I Blog Too
သွားသွားလာလာ စားစားသောက်သောက် ဘလော့ “ဂါ” လုပ်မလို့
29/11/2025
ရန်ကုန်မှာတုန်းက
မနက်စာဆို မုန့်ဟင်းခါးထက် အသုပ်ကို ပိုကြိုက်တာ
ဒီပြောင်းပြီး ဆိုင်တချို့က မှာစားဖူးပေမယ့်
ရန်ကုန်က စားနေကျ အရသာမရ၊ မကြိုက်
ဒီနေ့တော့ အိမ်မှာ ကိုယ့်ဟာကိုယ် လက်တည့်စမ်းလုပ်စားလိုက်တရ်ကွယ်
လော်ကင်ကော သူငယ်ချင်းတွေကကော
ကောင်းတယ်တဲ့ ဟိဟိ 🤭
မွေးထဲကပါတဲ့ ပါရမီက အချက်အပြုတ်ထင်တယ်နော်
အကုန်လက်တည့်စမ်းသမျှအောင်မြင်တဲ့ အရသာထွက်ထွက်လာတာ 🤣🤣🤣
ကြောင်မွေးချင်ပေမယ့် ဒါတွေကြောက် 🤣🤣
ပတ္တရားရဲ့ အရမ်းလှတဲ့ နေဝင်ချိန်လေး ❤️
23/11/2024
ဇူဇကာပေါက်က တော်တော်စိုးမိုးတာပါ
ပေ့ချ်မှာ စတိုရီလေးတင်တာကအစ
music ကို လိုက်ပိတ်နေတယ်…
အာ့ဆိုလည်း စတိုရီပါ ပေးတင်မနေနဲ့လေလလ
အရမ်းစိုးမိုးပါလားးး
စလုတ်မလင်ရေရရ 😒
My photo buffet 🖤
Disclaimer: No copyright infringement caption intended. I do not own the music in this video, the music belongs to its rightful owner.
22/11/2024
ကျွန်မနှင့် ချစ်လှစွာသော ဖရန့် ၆များ၏ ဂယက်အဖုံဖုံ
ပထမဆုံးပြောချင်တာကတော့
ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတွေက အချင်းချင်း “အ၆ရေ.. ကောင်မရေ” လို့
ရင်းနှီးမှုအရ ပြောမနာဆိုမနာ ခေါ်ဝေါ်ကြတာဖြစ်တာကြောင့် အသက်တ၀က်နီးပါးလောက် အ၆တွေနဲ့ ပေါင်းလာတဲ့ ကျွန်မတို့ကို
အဲဒီအသုံးအနှုန်းက ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပန်းနုသွေး ဆရာလုပ်မယ့်သူများ မဖတ်ပဲ
ကျော်သွားပေးပါနော် သောင်းပန်ပါတယ် 🙏🏻
☺️နေရာစုံမှာ အစစ်မ ပါမချန် Condom ပါလား မေးတဲ့ အ၆ :3
တညသောအခါမှာ အဖွဲ့လိုက်ကြီး အပြင်ထွက်ကြရင်း ကလပ်ရောက်သွားကော…
ကလပ်မှာ အားလုံးက မြူးနေပြီ..
အ၆တယောက်ကတော့ ယောက်ယက်ခတ်နေတယ်။ ဟိုနားကပ်ပြီး တခုခုမေးလိုက်၊ ဒီနားကပ်ပြီး မေးလိုက်နဲ့၊ နောက်ဆုံး ကျွန်မဆီရောက်လာကော
“You .. You မှာ Condom ပါလား” တဲ့ …
အဟောင်းသားဖြစ်ပြီး “ဟဲ့ ပါစရာလား..”ဆိုတော့ “အစစ်မလည်း ဆောင်ရမယ်လေ.. ကျန်းမာရေး”ဆိုပြီး ဆုံးမသွားသေးတယ်…
သူငယ်ချင်းလေးရေရရရ ကွန်ဒုံးလိုက်ရှာနေသေးလား 😛
ခက်ဆစ်
အဟောင်းသား- အလွန်အမင်းအံ့ဩလို့ Jaw Dropping Reaction
☺️ဘယ်နေရာရောက်ရောက် သူ့ကို လူတွေ ဝိုင်းကြည့်နေတယ်ပဲထင်တဲ့ “Main Character Mood” အပြည့်နဲ့ အ၆
ဘားမှာထိုင်နေကြရင်း ရုတ်တရက်ကြီး အရမ်းမြူးနေတဲ့ အ၆က အိန်ဒရေရပြီး ကေသွားချလိုက်တော့
ဘာများဖြစ်လဲပေါ့..
“မဟုတ်ဘူး သူ့ကို ဟိုဘက်ဝိုင်းက ကောင်လေးက ကြည့်နေလို့”တဲ့
ဟိုကောင်လေးကိုကြည့်တော့လည်း သူ့ဟာသူတောင် ဘယ်ကြည့်နေမှန်းတောင် သိရဲ့လားပဲ။
အဲဒီမှာတင်မပြီးဘူး ကလပ်ရောက်လည်း သူ့ဟာသူတောင် မူးနေတယ်ထင်ရတဲ့ ကောင်လေးတွေက သူ့ကြည့်နေတယ်ပဲ …
ဒါကတော့ LGBT Community မှာပဲတော့ မဟုတ်ပါဘူး။ တချို့ အစစ်မ/ အစစ်ယောကျော်တွေမှာလည်းရှိတယ်။ ကိုယ့်ဘေးက အနီးစပ်ဆုံးလူအကြောင်းပြောပြတာပါ။
ခက်ဆစ်
ကေတယ်- ပဲများတယ်၊ ဇွတ်အတင်း နူးညံ့သွားတယ်။
ယောကျာ်- ယောကျ်ား
☺️အပြင်တခါသွားရင် ဘားတခုလုံးနီးပါး မွေးနေ့ပွဲလိုပဲ ပတ်နှုတ်ဆက်ရတဲ့ အ၆
တကယ်ပါ.. သူ့ကိုဆို စစချင်း တူတူသွားတဲ့ အချိန်ရယ်… ပြန်ခံနီးအချိန်ရယ်ပဲ သေချာမြင်ရတယ်။
သူ့မွေးနေ့လိုပဲ ဘယ်နေရာသွားသွား သူ့အသိချည်းပဲ။
တခါတလေဆို ကိုယ့်မှာ အထဲမရောက်သေးဘူး ၀င်တဲ့ အပေါက်၀မှာထဲက သူ့နှုတ်ဆက်ပွဲကို ရပ်စောင့်ရသေးတာ
☺️နောက်တမျိုးက နော်မလော် အရိပ်သုံးပါး နားမလည်တဲ့ အ၆
ကိုယ်က အရင်ရက်က တယောက်ယောက်ရဲ့ လားရာတခုခုကို သူ့ကို ပြောပြထားရင်း နောက်နေ့ အပြင်သွားကြတဲ့အခါ အမှတ်မထင်ဆုံတော့ နှုတ်ဆက်ရင်း မိတ်ဆက်ပေးရကော…
အဲဒီအခါ ဘာထမေးလဲဆိုတော့ “ဟယ် ဟိုနေ့က ယူပြောတဲ့ လားရာက သူလား ဟိဟိဟားဟား ထလုပ်” “၀ လိုက်တော့လေ” ဆိုလည်း အရမ်းဟားရတယ်ဆိုပြီး ဆက်ပြောတယ်။
နောက်တမျိုးကျတော့ လူတွေအများကြီး ဆုံကြတွေ့ကြရင်းက တနေရာကနေ တနေရာကူးကြမယ် ဘာညာလို့ဖြစ်လာတဲ့အခါ အဲဒီအဖွဲ့နဲ့ ဆက်မလိုက်ချင်တာဖြစ်ဖြစ် ကိုယ့်ပလန် ကိုယ်ရှိကြတာဖြစ်ဖြစ် “မလိုက်တော့ဘူး..မနက်ဖန်အလုပ်ရှိလို့ .. ဟိုဟာ ဒီဟာအကြောင်းပြနေရင်”
သူက ထပြီးတော့ “ဟယ် ခုနက ဒါပြီးရင် ဟိုသွားမှာဆို” ဆိုပြီး ထပြော …
ကျေးဇူးတင်စရာလေးတွေပေါ့ ☺️
ခက်ဆစ်
နော်မလည်- နားမလည်
လားရာ- တခုခုကို အဆီအငေါ်မတည့်လုပ်တာ၊
၀တ်ပုံစားပုံက မအပ်စပ်နေတာမျိုးဆိုလည်း ဖက်ရှင်က နည်းနည်းလားနေတယ်နော်လို့ သုံးပါတယ်။
၀ လိုက်တော့ - ပြောနေလက်စဟာကို ရပ်လိုက်တော့.. တော်လိုက်တော့..
☺️သော်ကေခံနီးဖြစ်နေတာတောင် ဖက်ရှင်ကျနေချင်တဲ့ Fashionista 6
အပြင်ထွက်ကြရင်း ကလပ်တခုမှာ အဲဒီ အ၆က တက်ကီလာတွေကော Rum တွေကောရောလို့
အရမ်းမူးပြီး Blackout ဖြစ်သွားကော…
အစကတော့ သူကအမြဲအာ့လိုပဲ ကလပ်သွားရင် သူများမြူးချိန်ဆို တရေးအိပ်.. ပြန်ခံနီးပြီ၊ သူများတွေ မောလို့ နားပြီဆိုမှ လန်းဆန်းလှပစွာ နိုးထလာပြီး မြူးတဲ့အ၆မျိူးဆိုတော့ အိပ်နေတယ်ပဲထင်တာ…
သတိထားကြည့်လိုက်တော့ လှုပ်တောင် မလှုပ်နေတာနဲ့ နှိုးတာပေါ့.. မနိုးလာဘူး…
အားလုံးပြာယာတွေခက်ပြီး အဖွဲ့ထဲမှာ ဆရာ၀န်တွေပါတော့ “လုပ်ပါဦး ကောင်မကို နှိုးမရတော့ဘူး..”ဘာညာဆိုတော့ သူတို့ကလည်း … Pulse စမ်းလို့မရတော့ဘူးတဲ့ ..
အဲဒါနဲ့ ကျွန်မဆို ငိုချလိုက်ကော.. ဘေးက တခြား သူငယ်ချင်းတွေကလည်း ငိုကော… အားလုံး မု့ထ်တွေကျပြီး ယောက်ယက်ခတ်..
သူ့ကို Security တွေက ထမ်းပြီး အပြင်သယ်သွားတာပေါ့.. အာ့မှာ ရေတွေနဲ့ သူ့မျက်နှာကိုလောင်းကြ…ဘာညာလုပ်တော့ ကောင်မက နိုးလာကော..
သေချာမနိုးသေးဘူး အသံတော့ နည်းနည်းထွက်လာတယ်…
အဲဒါနဲ့ သူနဲ့အတူအိမ်ပြန်.. ဘေးမယ် ကိုယ့်မှာ သေချာ အိပ်မပျော်ဘူး တခုခုထပ်ဖြစ်မှာစိုးလို့
ထုံးစံအတိုင်း ၂နာရီလောက်အိပ်ပြီး လန်းဆန်းစွာ နိုးလာပြီး ..
“ဟယ် ဘယ်လိုအိမ်ပြန်ရောက်လာတာလဲ”တဲ့..
အဲဒါနဲ့ ကိုယ့်မှာ ရှင်းပြတာပေါ့ ဒီလိုတွေဖြစ်သွားတာ အားလုံးစိတ်ပူ ငိုယိုကြ မနက်နိုးရင် မုန့်ဟင်းခါးစားရတော့မလားဖြစ်ကြတယ်…
အဲဒီမှာ ဘာ ထ မေးလဲဆိုတော့
“အိုင့်ကို Security တွေက လူတွေကြားက ထမ်းသယ်သွားတော့ လှနေလား” တဲ့
ဘယ်လိုဆဲနည်းနဲ့ ဆဲရမလဲ ပြောပြကြဦး
☺️နောက်တယောက်ကကျတော့ “ပိုက်ဆံဆိုတာ နောက်မှ ပြန်ရှာလို့ရတယ်.. ဒီည အားလုံးမမူးရင် မပြန်ရဘူး” ဆိုတဲ့ အ၆
ဘားသွားသွား၊ ကလပ်သွားသွား ဘာကိုမှ ဇိမ်နဲ့ သောက်ခွင့်မရှိဘူး…
ဘီယာတခွက်ကိုတောင် one shot ဆိုပြီး အတင်းသောက်ခိုင်းတာ…
သူ့ခွက်ကုန်ရင် သူမဖြည့်ဘူး… အားလုံးပါဖြည့်ရသေးတာ…
ဘာနဲ့တူလဲဆိုတော့
တိုက်ပွဲတခုဝင်နေရသလိုလေ … သူသော်ကော ကိုယ်သော်ကေဆိုတာမျိုး…
နောက်နေ့မိုးလင်းရင်တော့ ဖုန်းဆက်ပြီး ပြောပါလိမ့်မယ်… “ငါတို့ တပတ်လောက်မတွေ့ပဲနေကြမယ်၊ နားကြမယ်”
ပြီးရင် ညနေလောက်ဆို “ပြန်ဖြည်ကြမလား”လို့ စာပို့တာလည်း သူပဲ…
မှတ်သားစရာစကားများပေါ့ …
ဂယက်ပေါင်းတသိန်းနဲ့ လားရာပေါင်းများစွာ ကျန်သေးတယ်
စာအရမ်းရှည်နေလို့ နောက်မှ အပိုင်း ၂ ဆက်ရေးပေးတော့မယ်နော်…
ချစ်သူငယ်ချင်းတို့ရေ ဘန်ကောက်ကနေ အရမ်းလွမ်းလို့ သတိရခြင်းများစွာနဲ့ ဒီပို့စ်လေးနဲ့အတူ
အလွမ်းသ၀ဏ်လွှာလေး ပို့လိုက်တယ်နော် ဟိဟိ
ငါ့ကို လာမဆဲကြပါနဲ့ 😍
19/11/2024
နိုင်ငံရပ်ခြားမှာ အခြေချတော့မယ်ဆိုရင် ဘာတွေ သေချာ စဉ်းစားပြင်ဆင်ရမလဲ?
ပထမဆုံး ဒီနေရာမှာ ပြောချင်တာကတော့
ကျွန်မကိုယ်တိုင် တဦးတည်းရဲ့ အတွေ့အကြုံအပေါ် အခြေခံရေးထားတာဖြစ်လို့ တချို့လူတွေနဲ့ ကွဲလွဲနိုင်တာလည်း ရှိနိုင်လို့ နားလည်ပေးကြပါနော်…
တခြားနိုင်ငံတခုကို အခြေချတော့မယ်ဆိုတာ ပြောသလောက် မလွယ်ပါဘူး။
ကိုယ်က ကိုယ့်နိုင်ငံမှာ ကယ်ရီယာတခု ရှိနေပြီးသားလူဆို တခြားနယ်မြေအသစ်မှာ အားလုံးကို အသစ်က ပြန်စရမှာမျိုးဖြစ်လို့ ပိုတောင်ခက်ခဲနိုင်ပါသေးတယ်။
ဒီပို့စ်က တခြားနိုင်ငံမှာ ကျောင်းသွားတက်နိုင်သူတွေ၊ သွားတက်ရင်း အခြေကျဖို့ လုပ်သွားမယ်ဆိုတဲ့ လူတွေအတွက်တော့ သိပ်မသက်ဆိုင်ဘူးလို့ ထင်ပါတယ်။
ကဲ ဒါဆိုရင်တော့
✈️ ပထမဆုံးစဥ◌်းစားရမှာက ကိုယ် ဘယ်နိုင်ငံကို သွားမှာလဲ?
အခြေခံအကျဆုံး စဉ်းစားရမှာက ကိုယ်ဘယ်နိုင်ငံကို သွားမှာလဲဆိုတာပါပဲ။
အခုချိန်မှာ အလွယ်ဆုံးနဲ့ လူသွားအများဆုံးက ထိုင်းကိုပါ။ ဒါပေမယ့် ဒီရောက်ပြီးမှ ဘာသာစကားအခက်အခဲကြောင့် အလုပ်လုပ်ခွင့်မရတဲ့ အခက်အခဲတွေကြောင့် ဒုက္ခရောက်ပြီး တခြားနိုင်ငံကို သွားဖို့လုပ်ရတာတွေ၊ ပိုက်ဆံပိုကုန်ရတာတွေ၊ အကြွေးထပ်တင်ရတာတွေကြောင့် မသွားခင် သေချာစဥ◌်းစားဆုံးဖြတ်ဖို့ လိုတာပါ။
ကိုယ့်ဘတ်ဂျက်က ဘယ်နိုင်ငံကို ဥ◌ီးတည်နိုင်လဲ?
ဒီနေရာမှာကျတော့ ဘတ်ဂျက်ကလည်း ထိုင်းပဲတတ်နိုင်တာဆိုတာမျိုးလည်း ရှိတာကြောင့် အဲဒီအချက်ကိုလည်း ထည့်စဉ်းစားရပါမယ်။
ပြီးတော့ ကိုယ်က အဲဒီနိုင်ငံမှာ ရေရှည်နေမှာလား? တတိယနိုင်ငံကို ဆက်သွားဖို့ ရည်ရွယ်ထားလားဆိုတာလည်း ရှိပါသေးတယ်။
ကျွန်မကိုယ်တိုင်ဆိုရင်တော့ ကျွန်မရဲ့ ဦးတည်ချက်က တတိယနိုင်ငံကို ထပ်သွားဖို့ရှိတယ်။ သို့သော် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကြားမှာ Visa ရဖို့ ခက်ခဲတယ်၊ မြန်မာနိုင်ငံမှာ ဆက်နေရင်လည်း ကိုယ့်အတွက် အနာဂါတ်မရှိတော့ဘူးလို့ ယူဆတဲ့အတွက်ကြောင့် ထိုင်းကို အရင်ထွက်လာခဲ့တာမျိုးပါ။
ဘာလို့ Singapore မရွေးလည်းဆို နေထိုင်စရိတ်ပိုကြီးပြီး ကိုယ့်မှာ အလုပ်အတွေ့အကြုံတွေရှိတယ်၊ English ရတယ်ဆိုရင်တောင် အလုပ်ရဖို့ကလည်း သိပ်မသေချာလို့ပါ။
ပြီးတော့ နေထိုင်ခွင့် Visa နဲ့ ပတ်သက်တာတွေကြောင့်လည်း ပါပါတယ်။
ဒီနေရာမှာတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် မိသားစုနဲ့ သေချာတိုင်ပင်၊ နောက်ဆက်တွဲပြသာနာတွေကိုပါ ထည့်သွင်းစဉ်းစားပြီးမှ နိုင်ငံကို သေချာရွေးစေချင်ပါတယ်။
✈️ နောက်တဆင့်မှာတော့ အဲဒီနိုင်ငံမှာ ကိုယ်ဘာလုပ်မှာလဲ? ဘယ်လိုရပ်တည်မလဲ? ဘယ်လိုအလုပ်မျိုးလုပ်မလဲ? ဆိုတာကို သေချာ စဥ◌်းစားရမှာပါ။
ဥပမာ ထိုင်းမှာဆိုရင်တော့ ဘယ်အလုပ်မျိုးဖြစ်ပါစေ လုပ်မယ်လို့ ဆုံးဖြတ်ထားရင် အလုပ်တွေများပါတယ်။ ဘာသာစကားတတ်ရင် ပိုများပါတယ်။ အလုပ်ရွေးမယ်ဆိုရင်တော့ အလုပ်ကလည်း ဘာသာစကား၊ စကေးလ်ပြည့်/မပြည့်တွေ ပြန်ရွေးပါတယ်။
ထိုင်းမှာဆိုရင် ထိုင်းလူမျိုးတွေက သူတို့ဘာသာစကားကို သုံးဖို့ ပိုပြီး လိုလားပါတယ်။ လူငယ်တွေလောက်သာ English ကို ပြောကြ၊ သုံးကြပါတယ်။ အဲဒီတော့ ဒီမှာရှိတဲ့ Foreign Company တွေကလည်း ထိုင်းစကားတတ်ဖို့ အလုပ်ခေါ်စာတွေမှာ လိုအပ်ချက်တခု အနေနဲ့ တောင်းဆိုပါတယ်။
ပြီးတော့ ထိုင်းမှာက Company အကြီးတွေမှသာ Non-B Visa နဲ့ နိုင်ငံခြားသားတယောက်ကို အလုပ်ခန့်ဖို့ အခွင့်အရေးများပါတယ်။
ဘာလို့ဆို Non-B Visa Run တဲ့ Process က အခွန်ဆောင်ထားတာတွေပြရတယ်၊ ထိုင်းအလုပ်သမားဘယ်လောက်အနည်းဆုံးရှိတယ်ဆိုတာတွေပြရတယ် စသဖြင့်ပေါ့။ အဆင့်များပြီး ရှုပ်ပါတယ်။
Non-B Visa နဲ့ပဲ အလုပ်ရပြီး အလုပ်လုပ်နေသူတွေလည်း အများကြီးရှိပါတယ်။ သို့သော်အပေါ်က ပြောခဲ့သလို လုပ်ငန်းအတွေ့အကြုံ၊ ကိုယ့်ရဲ့ ပရော်ဖက်ရှင်ကယ်ရီယာအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။
နောက်ပိုင်း မြန်မာနိုင်ငံရဲ့ လက်ရှိ စစ်အုပ်ချုပ်သူတွေကလည်း ထိုင်းနိုင်ငံမှာ လူအများအပြား၀င်တာနဲ့ ပတ်သက်လို့ TR Visa, ED Visa တွေနဲ့ အလုပ်လုပ်နေသူတွေကို သေချာစစ်ဆေးပေးဖို့ တောင်းဆိုတာတွေ၊ အစည်းအဝေးတွေကြောင့် ဒီဘက်က Company တွေကလည်း တရား၀င်အလုပ်လုပ်ခွင့်မရှိရင် အလုပ်မခန့်ရဲတာတွေ များလာပါတယ်။
မြန်မာအများစု စောင့်နေကြတဲ့ Pink Card ကလည်း (ကျမနားလည်ထားသလောက်တော့ ထိုင်းမှာ တရား၀င်အလုပ်လုပ်ခွင့်ရနိုင်တဲ့ အောက်ခြေအလုပ်သမားများအတွက် အထောက်အထား or Visa) အခုထိ သတင်းမျိုးစုံကြား ဘာမှမထူးသေးတော့ လက်ရှိ အလုပ်မရှိသေးလို့ စိတ်ညစ်နေရသူတွေများပါတယ်။
အဲဒီ Visaကို ထိုင်းအစိုးရက ဖွင့်ပေးရင်တော့ လက်ရှိ ထိုင်းမှာ High- Season ဖြစ်နေတာနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေက ပေါတော့ လူအများစု အဆင်ပြေမှာပါ။
အဲဒီတော့ ကိုယ့်အလုပ်ကဘာလဲ? ကိုယ့်ကယ်ရီယာ Field က သွားမယ့်နိုင်ငံမှာ အလုပ်ရနိုင်မလား? ရေရှည်အဆင်ပြေမလားဆိုတာတွေကို သေချာတွေးဖို့ လိုပါတယ်။
✈️ ပြီးရင်တော့ ကိုယ်ရွေးတဲ့ နိုင်ငံမှာ နေထိုင်ဖို့ တလအသုံးစရိတ်က ဘယ်လောက်ရှိမှာလဲ?
အလုပ်မရှိသေးခင်၊ အလုပ်မရသေးခင် ဘယ်လောက် ကိုယ်က တောင့်ခံနိုင်မလဲ? စသဖြင့် ကုန်ကျစရိတ်အပိုင်းကို စဥ◌်းစားဖို့လိုမယ်လို့ ထင်ပါတယ်။
ထိုင်းမှာဆိုရင်တော့ အတော်များများသိတဲ့အတိုင်း လမ်းပန်းဆက်သွယ်ရေးလွယ်ကူတဲ့နေရာ၊ မြို့ထဲအချက်အချာကျတဲ့နေရာတွေက အိမ်လခ စျေးကြီးပါတယ်။
တလကို ၁၀သိန်းလောက်က အနည်းဆုံးပါ။
ဒါတောင် အတော်ရှာရပါမယ်။
အဲဒါကြောင့် လူငယ်အတော်များများက အစပိုင်းမှာ အခန်းဖော်ရှာပြီး အတူနေတာမျိုးလုပ်ကြပါတယ်။
တကယ်တော့ ထိုင်းမှာ သွားလာဖို့ Transportation က ရွေးချယ်စရာအရမ်းများပြီး သွားလာရလွယ်ကူပါတယ်။ အဲဒီတော့ ကျွန်မအကြံပေးချင်တာဆိုရင်တော့ စစချင်းမှာ သက်သာမယ့် township ကို ရွေးပြီး အလုပ်အခြေကျပြီးနောက်မှ အိမ်ပြောင်းတာမျိုးကို အားပေးပါတယ်။
စားသောက်တာကလည်း ရွေးချယ်စရာများသလို ကျွန်မတို့ မြန်မာအစားအစာတွေနဲ့ သူတို့ taste ကလည်းသိပ်အရမ်းမကွာတော့ ကျွန်မအတွက်တော့ အစားအသောက်နဲ့ပတ်သက်လို့ သိပ်ပြသာနာမရှိပါဘူး။ သူငယ်ချင်းတွေနဲ့ တူတူနေတာဆိုရင် Wet Market ကနေ စျေးဝယ်ပြီး အိမ်မှာ ချက်စားရင်လည်း သက်သာပါတယ်။ ဥပမာ အပြင်မှာ ၀ယ်စားတာ တရက်ကို ဘတ်၁၅၀ လောက်ကုန်တယ်ဆို အိမ်မှာ ချက်စားတာဆိုရင်တော့ တရက်ကို ဘတ် ၁၀၀ လောက်ပဲကျမယ်။
မီတာခကတော့ အတော်များများလည်း သိပြီးတဲ့အတိုင်း Condo တွေဆို ထိုင်းအစိုးရယူနစ်နဲ့ သက်သာတယ်။ Apartment တွေဆိုရင်တော့ ပိုကုန်ကျစရိတ်များတယ်။ Apartment က အခန်းခသက်သာပေမယ့် မီတာခနဲ့ပေါင်းလိုက်ရင် ကွန်ဒိုအခန်းလောက် သွားကုန်ကျတယ်ပေါ့။
Transportation ကုန်ကျစရိတ်ကတော့ ကိုယ်အပြင်သွားလာတဲ့အပိုင်းမှာ မူတည်ပြီး ကုန်ကျနိုင်ပါတယ်။ ဒီမှာတော့ အသက်သာဆုံးက Bus Car စီးတာပါ။ တက်စီကတော့ အပြင်တခါထွက်ရင် မြန်မာငွေ ၃၀၀၀၀ နီးပါးက အနည်းဆုံးကုန်ပါမယ်။
ကိုယ့်မှာ အလုပ်မရသေးခင် အဲဒီအသုံးစရိတ်တွေကို ကာဗာလုပ်နိုင်မလားဆိုတာကလည်း ထည့်စဉ်းစားရမယ့် အရေးကြီးတဲ့ အချက်ပါ။
အလုပ်တခုခုရသွားပြီးရင်တော့ ဒီမှာ ရတဲ့ လုပ်အားခနဲ့ နေထိုင်ဖို့ ကုန်ကျစရိတ် လူတယောက်အတွက် လုံလောက်စွာ ကာမိပါတယ်ရှင်။
တခြားနိုင်ငံတွေအတွက် ကုန်ကျစရိတ်ကတော့ ကျွန်မလည်း ဗဟုသုတအနေနဲ့သာ သိလို့
မတိကျတဲ့ information မဖြစ်စေချင်တာကြောင့် ထည့်မရေးပေးတော့ပါဘူးနော်။
ဒီလောက်ဆိုရင်တော့ နိုင်ငံရပ်ခြားမှာ ပြောင်းရွေ့အခြေချဖို့ စဉ်းစားနေတဲ့ လူငယ်တွေအတွက် နည်းနည်းအထောက်အကူဖြစ်မယ်ထင်ပါတယ်ရှင်။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
နောက် Content တွေမှာပြန်တွေ့ကြမယ်နော် ❤️
Hey guys,
I’m back with my first-time experience at the Loy Krathong festival in Bangkok!
In my country,
we have Tazaung Daing,
and in Thailand, they have Loy Krathong.
Both festivals are meaningful with good deeds, but they are not the same.
Loy Krathong is celebrated across Thailand
with vibrant festivities in many places like Bangkok, Chiang Mai, Ayutthaya, and more, each region offering unique experiences.
The festival’s heart lies in expressing gratitude, seeking forgiveness, and embracing renewal.
The best part of the festival is releasing the handmade baskets into the water,
beautifully adorned with flowers and candles, symbolizing wishes, respect for water spirits, and fresh beginnings.
It’s one of Thailand’s most famous festivals.
It was my first time celebrating this festival,
and it was so much fun.
I got that energy, like some good things will happen to me soon ❤️
Thanks for reading till the end…
It’s me, your girl Lwin.
See you in the next vlog 😉
ဘန်ကောက် Sukhumvit တဝိုက်ဆို ဘားတွေ ကော်ဖီဆိုင်တွေ များလို့ ရွေးရခက်ခက်ဖြစ်တာ… အခုတော့ အရမ်းထိုင်လို့ကောင်း စိတ်အပန်းပြေစေတဲ့ aesthetic vibe နဲ့ ဘားလေးကို ရှာတွေ့ခဲ့တရ်…
သူ့နာမည်က “Bearwolf Space” လို့ ခေါ်ပါတရ်
နေ့ခင်းပိုင်းဆို ကိုယ်တိုင် တီရှပ်မှာ ဆေးရောင်ချယ်လို့ရသလို…နားဆွဲလေးတွေ အရုပ်လေးတွေလည်း လုပ်လို့ရတရ် …
သူ့ဟာသူ Charges လေးတွေရှိပေမယ့် ပျော်စရာကောင်းမယ့်ပုံပါပဲ….
ညနေခင်းကျတော့ မီးရောင်မှိန်မှိန်လေး..သီချင်းသံငြိမ့်ငြိမ့်လေးနဲ့ chill vibes အပြည့်ပေးတဲ့ Bar Vibe လေး ဖြစ်သွားတရ်…
အစားအသောက်တွေလည်း စျေးသိပ်မကြီးဘူး
အရသာလည်းကောင်းတရ်
ကိုယ်တွေသွားတုန်းကတော့ Beer တဂျားကို အာလူးချောင်းကြော်တပွဲလက်ဆောင်ရတရ်…
small games လေးတွေလည်း ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ်ဆော့လို့ရတရ်…
ဆိုင်မှာ မြန်မာဝန်ထမ်းတွေလည်း အများကြီးရှိလို့ အော်ဒါမှာရင်လည်း အဆင်ပြေပြေပဲ.. ❤️
Bearwolf Space is a hidden gem with a laid-back, aesthetic vibe. It’s not just your typical spot—it’s a lifestyle hub where you can get creative by designing your own shirts or making unique jewelry. By day, it’s all about the craft, but when the sun sets, it transforms into a chill bar, perfect for unwinding.
As for the food? Absolutely delicious and totally affordable. When we were there, we ordered a beer pitcher and got a pleasant surprise—free French fries on the house!
14/08/2024
Lisa, can you teach me Japanese?
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bangkok
10100