Life plus
Plastic Surgery and Aesthetic Service In Bangkok
01/09/2024
တင်ပဆုံရိုးအစားထိုးခွဲစိတ်ကုသခြင်း (𝐓𝐨𝐭𝐚𝐥 𝐇𝐢𝐩 𝐑𝐞𝐩𝐥𝐚𝐜𝐞𝐦𝐞𝐧𝐭 𝐒𝐮𝐫𝐠𝐞𝐫𝐲)
တင်ပဆုံရိုးအစားထိုးခွဲစိတ်ကုသခြင်းဆိုတာ ဘာလဲ?
တင်ပဆုံရိုးအစားထိုးခွဲစိတ်ကုသခြင်းဆိုတာ
တင်ပဆုံအဆစ်တွင် ပျက်စီးနေသောအစိတ်အပိုင်းများကိုဖယ်ထုတ်ပြီး အရိုးအစားထိုးပြင်ပပစ္စည်းများနှင့်ခွဲစိတ်ကုသခြင်းဖြစ်ပါတယ်ခဗျ။
ဘယ်လိုရောဂါအခြေအနေများမှာ တင်ပဆုံရိုးအစားထိုးခွဲစိတ်ကုသရနိုင်လဲ?
- အသက်အရွယ်ကြီးခြင်းကြောင့် တင်ပဆုံကျီးပေါင်းဖြစ်ခြင်း (𝐎𝐬𝐭𝐞𝐨𝐚𝐫𝐭𝐡𝐫𝐢𝐭𝐢𝐬)
- 𝐒𝐭𝐞𝐫𝐨𝐢𝐝 ဆေးကို ရေရှည်စွဲသောက်ရသော ရောဂါများဖြစ်သည့် အဆစ်ရောင်လေးဖက်နာရောဂါများ(𝐒𝐋𝐄,𝐑𝐀)
- ပေါင်ထိပ်ရိုးကို သွေးမလျှောက်သောရောဂါ(𝐀𝐯𝐚𝐬𝐜𝐮𝐥𝐚𝐫 𝐍𝐞𝐜𝐫𝐨𝐬𝐢𝐬 𝐨𝐟 𝐡𝐢𝐩)
- တင်ပဆုံရိုးကျိုးခြင်း
- ရောဂါပိုးဝင်ပြီး အဆစ်ရောင်ခြင်း(𝐒𝐞𝐩𝐭𝐢𝐜 𝐚𝐫𝐭𝐡𝐫𝐢𝐭𝐢𝐬)
- အရက်အလွန်အကျွံသောက်သူများ စသောသူတွေမှာ တင်ပဆုံရိုးအစားထိုးခွဲစိတ်ကုသတာမျိုးလုပ်ရနိုင်ပါတယ်
တင်ပဆုံရိုးအစားထိုးခွဲစိတ်ကုသမှုကြာချိန်ကဘယ်လောက်လဲ?
ခွဲစိတ်မှုကြာချိန်ကတော့ လူနာရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ကုသချိန် ၃ နာရီဝန်းကျင် ကြာနိုင်ပါတယ်ခဗျ။
တင်ပဆုံရိုးအစားထိုးခွဲစိတ်ရင် ဆေးရုံဘယ်နှရက်လောက် တက်ရလဲ?
ခွဲစိတ်ကုသမှု ခံယူပြီးနောက် ဆေးရုံမှာ ၄-၅ ရက်ခန့် နေရမှာ ဖြစ်ပါတယ်ခဗျ။
တင်ပဆုံရိုးအစားထိုးခွဲစိတ်ကုသခြင်းအားဖြင့်
- နာကျင်မှုတွေကို သက်သာပျောက်ကင်းစေခြင်း
- မိမိရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ ပြန်လည်လုပ်ဆောင်နိုင်ခြင်း
- မိမိနေ့စဉ်လူနေမှုဘဝ အရည်အသွေးတိုးတက်စေခြင်း
တင်ပဆုံရိုးအစားထိုးခွဲစိတ်ကုသမှု အကြမ်းဖျင်းခန့်မှန့်ကုန်ကျစရိတ်ကတော့ ဆေးရုံတွေကို မူတည်ပြီး တဖက်ကို ဘတ် 500,000 ဝန်းကျင်နှင့်အထက် ကုန်ကျနိုင်ပါတယ်ခဗျ။
တင်ပဆုံခွဲရိုးစိတ်ကုသမှုနှင့် ပတ်သတ်၍ ဘန်ကောက်တွင်ခွဲစိတ်မှုခံယူချင်ပါက အသေးစိတ်စုံစမ်းဆွေးနွေးနိုင်ပါတယ်ခဗျ။
Life Plus Medical Service
https://www.facebook.com/profile.php?id=61559952175736&mibextid=LQQJ4d
Ph / Viber : +66631621422 (BKK)
31/08/2024
နှလုံးသွေးကြောချဲ့ခြင်း (𝗣𝗲𝗿𝗰𝘂𝘁𝗮𝗻𝗲𝗼𝘂𝘀 𝗖𝗼𝗿𝗼𝗻𝗮𝗿𝘆 𝗜𝗻𝘁𝗲𝗿𝘃𝗲𝗻𝘁𝗶𝗼𝗻)
PCI ဆိုတာဘာလဲ?
နှလုံးသွေးကြောကျဉ်းရောဂါတွင် ကျဉ်းနေသောနှလုံးသွေးကြောအား stent သို့မဟုတ် ပိုက်/ ဘောလုံး ထည့်ကာ ကျဉ်းသောသွေးကြောကို ချဲ့ပေးခြင်း အားဖြင့် ကုသပေးသော ခွဲစိတ်စရာမလိုသော ကုသမှု နည်းတစ်ခုဖြစ်ပါတယ်။
ဘယ်လိုမျိုးကုသတာလဲ?
ပေါင်သွေးကြောမကြီးမှတဆင့် သေးငယ်သောပိုက်နှင့်ကင်မရာထည့်၍ နှလုံးသွေးကြောပိတ်သော နေရာများကို တိုက်ရိုက်ရှာကာ ပိတ်နေသော ပမာဏ/ သွေးကြောအရေအတွက် ကို အရင်စစ်ဆေးပါတယ်။ပိတ်နေသောပမာဏသည် အနည်းငယ်သာရှိလျှင်၊ ချဲ့၍ရသော အနေအထားမှာ ရှိနေလျှင် stent သို့မဟုတ်ဘောလုံးဖြင့် သွေးကြောကိုချဲ့ပေးခြင်းအားဖြင့် ကုသပေးပါတယ်။
ဆေးရုံမှာနေရလား။ ဘယ်နှစ်ညနေရလဲ။
သွေးကြောချဲ့ပြီးပြီးချင်းလူနာကို အထူးကြပ်မတ်ဆောင်တွင် အနီးကပ်စောင့်ကြည့်ရန် 24 နာရီ ထားပါတယ်။ နောက်ရက်လူနာအားလုံးကောင်းလျှင်ဆေးရုံဆင်းလို့ရပါပြီ။
ဘယ်လိုလူတွေမှာ ကုသမှုခံယူရမလဲ။
- နှလုံးEKG စစ်ဆေးခြင်း နှင့် ပြေးစက်ပေါ်တွင်ပြေး၍ နှလုံးလုပ်ဆောင်ချက် (Exercise Stress Test) အဖြေများအရ သွေးကြောပိတ်ခြင်း လက္ခဏာရှိခြင်း
- အစားအသောက် အနေအထိုင်ပြောင်းလဲခြင်း နှင့် သောက်ဆေးများသောက်သုံးသောလည်း တိုးတက်မှုမရှိဘဲ သွေးကြောပိတ်လက္ခဏာများကို ပိုမိုခံစားရခြင်း
- နှလုံးသွေးကြောပိတ်လက္ခဏာများကို ရုတ်တရက် အပြင်းအထန် ခံစားရခြင်း (ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမဝခြင်း၊ ချွေးစီးပြန်ခြင်း)
သွေးကြောချဲ့ ကုသ၍ မရသောလူနာများ
- သွေးကြာပိတ်သောပမာဏသည် ၉၀%ထက် ပို၍ပိတ်နေခြင်း
- ၃နေရာနှင့် အထက် သွေးကြောပိတ်နေခြင်း
- သွေးကြောချဲ့၍ မရသော နေရာတွင် ပိတ်နေခြင်း (သွေးကြောနှစ်ခုဆုံနေရာများတွင် ပိတ်နေခြင်း)
သွေးကြောချဲ့ ပြီး ဘာတွေ သတိထားဂရုစိုက်ရမလဲ။
- သွေးပေါင်ချိန်၊ ဆီးချိုနှင့် သွေးတွင်းအဆီဓာတ်ကို ပုံမှန်သတ်မှတ်ချက်ထဲတွင် ရှိနေအောင် ထိန်းသိမ်းရန်။
- Exercise ကို တရက်လျှင် မိနိစ် ၃၀ နှင့် တပတ် ၃ရက်အနည်းဆုံးလုပ်ပေးရန်။
- ဆေးလိပ်ဖြတ်ရန်။
- ဆီကြော်စာများ၊ အဆီများသော အစာများ၊ အချိုလွန်ကဲစာများကို ရှောင်ရှားရန်။
- အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များပိုစားပေးရန်။
- စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့ချပါ။
- မိမိသတ်မှတ်ထားသောကိုယ်အလေးချိန်ထက်မကျော်စေရန်ထိန်းထားရန်။
- သွေးကျဲဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း မပျက်မကွက် သောက်သုံးရန်။
- ဆရာဝန်နှင့် ရက်ချိန်းပုံမှန် ပြန်ပြရန်။
ဤကုသမှုနဲ့ ပတ်သတ်ပြီး ဘန်ကောက်ရှိဆေးရုံများတွင် ကုသလိုပါက
Life Plus Medical Service
https://www.facebook.com/profile.php?id=61559952175736&mibextid=LQQJ4d
Ph / Viber : +66631621422 (BKK)
ဆက်သွယ်မေးမြန်နိုင်ပါတယ်ခဗျ။
30/08/2024
Health Checkup for 2024
04/07/2024
𝐎𝐩𝐞𝐧 𝐍𝐨𝐬𝐞 𝐑𝐞𝐜𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
(နှာတံအစားထိုးခွဲစိတ်ပြုပြင်ခြင်း) ကို Baht 𝟭𝟯𝟮𝟬𝟬𝟬 မှ စ၍ Bangkok ရှိ Masterpiece Hospital တွင်ပြုလုပ်လို့ရပါပီ။
29/06/2024
Nose Augmentation (နှာတံ/နှာခေါင်:ခွဲစိတ်ပြုပြင်ခြင်း)
နှာတံ/နှာခေါင်းခွဲစိတ်ပြုပြင်ခြင်းဆိုတာ ကိုယ့်ရဲ့နှာတံကို ပိုမိုပေါ်လွင်လှပအောင် ခွဲစိတ်ပြုပြင်ခြင်းဖြစ်ပါတယ်။
နှာတံကို ပိုမိုပေါ်လွင် စေရန်ကိုယ့်မျက်နှာ ကျနှင့် လိုက်ဖက်စေရန် silicon, အရိုးနု ၊ အလှအပရေးရာတွင် နောက်ဆုံးပေါ် နှာတံဖော် ပစ္စည်းတခု ထည့်ကာ မိမိနှာတံအား ပြင်ပေးခြင်းဖြစ်ပါတယ်။
ဘယ်လိုပုံစံမျိုးပုံဖော်နိုင်မလဲ
မိမိမျက်နှာနှင့်လိုက်မလိုက်ဆရာဝန်က သေချာကြည့်ပေးပီး လှနိုင်မယ့် နှာတံပုံစံကို မိမိစိတ်တိုင်းကျ ရွေးစေမှာပါ။ များသောအားဖြင့်
* Korean nose shape
* Straight nose shape
* Slope nose shape with pointed tip
* Barbie line nose
* Teardrop nose
* nose tip upturned
* grasshopper shaped nose
ဒီလိုလေးတွေ ကို ခွဲစိတ်လေ့ရှိပါတယ်။
အသေးစိတ်စုံစမ်းသိရှိလိုပါက
Life plus
Plastic Surgery & Aesthetic Service
https://www.facebook.com/alexandrechoice?mibextid=LQQJ4d
Contact - +66931233903 (Thai phone number/ Viber )
ကို ဆက်သွယ်မေးမြန်နိုင်ပါတယ်ခဗျ
29/06/2024
ပြောင်းလဲတိုးတက်လာသောခေတ်ကြီးမှာ ကိုယ့်ကို ကိုယ် အလှဆုံး ဖြစ်အောင် ဘယ်လိုနေမလဲ ?
ဒါတွေအားလုံးကို ဖြေရှင်းဖို့ Admin တို့ရဲ့ Plastic Surgery & Aesthetic Medical Service ကို သတိရလိုက်ပါခဗျ။
Admin တို့သည် Bangkok တွင် အလှအပရေးရာ ဆေးပညာ နှင့် ခွဲစိတ်တွင် ယုံကြည်စိတ်ချရပီး ကမ္ဘာ့အဆင့်မှီ ဆေးရုံတခု ဖြစ်တဲ့ Masterpiece Plastic Surgery Hospital ဖြင့် ချိတ်ဆက်ထားပါတယ်ဗျ
Masterpiece Plastic Surgery Hospital မှ ဒေါက်တာ Se၊ Dr. Rawiwat Maschamadon နှင့်အတူ အလှအပရေးရာ အတွေ့အကြုံ ကြာမြင့်သော ဆေးအဖွဲ့၏ အကြီးအကဲ၊ အတွေ့အကြုံရှိတဲ့ ဆေးအဖွဲ့နဲ့ နာမည်ကြီး ဆရာဝန်တွေ အပါအဝင်ပေါင်းစပ်ထားသော ဆေးရုံကြီးဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးနေစဉ်အတွင်း ခြေလှမ်းတိုင်းကို သေချာဂရုစိုက်ပေးမှာပါခဗျ။ ဆရာဝန်တိုင်းတွင် အထူးကျွမ်းကျင်မှုရှိသည့် အတွက် ထိထိရောက်ရောက် ဂရုစိုက်ဖို့လိုအပ်တဲ့ အရေးကြီးတဲ့အချက်တွေကို အာရုံစိုက်နိုင်စေတယ်။ ခွဲစိတ်မှု ၊ ဆံပင် အစားထိုးခြင်း ၊ အသားအရေ ထိန်းသိမ်းခြင်း ၊ ပုံသဏ္ဍာန်၏ သီးခြားနေရာများကို ချိန်ညှိခြင်း လှပသောအသွင်အပြင်ရှိရန်ပြဿနာများကိုဖြေရှင်းပေးနိုင်ပါတယ်ခဗျ။
သက်ဆိုင်ရာ ဆရာဝန်က ပထမအဆင့်ကနေ ခွဲခြမ်းစိတ်ဖြာပြီး ဆွေးနွေးပေးပါလိမ့်မယ်။ ပြီးမှာ သာ လူကြီးမင်းတို့ လိုချင်ရာ ဖြစ်ချင်ရာ ကို ပြင်ဆင်ဖန်တီးပေးပါတယ်ဗျ။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Life Asoke Rama9
Bangkok
10400