့ နည်းလမ်းတစ်ခုအဖြစ် မြင်လာကြပါတယ်။ ရုပ်တုတွေမှာ နီကိုးလပ်စ်ကို အင်အားကြီးတဲ့ အုပ်ချုပ်သူအဖြစ် ဖော်ပြထားပေမဲ့ ဒါဟာ ရိုမန်နော့ဗ်မင်းဆက် နိဂုံးချုပ်ခဲ့တဲ့ သမိုင်းအမှန် မဟုတ်သလို၊ အဲဒီခေတ်က နီကိုးလပ်စ် ကိုယ့်ကိုယ်ကိုယ် မြင်ခဲ့တဲ့ ပုံစံမျိုးလည်း မဟုတ်ပါဘူး။

ဒါဟာ ယူကရိန်းစစ်ပွဲမတိုင်ခင် ရုရှားနဲ့ ဥရောပကြား ဆက်နွှယ်မှုတွေ ရှိခဲ့ကြောင်း ပြသဖို့ ခေါင်းဆောင်တစ်ယောက်က သူ့နိုင်ငံရဲ့ အတိတ်ကို ပိုမိုအင်အားကြီးမားတဲ့ ပုံစံနဲ့ ဖန်တီးခဲ့တာလား? ဒီအမြင်အရဆိုရင်တော့ ဒီရုပ်တုတွေဟာ ဆိုဗီယက်ခေတ် အတွေ့အကြုံတွေကို ဖုံးကွယ်ပြီး နီကိုးလပ်စ်ရဲ့ အုပ်ချုပ်မှုကို ပိုမိုလှပအောင် (Romanticised) ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း ပုဂံရာဇဝင်အကြောင်းပြောရရင် အမြင်အမျိုးမျိုး၊ အဆိုအမျိုးမျိုး၊ ဂန္ဓဝင်တွေကော၊ ရာဇဝင်တွေကော ရာဇပုံတွေကော များပြားလှပါတယ်။ အဆိုပါများပြားလှတဲ့ အချက်အလက်တွေထဲကမှ တကယ်လက်တွေ့ကျတဲ့၊ ယုတ္တိရှိ တဲ့ အရာတွေကိုသာ ကလေးတွေကို သင်ကြားပေးရမှာပါ။ မှန်ကန်တဲ့ အထောက်အထားတွေ ထပ်မံရရှိအောင် စူးစမ်းရမယ်ဆိုတာကို ကလေးတွေ သိမြင်နားလည်အောင် ဆရာတွေအနေနဲ့ လမ်းညွှန်မှုပေးရမှာ ဖြစ်ပါတယ်။

ဒါဘာကြောင့် အရေးကြီးတာလဲ (Why it matters)
သမိုင်းကို အချက်အလက်တွေအဖြစ်ပဲ သင်ကြားတာက ဘေးကင်းပေမဲ့ အမှန်တရားကို ဖော်ပြရာမှာ လွဲမှားစေနိုင်ပါတယ်။

သမိုင်းကို အပြောင်းအလဲရှိတဲ့အရာ၊ ငြင်းခုံဆွေးနွေးလို့ရတဲ့အရာ၊ တစ်ခါတစ်ရံ စိတ်မသက်မသာ ဖြစ်ရတဲ့အရာအဖြစ် သင်ကြားခြင်းက ပိုပြီး လက်တွေ့ကျသလို ပိုပြီးတော့လည်း အစွမ်းထက်ပါတယ်။ ဒါဟာ ကျောင်းသားတွေကို ပိုတော်တဲ့ သမိုင်းပညာရှင်တွေ ဖြစ်လာစေရုံတင်မကဘဲ၊ သမိုင်းကို ဘယ်လို ရေးသား၊ ပြန်လည်ရေးသားပြီး လိုသလို အသုံးချတတ်သလဲဆိုတာကို သိမြင်နိုင်တဲ့ အသိပညာရှိသော နိုင်ငံသားကောင်းများ ဖြစ်လာစေမှာပါ။

ဒါကြောင့် နောက်တစ်ခါ ကျောင်းသားတစ်ယောက်က ‘ပွန်ပေမှာ လူတိုင်း သေကုန်တာ’ လို့ ပြောလာရင် ခဏလောက် ရပ်ပြီး စဉ်းစားကြည့်ပါ။ သူတို့ကို အမှားပြင်ပေးဖို့တင် မဟုတ်ဘဲ ဒါဟာ သမိုင်းသင်ခန်းစာတွေ သွားသင့်တဲ့ ခရီးတစ်ခုရဲ့ တံခါးကို ဖွင့်ပေးလိုက်တာပါပဲ။ ဒါဟာ ဘာဖြစ်ခဲ့သလဲဆိုတာတင် မဟုတ်ဘဲ ‘ဒါကို ငါတို့ ဘယ်လို သေချာပေါက် သိတာလဲ။’ နဲ့ ‘သူတို့က ဘာကြောင့် အဲဒီအချိန်ကာလမှာ အဲဒီလို ရေးခဲ့တာလဲ။’ ဆိုတာတွေပဲ ဖြစ်ပါတယ်။

Ref: "Presenting the PAST", Philip Arkinstall,

Photos from Kids To Know's post 22/01/2026

English Conversation Lesson

မြန်မာ့အလင်းသတင်းစာပါ English Conversation သင်ခန်းစာ

Photos from Kids To Know's post 21/01/2026

English Grammar

မြန်မာ့အလင်းသတင်းစာပါ English Grammar သင်ခန်းစာများ

20/01/2026

သင်္ချာဘာသာရပ်တွင် ကျောင်းသားများ၏ ယုံကြည်မှုကို တည်ဆောက်ရန် ဆရာများပြုလုပ်သင့်သည့် လက်တွေ့ကျသော နည်းလမ်းများ
________________________________________________________________

သင်္ချာဘာသာရပ်တွင် ကျောင်းသားများ၏ အောင်မြင်မှုဟာ သူတို့ရဲ့ ယုံကြည်မှု (Confidence) အပေါ် များစွာ မူတည်နေပါတယ်။ ကျောင်းသားတွေရဲ့ စွမ်းရည်များ တိုးတက်လာစေရန် ဆရာများအနေနဲ့ အောက်ပါ နည်းလမ်း (၃) ခုကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါတယ်။

၁။ ချီးကျူးဂုဏ်ပြုခြင်းနှင့် အသိအမှတ်ပြုခြင်း (Praise and Recognition)
မူလတန်းအဆင့်မှာ ဆရာများတွေဟာ ကျောင်းသားများကို ချီးကျူးစကားပြောခြင်း၊ ဆုလက်မှတ်ပေးခြင်းများ ပြုလုပ်ကြပေမယ့် အဆင့်မြင့်တန်းများတွေမှာ အဆိုပါအလေ့အထ နည်းပါးသွားတတ်ပါတယ်။ ကျောင်းသားတွေရဲ့ ယုံကြည်မှုကို မြှင့်တင်နိုင်ဖို့ အောက်ပါအချက်များကို လုပ်ဆောင်သင့်ပါတယ်-

• ကြိုးစားအားထုတ်မှုနှင့် တိုးတက်မှုကို အသိအမှတ်ပြုပါ - အဆင့်မြင့်တန်း ကျောင်းသားတွေအတွက် ပြိုင်ပွဲကြီးများ မလိုအပ်ပေမယ့် သူတို့ရဲ့ ကြိုးစားမှုနဲ့ ပုံမှန်တိုးတက်မှုများကို အသိအမှတ်ပြုပေးမည့် အခွင့်အလမ်းများ ဖန်တီးပေးရပါမယ်။

• အသံတိတ် ကြိုးစားနေသူများကို ရှာဖွေပါ - အတန်းထဲမှာ ပြဿနာမရှာဘဲ ကိုယ့်အလုပ်ကို တိတ်တဆိတ် ပြီးမြောက်အောင် လုပ်ဆောင်နေတဲ့ ကျောင်းသားများဟာ ဆရာတွေဟာ အာရုံစိုက်မှု အနည်းဆုံး ရရှိလေ့ရှိပါတယ်။ အဆိုပါ ကျောင်းသားများအား "မေးခွန်းတိုင်းကို ဖြေဆိုဖို့ ကြိုးစားတာ ဆရာ သဘောကျတယ်" ဒါမှမဟုတ် "မင်းဟာ စာကို ဘယ်လောက်ကြိုးစားတယ် ဆိုတာ ထင်ထင်ရှားရှား မြင်ရတယ်" ကဲ့သို့သော ရိုးရှင်းသည့် စကားများဟာ ကြီးမားသော အကျိုးသက်ရောက်မှု ရှိစေပါသည်။

• မိဘများနှင့် အပြုသဘောဆောင်သော ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်ပါ - ပြဿနာရှိမှ မိဘကို ရုံးခန်းခေါ်ခြင်းမျိုး မဟုတ်ဘဲ၊ ကျောင်းသား၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုကြောင်း ပြောပြခြင်းမျိုး ပြုလုပ်သင့်ပါတယ်။ ဤသို့ပြုလုပ်ခြင်းက မိဘများကို ဝမ်းမြောက်စေရုံသာမက ဆရာများကိုယ်တိုင်လည်း စိတ်ကျေနပ်မှု (feel-good factor) ရရှိစေပါတယ်။

၂။ လွဲမှားသော အယူအဆများကို ကိုင်တွယ်ဖြေရှင်းခြင်း (Addressing Misconceptions)
သင်္ချာသင်ကြားရာတွင် အမှားလုပ်မိခြင်းဟာ သဘာဝကျပြီး သင်ယူမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကျောင်းသားများ လက်ခံတဲ့ စာသင်ခန်း ယဉ်ကျေးမှု (Classroom Culture) တစ်ခု တည်ဆောက်ရပါမယ်။

• အမှားများကို သင်ယူစရာ အခွင့်အလမ်းအဖြစ် ပြောင်းလဲပါ - ကျောင်းသားတစ်ဦးက မှားယွင်းသော အဖြေတစ်ခုကို ပေးတဲ့အခါ ဆရာက စိတ်ပျက်မည့်အစား ထိုအမှားကို အသုံးချ၍ သင်ကြားသင့်ပါတယ်။ ဥပမာ - "ဒီအဖြေ မှားနေပေမယ့် ဒီအဖြေကို ဖြေမယ့်သူ ရှိလာဖို့ ဆရာ မျှော်လင့်နေတာ၊ ဒါက လူတွေ အများဆုံး မှားတတ်တဲ့ အမှားပဲ" ဟု ပြောဆိုကာ တစ်တန်းလုံးအတွက် ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖန်တီးနိုင်ပါတယ်။

• ဆရာ ကိုယ်တိုင် စံပြအဖြစ် နေထိုင်ပါ - ဆရာများသည် မိမိတို့၏ အပြောအဆို၊ အပြုအမူများမှတစ်ဆင့် ကျောင်းသားများအပေါ် လွှမ်းမိုးမှု ရှိစေပါတယ်။ အမှားလုပ်မိခြင်းအပေါ်ထားရှိသည့် "အပျက်သဘောဆောင်သော အမည်းစက်" (negative stigma) ကို တိုက်ဖျက်ဖို့ ဆရာက ဦးဆောင်ရပါမယ်။

စာသင်ခန်းအတွင်း အသုံးပြုနိုင်သော နည်းလမ်းများ
• ကျောက်သင်ပုန်းတွင် ပုစ္ဆာတွက်ပြရာ၌ ဆရာက တမင်သက်သက် အမှားတစ်ခု ပြုလုပ်ပြီး ကျောင်းသားများ သတိထားမိခြင်း ရှိမရှိ စောင့်ကြည့်ပါ။
• ပုစ္ဆာအဖြေကို ပြသပြီးနောက် "ဒီအဖြေမှာ အမှားလုပ်မိနိုင်တဲ့ အဆင့်တွေ ပါနိုင်မလား" ဟု ကျောင်းသားများကို မေးခွန်းထုတ်ပါ။
• Henry Ford ၏ စကားဖြစ်သော "ကျရှုံးခြင်းဆိုသည်မှာ နောက်တစ်ကြိမ် ပြန်လည်စတင်ရန် အခွင့်အရေးဖြစ်သည်" ဆိုသည့် အယူအဆကို ကျောင်းသားများအား လက်ခံလာအောင် လုပ်ဆောင်ပါ။

၃။ ထိရောက်သော ဆက်သွယ်ပြောဆိုခြင်း (Communication)
ဦးဆောင်ဦးရွက်ပြုသော ဆရာကောင်းတစ်ဦး၏ အရေးပါသော အရည်အချင်းမှာ ဆက်သွယ်ပြောဆိုခြင်းဖြစ်ပြီး အတန်းထဲတွင် ဤစွမ်းရည်ကို အသုံးပြုရပါမယ်။

• သင်ယူမှုလမ်းကြောင်းကို ရှင်းပြပါ - ကျောင်းသားများကို သင်ခန်းစာတစ်ခုတည်းကိုသာ သင်ပေးခြင်းမျိုး မဟုတ်ဘဲ၊ နောက်လာမည့် သင်ခန်းစာများတွင် ဘာတွေပါဝင်မယ်၊ ဘာကြောင့် သင်ယူရန် လိုအပ်တယ် ဆိုတာအပြင် အခြားခေါင်းစဉ်များနှင့် မည်သို့ ချိတ်ဆက်နေသည်ကို ရှင်းပြသင့်ပါတယ်။ (ဥပမာ - စက်ဝိုင်း၏ ဧရိယာ ရှာခြင်းသည် လယ်ကွင်းကို ခြံခတ်မည့် ကုန်ကျစရိတ် တွက်ချက်ခြင်းနှင့် မည်သို့ ဆက်စပ်ကြောင်း ရှင်းပြခြင်း)။

• မိဘများနှင့် ချိတ်ဆက်ပါ - မိဘများထံသို့ သတင်းလွှာ (Newsletter) ပေးပို့သည့် စနစ်ကို ကျင့်သုံးသင့်ပါတယ်။ ပေးပို့မယ့် သတင်းလွှာမှာတော့ -
◦ လာမည့် စာသင်ကာလတွင် သင်ကြားမည့် ခေါင်းစဉ်များ။
◦ အိမ်တွင် လေ့ကျင့်နိုင်သည့် စွမ်းရည်များနှင့် ဥပမာ ပုစ္ဆာများ။
- စသဖြင့် ပါဝင်ရပါမယ်။
◦ ဤသို့လုပ်ဆောင်ခြင်းဖြင့် အိမ်တွင်း ထမင်းစားပွဲဝိုင်းများတွင် သင်္ချာနှင့် ပတ်သက်သည့် စကားဝိုင်းများ ပိုမို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

နိဂုံးချုပ်အနေဖြင့် သင်္ချာဘာသာရပ်မှာ ယုံကြည်မှု တည်ဆောက်ခြင်းဟာ ဆရာ၏ စံပြနေထိုင်မှုမှ စတင်ကာ၊ အမှားများကို လက်ခံပေးသော ပတ်ဝန်းကျင် ဖန်တီးခြင်းနှင့် မိဘ၊ ကျောင်းသားများနှင့် ထိရောက်စွာ ဆက်သွယ်ခြင်းတို့အပေါ် အခြေခံထားကြောင်း တွေ့ရှိရပါတယ်။ သင်္ချာ နှင့် သင်္ချာဆရာကို ချစ်တဲ့ကလေးများဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်သော ဆရာ/ဆရာမများ ဖြစ်ကြပါစေ။

Ref: "Help Their ABILITY BLOOM", Christian Friday.

20/01/2026

English Vocabulary Enrichment Programme

မြန်မာ့အလင်းသတင်းစာပါ Vocabulary Enrichment Programme

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok
10400