MM Store
Myanmar & Thailand -ကုန်ပစ္စည်းအမျိုးမျိုးရနိုင်ပါသည်။

ငါ…အားမငယ်ပါဘူး ချစ်သူ
ဖူးစာမှန်ရင်... ဟိုင်းဝေးလမ်းမကြီးပေါ်ကကားနဲ့
ယာခင်းထဲက လယ်ထွန်စက်တောင် နမ်းရှိုက်ခွင့်
ရကြသေးတာပဲ 😊
#မယ်ခွီးးး

#မြေ(၁) ဧကမှာ ရှိတဲ့ အတိုင်းအတာ ယူနစ်များ
===============================
၁ ဧက = ၄၃,၅၆၀ စတုရန်းပေ
၁ ဧက = ၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ
၁ ဧက = ၆၆ ပေ × ၆၆၀ ပေ
၁ ဧက = ၁ သံကြိုး (အလျား) × ၁ ဖာလုံ (အနံ)
၁ ဧက = ၄၀,၄၇ စတုရန်းမီတာ
၁ စတုရန်းပေ = ၀.၀၉၂၉ စတုရန်းမီတာ
၁ စတုရန်းမီတ = ၁၀.၇၆၄ စတုရန်းပေ
၁ မီတာ = ၃.၂၈၁ ပေ
Sq.ft ကို ဧကဖြင့် သိလိုလျှင်...
Sq.ft ÷ 43,560 = ( ) ဧက
ဥပမာ: 20,000 Sqft ကို ဧကဖြင့် သိလိုရင်
20,000 ÷ 43,560 = 0.459 ဧက
ဧကကို Sq.ft ဖြင့် သိလိုလျှင်...
ဧကအကျယ် × 43,560 = ( ) Sq.ft
ဥပမာ - 0.5 ဧကကို Sq.ft ဖြင့် သိလိုရင်
0.5 × 43,560 = 21780 Sqft
၁ ဧက = ၄၃,၅၆၀ စတုရန်းပေ ဆိုတာက လက်မ၊ ပေ၊ ကိုက်၊ သံကြိုး၊ ဖာလုံ၊ မိုင် စတဲ့ အတိုင်းအတာ ယူနစ်များနဲ့ တွက်ချက်ထားတာ ဖြစ်ပါတယ်။
၁၂ လက်မ = ၁ ပေ
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး ( ၆၆ ပေ )
၁၀ သံကြိုး = ၁ ဖာလုံ ( ၆၆၀ ပေ )
၈ ဖာလုံ = ၁ မိုင် ( ၅,၂၈၀ ပေ )
၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၁ ဟက်တာ = ၂.၄၇၁ ဧက
၁၀၀ ပေ × ၁၀၀ ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက
- မူရင်းရေးသားသူ
ကွန်ပျူတာ၊ပရင်တာ ဝယ်ချင်တာပဲဖြစ်ဖြစ်
ပြင်ချင်တာပဲဖြစ်ဖြစ်
ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာ
☎️09258697266
အားလုံးကို ချစ်ခင်လေးစားလျက်🙏🏻🙏🏻🙏🏻
Shar Myat Chan (နည်းပညာဒါန)❤️❤️❤️❤️

မသိသေးတဲ့သူအတွက် သိဖို့ သိပီးသားလူတွေသတိမလွတ်ဖို့
6.6.2023 ကစပြီး
K pay နဲ့ငွေလွှဲရင် (Note) မှာ
✅buy clothes or
✅buying foods
✅Buying cosmetics
✅Buy car
✅Buy toy
✅Buy Phone
✅buy shoes
စသဖြင့် ဘာညာ သာသကာ နေကြာ ကွာစိ
ဆိုပြီးထည့်ရေးပေးပါကြနော်
👉Noteမရေးရင်
1️⃣ ငွေလွှဲတဲ့ accountရော
2️⃣ ငွေလွှဲခံရတဲ့အကောင့်ကိုပါ ဗဟိုဘဏ်ကပိတ်ခိုင်းလို့ပါဆိုပြီး ပိတ်ပါမယ်တဲ့နော်
Noteမရေးမိလို့ တဖက် acc ပိတ်ခံရရင်တဖက် acc မှာ ရှိတဲ့ ငွေ အမောင့်
အတိုင်း note မရေးပဲ လွှဲတဲ့သူ လျော်ပေးရပါမယ်နော်
ဂရုတစိုက်ရေးပေးကြပါ ။
ငွေလွှဲပြီးကြောင်းSs ကို history ပါတာလေးရိုက်ပြပါ ။
ငွေဝင်ငွေထွက် များသူတွေအနေနဲ့ ဘယ်သူတဦးတယောက်မှ မနစ်နာဖို့
ကြိုသတိပေးတာပါတဲ့နော်

ဘဝမှာ အမျိုးသမီးတစ်ယောက်အကြောင်းကြားရတိုင်း မျက်ရည်ဝဲရတဲ့ အခိုက်အတန့်တွေပါပဲ။
သူမကတော့ ပေးဆပ်တာ မဟုတ်ဘူး။
ရွေးချယ်ခဲ့တာပါတဲ့။
ဘာပဲဖြစ်ဖြစ် သူမကို ပျော်နေစေချင်တယ်။
သူမက ပန်းလေးတွေ သိပ်ကြိုက်တယ်။
အခုကော ပန်းလေးတွေ ပန်ထားတုန်းပဲလား
ပြီးတော့ နေရောကောင်းရဲ့လား .....''.........လွမ်းမိတယ် .........
Credit

မြန်မာတွေဟာ ဘာလို့ ဇရာကို
စောစောစီးစီး အရှုံးပေးနေရတာလဲ ?
ဘောလိဝုဒ်မင်းသား အမီယာခန်း (PK)
အသက် ၅၀ ကျော်နေပြီ
ခုထိ လူငယ်အခန်း ရိုက်ကောင်းနေတုန်း
Gym ဆော့ကောင်းတုန်း
ဗလ ကလဲ လူငယ်တွေနဲ့ ယှဉ်လို့ရတယ်
ရှရွတ်ခန်း ဆိုရင် ...
ဒွေးနဲ့ ခေတ်ပြိုင်တောင်မဟုတ်ဘူး
ဒွေးထက် စောတယ်
ခုထိ မင်းသားခန်း ရိုက်နေတုန်း
ဦးကျော်ဟိန်း နဲ့ ခေတ်ပြိုင်
အမီတာဘဂျမ်း တို့၊
ဟောလိဝုဒ်က ဘရုဝီလီတို့ ဆိုရင်လဲ
အက်ရှင်ကားတွေ သန်သန်မြန်မြန်
သရုပ်ဆောင်နေတုန်းပဲ
ဇရာဆိုတာက ငါအိုပြီဆိုပြီး
သံဝေဂရ နှလုံးသွင်း လိုက်တော့မှ
ရောက်လာတာ မျိုးဖြစ်မယ်
ခင်မောင်တိုး၊ ကိုငှက်၊ စိုင်းထီးဆိုင်တို့ရဲ့
သီချင်းအသစ်တွေ နားမထောင်ရတော့ ဘူး
သူတို့နဲ့ သက်တူရွယ်တူ လောက်တွေဖြစ်မယ့်
အမေရိကန် ကန်းထရီးစတားကြီးတွေ
ဘလိတ် ရှယ်တန်၊ ဂျော့စထွစ်၊ ရန်ဒီထရားဗစ်
တို့ကတော့ သီချင်း အသစ်တွေ ထွက်တုန်း
One man Show တွေ
Live Tour တွေနဲ့ ကဲကောင်းတုန်း ရှိသေးတယ်
သူတို့က အသက် ၄၀ မှ
ဘဝစတယ် လို့တွေးတယ်
ကိုယ်တွေဆီမှာက အသက်၄၀ ဆိုရင်
အဖိုးကြီး ဖြစ်ပြီ တွေးတယ်
ကျန်းမာရေးလဲ ဂရုမစိုက်ကြဘူး
လေ့ကျင့်ခန်း လဲ မလုပ်ကြဘူး
အသက် ၃၀ ကျော် အများစုက ဗိုက်ပူနေပြီ
၃၀ ကျော်ရင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်း ရောဂါ တစ်ခုခု ဝင်ချင်နေပြီ
အစားအသောက်၊ ကျန်းမာရေးလေ့ကျင့်ခန်း၊
အရက် ၊ မူးယစ်ဆေးဝါး ၊ ဇရာ အပေါ်
ရှု့မြင်ပုံတွေ ကွာသွားတာ ဖြစ်မှာပဲ
မြန်မာအစားအစာတွေက သိတဲ့အတိုင်းပဲ
ကမ္ဘာကို တင်ပို့လို့မရဘူး
ဓာတ်ခွဲစစ်လိုက်ရင် တစ်ခုခုတော့ ငြိနေတာပဲ
ကျနော် တို့စားနေတာ ၉၀% က အဆိပ်တွေ
နေ့တိုင်း ဆော့သင့်တဲ့ Gym ကို သူဌေးတွေ
ဇိမ်ခံတာလိုလို ဘာလိုလို ထင်နေကြတယ်
မန်ဘာကြေး အကုန်မခံနိုင်ရင်
ကိုယ့်ဘာကိုယ်လည်း အိမ်မှာလုပ်လို့ ရတာပဲ
YouTube မှာ ၈မိနစ်လေ့ ကျင့်ခန်းတွေ
အများကြီး ရှိတယ်
တစ်နေ့ ရှစ်မိနစ်လောက် အပင်ပန်းခံရုံနဲ့
ယောက်ျားဆိုရင် Six pack ဖြစ်မယ်
မိန်းခလေး ဆိုရင် ကိတ်လာမယ်
လေ့ကျင့်ခန်း အမြဲလုပ်မယ်ဆိုရင်
ကြွက်သားသန်မာမှုကို အနည်းဆုံး
အသက်၇၀ လောက်ထိ ထိန်းထားလို့ ရတယ်
ကြွက်သားတွေ သန်မာရင် အသက် ၉၀ ထိ
ခါးမကိုင်းဘူး
အရက်ကတော့ တန်ဆေး လွန်ဘေးပဲ
အများစုကတော့ တစ်ခွက်မူးပြီးရင်
မထိန်းနိုင်တော့ဘူး ဆက်ဆွဲပြီ
အရက်တစ်ပက်ကို ချေဖို့ အသည်းက
၄နာရီ နဲ့ ခြောက်နာရီကြား အလုပ်လုပ်ရတယ်
တစ်နေ့ နှစ်ပက်လောက်ပဲ သောက်သင့်တယ်
မူးယစ်ဆေးကတော့ ...
အနုပညာသမားတွေ အကြိုက်ပဲ
ဖန်တီးမှု ပိုစျာန်ဝင်တယ် ထင်ရတာပေါ့
အမှန်တော့ စိတ်က illusion ဖြစ်တာပါ
ဂျော့စတစ် တို့လို အဆိုတော်ကြီးတွေ
အဖိုးကြီး ဖြစ်တဲ့အထိ မူးယစ်ဆေးမသုံးဘဲ
သီချင်းကောင်းတွေ ဖန်တီးပြနေတုန်းပဲ
ဇရာကို ရှု့မြင်ပုံမှာ
မြန်မာတွေဟာ တော်တော်ကဲတယ်
အသက် ၁၆ နှစ် ကလေး တွေက
သူတို့ကိုယ်သူတို့ လူကြီး ဖြစ်ပြီထင်နေတယ်
အသက် ၃၀ ကျော်ကို
ဦးလေးအရွယ် ထင်နေတယ်
၄၀ ကျော်ရင်တော့ အဖိုးကြီးပဲ သွားပြီ
တရားစခန်းပဲ ဝင်ရတော့ မလိုလို
ဘုန်းကြီးပဲ ဝတ်ရတော့ မလိုလို
အမှန်က
အသက် ၁၆ နှစ်က ၂၅ နှစ်အရွယ်က
ချာတိတ် လေးတွေပဲ ရှိသေးတာ
၂၅ နှစ်က ၄၀ အထိက လူငယ်
၄၀ မှ လူတစ်ယောက် ဘဝစတာ
၄၀ မှ လူလတ် ဖြစ်တာ
၄၀ ကနေ ၆၀ အထိ လူလတ်
၆၀ ကနေ ၈၀ အထိ မှ လူကြီး
၈၀ နဲ့ ၉၀ ၊ ၁၀၀ ကြားကိုမှ
အဘိုးကြီး အဘွားကြီး ခေါ်တာ
တကယ်တော့ အသက်အရွယ် ဇရာဆိုတာလဲ
ကိုယ်က အရှုံးပေးမှ ကိုယ့်ဆီရောက်လာတာ
အသက် ၆၀ မှာ ကာယဗလ ကစားပြီး
အသက် ၇၀ မှာ အကောင်းဆုံးကြွက်သား
Performance ရတဲ့
ကာယဗလ မောင်တောင် ရှိတယ်
မြန်မာ အများစုရဲ့ Body Building က
အစွန်းရောက် နေတယ်
၃၀ ကျော် ယောက်ျားလေးတွေက
ကိုယ်ဝန်သည်လို
ဗိုက်ပူရင် ပူ မပူရင် ရှုနာရှိုက်ကုန်း
လေထိမခံ ရေထိမခံ ဖြစ်နေတယ်
၃၀ ကျော် မိန်းမတွေက အိမ်ထောင်ကျပြီးရင်
ဝက်လို၊ ရာဝင်အိုးလို၊ တိုင်ကီ လိုဖြစ်လာတယ်
သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်းခြောက် စသဖြင့် နာတာရှည် ဖြစ်တော့ ဆရာဝန်တွေကို ပိုက်ဆံ ပေးရတာပဲ မဟုတ်လား
အဲ့ဒီ ပိုက်ဆံတွေကို ရောဂါမဖြစ်ခင်
အစားအစာ ကောင်းကောင်းတွေ
ရွေးချယ်စားသောက်၊ကျန်းမာရေး အတွက် အားကစား ပစ္စည်းတွေဝယ် ၊
Gym အတွက်သုံး တော့
Body Building အတွက် ပိုမကောင်းဘူးလား
အရက်တွေ၊ ဘီယာတွေ၊ ဆေးလိပ်တွေ
လျှော့သောက်တော့ ကလေးပညာရေး
အသုံးစရိတ် ပိုရတာပေါ့
အားလပ်ရက် ခရီးထွက်မယ့်ပိုက်ဆံ
ပိုထွက် လာတာပေါ့
နိုင်ငံခြားက အဖိုးကြီးတွေ ရဲ့
သီချင်းအသစ်တွေ ထွက်တိုင်း မနာလိုဘူး
ဦးထီး တို့၊ ဦးဌက် တို့၊ ဦးခင်မောင်တိုးတို့ သီချင်းသစ်တွေ နားထောင် ချင်တယ်
လွမ်းလဲ လွမ်းတယ်
ကိုယ့်လူမျိုးကို အသက်ရှည်စေချင်တယ်
ကိုယ့် အနုပညာ ရှင်တွေကို
အသက်ရှည်စေ ချင်တယ်
ကျနော်နားလည်တဲ့ အမျိုးသားရေးက အဲ့လို
Crd.

Congratulations Daung
အရည်အချင်းလည်းရှိ ဘာသာစကားလည်းတတ်တော့
နိုင်ငံတကာထိထိုးဖောက်ပြီး
ချေမိုးနေလို့ရ

စာသားကတော့ကြမ်းတယ်နော်...ဖတ်ချင်မှဝင်ဖတ်ပါ...
အပြစ်တော့မပြောပါနဲ့.....
ရည်းစားရှိမှ
ရင်ခုန် လို့ရတာမဟုတ်ပါဘူး
ကွန်ဒုံးမပါဘဲ ဖာသွားချကြည့်
Ro ပါတယ်ဆိုတဲ့ အတွဲတွေရဲ့
ရင်ခုန်သံထက် ၃ ဆ လောက် ပိုစေရမယ်
သွေးစစ်လို့ Positive မဟုတ်ဘူးဆိုရင်
Crush ဆီက အဖြေရတဲ့ကောင်ထက်
၁၀ ဆ လောက် ပိုပျော်ရလိမ့်မယ်
မုန့်ဝယ်ကျွေးစရာမလိုဘူး
ရုပ်ရှင်လိုက်ပြစရာမလိုဘူး
ချော့စရာမလိုဘူး
ရှင်းပြစရာမလိုဘူး
တန်ရာတန်ကြေး ပေးလိုက်ယုံပဲ
မခံစားရဘူးလား ?
အမေက အမွေပေးတဲ့ ပစ္စည်းကြောင့်သာ ယောကျာ်းလို့ ခေါ်နေရတဲ့ ကောင်တွေ
S*x ကိစ္စ နှင့်
ယောကျာ်းတွေကြားမှာ မိန်းမတွေနဲ့ ပတ်သက်ရင်
လွတ်လပ်တယ်လို့ငါဟာ ဆရာကြီးပါ ဆိုတဲ့ အချက်နဲ့တော့
မိန်းကလေးတစ်ယောက်ကို ချစ်တယ် သွားမပြောပါနဲ့ကွာ
(ရည်စားမထားပါနဲ့ကွာ)
ဖာ ပဲ သွား ချ ပါ
(ကောင်မလေး Birthday Party
လုပ်ပေးတာလောက် မကုန်ပါဘူး)
ဒါဆို ဖြူစင်တဲ့ မိန်းကလေးတွေကို
အပျော်ကြံတဲ့ကောင်တွေထက်
မင်း ယောက်ျားပိုပီသမယ်
သူငယ်ချင်းတစ်ယောက်ရှိတယ်
မင်းစော်(ရည်းစား) နဲ့ပျက်သွားပြီဆို
ရလိုက်တုန်းတဲ့
ငွေတွေ I Phone တွေ မေးတာ မဟုတ်ဘူး
သူမေးတာ S*x ကိစ္စ
" ငါ လက်လေးတောင် တစ်ခါပဲ ကိုင်ဖူးတာပါကွာ " လို့ ပဲ
ပြောလိုက်တယ်
(တစ်ကယ်လဲ တစ်ခါပဲ ကိုင်ဖူးတယ် )
ဘယ်လောက်ထိ " ညံ့ချက် " တဲ့ မျှော်လင့်ချက် မဲ့သံနဲ့ ပြန်ပြောသွားဖူးတယ်
" မိုက်ရိုင်းလိုက်တာ
ငါ့ရည်းစားသာ မင်းနှမ ဖြစ်ရင်
ဒီလိုပဲ မင်းမေးမလား " လို့
မေးလိုက်ချင်တာ မေးမကောင်းလို့သာ
မျိုသိပ်လိုက်ရတာ
" မင်းလည်း ကောင်မလေးနဲ့ ပျက်သွားပီမို့လား
ဘယ်လောက်ထိ ရလိုက်တုန်း "လို့ သူ့စကားနဲ့
လက်စားချေ ပြန်မေးကြည့်တော့
သူ့မှာ ကိုယ်ကျင့်တရား မရှိဘူးထင်လို့
မေးတာပါလားလို့ မထင်ပဲ
ဆရာကြီး အထာနဲ့ ဂုဏ်ယူစွာ
HD Quality နဲ့ Video File တစ်ခု ပို့လာတယ်
တစ်ခြားစော်တွေနဲ့လည်း ရှိသေးတယ်
ကြည့်ချင်ရင် Beer တိုက်ဆိုပဲ
အားလားလား တစ်ဖက်မိန်းကလေး
ကျွန်တော် အထင်သေးမိသွားတာလောက်ပါပဲ
များများ စားစား ဘာမှ မပါပါဘူး
တွေးကြည့်ပေါ့
မိန်းကလေးတွေကလဲ
ချစ်တယ်ပြော တဲ့ ယောကျာ်း
ရုပ်ချောလား ပိုက်ဆံ ရှိသလား
Suprise mother fu**er တွေဖြစ်အောင်
လုပ်တတ်လားလောက် ကြည့်ပီး
အဖြေ ပြန်မပေးနဲ့
ဖာတောင် ပိုက်ဆံ ရမှ ကွန်ဒုံးသုံးမှ ခေါ်လို့ရတာ
ချစ်တယ် ရော့ လက်ဆောင်လောက်နဲ့
ယောကျာ်းတစ်ယောက် တောင်းဆိုသမျှ မလိုက်ရောမိစေနဲ့
ဖာလောက်တောင် သောက်ဆင့် မရှိဖြစ်မယ်
မိန်းကလေးရေ
မင်းရည်းစားကောင်လေးကို
သူ့သူငယ်ချင်းတွေက ဘယ်လောက်ရပီလဲ မေးတဲ့အခါ
" ညံ့ချက်ကွာ " " မင်း အခြောက်လား "
" မြုံနေတာလား " လို့ လှောင်ပြောင်ခံရပါစေ
ဒါဆို မင်း ရည်းစားက
ယောက်ျား စစ်စစ် ဖြစ်နေတယ် ဆိုတာ သေချာတယ်
မင်း သူ့ကို ယုံကြည်လို့ရသွားပီ
သံသယလေးတော့ ထားထားပေါ့
ငါအပါအဝင်
ဘယ်ကျားမှ အသား မရှောင်ဘူး
ဥပုသ် စောင့်တဲ့သူ နဲ့ မစောင့်တဲ့သူပဲ ကွာမယ်
သတိတော့ထား ညီမလေး...🙂
& Credit
- Writer - Uploader - Owner

“ ရင့်ကျက်.....တိတ်ဆိတ်ခြင်းအနုပညာ”
လောက မှာ လူရယ်လို့ ဖြစ်လာရင်
ဒေါသ ဖြစ်စရာကြုံလာ တဲ့ အခါ
ဒေါသ မရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိနေတဲ့ ဒေါသကို ထုတ်မပြဘဲ
ထိန်းသိမ်းထားတာဟာ
တိတ်ဆိတ်ခြင်း အနုပညာပါပဲ ...။
ဝမ်းနည်းစရာဖြစ်လာရင်
မျက်ရည်ကျတာ သဘာဝပဲ
ကျလာမယ့်မျက်ရည်ကို
မျက်တောင်ပုတ်ခပ်သိမ်းဆည်းပြီး
ဝမ်းနည်းရိပ်မပေါ်အောင်
ပြုံးရွှင်မျက်နှာထား နဲ့ နေနိုင်တာလည်း
တိတ်ဆိတ်ခြင်း အနုပညာပါပဲ ။
လူတိုင်းမှာ ခံစားချက်တော့ ရှိကြတာပါပဲ
ခံစားချက်ကို မျက်နှာမှာမပေါ်အောင်
ထိန်းချုပ်နိုင်တာကလည်း
တိတ်ဆိတ်ခြင်း အနုပညာပါပဲ ... ။
ဒေါသကိုထုတ်ပြရင်
ကိုယ် ဒေါသကြီးတာ လူ သိမယ်။
ခံစားချက်ကိုထုတ်ပြရင်
ကိုယ်အားနည်းချက်ကို လူသိမယ်။
ဝမ်းနည်းတာကိုထုတ်ပြရင်
ကိုယ်ပျော့ညံ့တာ လူသိမယ်။
ဒီတော့ ဒေါသကြီးတာ
ဝမ်းနည်းတက်တာ
ခံစားချက်ပြင်းထန်တာတွေကို
ထိန်းသိမ်းမြိုသိပ်တိတ်ဆိတ်နေခြင်းဟာ
ရင့်ကျက်....တိတ်ဆိတ်ခြင်း
အနုပညာတစ်မျိုးပါဘဲနော် ။
မေတ္တာဖြင့် "
ကျွန်မဖတ်ဖို့ ▪️▪️
credit 🙏

ပုံပျက်သွားတဲ့ ရိုးသားမှု
****************
တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသောမြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ သူ့မြင်းကို အလွန်ချစ်မြတ်နိုးသည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားတဲ့ဒုတိယကုန်သည်တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျခဲ့သည်။
တစ်နေ့တွင် ဒုတိယကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နဲ့ မြင်းလှယ်ရန် စကားကမ်းလှမ်းခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ကုန်သည်က ဤမြင်းအားရှိသမျှစည်းစိမ်နှင့် လဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘဝအတွက် အကောင်းဆုံးအဖော်မွန်၊ မိမိအသက်ရှင်နေသရွေ့မြင်းအားဘယ်အရာနင့်မျှမလဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်မိသဖြင့် ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး အကြံထုတ်လေတေ့ာသည်။
တစ်နေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်လျှက် မြင်းပိုင်ရှင်လာရာ လမ်းတစ်နေရာတွင် ဖျားနာချင်ဟန်ဆောင်ပြီး လဲနေခဲ့သည်။ မြင်းပိုင်ရှင်ကတွေ့သောအခါ မြင်းပေါ်မှ အလျင်အမြန်ဆင်းပြီး ဖျားနေသောသူအား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်းပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား " ဒီမြင်းကိုပိုင်ဆိုင်ရာဖို့ ကျွန်တော် အကြံအမျိုးမျိုးထုတ်ခဲ့တယ်။ တန်းဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခု ကျွန်တော် မြင်းပေါ်ရောက်နေပြီ......ဒီမြင်းကို ကျွန်တော်ပိုင်သွားပြီ” ဟု ပြောလေသည်။
မြင်းပိုင်ရှင်က " ကောင်းပြီလေ....မြင်းကို ခင်ဗျားပိုင်သွားပါပြီ....:ဒါပေမဲ့ ခင်ဗျား ထွက်မသွားခင် ကျွန်တော်စကားတစ်ခွန်းပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာအမှတ်ထားပေးပါ” " မြင်းကို ကျွန်တော်ရနေပြီပဲ....တစ်ခွန်းမကဘူး..ခင်ဗျားကြိုက်သလောက် ပြောလို့ရတယ်” " တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျား ဘယ်လိုရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့...ဒီစကားကို မှတ်ထားပေးပါ” " ဘာလို့လဲ..” " ဒီမြင်းကို ဘယ်လိုရခဲ့တယ်ဆိုတဲ့ အကြောင်း အမှန်ကို ခင်းဗျားပြောခဲ့ရင် နှောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူကကယ်ရဲတေ့ာမှာလဲဗျာ” မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံ့အသွားခဲ့တယ်။
ထိုနောက် ရှက်ရွံ့အားနာစွာနှင့် မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။ "ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင်လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကိုပြန်ယူပါ.....ကျွန်တော့်ကိုခွင့်လွတ်ပါဗျာ...”


ပိုက်ဆံအကုန်ကျမခံဘဲ Google Translate နဲ့ဘာသာပြန်ရင်တော့ ဒီအတိုင်းထွက်လာမှာပဲ။
Photo : ไทย-พม่า เพราะเราแผ่นดินติดกัน

စိတ်ဓာတ် ယုတ်မာသူ အတွက်
ပညာတတ်ခြင်းဟာ အလကားပဲ…
မျော်လင့်ချက် မရှိသူအတွက်
မနက်ဖြန် ဆိုတာ အလကားပဲ…
သင်္ခန်းစာ မယူတတ်သူအတွက်
အတွေ့ကြုံ ဆိုတာ အလကားပဲ…
ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက်
ကူညီပေးမှု့ဟာ အလကားပဲ…
အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက်
ခေါင်းဆောင် ဆိုတာ အလကားပဲ…
ခံစားချက် မရှိသူ အတွက်
နှလုံးသား တစ်စုံဟာ အလကားပဲ…
မကြိုးစားသူ အတွက်
အခွင့်အရေး ဆိုတာ အလကားဘဲ…
နှမြောတွန့်တိုတတ်သူ အတွက်
ချမ်းသာခြင်းဟာ အလကားပဲ…
စိတ်ထားယုတ်သူ အတွက်
ရုပ်လှခြင်းဟာ အလကားပဲ…
မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက်
ဆရာကောင်းဟာ အလကားပဲ…
ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက်
ပေါများခြင်းဟာ အလကားပဲ…
ကုသိုလ်မပြုသူ အတွက်
ဘဝဖြစ်တည်ခြင်းက အလကားပဲ…
ပိုင်ဆိုင်ခွင့် ရတိုင်း
ပျော်ရွှင်ရမယ် မထင်နဲ့
လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်…
ဆုံးရှုံးသွားတိုင်း
ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့
မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်…
အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့
တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင်
မကြည်နိူင်ရင် ရှုံးတာပါပဲ…
အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား
ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင်
အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ…
စွန့်လွတ်တိုင်းလည်း
ဆုံးရှူံးရတာ မဟုတ်ဘူး
ပိုင်ဆိုင်ရတိုင်းလည်း
ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်…
နားလည်မှု့မရှိရင် နီးနေလည်း
အလကားပဲ…
တစ်ယောက်နဲ့တစ်ယောက်
စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း
ရှိမလာနိူင်ဘူး…
ဘယ်လောက် ဝေးဝေး
စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ
အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း
အလိုလိုရောက်လာမှာလေ……။

ဒါလည်း ဟုတ်တာဘဲ🤔🤔
ဘယ်လိုမှ ရှောင်မရဘူးရယ် 😄😄

မောင်နှမဆိုတာ.ဒီလိုတင်းတင်းကျပ်ကျပ်နဲ့ခိုင်မြဲတဲ့
လက်တွေနဲ့ချစ်ချင်းမေတ္တာအပြည့်ရှိ.ရတယ်အဲတာမောင်နှမစိတ်ဓာတ့်ပဲ.
တချို့ကတော့..ရှိနေတဲ့မောင်နမတောင်..တည့်အောင်မနေကြဘူး
မာနတွေထားကြ...သေချင်းတရားနဲ့.မမြဲခြင်းတရားကို..သတိမကပ်
တချို့ကတရားသာလုပ်တယ်.အသိတရားမရှိကြဘူး...
အခုခေါတ်အခါက..ဝဋ်ကြွေးဆိုတာ.နောင်ဘဝအထိမကူးဘူး.
သီဟတင်စိုူ.သားနဲ့သမီး.မောင်နမနစ်ယောက်.သွေးစည်းပုံ

ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
၁၉၁၅ ရှေ့နေ ဦးဖာသား
ဇာတိနတ်မောက်၊ မကွေးခရိုင်
သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့
ဇာနည်ဘွား၊ မိခင်ဒေါ်စုသား။
၁၉၄၇၊ ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့၊ ဘဝင်ငြိုး
ဇူလိုင် ၁၉
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်ဒို့ဖခင်
ကောင်းစေချင်တဲ့၊ မှာစကား
ငါတို့မမေ့အား။
ပြည်ထောင်လွတ်ရေး၊ ကြိုးပမ်းဆောင်
ပြည်ချစ် ဒို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်၊ လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

သိုင်းပေါင်းစုံလက်ဝှေ့သမား အောင်လအန်ဆန်က ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်ဗောင်းကို တချီတည်းနဲ့ အနိုင်ရသွားပါတယ်။
အောင်လကတော့ မြန်မာတွေ ခက်ခဲမှုတွေရင်ဆိုင်နေရလို့ အားတင်းထားဖို့ ပြောသလို ငြိမ်းချမ်းရေးအတွက် အမြဲတမ်းလည်း ဆုတောင်ပေးနေတယ်လို့ မြန်မာပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပွဲအပြီးမှာ ပြောထားပါတယ်။
မြန်မာ့ စပါးအုံးလို့ နာမည်ကျော်တဲ့ အောင်လနဲ့ ဘရာဇီး ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဂီလ်ဘာတို တို့ဟာ One Championship ပြိုင်ပွဲရဲ့ ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး(One Fight Night -6) ပွဲစဉ် တစ်ပွဲအဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Impact Arena မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့က့ာဖြစ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #အောင်လအန်ဆန်း #ဂီလ်ဘာတို #သိုင်းပေါင်းစုံ #မြန်မာ

ထီးပစ်ထားတယ်ထင်လို့ပါ🥺
ငွေဈေး
၁၂၇၀ ဘတ် 1 သိန်း
Kpay

ဂျူး လူမျိုးတို့ရဲ့ စာသား
( 1 ) ရေညစ်တစ်စက်ကြောင့် ~
ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ် ။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် -
ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး !!
( 2 ) ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ၀င်ပြီးတဲ့ အစာ ၊
စိတ်အတွင်းထဲက အိပ်မက်နဲ့ ဦးနောက်ထဲအထိ ၊ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ် !!
( 3 ) မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ် !
လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ - နစ်မွန်းသွားတတ်တယ် !!
( 4 ) လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး ။
ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် -
ကံဆိုးခြင်း ဖြစ်လာမှာပါ !!
( 5 ) တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် ~
မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ် !!
( 6 ) သင့်ရဲ့ အိမ်နီးနားချင်းက -
မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့ !
သူ့ကို မနက် ( ၄ )နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ !!
( ပညာသားပါပါ နဲ့ 😃😃 )
( 7 ) သင်ရဲ့ တစ်ဘဝလုံးမှာ —---
တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ၊ ပြောင်းလဲမူ တစ်ခုသာ ဖြစ်ပေါ်လာလိမ့်မယ် ၊ အဲဒါကတော့ သင်အိုသွားခြင်းပါပဲ !!
( 8 ) သူငယ်ချင်းအစစ်ဆိုတာ —--
ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး ။ ပြောစရာမရှိတဲ့ အချိန်လည်း ~
အောင့်သက်သက် မခံစားရခြင်းပါ !!
( 9 ) အချိန်ဟာ စိတ်အနာကို
ကုစားနိူင်တဲ့ သမားတော်ကြီးပါ !
ဒါပေမဲ့ —----
ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ —ဆရာကြီးတော့မဟုတ်ပါဘူး ။
( 10 ) ကြိုးစားပြီးမှ နောင်တရရင် ရပါစေ !!
မကြိုးစားပဲနဲ့ လွဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး !
ီ_ဘာ_ဘာ

Measure Tape-ပေဘူးနှင့် " မူး၊ မတ်၊ပဲ"အကြောင်း
============================
( Site တစ်ခုမှာ အငယ်တစ်ယောက်ကို
marking ပေးခိုင်းတုန်းက ပေဘူး မသုံးတတ်ပဲလုပ်လိုက်လို့
marking အကုန်ပီးသွားမှ အစကနေ ပြန်လုပ်ခဲ့ရဖူးတယ်။
ကိုယ်ကလည်း သူသိမယ်ထင်ပီး recheck ပြန်မလုပ်မိတာလည်းပါပါတယ်။ )
📚📚အဲ့တာကြောင့် မသိသေးတဲ့သူများအတွက် measure tape အကြောင်းလေး sharing လုပ်ပေးချင်ပါတယ်။
📚📚အရင်ဆုံး ထင်းထင်းရှားရှား မြင်ရမှာသည်
အပေါ်ဘက်မှာ ft ( ပေ )
အောက်ဘက်မှာ cm ပါ။
( အပေါ် - အောက် လို့ပဲ မှတ်ရလွယ်အောင်ပြောပါမည်။ )
🔻အပေါ်မှာ ဝိုင်းပြထားတဲ့ အနီလေးတွေက
1 ft , 2ft , 3 ft စသဖြင့် တွေ့ရပါမယ်။
ဒါဆို " ft-ပေ "တိုင်းလို့ရမယ်။ ✅✅✅
🔻အောက်က ဝိုင်းပြထားတဲ့ အနီက
10cm,20cm,30cm,40cm,50cmစသဖြင့်
cm တန်ဖိုးအနေနဲ့တွေ့ရပါမယ်။
ဒါဆို " cm "တိုင်းချင်တဲ့အခါ ရပါမယ်။ ✅✅✅
🔻အပေါ်က 1ft နေရာကို ပြန်ကြည့်ပါမယ်။
သူ့ရဲ့အောက်မှာ အမဲစာလုံးလေး 12 ရှိပါတယ်။
(မရေးထားပေမယ့်ပညာရှိမို့ အလိုလိုသိ 😁😜)
သူ့ရဲ့ အရှေ့နဲ့အနောက်မှာ 11 နဲ့ 13 တွေ့ရပါမယ်။
အဲ့တာတွေက လက်မတွေပါ။
ဒါဆို " inches "တိုင်းချင် တဲ့အခါ ရပါမယ်။ ✅✅✅
🔻အောက်က 10,20,30 ဆိုတာ cm လည်းဟုတ်သလို
သုည တစ်လုံးထည့်ပီး mm လည်းတိုင်းလို့ရပါတယ်။
သုညနှစ်လုံး ဖြုတ်ပီး m လည်းတိုင်းလို့ရပါတယ်။
10cm = 100 mm
100 cm = 1m
(marking ပေးတဲ့အခါမှာ mm နဲ့ဆို ပိုတိကျလို့ ဒါလည်းမှတ်ထားစေချင်ပါတယ်။)
ဒါဆို " mm "နဲ့ "m"တိုင်းချင်တဲ့အခါမှာ ရပါမယ်။ ✅✅✅
( ဘာနဲ့တိုင်းရမလဲ မိမိ Drawing ပေါ်မူတည်ပါတယ်။ )
တိုင်းရုံတင်မဟုတ်ဘဲတခြားလုပ်လို့ရတာတွေလည်းရှိပါသေးတယ်။
💞ပေဘူးရဲ့ထိပ်မှာခဲတံ တပ်ပီး စက်ဝိုင်းဆွဲလို့ရပါတယ်။
💞ပေးဘူးမှာပါတဲ့ ချိတ်ကလေးက marking မှတ်လို့ရပါတယ်။
အဲ့ချိတ်ရဲ့ အဟ က 1/16" ရှိပါတယ်။
မဟချင်လည်း တိုးလိုက် လို့ရပါတယ်။
💞Diamond or Tri ပုံလးက
16" , 32" , 48 " အလွယ်တိုင်းချင်တဲ့အခါ မြန်အောင်ထည့်ပေးထားပါတယ်။
မူး၊ မတ် ၊ ပဲ အကြောင်း
----------------------
အပေါ်ဘက်က inches 1 ကနေ 2 ကြားထဲမှာ
အစိတ် ၁၆ စိတ်ကိုတွေ့ရမှာပါ။
အဲ့၁၆ စိတ်ကို ပိုင်းထားတဲ့ မျဉ်းတွေကလည်း အတိုအရှည်မတူပါဘူး။
အရှည်ဆုံး မျဉ်းကို Inch Mark
ဒုတိယရှည်တာကို Half - inch( တဝက် )
တတိယရှည်တာကို Ouarter-Inch ( ၄ပုံ၁ပုံ)
စတုတ္ထရှည်တာကိုတော့ Eighths-inch ( ၈ပုံ၁ပုံ)
အတိုဆုံးကိုတော့ Sixteenth-inch ( ၁၆ပုံ ၁ပုံ)
16 စိတ်ကို အခြေခံထားတဲ့ သဘောပါ။
မြန်မာ မှာလည်း 16 စိတ်ကိုပဲ အခြေခံပါတယ်။
သူတို့လိုတော့ မရိုးရှင်းဘူးပေါ့နော်။
ပဲတွေမူးတွေ မတ်တွေ နဲ့ပါ။
( ရွေးတွေကတော့ မသိတော့ဘူး။
အမေတို့ကိုမေးရတာလည်းခဏခဏရှိပီ။
ဒါလည်းမမှတ်မိဘူး။မှတ်လည်းမမှတ်နိုင်တော့ဘူး။ 😪)
မူးတွေ မတ်တွေက ဒီနေ့ခေတ်မှာ မသုံးတော့ပေမယ့်
Aircon ကြေးပိုက် size တွေမှာတော့သုံးတာကိုတွေ့ရပါတယ်။
အဲ့တာကြောင့် မှတ်ချင်တဲ့သူများ မှတ်ကြပါနော်။
( အမ မှတ်တဲ့နည်းကတော့
ပိုင်းခြေမှာ ၁၆ ရှိရင် => ပဲ
ပိုင်းခြေမှာ ၈ ရှိရင် => မူး
ပိုင်းခြေမှာ ၄ ရှိရင် => မတ်
ဒါပေမယ့်အဲ့တာက တော်တော်များများမှန်ပေမယ့် တချို့နေရာ မမှန်ဘူး 😁
ဒါက ယေဘုယျ ယူရတဲ့သဘော)
ဒါဆို စယူကြည့်ရအောင်
☘️1/16 => ၁ပဲ ( ပိုင်း ခြေ 16 )
☘️2/16 => ၂ပဲ (ပိုင်းခြေ 16 ဒါပေမယ့် ခြေလို့ရလို့ မူး)
1/ 8 => ၁ မူး ( ပိုင်းခြေ 8 ဆိုမူး)
☘️ 2/8 => ၂မူး ( ပိုင်းခြေ 8 ဒါပေမယ့် ခြေလို့ရ လို့မတ်)
1/4 => ၁မတ် ( ပိုင်းခြေ 4 ဆို မတ် )
ဒီအထိ အဆင်ပြေပါတယ်။ မှတ်ထားသလိုမှန်သေးတယ်။
☘️ 4/8 => ၄ မူး မယူပါ။ 1/2 မို့ ၅ မူး ယူရမည်။🙄
4/8 = 1/2 = ၅ မူး✅
☘️ 5/8 => ပိုင်းခြေ 8 ဆိုမူး ( ၅မူးမယူပါ။ အပေါ်မှာယူပီးပီမို့ သူက ၆ မူး
5/8 => ၆မူး ✅
☘️ 6/8 = 3/4 => ၃မတ် ( ပိုင်းခြေ 4 ) 😊
☘️ 7/8 => ၇ မူး ပြန်ယူလို့ရပါပီ။ ( ပိုင်းခြေ 8 ) 😊😊
note 📝
------
------
3/4 ကို တစ်ကျပ် ပြည့်ဖို့ ၁မတ် ( 1/4 ) လိုလို့
မတ်တင်း လို့ခေါ်ပါသည်။
7/8 ကို ၁မူးလိုလို့
မူးတင်းလို့ခေါ်ပါသည်။
📚 မျိုးဆက်သစ်အင်ယာများ အဆင်ပြေကြပါစေ📚
Credit: Htet Htet
BE (EP)

ငါ '' မှား '' ရင်
ငါ့ကို ''မနိမ် '' ပါနဲ့
ငါ့ကို ပြင်ပေးပါ....
ပြန်လှည့်ပြီး '' နိဒါန်းကို ''
ပြောင်းလို့ မရတော့ပေမယ့်
ရောက်ရာ နေရာက ပြန်စပြီး
'' နိဂုံး '' ကိုတော့ ပြောင်းလို့ရပါတယ် ...
မိဘ က သင့် ဘဝ ကို
မူရင်း မွေးပေးလိုက်တာနော်
မိတ္တူ ဘဝဖြင့် အဆုံးမခံပါနဲ့ ...
ဘဝ ကောင်းကို ရခဲ့တာ မဟုတ်သလို
ဘဝ ဆိုးကိုလည်း ရခဲ့တာ မဟုတ်ဘူး
ဘဝ ပဲ ရခဲ့တာပါ
အဲ့ ဘဝ ကို အကောင်း အဆိုးဖြစ်အောင်
တို့တတွေက ဖန်တီး လိုက်ကြတာပါ ...
ကျရှုံး မှာ မကြောက်ပါနဲ့
မကြိုးစား ကြည့်မိမှာကိုသာ
ကြောက်ပါ ...
သဘော အကောင်းဆုံး သူတွေဟာ
အနှိပ်စက် အခံရဆုံး သူတွေ
ဖြစ်နေ တတ်ပါတယ် ...
သူများ ဘဝ အလင်းဆောင်ဖို့ လူတိုင်း
နေမင်း ဖြစ်ချင်ကြတယ်
အမှောင်ဆုံးအချိန်မှာ အလင်းဆောင်ဖို့
ဘာလို့ လမင်း မဖြစ်ချင်ကြတာလဲ ...
မရဖူးတာ ရချင်ရင်
မလုပ်ဖူးတာ လုပ်ရမယ် ...
စတောင်းပန်ရဲတဲ့ သူက
သတ္တိ အရှိ ဆုံးသူပါ
စခွင့်လွတ်နိုင်တဲ့သူက
စိတ်ဓာတ် အကြံ့ခိုင်ဆုံးသူပါ
စ မေ့နိုင်သူက
စိတ်အချမ်းသာဆုံးသူပါ
အရက်မပါဘဲ ပျော်တတ်အောင်
ဖုန်းမပါဘဲ စကားပြောတတ်အောင်
ခြွင်းချက် မထားပဲ ချစ်တတ်အောင်
မဆွဲလဲ ပြုံးတတ်အောင် သင်ယူပါ ..
- ဆရာ ဦးအောင်သင်း
#မေတ္တာဖြင့်ပြန်လည်မျှဝေသည်

မိမိကိုယ်ကိုယ် တာဝန်ယူတက်တဲ့စိတ်
တာဝန်ယူတက်တဲ့စိတ်ဟာ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ဖို့အတွက် အရေးအကြီးဆုံးလိုအပ်ချက် ဖြစ်တယ်။
တာဝန်ယူခြင်းမှာ ကိုယ်ကျင့်တရားတွေ၊
မိမိကိုယ်ကိုယ် လေးစားခြင်းတွေနဲ့
တခြားသူတွေအပေါ် ထားတဲ့ မေတ္တာစိတ်တွေ
ပါဝင်နေတယ်။ဒါပေမယ့်
တာဝန်ယူမှုဟာ ဘယ်တော့မှ မျက်ကန်းတောတိုး
မဖြစ်သင့်ဘူး။
ကိုယ်လုပ်တာ၊ ကိုယ်ပြောတာတွေနဲ့ ကိုယ့်ခံစားချက်တွေဟာ ကိုယ်နဲ့သာ သက်ဆိုင်တယ်၊ ကိုယ်သာ
ကိုင်တွယ်ရမယ်လို့ ဆုံးဖြတ်လိုက်တာက
ဖြောင့်မတ်မှန်ကန်တဲ့ အရည်အချင်းပါ။
သို့ပေမယ့် သူများအမှားကို ကိုယ့်အမှားလုပ်၊
သူတစ်ပါး အပြစ်ကို ကိုယ့်အပြစ်လို့ သတ်မှတ်နေတာကျတော့ ဒါဟာ တာဝန်ယူတာ မဟုတ်တော့ဘူး။
တုံးအတာ ဖြစ်သွားပြီ။
လောကမှာ တုံးအတဲ့ သူတွေက လူတွေသိပ်ကြိုက်
ကြတယ်။ရိုးရိုးအအ ဆိုသူတွေ၊မသိနားမလည်မှု များတဲ့သူတွေ၊စဥ်းစားဥာဏ်နည်းတဲ့သူတွေကို အသုံးချဖို့
စောင့်နေတဲ့သူတွေဆိုတာ သပ်သပ်ကို ရှိတယ်။
သူတို့ကလည်း သူတို့လုပ်သမျှကို
လွဲချလို့ရမယ့်သူတွေကိုပဲ ရှာနေတာ၊ သူတို့ပြောတာကို
ဟုတ်ကဲ့ လုပ်မယ့်သူတွေကို အမြဲလိုချင်နေတာ၊
အဲ့ဒါကို ကိုယ်က သူတို့အပြစ်တွေကို
အားနာနာနဲ့ အတင်းတွေတာဝန်ဝင်ယူနေရင်
အချီကြီး ခံသွားရမှာ ကိုယ်ပဲ။
သူများအမှားကို ကိုယ့်အမှားပါလို့
လုံးဝတာဝန်ယူပစ်လိုက်တာ အသိဥာဏ်နည်းရာ
ရောက်တယ်။ သူများအမှားကို ထောကျပွရမယျ။
သူနားလည်အောင် ရှင်းပြရမယ်။
ကိုယ်ကူညီနိုင်တာကို ကူညီပြီး
တက်နိုင်သလောက် ပူးပေါင်းဆောင်ရွှက်ပေးတာမျိုး
လုပ်ပေးတာက ဆက်ဆံရေးကို တိုးတက်စေနိုင်ပေမယ့်
ကိုယ်ချစ်တဲ့ သူတွေအပြစ်လုပ်ထားရင်တောင်
ကိုယ့်အနေနဲ့ သူတို့ကို မထိခိုက်စေချင်လို့
သူတို့အစား တာဝန်ဝင်ယူပေးနေရင် အဲ့လိုလုပ်တာက
ကြာရင် ဘယ်သူ့အတွက်မှ မကောင်းတာကို
သိလာလိမ့်မယ်။
လူတစ်ယောက်က သူ့တာဝန်သူယူလိုက်တဲ့အချိန်မှာ
ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရစိတ်ကို ခံစားရတယ်။
သူတစ်ပါးကို အပြစ်ပုံချတာ၊
ကံကြမ္မာနဲ့ အခြေအနေတွေကို မကောင်းပြောနေတာ
တွေက ခနတော့ စိတ်သက်သာသွားသလို
ရှိကောင်းရှိမယ်။ဒါပေမယ့် ကိုယ်စိုက်ပျိုးတာကို
ကိုယ်ရိတ်သိမ်းရမယ်ဆိုတဲ့ စကားလိုပဲ။
နောက်ဆုံးကျတော့ ပြဿနာတွေကို
တကယ်ပြေလည်သွားစေမယ့် ရေရှည်ဖြေရှင်းနည်းက
ကိုယ့်ကိုယ်ကိုယ် ဘာမှားနေလဲ ပြန်ကြည့်၊
ဘာတွေကို သင်ယူဖို့လိုနေပြီလဲ၊ ဘာတွေပြောင်းလဲရမလဲ၊ အဲ့ဒီအပြောင်းအလဲတွေ တကယ်ဖြစ်ဖို့
ဘယ်လို အလေ့အကျင့်တွေကို ကျင့်ရမလဲ
ဒါတွေကို စဥ်းစားတာကသာ အဖြေမှန်ကို ပေးနိုင်လိမ့်မယ်။
ကိုယ်အလုပ်မဖြစ်တာတွေ အတွက် ဘဝကို
ဆင်ခြေပေးလို့ရတယ်။ လက်ရှိအခြေအနေတွေက
ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လို
နှေးကွေးစေကြောင်းကို အကြောင်းပြဖို့က
ကျွန်တော်တို့ အတွက် သိပ်မခက်ဘူး။
ဒါပေမယ့် ဒီလိုလုပ်တာက နောက်ဆုံး
ကိုယ့်ကိုပဲ ကိုယ်လုပ်ချင်တာတွေကနေ
နောက်ကျကျနေစေခဲ့တာ မဟုတ်လား၊
ဆင်ခြေဆင်လက်ပေးခြင်းကနေ ဘာတွေများ
ကောင်းတာ ရလာနိုင်လို့လဲ။
အရင်တုန်းက ကိုယ်ကြောင့် အခုရှိနေတဲ့ ကိုယ်
ဖြစ်လာရတာပဲ။ Albert Einstein ကပြောဖူးတယ်။
"ပြဿနာတွေကို အဖြေရှာရာမှာ အဲ့ဒီပြဿနာတွေ
စဖြစ်တုန်းက အခြေအနေအနေတွေ အတိုင်းစဥ်းစား
လို့ မရတော့ဘူး"တဲ့။ ဆိုလိုတာက
လက်ရှိကိုယ့်အကျင့်တွေ၊ ကိုယ်ရဲ့ စီးပွားရေးအခြေအနေတွေ၊ ကိုယ့်ပတ်ဝန်းကျင် ဒါတွေကို
လုံးဝချက်ချင်းပြောင်းဖို့ဆိုတာ မလွယ်ဘူး။ဒါပေမယ့်
အကြောင်းပြချက်တွေပေးနေရုံနဲ့လည်း
ဘာမှ ထူးသွားမှာ မဟုတ်ဘူး။ ပိုပြီး ဒုက္ခရောက်လာဖို့ပဲ ရှိမယ်။ အရေးကြီးတာ ကျွန်တော်တို့ ကိုယ်ကိုယ်
အပြည့်အဝ တာဝန်ယူပြီး ကိုယ်လုပ်နိုင်တာကို
မပျက်မပျက် လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။
ဒီလိုလုပ်နိုင်ခြင်းသည်ပင် လူတစ်ယောက်ရဲ့
ကြီးမားတဲ့ အရည်အချင်းလို့ ပြောနိုင်ပါတယ်။

ဒီလိုဒီလို လူ ( ၁၀ ) မျိုးကို တွေ့ခဲ့ရင် တန်ဖိုးထားပါ
~~~~~~~~~~~~~~~~~~~~
( ၁ ) ကိုယ် တစ်ကယ် ချစ်တဲ့သူကို တွေ့ခဲ့ရင်
သူနဲ့ဘဝတစ်လျှောက်လုံး လက်တွဲသွားဖို့
အခွင့်အရေး ရအောင်ကြိုးစားပါ ။
ဘာကြောင့်လဲ ဆိုတော့" သူ ထွက်သွားတဲ့အခါ
အရာအားလုံး နောက်ကျသွားပါလိမ့်မယ် ။
( ၂ ) ကိုယ် တစ်ကယ် ယုံကြည်ရတဲ့ သူငယ်ချင်းကို
တွေ့ခဲ့ရင် သူနဲ့အဆင်ပြေပြေ ကောင်းကောင်းမွန်မွန်
ဆက်ဆံသွားပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" ဘဝမှာ သူငယ်ချင်းအစစ်
တွေ့ရဖို့ဆိုတာ မလွယ်တော့လို့ပါ ။
( ၃ ) ကိုယ့်ကို တစ်ချိန်တုန်းက ကူညီပေးခဲ့ဖူးတဲ့
သူကို တွေ့ခဲ့ရင် သူ့ကို ကောင်းကောင်း
ကျေးဇူးတင်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" သူဟာ ကိုယ့် ဘဝရဲ့
အလှည့်အပြောင်း ဖြစ်ခဲ့လို့ပါပဲ ။
( ၄ ) ကိုယ် တစ်ချိန်တုန်းက ချစ်ခဲ့ဖူးတဲ့ သူကို
တွေ့ခဲ့ရင် သူ့ကိုပြုံးပြုံးလေးနဲ့ကျေးဇူးတင်ဖို့
မမေ့ပါနဲ့။
ဘာဖြစ်လို့လဲ ဆိုတော့" သူက ကိုယ့်ကို အချစ်အကြောင်း ပိုနားလည်စေခဲ့လို့ပါ ။
( ၅ ) ကိုယ့်ကို တစ်ချိန်တုန်းက မုန်းတီးခဲ့ဖူးတဲ့ သူကို
တွေ့ခဲ့ရင် ပြုံးပြုံးလေးနဲ့သူ့ကို နှုတ်ဆက်လိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" သူ့ကြောင့် ကိုယ်က
ပိုပြီး သတ္တိ ရှိလာခဲ့တယ် ။
( ၆ ) ကိုယ့်ကို တစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့
သူကို တွေ့ခဲ့ရင် သူနဲ့အေးအေးဆေးဆေး
စကားစမြည် ပြောလိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" သူ့ကြောင့် မဟုတ်ရင်
ကိုယ်လည်း
လောက အကြောင်းကို သိလာမှာ မဟုတ်ဘူး ။
( ၇ ) ကိုယ် တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့
သူကို တွေ့ခဲ့ရင် သူ့ကို ပျော်ရွှင်ပါစေဆိုပြီး
ဆုတောင်းပေးလိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" ကိုယ် သူ့ကို တိတ်တခိုး
ချစ်ခဲ့တုန်းက သူပျော်ရွှင်တာကိုပဲ လိုလားခဲ့တာ မဟုတ်လား ။
( ၈ ) ကိုယ့် ဘဝထဲကနေ ထွက်သွားခဲ့တဲ့ သူကို
တွေ့ခဲ့ရင် သူ ကိုယ့်ဘဝထဲ ဝင်ခဲ့တာကို
ကျေးဇူးတင်လိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" သူက ကိုယ့်ဘဝရဲ့
ပျော်ရွှင်စရာ ကောင်းတဲ့ အစိတ်အပိုင်းတစ်ခု
ဖြစ်ခဲ့ဖူးတယ်လေ ။
( ၉ ) ကိုယ့်ကို တစ်ချိန်က အထင်လွဲခဲ့ဖူးတဲ့ သူကို
တွေ့ခဲ့ရင် အချိန်မှီ ဖြေရှင်းချက် ပေးလိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" သူ နားလည်အောင်
ဖြေရှင်းပေးဖို့ အခွင့်အရေးက တစ်ခါပဲ ရှိနိုင်လို့ပါ ။
( ၁၀ ) ယခု ကိုယ်နဲ့ဘဝတစ်လျှောက်လုံး
လက်တွဲသွားမယ့်သူကို တွေ့ခဲ့ရင်
သူ ကိုယ့်ကို ချစ်တာ ရွေးချယ်ခဲ့တာကို
ရာနှုန်းပြည့် ကျေးဇူးတင်လိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" အခု နှစ်ယောက်လုံး
ပျော်ရွှင်မှုနဲ့အချစ်စစ်ကို ပိုင်ဆိုင်နေရလို့ပါ ။
#ကျွန်တော်ဖတ်ဖို့
စာပေချစ်သူများမင်္ဂလာပါခင်ဗျာ သုတ ရတ စုံလင်စွာဖတ်ရှုနိုင်ရန် ကျွန်တော် Page လေးကို Like နှိပ်ထားကြပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏🙏
ငွေဈေး
1290 baht - 1 သိန်းကျပ်
Kpay

အာဂျင်တီးနား 🇦🇷 ချန်ပီယံဂုဏ်ပြုပွဲရဲ့မြင်ကွင်း
ကာတာတွင် 2022 ကမ္ဘာ့ဖလားကိုဆွတ်ခူးပြီးနောက် Buenos Aires ရှိလမ်းများ အာဂျင်တီးနားလူတွေနဲ့စည်ကားနေတယ်အပြာနဲ့ အဖြူအသင်းကပြင်သစ် 🇫🇷 နဲ့ အနိုင်ရသွားပါတယ်အချိန်ပိုတွင်ပင်နယ်တီအဆုံးအဖြတ်တွင် ၄-၂ ဂိုးဖြင့်ကမ္ဘာ့ဖလားကို တတိယအကြိမ်မြောက်ရရှိခဲ့သည်။
အာဂျင်တီးနား 2022

1300 baht
1 သိန်းကျပ် Kpay

လောကဓံက ပေးတဲ့ ဒုက္ခနဲ့❤🧡💛💙
လူတွေက ပေးတဲ့ သောကတွေ ကြားမှာ
ဘဝတစ်ခုလုံး နစ်မြုပ်မသွားအောင်
စိတ်ကို ထိန်းမတ်တတ်ရပါမယ် ။
ဘယ်ဒုက္ခ ဘယ်သောကကိုမှ
အလေးအနက်မထားဘဲ
ခြေလှမ်းတိုင်းကို မရပ်တန့်ဘဲ ပုံမှန်လှမ်းပါ ။
နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ ။
ဒါဆိုရင်
လောကဓံကိုလည်း မမှုတော့ဘူး ။
သောကတွေကိုလည်း ကြောက်နေမှာ မဟုတ်တော့ဘူး ။
#မနောသီရိ
14/Dec/2022
1300 baht =1 သိန်းကျပ်
Kpay
Kpay
1300 Baht - 1 သိန်းကျပ်

တစ်ခါက မဟတ္တမဂန္ဒီကို
ကောင်မလေးတစ်ယောက်က ....
'ရှင့်ကို ကျွန်မချစ်တယ်'လို့ ပြောတော့
ဂန္ဒီက....
"ငါဟာ မင်းရဲ့ အချစ်နဲ့ မထိုက်တန်ပါဘူး
ငါ့ရဲ့ နောက်မှာ ရှိတဲ့ ငါ့ညီက
ငါ့ထက် ပိုနုတယ်
ငါ့ထက် ပိုပြီးယောက်ျားပီသတယ်"တဲ့
ဂန္ဒီရဲ့ စကားဆုံးတာနဲ့ ကောင်မလေးဟာ ဂန္ဒီရဲ့ အနောက်ကို တစ်ချက်လှည့်ကြည့်လိုက်တယ်
ဒါပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး
အဲ့ဒီမှာ
ဂန္ဒီက ဒီလိုဆက်ပြောလိုက်တယ်
"မင်းသာ ငါ့ကို တကယ်ချစ်ရင်
အနောက်ကို လှည့်ကြည့်စရာအကြောင်း မရှိဘူး"တဲ့
ဂန္ဒီပြောတဲ့ စကား သိပ်ကို လေးနက်ပါတယ်
ကျွန်မတို့ကို အပေါ်ယံလေး ချစ်ပါတယ်လို့ ပြောခဲ့တဲ့သူတွေက
ကျွန်မတို့ထက် သာတဲ့သူကို တွေ့တဲ့အခါ
ကျွန်မတို့ကို ထားရစ်ခဲ့ဖို့ အမည်မသိတဲ့ အကြောင်းပြချက်တွေပေးတယ်
ပြီးတော့
တတိယလူနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားကြတယ်
တကယ်တော့
သူသာ ကိုယ့်ကို တကယ်ချစ်ခဲ့ရင်
နောက်လူဆိုတာ ပေါ်လာစရာအကြောင်းမရှိပါဘူး
လောကမှာ အချစ်စစ်ကို ရှာဖွေတဲ့အခါ
ရွေးချယ်စရာတွေ အများကြီးရှိတဲ့ အထဲကနေ
ကိုယ့်ကိုသာ ထပ်ခါတလဲလဲ ရွေးချယ်မယ့်သူကိုသာ
ဘဝလက်တွဲဖော်အဖြစ်သတ်မှတ်ပါ
ဘာလို့လဲဆိုတော့
သူဟာ ကိုယ့်ထက်သာတဲ့ တခြားသူတွေ သူ့အနားရောက်လာတဲ့အခါ
ကိုယ့်ကိုပဲ ရွေးချယ်မှာမို့လို့ပါ
# သျှန်သျှန်လင်း
MM Store will be open very soon
1300 ဘတ်
1သိန်းကျပ် Kpay

ကြိုးစားနေရမှာကကိုယ့်တာဝန်ပါ။
ငွေဈေး ၁၃၀၀ ဘတ်
၁ သိန်းကျပ်

ဆရာ....
ကျမနုပျိုလှပခဲ့ စဉ်တုန်းက
ကျမထက် ၁၀နှစ်လောက်ကြီးတဲ့
အမျိုးသားတစ်ယောက်နဲ့
အိမ်ထောင်ကျ ခဲ့တာ ဆရာ အသိပါ ။
အိမ်ထောင်ကျခါစ တုန်းက
ကျမ အမျိုးသားဟာ အင်မတန်
အားကိုးထိုက်တဲ့သူလို့ခံစား ခဲ့ရတယ် ။
ကျမ သူ့ အပေါ်အထင်တကြီးနဲ့
အားကိုးချစ်ခင် ခဲ့တယ် ။
ဒါပေမဲ့
နှစ်တွေကြာမြင့် ပြောင်းလဲ လာတော့
ကျမရဲ့စိတ်တွေပြောင်းလဲလာခဲ့တယ် ။
သူ့မှာအားကိုးချင်စရာ ဘာမှမရှိဘူး ။
အထင်ကြီးစရာတွေ
မကျန်တော့ ဘူး ။
ကျမကို အရင်လို စိတ်ကို
မကြည်လင် စေတော့ဘူး ။
ပျော်ရွှင်မူ့မပေးနိုင်တော့ဘူး ။
အဲ့ဒါ ဘာကြောင့်ပါလဲ ဆရာ ။
အိမ်ထောင်ကျတယ်ဆိုတာ
အချစ် ရဲ့ သင်္ချိုင်း လေလား ?
အိမ်ထောင်ကျသွားရင်
သမီးရည်းစားဘဝက
အချစ်တွေက ကုန်ဆုံးသွားတတ်လား ?
သူမပြောတာ နားထောင်ပြီးတော့
သူ့ ဆရာက ,ဆရာ့နောက်ကို
ခဏလိုက်ခဲ့ ဆိုပြီး သူမကို
တောင်ကြီး တစ်လုံးကိုမြင်နိုင်တဲ့
နေရာခေါ်သွားပြီး
တောင်ကြီးကိုလက်ညိုးထိုး
ပြပြီးတော့ မေးတယ်။
"အဲ့ဒီတောင်ကြီးကို ကြည့်စမ်း
ဘယ်လို မြင်လဲ" ?
"ကြီးမား ပြီး လှပခန့်ငြားပါတယ်
မြင်ရတာ စိတ်ကြည်လင်
လန်းဆန်းစေပါတယ်" လို့
သူမကပြန်ဖြေတယ် ။
"ကဲ လာဆရာနဲ့ တောင်ပေါ်
တက်ကြည့်ကြစို့ "ဆိုပြီး
တောင်ပေါ်ကိုနှစ်ယောက်
လှမ်းတက် သွားကြတယ် ။
လမ်းတစ်လျှောက်လုံးစကား
တစ်ခွန်းမှ မပြောဖြစ်ပါဘူး ။
တောင်ကိုသာတက်ပြီးရင်း
တက်နေ တော့တယ် ။
သူမဟာ တဖြည်းဖြည်း မောပန်းလာတယ် ။
တောင်တက်လမ်းကလည်း
ကျောက်တုံးကျောက်ခဲတွေနဲ့
ကြမ်းတမ်း လာ နေတယ် ။
သူမနှုတ်က, မောတယ် ၊ ပန်းတယ်
ပင်ပန်းတယ်, နားချင်တယ် စသဖြင့်
အသံတွေ ထွက်လာတော့တယ် ။
တောင်ထိပ်ကိုရောက် တော့ဆရာက
"ဒါ..နင်စောစောက မြင်တဲ့
တောင်ကြီးပဲလေ"ဆိုတော့
"ဒီတောင်ကြီးကမလှပါဘူး
လမ်းကလည်းကျောက်တုံး
ကျောက်ခဲတွေနဲ့
ကြမ်းတမ်းလိုက်တာ
သစ်ပင်တွေ ခြုံတွေ ကလည်း
ရှုပ်ထွေးနေတာပဲ
ဟိုဖက်ကတောင်က
ပိုတောင် လှနေသေးတယ်"
ဆိုပြီးတစ်ခြားတောင်တစ်လုံးကို
ညွှန်ပြတယ်
ဆရာက ရယ်ပြီး
"နင်တို့တွေ ချစ်သူ
ဖြစ်ခဲ့ကြတုန်းကလည်း
ဒီသ ဘောပဲ
တောင်ကိုအဝေးကကြည့်သလို
လှပမှုတွေ ခန့်ညားမှုတွေပဲမြင်ပြီး
ကြိုက်ခဲ့ကြတယ်
မင်္ဂလာဆောင်ပြီးတော့
တောင်ပေါ်ကို တက်လာသလိုပဲ
တွေ့ရတဲ့..အရာကြုံတွေ့ရ
သမျှတွေဟာ ပုံမှန်သဘာဝအတိုင်း
ဘာမှ..ထူးခြားမူ့မရှိတဲ့အရာ
ပင်ပန်းဆင်းရဲမူ့သက်သက်လို့
ထင်လာတယ် ။
တောင်ထိပ်ကိုတက်လာတဲ့အခါ
မျက်လုံးထဲမှာ ဒီတောင်ရဲ့
အလှ ကို မမြင်ရတော့ဘူး။
တစ်ခြားဘေး ကတောင်တွေရဲ့
အလှကိုပဲ နင် မြင်တွေ့တော့တယ် ။
တကယ်တော့တောင်က
ပြောင်းလဲမသွား ဘူး
နင်သာပြောင်းလဲသွားတာ
နင့်စိတ်ခံစားချက်
ပြောင်းလဲသွားလို့
အမြင်ပြောင်းသွားတာ ။
နှစ်သက်မြတ်နှိုးမှု မရှိ တဲ့အခါ
တောင်ကလည်းမလှ တော့ဘူးလို့
ခံစားလာရတယ် ။
မနှစ်သက်လေလေ ကိုယ့် အတွက်
ဆုံးရှုံးနစ်နာမှုတွေ
ဖြစ်ပေါ်စေ လေလေ ပါပဲ ။
နင်ဒီနေရာမှာရပ်တည်နေပြီး တော့
ဘာ့ကြောင့် တစ်ခြားတောင်ကိုပဲ
မြင်နေရသလဲဆိုရင်..
နင်ဒီတောင်ကြီးပေါ်မှာ
တက်နင်းထားပြီးရပ်နေလို့ပဲ ။
တကယ်ဆိုရင်နင် ဒီတောင်ရဲ့
ဂုဏ်ကျေးဇူး ကိုသိရမှာ"
အဲ့ဒီအမျိုးသမီးရဲ့
သူ့အမျိုးသားအပေါ်
ပြောင်းလဲသွားတဲ့
ဒီသဘောတရားအတိုင်းပါပဲ။
တချို့လည်း
သူများမိဘတွေကျတော့
ကောင်းလိုက်တာ
ကိုယ့်မိဘတွေ ကျတော့
ဟိုလိုဖြစ်တယ်
ဒီလိုဖြစ်တယ်လို့ အလိုမကျ
ဖြစ်နေကြတဲ့
သားသမီးတွေ လည်းထိုနည်းတူပါပဲ။
ကိုယ်နဲ့အနီးဆုံးအခင်ဆုံးသူတွေ ရဲ့
ကောင်းကွက်တွေ ကို
ဘယ်တော့မှမမေ့လိုက်မိပါစေနဲ့ ။
တစ်နေ့နေ့ တစ်ချိန်ချိန်
ခွဲခွာကြရစရာ အကြောင်း
ကြုံလာတဲ့ အခါ ကောင်းမွန်တဲ့
သတိရစရာ တွေးတိုင်း ကြည်နူးစရာ
အကြောင်းအရာလေးတွေ
ကျန်ခဲ့ကြရလေအောင်
ချစ်ကြ ခင်ကြ ပါ ။
အကြာကြီးပေါင်းသင်းလာခဲ့ကြတဲ့
ခင်မင်မှုတွေကိုလည်း
ထိန်းသိမ်းထားနိုင်ကြပါစေ ။
မိတ်ဆွေကောင်းဆိုတာ
လောကကြီးကပေးထား တဲ့
တန်ဖိုးဖြတ်မရတဲ့အကောင်းဆုံး
လက်ဆောင်တစ်ခုပါ ။
Credit Original Uploader.
Dr Shwe Tun ထပ်ဆင့်မျှဝေပါသည်။
คลิกที่นี่เพื่อเป็นสมาชิก?
วิดีโอทั้งหมด (แสดงผลทั้งหมด)
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Sukhumvit
Bangkok
10400
Bhiraj Tower At EmQuartier Unit 2203, 22 Floor 689 Sukhumvit Road (Soi 35), Klongton Nuea, Vadhana
Bangkok, 10110
Type Foundry, Brand Consulting Service and Communication Design Strategist based in Bangkok, Thailand
53/23 ซ. ลาดพร้าว 15 แขวงจอมพล เขตจตุจักร
Bangkok, 10900
Creative agency
1031 Central Embassy Ploenchit Road Lumpini, Pathumwn
Bangkok, 10330
Niche Nation is the premium address for state of the art eyewear in Bangkok.
4, 6 Charoenkrung 36, Bangrak
Bangkok, 10500
http://cmyk.group - Graphic Design, SEO, Website Design & Development, Digital Marketing, Printing,
เลขที่ 229 ถนนสุขุมวิท 71 ซอยปรีดีพนมยงค์ 31 คลองตันเหนือ วัฒนา
Bangkok, 10110
We specialize in printing wedding invitation card with letterpress. We incorporate modern design wit
FYI Center
Bangkok, 10110
Verve is full of Great Energy, Enthusiasm and Talents. Wouldn't you love to be our fans?
Readyplanet Public Company Limited 51 Major Tower Rama 9/Ramkumhang 17th Floor Unit 1701/1706 Rama 9 Road, Huamak, Bangkapi
Bangkok, 10240
Readyplanet Public Company Limited All-in-One Sales & Marketing Platform Company
219/17, The Pride At Asoke Towers, Sukhumvit 21, Klongtoey Nua, Wattana
Bangkok, 10110
Asia's leading digital marketing agency that works with global and local brands in Asia Pacific.
460/11, 460/12 Surawong Road, Si Phraya, Bangrak
Bangkok, 10500
At Bloom, you can expect... * Speak directly with a giclée printmaker, not a receptionist. * Cust
41/1, 41/2 The Jam Factory, Charoennakorn Road , Klongsan
Bangkok, 10600
Embrace truth and creativity.