BOX4U
From Bangkok to your home!
04/02/2025
Review လေးအတွက် ကျေးဇူးပါရှင့် ☺️
26/01/2025
Valentine’s Day နီးလာပြီပဲ…
ပထမဦးဆုံးအတူတူဖြတ်သန်းကြမဲ့ Valentines Day ပဲဖြစ်ဖြစ်
ဘာလက်ဆောင်ပေးရမလဲမသိလို့ ခေါင်းခဲနေတာပဲဖြစ်ဖြစ် BOX4U ကို သတိရလိုက်ပါ။
ဘယ်အချိန်ပဲဖြစ်ဖြစ် မုန့်တွေသာအများကြီးရရင် မပျော်တဲ့သူဘယ်ရှိပါ့မလဲ
BOX4U ကနေ Valentines Day အတွက် customized order တွေ လုပ်ပေးပါတယ်နော်
#ဘန်ကောက်မုန့်
25/01/2025
FA ဘဝကလွတ်မြောက်ချင်ပြီလား?😁
ဒါပေမဲ့ Hi, sar p p lar? ကနေ အဆင့်မတတ်သေးဘူးလား 🤔😖
💡BOX4U က snack box လေးကို Surprise gift ပေးပြီး “မုန့်တွေစားကောင်း” မေးပြီး နောက်တစ်ဆင့်တက်လို့ရတယ်နော်💯🤘
Snack Box ပေးဖို့ Crush မရှိသေးရင်တော့ BOX4U က ရှာပေးလို့မရဘူးနော် 😵💫🤓 ကိုယ်တိုင်စားဖို့သာ ဝယ်လိုက်တော့ 🤭
#ဘန်ကောက်မုန့်
24/01/2025
ဒီအချိန်ဘယ်သူကများ ကိုယ့်ကိုမုန့်ဝယ်ကျွေးချင်မလဲ 🤔💭
ဒါမှမဟုတ် မုန့်ကျွေးမယ်ပြောပြီးမှ လျော်သွားတဲ့ သူငယ်ချင်းတွေရောရှိလား🤓🔎
🙌 Surprise plan နဲ့ မုန့်စားရကံပါမပါ စမ်းသပ်တဲ့အနေနဲ့ ကိုယ့်ကိုမုန့်ဝယ်ကျွေးစေချင်တဲ့သူကို အခုပဲ mention ခေါ်လိုက်ပါ!🤩
BOX4 က packaging လှလှလေးနဲ့ အိမ်တိုင်ရာရောက် surprise လုပ်ပေးပါမယ်နော်။💟
#ဘန်ကောက်မုန့်
22/01/2025
➡ အများကြီးဝယ်ပြီး ဖြေးဖြေးချင်းစားချင်တဲ့သူမျိုးလား
➡ တစ်ခုစီဝယ်ပြီး တစ်ခါတည်းအကုန်စားတဲ့သူမျိုးလား
BOX4U ကနေမှာမယ်ဆိုရင်တော့ အများကြီးဝယ်ပြီး အချိန်အကြာကြီးမုန်းလောက်အောင်စားရမဲ့ feeling ကို တစ်ဝကြီးခံစားရမှာအသေချာပဲနော်!💯
အိမ်မှာ favorite မုန့်လေးတွေအမြဲရှိနေတယ်ဆိုရင်…
အချိန်မရွေးစားလို့ရတယ်ဆိုရင်…
အပြင်မှာထွက်စားတာလောက် ပိုက်ဆံမကုန်တော့ဘူးပေါ့🤘
အခုပဲမှာလိုက်တော့နော်!
#ဘန်ကောက်မုန့်
19/01/2025
Box4U ကနေ ကိုယ်ကြိုက်နှစ်သက်တဲ့မုန့်တွေကို မှာယူတော့မယ်ဆိုရင် -
အဆင့် ၁ - Package ရွေးချယ်ပါ
အဆင့် ၂ - Package အလိုက် သတ်မှတ်ထားတဲ့အရေအတွက်နဲ့အညီ Category A, B နဲ့ C မှာရှိတဲ့ မုန့်တွေကို ရွေးချယ်နိုင်ပါပြီ။
💡၈၀,၀၀၀ ကျပ်တန် Package မှာဆို
Category A ထဲက (၁) မျိုး
Category B ထဲက (၃) မျိုး
Category C ထဲက (၆) မျိုး
💡၁၂၀,၀၀၀ ကျပ်တန် Package မှာဆို
Category A ထဲက (၂) မျိုး
Category B ထဲက (၅) မျိုး
Category C ထဲက (၁၀) မျိုး
💡၁၅၀,၀၀၀ ကျပ်တန် Package မှာဆို
Category A ထဲက (၅) မျိုး
Category B ထဲက (၇) မျိုး
Category C ထဲက (၁၃) မျိုး
မှာယူလိုတဲ့ Package နဲ့ ရွေးချယ်ထားတဲ့ မုန့်အမျိုးအစားတွေကို Chat Box မှာ order တင်နိုင်ပါတယ်။☑
ရန်ကုန်အရောက်ကြာချိန် - ၂ ပတ်
#ဘန်ကောက်မုန့်
17/01/2025
အိမ်တိုင်းမှာ မရှိမဖြစ် Ovatine, Milo, ကွေကာအုပ်၊ သောက်နေကြကော်ဖီတွေ ပစ္စည်းပြတ်လို့ရှာမရဖြစ်နေလား?
BOX4U မှာ မုန့်တွေအပြင် ကလေးလူကြီးမရွေးအာဟာရဖြစ်စေတဲ့ ဖြည့်စွက်စာတွေ၊ supplement တွေကိုလည်း package လိုက်ဖြစ်ဖြစ် လိုသလောက်ပဲဖြစ်ဖြစ် မှာယူအားပေးနိုင်ပါတယ်။ အထားခံတဲ့မရှိမဖြစ်စားစရာတွေဖြစ်လို့ ဝယ်ထားသင့်ပါတယ်။
သိချင်တာရှိရင် chatbox မှာ မေးလို့ရပါတယ်နော်!
#ဘန်ကောက်မုန့်
ဆန်ပြုတ်ဆိုတာ နေမကောင်းမှ စားရတဲ့အစားအစာလို့ထင်နေတုန်းပဲလား 🤔💭
တကယ်တော့ ဆန်ပြုတ်ကို Add-on တွေပါ အများကြီးထည့်ပြီး luxury ဆန်ဆန်စားလို့ရတယ်နော် ✨ အာဟာရပြည့်ဝပြီး အချိန်ကုန်လည်းသက်သာတဲ့ Super Bites ဆန်ပြုတ်ထုပ်လေးတွေကို BOX4U မှာ လက်လီ လက်ကား မှာလို့ရပါပြီ 🥰
11/01/2025
အပြင်ထွက်တိုင်း ၁ သိန်းလောက်ကုန်နေလို့ သူငယ်ချင်းတွေနဲ့ ဆုံရမှာတောင် ကြောက်နေပြီဟုတ်?
အလုပ်တွေအားတဲ့အချိန် သူငယ်ချင်းတွေနဲ့ ဆုံကြတယ်ဆိုတာ တစ်နေရာရာကိုသွားလိုက်ရမှဆိုတာထက် moment လေးတစ်ခုကို အတူတူဖြတ်သန်းရင်း ဘဝအမောတွေဖြေဖျောက်ဖို့အတွက်ပါ…
ဒါဆို တစ်နေရာမှာအားလုံးစုကြပြီး ဂိမ်းဆော့၊ ရယ်မောစရာတွေပြောရင်း စားကြသောက်ကြရင်ရော မကောင်းဘူးလား? ဒီအစီအစဉ်ကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ BOX4U ရဲ့ မုန့်ဘူးတွေက ကူညီပေးနိုင်ပါတယ်။ 💃🕺
ခေါက်ဆွဲပြုတ်ကို TikTok ကလို Cheese တွေ sausage တွေနဲ့ ရှယ်လုပ်စားမယ်…🤘
သူငယ်ချင်းတွေနဲ့ spicy level challenge လုပ်ကြမယ်…🌶🍛
Gummy bear မျိုးစုံစားရင်း အတင်းတုတ်ကြမယ်…🗣💬
ဒါဆို gathering လေးက အသက်ဝင်နေပြီနော်! ဒီ plan ကို အကောင်အထည်ဖော်ဖို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး BOX4U က မုန့်မှာယူနိုင်ပါတယ်…💯
#ဘန်ကောက်မုန့်
10/01/2025
မုန့်စားဖို့အတွက် ၁သိန်းလောက်သုံးရမှာလား?🤔💭
ဒီအကြောင်းကို မပြောပြခင်မှာ BOX4U ရဲ့ ထူးခြားချက်တစ်ခုကို အရင်မျှဝေပေးချင်ပါတယ်။ သမားရိုးကျ မုန့်ဝယ်စားတာမျိုးမဟုတ်ဘဲ package အလိုက် ၈သောင်းတန်၊ ၁သိန်း၂သောင်းတန် နဲ့ ၁သိန်းခွဲတန်ဆိုပြီး အသီးသီးမှာယူရတဲ့ ဝန်ဆောင်မှုမျိုးဖြစ်ပါတယ်နော်။💁
မှန်ပါတယ်။ ရုတ်တရက်ဆိုရင်တော့ ဒီပမာဏက မုန့်ဝယ်စားဖို့အတွက် သုံးဖို့များလွန်းတာပေါ့။ ဒါပေမဲ့ ဘူးကြီးနဲ့အပြည့်ရမဲ့အပြင် ပါတဲ့ item တွေကလည်း ကိုယ့်ရွေးချယ်မှုအလိုက် အခုရေ ၃၀ − ၄၀ လောက်အထိ ရနိုင်တာမို့ တစ်လခွဲလောက် အသာလေးစားလို့ရနိုင်ပါတယ်။😮❗❕ အတန်ဆုံး package ကို ဘယ်လိုရွေးရမလဲဆိုတာ သိချင်ရင် Chatbox ကိုလာခဲ့ပါနော်!
#ဘန်ကောက်မုန့်
08/01/2025
🇹🇭ထိုင်းနိုင်ငံရဲ့ သရေစာမုန့်တွေက ဘာကြောင့်နာမည်ကြီးတာလဲ?🇹🇭
✨အရည်အသွေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ထုတ်ပိုးမှု
မုန့်ထုပ်လေးကို မဖောက်ခင်က အရောင်အသွေးစုံလင်တဲ့ packaging က ဆွဲဆောင်နေသလို ဖောက်လိုက်တာနဲ့ အနံ့လေးကိုက စားချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်နေတယ်ဆိုတာ လူတိုင်းအသိပါပဲ။ ငယ်ငယ်တည်းက အခုအချိန်ထိ နှစ်တွေဘယ်လောက်ကြာကြာ အရသာရော အရည်အသွေးပါ လုံးဝပြောင်းလဲမှုမရှိတာကြောင့် စားလိုက်တိုင်း အမြဲစိတ်ကျေနပ်မှုရှိစေတယ်။💗
✨မြန်မာအရသာနဲ့ အနီးစပ်ဆုံးတူညီမှု
Snack ပဲဖြစ်ဖြစ် ခေါက်ဆွဲခြောက်ပဲဖြစ်ဖြစ် သုံးထားတဲ့ ingredient တော်တော်များများက မြန်မာအရသာနဲ့ ကိုက်ညီနေတယ်ဆိုတာ လုံးဝငြင်းလို့မရပါဘူး။ ငယ်ငယ်ကစားခဲ့တဲ့ ပုစွန်အရသာ၊ ရေဘဝဲအရသာမုန့်တွေ၊ BENTO အသားချောင်း၊ ဂဏန်းချောင်းတွေဆိုတာ စားကောင်းလွန်းလို့ အကုန်မစားဘဲ ရပ်ပစ်လိုက်ဖို့တောင် ခဲယဉ်းတယ်ဟုတ်?😋
✨ဈေးနှုန်း Vs အရည်အသွေး
ငွေဈေးမတည်မငြိမ်ဖြစ်နေပေမဲ့ မူလဈေးနှုန်းတွေက အပြောင်းအလဲမရှိသလောက်ကိုနည်းပါတယ်။ သူ့ရဲ့မပြောင်းလဲတဲ့ Quality နဲ့ ပြည်တွင်းဖြစ်မုန့်တွေထက်စာရင် ပါဝင်မှုပမာဏကလည်း အရမ်းများတာမို့ လုံးဝကြီးတန်တယ်ဆိုတဲ့ ခံစားချက်အပြည့်ပေးနိုင်ပါတယ်။💯
✨ရွေးချယ်စရာတွေစုံတယ်
Brand မျိုးစုံ flavour မျိုးစုံနဲ့ ဘာရွေးလို့ရွေးရမှန်းမသိတော့လောက်အောင် ရွေးချယ်စရာများပါတယ်။ ထူးခြားချက်တစ်ခုကတော့ trend ဖြစ်နေတဲ့ အရသာတွေနဲ့ အသစ်တွေ အမြဲထုတ်နေတာပါပဲ။ Oriental Kitchen က Squid Game ခေါက်ဆွဲခြောက်ကို လုံးဝကို hot နေတာပါပဲ!💟👍
💁ဘယ်လိုမှာယူရမလဲ
ဒီလို အရည်အသွေးပိုင်းပြောစရာမလိုလောက်အောင် လူကြိုက်များတဲ့ BKK snack တွေကို BOX4U က တစ်နေရာထဲ customized ဝန်ဆောင်မှုနဲ့ အိမ်အရောက်ပို့ဆောင်ပေးပါတယ်။ package အလိုက်ဝယ်ယူတဲ့အခါ Customer တွေအတွက် ပိုတန်တာမို့ကောင်းကျိုးတွေ အများကြီးရှိတာမို့ BOX4U ကနေ မုန့်မှာရင် လုံးဝကို တန်စေရမယ်နော်! 😍😍😍
#ဘန်ကောက်မုန့်
คลิกที่นี่เพื่อเป็นสมาชิก?