fromShoon

fromShoon

แชร์

🤎 Design solutions for businesses and events
🧡 Love to find unexpected pretty creations✨

14/03/2026

Hightlight video of Wander Society by Creatives Society 🧡💚

Photos from fromShoon's post 14/03/2026

Wander Society by Creatives Society 🧡💚

A networking and market event under Creative Society.

The hippie theme was originally introduced by CS in previous years. For this project, my role was to refine and align the visual direction while developing a clearer brand guideline around the Love & Peace hippie concept.

The goal was to keep the spirit of the original theme while making the design system more consistent and visually unified.

📩 Open for design projects
DM or contact via Gmail.

Photos from fromShoon's post 14/03/2026

Haunted Paradise👻
A Halloween networking party organized by Creatives Society
For this project, I was responsible for the KV, overall visual direction, and event branding.

Design deliverables included:
• Key Visual (KV)
• Event branding system
• Invitation letters
• Social media graphics
• AR tiktok filter

I also designed the Creative Society logo before, and for this event we elevated the style with a special spooky version to match the Halloween theme.

A fun project combining branding, atmosphere, and event storytelling.

More details coming soon.

📩 Available for design projects
DM me or contact via gmail🧡

Photos from fromShoon's post 13/03/2026

Gestalt Principlesဆိုတာဘာလဲ🔗📜
Design လောကမှာGestalt Principles ဆိုတာ လူတွေ visual elements တွေကို ဘယ်လိုမြင်ပြီး ဘယ်လို group လုပ်သဘောပေါက်ကြသလဲဆိုတာကိုရှင်းပြတဲ့ principle တွေပါ🏡

ဒီ principles တွေက ၁၀ ခုထက်ပိုပြီး ရှိပါတယ်။ ဒါပေမယ့် ဒီ post မှာတော့ အရေးပါဆုံး core principles ၆ ခုကို ပုံအောက်မှာရှင်းပြပေးထားပါတယ်။

13/03/2026

“လေလိုလွတ်လပ်မှု”🛹💛🩵

Photos from fromShoon's post 12/03/2026

🧡Principles of Design
အဲ့လိုဒီဇိုင်းတွေ မြင်ဖူးလား🐈‍⬛🧡

ကြည့်လိုက်တာနဲ့ မျက်စိမလွှဲနိုင်အောင် ဆွဲဆောင်တတ်တဲ့ ဒီဇိုင်းတွေရှိသလို၊
တချို့ဒီဇိုင်းတွေကတော့ ဘာကြည့်ရမှန်းမသိ၊ ဘာပြောချင်တာလည်း မသိ ဖြစ်နေတတ်ပါတယ် 🤔

ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ Design Principles က အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပါ။

အရင်တစ်ခါ ပြောပြခဲ့တဲ့ Elements of Design ကို ဟင်းချက်ဖို့ အသုံးပြုမယ့် raw ingredients လို့ယူဆရင်🧑‍🍳🥘

Principles of Design ကတော့
အဲ့ဒီ ingredients တွေကို ဘယ်လိုပေါင်းစပ်ပြီး ဟင်းချက်မလဲဆိုတဲ့ နည်းလမ်း လို့ နားလည်နိုင်ပါတယ်။

အခြေခံနားလည်လွယ်အောင် အောက်မှာ ဆက်ရှင်းပြပါမယ်✍️

🧡Contact for projects // Dm or [email protected]

crd examples pics

26/02/2026

Illustration artwork by me🤎had a new experience drawing✍️☺️

“ပြာရီမှိုင်းကာမို့မို ညို့ညို့ညိုလွင်
ညင်းလေပြည် သွေးလို့သာ ဖေးမကူချင်
တိမ်လွှာလေးတွေပြေးကာ တရွေ့ရွေ့ယူငင်
ငြိုးလှောင်ကာ ပြုံးဝင့်မို မိုးပဇ္ဇုန်ရှင်”

အသက်အရွယ်၊ အတွေ့အကြုံ၊ ဘဝအသိ ဟူ၍မည်မည်ရရမရှိသေးသော အချိန်ကတည်းက စွဲလမ်းနှစ်သက်မက်မောခဲ့ရသော လူပုဂ္ဂိုလ်တစ်ဦးကို အချိန်ယန္တရား၊ လောက၏ လှိုင်းတံပိုး၊ ဘဝအမြင်၊ လောကအမြင်၊ ပညတ်နှင့် ပရမတ် ခွဲခြမ်းနိုင်သည့်အသိ စသည့် အသွင်အမျိုးမျိုး ပုတ်ခတ်ရိုက်ခတ်ခဲ့သည့်တိုင်အောင် ဆက်လက်၍ စွဲလမ်းနှစ်ခြိုက်နိုင်ရန်မှာ အင်မတန်မှ ခက်ခဲလှပေသည်။ အထူးသဖြင့် အထင်ကြီးလေးစားနိုင်ရန် သာ၍ပင် ခက်ခဲပါသေးသည်။ သို့သော် မည်သည့်အရာတွေ မည်ကဲ့သို့ပင်ရွေ့ပြောင်းပြောင်း၊ နှစ်ကိုလစား ရက်တွေခြား၍ ပြက္ခဒိန်များ မည်သို့ပင်ဟောင်းဟောင်း၊ သမိုင်းသက္ကရာဇ်တွေလည်း မည်သို့မည်ပုံ ယိမ်းစောင်းစောင်း၊ မည်သည့်နည်းလမ်းမျိုးစုံဖြင့် အချိန်ယန္တရားကြီး သွေးထိုးထိုး မပြောင်းလဲဘဲ တသမတ်တည်း အထင်ကြီးလေးစား ကြိုက်နှစ်သက်ခဲ့ရသည့် “စွယ်စုံရ” အနုပညာရှင်ကြီးတစ်ဦး စာဖတ်သူတို့ ရင်ထဲနှလုံးသားထဲမှာ ကိန်းအောင်းရှိနေမည်ကို ခံစားသိဖြင့် သိနေပါသည်။ ထိုသူသည် တခြားမဟုတ်ပါ။ ဦးဝင်းဦးဖြစ်ပါသည်။

တိုင်းသိပြည်သိရုပ်ရှင်မင်းသား၊ အကယ်ဒမီ ၂ ဆုရှင် (ဆောင်းအိပ်မက် ၊ မှုံရွှေရည်)၊ ကိုယ်ပိုင်ဟန်နှင့် စာရေးဆရာတစ်ဦး၊ ရုပ်ရှင်ဒါရိုက်တာ၊ မဂ္ဂဇင်းတိုက်ပိုင်ရှင် (စန္ဒာအော့ဖ်ဆက်)၊ ကိုယ်ပိုင်ရုပ်ရှင်ကုမ္ပဏီ (စန္ဒာထုတ်လုပ်ရေး)၊ ခေတ်ဟောင်း သီချင်းကြီး သီချင်းခံ တိုင်းပြုပြည်ပြုသီချင်းများသာမက ကာလပေါ်အထိ ဖြန့်ကြက်နိုင်သော အဆိုရှင်တစ်ဦး၊ ကင်းဝန်ဓာတ်ပြားကုမ္ပဏီကိုလည်း တည်ထောင်ခဲ့သူတစ်ဦး။ အဲဗစ်ပရက်စလေလား ဝင်းဦးများလား။ ‘မင်းထင်ရွှေမှန်’ ရာဇဝင်ဇာတ်ကား ဇာတ်ညွှန်း၊ ‘ချစ်သောသူတစ်ယောက်’ ၊ ‘နှစ်ယောက်တည်းနေချင်တယ်’ မှအစပြု၍ ဂီတာလေး ပခုံးပေါ်ထမ်းရင်း ‘မီးပုံပွဲ’၊ ‘တေလေငှက်’ သီချင်းတို့ဖြင့် ရုပ်ရှင်လောကထဲ ခြေချလာသော ဦးဝင်းဦးဟာ ‘ခိုင်မာလာနှင်းဆီ’ အထိ မာန်‌လျော့ခြင်းမရှိခဲ့ပါဘူး။ ဆရာနတ်နွယ်က ဦးဝင်းဦး၏ လက္ခဏာကိုကြည့်ရင်း ‘ခင်ဗျား အသက် ၅၀ နောက်ပိုင်းမှာ ထူးခြားတဲ့အောင်မြင်မှုတွေရဦးမယ်’ ဟုပြောသောအခါ ပြုံးရယ်ရင်း ‘ကောင်းတာပေါ့ဗျာ ’ဟုပြောခဲ့သည်ကိုကြည့်ရင်း သူမြတ်နိုးသည့် အနုပညာလောကကြီးကို မည်မျှခင်တွယ်ကြောင်း အထင်ကြီးမှတ်ပိုက်ခဲ့ရပြန်သည်။

ဦးဝင်းဦး၏ စာပေအနုပညာ ဘဝအချိုးအဆစ်ကို ရိုးတိုးရိပ်တိပ်လှစ်ကြည့်ရသော် ကျောင်းသားဘဝအရွယ်ကတည်းက စာပေဝါသနာထုံသဖြင့် မဂ္ဂဇင်းရွှေခေတ်ဦးဖြစ်သည့်အလျောက် စာမူကလေးများ စမ်းပို့ကြည့်သည်။ အထူးသဖြင့် သွေးသောက်၊ ရှုမဝ စသည့်မဂ္ဂဇင်းကြီးများတွင် ညိုမင်းလွင်ကလောင်အမည်ဖြင့် ကလောင်သွေးခဲ့သည်။ ‘ဂျိန်း’၊ ‘သင်းမြေနံ့တကြိုင်ကြိုင် ’စသည့် ဝ တ္ထုကလေးများဖြင့် ခြေချခဲ့သည်။ နောက်ပိုင်းတွင် တက္ကသိုလ်ကျောင်းသားတစ်ဦး (ရှုမဝမဂ္ဂဇင်း ဝတ္ထုရှည်)၊ မိန်းမလှအမုန်း၊ ငွေလှိုင်းဇာပေါ်မှာ၊ ကျွန်တော်မွှေးတဲ့မီး စသည့်လုံးချင်းများအပြင် ရေဒီယိုတေး၊ တေးပေါင်းချု ပ်စသည့်တို့ကိုလည်း ပြုစုခဲ့ပါသေးသည်။ ‘ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန်’ တွင်လည်း ဦးဝင်းဦး၏ ဘဝအမြင်၊ လောကအမြင်၊ အနုပညာသဘောထားတို့ကို ရုပ်လုံးကြွကြွ ပီပီပြင်ပြင် ဖော်ပြထားရုံမက သူ၏အချစ်ရေးကိုလည်း ဆန်းစစ်ပြသထားပါ‌သည်။ သို့သော် ဝင်းဦးကို ဝင်းဦးဟု အများပြည်သူအသိအမှတ်ပြုခဲ့သည့်မှာ ရုပ်ရှင်ကြောင့်ပင်ဖြစ်ပါသည်။

ဦးဝင်းဦး ဆောင်ရွက်ခဲ့သော အနုပညာလှုပ်ရှားမှုများကို တင်ပြရလျှင် စာတစ်စောင်ပေတစ်ဖွဲ့နှင့် လောက်မည်မဟုတ်ပါ။ ရေးခဲ့သည့် ဝတ္ထုတွေကလည်း အများကြီး။ သို့သော် ထင်ရှားသည်တို့ကိုသာ ဖော်ပြခဲ့သည်။ စာရေးရာတွင် သွက်သည်၊ မြန်သည်၊ ခေတ်အမြင်ရှိသည်။ လူစိတ်ဝင်စားစေရန် မည်သို့မည်ပုံပြုလုပ်ရမည်ကို အကင်းပါးသည်။ တီထွင်ကြံဆနိုင်စွမ်းလည်းရှိသည်။ စာပေလောကဘက်တွင် အထာနပ်ခဲ့သမျှ ရုပ်ရှင်ပိုင်းတွင်လည်း ကောင်းကောင်းကြီး ကျင်လည်နိုင်သည်။

တိမ်လွှာမို့မိုလွင် (သို့) Moment To Moment အကြောင်းမပြောခင် ဦးဝင်းဦး ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအကြောင်းကို ဦးစွာပြောပြချင်သည်။ သူ၏ ရုပ်ရှင်ဇာတ်ကား တော်တော်များများသည် နိုင်ငံခြား အထူးသဖြင့် အင်္ဂလိပ်ရုပ်ရှင် သို့တည်းမဟုတ် ဝတ္ထုတစ်ခုခုကို မှီငြမ်းပြီး ရိုက်ကူးသည်ကများသည်။ တချို့ကလည်း ကြိုက်နှစ်သက်သည်။ တချို့ကလည်းမကြိုက်။ မကြိုက်ရုံမျှနှင့်မပြီးသေး။ ပစ်ပစ်ခါခါပင်ဝေဖန်ခဲ့ကြသည်။ သူ့ခေတ်သူအခါကလည်း ဝေဖန်ခံရသည်။ ယခုခေတ်ထိလည်းဝေဖန်ကြဆဲ။ သို့သော် အထက်မှာဆိုခဲ့သကဲ့သို့ စာပေလောကဘက်တွင် အထာနပ်ခဲ့သမျှ ရုပ်ရှင်လောကဘက်တွင်လည်း ပါးနပ်သည်။ အထူးသဖြင့် ရည်ရွယ်ချက် စေတနာကောင်းသည်။ ထို့အတွက်ကြောင့်ပင် သူ့ရုပ်ရှင်ဇာတ်ကားများသည် ကျော်ကြားသည်။ လူကြိုက်များ၍ အသည်းစွဲဖြစ်ကြရသည်။ သိရှိရသမျှ တင်ပြရသော် -

၁။ သစ္စာတူပြိုင် (Pillow Talk)
၂။ နှစ်ယောက်တည်းနေချင်တယ် (All That Heaven Allows)
၃။ မုန်းပါတယ်မောင့်ကို (Send Me No Flowers)
၄။ အတွယ်အတာ (Tiger Baby )
၅။ ‌ဆောင်းအိပ်မက် (Death Is A Dream)
၆။ ကျောက်မဲအကျဉ်းသား (The Scapegoat)
၇။ သိုး (My Fair Lady)
၈။​ မုန်းမေ့ပါနိုင် (All The Fine Young Cannibals)
၉။ ပိတောက်ရိပ်ဝယ် (Kid Galahad နှင့် G.I Blues) တို့ဖြစ်သည်။

Moment to Moment ရုပ်ရှင်ဇာတ်ကားသည် သြစတေးလျစာရေးဆရာ Alec Coppel ၏ ‘Laughs with A Stranger’ ဝတ္ထုကို ဒါရိုက်တာ Mervyn LeRoy က ၁၉၆၆ ခုနှစ် ဇန်နဝါရီလမှာ ရိုက်ကူးပြသခဲ့ခြင်းဖြစ်ပြီး Coppel ကိုယ်တိုင် ဇာတ်ညွှန်းရေးခဲ့သည်။ Neo-Noir Psychological Thriller အမျိုးအစားဖြစ်ပါသည်။ စိတ္တ‌ဗေဒဖက်ကဲသောရုပ်ရှင်မျိုးကို မြန်မာနိုင်ငံတွင် စွန့်စား၍ ရိုက်ကူးရဲသော မင်းသားဟူ‌၍ လက်ချိုးရေ၍ရသည်။ ထိုဇာတ်ကောင်မျိုးကို ရွေးချယ်ရန် လက်တွန့်ကြသည်။ သို့သော် ဦးဝင်း‌ကတော့ရွေးသည်။ စွန့်စားတီထွင်ရဲသည်။ စိတ္တဇဆန်ဆန်ဇာတ်ကောင်မျိုး၊ စိတ်ဝေဒနာခံစားနေရသောဇာတ်ကောင်မျိုးကို သူသည် ပိုင်ပိုင်နိုင်နိုင် ကိုယ်တွယ်နိုင်ကြောင်း ဆောင်းအိပ်မက်ဇာတ်ကားတွင် ထင်ထင်ရှားရှားတွေ့နိုင်သည်။ Moment To Moment ဇာတ်ကားသည် ဇာတ်အချိုးအကွေ့များသည်။ ဇာတ်လမ်းကောင်းသည်။ မထင်မှတ်ထားသည့် ဇာတ်လမ်းအလှည့်အပြောင်းကလေးတွေ များသည်။ ထိုကဲ့သို့သော ဆန်းကြယ်နေသည့်ဇာတ်ကို ဦးဝင်ဦးသည် ထိုးလုံး၊ ထွင်လုံးများထည့်ပြီး ဆန်းသည်ထက်ဆန်းအောင် ဖန်တီးခဲ့သည်။ အထူးသဖြင့် မြန်မာပရိတ်သတ်များ၏ ရင်ထဲရောက်အောင် ဖန်တီးခဲ့သည်။

ပြင်သစ်ပြည်အရှေ့တောင်ပိုင်းက French Riviera ကမ်းရိုးတန်းတွင် Kay သည် ခင်ပွန်း Neil နှင့် တစ်ဦးတည်းသော သားလေးဖြစ်သည့် Tommy တို့နှင့် အေးအေးချမ်းချမ်းနေထိုင်လျက်ရှိသည်။ ခင်ပွန်း ဖြစ်သူ Neil သည် စိတ်ရောဂါကုပါရဂူကြီးတစ်ဦးဖြစ်ရာ Kay အဖို့ ဆရာက‌တော်ဟူဟော ဂုဏ်ပုဒ်နှင့် မော်မော်ကြွားကြွားလည်းရှိ၏။ Neil မရှိခိုက် အမေရိကန်ရေတပ်မှ ဒုဗိုလ်တစ်ဦးဖြစ်သော Mark နှင့် တွေ့ဆုံမိတ်ဖွဲ့ရင်းနှီးခဲ့သည်။ Mark သည် ရေတပ်ဗိုလ်ဖြစ်သည့်အလျောက် ကိုယ်ခန္ဓာကြံ့ခိုင်တောင့်တင်းသည်။ အချိုးအစားကျနသည့် သူ၏ကိုယ်ခန္ဓာပေါ်တွင် ဝတ်ဆင်ထားသော ယူနီဖောင်းသည် နေအဝင့်တွင့် တလွင့်လွင့်နှင့် သစ်လွင်ခံ့ညားနေပေသည်။ ရုပ်ရည်ကလည်း ဖြောင့်၍​ စကားပြောကလည်းကောင်းသည်။ ဗလတောင့်တောင့်၊ ရုပ်ဖြောင့်ဖြောင့်နှင့် ဣတ္ထိယတို့ မျက်စိကျလောက်သည့် ပုံစံမျိုးပင်ဖြစ်ချေ၏။ Kay သည်လည်း ထိုကဲ့သို့သော ပုံစံမျိုးကြောင့် Mark ကို မျက်စိကျချင်သလိုလို၊ ယိမ်းချင်သလိုလို ဖြစ်လာခဲ့သည်။ Mark ၏အကြည့်၊ အပြုံး၊ အတွေ့များအောက်တွင် ညွှတ်နူးချင်နေသည်။ ရွရွကလေး မထိတထိ ကျီစယ်မှုများကိုလည်း စိတ်ညွှတ်ချင်နေမိသည်။ သို့သော် Kay သည် အိမ်ထောင်သည်တစ်ယောက်ဖြစ်သည့်အလျောက် စိတ်ကိုထိန်းချုပ်လေသည်။

လင်နှင့် သားနှင့်ဖြစ်သဖြင့် Mark နှင့် ဆက်ဆံရေးကို တန့်ဖို့ကြိုးစားသည်။ သို့သော် မရ။ Mark က ရှေ့ဆက်တိုးသည်။ သူမွှန်နေချေပြီ။ ထို့ကဲ့သို့ အချေအတင် အငြင်းအခုံဖြစ်နေချိန်တွင် Kay သည် မရည်ရွယ်ဘဲ သေနတ်နှင့် ပစ်မိခဲ့သည်။ ​Kay တစ်ယောက် သူငယ်ချင်း Daphne အကူအညီကိုယူ၍ Mark အလောင်းကိုဖျောက်သည်။ သို့သော် Mark က စင်စစ်သေမည်လား။ Kay ၏ ခင်ပွန်း Neil နှင့်လည်း မည်ကဲ့သို့ ပြန်လည်ပက်သက်လာမည်နည်း။ အဲ့သည့်အရာများကို တိမ်လွှာမို့မိုလွင်တွင် ဆက်လက်အဖြေရှာကြပါမည်။

တိမ်လွှာမို့မိုလွင်ကို ၁၉၆၈ ခုနှစ်မှာ ပြသခဲ့ပါသည်။ Moment To Moment နှင့် ၂ နှစ်ပဲခြားသည်။ ဇာတ်ညွှန်းက ဦးဝင်းဦးကိုယ်တိုင်ပင်။ သူသည် နိုင်ငံခြားသို့ အသွားအလာများသည်။ စာပေနှင့် အထိအတွေ့များသည်။ တစ်ခါတစ်ခါပြန်လာပြီဆိုလျှင် လက်ဆောင်ကလေးများပါ ပါလာတတ်ကြောင်း ဆရာနတ်နွယ်ကြောင့်သိရသည်။ ယဉ်ကျေးမှုသည် ပျံ့နှံ့တတ်သည့် သဘောရှိကြောင်းကို နှလုံးသားကြီးကြီးနှင့် နားလည်ထားပုံရသည်။ ဒါရိုက်တာက စံရွှေမောင်၊ မင်းသမီးကတော့ မြင့်မြင့်ခင့်ဖြစ်ပြီး မင်းသားက‌တော့ ဦးဝင်းဦးနှင့် အောင်လွင်ကြီးတို့ပါပဲ။ ဝင်းဦးနှင့် မြင့်မြင့်ခင်တို့၏ ဇာတ်ရုပ်များပီပြင်လာအောင် ပံ့ပိုးပေးနေသည့် ခင်လေးဆွေကိုလည်း မေ့ထား၍မရ။ တစ်ကားလုံးဟာ ဦးဝင်းဦးလက်ရာချည်းပါပဲ။ စရအောင်ပါ။

” If you have a pistol hanging on the wall in the first act, then it must be fired in the last act.”

အထက်ပါစာသားလေးသည် ရုရှားစာရေးဆရာ အင်တွန်ချက်ကော့ (Anton Chekhov) ၏ စကားဖြစ်သည်။ “ဝတ္ထုတစ်ပုဒ်ရဲ့အခန်း ၁ မှာ ‘ သေနတ်တစ်လက်ချိတ်ဆွဲထားသည်’ ဟု ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့သေနတ်ဟာ ပစ်ကိုပစ်ရမယ်၊ မပစ်လို့မရဘူး” ဟူ၍ အဓိပ္ပါယ်ရသည်။ ဦးဝင်းဦးသည် ထိုအယူအဆကို သူ၏ ‘တိမ်လွှာမို့မိုလွင်’ ရုပ်ရှင်ကားထဲတွင် ပါးပါးလေး ထည့်သုံးပြသွားသည်ဟု ဆိုချင်ပါသည်။ ဦးဝင်းဦးသည် ကျော်စိုးမိုး၊ အောင်လွင်သည် ‌စိတ်ရောဂါဆရာဝန် ဒေါက်တာသန့်ဇင်၊ မြင့်မြင့်ခင်သည် ဒေါက်တာသန့်ဇင်၏ဇနီး ကေသီ၊ ကေသီ၏ သူငယ်ချင်းအဖြစ် ခင်လေးဆွေသည် မမြခင်။ ဇာတ်လမ်းအစတည်းက နိမိတ်ပုံအချို့ကိုသုံးခဲ့သည်။ ထိုနိမိတ်ပုံများသည် ဦးဝင်းဦး၏ ထွင်လုံး များပင်ဖြစ်သည် ။ဘာကြောင့်လုပ်သလဲဆိုလျှင် အဓိက စေတနာပင်။ ပြည်သူကို‌ပေးလိုသည့် သူ၏ ရည်ရွယ်ချက်နှင့် စေတနာသည် သန့်ရှင်းနေသည်။ ထိုအစဇာတ်လမ်းတွင် ဒေါက်တာသန့်ဇင်နှင့် ကေသီတို့သည် ‌သူတို့၏ မိတ်ဆွေဇနီးမောင်နှံကို ကားဖြင့်လိုက်ပို့ရာ ထိုကားကို ကေသီမောင်းပြီး မှောက်လေသည်။ သို့သော် ကေသီ မသေ။ မိတ်ဆွေဇနီး‌‌မောင်နှံမှ လင်ဖြစ်သူသေရှာသည်။ သတင်းစာများက ကေသီဓာတ်ပုံနှင့် မှားထည့်ကြသည်။ သို့သော် ကေသီက တစ်ဖက်သားနာရေးချိန်ဖြစ်သည့်အတွက် ဖြေရှင်းချက်မပေး‌‌တော့။ ထိုအခန်းတွင် ကေသီ၏ သားလေးသည် အရုပ်ကား ၂ စီးကို ခေါင်းချင်းဆိုင်တိုက်၍ ‌ဆော့ကစားပြခဲ့သည်။ ထိုပြကွက်သည် မူရင်းရုပ်ရှင်တွေ မပါပေ။ စစ်တွေလေဆိပ် အမှတ်တရပစ္စည်းအရောင်းဆိုင်တွင် ပိုင်ရှင် ဖိုးပါကြီးနှင့် ကေသီ၏ သားလေး အတာတို့ တိုက်မိကြရာ ဖိုးပါကြီးကိုင်လာသည့် တိမ်လွှာမို့မိုလွင်ဓာတ်ပြားလေး ကျိုးပဲ့သွားခဲ့သည်။ ထိုဓာတ်ပြားအပဲ့‌လေးသည် ဇာတ်လမ်းအစမှ အဆုံးအထိ အပိုဇာတ်ပစ္စည်း၊ အခန်းတစ်ခန်း မဖြစ်။ ဤသို့လျှင် မှုခင်းဆန်ဆန်၊ သည်းထိတ်ရင်ဖိုဆန်ဆန် ဇာတ်လမ်းအလှည့်လေးနှင့် ဇာတ်ကိုအစပျိုးပြခဲ့သည်။

ဓာတ်ပြားအကျိုးလေး၊ အတွဲချောင်းရိုက်တတ်သော ဖိုးပါကြီး၏ ‘မိန်းမတွေဆိုတာမျိုးဟာ တခါတလေ မဆင်ခြင်တတ်တာမျိုးပါလား ’ဟု ဇာတ်ပြောခန်းတို့ကိုကြည့်လျှင် ဝင်းဦးသည် စာရေးဆရာတစ်ဦးပီပီ တစ်ဖက်သား၏စိတ်ကို ကောင်းကောင်းနားလည်သည်။ မည်ကဲ့သို့ ဇာတ်ကွက်ချလျှင် မည်သည့်အတိုင်းအတာအထိ ပေါက်ရောက်မည်ကိုသိသည်။ အာရုံခံစားမှုအတွေ့အကြုံမဟုတ်။ ထိုးထွင်းအသိဖြစ်သည်။ မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်နှင့် မကိုက်ညီသည့် မူရင်းဇာတ်ကွက်များကို မြန်မာများ၏ နား၊ စိတ်၊ မျက်စိ၊ အာရုံနှင့် ကပ်ငြိမည့် ဇာတ်ကွက်များအဖြစ် ပြောင်းပစ်သည်။ မြန်မာကာလပေါ်ဝတ္ထုရေစီးကြောင်းကို ခြေရာကောက်ကြည့်သော် ဆရာကြီးဂျိမ်းလှကျော်၏ ‘‌မောင်ရင်မောင် မမယ်မ’ ဝတ္ထု (၁၉၀၄) ကို ပြေးမြင်မိကြမည်။ ထိုဝတ္ထုသည် အားလုံးသိကြသည့် ပြင်သစ်စာရေးဆရာကြီး အလက်ဇန်ဒါး ဒျူးမား၏ မွန်တီခရစ္စတိုမြို့စားကြီး (The Count Of Monte Cristo) ကို တစ်စိတ်တစ်ပိုင်း မှီငြမ်းထားကြောင်းသိကြသည်။ ဆရာကြီး ဂျိမ်းလှကျော်သည် မြန်မာယဉ်ကျေးမှု ရေမြေနောက်ခံကားချပ်ကို အထူးပြု၍ မြန်မာလူမျိုးများ၏ သိနိုင်စွမ်း နှင့်ကိုက်မည့်ဇာတ်ကို စိတ်ကူးဉာဏ်ကွန့်မြူးပြီး ဖန်တီးသွားခဲ့ခြင်းဖြစ်သည်။ သို့သော် မောင်ရင်မောင် မမယ်လှ၏ ရှေ့တွင် ဝတ္ထုတစ်အုပ်ပေါ်ခဲ့ဖူးသည်။ ဒယ်နီယယ်ဒီဖိုး (Daniel Defoe) ၏ ရော်ဘင်ခရူးဆိုး (Robin Crusoe) ကို ဦးဘိုးဇော်က ၁၉၀၂ ခုနှစ်တွင် ဘာသာပြန် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ သို့သော် မြန်မာ့ရေမြေ‌နောက်ခံနှင့် မကိုက်ညီသည်ကတစ်ကြောင်း၊ နာမည်အဆန်း ဖြစ်ရပ်ဆန်းများကို လက်ခံနိုင်သည့်အသိ မရှိသေးသည်ကတစ်ကြောင်း စသည်တို့ကြောင့် လူသိနည်းခဲ့ရသည်။ ဦးဝင်းဦးသည်လည်း သူ၏မှီငြမ်းဇာတ်ကားများတွင် မြန်မာစာရေးဆရာပညာရှင်ကြီးတချို့၏ လမ်းစဉ်ကိုတစ်သဝေမတိမ်းခြေရာနင်း၍ မြန်မာ့‌ဗီဇ၊ အတွေးအခေါ်၊ ရှုမျှော်ရှုခင်း၊ စိတ်ဓာတ်တို့နှင့် ကိုက်ညီအောင် တီထွင်ဆန်းသစ်ပြီး သူကျွမ်းကျင်သည့်အနုပညာနှင့် စိတ်ကူးကွန့်မြူးစွာဖန်တီးခဲ့သည်ဆိုသော် မှားအံ့မထင်။

ဇာတ်အစပျိုးချိန်မှစ၍ ဝင်းဦး သို့မဟုတ် ကျော်စိုးမိုး ဇာတ်ရုပ်ကို နာရီဝက်နီးပါးခန့်မပြသေးဘဲ ပရိသတ်ကို မျှော်လင့်ချက်ပေးသာအခန်းများသည်လည်း ရင်ခုန်စရာပင်။ ဇာတ်အပျိုးအပြတွေမှာ မပါသော ဝင်းကို ‘ဘယ်အချိန်မှာများပေါ်လာမှာလဲ’၊ ‘ဝင်းဦးကဘယ်မှာလဲ’ ဟုမေးနေကြသော ပရိသတ်အတွက် သူသည် စစ်တွေမြို့၏ သဲပွတ်ဆိုင် ပွိုင့်ကမ်းခြေမှ ရေ‌ကြောင်းအရာရှိဝတ်စုံဖြူဖြူနှင့် အပြောကျယ်သော ပင်လယ်ပြင်ကြီးကို နောက်ခံထား၍ ခံ့ညားနုစိုသော အသွင်နှင့်ပေါ်လာခဲ့ပါပြီ။ ‘ကမ္ဘာကြီးဟာဘယ်နေရာမှာမဆိုလှနေတာပဲကွာ’ ဟုသော ဘဝဒဿနနှင့် ကျော်စိုးမိုးသည် အလှကမ္ဘာမြေသီချင်းလေး (မူရင်းဂျပန်သီချင်း Ozashiki Kouta) ကို ရွရွလေးဆိုကာ ဇာတ်လမ်းအစပျိုးခဲ့ပြီး ကာမေသုမိစ္ဆာစာရကံနှင့် ဒု၊ သ၊ န၊ သော ဇာတ်ထုပ်ကိုခင်းပြရင်း သံဝေဂငွေ့ ရိပ်ရိပ်လွှမ်းနေသည့် ဒဿနနှင့် ဇာတ်ကားလိုက်ကာချခဲ့ပါသည်။

တိမ်လွှာမို့မိုလွင် ဇာတ်ကားသည် ရုပ်ရှင်ဓာတ်ပုံအပိုင်းနှင့်ပက်သက်၍ ပြောရလျှင် ကြယ်ကြွေရာ လည်ကာကောက်သလိုပါပင်။ အဖြူအမည်းရုပ်ရှင်ကားဆိုပေသိ ဇာတ်ဝင်ခန်းရှုခင်းများသည် ကြည့်ရှုသူအား စကားပြောနေကြသည်။ ယုန်ဖြူဖြူလေးကို ကိုင်လာ‌သောအတာလေး၊ ရေကြောင်းအရာရှိဝတ်စုံ ဖြူလွှလွှနှင့် ကျော်စိုးမိုး၊ ငွေဇင်ယော်လေးတွေနှင့် ပနံသင့်နေသော အပြောကျယ်သည့်ကမ်းခြေကြီးနှင့် မီးပြတိုက်၊ ကျော်စိုးမိုးနှင့် ကေသီတို့ ဘုရားဖူးသွားသည့်အခန်း၊ ကျော်စိုးမိုး မထိတထိ ကျီစယ်သည့်အခန်း စသည်တို့ကို ဝင်းဦး နှင့် မြင့်မြင့်ခင်တို့ နှစ်ဦးတည်းနှင့် ဇာတ်အရှိန် အတက်အကျအား ဖန်တီးပြသွားသည်။ သူတို့နှစ်ဦးကြားထဲတွင် အထူးသဖြင့် တစ်ဇာတ်လုံးတွင် မပါမဖြစ် ဒေါ်ခင်လေးဆွေ၏ အပင့်လေးများကြောင့် ဇာတ်ကပို၍တောင် အသက်ဝင်ခဲ့ရသည်။

ရုပ်ရှင်၏ အဓိကဇာတ်ဝင်တေးဖြစ်သော တိမ်လွှာမို့မိုလွင်သည် ဆရာကြီးမြို့မငြိမ်း၏ နောက်ဆုံးလက်ရာဟု ပြောကြသည်။ သို့သော် ငြင်းခုံကြပြန်သည်။ ၁၉၄၇၊ ၁၉၅၀ ဝန်းကျင်တွင် ရေးခဲ့သော “ခါတော်နှစ်သစ်ကူးတွင် နွှဲလို့ပါဝင်” အစချီသည့် “စစ်သွေးမောင်” သီချင်းသည် တိမ်လွှာမို့မို့လွင်နှင့် တေးသွားတူအဖြစ် ရှိနေနှင့်ပြီးဖြစ်သည်။ ထို့ကြောင့် ဆရာကြီးမြို့မငြိမ်း မကွယ်လွန်ခင် သီကုံးခဲ့သော တိမ်လွှာမို့မိုလွင်သည် နောက်ဆုံးလက်ရာဟု ဆိုချင်မှ ဆိုနိုင်မည်။

နှစ်ပေါင်း ငါးဆယ်ကျော်သက်တမ်းရှိနေပြီဖြစ်သော တိမ်လွှာမို့မိုလွင် အဖြူအမည်း ဂန္ထဝင်ဇာတ်ကားကြီးသည် ရုပ်ရှင်ချစ်ပရိသတ်များ၏ ရင်ထဲ၊ နှလုံးသားထဲတွင် အစဉ်အမြဲ ကျန်ရစ်နေဆဲဖြစ်မည် ဆိုသည်ကို ယုံကြည်ပါသည်။ “ပြာရီမှိုင်းကာမို့မို ညို့ညို့ညိုလွင်”ဟု အသံကလေး ကြားလိုက်ရုံဖြင့် ဦးဝင်းဦး၏ အသံနှင့် အမူအရာတို့ကို မျက်လုံးထဲပြေးမြင်လာကြမည်။‘ မှိုင်းပြာရီညို့ တိမ်လွှာမို့မိုလွင်…’ ဟူ၍ အသံချလိုက်လျှင် ဆရာကြီးမြို့မငြိမ်းကိုအောက်မေ့ကြရမည်။ ထိုအခါတွင် ‘တိမ်လွှာမို့မိုလွင်’ ရုပ်ရှင်ကို လွမ်းတသသဖြင့် ဆွေးဆွေးမြေ့မြေ့ ပြောကြရမည်သာဖြစ်တော့သည်။

ကိုးကား။
မြို့မငြိမ်းနှင့် သူ့အနုပညာ
သန်းအောင်ခိုင် (ဒုတိယအကြိမ်)

ကိုမြင့်သူ ရေးသားပြီး ငွေယံသွန်းမှ တည်းဖြတ်တင်ဆက်ပါသည်။

Artwork - fromShoon

#တိမ်လွှာမို့မိုလွင်

Photos from fromShoon's post 25/02/2026

🧡 Elements of Design
Page ကို စတင်တော့မယ်ဆိုရင် “ဘယ်ကစရမလဲ” လို့ စဉ်းစားရင်း တကယ့် base ကနေ စမယ်ဆိုပြီး Elements of Design ကနေပဲ စတင်လိုက်ပါတယ်။
Graphic Design ကို စတင်နားလည်ဖို့ဆိုရင် အရင်ဆုံး နားလည်ထားရမယ့်အရာက Visual Language ပါ။

🧐 Visual Language ဆိုတာဘာလဲ?
Visual Language ဆိုတာ မြင်ရတဲ့အရာတွေကို အသုံးပြုပြီး အဓိပ္ပါယ်၊ အကြောင်းအရာ၊ ခံစားချက်တွေကိုစကားလုံးမလိုပဲနဲ့တောင် ကြည့်သူကို နားလည်စေပြီး ဆက်သွယ်နိုင်စေတဲ့ ဘာသာစကားတစ်မျိုးလို့ ပြောလို့ရပါတယ်။

အဲ့လိုဆိုရင် Design က ဟင်းချက်ပြီးရလာတဲ့ အစားအစာဖြစ်တယ်ဆိုရင် Elements of Design ကတော့ အဲ့ဒီဟင်းချက်ဖို့ အသုံးပြုမယ့် raw ingredients တွေအဆင့်ပဲ ရှိပါသေးတယ်။🍳

Visual Language ဆိုတာလည်း ဒီတိုင်း ဘာသာစကားတစ်မျိုးပဲလို့ မှတ်လို့ရပါတယ်။
Element တစ်ခုချင်းစီမှာ ကိုယ်ပိုင်အဓိပ္ပါယ်နဲ့ အားရှိပေမယ့် ရည်ရွယ်ချက်နဲ့ ဘယ်လိုအသုံးချရမလဲ မသိရင် ကောင်းမွန်ပြီး ရှင်းလင်းတဲ့ Design တစ်ခု မဖြစ်နိုင်ပါဘူး။

ဒီ Elements of Design တွေကို နားလည်ထားနိုင်ရင် Design ကို လှရုံသာမက ✨ အဓိပ္ပါယ်ပါတဲ့ ဆက်သွယ်နိုင်တဲ့ Design တစ်ခုကို ဖန်တီးနိုင်မယ့် အရေးပါတဲ့ အခြေခံတစ်ခု ဖြစ်လာမှာပါ။

ပုံတစ်ပုံစီအောက်မှာတော့Elements of Design တွေကို တစ်ခုချင်းစီ ဖော်ပြထားပါတယ် 👇

🧡contact dm or [email protected]

crd pinterest pics for examples

24/01/2026

Taking my journey off ✨🧳🚙🧡🤎👀🔥
fromShoon is now open for design services

branding, packaging, printing —
designed to look good and made to be felt

if you’re curious, want to collaborate,
or simply have questions
📩 [email protected]
💬 cb me anytime

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท โฆษณาและการตลาด ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Bangkok