Shwe Link

Shwe Link

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Shwe Link, หนังสือเดินทางและบริการวีซ่า, Room 3037 , 3/F Summer Hill, 1106 Sukhumvit Rd. , Phrakhanong, Klongtoey, Bangkok.

ထိုင်းနိုင်ငံရောက် မြန်မာများ (အလုပ်လုပ်သူ၊ student၊ tourist) အတွက် visa၊ work permit၊ မြန်မာသံရုံးဆိုင်ရာနှင့် အခြားဥပဒေရေးရာ အကူအညီများကို ShweLink က ကူညီဆောင်ရွက်ပေးနေပါတယ်။ Online App သို့မဟုတ် ရုံးခန်းတွင် ယုံကြည်စိတ်ချစွာ လာရောက်တိုင်ပင်နိုင်ပါတယ်။

16/06/2026

တူညီတယ်ထင်ရပေမယ့် ကွဲပြားနေတဲ့ ဝေါ့ပါမစ် (ဘတ်) နဲ့ Non-LA Visa လုပ်ငန်းစဉ်နှစ်ခု။

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား အများစုကိုင်ဆောင်ထားကြတဲ့ ဝေါ့ပါမစ်စာရွက်တွေ၊ ကဒ်တွေဟာ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နိုင်ဖို့ အများစုကြားဖူးနေမှာဖြစ်တဲ့ ထိုင်းအလုပ်သမားရေးရာဦးစီးဌာန (DOE) ကနေ ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့် အထောက်အထားတစ်ခုပါ။

ကွဲပြားသိရမှာက ဒီ ဝေါ့ပါမစ်စာရွက်တွေ၊ ကဒ်တွေဟာ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်အတွက် အထောက်အထားတစ်ခုသာဖြစ်ပြီး ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နိုင်တဲ့ အခု လုပ်ငန်းစဉ်ကြီး တစ်ခုလုံး ပြီးပြည့်စုံဖို့ဆိုရင် ထိုင်းလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (Immigration) ကနေပြုလုပ်ပေးထားတဲ့ Non-LA ဗီဇာတုံးကို မိမိတို့ရဲ့ Passport, CI စာအုပ်ထဲ ထည့်ထားရပါသေးတယ်။

အလွယ်မှတ်ရရင်
- ဝေါ့ပါမစ် (Work Permit): ထိုင်းနိုင်ငံရဲ့ အလုပ်သမားဦးစီးဌာန (DOE) ကနေ သတ်မှတ်ထားတဲ့ အလုပ်ရှင်အောက်မှာ "တရားဝင် အလုပ်လုပ်ကိုင်ခွင့်" ပေးထားတဲ့ စာရွက်စာတမ်း ဖြစ်ပြီး
- Non-LA Visa (ဗီဇာ): ထိုင်းနိုင်ငံ လဝက (Immigration) ကနေ မိမိရဲ့ ပတ်စပို့ သို့မဟုတ် CI စာအုပ်ထဲမှာ "တရားဝင် နေထိုင်ခွင့်" ပေးတဲ့ ဗီဇာတုံး ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်နှစ်ခုအပေါ် တချို့ကလည်း ဝေါ့ပါမစ်အထောက်အထားတွေရပြီးရင် ဗီဇာမထုဘဲ နေလို့ရပါတယ်ဆိုနိုင်ပေမယ့် လက်တွေ့ဆန်တဲ့အစစ်ဆေးတွေကြုံလာတဲ့အခါ၊ အခြားသော ဥပဒေကြောင်းအရလုပ်ဆောင်ရမယ့် ကိစ္စတွေရှိလာတဲ့အခါ တရားဝင်စာရွက်စာတမ်းတွေရှိထားမှသာ ဥပဒေက ကိုယ့်ကိုအကာအကွယ်ပေးနေမှာဖြစ်ပါတယ်။

အခုဆိုရင် ဘတ်သစ်ပြုလုပ်ထားတဲ့သူများအတွက် ဗီဇာထုရမယ့်ရက်ကို လာမယ့်လ ဇူလိုင် ၃၁ အထိပဲ ခွင့်ပြုပေးထားပါတယ်။ ဒါကြောင့်ဒီထက်ပိုပြီး နောက်မကျခင် ဗီဇာတုံးထုထားကြဖို့ လိုအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ Shwe Link မှာ Visa ဝန်ဆောင်မှု ပြုလုပ်ပေးပါတယ်။ အသေးစိတ်အတွက်ကို Shwe Link Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

📞 063 892 0531, 062 950 3846

#ထိုင်းရောက်မြန်မာလုပ်သားများ #မြန်မာလုပ်သား #ဝေါ့ပါမစ် #ဘတ် #ဗီဇာ #ဗီဇာထုခြင်း #ထိုင်းဗီဇာ #လဝက #အလုပ်သမားရုံး #ထိုင်းနိုင်ငံအလုပ်သမား #စာရွက်စာတမ်းဝန်ဆောင်မှု

15/06/2026

ဘတ်သစ် (ဝေါ့ပါမစ်) သမားများ...ဗီဇာထုခွင့် နောက်လဆို ကုန်ပြီ!

ဘတ်သစ်ပြုလုပ်ထားတဲ့သူတွေ Non-LA Visa စာအုပ်ထဲထည့်ဖို့ ၃၀.၀၇.၂၀၂၆ ရက်နေ့ အထိပဲ အချိန်ရပါတော့တယ်။ အဲဒီရက်ကျော်သွားရင်တော့ ဒီ ၂၀၂၆ ခုနှစ်မှာ Visa ထုလို့မရတော့ပါဘူး။

ဒါကြောင့် မိမိတို့ရဲ့ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့်ရရှိဖို့ Non-LA Visa ကို Passport / CI စာအုပ်တွေထဲ သွားရောက်တုံးထုထားဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ Shwe Link မှာ ဗီဇာထုပေးတဲ့ ဝန်ဆောင်မှုပေးနေပါပြီ။

ဝန်ဆောင်ခနှုန်းထား - ဘတ် ၂၀၀၀

လိုအပ်တဲ့ စာရွက်စာတမ်းများကတော့ -
- Work Permit စာရွက်,
- ဘောထော ၅၀,
- ၉၀၀ တန် ငွေချေစာရွက်တို့ လိုအပ်ပါတယ်။
ဝေါ့ပါမစ် ဘတ်သစ်သမားများ လက်ဗွေနိုပ်စာရွက် လိုအပ်ပါတယ်။

ကြာချိန် - မနက်အပ်လိုက်တာနဲ့ နောက်နေ့ဆို Visa ပါပြီးသား Passport ပြန်ရပါပြီ။

📞 063 892 0531, 062 950 3846

#ထိုင်းရောက်မြန်မာလုပ်သားများ #မြန်မာလုပ်သား #ဝေါ့ပါမစ် #ဘတ်သစ် ုံးထုခြင်း #ဗီဇာထုခြင်း #ထိုင်းဗီဇာ #ထိုင်းနိုင်ငံအလုပ်သမား #လဝက #ရွှေလင့်ခ် #စာရွက်စာတမ်းဝန်ဆောင်မှု

13/06/2026

ဘယ်ဆေးရုံတွေက သက်သာဆုံးဖြစ်မလဲ?
Shwe Link Care

နှုန်းထားသက်သာတဲ့ အစိုးရဆေးရုံများ။

ထိုင်းနိုင်ငံမှာ နေထိုင်ရင်း ကျန်းမာရေးမကောင်းလို့ ဆေးရုံပြရတော့မယ်ဆိုရင် ဆေးဖိုးဝါးခ ဈေးကြီးမှာ စိုးရိမ်တာ၊ ဘယ်ဆေးရုံက ယုံကြည်စိတ်ချရမှန်း မသိတာနဲ့ ထိုင်းစကား ကောင်းကောင်းမရလို့ အခက်အခဲရှိမှာကို စိတ်ပူနေကြတဲ့ လူကြီးမင်းတို့အတွက် Shwe Link Care ကနေပြီး ဒီနေ့မှာတော့ ဆေးကုသစရိတ် ဈေးနှုန်းသက်သာပြီး ထိုင်းနိုင်ငံရဲ့ အစိုးရဆေးရုံတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ Siriraj Hospital နဲ့ King Chulalongkorn Memorial Hospital ဆေးရုံကြီး (၂) ခုကို ညွှန်းပေးချင်ပါတယ်။

ဆေးရုံကြီးများရဲ့ အားသာချက်များမှာဆိုရင် -

Siriraj Hospital (ဆီရီရာ့ခ် ဆေးရုံကြီး): ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဆေးတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ Mahidol University ကနေ စီမံခန့်ခွဲတဲ့ ဆေးရုံကြီးဖြစ်ပြီး ထိုင်းနိုင်ငံသားများသာမက နိုင်ငံခြားသားများကြားမှာပါ ခွဲစိတ်ကုသမှုပိုင်း၊ ရှုပ်ထွေးပြီး ကုသရခက်ခဲတဲ့ ရောဂါဝေဒနာများနဲ့ ဆေးဘက်ဆိုင်ရာ သုတေသနပိုင်းတွေမှာ နာမည်ကျော်ကြားတဲ့ ဆေးရုံကြီးဖြစ်ပါတယ်။

King Chulalongkorn Memorial Hospital (ချုလာလောင်ကွန်း ဆေးရုံကြီး): ထိုင်းနိုင်ငံ ကြက်ခြေနီအသင်းရဲ့ စီမံမှုနဲ့ လည်ပတ်နေတဲ့ ဆေးရုံကြီးဖြစ်ပြီး နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ အထွေထွေရောဂါကုသမှုပိုင်းတို့မှာ နာမည်ရှိပြီးသားဆေးရုံကြီး ဖြစ်ပါတယ်။

ဆေးရုံပြမယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတမ်းတွေအနေနဲ့ -

(၁) Passport (ပတ်စပို့ မူရင်း)
(၂) Work Permit (ဝေါ့ပါမစ် / အလုပ်သမားကတ်)
(၃) SSO Card / လူမှုဖူလုံရေးကတ် (ရှိလျှင်)
(၄) ဆေးမှတ်တမ်းဟောင်းများနှင့် သောက်လက်စဆေးများ (ရှိလျှင်)

ဆေးရုံနှစ်ခုလုံးဟာ အစိုးရဆေးရုံတွေဖြစ်တာကြောင့် လုပ်ငန်းစဉ်တွေကတူညီကြပြီး လုပ်ငန်းစဉ်တွေကတော့ -

- အဆင့် ၁ (လူနာသစ်မှတ်ပုံတင်ခြင်း): Registration Counter မှာ မိမိရဲ့ Passport ပြပြီး လူနာအသစ်အဖြစ် စာရင်းသွင်း (Register) ပြုလုပ်ရပါမယ်။
- အဆင့် ၂ (HN နံပါတ်ရယူခြင်း): ပထမဆုံးအကြိမ် ပြတာဖြစ်တာကြောင့် Hospital Number (HN)ပါဝင်တဲ့ ID ကဒ် ကို ထုတ်ပေးပါလိမ့်မယ်။ နောက်ပိုင်း ဆေးရုံထပ်ပြတဲ့အခါ ဒီနံပါတ်တစ်ခုတည်းနဲ့ပဲ မိမိရဲ့ ဆေးမှတ်တမ်းအားလုံးကို ဖော်ပြပေးထားမှာမို့ သေချာသိမ်းထားရပါမယ်။
- အဆင့် ၃ (ပြသမည့်ဌာန/ ဆရာဝန် ရွေးချယ်ခြင်း): မိမိဖြစ်ပွားတဲ့ ရောဂါအလိုက် သက်ဆိုင်ရာ ဌာနအသီးသီးကို ရွေးချယ်ပြသရပါမယ်။ ဥပမာအားဖြင့်
အထွေထွေရောဂါကုဌာန
အရိုးနှင့် အကြောအဆစ်ကုဌာန
အာရုံကြောကုကရေးဌာန
နား၊ နှာခေါင်း၊ လည်ချောင်းကုဌာန
- အဆင့် ၄ (ဆရာဝန်နှင့် ပြသခြင်း): ရက်ချိန်းအလိုက် ဆရာဝန်နှင့် တွေ့ဆုံပြသနိုင်ပါပြီ။

အစိုးရဆေးရုံများဟာ လူနာအမြဲများပြားတတ်တာကြောင့် မနက်အစောကြီး သွားရောက်ပြသဖို့ အထူးတိုက်တွန်းလိုပါတယ်။

Work Permit ဘတ်ရိုက်ပြီး လူမှုဖူလုံရေးကြေး ပေးဆောင်ထားသူများ အနေနဲ့ သိထားရမှာကတော့ SSO Card ဟာ အစိုးရဆေးရုံတိုင်းမှာ ပြသလို့ရတာ မဟုတ်ပဲ မိမိပြုလုပ်ထားတဲ့ SSO ရုံးနဲ့ ချိတ်ဆက်ထားတဲ့ ဆေးရုံမှာသာ သတ်မှတ်ထားတဲ့ အခြေအနေများနှင့် ရောဂါများအတွက် အခမဲ့ ပြသကုသနိုင်မှာ ဖြစ်ပါတယ်။

အခုလို ထိုင်းနိုင်ငံမှာ နေထိုင်ရင်း ဆေးရုံဆေးခန်းပြသဖို့ လိုအပ်လို့ပဲဖြစ်စေ၊ အခက်အခဲတစ်စုံတစ်ရာ ရှိလို့ပဲဖြစ်စေ Shwe Link Care Page Messenger မှာ အချိန်မရွေး လာရောက်မေးမြန်း တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။

📞 +66 62 327 4597

#ထိုင်းရောက်မြန်မာ #ဆေးရုံဆေးခန်း #ထိုင်းအစိုးရဆေးရုံ #ကျန်းမာရေးစောင့်ရှောက်မှု #လူမှုဖူလုံရေး #ပကန်ဆန်ခုံး #မြန်မာလုပ်သား #ရွှေလင့်ခ်ကဲ #ထိုင်းနိုင်ငံကျန်းမာရေး #ဆေးရုံပြသခြင်း

Photos from Shwe Link's post 12/06/2026

အလုပ်မရသေးဘူးလား? အခုပဲ လျှောက်ထားလိုက်ပါ!

ထိုင်းနိုင်ငံကို ရောက်ရှိပြီး အလုပ်အကိုင် လိုအပ်နေကြတဲ့သူတွေအတွက် ဒီအပတ်အတွင်း အမြန်ခေါ်ယူနေတဲ့ အလုပ်အကိုင် (၄) ခုကို စုစည်းပေးထားပါတယ်။ ခေါ်ဆိုနေတဲ့ ရာထူးများနှင့် လုပ်ငန်းခွင် အသေးစိတ် အချက်အလက်များကိုတော့ ပုံတစ်ပုံချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုပေးပါခင်ဗျာ။

ခေါ်ယူနေသော အလုပ်ရာထူးများ -
- စက်ရုံလုပ်သား
- သန့်ရှင်းရေး ဝန်ထမ်း (စက်ရုံ / ကုမ္ပဏီရုံးခန်း)

လျှောက်ထားလိုသူများအနေဖြင့် စိတ်ဝင်စားတဲ့ လုပ်ငန်းခွင်အသေးစိတ်ကို ပုံတစ်ပုံချင်းစီတွင် သေချာကြည့်ရှုပြီး မိမိ လျှောက်ထားလိုတဲ့ အလုပ်ရှိပါက Shwe Link Page Messenger သို့ မိမိတို့ရဲ့ အမည် + ဖုန်းနံပါတ်ကို တိုက်ရိုက်ပို့ပေးပြီး အမြန်ဆုံး လာရောက်စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ။

📞 063 892 0531, 062 950 3846

#ထိုင်းအလုပ်အကိုင် #ထိုင်းရောက်မြန်မာလုပ်သားများ #မြန်မာလုပ်သား #စက်ရုံအလုပ် #အလုပ်အကိုင်အခွင့်အလမ်း #အလုပ်ရှာဖွေနေသူများ #ထိုင်းနိုင်ငံအလုပ်အကိုင် #အလုပ်အမြန်ရရှိမည်

11/06/2026

Passport အသစ်ရတာနဲ့ ဗီဇာ ပြန်ထည့်ပါ။

ထိုင်းနိုင်ငံမှာ နေထိုင်ရင်းနဲ့ Passport သက်တမ်းကုန်လို့ စာအုပ်အသစ် လဲလှယ်ခဲ့မယ်ဆိုရင် Passport စာအုပ်ဟောင်းထဲက Visa (ဗီဇာ) ကို စာအုပ်အသစ်ထံသို့ ၇ ရက်ကနေ ၁၅ ရက်အတွင်း ထိုင်း immigration ရုံးမှာ သွားရောက် ပြောင်းရွှေ့ပေးဖို့ အကြံပြုလိုပါတယ်။

အကြောင်းကတော့ ကိစ္စတစ်ချို့မှာဆိုရင် စာအုပ်အသစ်ရရှိပြီးနောက် (၁၅) ရက်အတွင်း ဗီဇာတုံး ပြောင်းရွှေ့ထည့်သွင်းထားခြင်း မရှိတဲ့အခါ၊ လဝက ရုံးတွေမှာ ရက်လွန်ဒဏ်ကြေး ပေးဆောင်ရတဲ့ ဖြစ်စဉ်မျိုးတွေအထိ ကြုံတွေ့နေရလို့ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို Visa ပြောင်းရွေ့ထားမယ်ဆိုရင် နောက်ပိုင်းလုပ်ဆောင်လာရမယ့် TM 30, 90 Days Report, Visa Extension, Re-entry ကိစ္စရပ်တွေအပြင် အလုပ်လုပ်ကိုင်နေကြတဲ့သူတွေအတွက် work permit လုပ်ငန်းစဉ်များဟာ ပိုမိုလွယ်ကူမြန်ဆန်မှာဖြစ်ပါတယ်။

Passport သက်တမ်းတိုးအတွက် Immigration ကိုယ်တိုင်သွားရောက်ဖို့ အခက်အခဲရှိနေခဲ့ရင် ကျွန်တော်တို့ Shwe Link မှာ Passport သက်တမ်းတိုး ဝန်ဆောင်မှုကို စနစ်တကျ ဆောင်ရွက်ပေးနေပါပြီ။

ဝန်ဆောင်ခ နှုန်းထားများအနေနဲ့ -
- ပတ်စပို့ သက်တမ်းတိုး ဝန်ဆောင်ခ ၃,၅၀၀ ဘတ် သာ ကျသင့်မှာ ဖြစ်ပါတယ်။
- အခွန်ဆောင်ရမည့် Passport စာအုပ်များအတွက် မိမိတို့ရဲ့ ဗီဇာရက်အလိုက် အခွန်ခ ရှိပါမယ်ခင်ဗျာ။

ပတ်စပို့ သက်တမ်းတိုးခြင်းနှင့် ဗီဇာတုံး ထုခြင်း ဝန်ဆောင်မှုများအတွက် စိတ်ချယုံကြည်စွာ ဆောင်ရွက်ချင်တယ်ဆိုရင်တော့ အခုပဲ Shwe Link ရဲ့ Page Messenger မှာ လာရောက်ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ။

📞 063 892 0531, 062 950 3846

#ထိုင်းရောက်မြန်မာ #ပတ်စပို့သက်တမ်းတိုး ်တမ်းတိုး #ဗီဇာတုံးပြောင်းခြင်း #ထိုင်းဗီဇာ #မြန်မာလုပ်သား #ထိုင်းနိုင်ငံအလုပ်သမား #စာရွက်စာတမ်းဝန်ဆောင်မှု #လဝက #ဗီဇာဝန်ဆောင်မှု

10/06/2026

ဝေါ့ပါမစ်ကတ် သွားထုတ်ရမည့် နေရာများ။

Work Permit ကတ်ထုတ်ဖို့ ရက်ချိန်း (Appointment) ယူရတာကခက်ခဲတာကြောင့် ရက်ချိန်းရထားပြီးသူများအနေနဲ့ ကိုယ်ထုတ်ယူရမယ့်နေ့ကို သတိထားသင့်သလို ကတ်ထုတ်ဖို့ သွားရမယ့်နေရာကလည်း ထိုင်းနိုင်ငံအနှံ့အပြား ရှိနေတဲ့အတွက်ကြောင့် ဂရုပြုဖို့မှာကြားလိုပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Shwe Link နဲ့ပြုလုပ်ထားကြတဲ့ လူကြီးမင်းတို့အနေနဲ့လည်း မိမိတို့ရဲ့ work permit ရက်ချိန်း စာရွက်ပေါ်က နေရာများကို သေချာစိစစ်ပြီး ဖော်ပြပါ ရက်အတိုင်း သွားရောက် ထုတ်ယူနိုင်ပါတယ်။ ကာစတန်မာများ အများစုသွားရောက်ရမည့် ရုံးတည်နေရာများကို အလွယ်တကူ သိရှိနိုင်ဖို့ ဖော်ပြပေးထားပါမယ်။ -

📍 ၁။ နွန်သဘူရီရုံး
https://maps.app.goo.gl/wC9PdaRKcRg4QBbn8

📍 ၂။ Lak Siရုံး
https://maps.app.goo.gl/M2Xgeu4HaRWEZJrN7

📍 ၁။ ကန်ချနဘူရီရုံး
https://maps.app.goo.gl/9jknTqHvVNzHGKuW7

ဘန်ကောက်ရဲ့ ကားလမ်းပိတ်ဆို့မှုများနှင့် ရုံးတွင်း လူဦးရေ များပြားတတ်ခြင်းတို့ကြောင့် မိမိတို့ရဲ့ ရက်ချိန်း စာရွက်မှာပါတဲ့ အချိန်ထက် အနည်းဆုံး နာရီဝက်ခန့် ကြိုတင်ရောက်ရှိနေဖို့ တိုက်တွန်းလိုပါတယ်။

📞 063 892 0531, 062 950 3846

ဝေါ့ပါမစ်နှင့် ပတ်သက်ပြီး ထပ်မံသိရှိလိုပါက မိမိတို့ရဲ့ စာရွက်စာတမ်းပုံလေးများနှင့်တကွ Shwe Link Page Messenger မှာ အခုပဲ လာရောက်မေးမြန်းနိုင်ပါတယ်ဗျာ။

#ထိုင်းရောက်မြန်မာလုပ်သားများ #ဝေါ့ပါမစ် #ဝေါ့ပါမစ်ကတ် #ဝေါ့ပါမစ်ထုတ်ယူခြင်း #အလုပ်သမားရုံး #ထိုင်းနိုင်ငံအလုပ်သမား #မြန်မာလုပ်သား #ထိုင်းဗီဇာ

09/06/2026

ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားလုပ်ကိုင်ခွင့်မရှိသော အလုပ်များ။

ထိုင်းနိုင်ငံမှာ ရောက်ရှိလုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမားတွေအနေနဲ့ အထူးသတိပြုရမယ့်အချက်ကတော့ ကိုယ့်မှာ Work Permit (ဘတ်) ရှိနေရင်တောင်မှ ဥပဒေအရ လုံးဝလုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အကိုင် ၃၀ ကျော် ရှိပါသေးတယ်။ ဒီအလုပ်တွေဟာ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့် ကာကွယ်စောင့်ရှောက်ပေးထားတဲ့ အလုပ်တွေ ဖြစ်ပါတယ်။

အလုပ်အကိုင် (၃၀) ကျော်ရှိတဲ့ထဲ မြန်မာလုပ်သားတွေနဲ့ အဓိကသက်ဆိုင်ပြီး အများဆုံးသိထားသင့်တဲ့ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်တွေဆိုလို့ရှိရင် -

၁။ ယာဉ်မောင်းအလုပ်များ
Taxi မောင်းခြင်း၊ Grab မောင်းခြင်း (ထိုင်းကုမ္ပဏီဝန်ထမ်းအဖြစ်)၊ ဘတ်စ်ကားနှင့် ကုန်တင်ကား မောင်းခြင်းများကို နိုင်ငံခြားသား လုပ်ခွင့်မရှိပါ။ ချွင်းချက်အနေနဲ့ လေယာဉ်မှူးအလုပ်ကိုတော့ လုပ်ငန်းလိုအပ်ချက်အရ လုပ်ကိုင်ခွင့်ရှိပါတယ်။

၂။ အရောင်းဝန်ထမ်းများ
Cashier (ငွေကိုင်)၊ ဆိုင်အရောင်းဝန်ထမ်း (Sales) နှင့် ကောင်တာဝန်ထမ်း (Front Counter) အစရှိတဲ့ ဆိုင်ရှေ့မှာ ဖောက်သည်ကို တိုက်ရိုက်ရောင်းချဆက်ဆံရတဲ့ အလုပ်များ လုပ်ခွင့်မရှိပါ။

၃။ ဧည့်လမ်းညွှန်
ခရီးသွားလုပ်ငန်းဆိုင်ရာ ဧည့်လမ်းညွှန်အလုပ်သည် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ဖြစ်ပါတယ်။ ဒီနေရာမှာ ကွဲပြားသိရမှာက ဘာသာပြန်နဲ့ ဧည့်လမ်းညွှန် အလုပ်တို့ဖြစ်ပြီး ဘာသာပြန်အလုပ်ကိုတော့ နိုင်ငံခြားသား ဝင်ရောက်လုပ်ကိုင်ခွင့်ရှိပါတယ်။

၄။ ဆံပင်ညှပ် / အလှပြင်လုပ်ငန်း
ဆံပင်ညှပ်ဆရာနှင့် အလှပြင်အလုပ်များ လုပ်ခွင့်မရှိပါ။

၅။ ထိုင်းရိုးရာအနှိပ်
ထိုင်းရိုးရာအနှိပ်ပညာအလုပ်သည် ထိုင်းရိုးရာအလုပ်အဖြစ် ဥပဒေအရ သတ်မှတ်ထား သောကြောင့် နိုင်ငံခြားသားများဝင်ရောက်လုပ်ကိုင်ဖို့ တားမြစ်ထားပါတယ်။

၆။ ရုံးလုပ်ငန်းအချို့နှင့် ကျွမ်းကျင်မှုဆိုင်ရာများ
ဥပဒေရေးရာ ဝန်ဆောင်မှု၊ အတွင်းရေးမှူးအလုပ် နှင့် စာရင်းကိုင်/စာရင်းစစ် လုပ်ငန်းအချို့ကို နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိပါဗျာ။

တားမြစ်/ ကန့်သတ်အလုပ်တွေထဲ တချို့သော ကာယအားနဲ့လုပ်ကိုင်ရတဲ့ အလုပ်တွေဟာ မူလက ကန့်သတ်ချက်စာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့် ထိုင်းအစိုးရနဲ့ အိမ်နီးချင်းနိုင်ငံအစိုးရများအကြား ချုပ်ဆိုထားတဲ့ MOU ရွှေ့ပြောင်းလုပ်သား စည်းမျဉ်းများအရ မြန်မာ၊ ဗီယက်နမ်၊ လာအို လုပ်သားတွေကို သတ်မှတ်ထားတဲ့ ကဏ္ဍတွေမှာ တရားဝင် လုပ်ကိုင်ခွင့်ပြုထားတာတွေရှိပါတယ်။
ဥပမာအားဖြင့် အောက်ကလုပ်ငန်းကဏ္ဍတစ်ချို့မှာဆိုရင် Non-LA / MOU စနစ်တွေနဲ့ တရားဝင် လုပ်ကိုင်နိုင်ပါတယ် -
- စက်ရုံ / အလုပ်ရုံများ၊
- စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းများ၊
- ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊
- စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပါဝင်ပါတယ်။

အခုလို အဖမ်းအစီးများတဲ့ ကာလမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း အမြဲသတိပြုပြီး ဝေါ့ပါမစ်စာရွက်စာတမ်းအထောက်အထားများနဲ့ မိမိတို့ရဲ့ လုပ်ငန်းခွင် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးထားကြဖို့ လိုအပ်တဲ့အကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်ဗျာ။

Work Permit၊ ဗီဇာနှင့် အလုပ်သမားရေးရာအထွေထွေဝန်ဆောင်မှုများအတွက် Shwe Link Page Messenger မှာ အခုပဲ အချိန်မရွေး လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

📞 063 892 0531, 062 950 3846

#ထိုင်းရောက်မြန်မာလုပ်သားများ #မြန်မာလုပ်သား #ဝေါ့ပါမစ် #ထိုင်းအလုပ်သမားဥပဒေ #အလုပ်လုပ်ခွင့် #နိုင်ငံခြားသားလုပ်ကိုင်ခွင့် #ထိုင်းနိုင်ငံအလုပ်သမား #အလုပ်သမားရေးရာ #ဗီဇာဝန်ဆောင်မှု

07/06/2026

Work Permit ကဒ်ပျောက်တဲ့အခါ ဘာတွေလုပ်ဆောင်ရမလဲ?

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေရင်း မိမိရဲ့ Work Permit ကတ် ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် စိုးရိမ်စရာမလိုဘဲ အသစ်ပြန်လည်လျှောက်ထားနိုင်ပါတယ်။ Work Permit Card အသစ်လျှောက်ထားတော့မယ်ဆိုရင် အောက်ပါအဆင့်ဆင့်အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

၁။ ပထမဆုံးအနေနဲ့ မိမိရဲ့ လုပ်ငန်းခွင်က HR သို့မဟုတ် အလုပ်ရှင်ကို ကတ်ပျောက်ဆုံးကြောင်း အမြန်ဆုံး အကြောင်းကြားထားသင့်ပါတယ်။
၂။ ပြီးရင်တော့ ကတ်ပျောက်ဆုံးကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်း ထောက်ခံစာ ယူထားတာ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ DOE (အလုပ်သမားရုံး) တွေက အသစ်ပြန်လျှောက်တဲ့အခါ ရဲစခန်းထောက်ခံစာ တောင်းတတ်လို့ဖြစ်ပါတယ်။
၃။ ဒါတွေအားလုံးပြီးရင် နီးစပ်ရာ Department of Employment (DOE) အလုပ်သမားရုံးမှာ အောက်က ဖော်ပြပေးမယ့် စာရွက်စာတမ်းတွေတင်ပြပြီး ပျောက်ဆုံးသွားတဲ့ ကတ်အစား နောက်ကဒ်တစ်ကဒ်ကို အသစ်ပြန်လည်ထုတ်ယူနိုင်ပါတယ်။

ကဒ်အသစ်ပြန်လျှောက်ဖို့ လိုအပ်မည့် စာရွက်စာတမ်းတွေအနေနဲ့:
- ပတ်စပို့စာအုပ်
- ဝေါ့ပါမစ် အချက်အလက်များ
- ရဲစခန်းတိုင်ချက်စာရွက်
- အလုပ်ရှင်ဘက်မှ စာရွက်စာတမ်းများ (တချို့ကိစ္စရပ်များအတွက်)

ဒဏ်ငွေ (Fine) ရှိပါသလား?

ပုံမှန်အားဖြင့် ကတ်ပျောက်သွားတာတစ်ခုတည်းအတွက် ပြင်းထန်တဲ့ ဒဏ်ငွေ သို့မဟုတ် အပြစ်ပေးမှုမျိုး မရှိပေမယ့်၊ အလုပ်လုပ်နေစဉ်အတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်ကတ်ပြားကို ထုတ်မပြနိုင်ရင်တော့ အစစ်အဆေးနဲ့ ကြုံတဲ့အခါ အခက်အခဲ ဖြစ်နိုင်ပါတယ်ဗျာ။

အခုလို Work Permit ကိစ္စတွေ၊ အခြားဗီဇာ ဝန်ဆောင်မှုများ ရယူလိုပါက Shwe Link Page Messenger မှာ အခုပဲ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

📞 063 892 0531, 062 950 3846

#ထိုင်းရောက်မြန်မာလုပ်သားများ #ဝေါ့ပါမစ်ကတ်ပျောက်ဆုံးခြင်း #အလုပ်သမားကတ် #ထိုင်းရောက်မြန်မာလုပ်သားများ #ဝေါ့ပါမစ် #ဝေါ့ပါမစ်ကတ်ပျောက် #အလုပ်သမားကတ် #ထိုင်းနိုင်ငံအလုပ်သမား #ထိုင်းအလုပ်သမားဥပဒေ

06/06/2026

Passport မရှိတဲ့ ၃၁.၃.၂၀၂၆ ဝေါ့ပါမစ် သက်တမ်းတိုးသမားတွေ CI စာအုပ်လျှောက်ထားပါ။

၃၁.၃.၂၀၂၆ Work Permit သက်တမ်းတိုးသမားတွေအတွက် CI လျှောက်ထားခွင့်ကို ယခင် ၂၀၂၆ မေလ ၁၇ ရက်အထိသာ ခွင့်ပြုပေးခဲ့ရာမှ အခုအခါ ၂၀၂၆ ဩဂုတ်လ ၁၇ ရက်အထိ ရက်ထပ်တိုး ခွင့်ပြုပေးထားပါတယ်။

CI လျှောက်ထားဖို့အတွက် လိုအပ်မယ့် စာရွက်စာတမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- မြန်မာမှတ်ပုံတင် (မူရင်းနှင့် မိတ္တူ)
- အိမ်ထောင်စုစာရင်း (ရှိပါက)
- Work Permit (ဝေါ့ပါမစ်) နှင့် ငွေချေစာရွက် (Receipt)

ကျွန်တော်တို့ Shwe Link နဲ့ ချိတ်ဆက်ပြီး CI လျှောက်ထားမယ်ဆိုရင်တော့
(၁) CI စာအုပ်အသစ် - သက်တမ်း (၄) နှစ်အပြည့် ပါဝင်မည့် စာအုပ်အသစ်။
(၂) OWIC Card - မြန်မာအစိုးရအသိအမှတ်ပြု အလုပ်သမားကတ်။
(၃) UID Smart Card - စမတ်ကတ် စတာတွေကို တစ်ခါတည်း ရရှိပါမည်။

* ဗီဇာပါ တစ်ပါတည်း ထုမည့်သူများအတွက် ပထမဗီဇာတုံးကို ၂၈.၉.၂၀၂၆ အထိနှင့် ဒုတိယဗီဇာတုံးကို ၃၁.၃.၂၀၂၇ အထိ စိတ်ချရအောင် အပြီးအစီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

📞 063 892 0531, 062 950 3846

05/06/2026

ပကန်ဆူကာဖက်နဲ့ ပကန်ဆန်ခုံး (SSO) ကွာခြားချက်။

📞 063 892 0531, 062 950 3846

#ထိုင်းအလုပ်အကိုင် #ထိုင်းနိုင်ငံ #ပကန်ဆူကာဖက် #ပကန်ဆန်ခုံး #ထိုင်းဗဟုသုတ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง การปฏิบัติตามกฎหมาย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Room 3037 , 3/F Summer Hill, 1106 Sukhumvit Rd. , Phrakhanong, Klongtoey
Bangkok
10110

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
เสาร์ 09:00 - 13:00